← Chapters

အခန်း ၉၆၂

Vol. 69 Ch. 962

အခန်း ၉၆၂

Vol. 69 Ch. 962

အခန်း ၉၆၂ ကင်းမြီးကောက်သခင်မလေး ရွှီဟွေ

ထိုအခိုက်အတန့်တွင် နဂါးငွေ့တန်းတစ်ခုလုံး တိတ်ဆိတ်ခြင်းများ ဖုံးလွှမ်းသွားခဲ့သည်။ စုမင်က ကျင့်ကြံသူလေးယောက်ကို စိုက်ကြည့်နေသလို ထိုလေးယောက်ကလည်း သူ့အား ပြန်စိုက်ကြည့်နေကြပြီး မည်သူမျှ စကားမဆိုကြချေ။ အတန်ကြာမှ ရွှီဟွေ၏ ချောင်းဟန့်သံအတုကြောင့် တိတ်ဆိတ်မှု ကျိုးပျက်သွားပြီး ကျင့်ကြံသူလေးယောက်လည်း ထိတ်လန့်နေရာမှ သတိပြန်ဝင်လာကြသည်။

​သူတို့ လန့်သွားကြသည်မှာ စုမင် ရောက်လာ၍ မဟုတ်ပေ။ အဆုံးစွန်၌ ဤအရာက သူတို့ မျှော်လင့်ထားသည့်အထဲတွင် ရှိပြီးသားဖြစ်ကာ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ သူတို့ အံ့အားသင့်သွားရသည်မှာ ထိပ်ပြောင်ကြိုးကြာကြောင့် ဖြစ်၏။

​သူတို့ အားကျမိပြီး နောင်တစ်ချိန် အင်အားကြီးလာလျှင် ယဉ်ပါးအောင် မွေးမြူမည်ဟု အိပ်မက်ပင် မက်ခဲ့ဖူးသော ထိုရက်စက်ကြမ်းကြုတ်သည့် သားရဲကြီးမှာ သခင်ရှိနေပြီးသား ဖြစ်နေသည်။ ထိပ်ပြောင်ကြိုးကြာ၏ တိကျသော ကျင့်ကြံခြင်းအဆင့်ကို သူတို့ မသိကြချေ။ ယခု သူ့ကို မြင်တွေ့ရပြီး စွမ်းအားကို အာရုံခံကြည့်သည့်အခါ သိပ်မပြင်းထန်ကြောင်း သတိပြုမိသော်လည်း လွန်ခဲ့သော အချိန်က သားရဲတစ်သန်းကို ဦးဆောင်ပြီး သောင်းကျန်းခဲ့သော ထိုကြိုးကြာသည် သာမန်သတ္တဝါ မဟုတ်နိုင်ကြောင်း သူတို့ ယုံကြည်ထားကြသည်။ အဘယ်ကြောင့်ဆိုသော် စကြဝဠာထဲတွင် စွမ်းအားဝှက်ထားခြင်းနှင့် ချိပ်ပိတ်ခြင်းဟူသော အရာနှစ်ခု ရှိနေသောကြောင့် ဖြစ်၏။

​ထိုအခိုက်၌ သူတို့၏ နှလုံးသားများ တုန်လှုပ်နေစဉ် ရွှီဟွေ၏ ချောင်းဟန့်သံ ဟင်းလင်းပြင်ထဲ ပဲ့တင်ထပ်သွားရာ ကျင့်ကြံသူလေးယောက်မှာ ဗီဇအရ နောက်သို့ ဆုတ်မိသွားကြသည်။ ရွှမ်ရှန်းသည် နောက်သို့ သုံးလှမ်းခန့်သာ ဆုတ်ရသေးသော်လည်း အတင်းရပ်တန့်လိုက်၏။ သူ ထွက်မပြေးနိုင်မှန်း သိသလို ပြန်တိုက်ခိုက်ရန် အတွေးမျိုးပင် စိတ်ထဲ မမွေးရဲတော့ချေ။ သူတို့လေးယောက်တွင် ဝှက်ဖဲသတ်ကွက်များ ရှိနေလင့်ကစား စုမင်တစ်ယောက်တည်းနှင့်ပင် သူတို့၏ စိတ်ဓာတ်ကို ရိုက်ချိုးရန် လုံလောက်ပြီး ထိုထိပ်ပြောင်ကြိုးကြာကလည်း ရှိနေသေးသည် မဟုတ်လော။

