အခန်း ၁၀၄၆
Vol. 71 Ch. 1046
အခန်း ၁၀၄၆: ဖရိုဖရဲ မီးခိုးရောင်စွမ်းအင်အလွှာ (အပိုင်းတစ်)
ဖေး အံ့အားသင့်သွားသည်နှင့်အမျှ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်စဉ်သည် ပိုမိုပြင်းထန်လာပါသည်။
လျှပ်စီးကြောင်းများ လင်းလက်ခြင်း ယမ်းထိုးနေသော မီးတောက်များ ရေခဲတောင်များ ကွဲအက်ခြင်း တောင်ကုန်းများ ပြိုကျခြင်း မြစ်များ ကေပြာင်းကပြန် ဖြစ်ခြင်း သတ္တုဒြပ်စင်များ လှုပ်ရှားလာခြင်း... ဒဏ္ဍာရီများတွင်သာ တည်ရှိခဲ့သော ကြောက်မက်ဖွယ်ကောင်းသော ခေးအော့ဓာတ်ပင် ပေါ်ပေါက်လာသည်။
ဤကမ္ဘာကို စုပေါင်း၍ ဖြစ်တည်စေသော ဓာတ်များအားလုံး အင်ပါယာရက်ဆင်၏ ပတ်လည် ကီလိုမီတာ ၁၀၀၀တွင်ပေါ်ပေါက်လာသည်။
ဓာတ်သဘာဝအားလုံး စုပုံသွား တိုက်မိသွားပြီး ပေါက်ကွဲ ပြိုကွဲကာ ညှိုးနွမ်းသွားကြသည်။ စက္ကူတစ်ရွက်ကဲ့သို့ပင်၊ အချိန်နေရာသည် သဘာဝတရား၏ ကန့်သတ်ထားသော ဥပဒေများ၏ အကူအညီဖြင့် ဖြည်းဖြည်းချင်း ပြန်လည်စုစည်းလာခြင်းမဖြစ်နိုင်မှီ အပိုင်းပိုင်းကွဲသွားပါသည်။ ထိုသို့သော ဖြစ်ရပ်သည် အဖန်ဖန်အလဲလဲဖြစ်နေသည်။
လပြည့်အဆင့်လက်ရွေးစင်များပင် ထိုနေရာ၏ အနီးတွင်ရှိပါက ဓာတ်သဘာဝများ၏ ပြိုကွဲမှုအတွင်း ပျောက်ကွယ်သွားရပေလိမ့်မည်။
ဤမြင်ကွင်းသည် ဖေး ကမ္ဘာမြေပေါ်ရှိ ကျင့်ကြံခြင်းဝတ္ထုများရှိ ကျင့်ကြံသူများ၏ ကပ်ဘေးနှင့်တူညီလှသည်။
လူသားများ၏ စွမ်းအားက သဘာဝမှ သတ်မှတ်ထားသည့် အကန့်အသတ်ထက် ကျော်လွန်သွားသည်နှင့် သူတို့ ဘယ်ကမ္ဘာ ဘယ်နယ်ပယ်မှာပဲ ရှိနေပါစေ သဘာဝတရားက သူတို့ကို ဖျက်ဆီးရန် ကြိုးစားလာမည်ဖြစ်သည်။ ထိုကပ်ဘေး ဒုက္ခကို ကျော်လွှားနိုင်သူများသာ အစစ်အမှန် သခင်များဖြစ်လာပြီး စွမ်းအားကိုရရှိနိုင်မည်ဖြစ်သည်။
ထို ရုတ်တရက်ပြောင်းလဲမှုက စစ်မြေပြင်မှ သူများကို အံ့ဩသွားစေသည်။
တံတိုင်းပေါ်ရှိ အဆင့်နိမ့် စစ်သည်များမှာ ဖြစ်ပျက်နေသည်ကို နားမလည်နိုင်ကြပေ။ ဇင်းနစ်၏ အစွမ်းထက်ရန်သူ နှစ်ယောက်က အင်ပါယာရက်ဆင်ကို အလစ်တိုက်ခိုက်နိုင်ခဲ့သည်ဟု ထင်နေကြသည်။
ထို့ကြောင့် အားလုံးစိုးရိမ်ပူပန်နေကြသည်။
