အခန်း ၁၀၄၅
Vol. 71 Ch. 1045
အခန်း ၁၀၄၅: ထိတ်လန့်ဖွယ် (အပိုင်းတစ်)
စိန့်ပီတာဘတ်မြို့၏ မြို့တံတိုင်းတွင် ကျယ်လောင်သော အားပေးသံများ ချက်ချင်းထွက်ပေါ်လာသည်။
ဇင်းနစ်၏ သာမန်စစ်သားများအတွက် အင်ပါယာရက်ဆင်၏ ခမ်းနားထည်ဝါပြီး ဂုဏ်သိက္ခာရှိသော တည်ရှိမှုသည် ချီးကျူးဖွယ်ကောင်းသော်လည်း ချမ်ဘော့ဘုရင်၏ ရဲရင့်သော လွှမ်းမိုးမှုက ၎င်းတို့၏ အရသာနှင့် ပိုမိုကိုက်ညီကာ ရင်းနှီးမှုကို ပို၍ ခံစားရသည်။ သူ၏ လွှမ်းမိုးနိုင်သော တည်ရှိပုံနှင့် ဖိနှိပ်သော အပြုအမူသည် စစ်တပ်နှင့် ကိုက်ညီသည်။ အနိုင်မရနိုင်ခြင်းနှင့် လွှမ်းမိုးနိုင်စွမ်းရှိခြင်းတို့က စစ်မြေပြင်အတွက် အရေးပါလှသည်။
“ ထောင်လွှားလိုက်တာ ” ဒေါသထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ အင်ပါယာကရီမော့ဗ်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး “မင်းက ဘာလဲမင်းက သေးငယ်တဲ့ ပဏာဆက် နိုင်ငံက ဘုရင်တစ်ယောက်က ငါ့ကို ဘယ်လို မလေးမစား လုပ်ရဲတာလဲ မင်းလို ပုရွက်ဆိတ်က ငါ့ရဲ့ ဂုဏ်သိက္ခာကို ဘယ်လို စိန်ခေါ်နိုင်မှာလဲ ဒီနေ့ မင်းကို ငါသတ်ပစ်မယ် ”
သူ့လက်များက အဖြူရောင်အရိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း ကရီမော့ဗ်ရဲ့ ကြွက်သားများက တုန်ခါလာကာ သူ့ တိုတိုတုတ်တုတ် ခန္ဓာကိုယ်ဟာ လေမှုတ်ဘောလုံးလို လေးဆလောက် ကြီးထွားလာပြီး ဧရာမသတ္တဝါတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ဆန်းပြားပြီး ထူးခြားသည့် လျှို့ဝှက်နည်းလမ်းကို သူသုံးခဲ့ပုံရသည်။
သုံးမီတာခန့်ရှည်သော အရိုးဖြူက အသက်ရှိနေသည့်နှယ် သားရဲဟိန်းသံများထုတ်ဖော်နေ၏။ သားရဲအရိုးပေါ်တွင်လည်း ဆန်းကြယ်သော အနီရောင်အလင်းများ ထွက်ပေါ်နေပြီး အနီရောင်ရုန်းစာလုံးများက လမ်းကြောင်းတစ်ခုအဖြစ်ပေါ်ထွက်လာသည်။
ဖေး မျက်မှောင်ကြုတ်လိုက်သည်။
၎င်းက ရှေးဟောင်း ဒဏ္ဍာရီခေတ်က နတ်ဆိုးအဖွဲ့ခွဲမှ နတ်ဆိုးရုန်းစာလုံးများနှင့်ဆင်တူလှသည်။ အင်ပါယာ ကရီမောဗ်က နတ်ဆိုးများနှင့် ဆယ်နွယ်နေသည်လား။
ပြောင်းလဲပြီးနောက် ကရီမောဗ် ၏ ခွန်အားက သိသိသာသာ တိုးလာခဲ့သည်။ သူက ဖေးထံမှ မီတာ ၅၀ ကျော်အကွာတွင် ရှိနေသော်လည်း ဘုရင်ဟာ သားရဲအုပ်စုတစ်စု ပြေးလာသလို ပြင်းထန်သည့် ဖိအားတစ်ခုကို ခံစားမိနေ၏။ ဧကရာဇ်ကရီမောဗ်၏ ပတ်လည်တွင် လျှို့ဝှက်ဆန်းကြယ်သည့် စုပ်ယူအားတစ်ခု ရှိနေပြီး အလင်းရောင်ပင် စုပ်ယူခံရကာ ကွေးညွှတ်နေသဖြင့် သူ့ပတ်ဝန်းကျင်မှ နေရာလွတ်ဟာ ပုံပျက်သွား၏။
