← Chapters

အခန်း ၁၂၅၆

Vol. 126 Ch. 1256

အခန်း ၁၂၅၆

Vol. 126 Ch. 1256

အခန်း (၁၂၅၆) ခိုင်ယွမ် စီရင်စုရှိ အားပြိုင်မှု ၂

ရှန်းယီက ဧကရာဇ်ချီများ ရုတ်တရက်ပိုမိုသိပ်သည်းကြွယ်ဝလာသည်ကို ခံစားလိုက်ရ၏။

သူက မျက်လွှာကို အနည်းငယ်ချကာ သူ၏လက်ဖဝါးကို ဆန့်ထုတ်လိုက်ရာ မကြာမီမှာပင် သူ၏ရှေ့တွင် ကပ်ဘေးတစ်ရာရွှေရောင်အလုံး သုံးဆယ်ကျော် ထွက်ပေါ်လာသည်။

ဤသည်မှာ ရှန်းယီက နတ်ဘုရားမင်းဆက်၏ ဧကရာဇ်ချီကိုပထမဆုံးအကြိမ် ထိတွေ့ဖူးခြင်း ဖြစ်၏။

ယခင်က နတ်ဘုရားနယ်မြေတွင် ဗိမာန်များနှင့် နတ်ဘုရားကျောင်းဆောင်များ တည်ဆောက်ခြင်းကို လုံးဝ တားမြစ်ထားခဲ့သည်။ တောင်ပိုင်း စစ်သူကြီးလုပ်ဆောင်ခဲ့သကဲ့သို့ တိုက်ကြီးတစ်ခုလုံးကို တစ်ကိုယ်တော်ကယ်တင်နိုင်ခဲ့ပြီး နတ်ဆိုးသုတ်သင်ခြင်းဌာန၏ အကူအညီဖြင့် ကြီးမားသော ဂုဏ်သတင်းကို ရရှိခဲ့လျှင်ပက် သူတို့၏အဆင့်အတန်းမှာ အင်ပါယာခုံရုံး၏ နတ်ဘုရားစစ်သူကြီးအဖြစ်သာ ရှိနေမည် ဖြစ်သည်။

ယုံကြည်မှုစွမ်းအင်များနှင့် ဧကရာဇ်ချီက နောက်ဆုံးတွင် လူသားဧကရာဇ်၏ လက်ထဲသို့သာ ကျရောက်သွားမည်။

အကယ်၍အချို့ကို ခွဲဝေယူနိုင်လျှင်ပင် ၎င်းမှာ အလွန်သေးငယ်သော အစိတ်အပိုင်းလေးသာ ဖြစ်မည်မှာ သေချာပါသည်။

ထို့အပြင် ၎င်းအားလုံးမှာ တောင်ပိုင်းတိုက်ကြီးကို ကယ်တင်ရန်အတွက် ဖြစ်ရာ၊ သေမျိုးလောကပြည်သူကို ကာကွယ်ရန် အသုံးပြုသည့် ဧကရာဇ်ချီကို သူမည်သို့ ယူဆောင်နိုင်မည်နည်း။

သို့သော် ယခုအခြေအနေက ကွဲပြားသွားပြီ ဖြစ်သည်။ မြောက်ပိုင်းတိုက်ကြီးမှာ ကျဆုံးသွားခဲ့ပြီဖြစ်ပြီး ဤနေရာရှိဧကရာဇ်ချီကို ရှန်းယီ မယူလျှင်ပင် ၎င်းက နောက်ဆုံးတွင် ထိုမသေမျိုးများ၏လက်ထဲသို့သာ ရောက်ရှိသွားမည်ဖြစ်၏။

၎င်းကို ကိုယ်တိုင်ကိုယ်တွေ့ကြုံတွေ့ရမှသာ ဤမသေမျိုးများက အဘယ်ကြောင့် ၎င်းအတွက် ဤမျှရူးသွပ်နေကြသည်ကို သူ နားလည်နိုင်ပါသည်။

