← Chapters

အခန်း ၃၃၈

Vol. 34 Ch. 338

အခန်း ၃၃၈

Vol. 34 Ch. 338

အခန်း (၃၃၈)

စကားလုံးလှလှ ထောင်ခွန်းပြောခြင်းက ကောင်းမှုတစ်ခု ပြုလုပ်ခြင်းလောက် မကောင်းပေ

ထိုနေ့တွင် လျန်ထျန်းသည် ဟန်းဂရီးအုပ်စု၏ ဌာနချုပ် အဆောက်အအုံသို့ အမြန် သွားရောက်ခဲ့လေသည်။

အစည်းအဝေးခန်းထဲတွင် မစ္စတာဝမ်နှင့် အဆင့်မြင့် အရာရှိတစ်စုတို့သည် သူ့ကို စောင့်ဆိုင်းနေကြပြီး သူတို့ တစ်ဦးစီ၏ မျက်နှာပေါ်တွင် လေးနက်တည်ကြည်သော အမူအရာများ ရှိနေကြလေသည်။

လွန်ခဲ့သော နာရီဝက်ခန့်က သတင်းရရှိခဲ့သော လျန်ထျန်းသည်လည်း ပြဿနာ၏ ကြီးလေးမှုကို သဘောပေါက် ထားသဖြင့် ယခုအချိန်တွင် သူ၏ မျက်နှာအမူအရာမှာလည်း ကောင်းမွန်နေခြင်း မရှိပေ။

သူတို့အားလုံး ဤမျှ လေးနက်တည်ကြည်နေကြရသည့် အကြောင်းရင်းမှာ အလွန် ဆိုးရွားသော အခြေအနေ တစ်ခု ဖြစ်ပွားခဲ့သောကြောင့် ဖြစ်လေသည်။

မကြာသေးမီက လူအချို့သည် အယ်လာမာ၏ ဌာနချုပ်အမည်ကို အသုံးပြုကာ ပို့ဆောင်သူများ၏ သက်သာ ချောင်ချိရေးကို မြှင့်တင်ပေးရန် လုပ်ဆောင်နေသည်ဟု ဆိုကာ အဖွဲ့လိုက် လှုပ်ရှားမှုများ စီစဉ်ပေးခြင်းနှင့် နိုင်ငံခြားသို့ အခမဲ့ ခရီးစဉ်များ ပေးအပ်ခြင်းတို့ကို ပြုလုပ်နေကြလေသည်။

လျန်ထျန်းသည် အယ်လာမာ၏ နောက်ကွယ်မှ အဓိက အစုရှယ်ယာရှင်ကြီး ဖြစ်လာကတည်းက အစား အသောက် ပို့ဆောင်သူ အားလုံး၏ ခံစားခွင့်များကို အဆင့်တစ်ဆင့်ထက်မက မြှင့်တင်ပေးခဲ့လေသည်။

လူမှုဖူလုံရေး၊ ဆုကြေးငွေများ၊ နှစ်သစ်ကူး ဆုကြေးငွေများနှင့် အားလပ်ရက်များ ကဲ့သို့သော အရာများကို တစ်ခုပြီးတစ်ခု အကောင်အထည်ဖော် လုပ်ဆောင်ပေးနေခဲ့လေသည်။

ထို့ကြောင့် တစ်စုံတစ်ယောက်က ထွက်လာပြီး လျှို့ဝှက်ဆန်းကြယ်သော အဓိက အစုရှယ်ယာရှင်ကြီးသည် ပို့ဆောင်သူများအတွက် ခံစားခွင့် အသစ်များကို စတင်ပေးနေပြီဟု ပြောသောအခါ လူအတော်များများက အမှန်တကယ် ယုံကြည်သွားခဲ့ကြလေသည်။

ထို့အပြင် ဤလိမ်လည်သူများမှာ အတော်လေး ပါးနပ်ကြပြီး သူတို့သည် လူများကို ချက်ချင်း နိုင်ငံခြားသို့ ခေါ်သွားခြင်း မဟုတ်ပေ။

ပထမဦးစွာ သူတို့ကို စုစည်းကာ အစားအသောက် အနည်းငယ် ကျွေးမွေးပြီး အနီးနားရှိ ခရီးစဉ် အနည်းငယ်သို့ ခေါ်ဆောင်သွားကြလေသည်။ ထို့နောက် သတင်းများ ပျံ့နှံ့သွားပြီး လူအလုံအလောက် စုမိသွားလေသည်။

