← Chapters

အခန်း ၉၅၈

Vol. 69 Ch. 958

အခန်း ၉၅၈

Vol. 69 Ch. 958

အခန်း ၉၅၈ ရွှတ်နောက်နောက်နိုင်သော ကြိုးကြာ

"ရှစ်သိန်းကျော်လောက် ရှိပြီလား... ဟင့်အင်း၊ ခုနစ်သိန်းကျော်ပဲ ရှိသေးပုံရတယ်..."

​"တောက်... စောစောတင်ပဲ ခုနစ်သိန်းကျော်ကို ရောက်သွားတာလေ။ မင်း ရေရော ရေတွက်တတ်ရဲ့လား"

​ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးတို့ အပြန်အလှန် အော်ဟစ်နေကြစဉ် သူတို့၏ ရှေ့မှောက်ရှိ နဂါးငွေ့တန်းအတွင်း၌ အဆုံးအစမရှိသော ဖုန်မှုန့်မုန်တိုင်းများ အရှိန်အဟုန်ဖြင့် တိုက်ခတ်လာခဲ့သည်။ ထိုအရာမှာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာကြသည့် ဥက္ကာပျံများကြောင့် ဖြစ်ပြီး ထိုဥက္ကာပျံများကို ပထမဆုံးအကြိမ် ကြည့်လိုက်ပါက ကျောက်တုံးများကဲ့သို့ ထင်ရသော်လည်း သေချာစွာ စိုက်ကြည့်ပါက ထိုကျောက်တုံးများတွင် လူသားမျက်နှာများ ရှိနေသည်အား တွေ့ရှိရပေမည်။

​ဤအရာများမှာ အမှန်စင်စစ် ကျောက်တုံးလူသားများ ဖြစ်ကြ၏။ ထိုကျောက်တုံးလူသားများသည် ခန္ဓာကိုယ်ကို လုံးလိုက်သည့်အခါ ဥက္ကာပျံများအသွင် ပြောင်းလဲသွားကြခြင်း ဖြစ်သည်။ ထိုအခိုက်အတန့်၌ ထိုအရာများသည် ရှေ့သို့ ရွေ့လျားလာပြီး ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးကြီးတို့ထံသို့ နီးကပ်လာနေကြပြီ ဖြစ်သည်။ ထိုကျောက်တုံးလူသားများသည် အဆုံးအစ မရှိဘဲ အရေအတွက်မှာ တစ်သိန်းထက်မက ရှိပေသည်။

​ထိပ်ပြောင်ကြိုးကြာ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့ရသည်။ သူက စူးရှစွာ အော်ဟစ်လိုက်စဉ် မိမိ၏ နောက်ကွယ်မှ အသူရာနဂါးကြီး၏ အသံကို ကြားလိုက်ရ၏။

​"ရှစ်သိန်းကျော်ပြီ။ ဒီတစ်ခါတော့ အဲဒီကောင်တွေ ရှစ်သိန်းကျော်ရှိတာ အသေအချာပဲ။ လုံးဝ မမှားနိုင်ဘူး"

​ထိပ်ပြောင်ကြိုးကြာသည် လျင်မြန်စွာ လှည့်ကြည့်လိုက်ပြီး ပထမဆုံးအကြိမ်အဖြစ် နောက်သို့ လှမ်းကြည့်လိုက်မိသော်လည်း ထိုသို့ ကြည့်လိုက်သည့်ခဏ၌ပင် မူးလဲလုမတတ် ဖြစ်သွားခဲ့ရသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ထိုနေရာတွင် သတ္တဝါ အရေအတွက် မည်မျှရှိသည်ကို မည်သူမျှ အတိအကျ မပြောနိုင်လင့်ကစား သူတို့ နောက်ကွယ်ရှိ သိပ်သည်းစွာသော အဆုံးအစမရှိသည့် သားရဲအုပ်ကြီးကို မြင်ရုံနှင့် ရေတွက်ခြင်းအတတ်အား အနည်းငယ် တတ်ကျွမ်းနားလည်သူတိုင်းက ထိုနေရာတွင် သတ္တဝါပေါင်း တစ်သန်းထက်မက ရှိနေကြောင်း ဧကန်မုချ အသေအချာ ပြောနိုင်မည်။

​"တောက်... သောက်ကျိုးနည်းပဲဟေ့..."

