← Chapters

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း ၃၄၀

Vol. 34 Ch. 340

အခန်း (၃၄၀)

လိမ်လည်မှုက ပိုမို အဆင့်မြင့်လာလေပြီ

မစ္စတာဝမ် သတိပြန်လည်လာပြီးနောက် လျန်ထျန်းက သူ့အား ကျန်းချောင်နှင့် ပတ်သက်သည့် အရာအားလုံးကို ပြောပြလိုက်လေသည်။

နားထောင်ပြီးနောက် မစ္စတာဝမ်မှာ အချက်အလက်များကို နားလည်သဘောပေါက်ရန် ခေတ္တမျှ ရပ်နားလိုက်ပြီး သူ၏ လက်မောင်းကို ခပ်နာနာလေး ဆိတ်လိုက်လေသည်။

"အား...၊ နာတယ်ဟ...။ ငါ အိပ်မက်မက်နေတာမဟုတ်ဘူးပဲ...။”

မစ္စတာဝမ်၏ အသက်အရွယ်နှင့်မလိုက်အောင် ရယ်စရာကောင်းနေသော ပုံစံကို မြင်သောအခါ လျန်ထျန်းမှာ မရယ်ဘဲ မနေနိုင်တော့ပေ။

"မစ္စတာဝမ်...၊ ခင်ဗျားက ဘာလို့ သံသယဝင်နေသေးတာလဲ...။ ကျွန်တော် ပြောခဲ့တာတွေ အကုန်လုံးက အမှန် တွေချည်းပါပဲ လိမ်ညာထားတာ တစ်ခုမှ မပါပါဘူး...။”

ဤတစ်ကြိမ်တွင်မူ မစ္စတာဝမ်က နာကျင်သွားသော လက်မောင်းကို ပွတ်သပ်ကာ မျက်နှာကို ရှုံ့မဲ့လျက် ခေါင်းညိတ်လိုက်လေသည်။

"မင်းကို မယုံတာ မဟုတ်ပါဘူး…၊ ငါ့မျက်စိကို ငါ မယုံနိုင်ဖြစ်နေတာပါ...။ ဒါက အရမ်းကို တော်လှန်ပြောင်း လဲလွန်းနေပြီ...။ ပြည်တွင်းက နည်းပညာတွေက တကယ်ပဲ ဒီလောက်တောင် မြန်မြန်ဆန်ဆန် တိုးတက်နေ နိုင်ပြီလား...။”

ဤအကြောင်းကို ပြောလာသောအခါ လျန်ထျန်းက ပြုံး၍ ဆိုလိုက်လေသည်။

"မစ္စတာဝမ်...၊ တကယ်တော့ နိုင်ငံထဲမှာ အရည်အချင်းရှိတဲ့သူတွေ မရှားပါဘူး....။ နိုင်ငံခြားက လူတွေထက် အများကြီး သာလွန်တဲ့ ပါရမီရှင်တွေတောင် အများကြီး ရှိပါသေးတယ်...။”

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ နိုင်ငံက လူဦးရေ အရမ်းများပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ ပညာရေး အဆင့်အတန်းကလည်း အများကြီး တိုးတက်လာခဲ့တာပဲလေ...။”

"အရည်အချင်းရှိတဲ့ လူတော်တော်များများက ပတ်ဝန်းကျင်နဲ့ အခွင့်အလမ်းတွေ လိုအပ်နေတာပါ...။ ဒါပေမဲ့ သူတို့ထဲက အများစုက လူမှုဆက်ဆံရေးတွေကြောင့် ရှုံးနိမ့်သွားကြပြီး တရားမျှတတဲ့ ဆက်ဆံမှုကို မရရှိကြ ဘူး...။”

ခေတ္တမျှ ရပ်နားပြီးနောက် လျန်ထျန်းက ဆက်ပြောလေသည်။

"ဒီသုတေသနဌာနက သုတေသီတွေလိုပဲ သူတို့က အရင်တုန်းက သုတေသနတွေထဲမှာပဲ နစ်မြုပ်နေပြီး စမ်းသပ် မှုတွေမှာပဲ စိတ်ရောကိုယ်ပါ မြှုပ်နှံထားခဲ့ကြတာ...။”

