← Chapters

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း ၃၃၁

Vol. 34 Ch. 331

အခန်း (၃၃၁) မကောင်းသည့်လူ တစ်ချို့တော့ ရှိနေမည်သာ

စည်ပင်အဖွဲ့ခေါင်းဆောင်သည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူ၏အနီးဆုံးရှိ တပည့်ဖြစ်သူအား ပြောလိုက် လေသည်။

"မင်း တံခါးကို နည်းနည်းလောက်ဟပြီး အပြင်ကို ချောင်းကြည့်လိုက်…။ ပြီးတော့ ကားနံပါတ်ကို မှတ်ခဲ့...။"

ထိုတပည့်ဖြစ်သူမှာလည်း အလွန်စကားနားထောင်လှပေသည်။ သူသည် ချက်ချင်းပင် မြေပြင်ပေါ်၌ ဝပ်ချကာ သံပန်းတံခါးကို အနည်းငယ်ဟ၍ အပြင်ဘက်သို့ သတိထားကာ ချောင်းကြည့်လိုက်လေသည်။

ထို့နောက် တံခါးကို အမြန်ပြန်ပိတ်ကာ ပြန်လာပြီး အစီရင်ခံလေသည်။

"အဖွဲ့ခေါင်းဆောင် အပြင်မှာ ကားဆယ်စီးထက်မက ရှိပါတယ်…။ ပြီးတော့ အလယ်က ကားတချို့ရဲ့ နံပါတ်ပြား တွေက ထူးခြားနေတယ်...။"

ထိုစကားကို ကြားသောအခါ စည်ပင်အဖွဲ့ခေါင်းဆောင်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး ထပ်မံ၍ အာမေဍိတ်သံ ထွက်လာလေသည်။

"အဲ့ဒါ မြို့တော်ရဲဌာနချုပ်က ကားတွေပဲ အလယ်ကကားက ညွှန်ကြားရေးမှူးလီရဲ့ ကားပဲ...။"

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဘယ်လိုကိစ္စကြီးမို့လို့ မြို့တော်ရဲဌာနချုပ်က ညွှန်ကြားရေးမှူးကိုယ်တိုင် လာရတာ လဲ...။"

"ဟို အစားအသောက်ပို့တဲ့ကောင်ကြောင့်များလား…၊ ဒါတော့ မဖြစ်နိုင်ပါဘူး….၊ သူက မြို့တော်ရဲဌာနချုပ်က ညွှန်ကြားရေးမှူးနဲ့သာ အဆက်အသွယ်ရှိရင် ဘာလို့ အစားအသောက် လိုက်ပို့နေတော့မှာလဲ...။"

လုံးဝကို နားမလည်နိုင်ဖြစ်နေသော်လည်း စည်ပင်အဖွဲ့ခေါင်းဆောင်သည် ချက်ချင်းပင် ဟန်ဆောင်ကာ တည် ငြိမ် နေလိုက်လေသည်။

"မကြောက်ကြနဲ့…၊ ငါပြောထားတယ်လေ ငါတို့က သူတို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ မရှိဘူး…။ ဒါကြောင့် ဘာမှ ကြောက်စရာမလိုဘူး...။"

"ပြီးတော့ ငါတို့က ဘာမှလည်း မလုပ်ရသေးဘူး…။ သူတို့က ဘာအကြောင်းပြချက်နဲ့ ဖမ်းမှာလဲ၊ အရင်ကလည်း ဖမ်းဖူးတာပဲ၊ ပြီးတော့လည်း ပြန်လွှတ်ပေးရတာပဲလေ...။"

ထိုစကားကို ကြားသောအခါ လူမှုဆက်ဆံရေး နားမလည်သေးသော တပည့်တစ်ဦးက ဝင်ပြောလိုက်လေသည်။

"အဖွဲ့ခေါင်းဆောင်…၊ ကျွန်တော်တို့က မလန့်ပါဘူး…၊ မကြောက်လည်း မကြောက်ဘူး…။ အဖွဲ့ခေါင်းဆောင် သာ နည်းနည်း ပြာယာခတ်နေသလိုပဲ...။"

"ကျွန်တော် မကြာသေးခင်က စိတ်ပညာစာအုပ်တစ်အုပ် ဖတ်ဖူးတယ်…။ အဲ့ဒီထဲမှာ စကားတွေကို မြန်မြန်ပြော ပြီး တခြားသူတွေကို မကြောက်ဖို့ ပြောနေတာက တကယ်တော့ သူကိုယ်တိုင် ကြောက်နေလို့တဲ့...။"