​ထိပ်ပြောင်ကြိုးကြာသည် မိမိ၏ မကျေနပ်မှုနှင့် နာကျည်းမှုများကို မည်သို့ ဖော်ပြရမှန်းပင် မသိတော့ချေ။ သူသည် ကျယ်လောင်စွာ ဟိန်းဟောက်ရင်း ဝေးကွာသော အရပ်သို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ ထိုကြိုးကြာသည် ဘေးပတ်ဝန်းကျင်ရှိ ရက်စက်ကြမ်းကြုတ်သော သားရဲများကို ထပ်မံ၍ မဆွဲဆောင်တော့ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်၏။ သတ္တဝါပေါင်း တစ်သန်း ရှိနေပြီ ဖြစ်ရာ စုမင် ညွှန်ကြားထားသော လမ်းကြောင်းအတိုင်းသာ ထွက်ခွာသွားရန် ပြင်ဆင်လိုက်တော့သည်။ ထိပ်ပြောင်ကြိုးကြာ၏ အရှိန်နှုန်းမှာ အလွန်အမင်း မြန်ဆန်သဖြင့် နဂါးငွေ့တန်းကို ဖြတ်သန်းသွားသော ဥက္ကာပျံတစ်ခဲအလား ထင်မှတ်ရပေသည်။

​"ရှစ်သိန်းပဲ ရှိသေးတာဟ။ တစ်သန်းပြည့်ဖို့ နည်းနည်းပဲ လိုတော့တာ။ ထိပ်ပြောင်ကြီး... မင်းကတော့ သလင်းကျောက် နည်းနည်းနည်းတာကို ကျေနပ်နိုင်ပေမယ့် ငါကတော့ ခါးပတ်ကြီး မလိုချင်ဘူးကွ" အသူရာနဂါးသည် ထိပ်ပြောင်ကြိုးကြာ ထွက်ပြေးနေသည်ကို မြင်လိုက်ရသောအခါ ကြိုးကြာကြီး မည်သို့ ဆုံးဖြတ်လိုက်သည်ကို ချက်ချင်း ရိပ်မိသွားပြီးနောက် စိုးရိမ်တကြီးဖြင့် အလွန်အမင်း ပျာယာခတ်သွားတော့သည်။

​ထိပ်ပြောင်ကြိုးကြာမှာ ဒေါသများ အပြင်းအထန် ထွက်ပေါ်နေသဖြင့် အသူရာနဂါး၏ စကားများကို လျစ်လျူရှုလိုက်လေသည်။ သူသည် အရေအတွက်ကိုပင် သေချာမရေတွက်တတ်ဘဲ မိမိကို သေတွင်းထဲသို့ တွန်းပို့လုနီးပါး ဖြစ်စေခဲ့သည့် ဤအူကြောင်ကြောင် ခွေးအိုကြီးအား အမှန်တကယ်ပင် စကားမပြောချင်တော့ချေ။

​"ထိပ်ပြောင်ကြိုးကြာ" အသူရာနဂါးကြီးက ဟိန်းဟောက်လိုက်၏။

​"မင်း ငတုံး ခွေးရူးကောင်။ မ... မ... မင်း... ခေါင်းလှည့်ပြီး သေသေချာချာ ရေတွက်ကြည့်စမ်း။ ငါ တစ်ချက်ကြည့်လိုက်တာနဲ့တင် အဲဒီ သားရဲအုပ်ကြီးထဲမှာ အနည်းဆုံး တစ်သန်းရှိနေတာကို မင်းက လာပြီး ရှစ်သိန်းပဲ ရှိသေးတယ်လို့ ပြောနေတာလား။ မင်း ငါ့ကို သေစေချင်နေတာလား" ထိပ်ပြောင်ကြိုးကြာသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ခေါင်းကို နောက်သို့ ပြန်မလှည့်ဘဲ ရှေ့သို့သာ ဆက်လက် ပြေးဝင်သွားတော့သည်။

​အသူရာနဂါးကြီးသည် ခဏမျှ ဆွံ့အသွားခဲ့ပြီးနောက် ချက်ချင်းပင် စိတ်မသက်မသာ ဖြစ်သွားရသည်။ ယွီရွှမ်က တစ်ကြိမ်တွင် မိမိအား ရေတွက်ခြင်းနှင့် ပတ်သက်လာလျှင် အားနည်းချက် အချို့ရှိကြောင်း ပြောဖူးသည်ကို ထိုနဂါးကြီး ပြန်လည် အမှတ်ရသွားသောကြောင့် ဖြစ်၏။

​ထိုနဂါးကြီးသည် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသဖြင့် ချက်ချင်းပင် စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး ခေါင်းငုံ့ကာ ထိပ်ပြောင်ကြိုးကြာ၏ နောက်ကွယ်မှနေ၍ အံကြိတ်လျက် ဝေးကွာသော အရပ်ဆီသို့ အတူတကွ ပြေးလွှားသွားကြတော့သည်။

