← Chapters

အခန်း ၁၀၄၄

Vol. 71 Ch. 1044

အခန်း ၁၀၄၄

Vol. 71 Ch. 1044

အခန်း၁၀၄၄: ပါရမီရှင်နှစ်ဦး (အပိုင်းတစ်)

လူများက အသံ၏ရင်းမြစ်ကို ကြည့်လိုက်ကြရာ ပဲရစ်၏နောက်တွင် ရပ်နေပြီး အနက်ရောင်ဝတ်ရုံဝတ်ထားသည့် လျှို့ဝှက်ဆန်းကြယ်သောလူကို မြင်လိုက်ရသည်။ သူကရုတ်တရက် ဝတ်ရုံကိုချွတ်လိုက်ရာ လူတိုင်းက သူ၏ချောမောခန့်ညားသော မျက်နှာကိုတွေ့ရ၏။

“မစ္စတာ သိုင်း သူတော်စင်” ဟုဖေးနှင့်ရင်းနှီးသော မင်းမျိုးမင်းနွယ်များက အံ့သြတကြီးပြောကြသည်။

ထိုချောမောသည့်လူငယ်က ချမ်ဘော့ဘုရင်ဖြစ်သည်။ တချို့လူများက သူ့ကိုမုန်းကြပြီး တချို့လူများက သူ့ကိုချစ်ကြ၏။ သို့သော် မည်သူမှ သူဟာ လေ့ကျင့်ရာ၌ပါရမီရှင်တစ်ယောက်ဖြစ်သည်ဆိုသည်ကို ငြင်းလို့မရချေ။ သူဟာ ဇင်းနစ်၏ သိုင်း သူတော်စင်ဖြစ်ပြီး အောက်ခြေအဆင့်ပြည်သူအားလုံးနီးပါးက သူ့ကို ချစ်ခင်ကြသည်။

“ဟားဟား အန်ဂျီဧကရာဇ် မင်းက နာမည်ကြီးတယ် မြောက်ပိုင်းဒေသရဲ့ အရှင်သခင်လေးအဖြစ် လူသိများတယ် ဇင်းနစ်မြို့တော်ကို မင်းတစ်ယောက်တည်းလာလိမ့်မယ်လို့ ငါမထင်ထားဘူး အံ့သြစရာပဲ ဒါပေမယ့် ဘာလို့ လက်အောက်ခံအနည်းငယ်ကို မခေါ်လာတာလဲမင်းဒီမှာသေပြီး ပြန်မလာနိုင်ရင် အန်ဂျီအင်ပါယာရဲ့ ထွန်းကားလာမှုက ဟာသတစ်ခုဖြစ်လာလိမ့်မယ် ”

ဖေး သူ၏ သတ်ဖြတ်လိုစိတ်ကို မဖုံးကွယ်ဘဲ ရယ်မောလိုက်၏။

ဖေးမှာ သူ့မျက်နှာပေါ်သွားပြီဖြစ်၍ ဝတ်ရုံနက်ကိုခြုံထားခြင်းမရှိ‌တော့ပေ အောက်မှ ဝတ်ဆင်ထားသော ဝတ်ရုံဖြူက အထင်းသားပေါ်နေသည်။ သူ၏ ရှည်လျားသော အနက်ရောင်ဆံနွယ်များက အနောက်တွင်ဖြာကျနေပြီး သူ့ဟန်ပန်က ခန်းနားထည်ဝါကာ ရှုမြင်သူများကို နတ်ဘုရားတစ်ပါးသဖွယ်ခံစားသွားစေသည်။

တံတိုင်းပေါ်မှ လက်ခုပ်ဩဘာသံများထွက်ပေါ်လာသည်။

မှူးမတ်များနှင့် စစ်သည်များမှာ ဝမ်းသာမျက်ရည်ကျနေကြပြီဖြစ်သည်။ တိုက်ပွဲက အစမှ စ၍ အလှည့်အပြောင်းများလှသည်။

ဧကရာဇ် ရက်ဆင်၏ လွှမ်းမိုးနိုင်သည့် အသွင်အပြင်က လူအများကို သူတို့၏ ခေါင်းပေါ်မှ မှောင်မိုက်သည့် မိုးတိမ်များ လွင့်စင်သွားသလို ခံစားရစေသည်။ သို့သော် ဧကရာဇ် ကရီမောဗ် ထပ်မံ ရောက်ရှိလာပြီး အခြေအနေတွေကို သိသိသာသာ ပြောင်းလဲစေခဲ့သည်။ ယခုအခါ ဇင်းနစ်၏ နောက်ထပ် အစွမ်းထက်ပုဂ္ဂိုလ်သိုင်းသူတော်စင်ကလည်း အရေးကြီးသည့်အချိန်၌ ထပ်မံရောက်လာပြန်သည်။