"ရလဒ်အနေနဲ့ အထက်ကနေ ချထားပေးတဲ့ ရန်ပုံငွေ အများစုကို လူမှုဆက်ဆံရေး ကောင်းတဲ့သူတွေကပဲ ယူသွားကြပြီး သုတေသနတွေကလည်း ဟန်ပြလောက်ပဲ ဖြစ်နေခဲ့တယ်...။ နောက်ဆုံးတော့ ပိုက်ဆံတွေက တခြားသူတွေရဲ့ အိတ်ကပ်ထဲ ရောက်သွားတာပဲ...။”

"ပြောင်းပြန်အနေနဲ့ တကယ် သုတေသန လုပ်နေတဲ့ သူတွေကျတော့ ရန်ပုံငွေ မရှိဘဲ ဘယ်လိုလုပ် ဆက်လုပ်နိုင်မှာလဲ... အချစ်တစ်ခုတည်းနဲ့ လျှပ်စစ်မီး ထုတ်လုပ်လို့ ရနိုင်ပါ့မလား...။”

"ဒါ့အပြင် ရန်ပုံငွေ မလုံလောက်မှုကြောင့် သုတေသန လုပ်ရတာ ခက်ခဲလာပြီး တိုးတက်မှု နှေးကွေးလာတယ်...။ တစ်ချိန်တုန်းကဆိုရင် အထက်လူကြီးတွေက သူတို့ကို စွန့်ပစ်ပြီး စနစ်ထဲကနေတောင် ထုတ်ပယ်ပစ်ခဲ့ ကြတယ်...။”

"စနစ်ရဲ့ ထောက်ပံ့မှု မရှိတော့တဲ့အခါ သူတို့ရဲ့ သုတေသနက ပိုပြီး ခက်ခဲလာပြီး သုတေသီ တော်တော်များများ က ရှင်သန်နိုင်ဖို့အတွက် ဓာတ်ခွဲခန်းကို စွန့်ခွာပြီး နိုင်ငံခြားကို ထွက်ကာ တိုးတက်မှုကို ရှာဖွေခဲ့ကြရတယ်...။”

"ဓီပရောဂျက်က ကျရှုံးလုနီးပါး ဖြစ်ခဲ့တာပါ...။ ကျွန်တော်က သူတို့ကို လုံလောက်တဲ့ ရန်ပုံငွေတွေ ထောက်ပံ့ ပေးလိုက်မှသာ သုတေသနတွေ စမ်းသပ်မှုတွေကို ဆက်လုပ်နိုင်ခဲ့ပြီး အခုလို ရလဒ်မျိုး ရလာခဲ့တာပါ...။”

ဤစကားကို ကြားပြီးနောက် မစ္စတာဝမ်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ ခေါင်းညိတ် လိုက်လေသည်။

"မင်း ပြောတာက လက်တွေ့မှာ တကယ်ဖြစ်ပျက်နေတဲ့ အရာတွေပါပဲ...။ ဒီနေ့ခေတ်တိုင်အောင် စနစ်ကြီးက ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးတွေ အပေါ်မှာပဲ အဓိက အခြေခံနေတုန်းပဲ...။”

"ဆိုလိုတာက ကျွန်တော်တို့ အရည်အချင်းရှိတဲ့သူတွေ အများကြီးကို ပြုစုပျိုးထောင်ပေးခဲ့ရင်တောင် သင့် လျော်တဲ့ ပတ်ဝန်းကျင် မရှိရင် သူတို့ ရှင်သန်နိုင်မယ့် နေရာတစ်ခုကို ဖန်တီးပေးနိုင်မှာ မဟုတ်ဘူး...။”

"အရင်းအမြစ်တွေ အားလုံးကို အရည်အချင်းအပေါ် မူတည်ပြီး တရားမျှတစွာ ခွဲဝေပေးနိုင်မယ်ဆိုရင် တိုးတက် မှု အရှိန်အဟုန်က အံ့မခန်း အဆင့်တစ်ခုအထိ ရောက်ရှိသွားမှာ သေချာတယ်...။”

