← Chapters

အခန်း ၃၃၆

Vol. 34 Ch. 336

အခန်း ၃၃၆

Vol. 34 Ch. 336

အခန်း (၃၃၆)

အဲဒါကို ကဏန်းဥလို့ တကယ် ခေါ်လို့ရရဲ့လား

ယခင် ဖြစ်ရပ်တွင် လျန်ထျန်းသည် ရှာဖွေတွေ့ရှိသူနှင့် ပါဝင်သူတစ်ဦးအနေဖြင့် များစွာ ကြိုးပမ်းအားထုတ် ခဲ့လေသည်။

သူသည် လူအများ၏ အသိအမှတ်ပြု ချီးကျူးမှုများနှင့် ထိုက်တန်သော်လည်း သူ၏ အောင်မြင်မှုများကို ဖုံးကွယ် ထားကာ ဂုဏ်ကျေးဇူး အားလုံးကို တန်ကော်ဟွာထံသို့သာ ပေးအပ်ခဲ့လေသည်။

သူသည် အခြားသော အစားအသောက် ပို့ဆောင်သူများကဲ့သို့ပင် အစားအသောက်များကို ပုံမှန်အတိုင်း ဆက် လက် ပို့ဆောင်နေခဲ့ပြီး သူ၏ ကိုယ်ရေးအချက်အလက်များနှင့် သူ ပြုလုပ်ခဲ့သည့် အရာများကို သိရှိသူမှာ အလွန် ပင် နည်းပါးလှပေသည်။

လျန်ထျန်း၏ အမြင်တွင် ဂုဏ်သတင်းနှင့် စည်းစိမ်ချမ်းသာတို့မှာ အဓိပ္ပာယ် မရှိသည့်အပြင် မလိုအပ်သော ပြဿနာများကိုပင် ယူဆောင်လာနိုင်သည်ဟု ယူဆထားလေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ထိုဂုဏ်ကျေးဇူးများကို တန်ကော်ဟွာထံသို့ ပေးအပ်လိုက်ခြင်းက အကျင့်ပျက်ခြစားမှု နှိမ်နင်းရေးဌာန ဌာနချုပ်၏ အကြီးအကဲ ရာထူးနေရာတွင် သူ၏ ရပ်တည်ချက်ကို ပိုမို ခိုင်မာစေပြီး ဩဇာ အာဏာကို တိုးတက်စေကာ ပိုမိုများပြားသော အရာများကို လုပ်ဆောင်နိုင်စေမည် ဖြစ်သည်။

မှန်ပေသည်။ ပြည်သူများအတွက် လက်တွေ့ကျသော အရာများကို လုပ်ဆောင်ပေးခြင်းကသာ အမှန်တကယ် အရေးကြီးပေသည်။ လောကကြီး ပိုမို ကောင်းမွန်လာသရွေ့ မည်သူကမျှ သူ့ကို မသိလျှင်ပင် လျန်ထျန်း ဂရု မစိုက်ပေ။

လူတစ်ယောက်အနေဖြင့် မိမိ၏ ဘဝသက်တမ်းတစ်လျှောက်တွင် လောကကြီးနှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးပြုနိုင်ပြီး မိမိနှင့် မိမိ၏ မိသားစု သက်တောင့်သက်သာ နေထိုင်နိုင်ရေးကိုပါ သေချာစေနိုင်ပါက ထို အရာက လုံလောက်နေပြီ ဖြစ်သည်။

ထိုနေ့တွင် လျန်ထျန်းသည် အစားအသောက်များ ပို့ဆောင်နေစဉ် အစားအသောက် ပို့ဆောင်ရေး လုပ်ငန်း အတွင်းရှိ နောက်ထပ် ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြန်လေသည်။