​စုမင်ဘေးရှိ အမျိုးသမီး၏ ပြုံးဖြဲဖြဲ မျက်နှာပေးကလည်း သူ့ကို ထိတ်လန့်စေခဲ့သည်။

​ကျင့်ကြံသူလေးယောက်အနက် ရွှမ်ရှန်းတစ်ယောက်တည်းသာ အခြေအနေကို နားလည်သည် မဟုတ်ပေ။ ဟွာယွီသည် ပေတစ်ရာကျော်ခန့် ဆုတ်မိပြီးနောက် သတိပြန်ဝင်လာခဲ့သည်။ စုမင်နှင့် အခြားသူများ လိုက်မလာသည်ကို မြင်သောအခါ သူသည် စိုးရိမ်ပူပန်စွာဖြင့် အတင်းရပ်လိုက်ပြီး လက်ဝါးချင်းထပ်ကာ စုမင်တို့အုပ်စုအား ဦးညွှတ်ဂါရဝပြုလိုက်၏။

​ယွန်းယိုနှင့် နျန်ယင်းတို့မှာမူ တုံ့ပြန်မှု အနည်းငယ် နောက်ကျသွားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူတို့သည် ပေတစ်သိန်းခန့် အဝေးသို့ ရောက်ရှိနေပြီ ဖြစ်၏။ သို့သော် သူတို့ သွေးစတေး အတတ်ဖြင့် ပိုမိုဝေးကွာသော အရပ်သို့ ထွက်ပြေးရန် ပြင်လိုက်စဉ်မှာပင် သူတို့ရှေ့မှ ဟင်းလင်းပြင်၌ လှိုင်းတွန့်များ လင်းလက်လာပြီး ရွှီဟွေ ထွက်ပေါ်လာခဲ့သည်။

​သူမသည် ပြုံးနေဆဲဖြစ်သော်လည်း မျက်လုံးများထဲ၌မူ သတ်ဖြတ်လိုသော အငွေ့အသက်များ ရှိနေခဲ့သည်။ သူမ အနည်းငယ် စိတ်ဆိုးသွားခဲ့ရ၏။ အဆုံးစွန်၌ ဤလေးယောက်မှာ သူမ ချောင်းဟန့်လိုက်မှ စတင်ထွက်ပြေးကြသောကြောင့် ဖြစ်သည်။

​"ငါ့ကို မြင်တာနဲ့ ဘာလို့ ထွက်ပြေးကြတာလဲ"

​ရွှီဟွေ ထွက်ပေါ်လာသည်နှင့် သူမ၏ ညာလက်ကို မြှောက်ကာ ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ထိုသို့ ပြုလုပ်လိုက်သည်နှင့် သူမ ရှေ့မှောက်တွင် လမင်းပုံရိပ်တစ်ရိပ် ပေါ်ပေါက်လာခဲ့ရာ ယွန်းယိုနှင့် နျန်ယင်းတို့၏ မျက်နှာအမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရတော့သည်။

​"လကပ်ဘေးနယ်ပယ်ပဲ"

​သူတို့နှစ်ဦးမှာ ချက်ချင်းပင် လမ်းခွဲ၍ မတူညီသော လမ်းကြောင်းနှစ်ခုသို့ ထွက်ပြေးကြတော့သည်။ ယွန်းယိုဟု ခေါ်သောသူသည် မိမိ၏ အဖော်နှစ်ယောက်စလုံး ထွက်ပြေးရန် လက်လျှော့လိုက်သည်ကို သတိပြုမိသွားသဖြင့် ခါးသီးစွာ ရယ်မောရင်း ရပ်တန့်လိုက်တော့သည်။

​နျန်ယင်း တစ်ယောက်တည်းသာ အရှိန်အပြည့်ဖြင့် ရှေ့သို့ ဆက်လက်တိုးဝင်နေပြီး သွေးစတေး ပညာရပ်ကို ဖော်ဆောင်ရန် သွေးပင် အန်ထုတ်လိုက်သေးသည်။ သူ၏ အရှိန်နှုန်းမှာ ဆထက်ထမ်းပိုး မြန်ဆန်သွားသော်လည်း ရွှီဟွေနှင့် ပေတစ်သောင်းခန့်ပင် မဝေးတော့သည့်အချိန်တွင် သူ့ခန္ဓာကိုယ်မှာ သွေးရိပ်ထဲမှ ပြန်လည်ထွက်ပေါ်လာခဲ့ပြီး နာကျင်စွာ အော်ဟစ်ရင်း သွေးများ ထပ်မံအန်ထုတ်လိုက်ရပြန်သည်။ ဆန်းပြားသည်မှာ သူ့ပတ်ဝန်းကျင်တွင် မည်သည့် ထူးဆန်းသော အရာမျှ မရှိလင့်ကစား သူ့ခန္ဓာကိုယ်မှာ မမြင်နိုင်သော အတားအဆီးတစ်ခုနှင့် တိုက်မိသွားသည့်အလား နောက်သို့ လွင့်စင်သွားခဲ့ရခြင်း ဖြစ်ပေသည်။