ချမ်းဘော့ဒ် ဘုရင်၏ ပြိုင်ဘက်ကင်း အစွမ်းဖြင့် ဒီအလက်ဇန္ဒရို ၊ကရီမောဗ်တို့ကိုအနိုင်မယူနိုင်လျှင်ပင်တစ်ခု ဧကရာဇ်ရက်ဆင်အတွက် ဖိအားလျှော့စေပြီး ဇင်းနစ်အတွက် မျှော်လင့်ချက်တစ်ခု ထပ်လောင်းပေးခဲ့သည်။ ယခုအချိန်တွင် ဇင်းနစ်တွင် ဧကရာဇ် ရက်ဆင်ကို ကူညီနိုင်သည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်မှာ ဧကရာဇ် စစ်သည်တော် အလက်ဇန္ဒား ဖြစ်သည်။

ဧကရာဇ်ရက်ဆင်နှင့် ချမ်ဘော့ဒ်ဘုရင် အလက်ဇန္ဒားတို့သည် ဇင်းနစ်တွင် ရှိခဲ့ဖူးသမျှတွင် အရည်အချင်းအရှိဆုံး ကျင့်ကြံသူ နှစ်ဦးဖြစ်ပြီး ၎င်းတို့သည် အစွမ်းထက်ဆုံး ဖြစ်သည်။ ၎င်းတို့အနက် တစ်ဦးက မျိုးဆက်ဟောင်း၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုပြီး နောက်တစ်ဦးမှာ မျိုးဆက်သစ်တွင် အစွမ်းထက်ဆုံး လူငယ်စစ်သည်တော် ဖြစ်သည်။ သို့သော် ၎င်းတို့နှစ်ဦးစလုံးသည် ၎င်းတို့၏ရွယ်တူချင်းများ၏ မျက်လုံးများတွင် မတက်နိုင်သော မြင့်မားသောတောင်များကဲ့သို့ ဖြစ်သည်။

လူအများအတွက် ဇင်းနစ်၏ ဤအစွမ်းထက်ဆုံး သခင်နှစ်ဦး အတူတကွ တိုက်ခိုက်နေသည်ကို မြင်တွေ့ရခြင်းသည် ဤအရာအားလုံး၏ ပြီးပြည့်စုံသော အဆုံးသတ်တစ်ခု ဖြစ်သည်။

မီးလျှံကဲ့သို့ပင် ဖေးသည် ဧကရာဇ် ရက်ဆင်ရှေ့တွင် ပေါ်လာပြီး ဦးညွှတ်ကာ “အရှင်မင်းကြီး နှုတ်ခွန်းဆက်သပါတယ်” ဟု ပြောကြားခဲ့သည်။

“ စစ်မြေပြင်မှာ ထုံးတမ်းတွေမလိုပါဘူး ” ဧကရာဇ် ရက်ဆင်က ပြုံးပြီး “ မင်းကောင်းကောင်းစီမံနိုင်ခဲ့တယ် မဆိုးဘူး ” ဟု ပြန်ပြောသည်။

ဇင်းနစ်သည် အကျပ်အတည်းတွင် ဤမျှကြာရှည်စွာ ရပ်တည်နိုင်ခဲ့သည်မှာ ချမ်ဘော့ဒ်၏ လအဆင့် လက်ရွေးစင်များကြောင့် ဖြစ်သည်။

" ကျွန်တော် အရှက်ရမိတယ် ဒီအကျပ်အတည်းက ချမ်းဘော့ဒ်ပြည်နဲ့ ကျွန်တော့်ကြောင့်ပေါ်ပေါက်လာတာပါ ဇင်းနစ် ကို ကျွန်တော် ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့တယ်..." ဖေး က အပြစ်ရှိသည်ဟု ခံစားရသည်။ ဒီအလက်ဇန္ဒရို နှင့်အတူ ပါလာသည့် လအဆင့်လက်ရွေးစင် ၂၀ ကို သူတို့သတ်ခဲ့သော်လည်း စိန့်ပီတာဘတ်၏ တံတိုင်း ပြိုကျခဲ့ပြီး စစ်သည်ထောင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။ ဖေး ဤကိစ္စအတွက် တာဝန်ယူရမည်ဖြစ်သည်။