ဧကရာဇ်ချီက အင်ပါယာခုံရုံး၏လက်ထဲတွင် ရှိနေစဉ်က ၎င်းကိုပြည်သူလူထုထံမှ ရယူပြီး ပြည်သူလူထုအတွက် အသုံးပြုခဲ့သဖြင့် ထူးခြားမှု တစ်စုံတစ်ရာ ရှိပုံမပေါ်ပေ။ သို့သော် ၎င်းက လူတစ်ဦးချင်းစီ၏လက်ထဲသို့ ကျရောက်သွားပါက ၎င်း၏ပေါကြွယ်ဝမှုမှာ ထင်ရှားလာ၏။

စီရင်စုတစ်ခု၏ငါးပုံတစ်ပုံကိုသာ သိမ်းပိုက်ထားသော သေးငယ်သည့် ကောင်းကင်မျှော်စင်တောင်က ဤနတ်ဆိုးကပ်ဘေး တစ်ခုတည်းဖြင့်ပင် ကပ်ဘေးသုံးထောင်ကျော်ကို စုဆောင်းနိုင်ခဲ့ပါသည်။

ဤအရာကို နှစ်သန်းပေါင်းများစွာအထိ ဆန့်ထုတ်ကြည့်ပါက ဤနေရာက တာအိုနယ်မြေတစ်ခုမျှသာ မဟုတ်ပေ။ ၎င်းက လူတစ်ဦးအား တက်လှမ်းစေပြီးနယ်ပယ်များမှ လွတ်မြောက်စေနိုင်သည့် မသေမျိုးဆေးလုံး နှင့် နတ်ဘုရားဆေးပင် တစ်ခုဖြစ်ကြောင်း ထင်ရှားနေ၏။

"ဟူး"

ရှန်းယီက ဧကရာဇ်ချီ ရွှေဆေးလုံးများကို သိမ်းဆည်းလိုက်ပြီး ကောင်းကင်မျှော်စင်တောင် ထိပ်သို့ ပေါ့ပါးစွာပြန်လည်ပျံသန်းသွားခဲ့သည်။

သူ၏ မျက်နှာပေါ်တွင် ဝမ်းသာမှု သိပ်မရှိပေ။

လင်းစုကိုသတ်ဖြတ်သည့် အချိန်အခါတွင်လည်း အလွန်တိုက်ဆိုင်စွာဖြင့် ဍုမေဏုတောင်မှ ဘုန်းကြီးများက ကူညီခဲ့သလိုဖြစ်သွားရာ ရှန်းယီ စောင့်မျှော်နေသော အပြောင်းအလဲများကို သူ မျှော်လင့်ထားသည်ထက်ပင် ပိုမို မြန်ဆန်စွာ ရောက်ရှိလာစေခဲ့၏။

ယခု ပြဿနာမှာ သူက ဤအပြောင်းအလဲ၏ အင်အားကို မသိရှိသေးခြင်းပင်။

ကိုးနှင့်ကိုး အသွင်ပြောင်းလဲခြင်းအဆုံးစွန်၏ဗောဓိသတ္တအသီးအပွင့်သို့ ရောက်ရှိထားသဖြင့် သူက မြောက်ပိုင်းတိုက်ကြီးမှ တပည့်များထဲတွင် ထိပ်တန်းအဆင့်ဟု သေချာပေါက် မှတ်ယူနိုင်ပြီး အခြားသော ကောင်းကင်ပါရမီရှင် များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိသော်လည်း၊ လက်ရှိ အခြေအနေတွင် သူ၏ဓမ္မကိုယ်ထည်ကို ထုတ်ဖော်ပြသခြင်းမှာ အခြားရလဒ်မရှိဘဲ သေချာပေါက် သေဆုံးရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

မှော်ရတနာလက်နက် မြောက်မြားစွာကို ပိုင်ဆိုင်ထားသော်လည်း ၎င်းတို့အားလုံးမှာ မသမာသော နည်းလမ်းများဖြင့် ရရှိထားသည့် အရာများ ဖြစ်၏။

အပေါ်ယံတွင် ပြသနိုင်သော ကျင့်ကြံခြင်းမှာ... ထိုက်ရွှီနတ်ဘုရားတာအိုအသီးအပွင့်သာဖြစ်လေ၏။

ရိုးရိုးသားသားပြောရလျှင် ရှန်းရွှီဘိုးဘေး က လျှို့ဝှက်စွာမကူညီခဲ့ပါက ယနေ့ မျောက်ဝံဖြူ ဘုရင်တစ်ကောင်တည်းနှင့်ပင် ရှန်းယီကို ခေါင်းကိုက်စေခဲ့ပါလိမ့်မည်။

