← Chapters

အခန်း ၁၀၅၁

Vol. 71 Ch. 1051

အခန်း ၁၀၅၁

Vol. 71 Ch. 1051

အခန်း ၁၀၅၁: လွှမ်းမိုးနှိမ်နင်းခြင်း (အပိုင်းတစ်)

“တကယ်လား” ဧကရာဇ်ရက်ဆင်က သူ့လက်ကိုလှန်လိုက်ရင်း ပြုံးလိုက်သည်။ “ဒါဆို ဘာက မင်းကို ဒီယုံကြည်မှုကို ပေးလဲဆိုတာ ကြည့်ရအောင် ”

ဖြစ်ပျက်ခဲ့သည့် မြင်ကွင်းက ပြန်ပေါ်လာပြန်သည်။ သို့သော် မြေဒြပ်စင်များအစား ရွှေရောင်သတ္တုဒြပ်စင်များ ပေါ်လာသည်။

နတ်ဘုရားတစ်ဝက်ဖြစ်လာပြီးနောက် အင်ပါယာရက်ဆင်သည် သဘာဝတရား၏ ဥပဒေများနှင့် ပုံမှန်သဘာဝဓာတ်များ၏ ကန့်သတ်ချက်များကို ကျော်လွန်နေသည်။ သူသည် ကမ္ဘာပေါ်ရှိ အခြေခံသဘာဝဓာတ်အားလုံးကို ကန့်သတ်ချက်မရှိဘဲ ကျွမ်းကျင်သည်။

ထိုရွှေရောင်သတ္တုဓာတ်များသည် အန်ဂျီဧကရာဇ်ကရီမော့ဗ်၏ နောက်ကွယ်တွင် ပေါ်လာသည်နှင့် ၎င်းတို့သည် သတ္တုတောင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ သူ့ကို မြေပြင်ဆီသို့ ဖိချလိုက်သည်။

“ငါ့ကို ဖိနှိပ်ချင်လား မင်းရဲ့ အိပ်မက်ထဲမှာပဲရမယ် " ကရီမော့ဗ်က အရေးကြီးသောအချိန်တွင် ဟိန်းဟောက်လိုက်သည်။

ခပ်ဝါးဝါး ဝိညာဉ်ရိပ်တစ်ခုက ကရီမောဗ်၏ နောက်တွင်ပေါ်လာပြီး သတ္ထုတောင်ကြီးကို ဆုပ်ကိုင်လိုက်ရာ ၎င်းမှာ အရှိန်နှေးသွားသည်။

ထိုသို့ဖြစ်ပျက်နေစဉ် ကရီမော့ဗ်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သတ္တုတောင်ကြီး၏ ဖိနှိပ်မှုမှ လွတ်မြောက်သွားသည်။

တစ်ခဏအတွင်းမှာပငိ သတ္တုတောင်ပေါ်မှ နတ်ဘုရား ရုန်းခြောက်ခုမှာ ချက်ချင်းပင် မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားခဲ့ပြီး ထိုယောင်ဝါးဝါး ဝိညာဉ်ပုံရိပ်မှာ ချက်ချင်းပင် အပိုင်းပိုင်းကွဲသွား၍ ပျောက်ကွယ်သွား၏။

ဖေး အဝေးတွင် ရပ်နေပြီး အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုယောင်ဝါးဝါး ဝိညာဉ်ကို မြင်လိုက်ရသည်နှင့် သူ့ခန္ဓာကိုယ်မှာ မယုံနိုင်စရာ တစ်ခုခုကို မြင်လိုက်ရသကဲ့သို့ တုန်လှုပ်သွားခဲ့သည်ာ

“ဒါက မင်း အားကိုးနေတဲ့ဟာလား ငါ အရမ်းစိတ်ပျက်တယ် ”

ဧကရာဇ် ရက်ဆင်၏ ကျယ်လောင်ပြီး ခမ်းနားသည့်အသံက ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။

နောက်တစ်ခဏတွင် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည့် နောက်ထပ် သတ္တုတောင်တစ်လုံး ပေါ်လာပြီး ကရီမောဗ်ထံထပ်မံပိကျလာ၏။