အဖြစ်အပျက်မှာ ဤသို့ဖြစ်သည်။ သူသည် အမှာစာကြီး တစ်ခုကို လက်ခံရရှိခဲ့လေသည်။ ကြီးမားသည် ဆို သည်မှာ အရေအတွက်ကို ဆိုလိုခြင်း မဟုတ်ဘဲ ဈေးနှုန်းကို ဆိုလိုခြင်း ဖြစ်သည်။

ထိုအမှာစာတွင် အဆင့်မြင့် ကဏန်းဥထမင်း မူလဈေး (၃၂၀) ပြား ယခု လျှော့ဈေး (၂၀၈) ပြား ဟု ရေးသားထား လေသည်။

အစပိုင်းတွင် လျန်ထျန်းက ဤသည်ကို ထူးဆန်းသည်ဟု မထင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအခါ အဆင့်မြင့် စားသောက်ဆိုင် များစွာသည်လည်း ပါဆယ်ပို့ဆောင်ရေး ဝန်ဆောင်မှုများကို ပေးအပ်နေကြသော ကြောင့် ဖြစ်ပေသည်။

ထို့အပြင် ဤအစားအစာ၏ အမည်ကို ကြည့်ခြင်းအားဖြင့် ဈေးကြီးရသည့် အကြောင်းရင်း ရှိပုံပေါ်လေသည်။

ကဏန်းဥဆိုသည်မှာ အမည်နှင့်လိုက်အောင် ကဏန်းအတွင်းရှိ အဝါရောင် အရာများဖြစ်ပြီး ကဏန်းများမှာ ဈေးမပေါကြောင်းကို လူတိုင်း သိထားကြပြီး ဖြစ်သည်။

ကဏန်းတစ်ကောင်တွင် ကဏန်းဥ မည်မျှ ပါဝင်နိုင်မည်နည်း။ သူတို့က ရေကန်တစ်ခုမှ ဆံမွှေးကဏန်းများကို အသုံးပြုထားသည်ဟုပင် ဆိုထားသေးသဖြင့် သာမန်ကဏန်းများထက် ပို၍ ဈေးကြီးနေခြင်း ဖြစ်သည်။

အကယ်၍ ကဏန်း ခုနစ်ကောင် သို့မဟုတ် ရှစ်ကောင်က ကဏန်းဥထမင်း တစ်ပွဲ ပြုလုပ်ရန် လုံလောက်သည် ဆိုပါက ၎င်းသည် ကြော်ငြာထားသည့် ဈေးနှုန်းနှင့် ကိုက်ညီနေသရွေ့ ဤဈေးနှုန်းမှာ လက်ခံနိုင်စရာ ရှိပေသည်။

သို့သော် လျန်ထျန်းသည် အမှာစာ လိပ်စာအတိုင်း ဆိုင်သို့ ရောက်ရှိသွားသောအခါ ချက်ချင်း မျက်မှောင်ကြုတ် သွားခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့တွင် ရှိနေသည်မှာ တောက်ပပြီး သန့်ရှင်းနေသည့် အဆင့်မြင့် စားသောက်ဆိုင် တစ်ဆိုင် မဟုတ်ဘဲ လူနေတိုက်ခန်းနှင့် တူသော အဆောက်အအုံတစ်ခု ဖြစ်နေသောကြောင့်ပင်။

မဟုတ်သေးပေ။ ၎င်းကို လူနေတိုက်ခန်းဟု ခေါ်ဆိုရန်ပင် ခက်ခဲလှပေသည်။ ၎င်းမှာ တိုက်ခန်း အဆောက်အအုံ တစ်ခု ဖြစ်သင့်ပြီး လွန်ခဲ့သော နှစ်သုံးလေးဆယ် (၁၉၇၀) သို့မဟုတ် (၈၀) ပြည့်လွန်နှစ်များက ဗိသုကာပုံစံမျိုး ဖြစ်ရပေမည်။