[တတိယအဆင့် မျောက်ဝံဖြူဘုရင်ကို သတ်ဖြတ်ခဲ့သည်၊ စုစုပေါင်း သက်တမ်းကပ်ဘေး တစ်သောင်း၊ စုပ်ယူထားသောသက်တမ်း: ကပ်ဘေး ၈,၈၀၀]

[ကျန်ရှိသော နတ်ဆိုးသက်တမ်း: ကပ်ဘေး ၉,၁၀၀]

ကောင်းကင်မျှော်စင်တောင်သို့ သူ ပထမဆုံး ရောက်ရှိလာချိန်က ရှန်းယီက တောင်ပိုင်းတိုက်ကြီးမှ သူ၏စုဆောင်းမှု အားလုံးကို ထိုက်ရွှီနတ်ဘုရားတာအိုကျင့်စဉ်ထဲသို့ လောင်းထည့်ခဲ့သဖြင့် တာအိုအသီးအပွင့်က ကောင်းကင်တာအိုမူလရင်းမြစ် စုစုပေါင်းဆယ့်ရှစ်မျှင်ကို စုဆောင်းနိုင်ခဲ့၏။

ယခု နတ်ဆိုးသက်တမ်းနှင့် ယခုလေးတင် ရရှိခဲ့သော ဧကရာဇ်ချီရွှေရောင်အလုံးများကို ပေါင်းထည့်လိုက်ပါက နောက်ထပ်အသွင်ပြောင်းလဲခြင်းသို့ ဝင်ရောက်ရန် စဉ်းစားရမည့်အချိန် ရောက်ပြီ ဖြစ်သည်။

ရှန်းယီက မျက်လုံးများကို မှိတ်ကာ ကိုယ်တွင်းပိုင်း ကြည့်ရှုခြင်းထဲသို့ နစ်မြုပ်သွား၏။

တတိယအဆင့်သို့ ရောက်ရှိလာသောအခါ ထိုက်ရွှီနတ်ဘုရားတာအိုအသီးအပွင့်က ထင်ရှားမြင်သာသော လေအဖြစ်သို့ပြောင်းလဲသွားပြီး ဗောဓိသတ္တ အသီးအပွင့်တစ်ဝိုက်တွင် လည်ပတ်နေကာ ထိုင်နေသော ရွှေရောင်ကိုယ်ထည်ကို အဆုံးမရှိရိုက်ခတ်နေသည်။

လေဟာနယ်အသွင်ပြောင်းလဲခြင်း စွမ်းအား နှင့် အကာအကွယ်တာအို စွမ်းအား တို့သည် အချင်းချင်း ဆန့်ကျင်နေကြောင်း ရှင်းလင်းနေ၏။

သို့သော် ရွှေရောင် ကိုယ်ထည်၏ ကျင့်ကြံခြင်းက တာအိုအသီးအပွင့်ထက်များစွာ သာလွန်နေသဖြင့် ၎င်းကို သက်ရောက်မှု မရှိစေပေ။

သို့သော် သူတို့ ယှဉ်တွဲနေထိုင်လာသည်နှင့်အမျှ ပြဿနာက ပိုမိုကြီးမားလာမည်သာ ဖြစ်၏။

"ဒီလေကို ရပ်တန့်အောင် လုပ်ရမယ်"

ရှန်းယီက အချိန်အတော်ကြာ စဉ်းစားနေပြီးနောက် မျက်မြင်မရှိသောကြိုးများကို ခြယ်လှယ်ကာ ဒေါသတကြီးတိုက်ခတ်နေသော နတ်ဘုရားလေထဲသို့ တဖြည်းဖြည်း ပေါင်းစပ်ထည့်သွင်းလိုက်သည်။

မူလရင်းမြစ်အမျှင်များ ပေါင်းစပ်ဝင်ရောက်လာသည်နှင့်အမျှ နတ်ဘုရားလေက တဖြည်းဖြည်း လေးလံလာပြီး တရှဲရှဲမြည်သံများ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားကာအရောင်များ စတင် ထွက်ပေါ်လာ၏။