​သူ နောက်သို့ လွင့်စင်သွားစဉ် သူ့ဆံပင်များကို မမြင်နိုင်သော လက်တစ်ဖက်က ဖမ်းဆွဲထားသည့်အလား နောက်သို့ ဆွဲခေါ်ခြင်း ခံလိုက်ရသည်။

​နျန်ယင်းဟု ခေါ်သော ထိုကျင့်ကြံသူသည် စုမင် ရှိရာ ဟင်းလင်းပြင်သားရဲကြီး၏ ရှေ့မှောက်သို့ ပစ်ချခြင်း ခံလိုက်ရသောအခါ သူ၏ ဆံပင်အများစုမှာ ကျွတ်ထွက်သွားခဲ့ပြီ ဖြစ်သည်။ သွေးများက မျက်နှာတစ်ခုလုံးတွင် ပြည့်နှက်နေပြီး ပါးပြင်ပေါ်မှ စီးကျနေခဲ့၏။ သူသည် မိမိ၏ ဘေးနားရှိ ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာသော ရွှီဟွေကို အံ့အားသင့်ခြင်း မယုံကြည်နိုင်ခြင်းများ ပြည့်နှက်နေသည့် မျက်နှာထားဖြင့် စိုက်ကြည့်လိုက်တော့သည်။

​"ကဲ... ပြေးဦးလေ။ ဘာလို့ မပြေးတော့တာလဲ" ရွှီဟွေးက ပြုံးပြုံးလေး မေးလိုက်ပြီးနောက် သူမ၏ ညာလက်ကို မြှောက်ကာ နျန်ယင်းကို ထောက်ပြလိုက်သည်။ နီဖြူရောင် အခိုးအလျှံ နှစ်ခုက သူ့ကို ဝန်းရံသွားခဲ့ပြီး သူ့ခန္ဓာကိုယ်အား ထိမိသွားသည့်ခဏ၌ နီရောင်အခိုးအလျှံမှာ သူ့ရင်ဘတ်အတွင်းသို့ စိမ့်ဝင်သွားကာ ဖြူရောင်အခိုးအလျှံမှာမူ သူ့လည်ချောင်းနှင့် အောက်ပိုင်းဒေသအတွင်းသို့ ပျောက်ကွယ်သွားခဲ့တော့သည်။

​အခြားသော ကျင့်ကြံသူ သုံးဦး၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် လုံးဝ ပြောင်းလဲသွားခဲ့ရပြီး ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်မိလိုက်ကြသည်။ အဘယ်ကြောင့်ဆို သူတို့သည် နျန်ယင်း၏ မူလက ပြားချပ်နေသော ရင်ဘတ်ကြီးမှာ မို့တက်လာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောကြောင့် ဖြစ်၏။

​သူ၏ လည်စလုပ်မှာ သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် ပျောက်ကွယ်သွားသည်အထိ ကျုံ့ဝင်သွားခဲ့ပြီး ကြမ်းသော အရေပြားမှာလည်း မျက်စိတစ်မှိတ်အတွင်း ဝင်းပဖြူစင်သွားခဲ့သည်။ သူ၏ လက်ချောင်းများမှာ ချောမွေ့သွားခဲ့ပြီး နူးညံ့ပျော့ပျောင်းသော ပုံစံသို့ ပြောင်းလဲသွားခဲ့၏။ ဤခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများအရ ဤလူ၏ ယင်နှင့်ယန် အငွေ့အသက်မှာ ပြောင်းပြန်ဖြစ်သွားခဲ့ပြီး ယောက်ျားတစ်ယောက်အသွင်မှ... မိန်းမတစ်ယောက်အသွင်သို့ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်ကြောင်း ထင်ရှားလှပေသည်။