ဤကဲ့သို့ အခြေအနေကို နားမလည်သော တပည့်ဖြစ်သူကြောင့် စည်ပင်အဖွဲ့ခေါင်းဆောင်သည် သူ့အား ဒေါသ တကြီး စိုက်ကြည့်လိုက်လေတော့သည်။

"ဒီနေ့သာ တကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင် မင်းကို အပြစ်ပေးဖို့ ဆွဲထုတ်ပစ်မယ်...။"

စိုက်ကြည့်ခံလိုက်ရသော တပည့်ဖြစ်သူမှာ လန့်သွားလေသည်။

"ဘာဖြစ်လို့လဲ အဖွဲ့ခေါင်းဆောင်…၊ အရင်က ရဲတွေကို မကြောက်ဘူးလို့ အမြဲပြောနေခဲ့တာ မဟုတ်ဘူးလား…။ အဖွဲ့ခေါင်းဆောင်က အရင်က ကြွားနေခဲ့တာလား…၊ ဝူး..ဝူး...။"

ထိုတပည့်ဖြစ်သူ ထပ်ပြောတော့မည်ကို မြင်သောအခါ အခြားတပည့်များက အမြန်ပြေးလာကာ သူ့ကို ဆွဲဖမ်း ပြီး ဆက်မပြောနိုင်စေရန် ပါးစပ်ကို ပိတ်ထားလိုက်ကြလေသည်။

စည်ပင်အဖွဲ့ခေါင်းဆောင်သည် လျန်ထျန်းနှင့် သဘောကောင်းသော ဆိုင်ရှင်တို့ဘက်သို့ လှည့်ကြည့်ကာ ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ဒီနေ့ မင်းတို့ ကံကောင်းသွားတယ်လို့ မှတ်လိုက်…၊ လောလောဆယ် ဒီလောက်နဲ့ပဲ ထားလိုက်မယ်...။"

"ခဏနေ တံခါးဖွင့်လိုက်ပြီဆိုရင် ဘာပြောရမယ် ဘာမပြောရဘူးဆိုတာ မင်းတို့ သိမယ်လို့ မျှော်လင့်တယ်…၊ ကြားလား...။"

သဘောကောင်းသော ဆိုင်ရှင်မှာ ချက်ချင်းပင် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ပြီး သူ၏ဘေးရှိ လျန်ထျန်း ကို ကြည့်လိုက်ရာ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူလည်း ခေါင်းညိတ်လိုက်လေသည်။

သူတို့နှစ်ဦးစလုံး ခေါင်းညိတ်သည်ကို မြင်ပြီးနောက် စည်ပင်အဖွဲ့ခေါင်းဆောင်သည် သူ၏အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီး တံခါးကို ဖွင့်ခိုင်းလိုက်လေသည်။

သံပန်းတံခါး ပွင့်သွားပြီးနောက် စည်ပင်အဖွဲ့ခေါင်းဆောင်သည် ချက်ချင်းပင် ပြုံးရွှင်သော မျက်နှာထားဖြင့် ကားပေါ်မှ ဆင်းလာသော ရဲအရာရှိများကို သွားရောက် နှုတ်ဆက်လေတော့သည်။

"အို ညွှန်ကြားရေးမှူးလီ ဖြစ်ရမယ်…၊ ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေး အရာရှိတွေဆိုတော့ ပြောရရင် ဌာနတစ်ခုတည်းကပါပဲ...။"

"အရင်ရဲမှူးတွေ တာဝန်ထမ်းဆောင်တုန်းကတော့ ရဲဌာနနဲ့ ကျွန်တော်တို့ဌာနကြားမှာ နားလည်မှုလွဲတာလေးတွေ ရှိခဲ့ပြီး ဆက်ဆံရေးက သိပ်မပြေလည်ခဲ့ဘူးပေါ့...။"

"တခြားနေရာ တော်တော်များများမှာတော့ ကျွန်တော်တို့ ဌာနနှစ်ခုက မိသားစုလိုပါပဲ…၊ အရင်ရဲမှူးက အရမ်း အကျင့်ပျက်ခြစားပြီး ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် ကျွန်တော်တို့ စည်ပင်ဌာနကို အမြဲတမ်း ပစ်မှတ်ထား နေခဲ့လို့သာပါ...။"

"ဒါပေမဲ့ ညွှန်ကြားရေးမှူးလီကတော့ အဲ့ဒီလိုလူမျိုး မဟုတ်ဘူးဆိုတာ ကျွန်တော် လုံးဝ ယုံကြည်ပါတယ်…၊ ပြီးတော့ အရင်လူတွေထက်လည်း အဆများစွာ သာလွန်မှာ သေချာပါတယ်...။”