မင်းသားကြီး၊ မင်းသမီးကြီးနဲ့ နတ်ဆိုးအမျိုးသမီးလို လူတွေတောင် စိုးရိမ်နေကြသည်။
သို့သော်လည်း ခဏတာ ရပ်တန့်ပြီးနောက်မှာ သူတို့ တစ်ခုခုကို သဘောပေါက်သွားပြီး ဖေး ဆီကို အားလုံး ကြည့်လိုက်ကြသည်။ ယခုအချိန်မှာတော့ ကောင်းကင်က ပုံရိပ်သုံးခုကို ယှဉ်နိုင်တဲ့ ချမ်းဘော့ဒ်၏ ဘုရင်တစ်ပါးတည်းသာ သူတို့ရဲ့ ခန့်မှန်းချက်တွေကို အတည်ပြုနိုင်၏။
ဖေး၏ အမူအရာကို မြင်ရသည့်အခါ ဘာတွေဖြစ်နေသည်ကို ချက်ချင်း နားလည်သွားကြသည်။
သိုင်းသူတော်စင်၏ မျက်နှာတွင် စိုးရိမ်ပူပန်မှု အနည်းငယ်တောင် မတွေ့ရချေ။ ထို့အစား သူ အံ့အားသင့်သွားပုံရသွားသည်။ ဖေး မျက်နှာမှာ ထိုကဲ့သို့ အမူအရာမျိုးကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
လွှမ်းမိုးနိုင်ပြီး အနိုင်မယူနိုင်သည် ဤပြိုင်ဘက်ကင်းတဲ့ ဆရာကြီးပင် အံ့အားသင့်သွားသည်က အရာအားလုံးကို သက်သေပြရန် လုံလောက်ပါသည်။
ထိုအချိန်တွင် အာရှာဗန်နှင့် တနာရှာ လိုလူတွေ ကြက်သီးထသွားပြီး သူတို့ရဲ့ နှလုံးသားတွေ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။
သူတို့ရဲ့ ခန့်မှန်းချက်တွေ မှန်ကန်ခဲ့ပါက ထိုအခြေအနေ မည်မျှ ကြီးမားသည်ကို သူတို့ နားလည်ကြသည်။
“မဖြစ်နိုင်ဘူး”
ဒီအလက်ဇန္ဒရိုနှင့် ကရီမောဗ် တို့က ထိပ်တန်း ဆရာသခင်များဖြစ်ပြီး ဧကရာဇ် ရက်ဆင်တွင် ဘာဖြစ်နေသည်ဆိုသည်ကို ချက်ချင်း မြင်လိုက်ရသည်။ ထို လူနှစ်ယောက်က သူတို့၏ ဇနီးများက အိမ်နီးချင်းများနှင့် ဖောက်ပြန်နေသည်ကို မြင်လိုက်ရသကဲ့သို့ သူတို့ မြင်နေရသည်ကို မယုံနိုင်ခဲ့ကြချေ။
“ဟားဟားဟား ရက်ဆင် က ဘယ်သူ့ထက်မှ မနိမ့်ကျဘူး”
ယခုအချိန်အထိ အလွန်တည်ငြိမ်နေသည့် ဧကရာဇ်ရက်ဆင်ဟာ ရုတ်တရက် စိတ်ဓာတ်တက်ကြွလာပြီး ရေခဲတုံးကြီးအဖြစ်မှ ချော်ရည်အိုင်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ့ တိုက်ပွဲဝင်ချင်စိတ်နှင့် ရန်လိုသည့် သဘောထားကြောင့် အခြားလူများက မီးလျှံတစ်ပွင့်ကပ်လာသည်နှယ် ခံစားလိုက်ကြရသည်။