​ထိုအခိုက်အတန့်၌ တစ်စုံတစ်ဦးက နဂါးငွေ့တန်းကြီးကို လှမ်းကြည့်မည်ဆိုပါက အလွန်အမင်း ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုကို မြင်တွေ့ရပေမည်။ အဆုံးအစမရှိ ကျယ်ပြန့်သော နဂါးငွေ့တန်းကြီးကို လွှမ်းမိုးထားသည့် သားရဲအုပ်ကြီးတစ်အုပ် ရှိနေပြီး ၎င်းမှာ နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်း၌ ကြုံတောင့်ကြုံခဲ မြင်တွေ့ရလေ့ရှိသော သားရဲအုပ်ကြီး ဖြစ်ပေသည်။ အုန်းအုန်းကျွက်ကျွက် မြည်ဟည်းကာ လှိမ့်ဝင်လာနေသည့် ပင်လယ်ပြင်ကြီး တစ်စင်းက ထိပ်ပြောင်ကြိုးကြာနှင့် အသူရာနဂါးကြီးတို့၏ နောက်သို့ လိုက်လံဖမ်းဆီးနေသည့်အလား ထင်မှတ်ရပေသည်။

​ထိုသားရဲအုပ်ကြီးအတွင်း၌ ရက်စက်ကြမ်းကြုတ်သော သားရဲစုံ ပါဝင်ပြီး အားအနည်းဆုံး သတ္တဝါပင်လျှင် ကောင်းကင်ကျင့်ကြံခြင်းနယ်ပယ်၏ စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ အမှန်စင်စစ်အားဖြင့် အချို့သော အစွမ်းထက်သည့် သားရဲများမှာ နေကပ်ဘေးနယ်ပယ်နှင့် ညီမျှသော စွမ်းအားများကိုပင် ပိုင်ဆိုင်ထားကြသော်လည်း ဤအရာက အဓိကမကျပေ။ သားရဲအုပ်ကြီး၏ အရေအတွက် ပမာဏမှာ သာမန် ကံကြမ္မာနှင့် သေခြင်းရှင်ခြင်း အရှင်သခင်တစ်ဦး၏ မျက်သူငယ်ကိုပင် ကျုံ့ဝင်သွားစေရန် လုံလောက်ပေသည်။

​အုပ်စုတစ်စု၏ အရေအတွက်သည် အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားသောအခါ ထိုအုပ်စုအတွင်းရှိ တစ်ဦးချင်းစီ၏ စွမ်းအားမှာ အရေးပါခြင်း မရှိတော့ချေ။ အုပ်စုတစ်စုလုံးက သယ်ဆောင်လာသော အရှိန်အဝါနှင့် ရိုက်ခတ်မှုများက မည်သည့် အတားအဆီးကိုမဆို ကြေမွပျက်စီးသွားစေနိုင်စွမ်း ရှိပေသည်။

​ဤကဲ့သို့သော အခြေအနေမျိုး၌ သက်ရှိအားလုံးနှင့် မျိုးနွယ်စုအားလုံးမှာ မိမိတို့၏ မျိုးနွယ်တစ်ခုလုံး မျိုးတုံးသတ်ဖြတ်ခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်ရပေလိမ့်မည်။ အထူးသဖြင့် ဤသားရဲအုပ်ကြီး၏ အရေအတွက်မှာ တစ်သန်းပင်မကဘဲ အမှန်တကယ်တွင် တစ်သန်းခွဲကျော်မျှ ရှိနေခြင်းကြောင့် ဖြစ်ပေသည်။

​နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ် အတွင်း၌ ရက်စက်ကြမ်းကြုတ်သော သားရဲပေါင်း မြောက်မြားစွာ ရှိနေကြပြီး ဤတစ်သန်းခွဲကျော်မျှသော သားရဲများမှာ ဤနယ်မြေငယ်လေးအတွင်း နေထိုင်ကြသော သားရဲစုစုပေါင်း၏ အစိတ်အပိုင်းအနည်းငယ်မျှသာ ဖြစ်လင့်ကစား အရေအတွက် တစ်သိန်းကျော်မျှသာ ရှိသော ကောင်းကင်ဖြတ်သန်းသူများ အတွက်မူ ဤအရာသည် သူတို့၏ မျိုးနွယ်စု သမိုင်းတစ်လျှောက်တွင် တစ်ခါမျှ မကြုံတွေ့ဖူးသေးသော ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

​ထိုမျိုးနွယ်စုသည် ဤအတွင်းပိုင်း အရပ်၌ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသော်လည်း ဤကဲ့သို့သော သားရဲအုပ်ကြီးနှင့် တစ်ခါမျှ မဆုံတွေ့ဖူးကြချေ။ အတိတ်တုန်းကမူ တိုက်ခိုက်လာသော သားရဲအရေအတွက်မှာ တစ်သိန်းကျော်မှသည် သိန်းဂဏန်းအထိသာ ရှိပြီး ဤသည်မှာ အမြင့်ဆုံး အကန့်အသတ် ဖြစ်ပေသည်။ ထို့ပြင် သူတို့ကို တိုက်ခိုက်လေ့ရှိသည်မှာ သတ္တဝါအမျိုးအစား တစ်မျိုးတည်းသာ ဖြစ်၏။ ထို့ကြောင့် ပုံမှန်အားဖြင့် တစ်ကောင်တည်းသာ လှုပ်ရှားတတ်ကြသော သားရဲမျိုးစုံဖြင့် ဖွဲ့စည်းထားသည့် ဤကဲ့သို့သော သားရဲပင်လယ်ကြီး သယ်ဆောင်လာသည့် အရှိန်အဝါသည် မည်သည့် စိတ်ဓာတ်ကြံ့ခိုင်မှုကိုမဆို ချေမှုန်းဖျက်ဆီးပစ်နိုင်ပေသည်။

