အခန်း ၁၀၅၃
Vol. 71 Ch. 1053
အခန်း ၁၀၅၃: အဖြေတစ်ခု (အပိုင်းတစ်)
ပင်လယ်အောက်ခြေရှိတိုက်ပွဲ အထွတ်အထိပ်သို့ရောက်ရှိချိန်က မာရာဒိုနာ၏ ယောင်ဝါးဝါးအရိပ်သည် ရုတ်တရက်ကောင်းကင်မှဆင်းသက်လာပြီး ဒီအလက်ဇန္ဒရို လှမ်းပစ်လိုက်၍ မကောင်းဆိုးဝါးနတ်ဘုရား ကလူအီဗာတ် ကောက်ယူခဲ့သော နတ်ဘုရားအဆင့်တိုက်ခိုက်ရေးလက်နက်ကို ပြန်လည်ယူဆောင်သွားခဲ့သည်။
ထိုအချိန်က ဖေး သည် ခဏတာသာမြင်ခဲ့ရသော်လည်း တိုက်ကြီး၏ သူတော်စင်သည် ဘုရင်၏စိတ်ထဲတွင် နက်ရှိုင်းသောအထင်ကြီးမှုကို ချန်ထားခဲ့သည်။ ဖေး သည် အစွမ်းထက်ဆုံးလူသားအဖြစ် လူသိများသော ဤလူကို ပထမဆုံးအကြိမ်မြင်တွေ့ခဲ့ခြင်းဖြစ်ပြီး ဘုရင်သည် အဆုံးစွန်သောစွမ်းအားကို ခံစားခဲ့ရခြင်းဖြစ်သည်။
ထိုအချိန်က မာရာဒိုနာ၏ ယောင်ဝါးဝါးအရိပ်သည် မကောင်းဆိုးဝါးပင်လယ်နတ်ဘုရား ကလူအီဗာတ် ၏လက်မှ နတ်ဘုရားအဆင့်တိုက်ခိုက်ရေးလက်နက်ကို အလွယ်တကူပြန်လည်ယူဆောင်နိုင်သည်။ မာရာဒိုနာသည် မည်မျှအစွမ်းထက်သနည်း။ ဖေး မသေချာသော်လည်း ဤလူသည် အနည်းဆုံးတော့ နတ်ဘုရားတစ်ပိုင်းဖြစ်မည်ကို သူသိသည်။
ယခု မာရာဒိုနာ သည် သူ့ဘာသာသူ ဤနေရာသို့လာခဲ့ခြင်းဖြစ်သည်။ သူသည် သူ၏ဒုတိယတပည့် ဒီအလက်ဇန္ဒရို အတွက် ဤနေရာသို့ရောက်ရှိနေခြင်းမှာ ထင်ရှားသည်။
မာရာဒိုနာ လေထဲတွင် ပေါ်လာသည်နှင့် အင်ပါယာရက်ဆင်က ထိုလူကိုနှုတ်ဆက်မည့်အစား လက်သီးကိုမြှောက်၍ တိုက်ခိုက်လိုက်သည်။
ထို့နောက် ကောင်းကင်ယံတွင် နဂါးဟိန်းသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
ဒီအလက်ဇန္ဒရိုနှင့် အင်ပါယာကရီမောဗ်တို့ကို တိုက်ခိုက်စဉ်က အင်ပါယာရက်ဆင်မှာ သူ၏ နက်ဘုရားတစ်ပိုင်းနယ်မြေဖြင့် အလွယ်တကူအနိုင်ရခဲ့သည်။ သို့သော်လည်း မာရာဒိုနာနှင့် ရင်ဆိုင်ရချိန်တွင်တော့ အင်ပါယာရက်ဆင်မှာ သတိကြီးကြီးဖြင့် သူ၏ နဂါးလက်သီးသိုင်းပညာကိုထုတ်သုံးခဲ့၏။
ဧကရာဇ်ရက်ဆင် ယခုအကြိမ် [နဂါးလက်သီး] ကို အသုံးပြုသည့်အခါ ယခင်အကြိမ်နှင့် လွန်စွာကွာခြားသွားပြီဖြစ်သည်။