"ကံမကောင်းစွာနဲ့ပဲ နောက်နှစ်တစ်ရာ ကြာရင်တောင် အဲ့ဒီလို စံပြကမ္ဘာမျိုးက ဘယ်တော့မှ အကောင်အထည် ပေါ်လာမှာ မဟုတ်ဘူး...။ လူ့သဘာဝရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေက သူ့ရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးပြီး သားပါ...။”

လျန်ထျန်းမှာ မစ္စတာဝမ်၏ အဆိုးမြင်သော ခံစားချက်များကြောင့် လွှမ်းမိုးခံရခြင်း မရှိဘဲ ပိုမို ခိုင်မာပြတ် သားလျက် ရှိလေသည်။

"ဒါကြောင့်ပဲ ကမ္ဘာကြီးကို တတ်နိုင်သမျှ တရားမျှတအောင် လုပ်ဖို့ ကျွန်တော်တို့ လိုအပ်နေတာပေါ့...၊ကျွန်တော် တို့ လုပ်နိုင်တာကို လုပ်ကြတာပေါ့...။”

လျန်ထျန်း၏ အကောင်းမြင်စိတ်ကို ရင်ဆိုင်ရချိန်တွင် ဥက္ကဋ္ဌဝမ်မှာလည်း ကူးစက်ခံလိုက်ရပြီး ခေါင်းကို ဆက်တိုက် ညိတ်လိုက်လေသည်။

"မှန်တယ်...၊ ကမ္ဘာကြီးကို တတ်နိုင်သမျှ တရားမျှတအောင် လုပ်ဖို့ ငါတို့ စွမ်းဆောင်နိုင်သမျှ အကုန်လုံးကို လုပ်သင့်တယ်...။”

ကျန်းချောင်၏ စွမ်းအားကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရပြီးနောက် ဥက္ကဋ္ဌဝမ်သည် မြန်မာနိုင်ငံမြောက်ပိုင်းသို့ လူသွားကယ်မည့် လျန်ထျန်းအား တားဆီးနေခြင်းကို နောက်ဆုံးတွင် ရပ်တန်းက ရပ်လိုက်လေတော့သည်။

လျန်ထျန်းသည် ကျန်းချောင်နှင့်အတူ မြန်မာနိုင်ငံမြောက်ပိုင်းသို့ မည်သို့သွားရမည်နှင့် ရန်သူများကြားထဲသို့ မည်သို့ ထိုးဖောက်ဝင်ရောက်ရမည်ကို ချက်ချင်းပင် စတင် စီစဉ်လေတော့သည်။

အလွယ်ကူဆုံး နည်းလမ်းမှာ တမင်သက်သက် အရူးအမူး ခံလိုက်ခြင်းပင် ဖြစ်ဟန်တူပြီး ၎င်းမှာ ထိုးဖောက်ဝင် ရောက်ရန် အမြန်ဆန်ဆုံး နည်းလမ်းပင် ဖြစ်ပေသည်။

သို့သော် ထိုသို့ ပြုလုပ်ခြင်းက အတော်လေး အန္တရာယ်များလှပေသည်။ အကယ်၍သာ ဂရုမစိုက်မိဘဲ နိုင်ငံတကာ ရေပိုင်နက်ထဲရှိ ဆေးဘက်ဆိုင်ရာ သင်္ဘောတစ်စင်းပေါ်သို့ ဆွဲခေါ်ခံရကာ ကျောက်ကပ်များ အထုတ်ခံလိုက်ရလျှင် မည်သို့ လုပ်မည်နည်း။