အဆောက်အအုံ၏ အပြင်ပန်းမှာလည်း အလွန် ဟောင်းနွမ်းနေပြီး အတွင်းဘက်ရှိ အထပ်တိုင်းတွင် အခန်းပေါင်း များစွာ ရှိနေကာ ပုံမှန် တိုက်ခန်း အဆောက်အအုံတစ်ခု ဖြစ်လေသည်။

လျန်ထျန်းသည် တတိယထပ်သို့ တက်သွားကာ အကြိမ်အနည်းငယ် လှည့်ပတ်ရှာဖွေပြီးနောက် တံခါးနံပါတ်အရ ဆိုင်ကို နောက်ဆုံးတွင် ရှာတွေ့သွားခဲ့လေသည်။

သို့သော် ထိုဆိုင်မှာ အစားအသောက် ပို့ဆောင်ရေး ပလက်ဖောင်းပေါ်တွင် ကြော်ငြာထားသည်နှင့် လုံးဝ ကွဲပြား ခြားနားနေပြီး ကွာခြားချက်မှာ အလွန် ကြီးမားလှပေသည်။

တခြားစီ ကွာခြားနေသည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ ရောက်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အစားအသောက် ပို့ဆောင်ရေး ပလက်ဖောင်းပေါ်တွင် ဤဆိုင်သည် ကြီးကျယ်ခမ်းနား သော ဟိုတယ်ကြမ်းပြင်ပုံစံကို နောက်ခံထား၍ အလွန် သေသပ်ကောင်းမွန်သော စာမျက်နှာတစ်ခုကို ဖန်တီး ထားသောကြောင့် ဖြစ်ပေသည်။

သို့သော် ယခုကြည့်ရသည်မှာ အားလုံးက အတုအယောင်များသာ ဖြစ်ပုံရသည်။ သူတို့သည် ဤအတုအယောင် ဒီဇိုင်းကို ဖန်တီးရန် ကျွမ်းကျင်သော ဂရပ်ဖစ်ဒီဇိုင်နာ တစ်ဦးကို ငှားရမ်းထားခြင်း ဖြစ်ရပေမည်။

အပြင်မှ လက်တွေ့ဆိုင်ကို ကြည့်လိုက်လျှင် ခမ်းနားသော ဟိုတယ်ကြီး လုံးဝ မရှိဘဲ တိုက်ခန်းအခန်း တစ်ခန်းမှ ပြောင်းလဲထားသော မီးဖိုချောင် တစ်ခုသာ ဖြစ်နေလေသည်။

ထို့အပြင် အတွင်းဘက်ရှိ ပတ်ဝန်းကျင်မှာ အလွန် ညစ်ပတ်ပြီး ရှုပ်ပွနေသည်ဟုပင် တကယ် ဆိုနိုင်ပေသည်။ ကြွေပြားကပ်ထားသော နံရံများမှာ ဟင်းချက်ရာမှ ထွက်သော အခိုးအငွေ့များကြောင့် မည်းနက်နေသော်လည်း မည်သူကမျှ သန့်ရှင်းရေး မလုပ်ထားပေ။

ပို၍ အရေးကြီးသည်မှာ လျန်ထျန်းသည် အတွင်းမှ လူတစ်ယောက်က ရေခဲသေတ္တာထဲမှ ဖန်ပုလင်းတစ်လုံး ထုတ်ယူလာသည်ကို ကိုယ်တိုင် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

ထိုသူက ဖန်ပုလင်းကို ဖွင့်ကာ အဝါရောင် စေးပျစ်ပျစ် အခဲများကို လောင်းထည့်လိုက်လေသည်။ ဤသည်မှာ ဆိုင်တွင် ကြော်ငြာထားသော လတ်လတ်ဆတ်ဆတ် ခွာထားသည့် ကဏန်းဥဆိုသည်များ ဖြစ်မည်လားဟု သူ တွေးလိုက်မိလေသည်။

