← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉။ မင်္ဂလာဦးည

ဝမ်ရှိုကျဲ့၏ မင်္ဂလာယာဉ်တန်းကြီး ပြန်လည်ရောက်ရှိလာချိန်တွင် ဖင်းအန်း မြို့နယ်ရှိ ဝမ်မျိုးနွယ်စု၏ ပင်မစံအိမ်ကြီးမှာလည်း အလုပ်များစွာဖြင့် လှုပ်ရှားသက်ဝင်နေလေသည်။ မျိုးနွယ်စုတစ်ခုလုံး အင်တိုက်အားတိုက် လည်ပတ်နေပြီး လူတိုင်းက မိမိတို့၏ တာဝန်အသီးသီးကို ယူထားကြပေသည်။

အစ်မကြီးများ၊ မရီးများနှင့် စတုတ္ထအဒေါ် အစရှိသော အမျိုးသမီးအချို့မှာ မီးဖိုချောင် ကိစ္စများနှင့် ပန်းကန်၊ တူ၊ ခုံနေရာ ချထားခြင်းများကို တာဝန်ယူထားကြ၏။ ဝမ်လော်ချိုး၊ ဝမ်လိချီ၊ ဝမ်လော်ချင်းနှင့် အခြားသူများပင်လျှင် အလုပ်များထဲတွင် ပါဝင်နေကြပြီး တစ်ခုခုစီကို တာဝန်ယူထားကြလေသည်။

သို့သော် ဝမ်လိချီမှာ မူလက မီးဖိုချောင် သို့မဟုတ် ဟင်းလျာကုန်ကြမ်းများကို စီမံခန့်ခွဲချင်ခဲ့သော်လည်း အားလုံးက တညီတညွတ်တည်း ကန့်ကွက်ပယ်ချခဲ့ကြပေသည်။

ထို့အစား ပင်မစံအိမ်အတွင်းသို့ ဝင်ရောက်ကာ မင်္ဂလာညစာစားပွဲတွင် ပါဝင်ခွင့်မရှိသော သာမန်အရပ်သားများနှင့် ဘေးထွက်မျိုးဆက် အများစုအတွက် ကွင်းပြင်၌ ကျင်းပသော ပွဲတော်အခြေအနေ တစ်ခုလုံးကို သူမအား ကြီးကြပ်ကွပ်ကဲစေခဲ့၏။

ဝမ်မျိုးနွယ်စုသည် ယခုတစ်ကြိမ်တွင် သုံးရက်နှင့် သုံးညတိုင်တိုင် ပွဲတော်ကျင်းပမည်ဖြစ်ပြီး လာသမျှလူအားလုံးကို ကြိုဆိုဧည့်ခံမည်ဖြစ်ရာ အလွန်တရာ ရက်ရောသည်ဟု ဆိုရပေမည်။

ထင်ရှားသော ဧည့်သည်တော်အချို့ကို ဝမ်မျိုးနွယ်စု ခြံဝင်းအတွင်းရှိ လေဟာပြင် ထိုင်ခုံများတွင် နေရာချထားပေးမည်ဖြစ်ပြီး ၎င်းမှာ အဓိက နေရာဖြစ်ပေသည်။

မျိုးနွယ်စု ခေါင်းဆောင်များ၊ ဆိုင်ရှင်ချန်၊ မြို့စောင့်တပ်မှူး လဲ့ နှင့် အခြားမျိုးနွယ်စု အသီးသီးမှ ဘိုးဘေးများကဲ့သို့သော ပိုမို ထင်ရှားလှသည့် ဧည့်သည်တော်များကိုမူ ဘိုးဘေးရှောင်ဟန် က တစ်ဦးချင်းစီ ဧည့်ခံစကားပြောဆိုမည် ဖြစ်လေသည်။

သူတို့၏ ညစာစားပွဲကိုမူ သပ်ရပ်ကျော့ရှင်းသော ခန်းမဆောင် အသီးသီးတွင် စီစဉ်ထားရှိပေသည်။

ဘိုးဘေးလုံယန် မှာမူ လူမှုဆက်ဆံရေးကို သိပ်မနှစ်သက်သဖြင့် ရှိုကျဲ့၏ မင်္ဂလာ အခမ်းအနားတွင်သာ ထွက်ပေါ်လာရန် စီစဉ်ထားခဲ့၏။

အလွှာအသီးသီးမှ ဧည့်သည်တော်များသည် ဝမ်မျိုးနွယ်စုထံသို့ တစ်ဖွဲဖွဲ ရောက်ရှိလာကြလေသည်။

မျိုးနွယ်စု၏ အမျိုးသားအဖွဲ့ဝင်များသည် ဧည့်ခံခြင်း တာဝန်များကို အသီးသီး ရယူထားကြပြီး ပျော်ရွှင်မှုများ ပြည့်နှက်နေကြ၏။ ရှိုကျဲ့၏ အိမ်ထောင်ရေးမှာ ကြီးမားလှသော ကိစ္စရပ်တစ်ခု ဖြစ်ပေသည်။

၎င်းသည် မျိုးနွယ်စု၏ ကြီးပွားတိုးတက်မှုနှင့် မျိုးဆက်ဆက်ခံခြင်းကိုလည်း ကိုယ်စားပြုနေလေသည်။

ယခုအခါ ဝမ်မျိုးနွယ်စုမှာ ယခင်ကနှင့် မတူတော့ချေ။

မိသားစု တစ်ခုတည်းတွင် ဝိညာဉ်ပလ္လင်အဆင့် သုံးဦးပင် ရှိနေလေပြီ။

ဖင်းအန်း မြို့နယ်တွင် ဤကဲ့သို့သော မျိုးနွယ်စုမျိုးမှာ ကြီးပွားတိုးတက်ပြီး ပြန်လည် ထွန်းတောက်လာမည့် အရှိန်အဟုန် ရှိနေပြီ ဖြစ်ပေသည်။

ထို့နောက် ဝမ်ရှိုကျဲ့၏ မင်္ဂလာယာဉ်တန်းနှင့် လျိုမျိုးနွယ်စု၏ သတို့သမီး ပို့ဆောင်ရေး ယာဉ်တန်းတို့သည် ဖင်းအန်း ဝမ်မျိုးနွယ်စုထံသို့ တစ်ချိန်တည်းမှာပင် ရောက်ရှိလာကြလေသည်။

ထို့နောက် သဘာဝကျစွာပင် စည်ကားသိုက်မြိုက်လှသော အခမ်းအနားများ ဆက်တိုက် ကျင်းပခဲ့ပြီး မောင်နှံနှစ်ဦးသည် ပင်မ ခန်းမဆောင် အတွင်း၌ ကန်တော့ခံကြလေသည်။

ကုန်းစွန်းဟွေးသည် သပ်ရပ်စွာ ဝတ်စားဆင်ယင်ထားပြီး ပျော်ရွှင်သော မျက်နှာဖြင့် ပင်မ နေရာတွင် ထိုင်နေပေသည်။ သူမသည် တရားဝင် မိခင်ဖြစ်ပြီး မုဆိုးမ တစ်ဦးလည်း ဖြစ်၏။ ယနေ့တွင် သူမသည် အဆင့်အတန်း အမြင့်မားဆုံးသော ပုဂ္ဂိုလ်ဖြစ်ပေသည်။