​သလင်းကျောက်များအပေါ် စွဲလန်းမှုနှင့်အတူ ထိပ်ပြောင်ကြိုးကြာသည် မိမိ၏ ပင်ပန်းနွမ်းနယ်မှုများအား ဂရုမစိုက်တော့ဘဲ ကောင်းကင်ဖြတ်သန်းသူများ ရှိရာအရပ်ဆီသို့ တဟုန်ထိုး ပြေးဝင်သွားခဲ့ရာ သလင်းကျောက်များ မရမချင်း နောက်လှည့်မကြည့်တော့မည့် သန္နိဋ္ဌာန်နှင့် သီချင်းထဲရှိ သူရဲကောင်းများကဲ့သို့ ကြောက်ရွံ့ခြင်းမရှိသော မျက်နှာအမူအရာကို ထုတ်ဖော်နေတော့သည်။

​သူ ခံစားနေရသော ဆင်းရဲဒုက္ခကိုမူ သူကိုယ်တိုင်သာ သိရှိသော်လည်း သလင်းကျောက်များနှင့် နှိုင်းယှဉ်လိုက်သည့်အခါ ဤအရာအားလုံးမှာ ထိပ်ပြောင်ကြိုးကြာ၏ နှလုံးသားထဲ၌ စိတ်လှုပ်ရှားမှုများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

​"သလင်းကျောက် သန်းငါးဆယ်။ သလင်းကျောက် သန်းငါးဆယ်ကအကုန် ငါ့ဟာတွေကွ။ တောက်... ဒါက သားရဲတွေကို ဆွဲဆောင်ရုံတင် မဟုတ်လား။ ဒီသားရဲတွေရဲ့ အာရုံစိုက်မှုကို ခေါ်ရုံတင်မလား။ ငါ ဒီလိုမျိုး လုပ်လာတာ ဘယ်လောက်တောင် ကြာပြီလဲ... ဟင်၊ ငါ ဘာလို့ ငါ ကိုယ်တိုင် ဒါကို ကျွမ်းကျင်နေတယ်လို့ ပြောလိုက်တာပါလိမ့်" ထိပ်ပြောင်ကြိုးကြာသည် ဆက်လက် ထွက်ပြေးရင်း ရေရွတ်လိုက်မိစဉ် မိမိ၏ စိတ်ထဲ၌ ရင်းနှီးသော ခံစားချက်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့သည်။

​ဤခံစားချက်ကြောင့် ထိုကြိုးကြာသည် အတိတ်တုန်းက ယခုကဲ့သို့သော ကြီးမားသည့် သားရဲအုပ်ကြီးထံမှ မကြာခဏ ထွက်ပြေးခဲ့ဖူးသည်ဟု တွေးတောမိလာခဲ့၏။ ဤအတွေးမှာ ကြိုးကြာ၏ မှတ်ဉာဏ် အောက်ခြေ၌ နက်ရှိူင်းစွာ မြှုပ်နှံခြင်း ခံထားရဟန်တူပြီး အခြားသော အသက်အန္တရာယ် ကြုံတွေ့ရသည့် အချိန်များတွင် ပေါ်ပေါက်လာခြင်း မရှိချေ။ ထူးခြားဆန်းပြားပြီး ရင်းနှီးသော အခြေအနေမျိုးနှင့် ကြုံတွေ့ရသည့်အခါမှသာ ထိပ်ပြောင်ကြိုးကြာ၏ စိတ်ထဲ၌ ထိုအတွေးက ရုတ်တရက် ရုပ်လုံးပေါ်လာခြင်း ဖြစ်ပေသည်။

​'ငါက အတိတ်တုန်းက သူတစ်ပါးတွေ ဒေါသအိုးပေါက်ကွဲအောင် မကြာခဏ လုပ်လေ့ရှိပြီး အမြဲတမ်း အလိုက်ခံရတတ်တာများလား' ထိပ်ပြောင်ကြိုးကြာသည် အံ့ဩတကြီးဖြင့် မျက်တောင်ခတ်လိုက်မိသည်။ မိမိကိုယ်မိမိ နားလည်ထားမှုအရ ဆိုပါက ဤအရာသည် အမှန်တကယ်ပင် ဖြစ်နိုင်ခြေ အလွန်အမင်း မြင့်မားပေသည်။