နတ်ဘုရားတစ်ပိုင်းဖြစ်လာပြီးနောက် ဧကရာဇ်ရင်ဆင်ရဲ့ စွမ်းအားထိန်းချုပ်မှုနှင့် သဘာဝတရား၏ ဥပဒေသများကို နားလည်နိုင်စွမ်းက နောက်တစ်ဆင့်ကို ရောက်ရှိသွား၏။ ဧကရာဇ်ရက်ဆင် ထိုးလိုက်သည့်အခါ နဂါးဟိန်းသံများ ထွက်ပေါ်လာပြီး လက်သည်းငါးချောင်းပါသည့် ရွှေရောင်နဂါးတစ်ကောင်က သူ့လက်သီးမှ ပျံထွက်လာသည်။ ထိုစွမ်းအင်နဂါးဟာ တကယ့်သတ္တဝါတစ်ကောင်ဟုပင်ထင်ရ၏။ စွမ်းအင်မိား ထွက်လာခြင်းမရှိဘဲ နဂါးက ပြိုင်ဘက်ကို တိုက်ခိုက်ရန် အရှိန်အဟုန်ဖြင့် ရှေ့ကို ပြေးထွက်သွားသည်။
[နဂါးလက်သီး] ၏ ဟန်နှင့် ရောင်ဝါက ဧကရာဇ်ရက်ဆင် တောက်ပခြင်းနေ အထွတ်အထိပ်တွင် ရှိနေစဉ်ကထက် အားနည်းနေပုံရသော်လည်း ဤတိုက်ခိုက်မှုတွင် ပါဝင်သည့် စွမ်းအားက အဆပေါင်းများစွာ ပိုပြင်းထန်သည်။
အနည်းဆုံးတော့ ထိုရွှေရောင်နဂါးနှင့် ပေါ့ပေါ့ပါးပါး ထိလိုက်ရင်ပင် ဖေး ဖုန်မှုန့်ဖြစ်သွားပေလိမ့်မည်။
ဖျက်ဆီးလို့မရဟော မသေမျိုးဘုရင်၏ ကျောက်တုံးခြေလက်နက်ပင် ဧကရာဇ်ရက်ဆင်၏ တိုက်ခိုက်မှုကို တားဆီးနိုင်မလားဆိုသည်ပင် သူသေချာမသိချေ။
သို့သော် မာရာဒိုနာမှာ ဧကရာဇ်ရက်ဆင်၏ ရုတ်တရက်တိုက်ခိုက်မှုကို အံ့သြသွားပုံမရပါ။
သူဟာ သူ့ရဲ့ အနည်းငယ်ဝဖြိုးနေသည့် လက်မောင်းများကို မြှောက်ပြီး လက်များကို ဖြန့်ကာ ရှေ့ကို တိုးဝင်လိုက်၏။
" အုံး "
ထိုအချိန်တွင် လူတိုင်း ကမ္ဘာကြီး အနည်းငယ်တုန်ခါသွားသလို ခံစားလိုက်ရသည်။
ထို့နောက် သူ နှစ်ယောက်ကြားက နေရာလပ်ဟာ မတည်မငြိမ်ဖြစ်လာပြီး ဆူနေသည့်ရေသဖွယ် ဖြစ်လာသည်။ ထိုဖြစ်စဉ်တစ်ခုလုံးဟာ စက္ကန့် ၃၀ လောက်ကြာပြီး ဘာမှမဖြစ်သလို အရာအားလုံးက ပုံမှန်ပြန်ဖြစ်ပြီး တိတ်ဆိတ်သွား၏။
သခင်နှစ်ယောက်ကြားက နေရာလွတ်မှာ အကြိမ်ပေါင်းများစွာ ဖျက်ဆီးပြီး ပြန်လည်ဖန်တီးခံထားရသည်ကို ဖေး တစ်ယောက်တည်းသာ မြင်နိုင်၏။ ထိုအရာက နတ်ဘုရားစွမ်းအားများကြားက တိုက်ပွဲတစ်ခုဖြစ်ပြီး လူသားများ၏ မျက်လုံးဖြင့် မြင်နိုင်မည်မဟုတ်ပေ။
“ တိုက်ကြီးရဲ့ သိုင်းသူတော်စင် မင်းဟာ မင်းရဲ့နာမည်ကို ထိုက်တန်တယ် ” ဧကရာဇ် ရက်ဆင် က ခြေတစ်လှမ်းနောက်ဆုတ်ပြီး လေးနက်သည့် အမူအရာနှင့် ပြောလိုက်၏။