သို့သော် လျန်ထျန်းကို လျှို့ဝှက်စွာ ကာကွယ်ပေးနေမည့် ကျန်းချောင် ရှိနေသောကြောင့် ထိုအရာအတွက် စိုးရိမ် ပူပန်နေစရာ မလိုတော့ပေ။ အကယ်၍ တစ်စုံတစ်ယောက်က သူ့ကို သင်္ဘောပေါ်သို့ ဆွဲခေါ်ပြီး ကျောက်ကပ် များကို ထုတ်ယူရန် ကြိုးစားလာပါက ကျန်းချောင်က သင်္ဘောတစ်စင်းလုံးကို မီးရှို့ပစ်လိုက်မည်သာ ဖြစ်သည်။

ထို့ကြောင့် လျန်ထျန်းသည် အချိန်ဆွဲမနေတော့ဘဲ အစားအသောက် ပို့ဆောင်သူများအတွက် ရရှိနိုင်မည့်

နိုင်ငံခြား 'ခံစားခွင့်' များအကြောင်းကို တက်ကြွစွာ စတင် စုံစမ်းလေတော့သည်။

သို့သော် လိမ်လည်သူတစ်ဦးက အဘယ်ကြောင့် တူညီသော လိမ်လည်မှုမျိုးကို နှစ်ကြိမ်တိုင်တိုင် အသုံးပြု ရမည်နည်း။

ဤတစ်ကြိမ်တွင်မူ သိသိသာသာကို အဆင့်မြှင့်တင်ထားခြင်း ဖြစ်ပေသည်။ အွန်လိုင်းမှနေ၍ အမှာစာကို အရင်ဆုံး တင်နိုင်ပြီး ပို့ဆောင်သူ တစ်ဦးအား အစားအသောက်များ လာပို့ခိုင်းနိုင်သည်။

ထို့နောက် ၎င်းတို့က ပင်းသော်သော် ကဲ့သို့သော ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်နေကြောင်း ပြောဆိုကာ ပို့ဆောင်သူအား ကူညီပေးရန် တောင်းဆိုတတ်ကြသည်။

၎င်းတို့ထဲမှ အများစုမှာ ချစ်စရာကောင်းသော မိန်းကလေးငယ်များ ဖြစ်ကြပြီး ချွဲနွဲ့ကာ ချိုသာပျော့ပျောင်းသော စကားများကို ပြောဆိုတတ်ကြလေသည်။

"အစ်ကို...၊ ကျွန်မကို ကူညီပေးပါဦးနော်...။ မှတ်ချက်ကောင်းကောင်းလေး ပေးပါ့မယ်...။”

ထိုကဲ့သို့ ချိုသာသော စကားများဖြင့် ပြောဆိုလာပါက မည်သည့် အမျိုးသား ပို့ဆောင်သူကမျှ ကူညီပေးရန် ငြင်းဆန်နိုင်မည်ဟု စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေသည်။

အမျိုးသမီး ပို့ဆောင်သူများနှင့် ပတ်သက်၍မူ ရိုးရိုးသားသား ပြောရလျှင် ရှိတော့ရှိကြသော်လည်း အလွန် နည်းပါးလှပေသည်။ ပို့ဆောင်သူ ဆယ်ဦးတွင် အမျိုးသမီး ပို့ဆောင်သူ တစ်ဦး ရှိလျှင်ပင် ကောင်းလှပြီ ဖြစ်သည်။

ထို့ကြောင့် ဤနည်းလမ်း၏ ပထမခြေလှမ်းမှာ အများအားဖြင့် အောင်မြင်လေ့ရှိပြီး ၎င်းတို့၏ ဇနီးနှင့် သားသမီး များကို အမြဲတမ်း စိုးရိမ်ပူပန်နေတတ်သော အိမ်ထောင်သည် အချို့သာလျှင် ငြင်းဆန်ရန် ခိုင်မာစွာ ဆုံးဖြတ်ထား ကြခြင်း ဖြစ်သည်။

အကူအညီ ရယူရန်အတွက် ဝီချက်ကို သူငယ်ချင်းအဖြစ် အရင်ဆုံး ထည့်သွင်းရန် လိုအပ်ပြီး ၎င်းမှာ ပြဿနာ တစ်ခုဟု မထင်ရပေ။