မကြာခင်မှာပင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ခါပြီး လှိုင်းထနေသည့် အမှောင်ထုက ဖုံးလွှမ်းသွားသည်။
ဖေး အင်မော်တယ်ဘုရင်၏ ကျောက်ကြိတ်ခြေခြင်းလက်နက်ကို ကို ပိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့ အစွမ်းသတ္တိအပြည့်အဝကို ထုတ်လွှတ်လိုက်သည့်အခါ တူပေါ်တွင် ဖားဥလို အနီရောင် ရုန်း အလွှာများ ပေါ်လာပြီး ဖေး၏ အသွင်ပြောင်းထားသည့် အင်မော်တယ်ဘုရင်ပစ္စည်းစု၏ အခြားအစိတ်အပိုင်းသုံးခုလည်း ပေါ်သည်။ ဘုရားသခင်၏ ရုန်းများ ပေါ်လာသည့်အခါ သန့်စင်သော်လည်း သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုထွက်ပေါ်နေပြီး ဖေးကိုသတ်ဖြတ်ခြင်းနတ်ဘုရားတစ်ပါးဟု ထင်မြင်ရစေသည်။
ဘာကြောင့်မှန်းမသိသော်လည်း ဖေးဟာ အန်ဂျီ ဧကရာဇ်ကို မြင်သည်နှင့် သူ့၏ သတ်ဖြတ်လိုချင်သည့် စိတ်ကို မထိန်းချုပ်နိုင်ခဲ့ချေ။ သူတို့က သေမျိုးရန်သူများအလား ဖေး ဟာ ထိုလူကို ဖျက်ဆီးပစ်ချင်ခဲ့သည်။ ကရီမောဗ့်တွင်ရှိသည့် ရိုင်းစိုင်းသည့် သားရဲလို အရိပ်အယောင်က ဖေးကို စက္ကန့်တိုင်း နှိုးဆွပေးနေပြီး ဘုရင်ကို တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်ချင်စိတ်ဖြစ်စေသည်။
“ ထပ်လုပ်ကြရအောင် မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်မယ် ” ကရီမောဗ်၏ ဟိန်းဟောက်သံဟာ ကောင်းကင်မှာ ပဲ့တင်ထပ်သွားသည်။
“ဟားဟား ငါလည်း မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်မယ် " ဖေး၏ လူသတ်လိုစိတ်ဟာ သူ့ကို နှိုးဆွပေးပြီး မီးလိုလောင်ကျွမ်းနေရာ ဖေး သူ့ဝှက်ဖဲကို ထုတ်သုံးရန်ပြင်လိုက်သည်။
ဇင်းနစ် မြို့တော်၏ တံတိုင်းပေါ်တွင် အောင်ပွဲခံသံများ ထွက်ပေါ်လာပြီး ဇင်းနစ်သားများက သူတို့၏ အင်ပါယာသိုင်းသူတော်စင် အတွက် စုဝေးနေကြသည်။
လေထုက ပြင်းထန်ပြီး စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှုများ ပြည့်နေပြီး ပေါက်ကွဲတော့မည်ဖြစ်သည်။ ဖေးနှင့် ကရီမောဗ့် တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်နေတုန်း သတ္တုလက်နက်နှစ်ခုက အချင်းချင်း ကြိတ်ခွဲနေသလို လေထဲတွင်မီးပွားများ ပေါ်လာသည်။
ရုတ်တရက် တိတ်ဆိတ်နေသည့် ဧကရာဇ်ရက်ဆင် က “အလက်ဇန္ဒား ခဏလောက် နောက်ဆုတ်ပေးပါ” ဟု ပြောလိုက်သည်။
“ ဟမ် ” ဖေး အနည်းငယ်အံ့သြသွားပေမယ့် တစ်ခုခုကို နားလည်သွားသလို ခံစားလိုက်ရ၏။