လူအများစုက ခိုင်ခိုင်မာမာ ယုံကြည်သွားသည့် အချိန်ကျမှသာ နိုင်ငံခြားသို့ ခေါ်ဆောင်သွားခြင်း ဖြစ်လေသည်။

သို့သော် နိုင်ငံမှ ထွက်ခွာသွားသည်နှင့် ပြန်လာ၍ မရနိုင်တော့ပေ။

ဤသည်က အစားအသောက် ပို့ဆောင်သူများ၏ မိသားစုဝင် အများအပြားကို ငိုယိုစေကာ အယ်လာမာ၏ ဌာနချုပ် တွင် ပြဿနာ လာရှာစေခဲ့လေသည်။

အဘယ်ကြောင့်ဆိုသော် သူတို့သည် အခြေအနေကို မသိကြဘဲ ဟန်းဂရီးဂိုဏ်းက သူတို့၏ ချစ်ရသူများကို ပျောက်ဆုံးစေခဲ့သည်ဟု ထင်မှတ်နေကြသောကြောင့် ဖြစ်လေသည်။

မှောင်ရိပ်ထဲတွင်ပင် လူအချို့က ပြဿနာများ ဖန်တီးကာ ကောလာဟလများ ဖြန့်ဝေနေကြပြီး အယ်လာမာ၏ နောက်ကွယ်ရှိ အဓိက အစုရှယ်ယာရှင်ကြီး အသစ်မှာ မြန်မာနိုင်ငံ မြောက်ပိုင်း လိမ်လည်မှုဂိုဏ်း၏ ခေါင်းဆောင် ဖြစ်သည်ဟု ဆိုနေကြလေသည်။

ပေးအပ်သော ခံစားခွင့်များ အားလုံးမှာ မြှူဆွယ်မှုများသာ ဖြစ်ပြီး မင်းတို့က ခံစားခွင့်တွေကို စိတ်ဝင်စား နေပေ မဲ့သူကတော့ မင်းတို့ကို လူကိုယ်တိုင် စိတ်ဝင်စားနေတာဟု ဆိုကြလေသည်။

ကောလာဟလများ စတင်သည်နှင့် တစ်ပြိုင်နက် အများပြည်သူ၏ ထင်မြင်ချက်များမှာ ပေါက်ကွဲထွက်လာတော့သည်။

ထို့အပြင် အဓိက အစုရှယ်ယာရှင်ကြီး အသစ်၏ လျှို့ဝှက်ဆန်းကြယ်သော ကိုယ်ရေးအချက်အလက်များ ကြောင့် ရည်ရွယ်ချက် ရှိသူ တစ်ဦးအနေဖြင့် အချိန်တိုအတွင်း ကိစ္စရပ်များကို ကြီးထွားလာစေရန် ဖန်တီးရန်မှာ အလွန်ပင် လွယ်ကူနေမည် ဖြစ်လေသည်။

လျန်ထျန်း နေရာယူပြီးနောက် ဥက္ကဋ္ဌဝမ်က ချက်ချင်း စတင် ပြောဆိုလိုက်လေသည်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ အရာတွေ အများကြီး ရှိနေတယ်...။”

"လိမ်လည်သူတွေက တမင်သက်သက် ငါတို့ရဲ့ အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းကို ပစ်မှတ်ထားနေ ပုံရတယ်…၊ လိမ်လည်ခံရတဲ့ လူဆယ်ယောက်မှာ ရှစ်ယောက်က ပို့ဆောင်သူတွေ ဖြစ်နေတယ်...။”

"ဒါ့အပြင် အဖြစ်အပျက် ပြီးသွားတဲ့အခါ ငါတို့အုပ်စုရဲ့ အဓိက အစုရှယ်ယာရှင်ကြီးက မြန်မာနိုင်ငံ မြောက်ပိုင်း လိမ်လည်မှုဂိုဏ်း နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်တယ်ဆိုတဲ့ ကောလာဟလတွေက အံ့သြစရာကောင်း လောက်တဲ့ အရှိန်နဲ့ ပျံ့နှံ့သွားခဲ့တယ်...။”