​ထိပ်ပြောင်ကြိုးကြာသည် ထိုအကြောင်းကို စဉ်းစားနေရင်း မိမိ၏ နှလုံးသားထဲရှိ ရင်းနှီးသော ခံစားချက်ကို အခြေခံကာ ခေါင်းအား နောက်သို့ လှည့်၍ ဟိန်းဟောက်လိုက်လေသည်။ "လာကြစမ်း၊ မင်းတို့ ကောင်စုတ်တွေ။ မင်းတို့ရဲ့ ဘိုးဘိုးကြိုးကြာ နောက်ကို လိုက်ခဲ့ကြစမ်း။ မြင်ကြလား၊ မင်းတို့ ကောင်တွေ... ငါက အခုထိ ပြေးနိုင်သေးတယ်ကွ" ထိပ်ပြောင်ကြိုးကြာသည် အဆုံးအစမရှိသော သားရဲပင်လယ်ကြီးကို မျက်နှာမူကာ နောက်ပြန် ပျံသန်းနေခြင်း ဖြစ်၏။ ထိုကြိုးကြာသည် ယခုကဲ့သို့သော ပုံစံဖြင့် ပျံသန်းခြင်းက ပိုမို လျင်မြန်နေသည်ကို အံ့ဩတကြီးဖြင့် သတိပြုမိသွားခဲ့ရပြန်သည်။

​'ငါ တကယ်ပဲ အတိတ်တုန်းက ဒါကို ခဏခဏ လုပ်ခဲ့တာလား...'

​ထိပ်ပြောင်ကြိုးကြာသည် အနည်းငယ်မျှ စိတ်လှုပ်ရှားလာခဲ့သည်။ ထိုကြိုးကြာသည် ရိုးရိုးတန်းတန်း ပျံသန်းခြင်းမျိုး မဟုတ်တော့ဘဲ အတောင်ပံများကို ခတ်လိုက်သည့်အခါ ဘယ်ညာ ယိမ်းထိုးလျက် ကွေးကောက်သော လမ်းကြောင်းအတိုင်း ပျံသန်းလာခဲ့၏။ ထိုသို့ ပြုလုပ်ခြင်းကြောင့် ပိုမို လျင်မြန်လာရုံသာမက မိမိ၏ နှလုံးသား အောက်ခြေ၌ ခံစားချက်တစ်ခုကိုလည်း တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာခဲ့သည်။

​သူသည် အော်ဟစ်ရယ်မောရင်း မိမိ၏ ခန္ဓာကိုယ်ကိုပင် လိမ်တွန့်လိုက်သေး၏။ သူသည် စကားပြောနေစဉ်အတွင်း မျက်လုံးများ နီရဲလျက် လိုက်လံဖမ်းဆီးနေကြသော သားရဲအုပ်ကြီးထံသို့ သူတို့၏ မျက်နှာကို တံတွေးဖြင့် ထွေးလိုက်သည့်အလား ဆက်တိုက် တက်ခေါက်ပြနေခဲ့သည်။

​"ဟဲဟဲ... မီးတောက်နေတဲ့ ကောင်တွေ၊ ငါ မင်းတို့ရဲ့ အသိုက်ကို ဖျက်ဆီးပြီး မင်းတို့ထဲက အလှပဆုံး ကောင်မလေးကို ပြန်ပေးဆွဲလာတာကွ။ သိကြရဲ့လား။ လာကြစမ်း။ ငါ့နောက်ကို လိုက်ခဲ့ကြ။ ငါ မင်းတို့အားလုံးကို ဆုံးမပစ်မယ်"

​"မင်းတို့ ကျောက်တုံးဘီလူးတွေလည်း အတူတူပဲ။ ဘာလဲ... ငါ့ကို စိုက်ကြည့်နေတာလား။ အိုး... အံ့ဩစရာပဲ။ တစ်နေ့ကျရင် ငါ မင်းတို့အားလုံးကို အပိုင်းပိုင်း ဖြတ်ပစ်ပြီး မင်းတို့ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေနဲ့ ငါ့အိမ်ကို ဆောက်မယ်ကွ။ ဟင်... ငါ အတိတ်တုန်းက ဒီလိုမျိုး အလုပ်တစ်ခုခုကို လုပ်ခဲ့ဖူးသလိုပဲ..." ထိပ်ပြောင်ကြိုးကြာသည် ဗီဇအရ ပြောလိုက်မိသည်။ ထိုသို့ ပြောလိုက်သည်နှင့် ရင်းနှီးသော ခံစားချက်မှာ ပိုမို ပြင်းထန်လာခဲ့ပြီး ခန္ဓာကိုယ်၏ အရှိန်နှုန်းမှာလည်း ပိုမို မြန်ဆန်လာခဲ့သည်။ အမှန်စင်စစ်အားဖြင့် သူ၏ လုပ်ဆောင်ချက်များသည် ပိုမို ကျွမ်းကျင်လာခဲ့၏။ သူသည် ဟန်ပန်အမူအရာများကို ဆက်တိုက် ထုတ်ဖော်နေခဲ့ပြီး မိမိကိုယ်မိမိ မသိရှိဘဲ မျက်နှာပေါ်တွင် လှောင်ပြောင်သော အမူအရာများပင် ပေါ်ပေါက်လာခဲ့သည်။