ဖေး၏ အင်မော်တယ်ဘုရင်ပစ္စည်းစု အစိတ်အပိုင်းလေးခုစလုံး ဖေး၏ ခန္ဓာကိုယ်မှ ပျောက်ကွယ်သွားသည်။ သန့်ရှင်းပြီး နှင်းလိုဖြူဖွေးသည့် ဝတ်ရုံက သူ့ခန္ဓာကိုယ်ပေါ်မှာ ပြန်ပေါ်လာပြီး မီတာ ၅၀၀အကွာလောက် ဖေး ပြန်ပြေးလိုက်ပြီး မြို့တံတိုင်းနားပြန်သွားလိုက်သည်။
၁၀၄၅: ထိတ်လန့်ဖွယ် (အပိုင်းနှစ်)
ခဏတာ ရပ်တန့်သွားပြီးနောက်ဒီအလက်ဇန္ဒရို နှင့် ကရီမောဗ် တို့သည် ဘာတွေဖြစ်နေသည်ကို သဘောပေါက်သွားပြီး ဒေါသထွက်သွားကြသည်။ “ ရက်ဆင် မင်းအတော်မောက်မာတာပဲ ငါတို့နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ရဲတာလား မင်းက သေလမ်းကို ရှာနေတာပဲ ”
ဧကရာဇ်ရက်ဆင်၏ ရည်ရွယ်ချက်က ရှင်းပါသည်။ သူက အရှင်သခင်နှစ်ယောက်လုံးကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ချင်ခြင်းဖြစ်သည်။
သူ့ မာနကြောင့် ပင်လော။ သို့မဟုတ် သူ့ယုံကြည်မှုကြောင့်ပင်ေလာ။ ဖေး က နောက်ဆုံးအချက်သာဖြစ်မည်ဟု ယုံကြည်ခဲ့သည်။
ဖေးက က သူဧကရာဇ်ရက်ဆင် ကို ကောင်းကောင်းသိသည်ဟု မပြောနိုင်သော်လည်း အလံစုံမြို့ အောက်ရှိဒဏ္ဍာရီလာနန်းတော်၏ ဗဟိုနယ်မြေတွင် ထိုအင်ပါယာနှင့် တွေ့ဆုံမှုများ ရှိခဲ့သည်။ ဧကရာဇ် ရက်ဆင်က စိတ်လိုက်မာန်ပါလုပ်တတ်သူ မဟုတ်ကြောင်း သူသိသည်။ ထိုဧကရာဇ် က ဒီအလက်ဇန္ဒရိုနှင့် ကရိမောဗ့် နှစ်ယောက်လုံးကို တိုက်ခိုက်ရန် ရွေးချယ်ခြင်းအတွက် သူ့တွင် အကြောင်းပြချက်ရှိပေလိမ့်မည်။
သို့သော် ဖေး ဧကရာဇ် ရက်တင်၏ း ယုံကြည်မှုက ဘယ်ကလာသည်ဆိုသည်ကိုတော့ မသိခဲ့ချေ။
ကြယ်အမှတ်အသားလက်နက်ပိုင်ရှင် ဒီအလက်ဇန္ဒရိုနှင့် လျှို့ဝှက်ဆန်းကြယ်သည့် သားရဲအရိုးကို အသုံးပြုနေသည့် ဧကရာဇ် ကရီမောဗ်တို့မှာ ဧကရာဇ်ရက်ဆင် လောက် အစွမ်းထက်ကြသည်။
ဒေါသထွက်နေသည့် ရန်သူနှစ်ယောက်ကို ရင်ဆိုင်ရင်း ဧကရာဇ်ရက်ဆင် က တည်ငြိမ်စွာ ပြောလိုက်သည်။ “ ဘာ အစကတည်းက မင်းတို့ ငါ့ကို အတူတူ တိုက်ခိုက်ဖို့ မကြိုးစားခဲ့ဘူးလား မင်းတို့က ငါ့ကို အံ့အားသင့်စေဖို့အတွက် အဲဒီအစီအစဉ်တွေအားလုံးကို လုပ်ခဲ့တာ အခု မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ငါ ဆန္ဒရှိတယ် ဒါပေမယ့် ငါက မင်းတို့ကို အထင်သေးနေတယ်လို့ မင်းထင်နေတာလား လာ အခွင့်အရေး ငါပေးမယ် ငါ့ရဲ့ ဇင်းနစါအင်ပါယာကို ဖျက်ဆီးဖို့ မင်းမှာ ခွန်အားရှိမရှိ ကြည့်ရအောင် ”
အဲဒီလိုပြောပြီးတဲ့နောက် နဂါးအော်သံများကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။
ဧကရာဇ် ရက်ဆင်က ကောင်းကင်တွင်သာ ရပ်နေပြီး သူ၏ အပြာရောင်ဆံရှည်များက လေထဲတွင် လွင့်မြောနေ၏။