သို့သော် နောက်ဆက်တွဲအနေဖြင့် ဖြစ်ရပ်များ ဆက်တိုက် ဖြစ်ပေါ်လာလေတော့သည်။

ပို့ဆောင်သူမှာ ကူညီပေးပြီးနောက် ထွက်ခွာသွားကာ အစားအသောက်များကို ဆက်လက် ပို့ဆောင်နေလေ သည်။ မကြာမီပင် မိန်းကလေးမှာ ကတိတည်စွာဖြင့် ဓာတ်ပုံတစ်ပုံကို ပေးပို့လာခဲ့လေသည်။

ထိုဓာတ်ပုံထဲတွင် အစားအသောက်ပို့ဆောင်မှုအတွက် ကြယ်ငါးပွင့် မှတ်ချက် ပေးထားသည်ကို ပြသနေပြီး ချစ်စရာကောင်းသော အီမိုဂျီတစ်ခုနှင့်အတူ ချိုသာနူးညံ့သော အသံမက်ဆေ့ချ်တစ်ခု ပါဝင်လာခဲ့လေသည်။

"အစ်ကို...၊ ကျေးဇူးအများကြီးတင်ပါတယ်နော်...။ အစ်ကို ကူညီပေးလိုက်လို့ နန်ယွင်ကို သုံးရက်ကြာ အခမဲ့ ခရီးသွားခွင့် ရသွားပြီ...၊ အရမ်း ပျော်တာပဲ...။”

"ကျေးဇူးဆပ်တဲ့အနေနဲ့ V50 ကို မုန့်ဖိုးပေးလိုက်မယ်နော်...။ ကျွန်မကို မဖျက်ပစ်ပါနဲ့လားဟင်...၊ နောက်တစ်ခါ ပွဲလေးတွေ ရှိရင် ကူညီပေးဖို့ အစ်ကို့ကို ထပ်ဖိတ်ခေါ်ချင်လို့ပါ...။”

"အရင်ကလည်း တခြားသူတွေရဲ့ အကူအညီနဲ့ အကြိမ်ကြိမ် နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ တစ်ခါမှ မနိုင်ခဲ့ဘူး...။ ဒီတစ်ခါတော့ အစ်ကို့ကို အကူအညီ တောင်းလိုက်တာနဲ့ နိုင်သွားတာပဲ...။ အစ်ကိုကတော့ ကျွန်မရဲ့ ကံကောင်းခြင်းကြယ်ပွင့်လေးပဲ...။”

ထို့နောက် ဝီချက်မှတစ်ဆင့် ပြား (၅၀) ပါဝင်သော အနီရောင်စာအိတ်တစ်အိတ်ကို တကယ်ပင် ပေးပို့လာခဲ့ လေသည်။

ဤအချိန်တွင် အရာအားလုံး၏ နောက်ကွယ်မှ အမှန်တရားကို မသိရှိသော ပို့ဆောင်သူက ဤမိန်းကလေးမှာ တကယ်ပင် ရိုးသားဖြူစင်ပြီး ကျေးဇူးသိတတ်သော မိန်းကလေးကောင်း တစ်ဦးဟု ထင်မှတ်သွားနိုင်ပေသည်။

ရက်အနည်းငယ် ကြာပြီးနောက် မိန်းကလေးက နန်ယွင်၏ လှပသော ရှုခင်းများကို နောက်ခံထား၍ ရိုက်ကူးထား သော ဆဲလ်ဖီဓာတ်ပုံ အချို့ကို ပေးပို့လာခဲ့လေသည်။ လှပသော ရှုခင်းနှင့် လှပသော မိန်းကလေးတို့မှာ အချင်း ချင်း အပြည့်အဝ အထောက်အကူပြုနေကြပြီး တကယ်ကို ရင်သပ်ရှုမောဖွယ်ရာ မြင်ကွင်းတစ်ခုပင် ဖြစ်ပေ သည်။

