အခန်း ၁၀၄၈
Vol. 71 Ch. 1048
အခန်း ၁၀၄၈: သေဆုံးခြင်း သို့မဟုတ် ပြန်လည်မွေးဖွားခြင်း? (အပိုင်းတစ်)
ထိုအသံက တိုးညှင်းလှသော်လည်း ဖေးအတွက် ခေါင်းလောင်းသံထက်ပင် ပို၍ ကျယ်လောင်သေးသည်။
အသံက အေးစက်နေသော အင်ပါယာရက်ဆင်၏ ခန္တာကိုယ်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ပထမစက္ကန့်အတွင်းတွက် ဖေး သူ နားကြားလွဲနေသည်ဟု ထင်ခဲ့သေးသည်။
သို့သော်လည်း အင်ပါယာရက်ဆင်၏ ကိုယ်တွင် ဖြစ်ပျက်နေသော အပြောင်းအလဲများကို သူခံစားမိသွားသည်။
ခန္တာကိုယ်က လုံးဝအေးစက်သွားခဲ့သည်။ နတ်ဘုရားအဆင့် ကြယ်အမှတ်အသား၏ တိုက်ခိုက်မှုကြောင့် အသားများက ကျိုးကြေပိပြားသွားခဲ့သည်။
သို့သော်လည်း ဆန်းကြယ်လှသည်က ခန္တာကိုယ်က တိုက်ခိုက်ရေးအင်အားများ ထွက်ပေါ်မလာသော်လည်း ကောင်းကင်မှ ပြုတ်ကျလာခြင်းမရှိချေ။ ထို့အပြင် အားနည်းသော်လည်း တည်မြဲနေဆဲအသက်စွမ်းအင်တစ်ခုလည်း ရှိနေပြီး ၎င်းက အင်ပါယာရက်ဆင်၏ ကိုယ်မှ ထွက်ခွာရန်ငြင်းဆန်နေသည်။
“ဒါက…” ဖေး၏ အရောင်ပြောင်းသွားသည်။ ထိုအားနည်းသည့် အသက်စွမ်းအင်၏ နောက်ကွယ်မှ ကြီးမားသည့် အလားအလာကို သူ ခံစားလိုက်ရသည်။
စိုးရိမ်နေရာမှ ဖေးလည်း စိတ်အေးသွားပြီး သူ၏ သတ်ဖြတ်လိုစိတ်ကိုလျှော့ကာ အင်ပါယာရက်ဆင်အား ကာကွယ်စောင့်ရှောက်လိုက်၏။
ကျူးကျော်လာသူ ဒီအလက်ဇန္ဒရိုတို့လည်း အခြေအနေကို သတိထားမိသွားပြီး မျက်နှာပျက်သွားကြသည်။
“အခြေအနေက ထူးဆန်းတယ်…” ဒီအလက်ဇန္ဒရို သည် ကြယ်အမှတ်အသား မှ သူ့ထံ ပြန်ပေးသော ထူးဆန်းသည့်တုံ့ပြန်မှုကို ခံစားမိသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
“ ဒီလူယုတ်မာက ဒီလောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရတာတောင် ပြန်လည်ရှင်သန်လာနိုင်ဦးမှာလား ” ဧကရာဇ်ကရိမောဗ် သံသယဖြစ်ဖွယ်လေသံဖြင့် ပြောသော်လည်း သူ၏မျက်နှာအမူအရာက လေးနက်သွားသည်။ ခဏတာ ရပ်တန့်ပြီးနောက် သူက ထပ်ပြောသည်မှာ “သူ့ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်ရအောင် ပြီးရင် သူဘယ်လို အခြေအနေကို ပြောင်းလဲနိုင်မလဲဆိုတာ ကြည့်ရမယ် ”
တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီးနောက် ဒီအလက်ဇန္ဒရို နှင့် ကရီမောဗ် တို့သည် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ကို ထိုးဖောက်ပြီးနောက် ဖေး ကို တိုက်ခိုက်ခဲ့သည်။
ဖေး သည် ဒူးအနည်းငယ်ကို ကွေးကာ လက်သီးများကို ဆုပ်ကာ လက်များကို ပြန်ဆွဲလိုက်သည်။ သူထိုသို့ပြုလုပ်နေစဉ်တွင်ဖေး ၏လက်သီးများမှ အော်ဟစ်သံများ ထွက်ပေါ်လာပြီး တိုက်ပွဲနတ်ဘုရားသည် ထိုလက်သီးများမှတစ်ဆင့် ဆက်သွယ်နေသကဲ့သို့ သူ၏ပြိုင်ဘက်များအား ကြောက်ရွံ့မှုကို ခံစားရစေသည်။ ထိုအကျိုးသက်ရောက်မှုသည် လူရိုင်း၏ ဟစ်ကြွေးခြင်းကျွမ်းကျင်မှု နှင့် အလွန်ဆင်တူသည်။
အနိုင်ရယူနိုင်သော ဧကရာဇ်လက်သီး – တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည့်ကျွမ်းကျင်မှု။
ဖေး သည် သူ၏လက်သီးများကို ဝှေ့ယမ်းလိုက်သောအခါ ရွှေရောင်စွမ်းအင်လက်သီးနှစ်လုံး လွင့်ထွက်သွားပြီး အရှင်သခင်နှစ်ဦးကို တိုက်ခိုက်ခဲ့သည်။
ရွှေရောင်စွမ်းအင်လက်သီးများ ရှေ့သို့ လွင့်ထွက်သွားသောအခါ လေသံများသည် တိုက်ပွဲနတ်ဘုရား၏ အော်ဟစ်သံများအဖြစ်သို့ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းများသည် အပြင်ဘက်သို့ ရွေ့လျားကာ ရန်သူများထံ နီးကပ်လာခဲ့သည်။
၎င်းသည် ပြိုင်ဘက်မှန်သမျှကိုအနိုင်ရယူနိုင်သော ဧကရာဇ်လက်သီး၏ ဆင့်ကဲပြောင်းလဲလာသော ဗားရှင်းဖြစ်သည်။
ယခင်က ဖေး သည် ဤတိုက်ခိုက်မှုကို အသုံးမပြုမီ လူရိုင်း၏ဟစ်ကြွေးခြင်း ကို အသုံးပြုခဲ့ရပြီး ထိုသို့လုပ်ရန် သူကိုယ်တိုင် အော်ဟစ်ရမည်ဖြစ်သည်။
သို့သော် ဧကရာဇ်ရက်ဆင်၏ နဂါးလက်သီးကို မြင်တွေ့ပြီး လှုံ့ဆော်မှုရရှိကာ ဤကြီးကျယ်သောလူသား၏ နတ်ဘုရားတစ်ပိုင်းအဆင့်သို့ စိန်ခေါ်မှုကို လေ့လာပြီးနောက် ဖေး သည် အာရုံခံစားမှုတစ်ခုရရှိခဲ့ပြီး သူကြာမြင့်စွာက ဖန်တီးခဲ့သော သူ၏ မအောင်နိုင်သောဧကရာဇ်လက်သီးသည် နောက်ဆုံးတွင် တိုးတက်ကောင်းမွန်လာခဲ့သည်။