"တစ်စုံတစ်ယောက်က ဒီအရာအားလုံးကို အစကတည်းက ကြိုတင် ပြင်ဆင်ထားသလိုပဲ အရာအားလုံးက စနစ်တကျ ဖြစ်ပေါ်နေခဲ့တယ်၊ အရမ်းကို နက်ရှိုင်းတဲ့ ရန်ငြိုးရန်စ မရှိဘဲနဲ့ ဒီလိုကိစ္စမျိုးကို မလုပ်နိုင်ဘူးလို့ ခံစားရတယ်...။”

ထိုစကားကို ကြားသောအခါ လျန်ထျန်းမှာ ခေတ္တမျှ မှင်တက်သွားပြီး တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွား ခဲ့လေသည်။

ချက်ချင်းပင် သူက ထိုသူ၏ အမည်ကို ဗြုန်းစားကြီး ထုတ်ပြောလိုက်လေသည်။

"မြန်မာနိုင်ငံ မြောက်ပိုင်း...၊ ဟန်းဂရီးအုပ်စုရဲ့ ယခင် ဒုတိယမြောက် အစုရှယ်ယာရှင်ကြီး ဖြစ်ခဲ့တဲ့ ပျောင်ရှင်းက ကျုပ်ကို ဒုက္ခပေးဖို့ လူရှာရာမှာ မအောင်မြင်ဘဲ ကိစ္စတွေ ပေါ်ပေါက်သွားပြီးတဲ့နောက် မြန်မာနိုင်ငံ မြောက်ပိုင်း ကို ထွက်ပြေးသွားခဲ့တာများလား...။”

ထိုစကားကို ကြားသောအခါ အစားအသောက် ပို့ဆောင်ရေး အုပ်စုမှ အရာရှိ အများအပြားမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို ရုတ်တရက် သဘောပေါက်သွားကြပြီး စတင် ပြောဆိုလာကြလေသည်။

"ဤအရာအားလုံးက အဓိက အစုရှယ်ယာရှင်ကြီးအပေါ် ပျောင်ရှင်းရဲ့ လက်စားချေမှု ဖြစ်နေနိုင်မလား...။”

"စဉ်းစားကြည့်ရင် ဖြစ်နိုင်ချေ ရှိပါတယ် ဘာပဲဖြစ်ဖြစ် အဲ့ဒီတုန်းက စီးပွားရေးစစ်ပွဲကြောင့် သူ ပြည်တွင်း ဈေးကွက်မှာ ဆက်နေလို့ မရနိုင်တော့ဘူးလေ...။”

"အကယ်၍သာ ဤသို့ဆိုလျှင် ပျောင်ရှင်းက မြန်မာနိုင်ငံ မြောက်ပိုင်းကို ထွက်ပြေးသွားပြီးနောက် အင်အား အတော်များများကို စုဆောင်းထားနိုင်ခဲ့ပြီး သူက လိမ်လည်မှု နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်နိုင်ချေ အလွန် များတယ်...။”

"အဲ့ဒီတုန်းက အခြေအနေကို ပြန်စဉ်းစားကြည့်ရင် ဤနေရာမှာ ရှိနေတဲ့ ငါတို့အားလုံးက အတိုင်းအတာ တစ်ခု အထိ ပါဝင်ပတ်သက်ခဲ့ကြတာပဲ ပျောင်ရှင်းလို ရက်စက်တဲ့သူက ငါတို့ကို အစွန်းရောက်တဲ့ ကိစ္စမျိုးတွေများ လာလုပ်မှာလား...။”

ထိုသို့ ပြောဆိုနေကြစဉ် အရာရှိများမှာ ကြောက်ရွံ့လာကြပြီး လူတိုင်းမှာ လုံခြုံမှု မရှိတော့သကဲ့သို့ ခံစားလာကြ လေသည်။

တင်းမာပြီး သက်တောင့်သက်သာ မရှိသော လေထုကို မြင်သောအခါ လျန်ထျန်းက ထပ်မံ ပြောဆိုလိုက် လေသည်။

