အခန်း ၁၀၄၉
Vol. 71 Ch. 1049
အခန်း ၁၀၄၉: နတ်ဘုရားတစ်ပါး မွေးဖွားခြင်း (အပိုင်းတစ်)
ဤအချိန်တွင် ဖေး၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
နယ်မြေ; ဤစကားလုံးသည် အဇာရို့သ် တိုက်ကြီးတွင် ထူးခြားသည်။ ဤကမ္ဘာပေါ်ရှိ သခင်တိုင်းသည် ဤစကားလုံးကို ယခင်က ကြားဖူးသော်လည်း ၎င်းတို့၏ အဆင့်အတန်းထက် များစွာကျော်လွန်နေရာ လက်တွေ့မသိရှိကြပေ။ ၎င်းက နတ်ဘုရားအဆင့် အရှင်သခင်များသာ ပိုင်ဆိုင်သည့်အရာဖြစ်သည်။
နေ အဆင့် အရှင်သခင်များသည် သဘာဝတရား၏ ဥပဒေများကို နားလည်ခြင်းဖြင့် နေအဆင့်သဘာဝလွန်ဖြစ်ရပ် ဖန်တီးနိုင်သော်လည်း နေအဆင့်သဘာဝလွန်ဖြစ်ရပ်သည် နေရာလပ်အနည်းငယ်တွင် ဖန်တီးထားမှုသာဖြစ်သည်။ ထိုဧရိယာကို ချိုးဖျက်နိုင်သရွေ့ အတွင်းရှိ လူများသည် ခုန်ထွက်ပြီး ပုံမှန်ကမ္ဘာသို့ ပြန်သွားနိုင်သည်။
နယ်မြေများ၏ စွမ်းအားသည် အခြားအဆင့်တွင် ရှိသည်။ နယ်မြေများသည် သဘာဝတရား၏ ဥပဒေများကို ကျော်လွန်သည်။
နေအဆင့်ထက် ကျော်လွန်သော အရှင်သခင်များသည် ကမ္ဘာကြီးကို ငုံ့ကြည့်နိုင်ပြီး ထာဝရနေထိုင်နိုင်သည်။ ၎င်းတို့သည် သဘာဝတရား၏ ဥပဒေအားလုံးကို ပြောင်းလဲနိုင်ပြီး ကမ္ဘာသည် ၎င်းတို့ကို ချည်နှောင်ထားတော့မည် မဟုတ်ပါ။
နတ်ဘုရား စွမ်းအား လုံလောက်စွာ ရှိသရွေ့ နယ်မြေတစ်ခုလုံးကို ၎င်းတို့၏ နယ်မြေများထဲတွင် ဖုံးအုပ်ထားနိုင်သည်။ ၎င်းတို့၏ နယ်မြေထဲတွင် ပြိုင်ဘက်က ရေထဲကကျား ကုန်းပေါ်ကငါးလို အားနည်းသွားမည်ဖြစ်သည်။ ၎င်းတို့က လောကကြီးထံမှ ဓာတ်စွမ်းအားများကို မစုပ်ယူနိုင်တော့ဘဲ ကလေးငယ်တစ်ဦးလိုအားနည်သွားမည်ဖြစ်သည်။
“ အင်ပါယာ ရက်ဆင်က နတ်ဘုရားတစ်ပိုင်းဖြစ်သွားတာလား သေသွားတာလား ” ဖေး သူ့ဘာသာသူ တွေးပြီး ဖြစ်ပျက်နေသည်များကို နားမလည်နိုင်ဖြစ်နေ၏။
ဒီအလက်ဇန္ဒရိုက ခပ်ရွံ့ရွံ့ဖြစ်နေရင်း အင်ပါယာရက်ဆင်ထံ လက်သီးချက်တစ်ခု ထိုးလိုက်သည်။