တစ်ဖက်မှာတော့ မာရာဒိုနာမှာ သူတို့၏တိုက်ပွဲကို ဘာမျှ တုံ့ပြန်မှုမပြချေ။ သူက သူ့ခန္ဓာကိုယ်ကို အနည်းငယ်လှုပ်ခါပြီး လက်ကို ဆန့်ထုတ်ကာ အောက်ကို ဆုပ်ကိုင်လိုက်၏။ ထို့နောက် စွမ်းအင်က ဧရာမလက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဒီအလက်ဇန္ဒရို ကို ပိတ်ဆို့ထားသည့် တောင်ထံပြေးဝင်သွားသည်။
ယခုခရီးစဉ်အတွက် မာရာဒိုနာ၏ ရည်ရွယ်ချက်က သူ့တပည့်ကို ကယ်တင်ရန်ဟု ထင်ရသည်။
ဧကရာဇ်ရက်ဆင်က နှာခေါင်းရှုံ့ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ နဂါးပုံသဏ္ဍာန် စစ်သည်စွမ်းအင်တစ်ခုက မာရာဒိုနာ၏ စွမ်းအင်လက်ကို ထိမှန်ပြီး အပိုင်းပိုင်းဖြစ်သားသည်။
သူ့ရဲ့ လုပ်ဆောင်ချက်ကို ပိတ်ဆို့ထားခံရချိန်တွင် မာရာဒိုနာက က တောင်ပေါ်သို့ တိုက်ရိုက်ပျံသန်းဆင်းသွားပြီး ခဏလေးအတွင်းပင် တောင်ထိပ်တွင်ပေါ်လာ၏။
သူကလေတစ်ချက်မှုတ်ထုတ်လိုက်ရာ တောင်မှာ လိမ္မော်ရောင်မီးတောက်တိမ်တိုက်အဖြစ် ပြောင်းလဲသွားပြီး နေရာအနှံ့ပျံ့သွားသည်။ တောင်ပေါ်ရှိ နတ်ဘုရားတစ်ပိုင်း ရုန်းခြောက်ခုက မာရာဒိုနာကို တစ်စက်လေးမှ မတားဆီးနိုင်ခဲ့ချေ။
အခန်း ၁၀၅၃: အဖြေ (အပိုင်းနှစ်)
ယခု တောင်အောက်တွင် ဖိသိပ်ခံထားရသော ဒီအလက်ဇန္ဒရို ကို သူကယ်တင်နိုင်ခဲ့သည်။
“ ဆရာအရှင် ဟားဟားဟား ကျွန်တော့ကို ကယ်တင်ဖို့ ရောက်လာတာလား ဒီ အဘိုးကြီးရက်ဆင်က မာနကြီးလွန်းတယ် သူက ကျွန်တော့်ကို ဒီမှာ ပိတ်ထားပြီး ဆရာ့ကို မလေးမစားပြုခဲ့တယ်သူက တိုက်ကြီးရဲ့သိုင်းသူတော်စင် ဆိုတဲ့ ဆရာ့ဘွဲ့ကို ရယူဖို့ သေချာပေါက် ကြံနေတာပဲ…” ဒီအလက်ဇန္ဒရိုက လွတ်လွတ်ခြင်း ဂုန်းချောသည်။
“မင်း ဘယ်လို ပြောရဲ..... "
ဧကရာဇ်ရက်ဆင် က အော်ဟစ်လိုက်သည်။ တိုက်ကြီး၏သိုင်းသူတော်စင်က က သူ့ကို လျစ်လျူရှုထားသည့်အတွက် သူက မာရာဒိုနာ၏ သဘောထားနှင် လုပ်ရပ်ကို ဒေါသထွက်နေသည်။
