အခန်း ၁၀၄၇
Vol. 71 Ch. 1047
အခန်း ၁၀၄၇: ဘာတွေဖြစ်နေတာလဲ။ (အပိုင်းတစ်)
ယခုအချိန်၌ ဒီအလက်ဇန္ဒရိုမှာ အခြေအနေကောင်းတွင်ရှိမနေပေ။ သူ့၏ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ပေါ်တွင် ကြီးမားသော သေးငယ်သော ဒဏ်ရာအမျိုးမျိုး ပေါ်လာပြီး တစ်ယောက်ယောက်က သူ့ကို ဓားထက်ထက်နဲ့ အကြိမ်ရာနဲ့ချီ ခုတ်နေသကဲ့သို့ဖြစ်နေသည်။ သူ့မျက်နှာတွင်လည်း သွေးထွက်ဒဏ်ရာ အများအပြားကြီးရှိပြီး သူ့၏ သွေးများက နတ်ဘုရားတစ်ပိုင်းအဆင့်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အဝတ်အစားအားလုံးတွင် စွန်းထင်းနေသည်။ သူ့၏ ချပ်ဝတ်များသည်လည်း ပြတ်ရှရာ အပြည့်ဖြစ်နေသည်။
ပိုအံ့သြစရာကောင်းသည်က သူ့ဒဏ်ရာထဲတွင် ဓာတ်များ ရောနှောနေပြီး သူ့အသားကို ဆက်လက်စားသုံးနေကာ ဒဏ်ရာတွေကို ဗိုင်းရပ်စ်လို ကြီးထွားစေနေသည်။ တောက်ပသော နေအဆင့် အရှင်သခင်များတွင်သာ ထိုသို့ပျက်စီးမှုကို ခံနိုင်ရည်ရှိသည့် ခန္ဓာကိုယ်များရှိသည်။ အားနည်းသည့် နေအဆင့်အရှင်သခင်များသာဆိုပါက ခန္တာကိုယ်က ချက်ချင်းပြိုကွဲသွားမည်ဖြစ်သည်။
ဒီအလက်ဇန္ဒရို၏ လက်ထဲတွင် ဘာမျှမရှိတော့ပေ။ ကြယ်အမှတ်အသားက ပျက်ဆီးသွားသည်လား ပျောက်ကွယ်သွားသည်လားကို အဝေးမှသူများ မသဲကွဲဖြစ်နေသည်။
အသေးစိတ်အချက်အလက်အားလုံးက ဒီအလက်ဇန္ဒရို ဟာ အခြေအနေဆိုးမှာ ရှိနေသည်ဆိုသည်ကို ပြသနေသည်။ သို့သော် သူသည် ကျေနပ်အားရစွာ ပြုံးနေသည်။
သူ့ဘေးတွင် အန်ဂျီဧကရာဇ် ကရီမော့ဗ်သည် အရပ်ပုပြီး ဝဝဖိုင့်ဖိုင့်ဖြစ်နေသည်။ သူသည် သူ၏ ဧရာမပုံစံမဟုတ်တော့ဘဲ ဒဏ်ရာများစွာဖြင့် ကြောက်စရာကောင်းလောက်အောင် ဖြူဖွေးနေသော သတ်ဖြတ်ခံထားရသည့် ဝက်ကြီးတစ်ကောင်ကဲ့သို့ပင်။ ဒဏ်ရာအချို့သည် အလွန်ပြင်းထန်သောကြောင့် သူ့ခန္ဓာကိုယ်မှ အသားစများ တွဲလောင်းကျနေပြီး အဖြူရောင်အရိုးများစွာကို ပေါ်လွင်စေသည်။ ၎င်းသည် ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုဖြစ်သည်။
သူ့လက်ထဲတွင်ရှိသော ချောမွေ့ပြီး တောက်ပြောင်သော အဖြူရောင်သားရဲအရိုးသည် ယခုအခါ မှိန်သွားပြီး ကယ်လ်စီယမ်ချို့တဲ့နေသော သေလုမျောပါးသားရဲ၏ ခြေထောက်မှ ဆွဲထုတ်ခံရသော အရိုးဟောင်းတစ်ခုကဲ့သို့ ထင်ရသည်။ ရှေးဟောင်း အနီရောင်ရုန်းများအားလုံး ပျောက်ကွယ်သွားပြီး ပါးလွှာသော အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသည်။
