← Chapters

အခန်း ၁၀၅၂

Vol. 71 Ch. 1052

အခန်း ၁၀၅၂

Vol. 71 Ch. 1052

အခန်း ၁၀၅၂: တိုက်ကြီး၏သူတော်စင်၏ ပေါ်လာခြင်း (အပိုင်းတစ်)

အန်ဂျီဧကရာဇ် ကရီမော့ဗ်၏ ခန္ဓာကိုယ်မှ ပျံသန်းလာသော ယောင်ဝါးဝါး တစ္ဆေများသည် ဖေးတစ်ဦးတည်းသာ နားလည်နိုင်သော အချက်အလက်များစွာကို ဖော်ထုတ်ပြသခဲ့သည်။ ဖေးနှင့်ပတ်သက်သော လျှို့ဝှက်ချက်များ ပါဝင်ပတ်သက်နေသောကြောင့် ဖေး ပို၍ စိတ်ဝင်စားလာသည်။

ကရီမော့ဗ် မသေဆုံးမီက သူသည် အန်ဂျီအင်ပါယာ၏ နောက်ကွယ်တွင် နတ်ဘုရားတစ်ပါးရှိကြောင်း လူတိုင်းကို ပြောပြခဲ့သည်။ ဤအခိုင်အမာပြောဆိုချက်၏ တရားဝင်မှုကို မည်သူမျှ မသိသော်လည်း ဖေးသည် ထိုအင်ပါယာ ရုတ်တရက် ပေါ်ပေါက်လာမှုနောက်ကွယ်တွင် နက်နဲသော လျှို့ဝှက်ချက်များ ရှိကြောင်းနှင့် ထိုအချို့အရာများကို ရှာဖွေတွေ့ရှိရန်လိုအပ်ပြီး အန်ဂျီအင်ပါယာကို သိမ်းပိုက်ရန် အင်ပါယာရက်ဆင်ထံမှ ခွင့်ပြုချက်တောင်းခံခဲ့သည်။

“ဟမ်?” အင်ပါယာရက်ဆင်သည် ခေါင်းငုံ့ကာ ဖေးကို ကြည့်လိုက်ပြီး ဘုရင်သည် ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။ အင်ပါယာ ရက်ဆင်သည် ဖေးအား ရည်ရွယ်ချက်ရှိရှိ ဖိအားပေးရန် မကြိုးစားသော်လည်း နတ်ဘုရားတစ်ပိုင်း၏ အရှိန်အဝါသည် ကိုင်တွယ်ရန် ခက်ခဲသောအရာတစ်ခုဖြစ်သည်။

ခဏတာ ငြိမ်သက်သွားပြီးနောက် အင်ပါယာရက်ဆင်က ခေါင်းညိတ်ပြီး “ ကောင်းပြီ အန်ဂျီအင်ပါယာဟာ အဇာရိုသ့်ရဲ့ မြောက်ပိုင်းဒေသကနေ ပျောက်ကွယ်သွားသင့်တယ် မင်းတပ်တွေကို ဦးဆောင်ဖို့ ဆန္ဒရှိရင် ကောင်းတယ် အခု ကယ်ရီမော့ဗ် ကွယ်လွန်သွားပြီဆိုတော့ အန်ဂျီအင်ပါယာမှာ ဘယ်သူမှ မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး ဒါပေမယ့် သုံးလလောက် နောက်ဆုတ်ထားရမယ် သုံးလပြီးရင် မင်းသွားလို့ရပြီ "

ဖေး အနည်းငယ် အံ့အားသင့်သွားသော်လည်း အင်ပါယာရက်ဆင်၏ အဓိပ္ပာယ်ကို မြန်မြန်ဆန်ဆန် နားလည်သွားပြီး သဘောတူသည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။

အန်ဂျီဧကရာဇ် ကယ်ရီမော့ဗ် ကျဆုံးသွားတဲ့အခါ ဖေးဟာ အန်ဂျီအင်ပါယာကို ချက်ချင်းသိမ်းပိုက်ဖို့ ကြိုးစားရင် အန်ဂျီလူမျိုးတွေဟာ ချက်ချင်းပဲ ဒေါသထွက်ပြီး သေတဲ့အထိ တိုက်ပွဲဝင်ကြမှာဖြစ်ပြီး ဇင်းနစ်တပ်တွေ မြန်မြန်တိုးတက်ဖို့ ခက်ခဲသွားလိမ့်မည်ဖြစ်သည်။ သို့သော် သုံးလကြာပြီးနောက် အန်ဂျီသားများမှာ သူတို့၏ ဧကရာဇ် သေဆုံးမှုအပေါ် ဒေါသနှင့် ဝမ်းနည်းမှုများ ငြိမ်သက်သွားမည်ဖြစ်၍ ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။

