← Chapters

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉-၂၄၀)

Vol. 24 Ch. 239-240

အခန်း (၂၃၉)သည်းထန်စွာရွာသွန်းသောမိုး

“စဉ်းစားကြည့်ဦးလေ... ကိုယ်က ကျားနှစ်ကောင်တောင် ဆက်တိုက် ဖမ်းထားနိုင်ခဲ့တာပဲ... ဒါက ဘယ်လောက်ကြီးမားတဲ့ အောင်မြင်မှုလဲ... ဒီငွေအနည်းငယ်က ဘာမှမဟုတ်ပါဘူး... လူတိုင်းသာ အလုပ်ကြိုးစားရင် ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်တယ်ဆိုတာကို အားလုံးကို သိစေချင်တာ... ဒါမှလည်း လူတိုင်း ပိုပြီး ကြိုးစားချင်စိတ်ရှိလာမှာ မဟုတ်ဘူးလား...”

သူက ချီလန်၏ ပုခုံးကို ဖွဖွပုတ်၍ ဆက်ပြောလိုက်သည်။

“နောက်ပြီး ဒါက ငါတို့ ခိုးရာပါပစ္စည်းလည်း မဟုတ်ဘဲ... သူများတွေ မနာလိုဖြစ်မှာကို ဘာလို့ ကြောက်နေရမှာလဲ...”

“မနာလိုဖြစ်ရင်လည်း သူတို့လည်း ကျားသွားဖမ်းကြပေါ့... ရွာထဲမှာ အရည်အချင်းရှိတဲ့သူတွေ အများကြီးပဲ... ဘယ်သူက ပိုကောင်းတဲ့ ဘဝကို မလိုချင်ဘဲ နေမလဲ...”

“ငါတို့မိသားစု အရင်ချမ်းသာလာရင် တစ်ရွာလုံး ချမ်းသာလာအောင် ကူညီပေးနိုင်တာပေါ့... မင်း ဘယ်လိုထင်လဲ...”

သူ့စကားကို ကြားရသောအခါ ချီလန်မှာ စိတ်အေးသွားရတော့သည်။

“ဟုတ်ပါပြီ... ရှင်ပြောတာ မှန်ပါတယ်... ကျွန်မပဲ အများကြီး တွေးနေမိတာ... ကျွန်မတို့ ဒီလိုကောင်းမွန်တဲ့ နေ့ရက်တွေကို တကယ်ပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမှာပေါ့...”

လဲ့ချန်က ခေါင်းညိတ်ပြပြီး ထပ်လောင်းပြောလိုက်၏။

“စိတ်မပူပါနဲ့... ငါတို့ ငွေကို ဖြုန်းတီးမှာ မဟုတ်ပါဘူး... ပစ္စည်းဝယ်ဖို့ နည်းနည်းပဲ ချန်ထားပြီး ငွေတွေကို သေသေချာချာ သိမ်းထားတယ်...”

ယခုအချိန်မှစ၍ ငါတို့ဘဝကို ပိုမိုတိုးတက်စည်ပင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သေသေချာချာ စဉ်းစားရမည်။

ညစာစားပြီးနောက် လဲ့ချန်က ကျားဖမ်းအဖွဲ့ခေါင်းဆောင်ဖြစ်သူ ချန်မင်ကျီထံ တန်းတန်းမတ်မတ် သွားရောက်၍ ပြောလိုက်၏။

“အစ်ကိုမင်ကျီ... ကျွန်တော် ကျားဖမ်းအဖွဲ့ထဲ ဝင်ချင်တယ်...”

ချန်မင်ကျီက သူ့မေးစေ့ကို ပွတ်သပ်ရင်း ဟက်ခနဲ ရယ်မောလိုက်သည်။

“မင်းတစ်ယောက်တည်းနဲ့ ကျားနှစ်ကောင်ကို ရင်ဆိုင်ရဲတာ တကယ့်ကို သတ္တိရှိတာပဲ... ကောင်းပြီ... ဒီသတ္တိတစ်ခုတည်းနဲ့တင် မင်းကို ငါ အဖွဲ့ထဲ သွင်းပေးမယ်...”