၎င်းမှာ ထိုက်ရွှီနယ်ပယ်ကဲ့သို့ ဆိတ်ညံခြင်း၏မီးခိုးရောင် ဖြစ်သည်။

လေသည်ပါးလွှာသော မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ဝေဝါးနေသောပဝါတစ်လွှာအလား ဗောဓိသတ္တဓမ္မကိုယ်ထည်ကို ပေါ့ပါးစွာ ဖုံးလွှမ်းထားကာ၊ လက်ရှိ ရှန်းယီ၏အခြေအနေက မျက်စိကျိန်းမတတ် တောက်ပနေသော ရွှေရောင်အလင်းတန်း ကိုဖုံးကွယ်ထားရန် လိုအပ်နေသကဲ့သို့ ဖြစ်နေပေသည်။

သူ့တွင် ထိုက်ရွှီနတ်ဘုရားလမ်းကြောင်းအတွက် ဦးတည်ချက် မရှိသေးသော်လည်း အနည်းဆုံးတော့ အချင်းချင်းဆန့်ကျင်နေသော အခြေအနေကို ပြောင်းလဲပစ်ရမည်ဖြစ်၏။

"..."

မူလက တောက်ပနေသော ရွှေရောင် ကိုယ်ထည်က ယခုအခါ မီးခိုးရောင် သင်္ကန်းနှင့်တူသော အသွင်အပြင်ဖြင့် ဖုံးလွှမ်းနေသည်ကို ကြည့်ရင်း..

ရှန်းယီ ကျင့်ကြံနေစဉ် သူ့ကိုယ်သူ ရယ်မောမိမတတ် ဖြစ်သွား၏။

၎င်းမှာ ကူကယ်ရာမဲ့သောရယ်မောခြင်း တစ်ခုသာ ဖြစ်သည်။

တိုက်ဆိုင်မှုသက်သက်ဖြင့် လျှောက်လှမ်းလာခဲ့သော လမ်းကြောင်းက ပိုမိုဆန်းပြားလာပုံရသည်။

သူက တကယ်တမ်းတွင် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သော ကောင်းကင်တာအိုမူလရင်းမြစ် နှစ်ခုကို လမ်းကြောင်းတစ်ခုတည်းအဖြစ် အတင်းအကျပ် ပေါင်းစပ်ရန်ကြိုးစားနေခြင်းဖြစ်ပြီး နောက်ဆုံး ရလဒ်မှာ... တာအိုအသီးအပွင့် နှင့် ဓမ္မအသီးအပွင့် တို့ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်မည်လားဆိုသည်ကို မသိရှိပေ။

ဤအရာနှင့် နှိုင်းယှဉ်ပါက ရူးသွပ်သွားနိုင်ခြေက ပိုများနေပုံရ၏။

သို့သော် ယခုအခါ ရှန်းယီတွင် အခြားနည်းလမ်း မရှိတော့ပေ။ အကယ်၍ သူ့တွင် ဆရာတစ်ဦး ရှိပြီးမူလဖရိုဖရဲတာ့လော်ရွှေမသေမျိုး တစ်ပါး၏လက်အောက်တွင် တပည့်ခံခဲ့မည် ဆိုလျှင်ပင် ထိုသူက သူ၏ထူးဆန်းသော အခြေအနေကို သိရှိသွားပါက ပေးမည့် အကြံဉာဏ်မှာ အသုံးဝင်မည် မဟုတ်ပေ။

သူကမျက်လုံးများကို ဖွင့်ကာ သူ့ဆီသို့ ခုန်ပေါက်လာသော သေးငယ်သောအရာလေးတစ်ခုကို ကြည့်လိုက်၏။ ၎င်းမှာ ခြေထောက်တိုများကဲ့သို့ အရာနှစ်ခုပါရှိသော ပုပ်ဟောင်းနေသည့် အသားတစ်လွှာတစ်ခုဖြစ်ပြီး သွက်လက်စွာပြေးလွှားနေကာ ယခင် တောင်ပိုင်းဧကရာဇ်၏ ဂုဏ်သိက္ခာ တစ်စက်မျှ မရှိတော့ပေ။

"သခင်ကြီး၊ ကျွန်တော် ရှာတွေ့ခဲ့ပြီ"