ပလ္လင်ဗလာဖြစ်နေသည့်အခါ ရည်မှန်းချက်ကြီးမားသူများ အချင်းချင်း တိုက်ခိုက်ကြမည်ဖြစ်ပြီး ပြည်တွင်းစစ်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်၏။

အန်ဂျီအင်ပါယာ ပြိုကွဲပြီး‌နောက် စည်းလုံးညီညွတ်မှု မရှိတော့သည်နှင့် သူတို့ကို အောင်နိုင်ရန် များစွာလွယ်ကူသွားမည်ဖြစ်သည်။

ဝမ်းသာအားရ အော်ဟစ်သံများ စိန့်ပီတာဘတ်တစ်လျှောက် ချက်ချင်းပဲ့တင်ထပ်သွားသည်။

ယခုတော့ သာမန်စစ်သည်များပင် ဘာများဖြစ်ခဲ့သနည်းဆိုသည်ကို သဘောပေါက်သွားပြီဖြစ်သည်။

အမြင့်ဆုံးဧကရာဇ် ရက်ဆင် နတ်ဘုရားတစ်ပိုင်း ဖြစ်လာသည့် သတင်းက လူအုပ်ကြားတွင် ဗိုင်းရပ်စ်လို ပျံ့နှံ့သွားခဲ့သည်။ တောတွင်းဥပဒေသကြီးစိုးစော ကြီးသူစားစတမ်း ဤမြေတွင် နေထိုင်ကြသူအားလုံးက သူတို့ရဲ့အင်ပါယာ၌ တန်ခိုးကြီးတဲ့ သခင်တစ်ယောက် ရှိနေသည့် အဓိပ္ပာယ်ကိုနားလည်ကြသည်။ နတ်ဘုရားတစ်ပိုင်း ပေါ်လာသည်က ဒေသတွင်း အာဏာပြောင်းလဲမှုအပေါ် တိုင်းတာ၍မရသည့် အကျိုးသက်ရောက်မှု ရှိပေသည်။

ဧကရာဇ် ရက်ဆင် နတ်ဘုရားတစ်ပိုင်း ဖြစ်လာပြီးကတည်းက ဇင်းနစ်အင်ပါယာဟာ အင်ပါယာကို ဖျက်ဆီးလုနီးပါး အကျပ်အတည်းကို ကျော်လွှားနိုင်ခဲ့သည်။ ထိုအပြင် ဇင်းနစ်ဟာ အဇာရို့သ်မြောက်ပိုင်းဒေသ၌ ဩဇာလွှမ်းမိုးမှု ရှိလာမှာဖြစ်ဖြစ်သည်။ လီယွန်အင်ပါယာနှင့် အင်ပါယာများမဟာမိတ်တပ်များကလည်း ဒုက္ခပေးနိုင်တော့မည်မဟုတ်ပေ။

အရပ်သားများနှင့် အဆင့်နိမ့်စစ်သားများအတွက် ကမောက်ကမဖြစ်မှု အဆုံးသတ်သွားပြီး သူတို့ဟာ စစ်ပွဲတွေ အများကြီး ရင်ဆိုင်ရတော့မည့် မဟုတ်ချေ။ သူတို့ဟာ တိုက်ကြီးပေါ်၌ ငြိမ်းချမ်းစွာ နေထိုင်နိုင်မည်ဖြစ်ပြီး သူတို့၏အသက်ဘေးကိုလည်း စိုးရိမ်စရာမလိုတော့ချေ။

ဒေသတွင်း၌ ဝမ်းသာအားရ ကြွေးကြော်သံများ ပဲ့တင်နေ၏။

ဧကရာဇ်ရက်ဆင်၏ ဂုဏ်သိက္ခာက ထိုအချိန်တွင် လုံးဝထင်ရှားလာခဲ့သည်။ နှစ်ပေါင်း ၂၆ နှစ် ကုန်ဆုံးသွားပြီး ဧကရာဇ်၏အမည် မှေးမှိန်သွားသော်လည်း ဇီးနင်းသားများက သူ့ကို ဒဏ္ဍာရီလာအုပ်စိုးရှင်အဖြစ် မှတ်မိနေကြဆဲဖြစ်သည်။ ထိုအရာကဖေးနဲ့ မယှဉ်နိုင်သည့် အရာဖြစ်သည်။