ဖေးလည်း မူလက တားဆီရန်ပြင်နေရာမှ စိတ်ပြောင်းပြီး လွှတ်ပေးလိုက်သည်။
ဒီအလက်ဇန္ဒရို၏ ပြင်းထန်လှသည့် လက်သီးက ငွေရောင်နဂါးသဖွယ် စွမ်းအင်လက်သီးကို ဖေယ်ထုတ်ထားပြီး ထိုနဂါးက ကောင်းကင်ယံ၌ အော်ဟစ်ကာ ဧကရာဇ်ရက်ဆင်ထံ ကြမ်းတမ်းစွာ ပြေးဝင်သွားသည်။
ယခုတော့ လူတိုင်း အခြေအနေကို ပိုကောင်းကောင်းမြင်လာကြသည်။ ငွေရောင်နဂါးသဖွယ် စွမ်းအင်လက်သီးက ဧကရာဇ်ရက်ဆင်၏အလောင်းနား ဆယ်မီတာအတွင်း ရောက်လာသည့်အခါ အခြေခံသဘာဝဓာတ်များအဖြစ် ပြိုကွဲသွား၏။ ထိုဖြစ်စဉ်က အလွန်လျင်မြန်ရာ ငွေရောင်နဂါးသဖွယ် စွမ်းအင်လက်သီးမှာ အခြားကမ္ဘာတစ်ခုကို ပို့ဆောင်ခံလိုက်ရပြီး လုံးဝပျောက်ကွယ်သွားသလို ထင်ရသည်။
ထိုအရာကနယ်မြေဖြစ်သည်။
ဤကမ္ဘာ၌ နယ်မြေတစ်ခု၏ စွမ်းအားကသကြောက်စရာကောင်းသည် ဤတိုက်ခိုက်မှုမျိုးကို အလွယ်တကူ ဖျက်ဆီးနိုင်သည်။
လူတိုင်း အံ့အားသင့်နေချိန်မှာပင် ရုတ်တရက် ပိုထူးဆန်းတဲ့အရာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဧကရာဇ်ရက်ဆင်ရဲ့ နောက်ဆုံးသွေးစက်က သူ့ခန္ဓာကိုယ်မှတစ်ဆင့် နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးလက်နက် [ကြယ်အမှတ်အသား] ၏ သွေးလမ်းကြောင်းတစ်လျှောက် စီးဆင်းပြီး မြေပြင်ပေါ်ကို ကျဆင်းသွားသည်။
စက်ဝန်းတစ်ခု၏ အဆုံးဟုထင်ရသော်လည်း စက်ဝန်းအသစ်တစ်ခု၏ အစဖြစ်သည်။ ရွှေရောင်သွေးစက်က ဓားပေါ်က ထွက်သွားသည်နှင့် [ကြယ်အမှတ်အသား] က ရုတ်တရက် တုန်ခါလာသည်။
လူတိုင်း၏ ကြောက်ရွံ့ထိတ်လန့်နေသည့် အကြည့်တွေအောက်မှာပင် လှပသည့် ဓားပါးလွှာဟာ ပြင်းထန်စွာ တုန်ခါလာသည်။ နောက်ဆုံးမှာတွင် ထိုတုန်ခါမှုက အရမ်းပြင်းထန်လွန်းသဖြင့် ဒီအလက်ဇန္ဒရိုနှင့် နဲ့ ဖေး လို ပညာရှင်များပင် မမြင်နိုင်တော့ချေ။ ယခုအချိန်၌ မည်သူမျှ ဓားကို စိုက်မကြည့်နိုင်တော့ချေ။ သူတို့၏ ခန္ဓာကိုယ်များကွဲအက်တော့မည်ဟု ခံစားရပြီး မူးဝေလာကြသည်။ နယ်မြေတစ်ခုလုံး၏ လျှို့ဝှက်ဆန်းကြယ်သည့်စွမ်းအားက ထိုနေရာကို မဖုံးလွှမ်းဘူးဆိုပါက စိန့်ပီတာဘတ်မြို့၏ ကီလိုမီတာရာပေါင်းများစွာအတွင်းက နေရာတစ်ခုလုံးဟာ ဤပြင်းထန်သည့်တုန်ခါမှုကြောင့် ပျက်စီးသွားရပေလိမ့်မည်။