​အမှန်တွင် သူသည် ရုတ်တရက် ရပ်တန့်လိုက်သေးပြီး သားရဲအုပ်ကြီးက မိမိအား ဝါးမြိုတော့မည့် အခိုက်အတန့် ရောက်ခါနီးမှ ဆန်းပြားသော အော်ဟစ်သံ တစ်သံအား ထုတ်ဖော်ကာ မိမိ၏ ဖင်ကို ခါယမ်းလျက် ဆဲရေးတိုင်းထွာပြီး ခန္ဓာကိုယ်အား လှုပ်ရှား၍ သူတို့အကြားရှိ အကွာအဝေးကို ထပ်မံ ကျယ်ပြန့်အောင် ပြုလုပ်လိုက်ပြန်သည်။ ထိုကြိုးကြာသည် ရံဖန်ရံခါ ဘယ်ညာ ယိမ်းထိုး လှုပ်ရှားကာ တစ်ခါတစ်ရံတွင်မူ မိမိ၏ ခြေသည်းများကို အသုံးပြု၍ ရန်စသော အမူအရာများအား ပြုလုပ်နေခဲ့၏။ ထိုလှုပ်ရှားမှုများ၊ ထိုမျက်နှာအမူအရာများနှင့် ထိုလုပ်ဆောင်ချက်များကို မြင်တွေ့လိုက်ရသောအခါ ဘေးနားရှိ အသူရာနဂါးမှာ လွန်ခဲ့သော အချိန်ကတည်းကပင် ဆွံ့အသွားခဲ့ရပြီ ဖြစ်သည်။

​ထိုအခိုက်အတန့်၌ ထိပ်ပြောင်ကြိုးကြာ၏ အခြေအနေကို ဖော်ပြရန်အတွက် စကားလုံး မြောက်မြားစွာ ရှိသော်လည်း အတိကျဆုံးနှင့် အတိုက်ရိုက်ဆုံး စကားလုံးအား ရွေးချယ်ရမည်ဆိုပါက ရွေးချယ်စရာ နှစ်ခုသာ ရှိပေသည်။

​ဖင်ယားခြင်း...

ရွံစရာကောင်းသော ကြိုးကြာ...

​ထိပ်ပြောင်ကြိုးကြာ၏ လုပ်ဆောင်ချက်များအပေါ် တုံ့ပြန်မှုများမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည့် ဟိန်းဟောက်သံများ ဖြစ်ကြ၏။ ထိုဟိန်းဟောက်သံများသည် သားရဲအုပ်ကြီး တစ်အုပ်လုံးထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။ သူတို့၏ အသံများသည် နဂါးငွေ့တန်းတစ်ခုလုံးကို တုန်ခါစေသည့် လှိုင်းလုံးကြီးများကဲ့သို့ ဖြစ်နေတော့သည်။

​"ပိုပြီး ကျယ်ကျယ်အော်စမ်း" ထိပ်ပြောင်ကြိုးကြာမှာ စိတ်လှုပ်ရှားလာခဲ့သည်။ ထိုရင်းနှီးသော ခံစားချက်မှာ ပိုမို ပြင်းထန်လာခဲ့ပြီး သူသည် သလင်းကျောက်များ အကြောင်းကိုပင် မေ့လျော့လုနီးပါး ဖြစ်သွားခဲ့ပြီ ဖြစ်၏။ မိမိ၏ နောက်ကွယ်မှ သားရဲအုပ်ကြီးက ဟိန်းဟောက်လိုက်သည်နှင့် ထိပ်ပြောင်ကြိုးကြာသည် ကျယ်လောင်စွာ စတင်အော်ဟစ်တော့သည်။

​အသူရာနဂါးသည် ထိပ်ပြောင်ကြိုးကြာအား မျက်လုံးများထဲ၌ အထင်ကြီး လေးစားမှုများ လင်းလက်လျက် စိုက်ကြည့်နေမိတော့သည်။ ထိုယုတ်မာသော ကြိုးကြာကြီးတွင် ယခုကဲ့သို့သော သတ္တိမျိုး ရှိလိမ့်မည်ဟုလည်းကောင်း ယနေ့တွင် ယခုကဲ့သို့သော မြင်ကွင်းမျိုးကို ပြသနိုင်လိမ့်မည်ဟုလည်းကောင်း သူ တစ်ခါမျှ တွေးမထားခဲ့ဖူးချေ။