သို့သော်လည်း ယောင်ဝါးဝါး ဝိညာဉ်တစ်ခု ကယ်ရီမော့ဗ်၏ နောက်ကွယ်၌ ပေါ်လာပြီး သတ္တုတောင်ကို ခဏတာ ဆုပ်ကိုင်ထားသဖြင့် အန်ဂျီဧကရာဇ်ဟာ ထွက်ပြေးရန် အချိန်ရခဲ့သည်။ ယခင်ကလိုပင် ကယ်ရီမော့ဗ်မှာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲပြီး ထွက်ပြေးလိုက်၏။

ယခု ဖေးဟာ ထိုဝိညာဉ်ကို ထပ်မံမြင်လိုက်ရပြီး ပိုသေချာသွားသဖြင့် အံ့ဩသွားသည်။

"မဖြစ်နိုင်ဘူး သူတို့... တကယ့်လောကမှာ ဘယ်လိုလုပ်ပေါ်လာနိုင်မှာလဲ ငါတောင်မသိတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့အရာတစ်ခုခုရှိနေနိုင်လို့လား " ထိုအတွေးက ဖေး ရဲ့စိတ်ထဲတွင် ပေါ်လာသော်လည်း သူက တိုက်ပွဲကို အနီးကပ်စောင့်ကြည့်နေစဉ် မျက်နှာပြင်က ဘာမျှမပြခဲ့ချေ။

" အုန်း အုန်း အုန်း "

သတ္တုတောင်တန်းများက မုန်တိုင်းထဲမှ မိုးစက်များသဖွယ် ကောင်းကင်မှာ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ အန်ဂျဧကရာဇ်

ကရီမောဗ် ၏နောက်ကွယ်တွင်းလည်း ယောင်ဝါးဝါး ဝိညာဉ်ရိပ်များ အဆက်မပြတ်ပေါ်လာခဲ့ပြီး သတ္တုတောင်တန်းများကို နှေးကွေးစေကာ ထွက်ပြေးရန် အချိန်ရစေခဲ့သည်။

ဧကရာဇ် ရက်ဆင် က နတ်ဘုရားတစ်ပိုင်းအဆင့်ရောက်သည်က မကြာသေးသော်လာ်း သူ့စွမ်းအား ထိန်းချုပ်နိုင်စွမ်းက အလွန်သေးငယ်ပြီး အထင်ကြီးစရာကောင်းသည်။ ထိုကြီးမားသည့် သတ္တုတောင်တန်းများက တစ္ဆေများကို ချေမှုန်းပြီး နောက် မြေပေါ်မကျခင်ဘဲ မတည်ရှိခဲ့သလိုပျောက်ကွယ်သွားခဲ့သည်။

ထိုယောင်ဝါးဝါး ဝိညာဉ်များက လျှို့ဝှက်ဆန်းကြယ်ပြီး မည်သည်အရာဖြစ်သည်ကိုမပြောနိုင်ပေ။ သို့သော် သူတို့တွင် ဖော်ပြ၍မရသော အကြမ်းဖက်မှုနှင့် သတ်ဖြတ်လိုသော အရိပ်အယောင်ဝါးပြည့်နေပြီး နတ်ဘုရားတစ်ပိုင်းတန်ခိုးဖြင့် ဖန်တီးထားပြီး နတ်ဘုရားတစ်ပိုင်းရွန်းများဖြင့် အားကောင်းစေသည့် သတ္တုတောင်များကို နှေးကွေးစေနိုင်ခဲ့သည်။ ထိုသို့ အစွမ်းရှိခြင်းကပင် အံ့ဩစရာဖြစ်သည်။

“ တော်ပြီ ”

နောက်ဆုံးတွင် ဧကရာဇ်ရက်ဆင်၏ မျက်နှာပေါ်တွင် စိတ်မရှည်မှုအရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။