နှစ်ဦးစလုံးသည် ကြောက်စရာကောင်းသော်လည်း ၎င်းတို့၏မျက်နှာများတွင် အပြုံးများဖြင့် ပျော်ရွှင်နေကြသည်။
ကောင်းကင်တွင် ရပ်ကာ ဖြည်းဖြည်းချင်း ပျံ့နှံ့နေသော သဘာဝဓာတ်များ၏မုန်တိုင်းကို ကြည့်နေစဉ် ရှုပ်ထွေးနေသော မီးခိုးရောင်စွမ်းအင်အလွှာ ပါးလွှာလာသည်နှင့်အမျှ အင်ပါယာရက်ဆင်၏ ပုံရိပ်ကို မှုန်ဝါးစွာ မြင်လာရသည်။
အင်ပါယာရက်ဆင်၏ အခြေအနေကို ဇင်းနစ်သားများအနေနှင့် မသိနိုင်ကြသော်လည်း ကရိမောဗ်နှင့် ဒီအလက်ဇန္ဒရိုတို့၏ ဟန်ပန်ကြည့်၍ စိုးရိမ်ကာ ရင်တုန်နေကြသည်။
တနာရှာ နှင့် ပဲရစ်တို့၏ မျက်ခုံးများ ကျုံ့သွားသကဲ့သို့ အာရှာဗန် လည်း အလွန်စိုးရိမ်သွားသည်။ သူက ခံတပ်ကို ဆွဲကိုင်ပြီး အသက်ကို ပြင်းပြင်းရှူနေ၏။
ဖေးလည်း အနည်းငယ် စိုးရိမ်နေသည့်တိုင် မျှော်လင့်ချက်အနည်းငယ်တော့ ရှိနေသေးသည်။
မကြာခင်မှာပင် ရှုပ်ထွေးနေသည့် မီးခိုးရောင်စွမ်းအင်မုန်တိုင်း ငြိမ်သက်သွားပြီး မြင်နိုင်စွမ်း သိသိသာသာ တိုးလာသည်။ မိတ်လိုက်ပြီးသွားသည့် သားရဲများသဖွယ် ကြမ်းတမ်းလှသော သဘာဝဓာတ်များမှာ နူးညံ့လာပြီး တဖြည်းဖြည်း ရောနှောပျောက်ကွယ်သွားကာ ကောင်းကင်မှာ တဖတ်ပြန်လည် ကကြည်လင်လာသည်။
ဧကရာဇ်ရက်ဆင်၏ ပုံရိပ်သည်လည်း လူတိုင်း၏မြင်ကွင်းထဲတွင် ဖြည်းဖြည်းချင်း ပြန်ပေါ်လာသည်။
သူ့တွင် ဘာဒဏ်ရာမျှ မတွေ့ရချေ။ အခြေအနေဆိုးရွားနေတဲ့ ဒီအလက်ဇန္ဒရို၊ ကိရီမောဗ်တို့နှင့် မတူဘဲ ဧကရာဇ်ရက်ဆင်က လုံးဝကောင်းမွန်နေသည်။ ဒီအလက်ဇန္ဒရို က ပါးလွှာပြီး နူးညံ့သည့် ကြယ်အမှတ်အသား ကို အသုံးပြုပြီး ချန်ထားခဲ့သော သူ့ ကောင်းကင်ပြာရောင်ဝတ်ရုံပေါ်က အပေါက်နှစ်ခုမှလွဲရင် ဘာမျှမထိခိုက်ခဲ့ပုံရနေသည်။
သူ့ အပြာရောင်ဆံပင်ရှည်များက လေထဲတွင် တဖျပ်ဖျပ်လွင့်နေဆဲဖြစ်ပြီး ဧရာမလှိုင်းလုံးကြီးတစ်ခုလို ခမ်းနားထည်ဝါကာ ဂုဏ်သိက္ခာရှိရှိ လှုပ်ရှားနေသည်ာ
" ဒဏ်ရာမရှိဘူးလား "
ထိုအဖြစ်ကိုမြင်ပြီးနောက် လူတချို့က ဝမ်းသာအားရ အော်ဟစ်နေကြ၏။