"အားလုံးပဲ စိတ်မလှုပ်ရှားကြပါနဲ့ ပျောင်ရှင်းက ကျုပ်ကို အမုန်းဆုံး ဖြစ်မှာပါ ဒါကြောင့် သူ တစ်ခုခု လုပ်ချင် တယ်ဆိုရင်တောင် ကျုပ်ကို အရင်ဆုံး ဒုက္ခပေးဖို့ပဲ အာရုံစိုက်မှာပါ...။”

"ကျုပ် ဒုက္ခမရောက်မချင်း အားလုံးက လုံးဝ ဘေးကင်းလုံခြုံပါတယ်..၊ ဒါ့အပြင် အခု သူ အသုံးပြုနေတဲ့ နည်းလမ်း တွေကို ကြည့်ရရင် သူ ပြည်တွင်းမှာ အရမ်းကြီး ပြဿနာ ဖန်တီးရဲမှာ မဟုတ်ပါဘူး...။”

"ငါတို့ရဲ့ မိခင်နိုင်ငံတော်ကို ယုံကြည်ပါ နိုင်ငံတော်က ငါတို့ကို ကာကွယ်ပေးပါလိမ့်မယ်…။ အနည်းဆုံးတော့ လုံခြုံရေး အပိုင်းမှာ ကမ္ဘာပေါ်မှာ အလုံခြုံဆုံး နေရာက ငါတို့ တရုတ်နိုင်ငံပါပဲ...။”

ဤစကားများကို ကြားပြီးနောက် အရာရှိများမှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြပြီး တဖြည်းဖြည်း ငြိမ်သက်သွားကြလေသည်။

မြင်ကွင်းတစ်ခုလုံး လုံးဝ တိတ်ဆိတ်သွားပြီးနောက် လျန်ထျန်းက ဆက်လက် ဆိုလိုက်လေသည်။

"ဒီကိစ္စက ကျုပ်ဆီကနေ မြစ်ဖျားခံလာတာ ဖြစ်နိုင်ပါတယ်…၊ ဒါကြောင့် ကျုပ်က ဒီကိစ္စကို သေချာ စုံစမ်း စစ်ဆေးဖို့ ဆုံးဖြတ်လိုက်ပါပြီ...။”

"လိုအပ်လာရင် ကျုပ် မြန်မာနိုင်ငံ မြောက်ပိုင်းကို သွားပြီး လှည့်ဖြားခံလိုက်ရတဲ့ ပို့ဆောင်သူတွေကို ကယ်တင်ဖို့ နည်းလမ်းရှာမှာပါ...။”

ထိုစကားကို ကြားသောအခါ မစ္စတာဝမ်က မျက်လုံးအပြူးသားဖြင့် ချက်ချင်း မတ်တတ်ရပ်လိုက်လေသည်။

"မင်း ဘာတွေ ပြောနေတာလဲ...။”

"မြန်မာနိုင်ငံ မြောက်ပိုင်းက ဘယ်လို နေရာမျိုးလဲ နှစ်စဉ်နှစ်တိုင်း အဲ့ဒီကို လိမ်လည်ခေါ်ဆောင်ခံရတဲ့သူ ဘယ် လောက်တောင် ရှိနေလဲ..၊ ပြီးတော့ တကယ် ကယ်တင်ခံရတဲ့သူကရော ဘယ်နှယောက် ရှိလို့လဲ...။”

"အုပ်စုရဲ့ အထွေထွေ မန်နေဂျာ တစ်ယောက်အနေနဲ့ အဓိက အစုရှယ်ယာရှင်ကြီး ဖြစ်တဲ့ မင်းကို ဒီလို အန္တရာယ် မျိုး သွားယူဖို့ ခွင့်ပြုမှာ မဟုတ်ဘူး..။ ပုံမှန် လုပ်ထုံးလုပ်နည်းတွေ အတိုင်းပဲ လုပ်ပြီး ရဲတိုင်လိုက်ပါ...။”

"ပြီးရင် မင်းအတွက် သတင်းစာ ရှင်းလင်းပွဲတစ်ခု စီစဉ်ပေးမယ်…။ မင်းရဲ့ ကိုယ်ရေးအချက်အလက်တွေက ဖုံးကွယ်ထားတာ ဒါမှမဟုတ် လျှို့ဝှက်ဆန်းကြယ်နေတာမျိုး မရှိတော့ဘူးဆိုရင် မင်းက လိမ်လည်မှု နောက် ကွယ်က ကြိုးကိုင်သူဆိုတဲ့ ကောလာဟလတွေနဲ့ အများပြည်သူရဲ့ ထင်မြင်ချက်တွေက သဘာဝကျကျပဲ ပျောက် ကွယ်သွားပါလိမ့်မယ်...။”