ရုတ်တရက် ရယ်သံတစ်ခု ထွက်ပေါ်လာ၏။ "ဟားဟား မင်းတို့နှစ်ယောက် သေခါနီးမှာ စကားကုန်ပြောပြီးပြီလား "

ဧကရာဇ်ကရီမောဗ် က မျက်နှာမှာ လှောင်ပြောင်သည့် အမူအရာဖြင့် ရယ်လိုက်ပြီး " ရက်ဆင် မင်းက လူသားအင်ပါယာရဲ့ ဧကရာဇ်တစ်ယောက်ပါ ဒါပေမယ့် လူသားတွေရဲ့ ရာဇဝတ်သားဖြစ်တဲ့ အလက်ဇန္ဒား ကို ကာကွယ်ချင်နေတုန်းပဲ မင်းလည်း သူ့လိုပဲ အပြစ်ရှိတယ် မင်းတို့ကို အကြိမ်ပေါင်းများစွာ သတ်ပစ်သင့်တယ် ဒီနေ့က ပြီးပြည့်စုံတဲ့နေ့ပဲ ငါ မင်းတို့နှစ်ယောက်လုံးကို ငရဲကို ပို့ပစ်မယ် "

ထိုသို့ပြောပြီးနောက် သူက လိမ္မော်ရောင်အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဖေး ဆီကို သတ်ဖြတ်ဖို့ ပျံသန်းသွားသည်။

သူ၏ ပုတိုတို ခန္ဓာကိုယ်က ဥက္ကာပျံတစ်စင်းလို ထင်ရပြီး သူ့ပတ်လည်က ထူထဲတဲ့ လိမ္မော်ရောင်စွမ်းအင်မီးတောက်များလာ်း ထွက်ပေါ်နေ၏။ သူဘယ်သွားသွား အလင်းက ကွေးညွှတ်နေပြီး အာကာသလည်း ပြိုလဲသွားကာ အချိန်သည်လည်း နှေးကွေးသွားသည်။ သူက နတ်ဆိုးတစ်ပါး သို့မဟုဆ် ရှေးဟောင်းသမိုင်းမတင်မီခေတ်က သားရဲတစ်ကောင်လို သူ့ ဧရာမ အရိုးလက်နက်ကို ဝှေ့ယမ်းပြီး ဖေး ကို တိုက်ခိုက်ခဲ့သည်။

ကရီမောဗ်၏ အစိမ်းရောင်မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သည့် အလင်းတန်းများပေါ်လာသည်။

အခန်း ၁၀၄၄: ပါရမီရှင်နှစ်ဦး (အပိုင်းနှစ်)

ဖေးကပေါ်လာသည်နှင့် သူက ပြင်းပြင်းထန်ထန်ပြောဆိုပြီး သူ့သတ်ဖြတ်လိုစိတ်ကို မဖုံးကွယ်ဘဲ ကရီမော့ဗ်ကို ပစ်မှတ်ထားခဲ့၏။ ရလဒ်အနေနဲ့ ဤလွှမ်းမိုးနိုင်သည့်ဧကရာဇ်ဟာ စိတ်အနှောင့်အယှက်ဖြစ်ပြီး သတ်ဖြတ်လိုစိတ်လည်း ပြင်းထန်လာခဲ့သည်။ အန်ဂျီအင်ပါယာအတွင်းတွင် ကာရီမော့ဗ်ကို နတ်ဘုရားတစ်ပါးလို ဆက်ဆံကြသည်။ သူ့စကားအားလုံးကို အမိန့်ဟုရှုမြင်ကြပြီး မည်သူမျှ သူ့ကို ဆန့်ကျင်ရဲခြင်းမရှိချေ။

ထိုစရိုက်နှင့်သူဟာ ဖေး၏စော်ကားမှုကို မခံနိုင်ဘဲ ဖေးကိုသတ်ပြီး ပြန်လည်တိုက်ခိုက်ချင်ခဲ့သည်။

ထိုကြောင့် ဧကရာဇ်ဟာ ဖေးကို အစကတည်းက ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး သူ့မျက်လုံးထဲက ထိုစိတ်အနှောင့်အယှက်ဖြစ်စေသည့် ကောင်လေးကို မြန်မြန်ဖျက်ဆီးပစ်ချင်ခဲ့ခြင်းဖြစ်သည်။

