အခန်း ၁၀၅၀
Vol. 71 Ch. 1050
အခန်း ၁၀၅၀: နတ်ဘုရားတစ်ပါး၏ စွမ်းရည်များ (အပိုင်းတစ်)
ဖေး အံ့အားသင့်သွားသည်။
သူ့ခန္ဓာကိုယ် အေးခဲသွားသလို ခံစားရပြီး ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ နောက်တစ်ခဏတွင် ရေကာတာတစ်ခုက ခြောက်သွေ့သော မြစ်ကြမ်းပြင်ပေါ်သို့ ထိန်းထားသောရေများ ထုတ်လွှတ်လိုက်သကဲ့သို့ နွေးထွေးသော ရေစီးကြောင်းများသည် သူ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာသည်။
နွေဦးရာသီ မိုးဖွဲဖွဲများ ရွာသွန်းလာသဖြင့် ပေါင်းပင်များ ရှင်သန်လာသကဲ့သို့ ဖေး၏ ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံး ကြီးထွားလာသည်။ ဤခံစားချက်သည် ဒိုင်ယာဘလိုကမ္ဘာ ရှိ အဆင့်မြှင့်တင်မှုများနှင့် နှိုင်းယှဉ်ပါက ပို၍ပင် သက်တောင့်သက်သာရှိသည်။
ဖေးသည် မာစတာနှစ်ဦးဖြစ်သည့် ဒီအလက်ဇန္ဒရိုနှင့် နှင့် အင်ပါယာ ကရီမောဗ့် တို့နှင့် တိုက်ခိုက်သောအခါ သူသည် အတော်လေး ဒဏ်ရာရခဲ့သည်။ သူ၏ အရိုးများနှင့် ကြွက်သားများအားလုံးနီးပါး ကျိုးကြေသွားခဲ့သည်။ ဤနွေးထွေးသော စီးကြောင်းများ၏ ကုသမှုအောက်တွင် သူ၏ ဒဏ်ရာအားလုံးသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။ စက္ကန့်အနည်းငယ်အတွင်း သူသည် သူ၏ အကောင်းဆုံးအခြေအနေကို ပြန်ရောက်သွားသည်။
သို့သော် ဖေးသည် သူ့ကို ကုသပြီးနောက် နွေးထွေးသော ရေစီးကြောင်းများသည် သူ့ဝမ်းဗိုက်ထဲသို့ စုပုံလာပြီး ရွှေရောင်အစေ့တစ်ခုအဖြစ် ဖွဲ့စည်းကာ သူ့ခန္ဓာကိုယ်ထဲသို့ နက်ရှိုင်းစွာ အမြစ်တွယ်နေသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။
၎င်းက နတ်ဘုရားစွမ်းအား တစ်ပိုင်းပါသော အစေ့ဖြစ်သည်။ ၎င်းကိုသာ ဖေးနားလည်နိုင်ပါက သူ့ကိုယ်ပိုင်စွမ်းအင်ဖြစ် ပုံစံတူစွမ်းအင်ဖန်တီးနိုင်လာမည်ဖြစ်သည်။ ထိုအဖြစ်က ဖေး၏ ကျင့်ကြံလမ်းကြောင်းအတွက် ကြီးကျယ်သော အခွှင့်အလမ်းဖြစ်သည်။ အင်ပါယာရက်ဆင်က ဖေးကို နတ်ဘုရားတစ်ပိုင်းနယ်မြေအတွက်တံခါးပေါက်ဖွှင့်ပေးလိုက်ခြင်းဖြစ်၏။ စစ်သည်တိုင်းအတွက် ၎င်းက ကြီးကျယ်လွန်းသည် ကံကောင်းမှု အခွှင့်အရေးတစ်ခုဖြစ်သည်။