ထိုစကားကို ကြားသောအခါ လျန်ထျန်းက ချက်ချင်း မတ်တတ်ရပ်ကာ ပြန်လည် ချေပလိုက်လေသည်။

"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…၊ မြန်မာနိုင်ငံ မြောက်ပိုင်းကို လှည့်ဖြား ခေါ်ဆောင်ခံရတဲ့သူတွေက ပုံမှန် လုပ်ထုံးလုပ်နည်းတွေနဲ့ ကယ်တင်ခံရဖို့ မဖြစ်နိုင်ဘူးလို့ ခင်ဗျား ကိုယ်တိုင်ပဲ ပြောခဲ့တာလေ...။”

"ကျုပ်ကြောင့် ပို့ဆောင်သူ အများကြီး လိမ်လည်ခံခဲ့ရတာပါ…၊ ကျုပ်က ကိုယ့်ကိုယ်ကိုယ်ပဲ စဉ်းစားပြီး သူတို့ရဲ့ အသက်အန္တရာယ်ကို ဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ…။ သူတို့ရဲ့ မိသားစုတွေကို ကျုပ် ဘယ်လို မျက်နှာ ပြရမှာလဲ...။”

"နောက်တစ်ချက်က အောက်ခြေအဆင့်မှာ ဘယ်လို ပြဿနာတွေ ဖြစ်လာနိုင်လဲဆိုတာ သိဖို့အတွက် ကျုပ် အစားအသောက်တွေ ဆက်ပြီး ပို့ဆောင်ပေးနေဖို့ လိုသေးတယ်…၊ ကျုပ်ရဲ့ ကိုယ်ရေးအချက်အလက်တွေသာ ပေါက်ကြားသွားရင် ဒီအလုပ်ကို ကျုပ် ဘယ်လို ဆက်လုပ်နိုင်တော့မှာလဲ...။”

မစ္စတာဝမ်မှာ ထူးထူးခြားခြားပင် ဒေါသထွက်နေခဲ့လေသည်။

"ပုံမှန် လုပ်ထုံးလုပ်နည်းတွေနဲ့ လူတွေကို မကယ်တင်နိုင်ရင် မင်းက ဘာလုပ်နိုင်မှာလဲ...။”

"ပြီးတော့ ဒါက အောက်ခြေအဆင့်ကို သွားပြီး အစားအသောက် ပို့ဆောင်ဖို့လို အသေးအဖွဲ ကိစ္စမျိုးကို စဉ်းစား နေရမယ့် အချိန်မျိုးလား...။”

"ဆက်ပြီး မပို့ပါနဲ့တော့…။ တခြားကုမ္ပဏီက အဓိက အစုရှယ်ယာရှင်ကြီးတွေကို ကြည့်စမ်းပါဦး…၊ သူတို့က မင်းလို အောက်ခြေအဆင့်ကို ဆင်းပြီး တကယ် အလုပ်ကြိုးစားနေလို့လား...။”

"ငါ ဂရုမစိုက်ဘူး…၊ သတင်းစာ ရှင်းလင်းပွဲတော့ ကျင်းပရမယ်…။ မင်းရဲ့ ကိုယ်ရေးအချက်အလက်တွေကို လည်း အများပြည်သူ သိအောင် ထုတ်ပြန်ရမယ်…။ ပြီးတော့ ရဲတွေက မင်းရဲ့ ကိုယ်ပိုင် လုံခြုံရေးကို သေချာစေ ရမယ်...။”

ဥက္ကဋ္ဌဝမ် ဒေါသထွက်နေသည်ကို မြင်သောအခါ လျန်ထျန်းက သူနှင့် ငြင်းခုံမနေတော့ဘဲ ရယ်မောလိုက်ကာ တည်ငြိမ်စွာဖြင့် ဆိုလိုက်လေသည်။

"မစ္စတာဝမ်…၊ ငါတို့က အသက်အရွယ် ကွာခြားပေမဲ့ သူငယ်ချင်းတွေပါ…။ ခင်ဗျားက ကျုပ်ကို ဒီလောက်ထိ စိုးရိမ်ပေးတဲ့အတွက် ကျုပ် တကယ်ပဲ ဝမ်းသာမိပါတယ်...။”