သို့သော်လည်း နောက်မြင်ကွင်းကြောင့် ဇင်းနစ်သားများ၏ နှလုံးသားများ လည်ချောင်းထဲမှ ခုန်ထွက်လာသလို ခံစားရပြီး တချို့ကတော့ ကျယ်လောင်စွာ အော်ဟစ်နေကြသည်။ အာရှာဗန်နှင့်တနာရှာလို တော်ဝင်မိသားစုဝင်များကမူ တံတိုင်းပေါ်မှ ခုန်ဆင်းပြီး ဧကရာဇ်ရက်ဆင့် ဘေးကို အပြေးအလွှားသွားတော့မည်ပုံဖြစ်သွားသည်။
ဧကရာဇ်ရက်ဆင်ကို ကြည့်လိုက်သည့်အခါ လူအားလုံး သူ့ကျောမှ ငွေရောင်ဓားထိပ်ဖျားတစ်ခု ထွက်နေသည်ကိုမြင်လိုက်ရသည်။ ထိုဓားက ဒီအလက်ဇန္ဒရို၏ [ကြယ်တံဆိပ်] ဖြစ်ပြီး ဧကရာဇ်ရက်ဆင်၏သွေးများက လှပသည့် ဓားပါးလေး၏ သွေးမျောမှစီးကျနေသည်။
ရွှေရောင်သွေးစက်များက ဓားပေါ်မှ စီးကျလာပြီး ရေကာတာလို ကောင်းကင်မှ ကျဆင်းလာသည်ာ
ဖေး အံ့အားသင့်သွားသည်။ သူ့ရဲ့စွမ်းအင်များကို မျက်လုံးတွင် အာရုံစိုက်ပြီး သေချာကြည့်လိုက်၏။ ထိုအခါ သူ အတည်ပြုနိုင်လိုက်သည်။ [ကြယ်အမှတ်အသား] သည် နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးလက်နက်ဖြစ်ပြီး ဧကရာဇ်ယာဆင်၏ ရင်ဘတ်ကို ရှေ့မှထိုးဖောက်ကာ နှလုံးကို ဖြတ်၍ နောက်ဘက်မှ ပြန်ထွက်လာခဲ့သည်။
အခန်း ၁၀၄၇: ဘာတွေဖြစ်နေတာလဲ။ (အပိုင်းနှစ်)
“ ဒါမဖြစ်နိုင်ဘူး ” ဒါက ဖေး၏ ပထမဆုံးတုံ့ပြန်မှုဖြစ်သည်။ “ဧကရာဇ်ရက်ဆင် က မောက်မာပြီး ပေါ့ဆတတ်တဲ့သူမဟုတ်ဘူး သူသေချာမသိတဲ့တိုက်ပွဲမှာ ဘယ်တော့မှ ပါဝင်မှာမဟုတ်ဘူး သူ့အဆင့်ရှိတဲ့ နေအဆင့်အရှင်သခင် နှစ်ယောက်နဲ့ တိုက်ခိုက်နေရပေမယ့် အနည်းဆုံးတော့ သူအသက်ရှင်လျက် ထွက်သွားနိုင်သင့်တယ် ဘယ်လိုလုပ် ဒီလောက်ပြင်းထန်စွာ ဒဏ်ရာရနိုင်တာလဲ နတ်ဘုရားတစ်ပိုင်း လက်နက်တစ်ခုက သူ့နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွားတယ် တောက်ပခြင်းနေအဆင့် အမြင့်ဆုံးတောင် ဒီဒဏ်ရာကြောင့် သေသွားလိမ့်မယ်... အဲဒီမှာ ဘာတွေဖြစ်ခဲ့တာလဲ ”
ဖေး က သူ့လက်ကို ဝှေ့ယမ်းလိုက်သည့်အခါ အာရှာဗန်နှင့် တနာရှာတို့လို တော်ဝင်မိသားစုဝင်တွေကို အဓိပ္ပာယ်မဲ့သည့်အရာများ မလုပ်နိုင်အောင် ကြီးမားသည့်စွမ်းအင်တစ်ခုက ပျံ့နှံ့ကာရံသွားသည်။ ထို့နေုရ် သူက ရှေ့ကို ပြေးသွားပြီး ဧကရာဇ်ရက်ဆင်၏ဘေးတွင် ပေါ်လာသည်။