​ယုတ်မာသော၊ ကပျက်ကလျှော်နိုင်သော အငွေ့အသက်များ ပြည့်နှက်နေလျက် ထိပ်ပြောင်ကြိုးကြာသည် သားရဲပင်လယ်ကြီး အတွင်းရှိ ရူးသွပ်မှုများကို နှိုးဆွပေးလိုက်လေသည်။ ဤအရာမှာ သူတို့သည် နတ်ဘုရား အဆင့်တက် ဝတ်ရည်၏ ဆွဲဆောင်မှုကို ခံရရုံသက်သက်သာ မဟုတ်တော့ချေ။ အမှန်စင်စစ်အားဖြင့် ထိပ်ပြောင်ကြိုးကြာအနေဖြင့် အစကတည်းက ယခုကဲ့သို့ ပြုမူခဲ့မည်ဆိုပါက နတ်ဘုရား အဆင့်တက် ဝတ်ရည် မရှိလျှင်ပင် စုမင် ပေးအပ်ထားသော တာဝန်ကို အောင်မြင်စွာ ပြီးမြောက်နိုင်မည်ဟု ဆိုနိုင်ပေသည်။ ထို့ပြင် ပိုမိုများပြားသော ရက်စက်ကြမ်းကြုတ်သည့် သားရဲများကိုပင် ဆွဲဆောင်နိုင်လိမ့်မည် ဖြစ်၏။

​စုမင်သည် နဂါးငွေ့တန်းအတွင်း၌ မျက်လုံးများကို ဖွင့်လိုက်ပြီး ထိပ်ပြောင်ကြိုးကြာ၏ သတ္တိအား သူကိုယ်တိုင်ပင် ချီးကျူးမိသွားခဲ့ရသည်။ အမှန်အတိုင်းဆိုရသော် အကယ်၍ သူသာ ထိုနေရာတွင် ရှိနေမည်ဆိုပါက ထိပ်ပြောင်ကြိုးကြာထက် ပိုမို ကောင်းမွန်အောင် ပြုလုပ်နိုင်လိမ့်မည်ဟု မယုံကြည်ချေ။

​'လောကမှာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေ ရှိကြတာပဲ။ ဒီကြိုးကြာကတော့ တကယ့်ကို ထူးဆန်းတဲ့ ကောင်ပဲ။ သူ မှတ်ဉာဏ်တွေ မဆုံးရှုံးခင်တုန်းကလည်း ဒီလိုမျိုး အလုပ်တွေကို ခဏခဏ လုပ်ခဲ့တာများလား' စုမင်သည် အတွေးများထဲ၌ စိတ်နှစ်မြှုပ်နေမိတော့သည်။

​ထိပ်ပြောင်ကြိုးကြာသည် နဂါးငွေ့တန်းအတွင်း၌ ရွှတ်နောက်နောက် ပုံစံဖြင့် ပျံသန်းနေခဲ့သည်။ ထိုကြိုးကြာ၏ မျက်နှာပေါ်ရှိ စိတ်ကြီးဝင်နေသော အမူအရာနှင့် စိတ်လှုပ်ရှားနေသည့် အသွင်အပြင်တို့က သားရဲတစ်သန်းကို ဆွဲဆောင်ရခြင်းအား အလွန်အမင်း ဖြစ်ပေါ်နေသည့်အလား ထင်မှတ်ရပေသည်။ ထိုကြိုးကြာသည် မိမိ၏ ဖင်ကို ဆက်လက် ခါယမ်းနေပြီး ခြေသည်းများအား အသုံးပြုကာ ရန်စသော အမူအရာများကို ပြုလုပ်နေခဲ့သည့်အပြင် ရံဖန်ရံခါလည်း ကျယ်လောင်စွာ အော်ဟစ်နေသေး၏။ အထင်သေးစောင်းမြောင်းသော မျက်နှာအမူအရာနှင့်အတူ ထိပ်ပြောင်ကြိုးကြာသည် နဂါးငွေ့တန်းအတွင်းရှိ အတောက်ပဆုံးသော ဖြစ်တည်မှုတစ်ခု ဖြစ်လာခဲ့သည်။