ရှိုကျဲ့၏ အိမ်ထောင်ရေးက သဘာဝကျစွာပင် သူမကို အလွန်အမင်း ပျော်ရွှင်စေခဲ့ပြီး ပျော်ရွှင်မှု မျက်ရည်များကို တိတ်တဆိတ် ကျဆင်းစေခဲ့သည်။ နှစ်ကာလများတစ်လျှောက် သူမသည် ဝမ်မျိုးနွယ်စုသို့ နောက်အိမ်ထောင် ပြုခဲ့ပြီး ရှိုကျဲ့နှင့် လော်ရီ တို့ကို ပြုစုပျိုးထောင်ပေးခဲ့ရရာ မလွယ်ကူခဲ့ချေ။

မိထွေးတစ်ယောက် အနေဖြင့် သာမန် မိခင်တစ်ယောက်ထက် များစွာ ပိုမို ခက်ခဲကြမ်းတမ်းသည်မှာ သဘာဝပင် ဖြစ်ပေသည်။

ထို့နောက် ကန်တော့ခြင်း အခမ်းအနား ရောက်ရှိလာ၏။ ဤအခမ်းအနားမှာ သဘာဝကျစွာပင် အလွန် စည်ကားသိုက်မြိုက်သော အစီအစဉ် ဖြစ်ပြီး ဆွေမျိုးမိတ်ဆွေ အားလုံးက ကောင်းချီးမင်္ဂလာများ ပေးအပ်ကြလေသည်။

ထို့နောက် သတို့သမီးကို မင်္ဂလာခန်းဆောင်သို့ ဦးစွာ ပို့ဆောင်ပေးလိုက်လေသည်။

သတို့သားနှင့် မိသားစု ခေါင်းဆောင် တစ်ယောက်အနေဖြင့် ဝမ်ရှိုကျဲ့သည် အပြင်ဘက်တွင် ဧည့်ခံရန် လိုအပ်နေသေးပေသည်။

ရင်းနှီးသော မျိုးနွယ်စု အချို့မှ မျိုးနွယ်စု ခေါင်းဆောင်များနှင့် ဆွေမျိုးများသာမက ဘိုးဘေးများပင်လျှင် ဝမ်ရှိုကျဲ့အား ကိုယ်တိုင်ကိုယ်ကျ ဂုဏ်ပြုရန် တိတ်တဆိတ် ရောက်ရှိလာခဲ့ကြပေသည်။

ဤကဲ့သို့သော ဂုဏ်သိက္ခာမျိုးမှာ သာမန် မျိုးနွယ်စု ဆက်ခံသူ တစ်ဦး၏ မင်္ဂလာပွဲတွင် တွေ့ရလေ့ရှိသော မြင်ကွင်းမျိုး မဟုတ်ချေ။

ဤဆွေမျိုးများနှင့် မဟာမိတ်များကို ဝမ်ရှိုကျဲ့သည် သဘာဝကျစွာပင် လျစ်လျူရှု၍ မရနိုင်ချေ။

ထို့ကြောင့် ညနေစောင်းအထိ စည်ကားသိုက်မြိုက်နေခဲ့လေသည်။

......

တစ်နေကုန် ဧည့်ခံပြီးနောက် ချီသန့်စင်ခြင်း အဆင့်ရှစ်သို့ ရောက်ရှိနေပြီဖြစ်သော ဝမ်ရှိုကျဲ့ ပင်လျှင် အနည်းငယ် ပင်ပန်းနွမ်းနယ်နေခဲ့ပေသည်။

သို့သော် ကံကောင်းထောက်မစွာပင် အရာအားလုံး ပြီးဆုံးသွားခဲ့လေပြီ။

ဧည့်သည်များကို ဧည့်ခံပြီးနောက် အနည်းငယ် မူးယစ်နေသော ဝမ်ရှိုကျဲ့သည် ပေါ့ပါးရွှင်လန်းသော ခြေလှမ်းများဖြင့် သူ၏ ခြံဝင်းဆီသို့ ပြန်လာခဲ့လေသည်။

အဓိက အိပ်ခန်းအတွင်း၌ အလင်းရောင်များ တောက်ပနေပြီး အနီရောင် ဖယောင်းတိုင်များ ထွန်းညှိထားပေသည်။

သတို့သမီး လျိုရွဲ့လန် သည် အိပ်ရာပေါ်တွင် လိမ္မာရေးခြားရှိစွာ ထိုင်နေပြီး ခင်ပွန်းဖြစ်သူ ပြန်လာမည့်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေလေသည်။

အိပ်ရာပေါ်တွင် အနီရောင် စောင်ကြီးတစ်ထည် ခင်းထားပြီး ၎င်းအပေါ်တွင် စွန်ပလွံသီးများ၊ ကြာစေ့များ၊ ရွှေတာရာများနှင့် မျက်စိကျိန်းလောက်အောင် တောက်ပနေသော ဝိညာဉ်ကျောက်တုံး ဆယ်တုံးကျော် ရှိနေပေသည်။

"သခင်မလေး.. ပင်ပန်းသွားပြီ"

ဝမ်ရှိုကျဲ့က သူ၏ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ကာ အနက်ရှိုင်းဆုံး ဦးညွှတ်လိုက်လေသည်။

"ယောကျာ်း"

လျိုရွဲ့လန်၏ အသံလေးမှာ အနည်းငယ် ရှက်ရွံ့နေပြီး နူးညံ့စွာ တုံ့ပြန်လိုက်ပေသည်။

ထို့နောက် အနီရောင် ခေါင်းဆောင်းကို ဖယ်ရှားပြီး မင်္ဂလာသေရည် သောက်သုံးရမည့် အချိန် ရောက်လာလေပြီ။

ဤအရာများကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ကာ ခုတင်ဘေးရှိ စားပွဲပုလေးပေါ်တွင် တင်ထားပေသည်။

လျိုရွဲ့လန်၏ သဘောတူညီချက်ကို ရရှိပြီးနောက် ဝမ်ရှိုကျဲ့သည် ကျောက်စိမ်းရူယီ ကို ကောက်ကိုင်လိုက်ပြီး ပြောလိုက်လေသည်။

"သခင်မလေး.. ကိုယ် ရိုင်းစိုင်းခွင့်ပြုပါ"

ထို့နောက် သူသည် သူမ၏ အနီရောင် ခေါင်းဆောင်းကို ညင်သာစွာ ဖယ်ရှားလိုက်လေသည်။

သူ၏ မြင်ကွင်းထဲသို့ ရောက်ရှိလာသည်မှာ နုပျိုလှပသော မျက်နှာလေး တစ်ခု ဖြစ်ပေသည်။

သူမသည် ဖီးနစ်သရဖူနှင့် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး လှပသော ဘဲဥပုံ မျက်နှာ၊ ကျယ်ပြန့်သော နဖူး၊ ကွေးညွှတ်နေသော မျက်ခုံးများနှင့် ရှက်ရွံ့မှု၊ နွေဦးရေကြည်များ ပြည့်နှက်နေသော ကြည်လင်သည့် ဗာဒံစေ့ပုံစံ မျက်လုံးများ ရှိနေပေသည်။

သူမသည် လက်များကို ဆုပ်ထားပြီး ခေါင်းငုံ့ထားကာ ဝမ်ရှိုကျဲ့ကို မကြည့်ရဲချေ။

ဝမ်ရှိုကျဲ့မှာ ခဏတာမျှ မှင်တက်သွားပြီး သူမထံမှ မျက်လုံးမခွာနိုင်အောင် ဖြစ်သွားရလေသည်။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ သူ လျိုရွဲ့လန် ကို ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်ပေသည်။

ဘဝနှစ်ဆက်အတွင်း ပထမဆုံးအကြိမ် သတို့သမီးကို လက်ထပ်ခြင်းဖြစ်ပြီး ဤမျှ လှပသော အမျိုးသမီး ဖြစ်နေသဖြင့် သူ့ကို အိပ်မက်မက်နေသကဲ့သို့ ခံစားရစေပေသည်။