[ကြယ်အမှတ်]၏ သွေးလမ်းကြောင်းတစ်လျှောက် ရွှေရောင်အနည်းသွေးငယ်စီးဆင်းနေရာမှ စမ်းချောင်းတစ်ခုလို ပိုပို မြန်မြန်စီးလာသည်။
ကောင်းကင်မှ ကျဆင်းလာသော သွေးအမြောက်အမြားတွင် အထွတ်အထိပ် တောက်ပခြင်းနေအဆင့်၏ စွမ်းအင်များ ပါဝင်သည်။ ထိုကဲ့သို့သော သွေးတစ်စက်သည် အထွတ်အထိပ် လပြည့်အဆင့်ရှိသူတစ်ဦး ကို သတ်နိုင်သည်။ သွေးတွင် သဘာဝတရား၏ ဥပဒေသအချို့လည်း ပါဝင်သောကြောင့် ၎င်းတို့သည် မြေပြင်ပေါ် ကျရောက်သောအခါတွင် နက်ရှိုင်းသော အပေါက်များဖြစ်ပေါ် လောင်ကျွမ်းသွား၏။ အရည်ပျော်သတ္တုကို နှင်းပြင်ပေါ်သို့ ပစ်ချလိုက်သကဲ့သို့ သွေးစက်များသည် မြေပြင်ပေါ်တွင် မီတာ ၁၀၀၀ ကျော်နက်သော အပေါက်များဖြစ်စေပြီးမှ ပျောက်ကွယ်သွားသည်။
ဖေး သည် ဧကရာဇ်ရက်ဆင်၏ သွေးထွက်ခြင်းကို ရပ်တန့်ရန် ကူညီလိုခဲ့သည်။
သို့သော် ၎င်းသည် အသုံးမဝင်ပါ။ သူ၏ကိုယ်ပိုင်စွမ်းအင်ကို အသုံးပြုသည်ဖြစ်စေဒိုင်ယာဘလိုကမ္ဘာ မှ ဆေးရည်များကို အသုံးပြုသည်ဖြစ်စေ အရေးမကြီးလှပေ။
ဒီအလက်ဇန္ဒား ၏ [ကြယ်အမှတ်] သည် ဧကရာဇ်ရက်ဆင် ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသောအခါ ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်သည် ဧကရာဇ်ရက်ဆင်၏ နေအဆင့်အရှင်ဗဟိုချက် ကို ဝါးမျိုဖျက်ဆီးနေသကဲ့သို့ ထင်ရသည်။ ထို့အပြင်၊ ၎င်းသည် ဧကရာဇ်ရာက်ဆင် ၏ သွေးကို တွန်းထုတ်ပြီး သူ၏ခန္ဓာကိုယ်ကို ဖျက်ဆီးရန် အကောင်းဆုံးကြိုးစားနေသည်။
သို့သော် ဖေးက က ထိုလှပသည့် ဓားကို ဆွဲထုတ်မရဖြစ်နေသည်။ သူ အတင်းအကျပ်လုပ်ပါက ဧကရာဇ်ရက်ဆင်၏ ခန္ဓာကိုယ်ဟာ ပျောက်ကွယ်သွားပြီး ဖုန်မှုန့်များအဖြစ် ပြိုကွဲသွားပေလိမ့်မည်။
“ငါ ဘာလုပ်သင့်လဲ ” ဖေး က ကမ္ဘာမြေနှင့် အဇာရိုသ့် နှစ်ဘဝ နေထိုင်ခဲ့ရသော်လည်း အခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို မသိသလို ချွေးလည်း အရမ်းထွက်နေသည်။
ပိုဝေးသည့်နေရာ၌ မာရာဒိုနာ၏ ဒုတိယတပည့် ဒီအလက်ဇန္ဒရိုနှင့် ဧကရာဇ်ကရိမော့ဗ်တို့ နှစ်ယောက်လုံးက သူတို့၏ မောက်မာမှုနှင့် စိတ်လှုပ်ရှားမှုတို့ကို လုံးဝဖုံးကွယ်မထားဘဲ မာနထောင်လွှားစွာ ရယ်မောလိုက်ကြသည်။ ဓားတစ်ချောင်းလိုပင် သူတို့၏ ရယ်သံများက ဇင်းနစ်သားများ၏ နှလုံးသားထဲ တိုးဝင်သွား၏။