ရက်အနည်းငယ်ကြာ အပြန်အလှန် စကားပြောဆိုပြီးနောက် မိန်းကလေးက အကူအညီတောင်းသည့် လင့်ခ် တစ်ခုကို ထပ်မံ ပေးပို့လာသောအခါ ပို့ဆောင်သူမှာ နောက်တစ်ကြိမ် ကူညီပေးရန်အတွက် တုံ့ဆိုင်းမနေဘဲ နှိပ်လိုက်လေတော့သည်။

သို့သော် ဤတစ်ကြိမ်တွင် ကူညီပေးနေစဉ်မှာပင် အနိုင်ရရှိကြောင်း မက်ဆေ့ချ်တစ်ခု ပေါ်လာခဲ့လေသည်။ နန်ယွင်သို့ သုံးရက်ကြာ ခရီးသွားခွင့်ပင် ဖြစ်သည်။

ပို့ဆောင်သူမှာ ထိုဓာတ်ပုံကို မိန်းကလေးထံ ချက်ချင်း ပေးပို့လိုက်ပြီး သူမ ဆုရရှိခဲ့ခြင်း ရှိမရှိကို မေးမြန်း လိုက်လေသည်။

မိန်းကလေးက သူမ ဆုရရှိခဲ့ကြောင်း ဓာတ်ပုံတစ်ပုံကို ပေးပို့ကာ ချက်ချင်းပင် ပြန်စာ ပို့လာခဲ့ပြီးနောက် စိတ်လှုပ် ရှားနေသော အသံမက်ဆေ့ချ်တစ်ခု ပါဝင်လာခဲ့လေသည်။

"အစ်ကို...၊ ဒီတစ်ခါ အစ်ကိုလည်း ဆုရသွားတာပဲ...။”

"အစ်ကိုက ကံကောင်းခြင်းကြယ်ပွင့်လေးမှန်း ကျွန်မ သိသားပဲ...။ ဒီတစ်ခါတော့ ကျွန်မတို့ နန်ယွင်ကို အတူတူ သွားလို့ ရပြီပေါ့...။”

"အရင်တစ်ခေါက်က အရမ်းလှတဲ့ နေရာတွေကို အများကြီး မြင်ခဲ့ရလို့ အစ်ကို့ကိုလည်း တကယ် မြင်စေချင် တာနဲ့ ဓာတ်ပုံတချို့ ရိုက်ပြီး ပို့ပေးခဲ့တာ...။”

"ဒါပေမဲ့ အပြင်လက်တွေ့မှာ ရှိတဲ့ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေက ဓာတ်ပုံတွေထဲမှာ အပြည့်အဝ မပါနိုင်ဘူး လေ...၊ ကျွန်မ တကယ် ကံကောင်းတာပဲ...။ အစ်ကိုလည်း ဒီတစ်ခါ ဆုရသွားသလို ကျွန်မလည်း ဆုထပ် ရခဲ့တယ်...။”

"ဒီတစ်ခါတော့ နေ့ဘက်ကျရင် တောင်တွေ မြစ်တွေကို ကြည့်ဖို့နဲ့ ညဘက်ကျရင် လှပတဲ့ ကြယ်ရောင်စုံ ကောင်းကင်ကြီးကို ကြည့်ဖို့ ကျွန်မတို့ အတူတူ သွားလို့ရပြီ...။ အဲ့ဒီက ကြယ်ရောင်စုံ ကောင်းကင်ကြီးက တကယ်ကို လှတာနော်...။”

"အထူးသဖြင့် အားဟိုင်ရေကန် နားမှာဆိုရင် ရေပြင်ပေါ်မှာ ထင်ဟပ်နေတဲ့ ကြယ်ရောင်စုံ ကောင်းကင်ကြီးက ရေအောက်က ကြယ်ရောင်စုံ ကောင်းကင်ကြီးနဲ့ တူပြီး ထာဝရ တည်တံ့နေသလိုပဲ...၊ တကယ်ကို ရိုမန်းတစ် ဆန်တာ...။”

ဤစကားများကြောင့် မည်သူကများ တွေဝေ မိန်းမော မသွားဘဲ နေနိုင်မည်နည်း။

All Chapters