လဲ့ချန်က ကျေးဇူးတင်စကားဆိုရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် အပြင်ဘက်၌ မိုးခြိမ်းသံကြီး ဝုန်းခနဲ မြည်ဟည်းသွားတော့သည်။

ထို့နောက်တွင်တော့ သည်းထန်စွာရွာသွန်းသော မိုးကြီးက သဲသဲမဲမဲ ရွာသွန်းလာခဲ့၏။

“တောက်... ဒါက ဘယ်လို ရာသီဥတုလဲ…”

“မနက်ဖြန် တောင်ပေါ်တက်မယ့် အစီအစဉ်ကတော့ ပျက်သွားပြီ ထင်တယ်...”

လဲ့ချန်က ပြတင်းပေါက်နားတွင် ရပ်ရင်း မိုးရေထဲမှ ဝေးလံသော တောင်တန်းကြီးကို ငေးကြည့်ကာ စိတ်မရှည်သလို ခံစားလိုက်ရသည်။

သည်းထန်စွာရွာသွန်းသော မိုးက တစ်ရက်နှင့် တစ်ညလုံးတိုင်အောင် ရွာသွန်းခဲ့၏။ လဲ့ချန်က ရွာအဝင်ဝရှိ ကုန်းမြင့်ပေါ်တွင် ရပ်၍ ရေကြီးမှုကြောင့် ပျက်စီးသွားသော လမ်းများကို ကြည့်ကာ မျက်မှောင်ကုတ်မိသွားသည်။

ခရိုင်မြို့သို့ သွားရာလမ်း ပိတ်ဆို့သွားသဖြင့် ကျားဘုရင်တောင်ကြောသို့ သွားမည့် အစီအစဉ်ကိုလည်း လောလောဆယ် ရွှေ့ဆိုင်းထားရတော့မည် ဖြစ်၏။

“အစ်ကိုချန်... ဒီမိုးက လွယ်လွယ်နဲ့ တိတ်မယ့်ပုံ မပေါ်ဘူး...”

လဲ့အားကော်က လဲ့ချန်၏ ဘေးတွင်ရပ်၍ စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ကြည့်နေသည်။

လဲ့ချန် စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ရွာထဲမှ အော်ဟစ်သံတစ်ခုကို ကြားလိုက်ရ၏။

“ဒုက္ခပါပဲ... အဘွားဝမ်ရဲ့ အိမ်ကြီး ပြိုတော့မယ်...”

“သွားစို့...”

လဲ့ချန်၏ အမိန့်ပေးသံနှင့်အတူ သူက လဲ့အားကော်နှင့် အခြားကျားဖမ်းအဖွဲ့ဝင် အချို့ကို ဦးဆောင်၍ အဘွားဝမ်၏ အိမ်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြတော့သည်။

ထိုနေရာသို့ ရောက်ရှိသွားသောအခါ အဘွားဝမ်အိမ်၏ ရွှံ့အုတ်နံရံများမှာ မိုးရေများ စိုရွှဲနေပြီး အချိန်မရွေး ပြိုကျနိုင်သည့် အခြေအနေသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

အဘိုးအိုလင်မယားမှာ ခြံဝင်းထဲတွင် ဘာလုပ်ရမှန်းမသိဘဲ အားကိုးရာမဲ့စွာ ရပ်နေကြသည်။

“အားလုံးပဲ ကူညီကြပါဦး... အိမ်ထဲက တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို အရင်ဆုံး အပြင်ထုတ်ကြမယ်...”

လဲ့ချန်က အမိန့်ပေးညွှန်ကြားရင်း အိမ်ထဲသို့ ပြေးဝင်သွား၏။

ထျဲ့တန်နှင့် ရွှေရှန်းတို့ကလည်း ချက်ချင်းပင် နောက်က လိုက်လာကြပြီး သူတို့သုံးယောက် စုပေါင်း၍ ပရိဘောဂများနှင့် ရိက္ခာများကို ဘေးကင်းရာနေရာသို့ အလောတကြီး ရွှေ့ပြောင်းကြတော့သည်။

“ချန်ဇီ... မြန်မြန်ထွက်ခဲ့တော့... နံရံက ပြိုတော့မယ်...”