“မင်းက သေလမ်းကို ရှာနေတာဆိုတော့ ငါ မင်းကို ကူညီမယ် ” ဒီအလက်ဇန္ဒရိုက သူ့လက်ထဲက ငွေဓားနှင့် ငွေရောင်အလင်းတန်း အများအပြားကို ပစပစ်လွှတ်လိုက်သည်။
“ဟားဟား မင်းတောင်းဆိုခဲ့တာ တခြားအစွမ်းထက်တဲ့ အရှင်သခင်တစ်ယောက်ကို သတ်ရတာ အမြဲတမ်းပျော်စရာကောင်းတယ် ” ကရီမော့ဗ်က သူ့ဧရာမပုံစံနှင့်ပင် ဟိန်းဟောက်လိုက်ပြီး ဧရာမသားရဲအရိုးကို လွှဲယမ်းရင်း မိုးကြိုးပစ်သလို ဧကရာဇ်ရက်ဆင် အနီရောင်စွမ်းအင်များ နောက်ချန်ထား၍ ပြေးဝင်သွား၏။
ဧကရာဇ်ရက်ဆင်က သူတို့ကို မမြင်သလို လှည့်ပြီး ဖေးကို ကြည့်ကာ “သေချာကြည့်လိုက်စမ်း မင်း ဘယ်လောက်နားလည်နိုင်လဲဆိုတာ မင်းအပေါ်မှာပဲ မူတည်တယ်” ဟု ပြောလိုက်၏။
သူပြောပြီးသည်နှင့် မည်သူမျှ မမျှော်လင့်ထားသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပျက်သွားသည်။
သဘာဝဓာတ်အမျိုးမျိုးက ရုတ်တရက် ရုန်းကြွလာပြီး မိုးကြိုးပစ်သံများ မြည်ဟီးလာသည်။ ထူထပ်သည့် မိုးတိမ်များ နေရာတိုင်းရှိနေပြီး ဒီအလက်ဇန္ဒရို၏ နောက်ကွယ်မှ မှောင်မိုက်ပြီး စိတ်ပျက်စရာကောင်းသည့် မြင်ကွင်းဟာ ချက်ချင်းပျောက်ကွယ်သွားသလို ကရီမော့ဗ်ပတ်လည်က မှောင်မိုက်မှုလည်း ပျောက်ကွယ်သွားခဲ့သည်။ သဘာဝလောကကြီး၏ ဥပဒေသများဖြင့် မတည်မငြိမ်ဖြစ်လာ၏။
ထို့နောက် ပတ်ပတ်လည်ရှိ သဘာဝဥပဒေသမှန်သမျှမှာ ဧကရာဇ်ရက်ဆင်ထံတိုးဝင်သွားပြီး သူ့ကို ဖျက်ဆီးရတ်ကြိုးစားနေသည်။
"ဒါက...သဘာဝကပ်ဘေးလား" ဖေး အံ့အားသင့်သွားသည်။
ဤကဲ့သို့ ဖြစ်စဉ်မျိုးက တစ်စုံတစ်ဦး နယ်ပယ်အဆင့် ချိုးဖြတ်မှသာ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ဖေး ဟာ လအဆင့် နှင့် နေအဆင့် ကို တက်စဉ်က သဘာဝကပ်ဘေးများ ကြုံတွေ့ခဲ့ရပြီး ထိုကပ်ဘေးများက ကြမ်းတမ်းသော်လည်း သူ့ လူရိုင်းဘုရင့်ခန္တာ၏ မာကျောမှုဖြင့် ခုခံနိုင်ခဲ့သည်။
တခြား ကျင့်ကြံမှု နယ်ပယ်တစ်ခုကို ရောက်ရန်၊ သဘာဝတရားထံမှ အဓိကစွမ်းအင်များကို ရယူရန်နှင့် ပိုအစွမ်းထက်သည့် သဘာဝတရား ဥပဒေသများကို နားလည်ရန်အတွက် သဘာကပ်ဘေးကိုရင်ဆိုင်ရမည်ဖြစ်သည်။
ဖေးကို အံ့အားသင့်သွားစေသည်က ဧကရာဇ်ရက်ဆင်ဟာ တောက်ပခြင်းနေအဆင့်၏ အထွတ်အထိပ်၌ ရှိသည့် ဒီအလက်ဇန္ဒရို နှင့် အဆင့်တူဖြစ်သည်။
နောက်တစ်ဆင့်က နတ်ဘုရားတစ်ပိုင်းအဆင့်သာရှိသည်။
ထိုအတွေးက ဖေး၏ စိတ်ထဲတွင်ပေါ်လာပြီး သူမယုံနိုင်ဖြစ်သွားသည်။
“ဧကရာဇ်ရက်ဆင်ဟာ နတ်ဘုရား တစ်ပိုင်း ဖြစ်လာတော့မှာလား ဒါက အံ့သြစရာပဲ ”
ထိုသတင်းက အဇာရို့သ် တိုက်ကြီးကိုပင် အံ့အားသင့်စေပြီး ဇင်းနစ်၏ အခြေအနေကို သိသိသာသာ ပြောင်းလဲစေမည်က အသေအချာပင်ဖြစ်သည်။
End