အဇာရို့သ်မြောက်ပိုင်းဒေသမှာ လွှမ်းမိုးထားသည့် နာမည်ကြီးစကားပုံ ‘ရက်ဆင်ဟာ ဘယ်သူ့ထက်မှ မနိမ့်ကျဘူး’ ကို ရွတ်ဆိုပြီး ဧကရာဇ်ရက်ဆင်ဟာ မီးတောင်တစ်ခုလို စွမ်းအားကြီးသည့် သခင်နှစ်ဦးထံ အလျင်အမြန် ပြေးသွားခဲ့ပြီး ကြောက်စရာကောင်းသည့် သဘာဝဓာတ် မီး၊ ရေ၊ ရေခဲ၊ မိုးကြိုး၊ ကျောက်တုံး ရှုပ်ထွေးသည့်ဓာတ်များနှင့်အတူ သဘာဝဓာတ်များကမုန်တိုင်းတစ်ခုသဖွယ် သူ့ပတ်လည်မှာ လည်ပတ်နေ၏။
“ တိုက်ခိုက်ပြီး သူ့ကို သတ်ကြရအောင် နတ်ဘုရားတစ်ပိုင်းနယ်မြေကို ဦးတည်စေပြီး သဘာဝစိန်ခေါ်မှုကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခွင့် မပေးနိုင်ဘူး ” ဒီအလက်ဆန္ဒရို သွားတွေကို ကြိတ်ရင်း မဲမှောင်နေသော မျက်နှာအမူအရာနှင့် အော်ဟစ်လိုက်သည်။
“ ဟုတ်တယ် ဒီလူ နတ်ဘုရားတစ်ပိုင်းဖြစ်လာရင် ငါတို့ထဲက ဘယ်သူမှ အသက်ရှင်လျက် ဒီကနေ ထွက်သွားလို့ ရမှာမဟုတ်ဘူး ” ကာရီမော့ဗ်ကလည်း ဖိအားအောက်မှာ သူ့ဆုံးဖြတ်ချက်ကို ချလိုက်၏။
သူဟာ အခြေအနေကို ကောင်းကောင်းသိပါသည်။ သူ ဇင်းနစ် ကို လုံးဝစိတ်ဓာတ်ကျစေခဲ့သည့် လုပ်ရပ်မျိုး လုပ်ပြီးနောက် ဧကရာဇ်ရက်ဆင်က က နတ်ဘုရားတစ်ပိုင်း ဖြစ်လာပါက သူသေသွားနိုင်သလို အန်ဂျီး အင်ပါယာလည်း ဖုန်မှုန့်ဖြစ်သွားနိုင်သည်။ ဒီအလက်ဇန္ဒရိုက ကတော့ တိုက်ကြီး၏ သိုင်းသူတော်စင် ကို အားကိုးရင် ရှင်သန်နိုင်သော်လည်း သူတော့ ပြီးဆုံးသွားပြီဖြစ်သည်။
အခန်း ၁၀၄၆: ဖရိုဖရဲ မီးခိုးရောင်စွမ်းအင်အလွှာ (အပိုင်းနှစ်)
အစွမ်းထက်သော အရှင်သခင်နှစ်ဦးသည် သူတို့အတွက် နောက်ပြန်လှည့်ရန်လမ်းမရှိကြောင်း သိရှိကြပြီး အားကုန် ထုတ်သုံးကာ ဧကရာဇ်ရက်ဆင် သဘာဝတရား၏ကပ်ဘေး ကျော်ဖြတ်ခြင်းကို ရပ်တန့်ကြမည်ဖြစ်သည်။
သဘာဝဓာတ်များ ဧကရာဇ်ရက်ဆင်ကို တိုက်ခိုက်သောအခါ ထိုလူနတ်ဘုရားတစ်ပိုင်းမဖြစ်မှီ၌ ဝင်တိုက်ကြမည်ဟု နှစ်ဦးသားနားလည်းမှုယူလိုက်ကြသည်။
" နတ်ဘုရားအားလုံး၏ အဆုံးသတ် နတ်ဘုရားသတ်ခြင်းစာလိပ် "
နတ်ဘုရားတစ်ပိုင်းအဆင့်တိုက်ခိုက်ရေးလက်နက် [ကြယ်အမှတ်အသား] ကို ကြားခံအဖြစ် အသုံးပြု၍ ဒီအလက်ဇန္ဒရို သည် သူ၏အစွမ်းထက်သောတိုက်ခိုက်မှုကို ထပ်မံအသုံးပြုလိုက်သည်။ ဒဏ္ဍာရီနည်းစနစ်မှ လာသော ထိုတိုက်ခိုက်မှု စွမ်းအားသည် နတ်ဘုရားတစ်ပိုင်းအဆင့်လက်နက်မှတစ်ဆင့် အစွမ်းဆယ်ဆတိုးလာပြီး တောက်ပခြင်းနေအဆင့်၏ အထွတ်အထိပ်တံခါးဝကို ချိုးဖျက်လုနီးပါးအစွမ်းထက်လာသည်။