"ဒါပေမဲ့ ခင်ဗျားက ဟန်းဂရီးအုပ်စုရဲ့ လက်ရှိ အထွေထွေ မန်နေဂျာ တစ်ယောက်လည်း ဖြစ်နေတယ်လေ ဒါ ကြောင့် ဒီကိစ္စကို ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်ရအောင်…။ ကျုပ်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထုတ်ဖော်လိုက်ရင်တောင် ဘာကွာခြားသွားမှာလဲ...။”

"မယုံကြည်တဲ့ သူတွေက ဆက်ပြီး ယုံကြည်မှာ မဟုတ်ပါဘူး…။ ပြီးတော့ အများပြည်သူရဲ့ ထင်မြင်ချက်တွေနဲ့ ကောလာဟလတွေကလည်း ရပ်တန့်သွားမှာ မဟုတ်ဘူး…။ တကယ်တော့ အဲ့ဒါက ပိုတောင် ကြီးထွားလာနိုင် သေးတယ်…၊ ဘာလို့လဲဆိုတော့ ဒီအရာက နောက်ကွယ်က လူတွေကို ကောလာဟလ ဖြန့်ဖို့ အကြောင်းပြချက် တစ်ခု ပေးလိုက်သလို ဖြစ်သွားလို့ပဲ...။”

ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းက ဥက္ကဋ္ဌဝမ်ကို ထိုင်ရန် ကူညီပေးလိုက်ပြီး ယုတ္တိကျကျနှင့် စနစ်တကျ ဆက်လက် ပြောဆိုလေသည်။

"ငါတို့က တကယ့် ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားဖို့အတွက် အဓိက အစုရှယ်ယာရှင်ကြီး နေရာမှာ သရုပ် ဆောင်ဖို့ အတုအယောင် လူတစ်ယောက်ကို တမင်သက်သက် ရှာတွေ့ခဲ့တယ်လို့ သူတို့က ပြောနိုင်တယ်...။”

"ကျုပ်ရဲ့ အသက်အရွယ်အရ ကျုပ်က ဒီလောက် ကြီးမားတဲ့ အုပ်စုကြီးရဲ့ နောက်ကွယ်က အဓိက အစုရှယ်ယာ ရှင်ကြီး ဖြစ်တယ်ဆိုတာကို လူတွေ ယုံကြည်ဖို့က တကယ်ကို ခက်ခဲပါတယ်...။”

"အဲ့ဒီအချိန်ကျရင် ငါတို့က ကိုယ့်ကိုယ်ကိုယ် ရှင်းပြဖို့တောင် ပိုပြီး ခက်ခဲသွားလိမ့်မယ်…။ ပြီးတော့ လူတွေရဲ့ ထင်ကြေးပေးမှုတွေကလည်း ပိုဆိုးလာပြီး ငါတို့က သူတို့ကို လှည့်စားနေတယ်လို့တောင် ခံစားသွားရနိုင် တယ်...။”

"အကယ်၍ ငါတို့သာ လူတွေရဲ့ ယုံကြည်မှုကို ဆုံးရှုံးသွားခဲ့ရင် အတုအယောင်တွေက အစစ်အမှန်တွေ ဖြစ်လာ ပြီး အခြေအနေကို ပြောင်းပြန်လှန်ဖို့ ငါတို့မှာ လုံးဝ စွမ်းဆောင်နိုင်စွမ်း မရှိတော့ဘူး ဖြစ်သွားလိမ့်မယ် အဲ့ဒါက အဆိုးရွားဆုံး အခြေအနေပဲ...။”

"လူတွေရဲ့ ယုံကြည်မှုကို ပြန်ရနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းက သူတို့ရဲ့ မိသားစုတွေကို ကယ်တင်ဖို့ပါ ပဲ…။ စကားပုံထဲမှာ ဆိုထားသလိုပေါ့ စကားလုံးလှလှ ထောင်ခွန်းပြောခြင်းက ကောင်းမှုတစ်ခု ပြုလုပ်ခြင်း လောက် မကောင်းပေ ဆိုတဲ့အတိုင်းပါပဲ...။”

All Chapters