အဒေါ်ဝမ်မှာ အပြင်ဘက်တွင် အလွန်အမင်း ပူပန်နေသဖြင့် ခြေဆောင့်ကာ အော်ဟစ်နေရှာသည်။

သူမ စကားပြော၍ မဆုံးသေးမီမှာပင် အိမ်ခေါင်မိုးရက်မဆီမှ ဂျိမ်းခနဲ အက်ကွဲသံကြီး ထွက်ပေါ်လာ၏။

လဲ့ချန်က ပစ္စည်းများ သယ်ယူနေဆဲဖြစ်သော ထျဲ့တန်ကို ဘေးသို့ ဆွဲဖယ်လိုက်ပြီး အော်လိုက်သည်။

“ပြေး...”

သူတို့သုံးယောက် တံခါးပြင်ပသို့ ပြေးထွက်လာသည်နှင့် တစ်ပြိုင်နက် နောက်ကွယ်မှ နံရံကြီးမှာ ဝုန်းခနဲ အသံနှင့်အတူ ပြိုကျပျက်စီးသွားတော့သည်။

“ဟူး...”

လဲ့ချန်က သူ့အဝတ်အစားပေါ်မှ ရွှံ့များကို ခါထုတ်လိုက်ပြီး အဒေါ်ဝမ်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

“အဒေါ်... အဒေါ်တို့ လင်မယားနှစ်ယောက် လောလောဆယ် ကျွန်တော့်အိမ်မှာပဲ ခဏလိုက်နေပါ... မိုးတိတ်သွားရင် အိမ်ပြန်ဆောက်ဖို့ လူတွေကို ခေါ်ပြီး ကူညီပေးပါ့မယ်...”

ရွာသားများက ရှေ့မှ မြင်ကွင်းကိုကြည့်ပြီး တီးတိုး ဆွေးနွေးလာကြတော့သည်။

သူတို့က လဲ့ချန်ကို တစ်ယောက်တစ်ပေါက်နှင့် ချီးကျူးစကားဆိုကြ၏။

“ချန်ဇီ... မင်းက တကယ့်ကိုလူကောင်းပဲ...”

“ဟုတ်ပါပေ့... ငါတို့ရွာမှာ အစ်ကိုချန်လို လူငယ်မျိုးသာ အများကြီးရှိရင် ဘဝက ပျားရည်ထက်တောင် ချိုမြိန်ဦးမှာ...”

လဲ့ချန်က ထိုစကားများကို ကြားရသောအခါ မျက်နှာရဲတက်သွားပြီး ချီးကျူးမှုများကို မခံယူဝံ့သလို ဖြစ်သွားသည်။

သူက ခေါင်းကို ကုတ်ရင်း ရှက်ကိုးရှက်ကန်းဖြင့် ပြန်ပြောလိုက်၏။

“ကျွန်တော့်ကို အထူးအဆန်းလူကြီးလို မဆက်ဆံကြပါနဲ့... ကျွန်တော်တို့အားလုံးက ရွာသူရွာသား အချင်းချင်းတွေပဲဥစ္စာ... တစ်ခုခုဖြစ်ရင် တစ်ယောက်ကိုတစ်ယောက် ကူညီကြရမှာပေါ့...”

ထိုအခိုက်တွင် ပါတီအတွင်းရေးမှူး အဘိုးအိုက လျှောက်လာပြီး လဲ့ချန်၏ ပုခုံးကို ညင်သာစွာ ပုတ်လိုက်သည်။

“ချန်ဇီ ပြောတာ မှန်တယ်... ငါတို့ရွာက ဒီလိုမျိုး တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီတတ်တဲ့ စိတ်ဓာတ်ရှိဖို့ လိုအပ်တယ်...”