လျန်ထျန်း ထင်သည့်အတိုင်းပင် ဖြစ်သည်။ ထိုလူက အဝါရောင် စေးပျစ်ပျစ် အရာများကို အိုးထဲသို့ လောင်း ထည့်ကာ ဆီများများဖြင့် အပူပေးပြီးနောက် လှည့်ကြည့်လိုက်ရာ လျန်ထျန်းကို မြင်တွေ့သွားလေသည်။

သို့သော် သူက လျန်ထျန်းကို အလေးမထားဘဲ သူ၏ အလုပ်ကိုသာ ပြန်လှည့်လုပ်ရင်း ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

"အစားအသောက် မရသေးဘူး…၊ ခဏလောက် စောင့်ပေးဦး...။ ကဏန်းဥက နောက်ထပ် သုံးမိနစ်၊ ငါးမိနစ် လောက်နေရင် ရပါပြီ...။”

ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ စိတ်ထဲတွင် အတွေးတစ်ခု ချက်ချင်း ပေါ်လာလေသည်။

*သေစမ်း...၊ အဲ့ဒါ ကဏန်းဥမှ မဟုတ်တာ...။*

ထို့နောက် သူက မနေနိုင်တော့ဘဲ မေးလိုက်လေသည်။

"တစ်ဆိတ်လောက် မေးပါရစေ...၊ ခင်ဗျားတို့ရဲ့ အစားအသောက် ပို့ဆောင်ရေးဆိုင်မှာ ရေကန်တစ်ခုကနေ လတ် လတ်ဆတ်ဆတ် ခွာထားတဲ့ အသက်ရှင်နေတဲ့ ဆံမွှေးကဏန်းတွေလို့ ကြော်ငြာထားတာ မဟုတ်ဘူးလား...။”

"ဒါပေမဲ့ ခင်ဗျား ရေခဲသေတ္တာထဲက ပဲငပိ ပုလင်းတစ်လုံးကို ထုတ်ပြီး လောင်းထည့် ဆီနည်းနည်းထည့် ကြော် လိုက်တာကို ကျုပ် မြင်လိုက်ရတယ် အဲ့ဒါပဲ မဟုတ်လား...။”

"ဒါက ကြော်ငြာထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား...။ စားသုံးသူတွေကို လှည့်စားတယ်လို့ ယူဆလို့ မရဘူးလား...။ ပြီးတော့ ဒီလောက် ဈေးကြီးတာနဲ့ တကယ် တန်ရဲ့လား...။”

ဤမေးခွန်းများကို ကြားသော်လည်း ထိုလူသည် ခေါင်းပင် မမော့ဘဲ အိုးထဲရှိ ကဏန်းဥ ဆိုသောအရာကို ဆက် လက် မွှေကြော်နေရင်း ပေါ့ပေါ့ပါးပါးပင် ထပ်မံ ပြန်ဖြေလိုက်လေသည်။

"စိတ်မပူပါနဲ့ ကျုပ်က ပါဆယ်ပဲ ရောင်းတာ…၊ ဆိုင်ထိုင်မရောင်းဘူး…။ ဒါကြောင့် ပါဆယ်မှာတဲ့သူတွေက သိမှာ မဟုတ်ပါဘူး...။”

ထိုစဉ် ထိုလူ၏ အိတ်ကပ်ထဲမှ ဖုန်းမြည်လာလေသည်။ ဆီပေနေသော လက်များကို မဆေးကြောဘဲ သူက ဖုန်း ကို ထုတ်ကာ ဘေးတွင်ထား၍ စပီကာဖွင့်ကာ ဖြေလိုက်လေသည်။

"ဟယ်လို...၊ ဘယ်သူပါလဲ...။”

လျန်ထျန်းသည်လည်း ဖုန်းထဲမှ ထွက်လာသော အသံကို ကြားနိုင်လေသည်။

"ဟယ်လို...၊ အယ်လာမာမှာ ခင်ဗျားတို့ဆီက ကဏန်းဥထမင်း ရှိတယ်ဆိုတာ တွေ့လိုက်လို့ပါ... ။ တကယ့် ပါဝင်ပစ္စည်း အစစ်တွေနဲ့ လုပ်ထားတာလားဆိုတာ မေးချင်လို့ပါ...။”