သို့သော် ဆန့်ကျင်ဘက်အနေနှင့် ဖေး မျက်မှောင်ကြုတ်မိသွားသည်။
ဖေးက သူ့ဒဏ်ရာ အခြေအနေကို ကောင်းကောင်းသိသည်။ သူ၏ ကုသရေးဆေးများ ပြန်လည်ရှင်သန်ရေး ဆေးများဖြင့် ထိုဒဏ်ရာများကို ကုသနိုင်သည်။ အင်ပါယာရက်ဆင်က ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် ကူညီခဲ့သော်လည်း သူ့အနေနှင့် ဖေး၏ ခန္တာကိုယ်မှ လျှို့ဝှက်ချက်များကို မြင်ေတွ့လိုက်ရပြီဖြစ်သည်။ စစ်သည်တော်တိုင်း အတွက် ခန္တာကိုယ်က လျှို့ဝှက်ဖြစ်သည်။ ထိုလျှို့ဝှက်ချက်သာ ဖော်ထုတ်ခံရပါက အားနည်းချက်လည်း ပေါ်ပေါက်သွားပြီး ပြိုင်ဘက်မှ အလွယ်တကူအသာယူနိုင်ပေလိမ့်မည်။
ထိုအပြင် ဧကရာဇ်ရက်ဆင်က သူ့အပေါ် မည်သို့ သဘောထားကို ဖေး သေချာမသိချေ။
ပုံမှန်အားဖြင့် ဧကရာဇ်အားလုံးသည် ဩဇာကြီးမားသော လက်အောက်ငယ်သားများကို သတိထားကြလိမ့်မည်။ ဧကရာဇ်ရက်ဆင်သည်လည်း တူညီစွာတွေးမတွေး မည်သူသိနိုင်မည်နည်း။ ကြီးကျယ်ခမ်းနားသော အုပ်စိုးရှင်က ဖေး၏ခန္ဓာကိုယ်ထဲတွင် စိုက်ပျိုးခဲ့သော ဤနတ်ဘုရားတစ်ပိုင်းမျိုးစေ့သည် အမှန်တကယ် အချိန်ဗုံးတစ်လုံးဖြစ်ပါက မည်သို့လုပ်မည်နည်း။
ဖေး အနည်းငယ်စိုးရိမ်နေသော်လည်း ဘာမှမတတ်နိုင်ပါ။
အဆင့်အတန်းနှင့် ဩဇာအာဏာ နှစ်မျိုးလုံးအရ၊ ယခု နတ်ဘုရားတစ်ပိုင်းဖြစ်နေသော ဧကရာဇ်ရက်ဆင်သည် ဖေး မနာခံနိုင်သောသူမဟုတ်ပါ။
ဖေးထက် ပိုကြောက်ရွံ့သူကတော့ ဧကရာဇ်ကရီမောဗ်နှင့် ဒီအလက်ဇန္ဒရိုတို့သာဖြစ်ကြသည်။ ဧကရာဇ်ရက်ဆင် နတ်ဘုရားတစ်ပိုင်းအဆင့်သို့ဝင်ရောက်သည်နှင့် သူတို့၏အဆုံးသတ်သည် ကပိုနီးကပ်လာသည်။ တောက်ပခြင်းနေ အမြင့်ဆုံးအဆင့်ရှိ အရှင်သခင်နှစ်ဦးသည် နတ်ဘုရားတစ်ပိုင်း၏ အစွမ်းနှင့်နှင့် ဒေါသကို မကိုင်တွယ်နိုင်ကြပေ။ အဆင့်တစ်ခုဖြင့်သာ ပိုင်းခြားထားသော်လည်း လူသားနှင့် နတ်ဘုရားကြား ကွာခြားလှသည်။ နတ်ဘုရားတစ်ပိုင်း၏ အသက်ရှုသံသည်ပင် လူသိန်းချီကို ချက်ချင်းသတ်နိုင်သည်။
“ ပြေးရမယ် ”
ဤလူနှစ်ဦး၏ ပထမဆုံးတုံ့ပြန်မှုဖြစ်သည်။ သူတို့ ပြန်တိုက်ခိုက်ဖို့တောင် မစဉ်းစားကြပေ။