"ယောကျာ်း"

လျိုရွဲ့လန်၏ ခန္ဓာကိုယ်လေးမှာ အနည်းငယ် တုန်ယင်နေပြီး တစ်စုံတစ်ခုကို စိုးရိမ်နေသကဲ့သို့ အားနည်းသော အသံဖြင့် ပြောလိုက်လေသည်။

"ကျွန်မက မလှလို့လားဟင်"

"လှတယ်.. အရမ်း လှတယ်.. သခင်မလေးက အရမ်းကို လှလွန်းနေတာပါ"

ဝမ်ရှိုကျဲ့က ခေါင်းဆက်တိုက် ညိတ်လိုက်ပြီး ဆက်ပြောလိုက်၏။

"သခင်မလေးက ကောင်းကင်ဘုံက နတ်သမီးလေး ကျလာသလိုပါပဲ.. မင်းကို လက်ထပ်ရတာ အိပ်မက်တစ်ခုလိုပဲ ခံစားရတယ်.. မင်း လွင့်ပျံသွားမှာကိုတောင် စိုးရိမ်မိတယ်"

ဤစကားများက လျိုရွဲ့လန်အား သူ၏ ပေါ့ပျက်ပျက်ဆန်သော ကဗျာကို ပြန်သတိရသွားစေပြီး အလွန် ရှက်ရွံ့သွားသဖြင့် ခေါင်းကို ကော်လာအောက်သို့ပင် ဖွက်ထားလုနီးပါး ဖြစ်သွားရလေသည်။

"သခင်မလေးရဲ့ မိတ်ကပ်က အရမ်း လှပါတယ်.. ဒါပေမဲ့ မျက်နှာပေါ်မှာ အလှပြင်ပစ္စည်းတွေ အကြာကြီး တင်ထားတာက မကောင်းဘူးလေ"

ဝမ်ရှိုကျဲ့သည် ကမ္ဘာမြေမှ ကူးပြောင်းလာသူ တစ်ဦးဖြစ်ရာ အမျိုးသမီးများ တစ်ညလုံး မိတ်ကပ်လိမ်းထားခြင်းက မကောင်းကြောင်းကို သိရှိထားပေသည်။ သူသည် မင်္ဂလာသေရည် သောက်ရန် အလျင်စလို မလုပ်ခဲ့ချေ။ ချက်ချင်းပင် သူမ၏ ဖီးနစ်သရဖူနှင့် မင်္ဂလာဝတ်စုံကို ချွတ်ပေးရန် ကြေးဇလုံတစ်ခုဖြင့် ရေနွေးနှင့် တဘက်တစ်ထည်ကို ယူဆောင်လာခဲ့လေသည်။

"ယောကျာ်း.. မိန်းမတွေ မိတ်ကပ်ဖျက်တာကို ယောက်ျားတွေက လုပ်ပေးရတယ် ဆိုတဲ့ စည်းကမ်း ဘယ်မှာရှိလို့လဲ"

လျိုရွဲ့လန်မှာ ဝမ်ရှိုကျဲ့၏ ဂရုစိုက်မှုကြောင့် ဝမ်းသာသွားသော်လည်း အနည်းငယ် ထိတ်လန့်သွားပြီး ပြောလိုက်လေသည်။

"ဘေးအခန်းက ချောင်အာကို ခေါ်ပြီး ကူညီခိုင်းလိုက်ပါလား"

"ကိစ္စမရှိပါဘူး.. လင်မယား အခန်းထဲမှာ အဲဒီလို စည်းကမ်းတွေ ဘယ်ရှိပါ့မလဲ"

ဝမ်ရှိုကျဲ့သည် သူတို့နှစ်ဦးကို အခြားမည်သူ့ကိုမျှ လာရောက် မနှောင့်ယှက်စေချင်သဖြင့် သူမ၏ မိတ်ကပ်များကို ကိုယ်တိုင် ဖျက်ပေးလိုက်လေသည်။ အချိန်တိုအတွင်းမှာပင် လေမှုတ်လိုက်လျှင် ပေါက်ကွဲသွားမည့် ဥခွံလေးအလား နူးညံ့လှသော အသားအရေနှင့် သဘာဝအတိုင်း အလှတရားများ ပြည့်နှက်နေသည့် ရှက်သွေးဖြာနေသော မျက်နှာလေး တစ်ခု သူ၏ ရှေ့မှောက်တွင် ပေါ်ထွက်လာလေသည်။

မိတ်ကပ်ထူထူ လိမ်းထားစဉ်ကနှင့် နှိုင်းယှဉ်ပါက ခမ်းနားထည်ဝါမှု အနည်းငယ် လျော့ကျသွားသော်လည်း ပိုမို နုပျိုလန်းဆန်းသော အသွင်အပြင်နှင့် ကော်လာဂျင် အပြည့်အဝ ပါဝင်သော အငွေ့အသက်များ ရှိနေပေသည်။

"သခင်မလေးက တကယ့် အလှပိုင်ရှင်လေးပဲ"

လျိုရွဲ့လန်မှာ အနည်းငယ် ရှက်ရွံ့သွားပြီး ဝမ်ရှိုကျဲ့ကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ သူမက တိုးတိတ်စွာ ပြောလိုက်၏။

"ကျွန်မရဲ့ ယောကျာ်းက တကယ်ကို ရုပ်ချောပြီး ထူးချွန်တာပဲ"

သူမသည် ဝမ်ရှိုကျဲ့၏ ရုပ်ရည်သွင်ပြင်ကို အလွန် ကျေနပ်နေကြောင်း ထင်ရှားပေသည်။

မိဘများ စီစဉ်ပေးသော အိမ်ထောင်ရေးဖြစ်ပြီး သူမတွင် ရွေးချယ်ခွင့် မရှိခဲ့သော်လည်း။

သူမ၏ ခင်ပွန်းသည် ရုပ်ချောပြီး သူရဲကောင်းဆန်သော လူငယ်တစ်ဦး ဖြစ်နေမည်ဆိုပါက သဘာဝကျစွာပင် ပိုမို ပျော်ရွှင်ရမည် ဖြစ်ပေသည်။ ထို့အပြင် ဤခင်ပွန်းမှာ အလွန် နူးညံ့သိမ်မွေ့ပြီး ဂရုစိုက်တတ်ပေသည်။

အိပ်ရာဘေးတွင် စားပွဲငယ်တစ်ခု ရှိပြီး ၎င်းအပေါ်တွင် သေသပ်လှပသော မုန့်အချို့နှင့် သေရည်အိုးကို နွေးနေစေရန် မီးသွေးဖိုငယ် တစ်ခုကို တင်ထားပေသည်။

ဝမ်ရှိုကျဲ့သည် သူမ တစ်နေကုန် ဘာမှ မစားရသေးကြောင်း သိရှိထားသဖြင့် မုန့်ပန်းကန်ကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး ဂရုတစိုက် ပြောလိုက်လေသည်။

"ကိုယ်ထင်တယ် ဇနီးလေး ဗိုက်ဆာနေလောက်ပြီ.. တစ်ခုခု စားမလား"

လျိုရွဲ့လန် က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။

ထို့နောက် သူမသည် သွယ်လျသော လက်ချောင်းလေးများဖြင့် မုန့်တစ်ခုကို ယူလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်ကာ ပါးစပ်ကို လက်ဖြင့် ကွယ်၍ ဖြည်းညင်းစွာ ဝါးစားလိုက်လေသည်။ သူမ၏ ကိုယ်ဟန်အမူအရာမှာ ကျက်သရေရှိပြီး သိမ်မွေ့လှပေသည်။