ထိုသို့တိုးတက်မှုသည် သူသည် အော်ဟစ်ပြီး ဟစ်ကြွေးခြင်း ကို အသုံးပြုရန် မလိုအပ်တော့ဟု မဆိုလိုပါ။ ထို့အစား ဟစ်ေကြွးခြင်း၏ အကျိုးသက်ရောက်မှုကို ဤလက်သီးနည်းစနစ်တွင် လုံးဝပေါင်းစပ်ထားသည်။ ဤနည်းစနစ်၏ စွမ်းအားသည် အဆပေါင်းများစွာ တိုးလာပြီး ၎င်းသည်ပိုမို နက်ရှိုင်းသည်။ နောက် ဒဏ္ဍာရီနည်းစနစ်တစ်ခုဖြစ်လာပြီး ၎င်း၏ အစောပိုင်းအဆင့်တွင် ရှိနေသည်။
ရွှေရောင်စွမ်းအင်လက်သီးများသည် မိုးကောင်းကင်တွင် ဥက္ကာပျံများကဲ့သို့ ပျံသန်းသွားသည်။
ဒီအလက်ဇန္ဒရို နှင့် ကရီမောဗ် နှစ်ဦးစလုံးသည် ဖေး ထက် ပိုမိုအားကောင်းသော်လည်း၊ ၎င်းတို့၏စိတ်များသည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် ထိခိုက်ခဲ့ရပြီး ခဏတာမျှ အံ့အားသင့်သွားကြသည်။
သူတို့သည် အာရုံပျံ့လွင့်နေပြီး ဧကရာဇ်ရက်ဆင်နှင့် တိုက်ပွဲအတွင်း သဘာဝဓာတ်မုန်တိုင်းကလည်း ၎င်းတို့ကို တိုက်ခိုက်သောအခါ အတော်လေး ဒဏ်ရာရရှိခဲ့သဖြင့် ဖေး ၏ စွမ်းအင်လက်သီးများကြောင့် ၎င်းတို့ ပြန်လည်လဲကျသွားခဲ့သည်။
“ သေစမ်း "
" မြေနိုး "
အခန်း ၁၀၄၈: သေဆုံးခြင်းလား ပြန်လည်မွေးဖွားခြင်းလား။ (အပိုင်းနှစ်)
သခင်နှစ်ယောက် ဒေါသတကြီး အော်ဟစ်လိုက်ကြပြီး တစ်ချိန်တည်းမှာပဲ ရှက်ရွံ့သွားကြသည်။ မီတာအနည်းငယ် နောက်ဆုတ်သွားပြီးနောက် ပိုပြီး ပြင်းထန်စွာ တိုက်ခိုက်လာကြသည်။ သူတို့တစ်ယောက်ချင်းစီက သူတို့၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို အသုံးပြုပြီး စစ်သည်တော် စွမ်းအင်မီးတောက်များကို ပြင်းထန်စွာ လောင်ကျွမ်းစေလိုက်ကြသည်။ သူတို့နှစ်ဦးက အလွန်လျှင်မြန်သည်ဖြစ်ရာ ကောင်းကင်တွင် အလင်းတန်းနှစ်ခုသာ မြင်လိုက်ရသည်။
အစွမ်းထက် စွမ်းအင်လှိုင်းများက လေဆင်နှာမောင်းနဂါးနှစ်ကောင်ကို ဖန်တီးပြီး ဖေး နှင့် ဧကရာဇ်ရက်ဆင်၏ ပတ်ပတ်လည်တွင်ဟိန်းဟောက်ကာ ဖိအားပေးနေကြတယ်။
မိနစ်ပေါင်းများစွာ ကြာပြီးနောက် အခြေအနေက ပြန်ပြောင်းလဲသွားသည်။
ဖေး၏ တကယ့်အစွမ်းက ငရဲပုံစံ လူရိုင်းအဆင့် 79 ဖြစ်ပြီး ထိုအဆင့်က အဆင့်နိမ့် တောက်ပခြင်း နေအဆင့်နှင့်ညီမျှသည်ယ ဘာပဲဖြစ်ဖြစ် သူ့ စွမ်းအားအဆင့်က အဲဒီသခင်နှစ်ယောက်ထက် နိမ့်ကျပြီး နှစ်ယောက်တစ်ယောက် တိုက်နေရသည်။ ထိုအရှင်သခင်နှစ်ယောက်က ဒဏ်ရာရနေသော်လည်း ဖေးအထင်မသေးဝံ့ပေ။