​နျန်ယင်းသည် ခဏမျှ ဆွံ့အသွားခဲ့ပြီးနောက် နာကျင်စွာဖြင့် စူးစူးရှရှ အော်ဟစ်လိုက်တော့သည်။ သို့သော်လည်း သူ၏ အော်ဟစ်သံမှာ စူးရှလွန်းပေသည်။ ယင်းသည် ယောက်ျားတစ်ယောက်၏ ကျယ်လောင်ပြီး ဩရှသော အသံမျိုး မဟုတ်တော့ဘဲ မိန်းမတစ်ယောက်၏ နူးညံ့သော အသံမျိုး ဖြစ်သွားခဲ့ပြီ ဖြစ်၏။

​သူ၏ ပြောင်းလဲမှုများမှာ တင်ပါးဆုံပိုင်းတွင်လည်း အလွန်အမင်း ထင်ရှားပေသည်။ သူ၏ ခန္ဓာကိုယ် ပြောင်းလဲသွားသည်နှင့် ၎င်းသည် သိသိသာသာ ဖွံ့ထွားလာခဲ့၏။ အမှန်စင်စစ် သူ၏ ခန္ဓာကိုယ်အကောက်အကွေ့ လိုင်းများမှာ မိန်းမတစ်ယောက်ကဲ့သို့ ကောက်ကြောင်းပေါ်လာခဲ့ပြီ ဖြစ်သည်။

​ဤအရာအားလုံးက အခြားသော ကျင့်ကြံသူ သုံးဦးအား ဖော်ပြ၍မရနိုင်လောက်သော ထိတ်လန့်ခြင်းနှင့် ကြောက်မက်ဖွယ်ရာများကို သယ်ဆောင်လာခဲ့တော့သည်။ စုမင်ကိုယ်တိုင်ပင်လျှင် မျက်ခွံများ တွန့်ကနဲ ဖြစ်သွားခဲ့ရ၏။ သူ၏ နှလုံးခုန်သံမှာ ရင်ဘတ်ထဲ၌ အကြိမ်အနည်းငယ် ပြင်းထန်စွာ ခုန်လှုပ်သွားခဲ့ပြီးနောက် ရွှီဟွေကို လှမ်းကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးများထဲ၌ သတိထားရိပ်တစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။

​ထိပ်ပြောင်ကြိုးကြာသည်လည်း မျက်လုံးအစုံ ပြူးသွားခဲ့ရသည်။ ဤမြင်ကွင်းကြောင့် သူသည် ခန္ဓာကိုယ် တုန်ရင်သွားခဲ့ရပြီး သူ့ဘေးနားရှိ အသူရာနဂါးပင် ဗီဇအရ နောက်သို့ ဆုတ်လိုက်မိသည်။ သူသည် ရွှီဟွေကို လှမ်းကြည့်လိုက်သောအခါ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့ပြီ ဖြစ်၏။

​"ကျင့်ကြံသူတစ်ယောက်က အရှက်ခွဲခံရတာထက် သေရတာကမှ တော်ဦးမယ်"

​နျန်ယင်း၏ မျက်နှာတွင် ခါးသီးမှုများ ပြည့်နှက်နေခဲ့သည်။ သူသည် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှု အားလုံးကို အထင်ရှားဆုံး သိရှိထားသူ ဖြစ်ပေသည်။ ထိုအခိုက်အတန့်၌ သူ့နှလုံးသားထဲတွင် ရှိနေသော ရှုပ်ထွေးသည့် ခံစားချက်များကို မည်သို့မျှ ဖော်ပြနိုင်ခြင်း မရှိတော့ချေ။ သူ၏ စိတ်ထဲ၌ ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်းများနှင့်အတူ ရွှီဟွေကို အော်ဟစ်လိုက်တော့သည်။

​စုမင် မျက်မှောင်ကြုတ်လိုက်မိသည်။ သူသည် လူတစ်ဦးကို မည်သည့်တွေးတောမှုမျှမရှိဘဲ သတ်ပစ်နိုင်လင့်ကစား လူတစ်ယောက်အား ယခုကဲ့သို့ အရှက်ခွဲခြင်းမျိုးကိုမူ ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့သော် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်း ခံလိုက်ရသော ထိုကျင့်ကြံသူက ထပ်မံ၍ အော်ဟစ်လိုက်ပြန်သည်။

​"ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိဘဲ တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့ကြတာလေ။ မင်း ဒါမျိုးလုပ်ရင် ကောင်းကင်က အပြစ်ပေးမှာကို မကြောက်ဘူးလား။ ဝဋ်လိုက်မှာကိုကော မကြောက်ဘူးလား။ ကဲ... သတ်ချင်ရင်လည်း သတ်ပစ်လိုက်စမ်း"