သူမသည် အမှန်တကယ်ပင် ထင်ရှားသော မိသားစုမှ သခင်မလေး တစ်ဦးဖြစ်ကြောင်း ဝမ်ရှိုကျဲ့ ရင်တွင်း၌ တွေးလိုက်မိသည်။

ဓားပြ တစ်ဦးကဲ့သို့ စားသောက်တတ်သော သူ၏ တူမဖြစ်သူ ဝမ်လိချီ နှင့် မတူဘဲ၊ သူမနှင့်အတူ စားသောက်ရသည်မှာ ငတ်မွတ်မှုကို ယှဉ်ပြိုင်နေရခြင်းနှင့် လုံးဝ မတူချေ။

ဝမ်လိချီ အကြောင်း သူ တွေးနေစဉ်မှာပင်.. ရုတ်တရက်…

ခြံဝင်းအပြင်ဘက်မှ ဆူညံသံများ ထွက်ပေါ်လာလေသည်။

"ဦးလေးလေး.. အထဲမှာ ရှိလား"

ဝမ်လိချီ ၏ အော်သံဖြစ်ပြီး ထို့နောက် တံခါးကို ကျယ်လောင်စွာ ခေါက်လိုက်လေသည်။

"ဦးလေးလေး.. ဘာလို့ တံခါး သော့ခတ်ထားတာလဲ"

ဝမ်ရှိုကျဲ့မှာ ချွေးစေးများ ပြန်လာမိတော့သည်။ တိုက်ဆိုင်လိုက်သည်မှာ.. တွေးနေသည်နှင့် အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

ဒီတူမလေးက ဒီနေ့ သူ့ရဲ့ မင်္ဂလာဦးည ဆိုတာ မသိဘူးလား။

တံခါး သော့မခတ်ထားရင် ပြဿနာတွေကို ဖိတ်ခေါ်နေသလို ဖြစ်မနေဘူးလား။

လျိုရွဲ့လန်၏ မျက်လုံးများ ပြူးကျယ်သွားပြီး နားမလည်နိုင်သည့် အသွင် ဖြစ်နေလေသည်။

"မိန်းမ.. စိတ်မဆိုးနဲ့နော်.. အဲဒါ ဝမ်လိချီလေ.. သူက အမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့ အပူအပင်ကင်းတဲ့ ကောင်မလေးပါ"

ဝမ်ရှိုကျဲ့က ဘာမှမတတ်နိုင်စွာဖြင့် ပြောလိုက်လေသည်။

"သူက ငါတို့ မိသားစုထဲက နတ်ဆိုးပေါက်စလေးတွေထဲက တစ်ယောက်လေ"

"ဒီကလေးမလေး အကြောင်း ကျွန်မ ကြားဖူးပါတယ်"

လျိုရွဲ့လန် က ပါးစပ်ကိုအုပ်ကာ တိုးတိတ်စွာ ရယ်မောလိုက်လေသည်။

"ကိစ္စမရှိပါဘူး.. ဘယ်မိသားစုမှာမဆို နတ်ဆိုးပေါက်စ အနည်းအကျဉ်းတော့ ရှိတတ်တာပဲလေ"

ပြောရမည်ဆိုလျှင် လျိုမျိုးနွယ်စုမှ လူငယ်များအကြားတွင်လည်း ထူးဆန်းသော သူအချို့ ရှိနေသေးပေသည်။

ဝမ်ရှိုကျဲ့သည် ဝမ်လိချီ၏ အကျင့်စရိုက်ကို ကောင်းစွာ သိရှိထားပေသည်။ အကယ်၍ တံခါးမဖွင့်ပေးပါက ကပ်ဘေးဆိုက်သွားပေလိမ့်မည်။

ဖြစ်နိုင်သည်မှာ သူမက တံခါးကိုပင် ဖျက်ဆီးဝင်ရောက်လာနိုင်ပေသည်။

လျိုရွဲ့လန်၏ သဘောတူညီချက်ကို ရရှိပြီးနောက် ဝမ်ရှိုကျဲ့သည် တံခါးဖွင့်ရန် သွားလိုက်သော်လည်း သူမကို မဆူပူရသေးမီမှာပင်…….

"ဦးလေးလေး.. ဘာတွေ အချိန်ဆွဲနေတာလဲ"

ဝမ်လိချီ က ညည်းညူလိုက်လေသည်။

စကားပြောနေစဉ်မှာပင် သူမသည် သစ်သားဇလုံကြီး တစ်ခုကို ကိုင်ဆောင်ကာ မင်္ဂလာခန်းဆောင်အတွင်းသို့ အပြေးအလွှား ဝင်ရောက်လာခဲ့လေပြီ။

သူမ၏ နောက်တွင် လူအုပ်ကြီး တစ်အုပ်လည်း လိုက်ပါလာကြသည်။

သူမ၏ ညီမများဖြစ်သော ဝမ်လော်ချိုး၊ ဝမ်လော်ကျင်း နှင့် ညီမငယ်များဖြစ်သော ဝမ်လော်မြောင် နှင့် ဝမ်လော်လန် တို့ပင်လျှင် နောက်မှ လိုက်လာကြလေသည်။

သူတို့အပြင် ဒုတိယတူမ ဝမ်လိဝမ်၊ တူဖြစ်သူ ဝမ်ကျုံးချန် နှင့် သူ၏ ညီအငယ်ဆုံး ဝမ်ရှိုယဲ့ တို့လည်း ပါဝင်ကြပေသည်။

ဤမြင်ကွင်းက ဝမ်ရှိုကျဲ့ကို မှင်တက်သွားစေသည်။ ဘာတွေ ဖြစ်နေတာလဲ.. သူတို့က ပုန်ကန်ဖို့ စီစဉ်နေကြတာလား။

"ဦးလေးလေး.. ဦးလေးလေး.. ဘာလို့ အဲဒီလို မျက်နှာထားကြီး လုပ်နေတာလဲ.. အန်တီလေး က အချိန်အကြာကြီး ဘာမှမစားရသေးဘူးဆိုတာ သတိထားမိလို့ စားစရာလေးတွေ ယူလာပေးတာပါ.. ပြီးတော့ ဦးလေးလေးလည်း သေရည်တွေပဲ သောက်နေပြီး သိပ်မစားရသေးဘူးလေ"

ဝမ်လိချီ က နှုတ်ခမ်းဆူကာ အထင်လွဲခံရသော သဘောကောင်းသည့် မိန်းမပျိုလေး တစ်ဦးအလား ပြောလိုက်လေသည်။

"ပြီးတော့ မင်းတို့တွေကရော ဘာလဲ"

ဝမ်ရှိုကျဲ့က အခြားသူများကို ကြည့်ကာ မေးလိုက်သည်။

"သမီးတို့က မရီး ကို လာကြည့်တာပါ"

ဝမ်လော်ချိုးက အတော်လေး ရိုးသားစွာ ပြန်ဖြေလိုက်လေသည်။

"နေ့လယ်တုန်းက အနီရောင် ခေါင်းဆောင်း ဖုံးထားလို့ သေချာ မမြင်လိုက်ရဘူးလေ"

ဤကောင်မလေးသည် သူမ၏ အင်ပါယာ လမ်းစဉ်အပြင် အခြား စူးစမ်းလိုစိတ်နှင့် စိတ်ဝင်စားစရာ အနည်းငယ်သာ ရှိပေသည်။