ဧကရာဇ်ရက်ဆင်ကတော့ သူတို့ကိုသတိပင်မထားဘဲ ဖေးကိုသာ ပြုံးကြည့်နေ၏။ သူ့အပြုံးက နက်နဲပြီး ခံစားချက်များပါဝင်ကာ နူးညံ့နေသည်။
ရန်သူနှစ်ယောက် ထွက်ပြေးတော့မည်ဟု ဖေး သတိပေးခါနီးတွင် ဧကရာဇ်ရက်ဆင်က ခေါင်းပင်မလှည့်ဘဲ ထိုသခင်နှစ်ယောက် ထွက်သွားသည့်လမ်းကြောင်းကို လက်ယပ်ခေါ်လိုက်သည်။
ကရီမောဗ်နှင့် ဒီအလက်ဇန္ဒရိုတို့ ထွက်ပြေးနေသည်မှာ ကီလိုမီတာ၁၀၀ကျော်ရောက်နေပြီး မည်သူမျှသူတို့ကိုမမြင်ရတော့ပေ။
သို့သော်လည်း ဧကရာဇ်ကသူတို့ကို လှမ်းခေါ်လိုက်၏။ တိတိကျကျပြောရမည်ဆိုပါက ထိုအရှင်သခင်နှစ်ယောက်ကို ကီလိုမီတာရာပေါင်းများစွာမှ ချက်ချင်းရှေ့သို့ ရောက်လာစေခြင်းဖြစ်သည်။ ဒီအလက်ဇန္ဒရိုနှင့် ဧကရာဇ်ကရီမော့ဗ် နှစ်ယောက်လုံး ဘာဖြစ်သွားသည်ကို မသိသည်က ထင်ရှားသည်။ သူတို့ စိန့်ပီတာဘတ်မြို့ပြင်ကို ပြန်ရောက်နေသည်ကို မြင်သည့်အခါ အလွန်ကြောက်လန့်သွားကြ၏။
" မင်းငါ့ကိုသတ်လို့မရဘူး ငါက မာရာဒိုနာရဲ့တပည့် မင်းငါ့ကိုသတ်ရင် မင်းဒုက္ခရောက်လိမ့်မယ် ငါ့ဆရာက လွန်ခဲ့တဲ့နှစ်ပေါင်းရာနဲ့ချီကတည်းက နတ်ဘုရားတစ်ပိုင်းအဆင့်မှာ မှာရှိပြီးသား မင်းက သူ့အတွက် ယှဉ်နိုင်စရာမရှိဘူး..." ဒီအလက်ဇန္ဒရိုက က ထိတ်လန့်တကြားအော်ပြောလိုက်သည်။
ယခုအချိန်မှာတော့ သူဟာ သာမန်လူတွေနဲ့ မခြား တော့ပေ။ သူ့အသက်ကိုကယ်တင်ဖို့ သူ့ဆရာရဲ့နာမည်ဖြစ်သည့် တိုက်ကြီး၏ သိုင်းသူတော်စင်ကို ဖျက်ဆီးပစ်လိုက်သည်။
အခန်း ၁၀၅၀: နတ်ဘုရားတစ်ပါး၏ စွမ်းရည်များ (အပိုင်းနှစ်)
“မာရာဒိုနာက တကယ်စဉ်းစားသင့်တယ် မင်းလို တပည့်တစ်ယောက်ကို ဘယ်လိုလုပ်လက်ခံခဲ့တာလဲ " ဧကရာဇ်ရက်ဆင်က နတ်ဘုရားအလင်းများ တောက်ပစွာ ထုတ်လွှတ်ရင်း ခမ်းနားထည်ဝါစွာ ပြောလိုက်သည်။ သူလှုပ်ရှားတိုင်း မည်သူမျှ သူ့ကို မတားဆီးနိုင်ဟု ထင်ရ၏။ သူက လက်နှစ်ဖက်ကို အောက်ချလိုက်ပြီး “ မင်းဒီမှာ နေရမယ်လို့ ငါပြောပြီးပြီ ငါမင်းကို မသတ်ဘူး ဒါပေမယ့် မာရာဒိုနာက မင်းကိုလာခေါ်ပြီး ငါ့ကို ဖြေရှင်းချက်ပေးရမယ် ” ဟုထပ်ပြောလိုက်သည်။
ထိုအချိန်မှာပင် ကောင်းကင်၌ မိုးကြိုးပစ်သံများထွက်ပေါ်လာပြီး လိမ္မော်ရောင်မီးတောက်များထွက်ပေါ်လာရာ မမျှော်လင့်ထားသည့် ဒီအလက်ဇန္ဒရို ဖုံးလွှမ်းခံလိုက်ရသည်။