​မိမိ၏ နောက်ကွယ်ရှိ သားရဲပင်လယ်ကြီးမှာ လုံးဝ ရူးသွပ်သွားခဲ့ကြရပြီး ပိုမို လျင်မြန်သော အရှိန်နှုန်းဖြင့် နောက်သို့ ထပ်ကြပ်မကွာ လိုက်လံဖမ်းဆီးနေကြတော့သည်။ သူတို့သည် ထိပ်ပြောင်ကြိုးကြာအား နတ်ဘုရား အဆင့်တက် ဝတ်ရည်အတွက် လိုက်လံဖမ်းဆီးနေခြင်း မဟုတ်တော့ဘဲ ထိုမုန်းတီးဖွယ်ကောင်းသော သတ္တဝါကို အရှင်လတ်လတ် ဆုတ်ဖြဲပစ်ရန်အတွက်သာ ရှေ့သို့ တဟုန်ထိုး ပြေးဝင်လာကြခြင်း ဖြစ်ပေသည်။

​အသူရာနဂါး၏ အထင်ကြီးလေးစားမှုမှာ ပိုမို ပြင်းထန်လာခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ထိပ်ပြောင်ကြိုးကြာသည် ကောင်းကင်ဖြတ်သန်းသူများ၏ နယ်မြေအတွင်းသို့ ခြေချလိုက်ပြီး ခေါင်းကို နောက်သို့ လှည့်ကာ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည့်အခါ ဤအထင်ကြီးလေးစားမှုမှာ ရူးသွပ်ကိုးကွယ်မှုအဆင့်သို့ မြင့်တက်သွားခဲ့တော့သည်။

​"ဟေ့... မင်းတို့ ကောင်စုတ်တွေ၊ ငါတို့ ရောက်ပြီကွ။ ဒီနေရာကို နင်းခြေပစ်ကြစမ်း။ ဒီနေရာကို ဖျက်ဆီးပစ်ကြစမ်း။ ဘယ်မျိုးနွယ်စုပဲ ဖြစ်ဖြစ် ချောတဲ့ ကောင်မလေးတွေကို ငါ့အတွက် ချန်ထားခဲ့ကြ။ ဒီနေရာမှာ ရှိတဲ့ သလင်းကျောက်တွေနဲ့ ရတနာအားလုံးကို ရှာဖွေပြီးတော့ ကြိုးကြာအော်ဟစ်ခြင်းတောင်ဆီကို အကုန်လုံး ပြန်ပို့ပေးကြစမ်း"

​"တောက်... ငါတို့ ဒီနေရာကို သိမ်းပိုက်မှာကွ"

​ထိပ်ပြောင်ကြိုးကြာသည် ခေါင်းကို နောက်သို့ လှည့်၍ သားရဲပင်လယ်ကြီးထံသို့ ဟိန်းဟောက်လိုက်လေသည်။ ထိုကြိုးကြာ၏ မျက်နှာပေါ်ရှိ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး ဤစကားလုံးများကို အော်ဟစ်ပြီးသွားသောအခါ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြန်သည်။ ထင်ရှားသည်မှာ ဤစကားလုံးများက ထိုရင်းနှီးသော ခံစားချက်ကို ပိုမို ပြင်းထန်လာစေရန်သာ ပြုလုပ်ပေးလိုက်သည့်အလား ဖြစ်ပေသည်။

​ဝူး...

​သားရဲပေါင်း တစ်သန်းထက်မကထံမှ ထွက်ပေါ်လာသော ဟိန်းဟောက်သံများသည် နဂါးငွေ့တန်းတစ်ခုလုံးကို လှုပ်ခါသွားစေပြီး စကြဝဠာကြီးတစ်ခုလုံးအတွင်း ပဲ့တင်ထပ်သွားခဲ့ရာ အိပ်ပျော်နေကြသော ကောင်းကင်ဖြတ်သန်းသူ မြောက်မြားစွာကို နိုးထလာစေခဲ့သည်။ အသူရာနဂါးသည်လည်း ထိပ်ပြောင်ကြိုးကြာအား ရူးသွပ်ကိုးကွယ်သည့် မျက်နှာအမူအရာဖြင့် စိုက်ကြည့်ရင်း ကျယ်လောင်စွာ လိုက်လံဟိန်းဟောက်တော့သည်။

​ထိုအခိုက်အတန့်၌ ဖြစ်ပျက်နေသော အခြေအနေ အသေးစိတ်ကို မသိရှိကြသောသူများသာ မြင်တွေ့ပါက ထိပ်ပြောင်ကြိုးကြာသည် ဤသားရဲပင်လယ်ကြီး၏ ခေါင်းဆောင်ဖြစ်သည်ဟု ဧကန်မုချ ယုံကြည်ကြပေလိမ့်မည်။ ထိုကြိုးကြာ၏ အရှိန်အဝါ၊ အရေးမစိုက်သည့် ဟန်ပန်နှင့် မျက်နှာအမူအရာ အားလုံးတို့မှာ သားရဲခေါင်းဆောင်တစ်ဦး၏ စရိုက်လက္ခဏာများကို လုံးဝ ထုတ်ဖော်ပြသနေသောကြောင့် ဖြစ်ပေသည်။

All Chapters