လှပ၍ပါးလွှာသော ငွေဓား နှစ်ခုအဖြစ်သို့ ပြောင်းလဲပြီးနောက် ထိုမှတစ်ဆင့် လေးခု၊ ရှစ်ခု၊ စသည်ဖြင့် များပြားလာကာ ဓားများ မရေမတွက်နိုင်အောင် များပြားလာသည်။ ထို့နောက် ဓားများသည် ရွေ့လျားလာပြီး ဧရာမယပ်တောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ဖျက်ဆီးတတ်သော စွမ်းအင်ဖြင့် သူတို့သည် သဘာဝဓာတမမုန်တိုင်း၏အလယ်ဗဟိုရှိ ပုံရိပ်ထံသို့ ပြေးဝင်သွားသည်။
ဒီအလက်ဇန္ဒရို ၏ တိုက်ခိုက်မှု စွမ်းအားသည် နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးလက်နက်ကို အသုံးပြုပြီးနောက် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားသည်။ တောက်ပခြင်းနေအထွတ်အထိပ်အဆင့်၌ရှိသူပင် ထိုတိုက်ခိုက်မှုကြောင့် အကြီးအကျယ်ဒဏ်ရာရသွားမည်ဖြစ်သည်။
တစ်ဖက်တွင် Kerimov သည်လည်း သူ့တွင်ရှိသမျှအရာအားလုံးကို အသုံးပြုခဲ့သည်။
သူသည် သုံးမီတာကျော်မြင့်သော ဧရာမလူအဖြစ်သို့ ပြောင်းလဲပြီးနောက် သူ၏ကြွက်သားများသည် ဖောင်းကြွလာပြီး သူ့ကို တောင်ငယ်လေးတစ်ခုကဲ့သို့ ထင်ရစေပြီး အခြားသူများက သူသည် စွမ်းအားပြည့်ဝနေသည်ဟု ခံစားရစေသည်။
တစ်ချိန်တည်းမှာပင် ရွှေရောင်အလင်းတန်းများသည် သူ၏အရေပြားအောက်တွင် မျောလွင့်နေပြီး သူ့ကို နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရစေသည်။ သူအော်ဟစ်လိုက်သောအခါ ဧရာမအဖြူရောင်အရိုးပေါ်ရှိ အနီရောင်စာလုံးများသည် ထွင်းထုထားသကဲ့သို့ တောက်ပလာပြီး နောက်ဆုံးတွင် ရှေးဦးသားရဲများ၏ ပုံရိပ်များကို ဖန်တီးပေးကာ တိရစ္ဆာန်များ၏ ဟိန်းဟောက်သံများ ဆက်လက်ထွက်ပေါ်နေသည်။
ကရီမော့ဗ် စွမ်းအားများ ဧရာမအရိုးကိုဖြတ်ပြီး ဒဏ္ဍာရီခေတ်မှ ဝိညာဉ်တစ္ဆေများကို ဧကရာဇ်ရက်ဆင်ထံပို့လွှတ်လိုက်သည်။
အရာအားလုံးက လျှပ်တစ်ပြက်အတွင်းမှာပင် ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။