“အရမ်းကောင်းတယ် ဟားဟား မင်းလိုလူက ဘယ်လောက်အစွမ်းထက်လဲဆိုတာ ဖေဖေ့ကို ပြဦး ဒီဘုရင်မင်းမြတ်ကို စိန်ခေါ်ဖို့ ဘယ်လိုအင်အားက မင်းကို ယုံကြည်မှုပေးတာလဲ” ဖေးက ရယ်ပြီး ပိုပြီးတောင် မာနထောင်လွှားတဲ့အသံနဲ့ ပြောလိုက်သည်။ ပြင်းထန်သည့်တိုက်ခိုက်မှုကို ရင်ဆိုင်ရသည့်အခါ ဘုရင်က ပိုပြီး ရန်လိုလာပြီး နောက်ဆုတ်မည့်အစား ရှေ့ကိုပင်တိုးလာခဲ့သည်။

နောက်တစ်ခဏတွင် လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခု သူ့ပတ်လည်တွင် ပေါ်လာပြီး မသေမျိုးဘုရင်၏ လက်နက်ပစ္စည်းစု တွင် သံချပ်ကာ ခါးပတ်နှင့် ဘွတ်ဖိနပ်ကဲ့သို့သော ပစ္စည်းများ သူ့ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ သူ၏ အော်ရာသည် မိုးကောင်းကင်သို့ မြင့်တက်သွားပြီး လေထဲသို့ ဆုပ်ကိုင်လိုက်သောအခါ မသေမျိုးဘုရင်၏ ကျောက်တုံးကြိတ်ချေခြင်း သူ့လက်ထဲတွင် ပေါ်လာသည်။

ထို့နောက် သူသည် လူရိုင်းဘုရင် ၏ အစွမ်းထက်ဆုံး စွမ်းရည်များထဲမှ တစ်ခုဖြစ်သည့် ခုန်တိုက်ခိုက်ခြင်း ကို အသုံးပြု၍ မိုးကြိုးကဲ့သို့ ရှေ့သို့ ပြေးသွားသည်။

“သတ်”

နှစ်ယောက်စလုံး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။

မိုးကြိုးသံကဲ့သို့ ကြယ်လောင်သောအသံနှစ်ခု ထွက်ပေါ်လာပြီး အသံအားကြောင့် မြင့်မားသော ကောင်းကင်ထက်ရှိ မှောင်မိုက်သော မိုးတိမ်များပင် ကွဲကြေသွားသည်။

အင်မော်တယ်ဘုရင်၏ ကျောက်ကြိတ်‌ေချခြင်း သည် ကြီးမားသော အဖြူရောင် မီးပွင့်များနှင့် အားကောင်းစွာ တိုက်မိသွားသည်။

ကောင်းကင်တွင် မီးပွားများ ဆက်တိုက်ပေါ်လာသည်နှင့်အမျှ နားကွဲလုမတတ် ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။ တိုက်ပွဲအလယ်ဗဟိုနှင့်နီးကပ်နေသော စစ်သည်များနှင့် သခင်များသည် နာကျင်စွာ နားရွက်များကို ချက်ချင်းအုပ်ကိုင်ထားကြပြီး မျက်လုံးများ၊ နားရွက်များ၊ နှာခေါင်းများနှင့် ပါးစပ်များမှ သွေးများစီးကျကာ ထိုနေရာတွင်ပင် မေ့မြောသွားကြသည်။

ကောင်းကင်တွင် ဖေး နှင့် ကရီမောဗ် နှစ်ဦးစလုံး အပြန်အလှန်ထိခိုက်မိသွားကြ၏။

ဖေး အနည်းငယ်အံ့အားသင့်သွားသည်။

သူ့လက်များ ထုံကျင်သွားပြီး အင်မော်တယ်ဘုရင်၏ ကျောက်ကြိတ်ချေခြင်း သည် သူ့လက်မှ လွင့်ထွက်သွားတော့မတတ်ဖြစ်ခဲ့သည်။ သူ့ကိုယ်သူ မရပ်တန့်နိုင်မှီ ဆယ်မီတာကျော် နောက်သို့ဆုတ်သွားခဲ့ပြီး သူအံ့အားသင့်သွားခဲ့သည်။