"ညွှန်ကြားရေးမှူးလီရဲ့ ခေါင်းဆောင်မှုအောက်မှာ ကျွန်တော်တို့ ဌာနနှစ်ခုက မိသားစုလို ရင်းနှီးလာပြီး ဒီမြို့တော် ရဲ့ စည်းကမ်းတွေကို အတူတကွ ထိန်းသိမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်...။”

"အို…၊ ဟုတ်သားပဲ…၊ စကားတွေ အများကြီး ပြောနေမိတာ ကျွန်တော့်ကိုယ်ကျွန်တော်တောင် မိတ်မဆက်ရ သေးဘူး…။ ကျွန်တော်က ဒီ အိတ်စ်အိတ်စ် နယ်မြေက စည်ပင်သာယာရေးတပ်ဖွဲ့ ဒုတိယအဖွဲ့ခေါင်းဆောင် ရှန်ကျိုးစီ ပါ...။”

"ညွှန်ကြားရေးမှူးလီက မြို့တော်ရဲဌာနချုပ်ကဆိုတော့ သဘာဝကျကျပဲ ကျွန်တော့်ရဲ့ အထက်လူကြီး ဖြစ်နေတာ ပေါ့…။ မင်္ဂလာပါ အထက်လူကြီး…၊ ဒီနေ့ ဒီနေရာသို့ ရောက်လာတာ ဘာများ ညွှန်ကြားစရာ ရှိလို့ပါလဲ...။”

ဤကဲ့သို့ မြှောက်ပင့်ဖားယားမှုနှင့်အတူ အရင်ရဲမှူးများအပေါ် မကျေနပ်ချက်များကိုပါ ထည့်သွင်းပြောဆိုခြင်းက စည်ပင်အဖွဲ့ခေါင်းဆောင်သည် အတော်လေး ကောက်ကျစ်စဉ်းလဲကြောင်း ပြသနေလေသည်။

ဤသည်မှာ တစ်ဦးကို နှိမ့်ချကာ အခြားတစ်ဦးကို မြှောက်စားသည့် ဂန္ထဝင်မြောက် လုပ်ရပ်ပင် ဖြစ်သည်။ ညွှန်ကြားရေးမှူးလီကို အလွန်အမင်း ချီးမွမ်းနေစဉ်မှာပင် ပူးပေါင်းဆောင်ရွက်လိုကြောင်း သွယ်ဝိုက်၍ အရိပ် အမြွက် ပြနေခြင်းဖြစ်သည်။

သို့သော် သူ၏ တက်ကြွနေသော အပြုအမူမှာ လျစ်လျူရှုခြင်းကိုသာ ခံရမည်မှာ သေချာနေလေသည်။ သူသည် ညွှန်ကြားရေးမှူးလီအနီးသို့ပင် မရောက်နိုင်မီ ရဲအရာရှိအချို့၏ တားဆီးခြင်းကို ခံလိုက်ရလေသည်။

ထို့နောက် ညွှန်ကြားရေးမှူးလီကလည်း အေးစက်သော မျက်နှာထားဖြင့် မေးခွန်းထုတ်လိုက်လေသည်။

"ဒီနေရာက တရားဥပဒေစိုးမိုးရေး အရာရှိတွေက လူတွေကို အနိုင်ကျင့်ပြီး လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်နေ တယ်လို့ တိုင်ကြားချက် ရထားတယ်…။ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ပြောပြနိုင်မလား...။”

ထိုစကားကို ကြားသောအခါ အဖွဲ့ခေါင်းဆောင်မှာ အံ့အားသင့်သွားပြီးနောက် နားမလည်ဟန်ဆောင်ကာ ပြန် ပြောလေသည်။

"ဟုတ်လို့လား…၊ မဖြစ်နိုင်ပါဘူး…။ ကျွန်တော်တို့ရဲ့ တင်းကျပ်တဲ့ စီမံခန့်ခွဲမှုအောက်မှာ ဘယ်သူက ဒီလောက် ရဲတင်းရဲမှာလဲ...။”

"ကျွန်တော်တို့က ဒီနှစ်အတွက် သန့်ရှင်းရေးနဲ့ ယဉ်ကျေးမှုဆု နှစ်ခုစလုံးကို ရဖို့ ဆုံးဖြတ်ထားတာပါ…။ ဒါကြောင့် တရားဥပဒေစိုးမိုးရေးမှာ လုပ်ပိုင်ခွင့် အလွဲသုံးစားလုပ်တာမျိုးကို လုံးဝ ခွင့်ပြုမှာ မဟုတ်ပါဘူး...။”