သူသည် လက်များကို ထပ်မံလှန်လိုက်ရာ နတ်ဘုရားတစ်ပိုင်းရုန်း ၁၈ ခုပါသော သတ္တုတောင်တစ်လုံးသည် ကောင်းကင်မှ ကျဆင်းလာပြီး ဧကရာဇ်ကရီမော့ဗ်ကို လုံးဝဖုံးအုပ်သွားသည်။ အန်ဂျီးဧကရာဇ်သည် ထိုအရာကို ထပ်မံခုခံရန် ကြိုးစားပြီး လက်များကို မြှောက်ခဲ့သော်လည်းတောင်များကို နှေးကွေး‌စေရန် မလုပ်နိုင်ခဲ့ပေ။

သူအော်ဟစ်နေစဉ်မှာပင် သတ္တုတောင်က သူ့ကို ဖိထားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျစေခဲ့သည်။

အစပိုင်းတွင် အန်ဂျီဧကရာဇ်ကရီမော့ဗ်သည် ထိုမျှစိုးရိမ်ပူပန်မှုမရှိပါ။ သူသည် မြေဓာတ်စစ်သည်တော်စွမ်းအင်ကို ကျင့်သူဖြစ်သောကြောင့် မြေပြင်ပေါ်သို့ ဖိထားခံရသောအခါ ထိခိုက်ဒဏ်ရာရရှိမည်မဟုတ်‌ချေ။ အခြားတစ်ဖက်တွင်လည်း သူသည် မြေကြီးရှိ မြေဓာတ်စင်များကို အသုံးပြု၍ ထွက်ပြေးရန် အခွင့်အရေးရှိနိုင်သည်။

အခန်း ၁၅၁: လွှမ်းမိုးနှိမ်နင်းခြင်း (အပိုင်းနှစ်)

သို့သော် သတ္တုတောင် မြေပြင်ပေါ်သို့ ဆင်းသက်တော့မည့်အချိန်တွင် သတ္တုဓာတ်တိမ်တိုက်တစ်ခုသည် မြေပြင်ပေါ်၌ တောက်ပလာပြီး နတ်ဘုရားဆန်သော ရုန်းများပါရှိသော ပြားချပ်ချပ်ယဇ်ပလ္လင်တစ်ခု ဖန်တီးလိုက်သည်။

" ဘမ်း " သတ္တုတောင်နှင့် သတ္တုယဇ်ပလ္လင်တို့ တိုက်မိပြီး ဧကရာဇ် ကရီမော့ဗ်၏ မျက်နှာတွင် ကြောက်ရွံ့ထိတ်လန့်သော အမူအရာတစ်ခု ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှ မရေမရာသော တစ္ဆေများ လွတ်မြောက်သွားသော်လည်း အသုံးမဝင်ချေ။ နေရောင်ခြည်ထိတွေ့ခံရသော သရဲများကဲ့သို့ပင် ၎င်းတို့သည် မီးခိုးများအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားသည်။

ဘွမ်း!

သတ္တုတောင်နှင့် သတ္တုယဇ်ပလ္လင်တို့ ပေါင်းစပ်ပြီး မြေကြီးတုန်ခါစေသည့် အသံတစ်ခု ဖြစ်ပေါ်လာချိန်၌ ကရီမော့ဗ်၏ အော်သံသည်လည်း လေထဲတွင် ပဲ့တင်ထပ်သွားပြီး သူ၏ သွေး၊ အသားနှင့် အရိုးအပိုင်းအစများသည် အရပ်မျက်နှာအားလုံးသို့ လွင့်စင်သွားသည်။

ခဏအကြာတွင်၊ ဖုန်မှုန့်များ ငြိမ်သက်သွားသည်။

သတ္တုတောင်၏အောက်မှ ကြီးမားသော ဦးခေါင်းတစ်ခု လိမ့်ထွက်လာသည်။ ၎င်းသည် ဧကရာဇ် ကရီမော့ဗ်၏ ဦးခေါင်းဖြစ်ပြီး၊ ကြောက်ရွံ့ထိတ်လန့်သော အမူအရာကို သူ၏မျက်နှာတွင် မြင်တွေ့နိုင်သေးသည်။ တောက်ပခြင်းနေအဆင့်အထွတ်အထိပ်အရှင်သခင်များတွင် နဂါးကြီးမိားနှင့်တန်းတူ စွမ်းအားများရှိသည်။ သူ့လည်ပင်းအောက်က အရာအားလုံးကို ကြေမွသွား သော်လည်း ကရီမောဗ်က မသေသေးချေ။