​ရွှီဟွေက တိုးတိုးလေး ရယ်မောလိုက်သည်။

​"နင် ပြောပုံက တကယ့်ကို အမှန်တရားကြီးလိုပဲနော်။ ငါ့ယောက်ျား နင်တို့ကို ပထမဆုံးအကြိမ် တွေ့တုန်းက တိုက်ခိုက်ခဲ့တာ မဟုတ်ဘူး။ နင်တို့မှာ လျှို့ဝှက်ချက်တွေ ရှိနေလို့ ထွက်ပြေးချင်တာ သဘာဝကျပေမဲ့ မလွတ်တာကတော့ နင်တို့ ညံ့လို့ပဲ။ ငါတို့ လိုက်မှီလာတဲ့အခါမှာလည်း ငါ့ယောက်ျားက နင်တို့ကို ကြီးကြီးမားမား အပြစ်ပေးဖို့ မတွေးထားပါဘူး။ မေးခွန်းနည်းနည်းပဲ မေးမလို့ပါ။ နင်တို့သာ ရိုးရိုးသားသား ဖြေခဲ့ရင် ငါ သူ့အကြောင်း သိသလောက်ဆို နင်တို့ ကောင်းကောင်းမွန်မွန် လမ်းခွဲနိုင်ကြမှာ"

​"ဒါ့အပြင် နင်တို့က နတ်ဘုရား အနှစ်သာရ ကြယ်ပင်လယ်ထဲ ရောက်နေတာ။ နင်တို့ အင်အားနဲ့ဆို ဘယ်လိုလျှို့ဝှက်ချက်ကိုမှ ရှာနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ ငါ့ယောက်ျားသာ နင်တို့နဲ့ ပူးပေါင်းရင် အောင်မြင်ဖို့ အခွင့်အလမ်းက ဆထက်ထမ်းပိုး တိုးသွားမှာ။ အဲဒါ ဘာက မကောင်းလို့လဲ"

​"ဒါကို ငါ ချောင်းတစ်ချက်ပဲ ဟန့်လိုက်ရသေးတယ်။ နင်တို့က ထွက်ပြေးသွားကြတာပဲ။ အခုကျမှ မပြေးနိုင်တော့လို့ တရားသဖြင့် ဖြစ်သလိုမျိုး လာပြီး အော်ဟစ်နေတယ် ဟုတ်လား"

​ရွှမ်ရှန်းနှင့် အခြားသော နှစ်ဦးမှာ တိတ်ဆိတ်သွားခဲ့ရပြီး သူတို့၏ မျက်နှာပေါ်တွင် တွေးတောရိပ်များ ပေါ်ပေါက်လာခဲ့သည်။ ရွှီဟွေ၏ စကားလုံးများသည် သူတို့ နားထဲ၌ နိုင်ထက်စီးနင်း ပြောဆိုနေခြင်းမျိုး မဟုတ်ဘဲ အမှန်တရားမှာ သူမပြောခဲ့သည့်အတိုင်း ဖြစ်နေသဖြင့် ထိုသုံးဦးမှာ ဤအရာကို မတွေးဘဲ မနေနိုင် ဖြစ်သွားခဲ့ရတော့သည်။

​သို့သော်လည်း နျန်ယင်းမှာမူ သူ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကြောင့် စိတ်နှလုံး ပူလောင်နေခဲ့ရသည်။ သူသည် ရွှီဟွေ ပြောဆိုခဲ့သော စကားတစ်လုံးမျှကိုပင် နားမထောင်လိုဘဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သို့သော် သူ ထိုသို့ ပြုလုပ်လိုက်သည့် ခဏ၌ပင် ရွှီဟွေ၏ နောက်ထပ် စကားတစ်ခွန်းကြောင့် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် လုံးဝ ပြောင်းလဲသွားခဲ့ရတော့သည်။

​"နင် ကျင့်ကြံတဲ့ ပညာက မဟာ နှစ်ပတ်လည်ဘီးဓမ္မ ပညာရပ် ဖြစ်ရမယ်။ ငါ အခုလေးတင် သတိထားမိတာ။ ဒါကို ကြည့်တာနဲ့ နင့်ရဲ့ မျိုးရိုးနာမည်က နျန် ဖြစ်ပြီး နင်က နံနက်ခင်းတာအိုလောကက လာတာပဲ"