"ကျွန်တော်က အခြေအနေကို နားလည်ဖို့ လူတွေကို ခေါ်လာရုံပါပဲ…၊ အားလုံးရဲ့ တုံ့ပြန်မှုကလည်း အရမ်း ကောင်းပါတယ်…။ သူတို့အားလုံးက ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲမှုအောက်မှာ သူတို့ဘဝတွေ ပိုပိုပြီး ကောင်းမွန်လာ တယ်လို့ ပြောကြပါတယ်...။”

စကားပြောရင်းနှင့် သူသည် လျန်ထျန်းနှင့် သဘောကောင်းသော ဆိုင်ရှင်တို့ဘက်သို့ လှည့်ကြည့်လိုက်လေသည်။ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်သော်လည်း သူ၏မျက်လုံးများမှာမူ ပြောင်းလဲသွားပြီး ခြိမ်း ခြောက်မှုများဖြင့် ပြည့်နှက်နေလျှက်ရှိလေသည်။

"ဟုတ်တယ် မဟုတ်လား...။”

ဤကဲ့သို့ သိသာထင်ရှားသော ခြိမ်းခြောက်မှုကို ရင်ဆိုင်ရသောအခါ သဘောကောင်းသော ဆိုင်ရှင်မှာ ခေါင်း ညိတ်ရန် ပြင်လိုက်သော်လည်း လျန်ထျန်းက သူ့ကို တားဆီးလိုက်လေသည်။

နောက်တစ်စက္ကန့်တွင် ဆိုင်ထဲ၌ ခေါင်းညိတ်ပြခဲ့သော လျန်ထျန်းသည် ဒေါသတကြီး စိုက်ကြည့်နေသော စည်ပင် အဖွဲ့ခေါင်းဆောင်ထံသို့ လျှောက်သွားခဲ့လေသည်။

သို့သော် သူသည် စည်ပင်အဖွဲ့ခေါင်းဆောင်ကို နောက်တစ်ကြိမ် လှည့်မကြည့်ဘဲ ကျော်ဖြတ်သွားခဲ့လေသည်။ ညွှန်ကြားရေးမှူးလီ၏ အရှေ့သို့ ရောက်မှသာ သူက ပြုံး၍ စကားတစ်ခွန်း ပြောလိုက်လေသည်။

"အစ်ကိုလီ ရောက်လာပြီပဲ…၊ ကျွန်တော် အရင်ဆုံး သက်သေအထောက်အထားတွေကို ပြပါရစေ...။”

လျန်ထျန်း ရုတ်တရက် စိတ်ပြောင်းသွားသည်ကို မြင်သောအခါ စည်ပင်အဖွဲ့ခေါင်းဆောင်မှာ ချက်ချင်းပင် ဒေါသထွက်သွားလေသည်။

"မင်း….၊ အစားအသောက်ပို့တဲ့ကောင် မင်း ဘယ်လိုများ အတင့်ရဲနေရတာလဲ...။”

သို့သော် သူ စကားမဆုံးမီမှာပင် ရဲအရာရှိများက ချက်ချင်း ရောက်လာကာ သူ့ကို ဖမ်းချုပ်ပြီး သတိပေးလိုက် လေသည်။

"မင်းက တော်တော် သတ္တိကောင်းတာပဲ…။ ငါတို့ ရဲတွေရှေ့မှာတင် လူတွေကို ခြိမ်းခြောက်ရဲတယ် အေးအေး ဆေးဆေး နေတာကောင်းမယ်...။”

ရဲများ၏ အင်အားကို ခံစားလိုက်ရသော စည်ပင်အဖွဲ့ခေါင်းဆောင်မှာ ချက်ချင်းပင် စကားမပြောနိုင်တော့ပေ။

သူ၏တပည့်များက ကူညီရန် ကြိုးစားသော်လည်း အချိန်တိုအတွင်း၌ပင် ဖမ်းချုပ်ခံလိုက်ရလေသည်။ အဆုံး တွင်တော့ ရဲအရာရှိများက သူတို့ထက် ပို၍ ကျွမ်းကျင်မှု ရှိပေသည်။

မကြာမီပင် လျန်ထျန်းသည် သူ ရိုက်ကူးထားသော ဗီဒီယိုမှတစ်ဆင့် ခုနက ဖြစ်ပျက်ခဲ့သမျှ အားလုံးကို ညွှန်ကြား ရေးမှူးလီအား ပြသလိုက်လေသည်။