ခြေလှမ်းတစ်လှမ်း လှမ်းပြီးတဲ့နောက် ဧကရာဇ်ရက်ဆင် က လက်မောင်းတွေကို မြှောက်ပြီး ထိုးလိုက်သည်။ နဂါးအော်သံ ထပ်မံ ပဲ့တင်ထပ်သွားပြီး လက်သည်းငါးခု ရွှေရောင်နဂါးတစ်ကောင်လည်း ပေါ်လာသည်။ ထိုတိုက်ခိုက်မှုက မာရာဒိုနာ၏ လက်ထဲတွင်ရှိသည့် ဒီအလက်ဇန္ဒရိုကို ပစ်မှတ်ထားခြင်းဖြစ်သည်။ သူက မာရာဒိုနာကယ်တင်ချင်သူကို သတ်ဖြတ်လိုခြင်းဖြစ်၏။
သို့သော် မာရာဒိုနာ၏ ခန္ဓာကိုယ်သည် တောက်ပသွားပြီး ဤတိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းနိုင်ခဲ့သည်။ [နဂါးလက်သီး] မှ ဖန်တီးထားသော ရွှေရောင်စွမ်းအင်နဂါးများစွာနှင့် ရင်ဆိုင်ရသောအခါ မာရာဒိုနာသည် ခုခံကာကွယ်ခြင်းမပြုဘဲ နောက်ဆုတ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏ ဘယ်ဘက်လက်မှ တုန်ခါသွားပြီး အားတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် အက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ဒီအလက်ဇန္ဒရို ၏ အော်သံများ ထွက်ပေါ်လာသည်။ ကောင်းကင်ရှိ ကြယ်များကဲ့သို့ ဒီအလက်ဇန္ဒရို ၏ ခန္ဓာကိုယ်မှ ငွေရောင်စွမ်းအင် အလင်းတန်းများ ထွက်ပေါ်လာသည်။
ဧကရာဇ် ရက်ဆင်သည် အနည်းငယ် အံ့အားသင့်သွားပြီး ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ နဂါး၏ ဟိန်းဟောက်သံသည် ချက်ချင်း တိတ်ဆိတ်သွားပြီး မာရာဒိုနာနောက်သို့ လိုက်နေသော စွမ်းအင်လက်သီးများလည်း ပျောက်ကွယ်သွားသည်။
ဒီအလက်ဇန္ဒရို ၏ အော်သံများသည် ကောင်းကင်တွင် ပဲ့တင်ထပ်သွားသည်။
“ဆရာ... ခင်ဗျား... အာ... ခင်ဗျားက ကျွန်တော့်ရဲ့ စစ်သည်တော်စွမ်းအင်ကို ဖျက်ဆီးလိုက်တာ... အာ ဘာလို့လဲ ဘယ်လိုလဲ ဘာလို့ ဒီလိုလုပ်နေတာလဲ ”
ဒီအလက်ဇန္ဒရို၏ တောက်ပခြင်းနေအဆင့် စစ်သည်တော် အမြင့်ဆုံးစွမ်းအင်ဟာ ထူထပ်လွန်းသဖြင့် သူ့ လေ့ကျင့်မှုအတွင်းတွင် လွန်စွာ ပါရမီရှိကာ အလွန်ကြိုးစားအားထုတ်ခဲ့ကြောင်းသိနိုင်၏။ ယခုတော့ သူ့ဆရာကြောင့် သူဒုက္ခိတဖြစ်သွားပြီဖြစ်သည်ယ
“ငါ မင်းကို သင်ပေးခဲ့တာတွေကို ပြန်ယူလိုက်ရုံပါပဲ အခုကစပြီး မင်းက တိုက်ကြီးရဲ့ သိုင်းသူတော်စင်တောင် နဲ့ ဘာမှမဆိုင်တော့ဘူး။” ရောက်လာပြီးနောက် မာရာဒိုနာ ပထမဆုံးအကြိမ် ပါးစပ်ဟလိုက်ခြင်းဖြစ်သည်။ သူ့အသံက အေးချမ်းလှသော်လည်း သူ စိတ်ပိုင်းဖြတ်ထားပုံရသည်။