ဘုတ် ခနဲ အသံနှင့်အတူ တောင်ပိုင်းဧကရာဇ်က မြေကြီးပေါ်သို့ ကျသွားပြီးနောက် သေးငယ်သောခြေထောက်နှစ်ခုကို ဆန့်ထုတ်ကာ ၎င်း၏တွေ့ရှိမှု တင်ပြလိုက်၏။

"ထစမ်း" ရှန်းယီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူပ ရှန်းရွှီ ဘိုးဘေး နှင့် တောင်ပိုင်းဧကရာဇ်ဟူသော တတိယအဆင့်နတ်ဆိုးကျောက်တုံးနှစ်ခုကိုသာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်၏။

ပထမတစ်ဦးက လူအများရှေ့တွင် သူ၏ကိုယ်စား လှုပ်ရှားရန်လိုအပ်ပြီး ဒုတိယတစ်ဦးကလည်း အလကား နေ၍ မရပေ။

ကောင်းကင်မျှော်စင်တောင်က သေးငယ်လွန်းလှသည်။ ဤနေရာရှိ ဧကရာဇ်ချီတစ်ခုတည်းကိုသာ အားကိုးမည်ဆိုပါက ထိုက်ရွှီနတ်ဘုရား အသီးအပွင့်ကို ကိုးနှင့်ကိုးအသွင်ပြောင်းလဲခြင်း၏အထွတ်အထိပ်သို့တက်ရောက်ရန် မည်မျှ ကြာမည်ကို မသိနိုင်ပေ။

ထို့ကြောင့် ရှန်းယီက နတ်ဆိုးသက်တမ်းအပေါ်တွင်သာ သူ၏အာရုံကို ထားရှိခဲ့၏။

မသေမျိုးများက ဧကရာဇ်ချီ ရိတ်သိမ်းရန်နှင့် အခြားသော ဂိုဏ်းဝင်များ၏ရုတ်တရက် တိုက်ခိုက်မှုများကို ကာကွယ်ရန် မဟာနတ်ဆိုးကြီးများကိုအသုံးပြုရန် လိုအပ်သောကြောင့် ဤမဟာနတ်ဆိုးကြီးများက တာအိုနယ်မြေ အနီးတွင် သေချာပေါက် နေထိုင်ကြပါလိမ့်မည်။

ဥပမာအားဖြင့် အနီးအနားရှိ ချင်းကွမ်းဂူ မှ အစစ်အမှန်အရှင် ရှုယွီ ပင်။

တောင်ပိုင်းဧကရာဇ်က ရှန်းရွှီဘိုးဘေး ကဲ့သို့ အဆင်မပြေသော်လည်း ၎င်း၏မြင့်မားသော ကျင့်ကြံခြင်းဖြင့် ဤမဟာနတ်ဆိုးကြီးများကို ရှာဖွေရန်မှာ လွယ်ကူဆဲဖြစ်သည်။

"ဘယ်လောက်လဲ" ရှန်းယီက မတ်တပ်ရပ်လိုက်၏။

"သခင်ကြီးကို သတင်းပို့ပါတယ်၊ စုစုပေါင်း လေးကောင်ပါ" တောင်ပိုင်းဧကရာဇ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ဤစကားကို ကြားသောအခါ ရှန်းယီ၏တည်ငြိမ်သောစိတ်နေသဘောထားဖြင့်ပင် သူ၏မျက်ခွံများ အနည်းငယ်မတုန်လှုပ်ဘဲ မနေနိုင်ခဲ့ပေ။

တောင်ပိုင်းတိုက်ကြီးတွင် ဗောဓိသတ္တမြောက်မြားစွာ လှုပ်ရှားခဲ့စဉ်က အစစ်အမှန်နတ်ဘုရားများထံမှ လူများကိုလုယူခဲ့သည့်တိုင် သူတို့က နတ်ဆိုး အရှင်းစုစုပေါင်း ရှစ်ပါးကိုသာ စုဆောင်းနိုင်ခဲ့ကြောင်း သိထားရမည်။

မြောက်ပိုင်းတိုက်ကြီးတွင် တပည့်ငယ်တစ်ဦးက သူ၏လက်အောက်တွင် ထိုအရေအတွက်၏ ထက်ဝက်ကို ပိုင်ဆိုင်ထားသည်လော။