တစ်တိုက်လုံး၏ သိုင်းသူတော်စင့့ နံပါတ် ၂ တပည့်က အော်ဟစ်ပြီး ခုခံရန် ကြိုးစားသော်လည်း အသုံးမဝင်ချေ။ သူ့ကျောပေါ်၌ လိမ္မော်ရောင်မီးတောက်များဖြင့် မြေပြင်ပေါ် ဖိထားခံရသည်။ မြေပြင်နှင့် နီးကပ်လာသည့်အခါ လိမ္မော်ရောင်မီးတောက်များက မီတာ ၁၀၀ ကျော်မြင့်သည့် ဧရာမတောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ဒီအလက်ဇန္ဒရို ကို အောက်မှာ ပိတ်လှောင်ထားလိုက်၏။
တောင်၏အရှေ့ဘက်၌ နတ်ဘုရားစွမ်းအားများ ပါဝင်သည့် ရွှေရောင် ရုန်း ခြောက်ခုက မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ တောင်အောက်ခြေ၌ ခေါင်းငုံ့နေသည့် ဒီအလက်ဇန္ဒရိုက က တောင်ကို ရုန်းကန်ပြီး ခါထုတ်ရန် ကြိုးစားသော်လည်း မရပေ။ သူ့အနေဖြင့် တောင်တစ်လုံးကို အလွယ်တကူဖျက်ဆီးနိုင်သော်လည်း ယခုတော့ ချုပ်နှောင်ခံထားရ၏။
တောက်ပခြင်းနေအဆင့် အရှင်သခင်က သာမန်စစ်သည်များ၏ စိတ်၌ နတ်ဘုရားတစ်ပါးနှင့် ညီမျှသော်လည်း ဧကရာဇ်ရက်ဆင်က ဒီအလက်ဇန္ဒရိုကို အလွယ်လေးကိုင်တွယ်ခဲ့သည်။
ထိုစွမ်းရည်မျိုးက အံ့ဩစရာအလွန်ကောင်းလှသည်။
“ ဒါက နတ်ဘုရားတစ်ပါးရဲ့ စွမ်းအားလား ”
အားလုံးတိတ်ဆိတ်သွား၏။ ဖေးပင်လျှင် ထိုမြင်ကွင်းကြောင့် အံ့အားသင့်သွားပြီး ရူလိုင်ဘုရား က သူ့လက်ကိုလှန်ပြီး မျောက်မင်းစွန်းဝူခုန်း ကို တောင်အောက်၌ ပိတ်လှောင်ထားသည့် အနောက်ခရီးဟူသည့် နာမည်ကြီး ဝတ္ထုရှည်ကို သတိရသွားသည်။
နတ်ဘုရားတစ်ပိုင်း နယ်မြေသို့ ဝင်ရောက်ပြီးနောက် ဧကရာဇ်ရက်ဆင်မှာ နတ်ဘုရားဥပဒေသအချို့ကို ထိန်းချုပ်နိုင်ခဲ့ပြီး မြေဓာတ်များကို အလွယ်တကူ စုစည်းကာ တောင်တစ်လုံး ဖန်တီးနိုင်လိုက်သည်။ ထို့နောက် သူက တောင်ပေါ်တွင် နတ်ဘုရားတစ်ပိုင်းရုန်းများကိုရေး၍ ဒီအလက်ဇန္ဒရိုကို ပိတ်ဆို့လိုက်သည်။
ထိုကဲ့သို့သော စွမ်းရည်သည် အံ့မခန်းဖွယ်ကောင်းပြီး မယုံနိုင်စရာပင်ဖြစ်သည်။
ထိုသို့ပြုလုပ်ပြီးနောက် ဧကရာဇ် ရက်ဆင် သည် အခြားရန်သူထံ မျက်လုံးလှည့်လိုက်သည်။