လျိုရွဲ့လန် ပြုံးနေသည်ကို မြင်သောအခါ ဝမ်ရှိုကျဲ့က ဝမ်လိချီ အား ပြောလိုက်လေသည်။

"ဘာစောင့်နေတာလဲ.. အရသာရှိတာတွေ ပါရင် နင့်ရဲ့ မရီး ကို မြန်မြန် ဆက်သလိုက်လေ"

ထို့နောက် ဝမ်မျိုးနွယ်စုမှ မျိုးဆက်သစ် လူငယ်များသည် လာရောက် ဂါရဝပြုရန်ဖြစ်စေ၊ ဟော့ပေါ့ဆိုင် လာဖွင့်ရန်ဖြစ်စေ နေရာတစ်ခုလုံးကို စည်ကားသိုက်မြိုက်သွားစေတော့သည်။

လျိုရွဲ့လန် မှာမူ ကြိုတင်ပြင်ဆင်ထားသော အနီရောင် စာအိတ်များကို ထုတ်ယူကာ တစ်ဦးချင်းစီအား ဝေငှပေးလိုက်လေသည်။

"အန်တီလေး.. ဒါက ဦးလေးလေး အကြိုက်ဆုံး ဟင်းရည်ကြည် ဟော့ပေါ့ လေ.. ဒီည ညလယ်စာ အဖြစ် သီးသန့် ပြင်ဆင်လာခဲ့တာပါ"

ဝမ်လိချီမှာ မျက်နှာလိုမျက်နှာရ လုပ်ရာတွင် အလွန် ကျွမ်းကျင်လှပေသည်။ အနာဂတ်တွင် အိမ်ကို မည်သူက အုပ်ချုပ်မည်ကို သူမ ကြိုတင် ရိပ်မိနေပြီ ဖြစ်၏။

သူတို့၏ မင်္ဂလာဦးညတွင် သူမသည် အန်တီလေးကို မျက်နှာလိုမျက်နှာရ လုပ်ရန် လာရောက်ခဲ့ခြင်း ဖြစ်ပေသည်။

မိန်းကလေးများမှာ အလွန် မြန်ဆန်သွက်လက်ကြပေသည်။

မကြာမီတွင် ဟင်းရည်ကြည် ဟော့ပေါ့ စားပွဲတစ်ဝိုင်းကို ခင်းကျင်းလိုက်ပြီး ကြေးအိုးအတွင်းရှိ ရေများမှာ ပွက်ပွက်ဆူလာလေသည်။

ဝမ်ရှိုကျဲ့နှင့် လျိုရွဲ့လန် တို့သည် မျိုးဆက်သစ် လူငယ်များနှင့်အတူ စားပွဲပတ်လည်တွင် ထိုင်ကာ ဟင်းရည်ကြည် ဟော့ပေါ့ကို ပျော်ရွှင်စွာ စားသုံးကြလေသည်။

စားစရာ ဟော့ပေါ့ ရှိနေခြင်းက အတော်လေး ပျော်ရွှင်စရာ ကောင်းသော်လည်း ဝမ်ရှိုကျဲ့မှာ တစ်စုံတစ်ခု မှားယွင်းနေသကဲ့သို့ အမြဲတမ်း ခံစားနေရပေသည်။ ဟုတ်သည်လေ.. ဤသည်မှာ သူ၏ မင်္ဂလာဦးည ဖြစ်ပေသည်။ ဤကလေးများ လာရောက် ပြဿနာရှာမည် မဟုတ်ပါလော။

လျိုရွဲ့လန်မှာမူ ယခင်က ဟင်းရည်ကြည် ဟော့ပေါ့ကို တစ်ခါမှ မစားဖူးခဲ့ချေ။ ကလေးများရှေ့တွင် သူမသည် ရက်ရောစွာ နေထိုင်ပြီး ဟန်ဆောင်မှု မရှိဘဲ အတော်လေး ပျော်ရွှင်နေပုံရပေသည်။

သူမ၏ စိုးရိမ်ပူပန်မှုများလည်း များစွာ လျော့ကျသွားပုံရလေသည်။

တဖြည်းဖြည်းနှင့် မောင်နှမများ အချင်းချင်း ရင်းနှီးလာကြသည်။ အထူးသဖြင့် အလုပ်မရှိချိန်တိုင်း သူမထံ စာရေးလေ့ရှိသော ဝမ်လော်မြောင် နှင့် အတော်လေး ရင်းနှီးနေကြပြီ ဖြစ်ပေသည်။

အားလုံးက ဟော့ပေါ့ စားပွဲကို ပျော်ရွှင်စွာ ခံစားနေကြလေသည်။

ဝမ်ရှိုကျဲ့က တိတ်တဆိတ် အကဲခတ်နေခဲ့ရာ ရွဲ့လန် မှာ အစားအစာ အများစုကို စားသုံးပြီးဖြစ်ကာ တူ ကို ချထားလိုက်ပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

ထို့နောက် သူက ချောင်းဟန့်လိုက်ပြီး ပြောလိုက်လေသည်။

"အချိန်လည်း လင့်နေပြီ.. မင်းတို့တွေ သွားစရာရှိတာ သွားလုပ်ကြတော့"

သူက သူတို့ကို စတင် နှင်ထုတ်လေတော့သည်။

သူ နောက်နေခြင်း မဟုတ်ချေ။ နွေဦးည၏ အချိန်လေးတစ်ခုမှာ ရွှေတစ်ထောင်တန်သည် မဟုတ်ပါလော။ ဘဝနှစ်ဆက်အတွင်း သူ၏ ပထမဆုံး မင်္ဂလာဦးည ဖြစ်ရာ မိုးလင်းသည်အထိ ဟော့ပေါ့ စားနေ၍ မဖြစ်နိုင်ချေ။

"ဦးလေးလေးက တံတားကို မီးရှို့နေတာပဲ.. သမီး ဝအောင်တောင် မစားရသေးဘူး"

ဝမ်လိချီ က ညည်းညူလိုက်လေသည်။

"နင် ဘယ်တုန်းက ဝဖူးလို့လဲ.. ပြန်ယူသွားပြီး ဖြည်းဖြည်း စားချည်"

ဝမ်ရှိုကျဲ့သည် မျိုးဆက်သစ် လူငယ်များကို ရက်စက်စွာ နှင်ထုတ်လိုက်ပြီးနောက် တံခါးကို အလျင်အမြန် သော့ခတ်လိုက်လေသည်။

နောက်ဆုံးတွင် သူ သက်ပြင်းတစ်ချက် ချလိုက်နိုင်ပြီး လျိုရွဲ့လန် အား ပြောလိုက်လေသည်။

"ဇနီးလေး.. အချိန်လည်း လင့်နေပြီ.. မင်္ဂလာသေရည် သောက်ရမယ့် အချိန် ရောက်ပြီ"

"ဟုတ်ကဲ့ ယောကျာ်း"

လျိုရွဲ့လန် မှာ မျက်နှာလေး နီမြန်းသွားပြီး ခေါင်းညိတ်လိုက်လေသည်။ သူ ဘာကိုဆိုလိုကြောင်း သူမ နားလည်ပေသည်။

သို့သော် ဝမ်ရှိုကျဲ့ မင်္ဂလာသေရည် ယူမလာမီမှာပင် အပြင်ဘက်တွင် ထပ်မံ၍ ဆူညံသံများ ထွက်ပေါ်လာပြန်ပြီး ဝမ်လိချီ၏ ကျယ်လောင်သော အသံက အော်ဟစ်လိုက်လေသည်။

"အပြင်မှာ လသာတာ အရမ်း ကောင်းတာပဲ.. ခြံဝင်းထဲမှာ စားကြရအောင်"