သူတို့တိုက်ခိုက်နေချိန်မှာပင် ဒီအလက်ဇန္ဒရို က အခွင့်အရေးတစ်ခုကို ရှာတွေ့ပြီး ဖေး ကိုကျော်ကာ ဧကရာဇ်ရက်ဆင်၏ခန္ဓာကိုယ်ကို တွန့်ဆုတ်ခြင်းမရှိဘဲ တိုက်ခိုက်ခဲ့သည်။
“ သေစမ်း ” ဖေး ကြောက်လန့်သွားပြီး သူ့ရဲ့ခုခံမှုကျဆင်းသွားသဖြင့် ကရီမော့ဗ်၏တိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။ သူက ရှေ့ကို အလျင်အမြန်ပြေးသွားပြီး ဒီအလက်ဇန္ဒရို၏ တိုက်ခိုက်မှုကို အလျင်အမြန်တားဆီးလိုက်သည်။
ဒီအလက်ဇန္ဒရို၏ လက်သီးကြောင့် ဖေး သွေးတွေချက်ချင်းအန်ထွက်သွားသည်။ နေအဆင့်ကို နောက်ဆုံးဝင်ရောက်ပြီးနောက် ဖေး၏ခန္ဓာကိုယ်က သိပ်မပြောင်းလဲဟု ထင်ရသည်။ သူ့သွေးက အနီရောင်ဖြစ်နေဆဲပါပင်၊ သို့သော် သွေးစက်ထဲ၌ ပါသည့် စွမ်းအင်များက အခြားအရှင်သခင်သုံးဦးနှင့်ယှဉ်ပါက နိမ့်ကျခြင်းမရှိပေ။ ထိုသွေးစက်များက လအဆင့် အမြင့်ဆုံးများကိုသတ်ဖြတ်နိုင်ပေသည်။
ဒီအလက်ဇန္ဒရို၏ လက်သီးချက်က ဖေး ကို ပြင်းထန်စွာဒဏ်ရာရစေခဲ့သည်။
ဧကရာဇ် ရက်ဆင်၏ ခန္ဓာကိုယ်ကို တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် ဖေး ဟာ အကြိမ်ကြိမ်ထိုးနှက်ခံခဲ့ရပြီး ကြောက်စရာကောင်းသည့် အပေါက်အပြဲများနှင့် ဒဏ်ရာများ သူ့ခန္ဓာကိုယ်တွင် ပေါ်လာခဲ့သည်။ သူက သံတူကြီးများနှင့် ထုနှက်ခံထားရသည့် သတ္ထုရုပ်တစ်ခုပုံပေါက်နေပြီး တစ်ကိုယ်လုံးပိန်လိန်နေသည်။
ထိုသို့ ဖြစ်နေသော်လည်း ဖေး နောက်မဆုတ်ချင်ပေ။
ဘာကြောင့်မှန်းမသိသော်လည်း လျှို့ဝှက်ဆန်းကြယ်သည့်ခံစားချက်က ဖေး၏စိတ်ထဲတွင် ထပ်ခါထပ်ခါပေါ်လာသည်။ ထိုခံစားချက်ကို ဖေးမထိန်းချုပ်နိုင်ချေ။ ခံစားချက်က သူအနေနှင့် ဧကရာဇ်ရက်ဆင်၏ အလောင်းကိုကာကွယ်ရမည်။ မကာကွယ်ပါက ဘဝတစ်လျှောက်လုံးနောင်တရမည်ဟူ၍ဖြစ်သည်။
ထပ်ခါတလဲလဲ ဒဏ်ရာရပြီးနောက် ဖေး အခြေအနေက ပိုဆိုးလာပြီး အားနည်းချက်အမျိုးမျိုး ပေါ်လာ၏။
ထိုကဲ့သို့ဖြစ်ပေါ်ပြီးနောက် ဖေး နွမ်းနယ်သွားပြီး ဆက်တောင့်မခံနိုင်တောချေ။
ဒီအလက်ဇန္ဒရို က ထပ်ထိုးပြန်သည်။ စွမ်းအင်နဂါးတစ်ကောင်က ဖေး ကို ဖြတ်ပြီး ဧကရာဇ်ရက်ဆင်၏ အလောင်းဆီ ရောက်သွားသည်။