မာရာဒိုနာ လွှတ်လိုက်ပြီးနောက် နူးညံ့တဲ့စွမ်းအင်တစ်ခုက ဒီအလက်ဇန္ဒရို ကို မြေပြင်ပေါ်သို့ ချပေးလိုက်သည်။
မာရာဒိုနာက သက်ပြင်းချပြီး “ အာ မင်းက လွန်ခဲ့တဲ့ နှစ် ၁၀၀ က မိုးသည်းထန်တဲ့ညမှာ မင်းရဲ့ပေါင်မုန့်တစ်ဝက်ကို သူငယ်ချင်းတွေနဲ့ ဝေမျှဖို့ ဆန္ဒရှိတဲ့ ကလေးတစ်ယောက်ပဲဆက်ဖြစ်လာဖို့ ငါတကယ်မျှော်လင့်ခဲ့တယ် မင်းကို ငါတွေ့ပြီး မင်းကို တပည့်တစ်ယောက်အဖြစ် လက်ခံခဲ့တယ် အခုတော့ ငါမှားပြီး မင်းကို ထိခိုက်အောင်လုပ်မိသလိုပါပဲ ”
မိုးကြိုးတစ်ချက်က သူ့ကို ထိမှန်သွားသကဲ့သို့ ခံစားလိုက်ရပြီး ဒီအလက်ဇန္ဒရိုက က စိတ်လွတ်လက်လွတ်နှင့် မြေပြင်ပေါ်၌ ထိုင်ချလိုက်လိုက်။ သူ တစ်ခုခုကို ပြန်သတိရပြီး မည်သို့ အော်ဟစ်ငိုယိုရမည်ဆိုသည်ကို မေ့သွားပုံရသည်။
ကောင်းကင်၌ မာရာဒိုနာက ဧကရာဇ် ရက်ဆင်ကို ကြည့်ပြီး “ဇင်းနစ်ဧကရာဇ်၊ ငါ့အဖြေကို ကျေနပ်ရဲ့လား” ဟု မေးလိုက်၏။
ဧကရာဇ် ရက်ဆင် ခေါင်းညိတ်လိုက်၏။
တိုက်ကြီး၏ သိုင်းသူတော်စင်က သူ့ရဲ့ဂုဏ်သိက္ခာရှိပြီး တခြားသူတွေကို သူ့တပည့်တွေကို အပြစ်ပေးခွင့် မပေးချေ။ သူ့ဆီက လာသည့်။ စွမ်းအားကို သူပဲ ပြန်ယူနိုင်သည်။
ဧကရာဇ် ရက်ဆင် ခေါင်းညိတ်လိုက်သည့်အခါ မာရာဒိုနာက ပူဖောင်းတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ခပ်တိုးတိုး အသံတစ်ခု ထွက်ပေါ်လာသည်။ မာရာဒိုနာ၏ ပုံရိပ်ဟာ ရုတ်တရက် ပျောက်ကွယ်သွားသည်။
ဧကရာဇ် ရက်ဆင် အံ့အားသင့်သွားပြီး မျက်နှာအရောင် ပြောင်းသွား၏။
ဖေးလည်း အံ့အားသင့်သွား၏။ ရုတ်တရက် ပေါ်လာသည့် ‘မာရာဒိုနာ’ က ပင်လယ်အောက်ခြေတွင် ပေါ်လာသည့် ပုံရိပ်နှင့် အတူတူဆိုသည်ကို သူ သဘောပေါက်လိုက်သည်။
သို့သော်လည်း ထိုပုံရိပ်က နတ်ဘုရားတစ်ပိုင်း ဖြစ်သည့် ဧကရာဇ် ရက်ဆင်ထက် အားမနည်းဘဲ ကိုယ်ပိုင်စိတ် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်တစ်ခု ရှိနေသည်။
ဧကရာဇ်ရက်ဆင်သည် ယခုအခါ အလွန်အစွမ်းထက်သော်လည်း နောက်ဆုံးအချိန်ထိ ထိုအရာကို မခံစားမိခဲ့ချေ။
မာရာဒိုနာက အလွန်အစွမ်းထက်လှ၏။
End