သို့သော် စဉ်းစားကြည့်ပါက ၎င်းမှာ ယုတ္တိတန်ပေသည်။ မည်သို့ပင်ဆိုစေ ဗောဓိဂိုဏ်းတွင် ကန့်သတ်ချက်များစွာ မရှိပေ။

မဟာနတ်ဆိုးကြီး အများအပြားက မြင့်မားသောကျင့်ကြံခြင်းကို ရရှိပြီးနောက် တိုက်ရိုက် ဝင်ရောက်လာကြပြီး တောင်ပိုင်းဍုမေဏုတွင် နေရာတစ်ခုရယူကာ ဗောဓိသတ္တများ ဖြစ်လာကြ၏။

မြောက်ပိုင်းတိုက်ကြီးနှင့် နှိုင်းယှဉ်ပါက ဤနေရာမှာ မဟာနတ်ဆိုးကြီးများအတွက် လမ်းကြောင်းမှာ အလွန် ကန့်သတ်ချက်ရှိသည်။ နတ်ဆိုးတိုင်းက တစ်စုံတစ်ယောက်၏အစေခံ ဖြစ်ရန် ဆန္ဒရှိကြသည် မဟုတ်ပေ။

သူတို့က နောက်လိုက်များ၏အဆင့်အတန်းကို မရရှိနိုင်သဖြင့် လွတ်လပ်သောနတ်ဆိုး ဘုရင်များ ဖြစ်လာခြင်းက ပိုကောင်းပေမည်။

သို့သော် ဤသို့ဖြစ်လင့်ကစား လင်းစု ကဲ့သို့သော သူများက မဟာနတ်ဆိုးကြီးများကိုမမွေးမြူနိုင်သဖြင့် မော်ဖုန်းထံမှ ငှားရမ်းခဲ့ရရာ အရှင်ရှုယွီ က မည်မျှချမ်းသာကြောင်းကိုပြသနေ၏။

"သွားပြီး ကြည့်ကြတာပေါ့"

ရှန်းယီက စိတ်ဝင်စားသွားကာ မတ်တပ်ရပ်ပြီး ထိုက်ရွှီထဲသို့ ခြေလှမ်းလိုက်လေသည်။

...

မြောက်ပိုင်းတိုက်ကြီး၊ ချင်းကွမ်းဂူ..

မြူခိုးများ ဖုံးလွှမ်းနေသော ခန်းမထဲတွင်ပင် ဖြစ်သော်လည်း လွန်ခဲ့သောတစ်ကြိမ်နှင့် နှိုင်းယှဉ်ပါက အစစ်အမှန်အရှင် ယွင်မြောင်က များစွာ ပိုမို သက်သောင့်သက်သာ ရှိနေပြီး ယခင်ကဲ့သို့ မာနမကြီးတော့ပေ။

မည်သို့ပင်ဆိုစေ သူက ယခုအခါ ချင်းကွမ်းဂူ၏ အဖွဲ့ဝင်တစ်ဝက် ဖြစ်နေပြီ ဖြစ်၏။

"အစစ်အမှန်အရှင် ယွင်မြောင်၊ ခင်ဗျား နောက်နေတာ မဟုတ်ဘူးမလား" အရှင်ရှုယွီ က ပြုံးကာ မျက်ခုံးပင့်လိုက်၏။

"ကောင်းကင်မျှော်စင်တောင်ကို သိမ်းပိုက်ထားတဲ့ အဲဒီလူက လင်းရွှီဂူနဲ့ ဘာမှမဆိုင်ဘူးလို့ အခု ခင်ဗျား ပြောနေတာလား"

"ချင်းကွမ်းဆရာဦးလေးရဲ့ မျက်နှာကို ထောက်ပြီးတော့သာ ငါသူ့ကို ကြင်နာစွာ လက်ခံခဲ့တာပါ။ သူက ပြုပြင်မရအောင် ပုန်ကန်တတ်တဲ့ ရည်မှန်းချက်ကြီးတဲ့ ဝံပုလွေတစ်ကောင် ဖြစ်မယ်လို့ ဘယ်သူက ထင်မှာလဲ"