ထို့နောက် မောင်နှမ တစ်စုသည် ခြံဝင်းအတွင်း၌ ဟော့ပေါ့ စားရင်း သီချင်းဆိုကာ စည်ကားသိုက်မြိုက်နေကြလေတော့သည်။ ဝမ်ရှိုကျဲ့သည် တံခါးကိုဖွင့်ကာ ညိုမည်းနေသော မျက်နှာဖြင့် အပြင်သို့ ထွက်လာခဲ့လေသည်။

သူ သဘောပေါက်သွားလေပြီ။ ဤဆိုးသွမ်းသော ကလေးများက သူ့ကို စိတ်အနှောင့်အယှက် ပေးရန် ပူးပေါင်းကြံစည်ထားကြခြင်း ဖြစ်ရပေမည်။

ဒီအခြေအနေကြီးမှာ သူ ဘယ်လိုလုပ် မင်္ဂလာဦးည အခမ်းအနားကို ပြီးမြောက်အောင် လုပ်နိုင်မှာလဲ။

သူ့မှာ မျက်နှာပြောင်တိုက်နိုင်သည့်တိုင် ရွဲ့လန် က သည်းခံနိုင်မည် မဟုတ်ချေ။

"ဟင်.. ဦးလေးလေး.. ဗိုက်ဆာနေတုန်းပဲလား"

ဝမ်လိချီ က သူမ၏ အပြစ်ကင်းစင်သော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မေးလိုက်လေသည်။

ဝမ်ရှိုကျဲ့က မဲ့ပြုံး ပြုံးလိုက်လေသည်။

"ငါ့ခြံဝင်းထဲကနေ မထွက်ဘဲနေရင် မင်းတို့ လိုချင်တာ ရမယ်လို့ ထင်နေတာလား"

ဤခြံဝင်းကို ဝမ်ရှိုကျဲ့ ကိုယ်တိုင် တစ်နှစ်တိုင်တိုင် ပြုစုပျိုးထောင်ထားခဲ့ခြင်း ဖြစ်ပေသည်။

သူသည် လက်ကို ဆင်ဝင်ပေါ်သို့ ဖိချလိုက်ရာ ထူထဲပြီး စိမ်းလန်းသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်များ စီးဆင်းဝင်ရောက်သွားလေသည်။

ရုတ်တရက် ခြံဝင်းအတွင်း၌ တိတ်ဆိတ်စွာ ပုန်းကွယ်နေသော နွယ်ပင်များသည် အမိန့်တစ်ခုခုကို ရရှိလိုက်သကဲ့သို့ ဖြစ်သွားကြ၏။

၎င်းတို့မှာ အသက်ဝင်လာကြလေသည်။

နွယ်ပင် အမြစ်များသည် ရူးသွပ်စွာ ကြီးထွားလာပြီး ခြံဝင်းအတွင်း၌ မိစ္ဆာ ရေဘဝဲလက်တံများအလား ကခုန်လှုပ်ရှားလာကြလေသည်။

ဝမ်လော်မြောင်၊ ဝမ်ရှိုယဲ့ နှင့် အခြားကလေးများမှာ အလွန်တရာ ထိတ်လန့်သွားကြပေသည်။ သူတို့သည် ဦးစွာ လက်မြှောက်အရှုံးပေးလိုက်ကြပြီး အော်ဟစ်ကာ ခြံဝင်းအတွင်းမှ ထွက်ပြေးသွားကြတော့သည်။

ဝမ်လိချီ နှင့် အခြားသူများမှာမူ အတော်လေး ရဲရင့်ကြပေသည်။

မိစ္ဆာ နွယ်ပင်များ တိုက်ခိုက်လာသောအခါ သူတို့က ပြန်လည် ခုခံကြသေးသည်။

ဝမ်းနည်းစရာမှာ သူတို့သည် ဝမ်ရှိုကျဲ့ကို အထင်သေးလွန်းခဲ့ခြင်းပင် ဖြစ်သည်။ သူ၏ ခြံဝင်းအတွင်းရှိ နွယ်ပင် အစီအရင်မှာ သေချာစွာ သုတေသန ပြုလုပ်ထားခြင်း၏ ရလဒ် ဖြစ်ပေသည်။

သူသည် အခြေခံ နွယ်ပင်များစွာကို ရှာဖွေတွေ့ရှိခဲ့ပြီး အကြိမ်ကြိမ် ပြုပြင်မွမ်းမံကာ နောက်ဆုံးတွင် လက်ရှိ နွယ်ပင် အစီအရင်ကို ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ခြံဝင်းအတွင်း၌ ရှိနေသမျှ ကာလပတ်လုံး အဆင့်ကိုး အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျင့်ကြံသူ ပင်လျှင် လက်မြှောက် အရှုံးပေးရမည်ဟု ဆိုနိုင်ပေသည်။

ဝမ်ရှိုကျဲ့၏ ထိန်းချုပ်မှုအောက်တွင် ရူးသွပ်စွာ ကြီးထွားနေသော နွယ်ပင်များသည် ဝမ်လိချီ နှင့် အခြားသူများကို အလျင်အမြန် ချည်နှောင်လိုက်ပြီး ခြံဝင်းအပြင်ဘက်သို့ ဆွဲထုတ်သွားကြလေတော့သည်။

ကမ္ဘာလောကကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။

မင်္ဂလာခန်းဆောင် တံခါးဝတွင် ရပ်နေသော လျိုရွဲ့လန် တစ်ဦးတည်းသာ ဝမ်ရှိုကျဲ့အား အံ့အားသင့်စွာ ကြည့်နေလေသည်။

"မိန်းမရေ.. မလန့်ပါနဲ့.. အဲဒါ ကိုယ့်ရဲ့ မွေးရာပါ သွေးဆက် စွမ်းရည်လေးပါ"

ဝမ်ရှိုကျဲ့က ရှင်းပြလိုက်ပြီး ရယ်မောကာ သူ၏လက်ကို လှန်လိုက်ရာ မျိုးစေ့အချို့ ထွက်ပေါ်လာလေသည်။

ဤမျိုးစေ့များကိုလည်း သူက မကြာသေးမီက သေချာစွာ စိုက်ပျိုးထုတ်လုပ်ထားခဲ့ခြင်း ဖြစ်ပေသည်။

အကြီးမားဆုံးသော ထူးခြားချက်မှာ မျိုးစေ့များသည် ကြီးမားပြီး စွမ်းအင်များစွာ ပါဝင်နေခြင်းပင် ဖြစ်သည်။

သူ၏ ထူထဲပြီး အနည်းငယ် စိမ်းလန်းသော လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအင်ဖြင့် မျိုးစေ့များသည် သူ၏လက်ထဲတွင် စတင် ကြီးထွားလာလေသည်။

အစေ့ပေါက်ခြင်းမှသည် အရွက်ထွက်လာခြင်း၊ ထို့နောက် ပန်းပွင့်ခြင်းအထိ အားလုံးမှာ အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် ဖြစ်ပွားသွားခဲ့လေသည်။

တစ်ခဏအတွင်းမှာပင် သူ၏ လက်ဖဝါးထဲ၌ လှပသော ပန်းစည်းတစ်စည်း ပွင့်အာလာလေသည်။

လျိုရွဲ့လန်၏ လှပသော မျက်လုံးလေးများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားရလေသည်။ သူမ ခင်ပွန်း၏ စွမ်းရည်များမှာ သူမ စိတ်ကူးထားသည်ထက် များစွာ ပိုမို အစွမ်းထက်နေပေသည်။

သူမ၏ ခင်ပွန်းတွင် ဤမျှ အစွမ်းထက်သော သွေးဆက် စွမ်းရည် ရှိလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