"ဘာလို့လဲဆိုတော့ ဒီနေ့ ကျုပ်အိမ်မှာ အရမ်း အရေးကြီးတဲ့ ညစာစားပွဲ တစ်ခု ကျင်းပမှာမို့လို့ပါ…။ ပြီးတော့ ဧည့်သည်တွေကလည်း အစားအသောက် အရသာကို အရမ်း ခုံမင်ကြတယ်လေ…၊ ဒါကြောင့် ကျုပ်ရဲ့ ကျေးဇူး တင်တဲ့ အနေနဲ့ ဧည့်ခံဖို့ ကဏန်းဥထမင်းတစ်ပွဲ ဝယ်ချင်လို့ပါ...။”

"ခင်ဗျားတို့ဆိုင်က ဈေးအကြီးဆုံး ဖြစ်နေပေမဲ့ ကျုပ်က တကယ့် ပါဝင်ပစ္စည်း အစစ်အမှန်တွေကိုပဲ လိုချင်တာ ပါ…။ ဒါကြောင့် ပိုပြီး သေချာသွားအောင် မမှာခင် တကူးတက ဖုန်းဆက်မေးရတာပါ...။”

ထိုစကားများကို ကြားသောအခါ ထိုလူသည် ဒယ်အိုးထဲမှ ကဏန်းဥကို ဆက်လက် မွှေကြော်နေရင်း နှုတ်ခမ်း တွင် အပြုံးတစ်ခု ပေါ်လာကာ မျက်တောင်တစ်ချက် မခတ်ဘဲ ဆိုလိုက်လေသည်။

"အစစ်အမှန်ပါခင်ဗျာ...။ အကောင်းဆုံး ပါဝင်ပစ္စည်းတွေနဲ့ သေချာပေါက် လုပ်ထားတာပါ…။ ယုံယုံကြည်ကြည် နဲ့သာ မှာလိုက်ပါ…၊ ခင်ဗျားရဲ့ အစားအသောက် ကြေးများတဲ့ ဧည့်သည်တွေ ကျေနပ်သွားစေရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...။”

ထိုသို့ဖြင့် ဆိုင်သည် နောက်ထပ် အမှာစာတစ်ခုကို လက်ခံရရှိသွားလေသည်။

ဤသည်ကို မြင်သောအခါ လျန်ထျန်းသည် တုံ့ပြန်မှုများ မည်သို့ ရှိသည်ကို သိနိုင်ရန် စားသောက်ဆိုင်၏ အစား အသောက် ပို့ဆောင်ရေး မှတ်ချက်များကို မနေနိုင်ဘဲ ဖွင့်ကြည့်လိုက်လေသည်။

ကိုယ်တိုင် မမြင်ရသရွေ့ ယုံကြည်နိုင်မည် မဟုတ်ဘဲ တွေ့ရှိရမည့် အရာများက သင့်ကို အံ့ဩတုန်လှုပ် သွားစေမည် ဖြစ်သည်။

အတွင်းတွင် မှတ်ချက်ပေါင်း ဒါဇင်နှင့်ချီ ရှိနေပြီး ၎င်းတို့ထဲမှ ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ အကောင်းမြင် မှတ်ချက်များ ဖြစ်လေသည်။

ကျန်ရှိနေသော ကြားနေနှင့် အဆိုးမြင် မှတ်ချက်များမှာ အတော်လေး တရားမျှတမှု ရှိသော်လည်း ၎င်းတို့ အားလုံးမှာ သနားညှာတာမှု ကင်းမဲ့စွာဖြင့် ဝေဖန်ခံထားရလေသည်။