ယခုတော့ ဖေး ဆက်မတားဆီးနိုင်တော့ချေ။
ဧကရာဇ်ရက်ဆင်၏ ခန္ဓာကိုယ် အပိုင်းပိုင်းကွဲသွားတော့မည့်အချိန်မှာပင် လျှို့ဝှက်ဆန်းကြယ်သည့် ပြောင်းလဲမှုတစ်ခု ပေါ်လာခဲ့သည်။ ဆူညံသံ အများအပြားနှင့် နဂါးလို စွမ်းအင်လက်သီးကဧကရာဇ်ရက်ဆင်၏ ခန္ဓာကိုယ်ကမှ ဆယ်မီတာအကွာအရောက်တွင် ဘယ်တုန်းကမှ မရှိခဲ့သလိုပျောက်ကွယ်သွား၏။
ဆယ်မီတာကျော်ရှည်ပြီး ငွေရောင်ဖျော့ဖျော့တောက်ပနေသည့် နဂါးလို စွမ်းအင်လက်သီးဟာ တစ်စက္ကန့်အတွင်းမှာပင် ချက်ချင်းပျောက်ကွယ်သွားသည်။ တောင်တွေကို ဖြိုခွင်းနိုင်လောက်အောင် အစွမ်းထက်သော်လည်း လုံးက အခြားလောကတစ်ခုထံရောက်သွားသကဲ့သို့ ပျောက်ကွယ်သွားသည်။
“ဒါက…” ဒီအလက်ဇန္ဒရို အံ့အားသင့်သွားသည်။ သူ့ စွမ်းအင်နှင့် စွမ်းအင်လက်သီး၏ အရှိန်အဝါကို သူ မခံစားနိုင်တော့ချေ။ လုံးဝချိတ်ဆက်မှု ပြတ်တောက်သွားခြင်းဖြစ်သည်။
“ဒါ မဖြစ်နိုင်ဘူး… နယ်မြေတစ်ခုလား” ဧကရာဇ်ကရီမော့ဗ်ရဲ့ အသံတုန်ခါသွားသည်။ သူဟာ မခံမရပ်နိုင် အောင်ဖြစ်စေသည့် ဖိအား အရိပ်အယောင်ကို ခံစားမိပြီးသားဖြစ်သည်။
ကြောင်တစ်ကောင်ကို မြင်လိုက်သည် ကြွက်များလို သူတို့နှစ်ယောက်လုံး ချက်ချင်း ထွက်ပြေးသွားကြပါသည်။ သူတို့ဟာ ဖေး ကို လုံးဝထားခဲ့ကာ မီတာ ၁၀၀၀ ကျော် ထိရောက်သွား၏။ သူတို့စိတ်ထဲ၌ ဘေးကင်းလောက်သည့်အကွာအဝေးတစ်ခုရောက်မှ ကြောက်လန့်တကြား ရပ်တန့်ပြီး ကောင်းကင်မှာရှိတဲ့ ဧကရာဇ်ရက်ဆင်၏ အေးစက်စက်န္ဓာကိုယ်ကို သံသယဝင်စွာ ပြန်ကြည့်လိုက်ကြသည်။
End
ဒိုင်ယာဘလို ကမ္ဘာ၌ သူစုဆောင်းထားသည့် သတ်ဖြတ်ခြင်းအရှိန်အဝါများ ထွက်ပေါ်လာပြီး ဖေး၏အနောက်၌ တောင်လိုပုံနေသည့် အလောင်းပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ဖေးဟာ ချစ်ရသူတစ်ယောက် ဆုံးရှုံးသွားသကဲ့သို့ အလွန်ဝမ်းနည်းနေသည်။ သူခံစားနေရသည့် ဒေါသနှင့် ဝမ်းနည်းမှုများက သူ့ဝိညာဉ်မှ လာနေသလို ခံစားနေရ၏။
ဖေးဟာ ရန်သူများကို တိုက်ခိုက်တော့မည့်အချိန်တွင်ဘဲ သူ့နားမှ တိုးတိုးလေး တီးတိုးရေရွတ်သံတစ်ခု ထွက်ပေါ်လာသည်။ “ မတိုက်ခိုက်နဲ့ ငါ့ခန္ဓာကိုယ်ကိုပဲ ကာကွယ် ”
End