ဧကရာဇ်ရက်ဆင်ရဲ့ အထင်ကြီးလောက်စရာ အရှိန်အဝါကို ကြည့်ရင်း ဖေးလည်း ခေါင်းငုံ့ကာ ထိုအုပ်စိုးရှင်ကို လေးစားအားကျသွားသည်။

နူးညံ့သည့်အပြုံးနှင့် ဧကရာဇ်ရက်ဆင်က သူ့ ခမ်းနားထည်ဝါသည့် တည်ရှိမှုကို ပြသပြီး လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြခဲ့သည်။ ထိုတုံ့ပြန်မှုလေးက စိန့်ပီတာဘတ်က လူတိုင်းကို စိတ်လှုပ်ရှားစေခဲ့သည်။

အခန်း ၁၀၅၂: တိုက်ကြီး၏သူတော်စင်၏ ပေါ်လာခြင်း (အပိုင်းနှစ်)

ရွှေရောင်မီးတောက်များသည် ဧကရာဇ်ရက်ဆင်၏ ခန္ဓာကိုယ်မှ ဖြာထွက်နေပြီး ၎င်းတို့သည် နွေဦးရာသီ၏ လေပြေညင်းနှင့် မိုးစက်များကဲ့သို့ လှုပ်ရှားနေပြီး အရာအားလုံးကို ကုစားပေးပါသည်။

ပျက်စီးသွားသော တောင်များကို ပြန်လည်ပြုပြင်ပေးခြင်း၊ အက်ကွဲနေသော မြေများကို ပြန်လည်တည်ဆောက်ခြင်း၊ မီးလောင်နေသော မြက်ခင်းများကို ပြန်လည်ရှင်သန်စေခြင်း၊ ရေလွှမ်းမိုးမှုများ မြေပြင်သို့ ပြန်လည်စီးဆင်းခြင်း၊ မှောင်မိုက်သော မိုးတိမ်များ ပျောက်ကွယ်သွားခြင်းအရာအားလုံးကို ဖြစ်ပေါ်စေပြီး ကောင်းကင်ပြာကို ပြန်လည်ပေါ်လာစေသည်။

နတ်ဘုရားတစ်ပိုင်း၏ စွမ်းအားသည် လူသားများ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေသည်။ ဧကရာဇ်ရက်ဆင် အသုံးပြုခဲ့သော သဘာဝဥပ‌ေဒသများကို ဖျတ်ခနဲသာ ခံစားနိုင်ပြီး သူ့အဆင့်ထက် များစွာကျော်လွန်နေသောကြောင့် ဖေးနားမလည်နိုင်ပါ။

ဧကရာဇ်ရက်ဆင်သည် သဘာကပ်‌ဘေးကို မဖြတ်သန်းမီတွင် သူသည် ဖေအား ပတ်ဝန်းကျင်ကို ခံစားရန် အထူးသတိပေးခဲ့သည်။ နတ်ဘုရားတစ်ပိုင်း မွေးဖွားခြင်းသည် အလွန်ရှားပါးပြီး မည်သည့်ဆရာသခင်များအတွက်မဆို ၎င်းကို အနီးကပ်မြင်တွေ့ခွင့်ရခြင်းသည် ကံကောင်းခြင်းတစ်ခုဖြစ်သည်။ ၎င်းသည် ကြီးမားသော ရတနာသေတ္တာ သို့မဟုတ် အစွမ်းထက်သော ကျင့်ကြံမှုနည်းစနစ်တစ်ခုကို ရရှိခြင်းနှင့် အတူတူပင်ဖြစ်သည်။

ဖေးထိုအတွေ့အကြုံမှ တစ်ခုခုရနိုင်မည်ဆိုရပါက နတ်ဘုရားတစ်ပိုင်းအဆင့် ကို မတက်လှမ်းခင် သဘာဝကပ်ဘေး ကျော်ဖြတ်နိုင်မှုနှုန်း အများကြီးတိုးလာမည်ဖြစ်သည်။

အမှန်တော့ ဖေး ဤအတွေ့အကြုံမှ များစွာ အကျိုးရှိခဲ့သည်။ ထိုရှုပ်ထွေးသည့် မီးခိုးရောင်စွမ်းအင်အလွှာပေါ်လာစဉ်က ထိုအထဲမှ ရှုပ်ထွေးနေသည့်ကြောက်စရာ ဓာတ်သဘာဝများကို ခံစားမိပြီး ဖေး နတ်ဘုရားအဆင့်အရှင်သခင် တစ်ဦး၏ မွေးဖွားမှုဖြစ်စဉ်ကို မှုန်ဝါးဝါးမြင်လိုက်ရသည်။