ထိုတုန်ခါမှုဟာ စက္ကန့် ၃၀ လောက်ကြာ ပြီးမှ ရုတ်တရက် ပျောက်ကွယ်သွား၏။
လူတိုင်း ပြန် မော့ကြည့်လိုက်ရာ[ကြယ်အမှတ်အသား] ကို ချက်ချင်းပြန်မြင်လိုက်သည်။ မိတ်ကပ်တွေအားလုံး ဖျက်ထားသည့် ချောမောသောအမျိုးသမီး နာမည်ကြီးတစ်ယောက်လိုပင် တောက်ပသည့် ဓားဟာ မှိန်သွားပြီး ချောမွေ့သည့် မှန်လို ခန္ဓာကိုယ်ဟာ ကြမ်းတမ်းသွားသည်။ ပင့်ကူအိမ်လို အက်ကွဲကြောင်းတွေက ဓားခန္ဓာကိုယ်တစ်ခုလုံးမှာ ပေါ်လာပြီး ဖုန်မှုန့်တွေအဖြစ် ပြောင်းလဲသွားကာ လေတိုက်တိုင်း လွင့်စင်သွားမည့်ပုံပေါ်နေသည်။
ထိုနတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးလက်နက်က သူ့ နတ်ဘုရားအနှစ်သာရအားလုံးကုန်ခန်းသွားပြီဖြစ်သည်။
“ အား ” ဒီအလက်ဇန္ဒရို အော်လိုက်ပြီး သွေးမြားတစ်စင်း သူ့ပါးစပ်ကနေ ပစ်ထွက်လာသည်။ သူက ထိုလက်နက်ကို သွေးဖြင့် ဝိညာဉ် ချိတ်ဆက်ထားရာ တိုက်ခိုက်ရေးလက်နက် ပျက်စီးသွားသည့်အခါတိုင်း ပြင်းထန်သည့် တန်ပြန်မှုကို ခံစားလိုက်ရသည်။
ဘမ်း!
ကြွေအိုးတစ်လုံး ကွဲသွားသကဲ့သို့ [ကြယ်အမှတ်အသား] ဟာ နောက်ဆုံးတွင် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
၎င်းက နတ်ဘုရားတစ်ပိုင်းအဆင့် တိုက်ခိုက်ရေးလက်နက်တစ်ခုဖြစ်ပြီး အဆင့် ၆ အောက် မည်သည့်အင်ပါယာတွင်မဆို အဖိုးတန်ဆုံးရတနာဖြစ်လာရန် လုံလောက်သည်။ သို့သော် ၎င်းသည် အဖျက်ဆီးခံလိုက်ရ၏။
အရာအားလုံးသည် အလွန်မြန်ဆန်စွာဖြစ်ပျက်သွားသောကြောင့် လူများသည် အံ့အားသင့်ရန် အခွင့်အရေးမရခဲ့ကြချေ။
အခန်း ၁၀၄၉: နတ်ဘုရားတစ်ပါး မွေးဖွားခြင်း (အပိုင်းနှစ်)
-နောက်တစ်ခဏတွင်-
ဘမ်း... ဘမ်း! ဘမ်း... ဘမ်း! ဘမ်း... ဘမ်း...