​"ငါ စဉ်းစားကြည့်ပါရစေဦး။ နံနက်ခင်းတာအိုလောကက နျန်ဟွာမိသားစုဆိုတာ အတိတ်တုန်းကအင်မော်တယ်တွေဆီကနေ လမ်းခွဲထွက်ခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်းက တည်ထောင်ခဲ့တဲ့ မိသားစုပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်ကျော်တုန်းက မိသားစုဝင် တစ်ယောက်က တခြားမိသားစုဝင် တစ်ယောက်ကို သတ်ခဲ့တယ်။ သူ အဖမ်းခံရတဲ့အခါ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကို ဖျက်ဆီးပစ်ပြီး ပြစ်ဒဏ်အနေနဲ့ နတ်ဘုရား အနှစ်သာရ နယ်မြေထဲကို ပို့ဆောင်ခြင်း ခံခဲ့ရတယ်။ အဲဒီလူက နင် မဟုတ်လား"

​"ဒါပေမဲ့ နင့်ရဲ့ ကျင့်ကြံခြင်း အဆင့်က ရှိနေတုန်းပဲ။ ကြည့်ရတာ နင်တို့ရဲ့ ဒီလုပ်ဆောင်ချက်ရဲ့ နောက်ကွယ်မှာ နျန်ဟွာမိသားစု ရှိနေပုံရတယ်"

​"မင်းက ဘယ်သူလဲ" နျန်ယင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်နှင့် ရွှမ်ရှန်းနှင့် အခြားသော ကျင့်ကြံသူ နှစ်ဦးတို့၏ မျက်ဝန်းများမှာလည်း ကြောက်ရွံ့မှုကြောင့် ကျုံ့ဝင်သွားခဲ့ရသည်။ သူတို့သည် ရွှီဟွေကို တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြ၏။

​"ငါလား။ ငါ့နာမည်က ရွှီဟွေ၊ ဖီးနစ်ဂိုဏ်းကပဲ" ရွှီဟွေက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စိတ်ထဲ၌ အနည်းငယ် မကျေမနပ် ဖြစ်နေပုံရသော စုမင်ကို လှမ်းကြည့်လိုက်သည်။

​"ဖီးနစ်ဂိုဏ်း ဟုတ်လား။ ရွှီဟွေ... မင်းက ဖီးနစ်ဂိုဏ်းရဲ့ သန့်ရှင်းတဲ့ သခင်မလေးပဲ"

​နျန်ယင်းသည် ခဏမျှ ဆွံ့အသွားခဲ့ပြီးနောက် သူ၏ ဒေါသအားလုံးမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရတော့သည်။ သူသည် စိတ်ဓာတ်ကျသွားခဲ့ပြီး နာကျင်ပူဆွေးမှုများအကြား ခုခံမှုပုံစံအားလုံးကို လက်လျှော့လိုက်တော့သည်။ အမှန်စင်စစ်အားဖြင့် သူ၏ မျက်နှာအမူအရာ ပြောင်းလဲသွားမှုများအရ သူသည် ဖီးနစ်ဂိုဏ်းအပေါ် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

​"ဟုတ်တယ်။ နံနက်ခင်းတာအိုလောကမှာ ကျင့်ကြံသူတွေက ကွယ်ရာမှာ မိစ္ဆာဂိုဏ်းလို့ ခေါ်ကြတဲ့ ဖီးနစ်ဂိုဏ်းပေါ့။ ပြီးတော့ ငါက နင်တို့ ကွယ်ရာမှာ မြွေနဲ့ ကင်းမြီးကောက် သခင်မလေးတွေလို့ ခေါ်ကြတဲ့ နှစ်ယောက်ထဲက ကင်းမြီးကောက် သခင်မလေး ရွှီဟွေပဲ" ရွှီဟွေက ပြုံးဖြဲဖြဲဖြင့် ပြောလိုက်၏။ ဤသည်ကား စုမင် ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်ပြီး သူ ဆွံ့အသွားခဲ့ရသည်။ ဤအရာများသည် တာအိုခုန်း၏ မှတ်ဉာဏ်များထဲ၌ မရှိခဲ့ချေ။ ဤသည်ကား တာအိုခုန်း၏ အဆင့်အတန်း၊ အတွေ့အကြုံများနှင့် ပတ်သက်နေနိုင်ပေသည်။