ကြည့်ရှုပြီးနောက် ညွှန်ကြားရေးမှူးလီက ခေါင်းညိတ်လိုက်ပြီး သူ၏အသံမှာ ဒေါသများ စွက်ဖက်နေလေသည်။

"ပြည်သူတွေကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ တရားဥပဒေစိုးမိုးရေး အဖွဲ့တွေမှာ မကောင်းတဲ့လူ တစ်ချို့ ပါနေတာ က ရှောင်လွှဲလို့ မရနိုင်ဘူး...။”

"ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့ ထွက်ပြေးလို့ မရတော့ဘူး…။ သူတို့က လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့တယ်၊ သူတို့ရဲ့ လုပ်ရပ်တွေအတွက် သေချာပေါက် ထိုက်သင့်တဲ့ တန်ဖိုးပေးဆပ်ရလိမ့်မယ်...။”

ဤအချိန်ရောက်မှသာ စည်ပင်အဖွဲ့ခေါင်းဆောင်သည် နောက်ဆုံးတွင် နားလည်သွားတော့သည်။ သူ အမြဲတမ်း အထင်သေးခဲ့သော အစားအသောက်ပို့သူသည် တကယ်တော့ မြို့တော်ရဲဌာနချုပ်၏ ညွှန်ကြားရေးမှူးနှင့် အဆက်အသွယ် ရှိနေခဲ့ခြင်းပင်။

ထိုအချက်ကို နားလည်သွားသောအခါ သူသည် အထိတ်တလန့်ဖြစ်ခြင်းကို ရပ်တန့်လိုက်ပြီး အေးစက်စက်ပင် ရယ်မောလိုက်လေသည်။

"မြို့တော်ရဲဌာနချုပ်က ညွှန်ကြားရေးမှူးကလည်း အလျှော့အတင်း မလုပ်တတ်ဘူးဆိုတဲ့ ပုံစံပဲ…။ အဲ့ဒီလိုဆိုရင် တော့ ပူးပေါင်းဆောင်ရွက်ဖို့ မလိုတော့ဘူးပေါ့...။”

"ဒါပေမဲ့ ငါတို့ကို ဖမ်းပြီး တန်ဖိုးပေးဆပ်ခိုင်းဖို့က အဲ့ဒီလောက်တော့ မလွယ်ဘူးနော်…။ အရင်တစ်ခေါက်က ရဲဌာနက အမှုရှုံးခဲ့တာကို မှတ်မိသေးရဲ့လား...။”

ထိုစကားကို ကြားသောအခါ ညွှန်ကြားရေးမှူးလီက အေးစက်စက် နှာခေါင်းရှုံ့လိုက်လေသည်။

"မင်းပြောခဲ့တဲ့ အရင်ရဲမှူးတွေနဲ့ ငါနဲ့ ဘယ်လိုပတ်သက်လဲဆိုတာ မင်းသိလား…။ သူတို့က ငါ့ရဲ့ ဆရာတွေပဲ...။”

"ရဲစခန်းက အမှုရှုံးတုန်းက ငါ့ဆရာက တရားသူကြီးဖြစ်နေခဲ့တာ…။ အဲ့ဒီဖြစ်ရပ်က သူ့ရင်ထဲမှာ အမြဲတမ်း အဖု အထစ်တစ်ခု ဖြစ်နေခဲ့တာ...။”

"ပြီးတော့ အခု ငါ့ဆရာက ဘယ်ရာထူးကို ယူထားလဲဆိုတာ မင်းသိလား...။”

ထိုမေးခွန်းကို ကြားသောအခါ စည်ပင်အဖွဲ့ခေါင်းဆောင်မှာ အထင်အမြင်သေးသည့် ဟန်ပန် ရှိနေဆဲပင် ဖြစ် သည်။

"သူ ဘယ်ရာထူးမှာပဲ ရှိနေရှိနေ ဂရုမစိုက်ဘူး…။ ရဲဌာနက ငါတို့အပေါ် စီမံခန့်ခွဲပိုင်ခွင့်မှ မရှိတာ...။”

"ပြီးတော့ မင်းက သူ့ရဲ့ တပည့်ပေါ့…၊ ဟားဟားဟား…။ မင်းဆရာကတောင် အဲ့ဒီတုန်းက ငါတို့ဆီမှာ ရှုံးခဲ့တာဆို တော့ မင်းကိုတော့ ပိုလို့တောင် မကြောက်သေးတယ်...။”

All Chapters