အစစ်အမှန်အရှင် ယွင်မြောင်က ဂရုမစိုက်ဟန်ဖြင့် ကြည့်လိုက်၏။

"ဂျူနီယာညီမလေးလင်းစု ကျဆုံးသွားတဲ့ သတင်း ပြန်ရောက်လာတာနဲ့ သူက ချက်ချင်းပဲ သူ့ရဲ့ ရုပ်တုကိုဖယ်ရှားပစ်ပြီး အချိန်မဆွဲဘဲ အစစ်အမှန်အရှင် ထိုက်ရွှီဗိမာန်ကို တည်ထောင်လိုက်တယ်။ ဒီလို လုပ်ရပ်တွေက တကယ်ကို ရင်နာစရာ ကောင်းတယ်"

ဤစကားကို ကြားသောအခါ ခန်းမအပြင်ဘက်ရှိ ကြိုးကြာကလေးပင်လျှင် ယွင်မြောင်၏စရိုက်ကို သိထားသဖြင့် ဤကိစ္စနှင့်ပတ်သက်၍ ထပ်မံ မပြောနိုင်တော့ပေ။

"တောင်ပိုင်းကလာပြီး ပိုးကောင်နတ်ဆိုးရဲ့ တပည့်ဖြစ်တဲ့ သူက ငါတို့လိုမြင့်မားတဲ့ ကျင့်ကြံခြင်းနဲ့ ကျက်သရေရှိလိမ့်မယ်လို့ ယွင်မြောင်က ဘယ်လိုလုပ် မျှော်လင့်နိုင်မှာလဲ"

အရှင် ရှုယွီ သည် ခေါင်းခါလိုက်ပြီး သူ၏ မျက်လုံးများက အခြား အဓိပ္ပာယ်တစ်ခုကို ပြသနေ၏။

သူက အရှေ့တွင် တရားထိုင်နေသော စီနီယာအစ်မကို တစ်ချက် ကြည့်လိုက်၏။

"ကောင်းကင်မျှော်စင်တောင်က သူ့လက်ထဲ ရောက်သွားတာ နှမြောစရာကောင်းရုံသာမက သည်းခံနိုင်စရာလည်း မရှိဘူး။ ဂျူနီယာညီမလေး လင်းစု အတွက်တောင် ငါတို့ အဲဒါကို ပြန်ယူရမယ်"

လမ်းတစ်ဝက်တွင် အရှင် ရှုယွီ က လျင်မြန်စွာ ထပ်လောင်းပြောကြားလိုက်၏။ "အတော်ပဲ၊ ဂျူနီယာညီမလေးကျောက်စိမ်းကန် နဲ့ ဂျူနီယာညီလေး ရှန်းတောင် တို့လည်း တာအိုနယ်မြေတစ်ခု လိုအပ်နေတာပဲ"

စီနီယာအစ်မက ယခုအခါ ဗောဓိဂိုဏ်း၏ကိစ္စရပ်များကို စုံစမ်းစစ်ဆေးရန် တာဝန်ယူထားပြီး ထိပ်တိုက်ရင်ဆိုင်မှုများကို ရှောင်ရှားနေသဖြင့် သူက တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူ နှစ်ဦး၏လိုအပ်ချက်များကို တင်ပြလိုက်ခြင်း ဖြစ်သည်။

မမျှော်လင့်ဘဲ ပုံမှန်အားဖြင့် နူးညံ့သိမ်မွေ့ပုံရသော နှိမ့်ချတတ်သည့် ဂျူနီယာညီမလေးကျောက်စိမ်းကန်က ဤကိစ္စနှင့် ပတ်သက်လာပါက လူအများရှေ့တွင်ပင် ချက်ချင်း ငြင်းဆိုခဲ့၏။

အရှင် ရှုယွီ၏ မျက်နှာ အနည်းငယ် ပြောင်းလဲသွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်လုံးများက ရက်စက်လာသည်။

သူက အဘွားအိုကို စိုက်ကြည့်နေသော်လည်း သူမကည် ရိုသေလေးစားသော်လည်း အလျှော့မပေးဘဲ ရှိနေဆဲပင်။

အရှင် ရှုယွီက နှုတ်ခမ်းကို အနည်းငယ် စေ့လိုက်ပြီး သူ၏အကြည့်ကို သူမ၏ဘေးရှိ ရှန်းတောင် ဘိုးဘေးထံသို့ လွှဲလိုက်သည်။

All Chapters