​အမှန်စင်စစ်အားဖြင့် စုမင်သည် တာအိုခုန်းတွင် အဘယ်ကြောင့် မှတ်ဉာဏ် အလွန် နည်းပါးနေကြောင်း အမြဲတမ်း အနည်းငယ် ဝေခွဲမရ ဖြစ်ခဲ့ဖူးသည်။ အဆုံးစွန်၌ သက်ရှိသတ္တဝါတစ်ဦးတွင် မှတ်ဉာဏ် ပိုမိုများပြားလေလေ ထိုသူအား ပူးကပ်သိမ်းပိုက်ရန် ပိုမိုခက်ခဲလေလေ ဖြစ်ပြီး တာအိုခုန်း၏ မှတ်ဉာဏ်များမှာ လူတစ်ဦး ပိုင်ဆိုင်ထားသင့်သော အခြေခံအကျဆုံး အရာများသာ ဖြစ်နေသောကြောင့် ဖြစ်၏။

​ကင်းမြီးကောက် သခင်မလေး ရွှီဟွေ။ ဤသည်ကား နံနက်ခင်းတာအိုလောကရှိ ကျင့်ကြံသူများက ဖီးနစ်ဂိုဏ်း၏ ကြီးမြတ်သော သန့်ရှင်းသည့် သခင်မလေး နှစ်ဦးအနက် တစ်ဦးကို နောက်ကွယ်၌ ခေါ်ဆိုကြသော နာမည် ဖြစ်ပေသည်။ ဤဘွဲ့နာမည်ကို အခြေခံ၍ ကြည့်ခြင်းအားဖြင့် ဖီးနစ်ဂိုဏ်းကို နောက်ကွယ်၌ မိစ္ဆာဂိုဏ်းဟု ခေါ်ဆိုကြခြင်း၏ နောက်ကွယ်တွင် အကြောင်းရင်းတစ်ခု ဧကန်မုချ ရှိနေပေလိမ့်မည်။

​စုမင် တိတ်ဆိတ်သွားခဲ့ရသည်။ ရွှီဟွေအနေဖြင့် တစ်စုံတစ်ခုကို ပြုလုပ်သည့်အခါ အဘယ်ကြောင့် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိကြောင်း သူ ရုတ်တရက် နားလည်သွားခဲ့တော့သည်။ အကယ်၍ သူမတွင် ပြင်ပကမ္ဘာ၌ ယခုကဲ့သို့ ကြီးမားသော ကျော်ကြားမှုမျိုး ရှိနေခဲ့လျှင် ဤသည်ကား နံနက်ခင်းတာအိုလောကတွင် သူမ ရှိစဉ်က ပြုလုပ်ခဲ့သော လုပ်ဆောင်ချက်များနှင့် ပတ်သက်နေမည်မှာ ဧကန်မုချပင် ဖြစ်ချေသည်။

​ကင်းမြီးကောက်များသည် အဆိပ်ပြင်းသော်လည်း ထိုအဆိပ်မှာ သူတို့၏ ပါးစပ် သို့မဟုတ် လက်သည်းများထဲ၌ ရှိနေခြင်း မဟုတ်ချေ။ ယင်းအစား ၎င်းကို သူတို့၏ အမြီးထဲ၌ သိုလှောင်ထားခြင်း ဖြစ်သည်။ သူတို့သည် မယုံနိုင်လောက်အောင် မြန်ဆန်ပြီး သေးငယ်သဖြင့် အခြားသူများ၏ အာရုံစိုက်မှုကို အလွန်အမင်း ဆွဲဆောင်မိခြင်း မရှိချေ။ သို့သော်လည်း အရေးကြီးသော အခိုက်အတန့်၌ သူတို့၏ ရန်သူများဘက်မှ အနည်းငယ်မျှ မှားယွင်းသွားခဲ့သည်နှင့်အမျှ ထိုအဆိပ်ကြောင့် သေဆုံးသွားရပေလိမ့်မည်။ ဤသည်ကား ကင်းမြီးကောက်များ၏ ကြောက်မက်ဖွယ်ရာ အချက် ဖြစ်ပေသည်။

​မြွေများသည် ပုန်းကွယ်ခြင်းနှင့် စောင့်ဆိုင်းခြင်းတို့၌ ကျွမ်းကျင်ကြသည်။ ပုံမှန်အားဖြင့် သူတို့သည် မိမိတို့၏ အဆိပ်စွယ်များကို ဖုံးကွယ်ထားတတ်ကြပြီး လွယ်လွယ်ကူကူ ထုတ်ပြလေ့ မရှိကြချေ။ သူတို့သည် အချိန်အတော်ကြာအောင် မလှုပ်မယှက် ငြိမ်သက်စွာ နေတတ်ကြသော်လည်း လှုပ်ရှားလိုက်သည်နှင့်တစ်ပြိုင်နက် အသေ သတ်ဖြတ်တတ်ကြသည်။ ဤနှိုင်းယှဉ်ချက်က စုမင်အား နာကျင်မှုများ ပြည့်နှက်နေခဲ့သော ပထမဆုံး အချစ်ဦးနှင့် ပတ်သက်နေသည့် အခြားသော မိန်းကလေးတစ်ဦးကို သတိရသွားစေခဲ့သည်။