ကြီးမားသော ဗုံကြီးတစ်လုံး တီးခတ်နေသကဲ့သို့ ကျယ်လောင်သော အသံများ ဆက်တိုက် ထွက်ပေါ်လာသည်။ စည်းချက်တစ်ခု မြည်တိုင်း ကမ္ဘာကြီး၏ ကံကြမ္မာသည် စည်းချက်နှင့်အတူ ရွေ့လျားသွားသကဲ့သို့ ထင်ရသည်။ နောက်ဆုံးတွင် စစ်သည်စွမ်းအင် သို့မဟုတ် မှော်စွမ်းအင် မရှိသော သာမန်လူများမှလွဲ၍ ကျန်သူများအားလုံးသည် ခွန်အားကြီးသည်ဖြစ်စေ၊ အားနည်းသည်ဖြစ်စေ ထိခိုက်ခဲ့ရသည်။ ဖေးကဲ့သို့သော ထိပ်တန်းမာစတာများပင် မိမိကိုယ်ကို ကာကွယ်ရန် စွမ်းအားကို ထုတ်လွှတ်ခဲ့ရသည်။ လူအားလုံး၏ နှလုံးများသည် စည်းချက်နှင့်အတူ ခုန်နေပြီး ထိန်းချုပ်မှုမှ လွတ်နေသည်ကို တွေ့လိုက်ရသည်။
တစ်စုံတစ်ယောက်သည် ပိုမိုအစွမ်းထက်လေ ပိုမိုထိခိုက်လေဖြစ်သည်။
တစ်မိနစ်အတွင်း လူတိုင်းသည် ၎င်းတို့၏ နှလုံးခုန်နှုန်းများ ပြောင်းလဲသွားပြီး ပုံမှန်ထက် များစွာမြန်ဆန်လာသည်ဟု ခံစားခဲ့ရသည်။ ထူးဆန်းသော ဤစည်းချက်သာ စက္ကန့်အနည်းငယ် ဆက်လက်ဖြစ်ပေါ်မည်ဆိုပါက အားလုံး ပေါက်ကွဲသွားလိမ့်မည်။
သို့သော် တစ်မိနစ်အတွင်း ဗုံတီးသံကဲ့သို့သော အသံများ ပျောက်ကွယ်သွားခဲ့သည်။
"မဟုတ်ဘူး... ဗုံမဟုတ်ဘူး ဒါနှလုံးခုန်သံပဲ "
သူတို့၏ခန္ဓာကိုယ်မိားကို ထိန်းချုပ်နိုင်ပြီးနောက် ဖေး၊ ဒီအလက်ဇန္ဒရို နှင့် ဧကရာဇ်ကရီမောဗ် တို့ရုတ်တရက် တစ်ခုခုကို သဘောပေါက်သွားကြသည်။
သူတို့ မော့ကြည့်လိုက်တော့ ဧကရာဇ်ရက်တင်၏ နှလုံးထဲမှ သွေးထွက်နေသည့် အပေါက် ပျောက်သွားပြီဆိုသည်ကို တွေ့လိုက်ရသည်။ မိုးပြာရောင်ဝတ်ရုံတွင် ဒဏ်ရာတစ်ခုဖြစ်ပွားခဲ့သည်ကို ပြသနေသည် အပေါက်ကလွဲလို့ ဘာမျှမကျန်ရှိခဲ့ပေ။ အမာရွတ် သို့မဟုတ် ပွန်းပဲ့ရာပင် မကျန်ခဲ့ချေ။
သခင်သုံးယောက်ကို အထိတ်လန့်ဆုံးဖြစ်စေသည်က ဧကရာဇ်ရက်ဆင်၏ ခန္တာကိုယ်မှ သွေးအားလုံး ထွက်သွားသော်လည်း သူ့နှလုံးက ဖြည်းဖြည်းချင်းခုန်လာသည်။ သူ့ရင်ဘတ်က နှလုံးခုန်သံနှင့် ထပ်တူ မြင့်လိုက်နိမ့်လိုက်ဖြစ်နေသည်။
သူ့ရင်ဘတ်က မြင့်တက်လာတိုင်း သေစေနိုင်လောက်သည် 'ဗုံသံ' က ပြန်ပြီး တိတ်ဆိတ်သွားသည်။
ဧကရာဇ် ရက်ဆင်၏ နှလုံးခုန်သံက ပိုပိုပြီး ပုံမှန်ဖြစ်လာသည်နှင့်အမျှ သေစေနိုင်လောက်သည့် 'ဗုံသံ' များ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