သို့သော် သူမ အလွန် ပျော်ရွှင်မိလေသည်။ သူမ၏ ခင်ပွန်း ပိုမို အစွမ်းထက်လေလေ သူမ သဘာဝကျစွာ ပိုမို ပျော်ရွှင်ရလေလေ ဖြစ်ပေသည်။

ဝမ်ရှိုကျဲ့က ပန်းစည်းကို ပေးအပ်လိုက်ပြီး သူမ၏ လက်ကိုဆွဲကာ အိပ်ရာဆီသို့ ပြန်သွားလေသည်။

သူသည် သူ၏လက်ကို သစ်သားအိပ်ရာပေါ်သို့ ဖိချလိုက်ရာ သစ်မာအိပ်ရာကြီးမှာ နွေဦးပေါက်ရာသီရှိ သစ်ပင်အိုကြီး တစ်ပင်အလား နုနယ်သော အကိုင်းအခက် အရွက်များ ထွက်ပေါ်လာလေသည်။

ထို့နောက် အိပ်ရာဘေးတွင် သူချထားခဲ့သော မျိုးစေ့များသည်လည်း ချက်ချင်း ကြီးထွားလာကြလေသည်။ အချိန်တိုအတွင်းမှာပင် သူ၏ အိပ်ရာမှာ တက်ကြွလန်းဆန်းသော ပန်းခင်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားလေတော့သည်။

ဤကဲ့သို့ ရိုမန်တစ်ဆန်ပြီး လှပသော မြင်ကွင်းက လျိုရွဲ့လန် ကို အလွန်အမင်း ပျော်ရွှင်သွားစေပြီး သူမ၏ စိတ်အခြေအနေလည်း များစွာ သက်တောင့်သက်သာ ဖြစ်သွားလေသည်။

"မိန်းမ.. မင်္ဂလာသေရည် သောက်ရမယ့် အချိန် ရောက်ပြီ"

ဝမ်ရှိုကျဲ့သည် နွေးနေသော မင်္ဂလာသေရည်အိုးကို ကောက်ကိုင်လိုက်လေသည်။

"ကောင်းပါပြီ.. ယောကျာ်း စကားကို နားထောင်ပါ့မယ်"

လျိုရွဲ့လန် မှာ မျက်နှာလေး နီမြန်းသွားပြီး ညင်သာစွာ ခေါင်းညိတ်လိုက်လေသည်။

မင်္ဂလာသေရည်သည် မောင်နှံသစ်များကို စိတ်အေးလက်အေး ဖြစ်စေရန် ကူညီပေးနိုင်သော ဓလေ့တစ်ခု ဖြစ်ပေသည်။

သေရည် သုံးခွက် သောက်သုံးပြီးနောက်

လျိုရွဲ့လန်၏ လှပသော မျက်နှာလေးမှာ သေရည်ကြောင့် အနည်းငယ် နီမြန်းနေပြီး သူမ၏ မျက်လုံးများမှာလည်း အနည်းငယ် ဝေဝါးကာ ဆွဲဆောင်မှု ရှိလာလေသည်။

သူမသည် ဆုံးဖြတ်ချက် တစ်ခုချလိုက်သကဲ့သို့ ရှက်ရွံ့စွာဖြင့် နှုတ်ခမ်းကို ကိုက်လိုက်ပြီး စောင်အောက်မှ သေတ္တာတစ်လုံးကို ထုတ်ယူကာ မျက်လုံးများ မှိတ်ထားလျက် ဝမ်ရှိုကျဲ့အား ကမ်းပေးလိုက်လေသည်။

"မိန်းမ.. ဒါက ဘာလဲဟင်"

ဝမ်ရှိုကျဲ့မှာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားလေသည်။

"ရှင်.. ရှင့်ဘာသာရှင် ကြည့်လိုက်လေ"

လျိုရွဲ့လန် သည် ရှက်ရွံ့စွာဖြင့် မျက်လုံးများကို မှိတ်ထားပြီး သူမ၏ ခန္ဓာကိုယ်လေးမှာ တုန်ယင်နေလေသည်။

ဝမ်ရှိုကျဲ့သည် သေသပ်လှပသော သေတ္တာကို ဖွင့်လိုက်ရာ အတွင်း၌ စာအုပ်ငယ် တစ်အုပ်ကို တွေ့လိုက်ရလေသည်။

သူ စာအုပ်ငယ်ကို ဖွင့်လိုက်သည်နှင့် ချက်ချင်း အံ့အားသင့်သွားရလေသည်။

"ဒါက..."

သူ ရယ်ရမလို ငိုရမလို ဖြစ်သွားရလေသည်။ ၎င်းမှာ အမှန်တကယ်ပင် ကာမရာဂဆိုင်ရာ သရုပ်ဖော်ပုံများ ပါဝင်သော စာအုပ်တစ်အုပ် ဖြစ်နေပေသည်။

စာအုပ်ထဲရှိ လူရုပ်လေးများမှာ အတော်လေး အသက်ဝင်စွာ ရေးဆွဲထားပြီး စာသား ရှင်းလင်းချက်များက နားလည်ရန် လွယ်ကူစေပေသည်။

ဤအရာကို လျိုရွဲ့လန် က သူ့ကို ပေးလိမ့်မည်ဟု သူ မယုံကြည်နိုင်အောင် ဖြစ်သွားရလေသည်။

"မိန်း မိန်းမ.. ဒါ.. ဒါက ဘာသဘောလဲ"

မင်္ဂလာဦးညကို ပိုမို စိတ်လှုပ်ရှားဖွယ် ကောင်းစေရန် အသုံးပြုသော ကိရိယာများလား။

ဤစကားကို ကြားလိုက်ရသည်နှင့် လျိုရွဲ့လန် မှာ ပို၍ပင် မျက်နှာနီမြန်းသွားရလေသည်။ သူမက တိုးတိတ်စွာ 'အရူး' ဟု ပြောလိုက်လေသည်။

ဤသည်မှာ သူမ မင်္ဂလာမဆောင်မီက အဒေါ်တစ်ဦးက သူမကို ပေးထားခဲ့ခြင်း ဖြစ်သည်။ ထိုအဒေါ်က သူမအား ရှင်းပြပြီး အကြံဉာဏ်အချို့ ပေးခဲ့ခြင်း ဖြစ်ပေသည်။

ထိုအချိန်က သူမ အလွန်တရာ တုန်လှုပ်သွားခဲ့ရသည်။ မင်္ဂလာဦးညတွင် ဤမျှ ရှက်စရာကောင်းသော ကိစ္စများကို လုပ်ဆောင်ရမည် ဟုတ်ပါသလော။

တစ်ချိန်တည်းမှာပင် မင်္ဂလာသေရည် သောက်သုံးပြီးနောက် ထိုစာအုပ်ငယ်ကို သတို့သားအား ပေးအပ်ရန် အဒေါ်ဖြစ်သူက သူမကို ပြောထားခဲ့ခြင်း ဖြစ်ပေသည်။

သူမ၏ ရှက်ရွံ့နေမှုကို မြင်သောအခါ ဝမ်ရှိုကျဲ့ နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။ ဤနေရာမှာ ကမ္ဘာမြေ မဟုတ်ပါတကား။

ဤနေရာရှိ လူများသည် ငယ်ရွယ်စဉ်မှာပင် အိမ်ထောင်ပြုကြပြီး ထိုကဏ္ဍနှင့် ပတ်သက်သော သတင်းအချက်အလက်များမှာ အလွန် အကန့်အသတ် ရှိပေသည်။ အိမ်ထောင်မပြုမီ ဤအရာများနှင့် ကြုံတွေ့ရခဲလှပေသည်။