မလှမ်းမကမ်းတွင်တော့ အဘိုးအိုတစ်ဦးက သူ့မုတ်ဆိတ်မွေးကို သပ်ရင်း မျက်စိမှိတ်ကာ တစ်ခဏမျှ စဉ်းစားပြီးနောက် စကားဝိုင်းကို ဖြည်းညင်းစွာ ဝင်ရောက်ပြောဆိုလိုက်၏။

“အဘွားဝမ်ရဲ့ အိမ်က ပြိုသွားပြီ... ဒါကို ချန်ဇီတစ်ယောက်တည်း လုပ်လို့ မရဘူး... တစ်ရွာလုံး စုပေါင်းပြီး နည်းလမ်းရှာကာ ပြန်လည်တည်ဆောက်ဖို့ ကူညီရမယ်...”

လူအုပ်ကြီးက ချက်ချင်းပင် စုရုံးလာကြတော့သည်။

ထျဲ့တန်က အရင်ဆုံး စကားစလိုက်၏။

“ဦးလေးဝမ်... ဒါကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ လမ်းညွှန်ပေးပါဦး...”

အဘိုးအိုက မုတ်ဆိတ်ကိုသပ်ရင်း မျက်လုံးများ တောက်ပလျက် ပြောလိုက်သည်။

“ငါတို့ရွာမှာ လက်သမားတွေ၊ ပန်းရန်သမားတွေ အပါအဝင် အရည်အချင်းရှိတဲ့သူတွေ အများကြီးရှိတယ် မဟုတ်လား... လူတိုင်းသာ အင်္ကျီလိပ်ပြီး အတူတူ ဝိုင်းလုပ်ကြရင် အိမ်တစ်လုံး ပြန်ဆောက်ဖို့ဆိုတာ မခက်ခဲပါဘူး...”

ထိုစကားကို ကြားသောအခါ လဲ့ချန်က သူ့ပေါင်ကို ဘုန်းခနဲ ပုတ်၍ မချင့်မရဲ ရေရွတ်လိုက်သည်။

“ဟုတ်သားပဲ... ဒါက တကယ့်ကို ကောင်းတဲ့ အကြံဉာဏ်ပဲ... ကျွန်တော် အခုပဲ လူတွေကို သွားခေါ်လိုက်မယ်...”

သူက အတုံ့အဆိုင်းမရှိဘဲ ရွာထဲသို့ ပြေးဝင်ကာ ကျွမ်းကျင်သော လက်မှုပညာရှင် အချို့ကို သွားရောက် ဖိတ်ခေါ်လိုက်တော့သည်။

လက်သမားလဲ့က ယုံကြည်မှုရှိရှိ ခေါင်းညိတ်ရင်း ပြောလိုက်၏။

“ချန်ဇီ... အိမ်ခေါင်မိုး ရက်မနဲ့ အိမ်အဆောက်အအုံအပိုင်းကို ငါ တာဝန်ယူမယ်... သေချာပေါက် ခိုင်ခံ့စေရမယ်...”

ပန်းရန်ဆရာ ကျန်းကလည်း အရှုံးမပေးဘဲ သူ့ရင်ဘတ်ကို တဖြုန်းဖြုန်း ပုတ်ကာ အော်လိုက်သည်။

“နံရံကိစ္စကိုတော့ ငါ့ကိုသာ လွှဲထားလိုက်...”

ရွာထဲမှ လူငယ်အားလုံးနီးပါး ထွက်လာပြီး ဝိုင်းဝန်း လုပ်ကိုင်ကြသလို အမျိုးသမီးများကလည်း အားမနေကြချေ။

အချို့က ရွှံ့စေးများကို နယ်နေကြပြီး၊ အချို့က ရေခပ်ခြင်းနှင့် အစားအသောက်များကို ပြင်ဆင်ပေးနေကြကာ တစ်ရွာလုံး သောင်းသောင်းဖျဖျနှင့် စည်ကားနေတော့သည်။

လဲ့ချန်က တစ်ခဏမျှ ငေးမောကြည့်နေပြီးနောက် အချို့သော အချက်များကို ညွှန်ကြားရန် မမေ့လျော့ချေ။

“အားကော်... မင်း လူတွေကို ဦးဆောင်ပြီး အရှေ့ဘက်စွန်းမှာ ရေမြောင်းတစ်ခု သွားတူးလိုက်ဦး... ဒါမှ ရေတွေ အိမ်ထဲ ထပ်မဝင်မှာ...”