ဒီအလက်ဇန္ဒရိုက ဖေး ကိုကြည့်ပြီး လှောင်ပြောင်သည့် အပြုံးနှင့် “ဟားဟားဟား ငါ့ရဲ့ နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးလက်နက်က ရက်ဆင် အဘိုးကြီးရဲ့ နှလုံးသားကို ထိုးဖောက်ဝင်ရောက်သွားတယ် သူ သေချာပေါက် သေပြီ! နတ်ဘုရားတစ်ပါး ပေါ်လာရင်တောင် သူ့ကို ကယ်တင်လို့ မရဘူး ဟားဟား ဒီနေ့တိုက်ပွဲ ပြီးဆုံးသွားပြီရလဒ်က ဆုံးဖြတ်ပြီးသားပဲ ဇင်းနစ် အင်ပါယာ ပြိုကွဲသွားလိမ့်မယ် ”
“ဟုတ်တယ် ဒီနေ့မှာ ငါတို့ဇင်းနစ် အင်ပါယာကို ဖျက်ဆီးပစ်မယ် သွေးမျိုးဆက်တစ်ခုမှ မကျန်တဲ့အထိ အဇာရို့သ် ရဲ့ မြောက်ပိုင်းဒေသတစ်ခုလုံးဟာ ငါတို့အန်ဂျီး အင်ပါယာရဲ့ နယ်မြေဖြစ်လာလိမ့်မယ် ဟားဟား ငါ့ရဲ့ အိပ်မက် မကြာခင် အသက်ဝင်လာတော့မှာပါ ဟားဟား ” စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျော့ပါးသွားပြီးနောက် ကရီမောဗ့် လည်း ရူးသွပ်စွာရယ်မောလိုက်သည်။
တံတိုင်းပေါ်၌ ညည်းညူသံတွေနှင့် အော်ဟစ်သံများ ထွက်ပေါ်လာ၏။
ဖေး က ဧကရာဇ်ရက်ဆင်၏ ခန္ဓာကိုယ်မှယ စက္ကန့်တိုင်း ပိုပိုပြီး အေးစက်လာပြီး သမုဒ္ဒရာလို ကြီးမားသည့် အသက်စွမ်းအင်က ဖယောင်းတိုင်မီးရောင်လို အားနည်းနေပြီး ဘယ်အချိန်မဆို သေတော့မယ့်ပုံပေါက်သည့်အထိ လျော့နည်းလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
“ မင်းတို့အားလုံး သေပြီဘဲ ”
ဖေး မျက်လုံးများ ရဲရဲနီသွားပြီး ပြင်းထန်သည့် လူသတ်ချင်စိတ်က သူ့မျက်လုံးများကထွက် ပေါ်နေသည်။ ဒိုင်ယာဘလို ကမ္ဘာ၌ သူစုဆောင်းထားသည့် သတ်ဖြတ်ခြင်းအရှိန်အဝါများ ထွက်ပေါ်လာပြီး ဖေး၏အနောက်၌ တောင်လိုပုံနေသည့် အလောင်းပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ဖေးဟာ ချစ်ရသူတစ်ယောက် ဆုံးရှုံးသွားသကဲ့သို့ အလွန်ဝမ်းနည်းနေသည်။ သူခံစားနေရသည့် ဒေါသနှင့် ဝမ်းနည်းမှုများက သူ့ဝိညာဉ်မှ လာနေသလို ခံစားနေရ၏။
ဖေးဟာ ရန်သူများကို တိုက်ခိုက်တော့မည့်အချိန်တွင်ဘဲ သူ့နားမှ တိုးတိုးလေး တီးတိုးရေရွတ်သံတစ်ခု ထွက်ပေါ်လာသည်။ “ မတိုက်ခိုက်နဲ့ ငါ့ခန္ဓာကိုယ်ကိုပဲ ကာကွယ် ”
End
ဖေး မျက်လုံးများ ရဲရဲနီသွားပြီး ပြင်းထန်သည့် လူသတ်ချင်စိတ်က သူ့မျက်လုံးများကထွက်