လူအများစုမှာ အိမ်ထောင်ကျချိန်တွင် ဘာကိုမျှ နားမလည်ကြချေ။

လူတိုင်းက အတွေ့အကြုံရှိ ကျွမ်းကျင်သူများ ဖြစ်နေကြသော ကမ္ဘာမြေနှင့် မတူချေ။

မင်္ဂလာဦးညတွင် ခင်ပွန်းရော ဇနီးပါ သူတို့ ဘာလုပ်နေကြသည်ကို သိရှိကြပေသည်။

ထင်ရှားသည်မှာ လျိုရွဲ့လန် သည် သူ ဘာမှနားမလည်မည်ကို စိုးရိမ်သဖြင့် ဤစာအုပ်ငယ်ကို သူ့အား ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။

"မိန်းမ.. စိတ်မပူပါနဲ့.. ကိုယ် ဒါတွေ မလိုပါဘူး.. ကိုယ် အကုန်လုံး သိပြီးသားပါ"

အနည်းငယ် မူးယစ်နေသော ဝမ်ရှိုကျဲ့သည် ရိုင်းစိုင်းစွာ ပြုလုပ်ထားသော ထိုစာအုပ်ငယ်ကို ချက်ချင်း လွှင့်ပစ်လိုက်လေသည်။

သူက နောက်ပြောင်လိုက်လေသည်။ ယခင်ဘဝက ဆရာများစွာ၏ သင်ကြားပေးမှုကို ခံခဲ့ရသည် မဟုတ်ပါလော။ ထို့အပြင် သူ ချစ်သူနှစ်ယောက်ပင် ထားခဲ့ဖူးပေသည်။ ဤမျှ အခြေခံကျသော သင်ခန်းစာကို သူ ဘာကြောင့် လိုအပ်မည်နည်း။

ဟင်

ထိုစကားကို ကြားလိုက်ရသည်နှင့် လျိုရွဲ့လန်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားရလေသည်။ သူမသည် ဝမ်ရှိုကျဲ့ကို သူ ဘယ်ကနေ သင်ယူခဲ့သနည်းဟု မေးခွန်းထုတ်ချင်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

အကြောင်းမှာ မနေ့ကအထိ သူမသည် ဤကိစ္စနှင့် ပတ်သက်၍ လုံးဝ နားမလည်ခဲ့သောကြောင့် ဖြစ်ပေသည်။

သူမ၏ အဒေါ်ပြောစကားအရ ယေဘုယျအားဖြင့် အမျိုးသားများသည် ထိုအကြောင်းကို နားမလည်ကြဘဲ မိသားစုများကလည်း သင်ကြားပေးလေ့ မရှိကြချေ။

မင်္ဂလာဦးညတွင် များသောအားဖြင့် အမျိုးသမီးကသာ အရာအားလုံးကို သင်ကြားပြသပေးရလေ့ ရှိပေသည်။

သို့သော် ဝမ်ရှိုကျဲ့က ထိုကိစ္စတွင် အတွေ့အကြုံရှိသူ တစ်ဦးအလား ဖြစ်နေခြင်းက လျိုရွဲ့လန် ကို အနည်းငယ် ထိတ်လန့်သွားစေလေသည်။

ကောင်းပြီလေ…..

ဝမ်ရှိုကျဲ့သည် သူ စကားမှားသွားကြောင်း သိလိုက်လေသည်။

သူက အလျင်အမြန်ပင် အနေခက်စွာ ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

"မိန်းမလေး.. အထင်မလွဲပါနဲ့.. ကိုယ် ရှေးဟောင်း စာအုပ်တွေထဲမှာ နည်းနည်းလေး မြင်ဖူးရုံပါ.. ကိုယ် နည်းနည်းလေးပဲ.. နည်းနည်းလေးပဲ သိတာပါ.. မိန်းမက သေချာ သင်ပေးဖို့ လိုပါသေးတယ်"

သူ ဤစကားကို ပြောလိုက်သောအခါ သူ၏ မျက်နှာ ပူထူလာသလို ခံစားလိုက်ရသည်။ ဖြူစင်သော ရွဲ့လန် နှင့် နှိုင်းယှဉ်ပါက သူသည်...

လျိုရွဲ့လန် မှာမူ အလွန် အပြစ်ကင်းစင်စွာဖြင့် သူ့ကို ယုံကြည်လိုက်သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရပေသည်။ သို့သော် ဘာမှားနေမှန်း သူမ မတွေးတတ်ချေ။

သူမ၏ ဗဟုသုတဖြင့်ဆိုလျှင် အလွန် ရုပ်ချောသော လူငယ်လေးအသွင် ရှိသည့် သူမ၏ ခင်ပွန်းမှာ အမှန်တကယ်တွင် ဤကိစ္စ၌ အတွေ့အကြုံရင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်နေမည်ဟု သဘာဝကျစွာပင် မတွေးမိနိုင်ချေ။

"ယောကျာ်း.. ဖယောင်းတိုင်ကို အရင် ငြှိမ်းလိုက်ပါဦး"

လျိုရွဲ့လန်၏ မျက်နှာလေးမှာ ပူထူလာပြီး သူမ အလွန်တရာ စိုးရိမ်နေသော်လည်း မိန်းကလေးများမှာ အမြဲတမ်း ဤအရာကို ဖြတ်သန်းရမည်ဟု သူမ၏ အဒေါ်က ပြောခဲ့ဖူးပေသည်။

မင်္ဂလာ အခမ်းအနား ပြီးဆုံးမှသာ ကလေးရနိုင်မည် မဟုတ်ပါလော။

ဝမ်ရှိုကျဲ့မှာ အနည်းငယ် စိတ်လှုပ်ရှားသွားပြီး သူမကို ပွေ့ချီကာ အိပ်ရာပေါ်သို့ တင်ပေးလိုက်လေသည်။

"ယောကျာ်း.. ကျွန်မ ကြောက်တယ်.. ကျွန်မကို ညင်ညင်သာသာလေး လုပ်ပေးနော်"

လျိုရွဲ့လန် မှာ အလွန်အမင်း စိုးရိမ်နေလေသည်။

"မိန်းမလေး.. ကိုယ်လည်း ဘယ်လိုလုပ်ရမလဲ မသိဘူး.. မိန်းမက ကိုယ့်ကို သင်ပေးရမှာနော်"

ဝမ်ရှိုကျဲ့က မျက်နှာပြောင်တိုက်စွာဖြင့် ပြောလိုက်လေသည်။

"ဒါ.. ဒါပေမဲ့ ကျွန်မလည်း သိပ်နားလည်တာ မဟုတ်ဘူးလေ"

"ဒါဆို ဖယောင်းတိုင် မငြှိမ်းဘဲ ထားရအောင်လေ"

ဝမ်ရှိုကျဲ့သည် အခွင့်ကောင်းယူကာ အကြံပြုလိုက်ပြီး သူ အထင်သေးခဲ့သော စာအုပ်ငယ်လေးကို ကောက်ကိုင်လိုက်ကာ လေးနက်စွာ ပြောလိုက်လေသည်။

"လင်မယား နှစ်ယောက် အတူတူ လေ့လာကြတာပေါ့.. အတူတူ တိုးတက်အောင် လုပ်ပြီး အတူတူ ကြီးပြင်းကြတာပေါ့"

သူက လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ နွယ်ပင်များနှင့် ပန်းများဖြင့် ပြုလုပ်ထားသော ခုတင်ခန်းဆီးလေးမှာ ဖြည်းညင်းစွာ ပိတ်ကျသွားလေတော့သည်။

"ယောကျာ်း"

...

All Chapters