ဒိုင်ယာဘလိုကမ္ဘာ တွင် ငရဲပုံစံသို့ သို့ဝင်ရောက်ပြီးကတည်းက ရုပ်ပိုင်းဆိုင်ရာခွန်အားအရ သူ့ထက်ပိုမိုအားကောင်းသူရှားပါးသည်။ ဤ ကရီမောဗ် သည် သာမန်ပုံစံပေါက်သော်လည်း သူ၏ခွန်အားသည် တကယ့်နဂါးတစ်ကောင်ကဲ့သို့ အစွမ်းထက်ပြီး အထင်ကြီးစရာကောင်းသည်။

တစ်ဖက်တွင် ကရီမောဗ် သည် ပို၍ပင်အံ့အားသင့်သွားသည်။

သူငယ်ငယ်က ထူးခြားသောအတွေ့အကြုံတစ်ခုရှိခဲ့ပြီး ရုပ်ဆိုးသော မင်းသားလေးမှ သူ၏သံလက်သီးဖြင့် အန်ဂျီး အင်ပါယာကို ထိန်းချုပ်သော ပြင်းထန်သောဧကရာဇ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက သူ့ အားသာချက်ဖြစ်ပြီး သူ့ဗလာလက်နှင့် နတ်ဆိုးသားရဲများကို ဆုတ်ဖြဲနိုင်ခဲ့၏။ ထြိုကြောင့် သူ့ကို ယှဉ်နိုင်သူများစွာ မရှိခဲ့ချေ။ ကိစ္စအများစုတွင် သူ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားက စစ်သည်တော် စွမ်းအင်ကိုပင် မသုံးဘဲ ရန်သူများကို ချေမှုန်းနိုင်ခဲ့၏။

ထို့အပြင် သုံးမီတာကျော်ရှည်သည့် သူ့ အရိုးကြီးက ရိုင်းစိုင်းပုံပေါ်‌ေသာ်လည်း အမှန်တကယ်တော့ ရှားပါးသည့် ရတနာတစ်ခုဖြစ်ကာ အဆင့်မြင့် တိုက်ခိုက်ရေး လက်နက်များထက် မနိမ့်လှချေ။

သူတို့၏ လက်နက်များ ထိပ်တိုက်တွေ့သည့်အခါ ကရီမောဗ်က ဖေး၏ လက်မောင်းများ ကွဲသွားမည်ဟု ထင်ခဲ့သော်လည်း ထိုသို့ မဖြစ်ခဲ့‌ချေ။ သူ့ပြိုင်ဘက်၏ တူထဲမှ ကြီးမားသည့် အားက သူ့ကို အံ့အားသင့်စေပြီး သူ့လက်မောင်းထဲက သွေးကြောများပင် ဖောင်းကားလာခဲ့သည်။လက်မောင်းများ ထုံကျင်နေပြီး သူ့အစွမ်းကို ချက်ချင်း အသုံးမပြုနိုင်ခဲ့ချေ။ သူက ချမ်းဘော့ဒ်ဘုရင်ထက် ပိုဝေးသော မီတာ ၃၀ ကျော်ထိ လွင့်စင်သွားခဲ့သည်။

“ဟားဟား မင်းမှာ ဒါပဲရှိရင် အန်ဂျီး အင်ပါယာက သူ့ရဲ့ ဧကရာဇ်ကို ဆုံးရှုံးရလိမ့်မယ် ” သူ့ပြိုင်ဘက်ရဲ့ ခွန်အားကို ကောင်းကောင်း ဖတ်ပြီးသည့်နောက် ဖေး လုံးဝ ငြိမ်သက်သွားသည်။ ဤရက်ပိုင်းအတွင်း ဒိုင်ယာဘလိုကမ္ဘာ၌ အပြင်းအထန်လေ့ကျင့်ပြီးနောက် သူ့ခွန်အားက မြန်မြန်ဆန်ဆန်တိုးလာခဲ့သည်။ဖန်ဆင်းခြင်း ဝိညာဉ်တစ္ဆေ၏ နောက်ထပ်အကူအညီဖြင့်သာဆို သူအနိုင်ရနိုင်ပေသည်။

ဘုရင်က ဇင်းနစ်၏ ဤရန်သူကို ယနေ့ဖယ်ရှားပြီး အနာဂတ်မှာ ခေါင်းကိုက်စရာတွေ အများကြီးကို သက်သာစေမည်ဟု ဆုံးဖြတ်ထားပြီးသားဖြစ်သည်။

End

All Chapters