ဤဆိုင်သည် အွန်လိုင်းမှ အခကြေးငွေဖြင့် မှတ်ချက်ပေးသူများကို ငှားရမ်းထားကြောင်း ထင်ရှားလှပေသည်။ အကောင်းမြင် မှတ်ချက်များ အားလုံးမှာ အတုအယောင်များ ဖြစ်ပြီး တစ်စုံတစ်ယောက်က အဆိုးမြင် မှတ်ချက် ပေးသည့်အခါ ထိုသူများက ၎င်းတို့ကို တိုက်ခိုက်ကြလေသည်။

ထိုစဉ် လျန်ထျန်း ပို့ဆောင်ရမည့် အစားအသောက်မှာ အသင့်ဖြစ်သွားလေသည်။

ထိုလူက အစားအသောက်ကို လျန်ထျန်းထံသို့ ကမ်းပေးလာချိန်တွင် ဂရုမစိုက်သည့် ဟန်ဖြင့် ဆိုလိုက်လေသည်။

"အခုဆို မင်းတို့ ပို့ဆောင်သူတွေ အားလုံးရဲ့ ဆိုင်ကယ်ဦးထုပ်မှာ ကင်မရာတွေ တပ်ထားကြပြီဆိုတော့ ဒီအစား အသောက်ကို ပို့ပေးရလို့ မင်း ပိုက်ဆံ အများကြီး ရမှာ သေချာတယ်...။”

"ဒါပေမဲ့ နိုင်ငံတစ်ဝန်းမှာ ပို့ဆောင်ရေး အလုပ်သမား သန်းနဲ့ချီ ရှိနေတာဆိုတော့ အယ်လာမာ အနေနဲ့ သူတို့ တစ်ယောက်ချင်းစီကို ဂရုတစိုက် စစ်ဆေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ...။ မင်းက ကိုယ်တိုင် ဦးဆောင်ပြီး တိုင်ကြားမှသာ အောင်မြင်နိုင်မှာ...။”

"အပြန်အလှန် အကျိုးရှိအောင် ပူးပေါင်းဆောင်ရွက်ကြတာပေါ့....။ တခြားသူတွေရဲ့ ကိစ္စတွေမှာ မင်း ဝင်မစွက် ဖက်ဖို့ ငါ မျှော်လင့်ပါတယ်...။ မဟုတ်ရင် ဒီရပ်ကွက်ထဲမှာ လိုက်မေးကြည့်လို့ ရတယ်...။ အစ်ကိုကြက် ဆိုတဲ့ ငါ့နာမည်က လာပြီး ကစားလို့ ရတဲ့သူ မဟုတ်ဘူးကွ...။”

အမှန်တကယ်ပင် ဤမျှ ဈေးကြီးသော အမှာစာတစ်ခုမှာ ပုံမှန် အစားအသောက် ပို့ဆောင်မှုထက် နှစ်ဆမှ သုံးဆ ခန့် ပိုမိုမြင့်မားသော ပို့ဆောင်ခကို ရရှိစေလေသည်။

ထိုသူထံမှ အတည်ပြု၍ မရနိုင်သော ခြိမ်းခြောက်မှုများနှင့် ပေါင်းစပ်လိုက်သောအခါ ပို့ဆောင်သူ အများအပြား သည် အသက်မွေးဝမ်းကျောင်း ပြုနိုင်ရန်အတွက် ပြဿနာများကို ရှောင်ရှားရန် ရွေးချယ်ကြမည်မှာ နားလည်နိုင် စရာပင် ဖြစ်သည်။

သို့သော် ထိုသူသည် ယခုတစ်ကြိမ်တွင်မူ ဟန်းဂရီးအုပ်စု၏ နောက်ကွယ်မှ အဓိက အစုရှယ်ယာရှင်ကြီး ဖြစ်သည့်အပြင် လိမ်လည်လှည့်ဖြားမှုများကိုလည်း ရွံရှာမုန်းတီးတတ်သော လျန်ထျန်းနှင့် တိုက်ဆိုင်စွာ ဆုံတွေ့ရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

All Chapters