မျက်လုံးများ ပြူးကျယ်နေသည့် ကရီမောဗ် က သွေးအန်ပြီး “ ရက်ဆင် မင်းတတော်တော်ရက်စက်တာပ ငါ့ကိုသတ်ပြီးရင် အန်ဂျီး အင်ပါယာကို ဖြိုခွဲနိုင်မယ့်လို့ မင်းထင်နေတာလား မင်းမှားတယ် မင်းနောင်တရလိမ့်မယ် ဟားဟား မင်းက အခု နတ်ဘုရားတစ်ပိုင်း ဖြစ်နေပေမယ့် အန်ဂျီးအင်ပါယာရဲ့နောက်ကွယ်မှာ တကယ့်နတ်ဘုရားရှိတယ် ”

“ အစစ်အမှန်နတ်ဘုရားလား ”

ဖေး နှင့် တံတိုင်းပေါ်မှ ဇင်းနစ်သားများ တစ်ပြိုင်နက်တည်း အံ့သြသွားကြသည်။ ကရီမောဗ်တွင် ခေါင်းတစ်လုံးသာ ကျန်တော့သော်လည်း သူ အသက်ရှင်နေဆဲပင်ဖြစ်သည်။ ထိုအရာက သာမန်စစ်သည်များအတွက် အံ့အားသင့်စရာဖြစ်ပြီး မယုံနိုင်စရာပင်ဖြစ်သည်။

“ တကယ်ကြီးလား တကယ့်နတ်ဘုရားရှိရင် တောင် မင်းက ဇင်းနစ် ရဲ့ရန်သူတွေဖြစ်နေသရွေ့ ငါမင်းကို နှိမ်နင်းမယ် ” ဧကရာဇ် ရက်ဆင်က သူ့လက်များကို ဖြန့်လိုက်သည့်အခါ စွမ်းအင်တစ်ခု ပြေးထွက်လာသည်။

ဘမ်း တူနှင့် ထုခွဲခံရသည့် ဖရဲသီးတစ်လုံးလိုပင် ကာရီမော့ဗ်၏ ခေါင်းက ပေါက်ကွဲသွား၏။

သို့သော် နူးညံ့သည် ဝိညာဉ်စွမ်းအင်တိမ်တိုက်ကို ဖုံးအုပ်ထားသည့် လိမ္မော်ရောင်မီးတောက်တစ်ခုက ကွဲကြေနေသည့် ဦးခေါင်းခွံမှ ပြေးထွက်လာပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ မြန်ဆန်သည့် အမြန်နှုန်းနှင့် ပျံသန်းထွက်သွားသည်။

" လက်လျှော့လိုက် " ဧကရာဇ် ရက်ဆင်က သူ့လက်ကို ဝှေ့ယမ်းပြီး ထိုလိမ္မော်ရောင်မီးတောက်ကို ထိန်းချုပ်လိုက်သည်။

အက်ကွဲနေသည့် အော်သံများ ဝိညာဉ်စွမ်းအင်မီးတောက်မှ ထွကိပေါ်လာသည်။ ဖေးက ထိုနေရာနှင့် အတော်လေး နီးကပ်စွာ ရပ်နေပြီး သူဟာ ဝိညာဉ်စွမ်းအင်ကို ကျွမ်းကျင်စွာ တတ်မြောက်ထားသဖြင့် ထိုအရာက ဧကရာဇ် ကာရီမော့ဗ်၏ ဝိညာဉ်ဖြစ်သည်ဆိုသည်ကို သူ ရှင်းရှင်းလင်းလင်း သိနိုင်သည်။ ထိုဝိညာဉ်၌ အသိစိတ်တစ်ခုရှိပြီး ထိုအရာကကျိန်ဆဲနေသည်။