အန်ဂျီဧကရာဇ် ကရီမောဗ် သည် သူမလွတ်မြောက်နိုင်မည်ကို သိသောကြောင့် သူသည် ငြိမ်သက်သွားပြီး ရုန်းခြောက်ခုပါသော တောင်အောက်တွင် ပိတ်လှောင်ခံထားရသော ဒီအလက်ဇန္ဒရို ကို မကြည့်တော့ပေ။
ဧကရာဇ်ရက်ဆင်ကို ဂုဏ်ယူစွာကြည့်ရင်း ရုတ်တရက် ကျယ်လောင်စွာ ရယ်မောလိုက်သည် “ဟားဟားဟား ဧကရာဇ်ရက်ဆင် ဇင်းနစ်ဧကရာဇ် မင်းက ရဲရင့်ပြီး ညဏ်များတဲ့သူဘဲ ဒါကြောင့် မင်းက တွက်ချက်ပြီး ဒီနေ့ကို စောင့်နေတာလား သဘာဝကပ်ဘေး ကျော်ဖြတ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကို ရောက်ဖို့က ခက်ခဲတယ် သမိုင်းတစ်လျှောက်မှာ တောက်ပခြင်းနေအဆင့် ရဲ့ အမြင့်ဆုံးအရှင်သခင်တွေ အများကြီး ဒီတံခါးဝမှာ ပိတ်မိနေခဲ့တယ် လူသားတစ်ယောက်အနေနဲ့ နတ်ဘုရားဖြစ်လာတာက မြွေတစ်ကောင် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသလိုပဲ သဘာဝတရားက ခွင့်မပြုဘူး အောင်မြင်မှုနှုန်းကလည်း အရမ်းနည်းတယ် ဒါပေမယ့် သဘာဝကပ်ဘေးရဲ့ ဖရိုဖရဲမီးခိုးရောင်စွမ်းအင်မုန်တိုင်းရဲ့ဖိအားကို ဒီအလက်ဇန္ဒရို နဲ့ ငါဆီ ပျံ့နှံ့သွားအောင် လုပ်နိုင်ခဲ့တယ် ငါတို့ရဲ့အကူအညီနဲ့ မင်းက အဲဒါကို ကြံ့ကြံ့ခံပြီး ပြန်လည်မွေးဖွားလာခဲ့ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကို ပြောင်းလဲသွားခဲ့တာပဲ မင်းက သတ္တိ ဗျတ္တိနဲ့ ပြည်စုံပြီး ညဏ်ကြီးတဲ့သူပဲ”
“မင်း ဒါကို သဘောပေါက်သွားတာ ငါအံ့သြမိတယ် အန်ဂျီးဧကရာဇ်က ကောလာဟလတွေပြောသလောက် မိုက်မဲတဲ့သူမဟုတ်ဘူးဘဲ” ဧကရာဇ်ရက်ဆင်က တည်ငြိမ်စွာပြုံးပြီး ပြောသည်။
“ အရမ်းကောင်းတယ် ဟားဟား ဒီနေ့ ငါ့ရဲ့ကမ္ဘာ့အမြင်က ကျယ်ပြန့်လာပြီး ငါအများကြီးသင်ယူခဲ့ရတယ် ” အန်ဂျီဧကရာဇ် ကရီမော့ဗ်က ရယ်ပြီး “မင်းက ငါ့ကို လှုံ့ဆော်ပေးခဲ့တယ် ဟားဟား တစ်နှစ်အတွင်းမှာ ငါလည်း နတ်ဘုရားတစ်ဝက်ဖြစ်လာလိမ့်မယ် ပြီးတော့ ငါတို့တိုက်ခိုက်ကြလိမ့်မယ် ”
“ဒီနေ့ မင်းလွတ်နိုင်မယ်လို့ မင်းထင်လား” ဧကရာဇ် ရက်ဆင်က သတ်ဖြတ်လိုစိတ်ကင်းစွာမေးသည်။
“ ဟုတ်တယ် မင်းဒီအလက်ဇန္ဒရို ကို ထိန်းထားနိုင်ပေမယ့် ငါ့ကိုတော့ မထိန်းနိုင်ဘူး ” ဧကရာဇ် ကရီမော့ဗ်က အသင့်ပြင်ထားပုံရသည်။
End