​ဖီးနစ်ဂိုဏ်းတွင် သန့်ရှင်းသော သခင်မလေး နှစ်ဦး ရှိကြောင်း သူ လွန်ခဲ့သော အချိန်ကတည်းက သိရှိထားခဲ့ခြင်း ဖြစ်သည်။ ထိုအထဲက တစ်ဦးမှာ ရွှီဟွေ ဖြစ်ပြီး အခြားတစ်ဦးမှာမူ မြွေသခင်မလေး ပိုင်လင်း ဖြစ်ပေသည်။ ဤသည်ကား တာအိုခုန်း၏ မှတ်ဉာဏ်များထဲမှ သူ သိရှိခဲ့သောအရာ ဖြစ်၏။

​အမှန်စင်စစ်အားဖြင့် စုမင်သည် ရွှီဟွေအနေဖြင့် မိမိ၏ နာမည်ကို လွန်ခဲ့သော အချိန်ကတည်းက သိရှိထားမည့် ဖြစ်နိုင်ခြေ အလွန်မြင့်မားကြောင်း သိပေသည်။ ပိုင်လင်းက သူမကို ပြောပြခဲ့၍ဖြစ်စေ သို့မဟုတ် ရွှီဟွေကိုယ်တိုင် မိမိအား တိတ်တဆိတ် စုံစမ်းစစ်ဆေးခဲ့၍ဖြစ်စေ ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် မိမိအကြောင်းကို သိရှိထားမည့် ဖြစ်နိုင်ခြေမှာ အလွန်ပင် ကြီးမားပေသည်။

​ထို့ကြောင့်ပင် နဝမ မျိုးနွယ်စု၏ တောင်တန်းပေါ်၌ ရှိစဉ်က ရွှီဟွေသည် စုမင်အနေဖြင့် အမျိုးသမီးတစ်ဦးအကြောင်းကို တွေးတောနေခြင်း ဖြစ်ကြောင်း အစောကတည်းက တိုက်ရိုက် ပြောဆိုနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ သူမ၏ ထိုစကားတစ်ခွန်းကြောင့်ပင် သူသည် ကျင့်ကြံသူများ မမြင်တွေ့သင့်သော၊ သို့သော် သူ မြင်တွေ့ခဲ့ရသော အိပ်မက်တစ်ခုအတွင်းသို့ နစ်မြုပ်သွားခဲ့ရခြင်း ဖြစ်၏။

​ထိုအချိန်ကျမှသာ စုမင်သည် မိမိအနေဖြင့် ပိုင်လင်းကို စွဲလန်းနေခြင်းမဟုတ်ဘဲ ထိုကတိကဝတ်အပေါ်၌သာ စွဲလမ်းနေခြင်း ဖြစ်ကြောင်း သိရှိသွားခဲ့ရသည်။ ထို့နောက်တွင်မူ သူသည် မိမိ၏ နှလုံးသားထဲရှိ ထိုဝန်ထုပ်ဝန်ပိုးကို အဆုံးသတ်လိုက်ပြီး နှလုံးသား ပြောင်းလဲခြင်းအား ဖြတ်သန်း လျှောက်လှမ်းနိုင်ခဲ့တော့သည်။

​စုမင်သည် ဤအရာမှာ တိုက်ဆိုင်မှုတစ်ခု ဖြစ်သည်ဟု မယုံကြည်ချေ။ သို့သော်လည်း မည်သို့ပင်ဖြစ်စေ ထိုကိစ္စနှင့် ပတ်သက်လာလျှင် ရွှီဟွေ၏ လုပ်ဆောင်ချက် အများစုမှာ စေတနာကောင်းများဖြင့် ပြည့်နှက်နေခဲ့ကြောင်း သူ ပြောဆိုနိုင်ပေသည်။ ထို့ကြောင့်ပင် သူသည် ဤအရာကို မည်သည့်အခါမျှ ထုတ်ဖော်မပြောခဲ့ခြင်း ဖြစ်ပေသည်။

All Chapters