ခဏလေးအတွင်းမှာပင် သဘာဝဓာတ်မုန်တိုင်းက အစွမ်းထက် အရှင်သခင်သုံးပါးကို ဖုံးအုပ်လိုက်ပြီး လေ၊ မိုးကြိုး၊ မီး၊ ရေနဲ့ မြေစတဲ့ ဓာတ်အမျိုးမျိုးက တစ်ခုနဲ့တစ်ခု တိုက်မိပြီး ပေါက်ကွဲထွက်လာကာ သူတို့သုံးဦးနှင့် အခြားလူများအကြားတွင် မီးခိုးရောင်စွမ်းအင်အလွှာတစ်ခု ဖြစ်ပေါ်လာစေသည်။
လျှို့ဝှက်ဆန်းကြယ်လှသည့် မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာပြီး လူအားလုံး၏ အမြင်အာရုံ ပြတ်တောက်သွားကာ မီတာ ၅၀၀ ထက် ပိုပြီး ဘာဖြစ်ပျက်နေသည်ကို သူတို့မမြင်ရတော့ချေ။
ထို မီးခိုးရောင်စွမ်းအင်မုန်တိုင်းက ကောင်းကင်နှင့် ချိတ်ဆက်ထားသည့် တိုင်တစ်တိုင်လိုပင် ထိုအရာမဖျ ထွက်လာသည့် အမှုန့်အနည်းငယ်ကပင် လအဆင့်အမြင့်ဆုံးလက်ရွေးစင်များကိုဖျက်ဆီးနိုင်သည်။
ကံကောင်းထောက်မစွာပင် သဘာဝတရား၏ ဥပဒေသများက ဧကရာဇ် ရက်ဆင်၏ လမ်းညွှန်မှုအောက်တွင်ပဲတားဆီးလိုက်ရာ သေစေနိုင်လောက်သည့် 'သဲမုန်တိုင်း' မှာ စိန့်ပီတာဘတ်ထံ ရွေ့မသွားခဲ့ချေ။
ထိုမီးခိုးရောင်စွမ်းအင်မုန်တိုင်းထဲ၌ အရောင်အမျိုးမျိုးနဲ့ ပေါက်ကွဲမှုများဖြစ်ပေါ်လာသည်။
အပြင်မှ တိုက်ပွဲကို မည်သူမျှ မမြင်နိုင်ကြချေ။ ဘယ်သူက အသာစီးရနေသည်ကိုလည်း မသိနိုင်ကြပါ။ ရလဒ်အနေနှင့် သူတို့ဟာ အသက်ပင်ဝဝမရှုဘဲ ဤဒဏ္ဍာရီလာတိုက်ပွဲ၏ ရလဒ်ကို စောင့်မျှော်ရတော့သည်။
တာနာရှာနဲ့ ပဲရစ် နှစ်ယောက်စလုံးဟာလည်း သူတို့၏ ထက်မြက်သည့်ညဏ်ရည်နှင့် မမှန်းဆနိုင်ကြပေ မျက်မှောင်ကြုတ်ပြီး စိုးရိမ်တကြီးသာ စောင့်ဆိုင်းနေကြသည်။
မင်းသားကြီးအာရှာဗန်မှာ ဂဏာမငြိမ်ဖြစ်၍ ဟိုလျှောက်ဒီလျှောက်လုပ်နေရ သူ့ချပ်ဝတ်များမှ တကျွတ်ကျွတ်မြည်နေပြီး တခြားသူများကိုပိုစိတ်လှုပ်ရှားနေစေသည်။
မူးမတ်များနှင့်စစ်သားများသည်လည်း လည်ပင်းရှည်အောင်မျှော်ကြည့်နေကြသည်။ တိုက်ပွဲတစ်ခုလုံး သုံးနာရီကြာမြင့်ခဲ့၏။
နောက်ဆုံးတော့ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး စွမ်းအင်မုန်တိုင်းထဲမှ ကရီမောဗ်နှင့် ဒီအလက်ဇန္ဒရိုတို့နှစ်ဦးထွက်လာသည်။
“ ဟားဟားဟား အခု မင်းသေပြီ ဟားဟားဟား ” ဒီအလက်ဇန္ဒရို က မာနထောင်လွှားစွာ ရယ်မောနေသည်။
End