နောက်တစ်ခဏ၌ပင် အလောင်းတွင် မရှိသင့်သည့် မဖော်ပြနိုင်လောက်အောင် အစွမ်းထက်သည့်စွမ်းအင်များ ပေါ်လာ၏။ အပြောကျယ်လှသည့် သမုဒ္ဒယာထဲမှ ဆူနာမီကဲ့သို့ပင် စွမ်းအင်များက အရပ်မျက်နှာတိုင်းမှ ပြေးဝင်လာ၏။
ထိုအချိန်တွင် ဧကရာဇ်ရက်ဆင်၏ ပိတ်ထားသောမျက်လုံးများပြန်ပွင့်လာသည်။
ချက်ချင်းပင် အရာအားလုံး တိတ်ဆိတ်သွားပြီး တစ်တိုက်လုံးခနမျှငြိမ်သက်သွားသည်။လူသား နယ်ပယ်ထက် ကျော်လွန်သည့် နတ်ဘုရားတစ်ပိုင်း မွေးဖွားလာပြီဖြစ်သည်။
ရွှေရောင်အလင်းတန်းတစ်ခု တောက်ပသွားပြီးနောက် ဧကရာဇ်ရက်ဆင်၏ ကောင်းကင်ပြာရောင် တော်ဝင်ဝတ်ရုံပေါ်က ပျက်စီးမှုအားလုံး ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်သည်။
စွမ်းအင်တစ်စုံတစ်ရာကို မခံစားရသော်လည်း စိန့်ပီတာဘတ်မြို့၏ တံတိုင်းအဖြစ်ပေါင်းစပ်ဖွဲ့စည်းထားသော သဲနှင့် ကျောက်တုံးများသည် အသက်ရှိသကဲ့သို့ ၎င်းတို့ဘာသာ ရွေ့လျားလာပြီး အလိုအလျောက်ပျက်စီးမှုများကိုပြင်ဆင်နေ၏။ အချိန်များ နောက်ပြန်ဆုတ်သွားသည့်အလားပင်။
တံတိုင်းပေါ်၌ ပြင်းထန်စွာ ဒဏ်ရာရရှိထားသော စစ်သားများလည်း လုံးဝပြန်လည်ကောင်းမွန်လာခဲ့သည်။ ၎င်းတို့အနက် အချို့သည် သေခြင်းတံခါးဝမှ ပြန်လည်ခေါ်ဆောင်ခံခဲ့ရသူများဖြစ်ပြီး ၎င်းတို့၏ ပျက်စီးနေသော ကိုယ်တွင်းအင်္ဂါများနှင့် ကျိုးနေသော ခြေလက်များသည် ယခင်ပုံသဏ္ဍာန်အတိုင်း ပြန်လည်ကြီးထွားလာခဲ့သည်။
စိန့်ပီတာဘတ်မြို့ရှိ လူအများစုသည် ဘာဖြစ်သွားသည်ကို မသိကြသော်လည်း ၎င်းတို့သည် ဗီဇစိတ်အတိုင်း ဒူးထောက်ကာ ဦးညွှတ်ကာ ကောင်းကင်ရှိ ဧကရာဇ်ကို အရိုအသေပြုကြ၏။
တာနာရှာနှင့် အာရှာဗန်ကဲ့သို့သော တော်ဝင်အဖွဲ့ဝင်များနှင့် မင်းမျိုးမင်းနွယ်များသည် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး ချက်ချင်းဒူးထောက်ကာ ကြွေးကြော်ကာ အားပေးခဲ့ကြသည်။
အဝေးတွင် ရပ်နေသော ဒီအလက်ဇန္ဒရို နှင့် ဧကရာဇ် ကရီမောဗ် တို့ပင် ကြီးမားသောဖိအားကို ခံစားခဲ့ရသည်။ သူတို့အနေနှင့် ဆန္ဒမရှိသော်လည်း ဒူးများကအလိုလိုကွေးညွှတ်လာ၏။ ထို့ကြောင့် အားကုန်သုံးကာ ထိန်းထားရသည်။
နောက်တစ်ခဏ၌ ဧကရာဇ်ရက်ဆင်က လက်ကို ထပ်မံဝှေ့ယမ်းလိုက်သောအခါ အစွမ်းထက်သောစွမ်းအင်ပါရှိသည့် ရွှေရောင်အလင်းတန်းတစ်ခုက ဖီးကို ဝန်းရံသွားသည်။
End