ထိုအပြင် ဧကရာဇ်ရက်ဆင် က ဖေး ကို ကုသပေးစဉ်က သူ့ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားစွမ်းအားမျိုးစေ့ကို စိုက်ပျိုးခဲ့သည်။

ဖေး အတွက် ယနေ့တိုက်ပွဲက အလွန်အကျိုးရှိခဲ့သည်။ ဧကရာဇ်ရက်ဆင် က ဖေး ကို အနည်းငယ်နှစ်သက်ပုံရသော်လည် မည်သူမျှ ဧကရာဇ်တစ်ပါစ၏စိတ်ကို တိတိကျကျမပြောနိုင်ပေ။

ဒိုင်ယာဘလိုကမ္ဘာ ရွှေရောင်လက်ချောင်းဟာ ဖေး အတွက် အဆုံးသတ်တော့မည်ဖြစ်သည်။ ငရဲပုံစံ၌ အမြင့်ဆုံးအဆင့်မှာ တောက်ပခြင်းနေအဆင့်၏ အထွတ်အထိပ်နှင့် ညီမျှသည်။ ဒိုင်ယာဘလိုကမ္ဘာ၏ အကူအညီနှင့် နောက်တစ်ဆင့်တက်လှမ်းရန် မဖြစ်နိုင်တော့ချေ။

ငရဲပုံစံ ကို ကျော်ဖြတ်ပြီးနောက် ဖေး သူ့မည်သို့ အစွမ်းတိုးမြှင့်ရမည်နည်း။ ဖေးတွင် မျှော်လင့်ချက်အနည်းငယ်နှင့် အကြံဥာဏ်အချို့ရှိပြီး ယနေ့သူသင်ယူခဲ့သည်များကလည်း သူ့အနာဂတ်အတွက် အရေးပါလာနိုင်ပေသည်။

မိနစ်အနည်းငယ်အကြာ၌ ဧကရာဇ် ရက်ဆင် လှည့်ထွက်ရန်လုပ်နေစဉ် ရုတ်တရက် တစ်ခုခုကို ခံစားမိပြီး မျှော်လင့်ချက်အပြည့်နှင့် တစ်ဖက်ကို ကြည့်လိုက်သည်။

တစ်မိနစ်တောင်မပြည့်ခင်မှာပင် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။

အရောင်မဲ့အလင်းတန်းတစ်ခု မိုးကုတ်စက်ဝိုင်း၌ပေါ်လာပြီး အချိန်နေရာကူးပြောင်သည်ထက်ပင် ပိုမြန်သည့်အမြန်နှုန်းနှင့် စိန့်ပီတာဘတ်မြို့ထံ ပြေးဝင်သွား၏။ မယုံနိုင်စရာကောင်းလှသည်။

ထိုအရာက မျက်စိတစ်မှိတ်အတွင်းမှာပဲ ကီလိုမီတာ ၅၀ ကျော် ပျံသန်းလာပြီး စိန့်ပီတာဘတ်မြို့မှ မီတာ ၁၀၀၀ အကွာ၌ ရုတ်တရက် ရပ်တန့်သွားသည်။

တစ်ချိန်တည်းမှာပင် ကြမ်းတမ်းပြီး ရိုးရှင်းသည့် ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခု ပေါ်လာသည်။ အံ့သြစရာကောင်းသည်က ထိုအရာက ဧကရာဇ် ရက်ဆင်၏ အရှိန်အဝါနှင့် ညီမျှပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ထက် အားမနည်းချေ။

ဖေး မျက်လုံးများ ချက်ချင်းကျုံ့သွားပြီး သူ အံ့အားသင့်သွားသည်။

"သူက... အဇာရို့သ် မှာ အစွမ်းထက်ဆုံးလူလား တိုက်ကြီးရဲ့သိုင်းသူတော်စင်မာရာဒိုနာဘဲ "

ထိုအလင်းရောင်က အရပ်ရှည်သည့်ပုံမပေါက်ချေ။

သူ့တွင် ထူထဲကောက်ကွေးနေသည့် အနက်ရောင်ဆံပင်ရှည်များရှိပြီး အနည်းငယ်ဝသည်။

ထို သက်လတ်ပိုင်းလူက ဖေး အတွက် သူစိမ်းတစ်ယောက်မဟုတ်ချေ။ သူက တိုက်ကြီး၏သိုင်းသူတော်စင် မာရာဒိုနာဖြစ်သည်။

End

All Chapters