"ဒါက အန်ဂျီဧကရာဇ်ရဲ့ ဝိညာဉ်လား ထိပ်ဆုံး တောက်ပခြင်းနေအဆင့် အရှင်သခင် တွေက စစ်မှန်တဲ့ ဝိညာဉ်တစ်ခုလိုမျိုး ဖန်တီးနိုင်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်တွေ ပျက်စီးသွားရင်တောင် သူတို့ရဲ့ ဝိညာဉ်တွေ မထိခိုက်သရွေ့ ပြန်လည်ရှင်သန်လာနိုင်ဦးမှာလား " ဖေး သူ့ဘာသာသူ တွေးလိုက်သည်။

ဘမ်း!

ဧကရာဇ်ရက်ဆင်က ဘာမျှမထိန်းဘဲ သူ့လက်ကို ဆုပ်ကိုင်လိုက်ရာ ထိုလိမ္မော်ရောင်ဝိညာဉ်စွမ်းအင်မီးတောက်တိမ်တိုက်က ကြေမွသွားခဲ့သည်။ အားနည်းသည့် မီးတောက်များက သူ့လက်ချောင်းကြားတွင် ဖြာထွက်နေပြီး ကျိန်သံများ ပျောက်ကွယ်သွား၏။

ယခုဝောာ့ အန်ဂျီးဧကရာဇ် ကရီမော့ဗ်က အင်အားကြီးပြိုင်ဘက်တစ်ယောက်၏ လက်ထဲတွင် သေဆုံးသွားပြီဖြစ်သည်။ ထိုရည်မှန်းချက်ကြီးမားသည့် အုပ်စိုးရှင်ဧကရာဇ်မှာ လောကထဲမှ ပျောက်ကွယ်သွားရပြီဖြစ်သည်။

ယခုတော့ ဇင်းနစ်အင်ပါယာကို ဆန့်ကျင်သည့် ဤပူးပေါင်းကြံစည်မှု လုံးဝပျက်စီးသွားပြီဖြစ်သည်။

စိန့်ပီတာဘတ်က လူသန်းပေါင်းများစွာဟာ ဧကရာဇ်ရက်ဆင်ကို ဒူးထောက်အရိုအသေပြုကြပြီး အံ့ဖွယ်ရာများကိုမြင်တွေ့ခဲ့ရသည့် လူများစွာသည်လည်း အော်ဟစ်အောင်ပွဲခံရ၏။

ချက်ချင်းဆိုသလိုပင် ကျယ်လောင်သည့် ကြွေးကြော်သံများ ဩဘာသံများ ကောင်းကင်ထိပဲ့တင်ထပ်နေပြီး တော်လဲနေသည်ဟုပင်ထင်ရ၏။

လေထဲ၌ လွင့်မျောနေသည့် ကောင်းကင်ပြာရောင်တော်ဝင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ဧကရာဇ်ရက်ဆင်မှာ ကောင်းကင်မှ ဆင်းသက်လာတဲ့ နတ်ဘုရားတစ်ပါးလို ကောင်းကင်မှာ ရပ်နေသည်။ အခြားသူများကတော့ သူ့ကို စိုက်ကြည့်ရန်ပင် ခက်ခဲနေ၏။

ဤမျှလောက် တန်ခိုးကြီးမားသော တည်ရှိမှု ရှေ့တွင် ဖေးသည်လည်း ဒူးထောက်ပြီး အရိုအသေပြုလိုက်ရသည်။

“အရှင်မင်းကြီး အနောက်တောင်ဘက်မှာရှိတဲ့ အန္တရာယ်များကို ဖယ်ရှားပြီး ဇင်းနစ်အတွက် အန်ဂျီအင်ပါယာကို သိမ်းပိုက်ရန် ကျွန်‌တော်မျိုးဆန္ဒရှိပါတယ် ” ဖေးသည် ခဏတာ ရပ်တန့်ပြီး မော့ကြည့်လိုက်ကာ ထိုသို့ တောင်းဆိုလိုက်၏။

End

All Chapters