“သိပြီ... အခုပဲ သွားလိုက်မယ်...”

အားကော်က ပြန်ထူးပြီး လူများကို ခေါ်ဆောင်ကာ ထွက်သွားတော့သည်။

ရွာထဲတွင် ဘယ်သူမှ လက်ပိုက်ကြည့်မနေကြချေ။

ခေါင်းဆောင်ဝေ့နှင့် လျိုတာကျူးတို့မှာမူ ရွာအဝင်ဝရှိ သစ်ပင်ကြီးတစ်ပင်အောက်တွင် ရပ်ရင်း ဝေးလံသော နေရာမှ အလုပ်ရှုပ်နေကြသည့် လူအုပ်ကြီးကို ကြည့်ကာ မျက်နှာများ မည်းမှောင်နေကြ၏။

မိုးရေများက သစ်ရွက်များပေါ်မှတစ်ဆင့် သူတို့အပေါ်သို့ စီးကျနေသော်လည်း သူတို့မှာမူ သတိပင် မထားမိကြချေ။

ခေါင်းဆောင်ဝေ့က သစ်မြစ်ကို ဒေါသတကြီး ကန်ကျောက်လိုက်သည်။

“တောက်... ဒီလဲ့ချန်က တကယ့်ကို ကံကောင်းလွန်းတယ်... ဒီမိုးသာ သဲသဲမဲမဲ ရွာမချရင် ဒီည သူ့ကို ကောင်းကောင်းကြီး ပညာပေးပစ်လို့ ရတာ...”

လျိုတာကျူးက သူ့လည်ပင်းကို ဆွဲသွင်းကာ အသံကို နှိမ့်၍ ပြောလိုက်၏။

“ခေါင်းဆောင်... စိတ်လျှော့ပါဦး... ဒီကောင်က အခု ရွာထဲမှာ သူရဲကောင်းကြီး ဖြစ်နေတာ... လူတိုင်းက သူ့ကို ချီးမွမ်းနေကြတာပဲ... ကျွန်တော်တို့ အခု သွားလုပ်ရင် လူထုဒေါသကို ဆွပေးသလို ဖြစ်သွားလိမ့်မယ်...”

“တောက်….ထွီ”

ခေါင်းဆောင်ဝေ့က တံတွေးတစ်ချက် ထွေးထုတ်လိုက်ပြီး ဝေးလံသော လူအုပ်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။

“လူကောင်း ဟန်ဆောင်နေတာပဲဥစ္စာ... သူက အုတ်ခဲနည်းနည်း ကူသယ်ပေးပြီး အနည်းအကျဉ်း ကူညီပေးရုံတင် ရှိသေးတာ... ဒါတွေ ပြီးသွားရင် သူ ဘယ်လောက်အထိ လေကျယ်နိုင်ဦးမလဲ ကြည့်ကြတာပေါ့...”

“ဒါလည်း ဟုတ်တာပဲ... ဒါပေမဲ့ လဲ့ချန်က ရွာထဲမှာ တကယ်ပဲ လူချစ်လူခင် များတယ်... ပါတီအတွင်းရေးမှူး အဘိုးအိုတောင် သူ့ကို မျက်နှာသာပေးနေတာ... ကျွန်တော်တို့...”

ခေါင်းဆောင်ဝေ့က ရုတ်တရက် လှည့်ကာ လျိုတာကျူး၏ အင်္ကျီကော်လံကို ဆွဲဆောင့်၍ အော်ငေါက်လိုက်၏။

“မင်းက ဘာလို့ ကြောက်ချေးပါနေတာလဲ... ငါတို့နောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာ မင်း မေ့သွားပြီလား... တောမုဆိုး အညတရကောင်က အသုံးမကျတဲ့ အမှိုက်ပဲဥစ္စာ...”

လျိုတာကျူးက ခေါင်းကို တဆက်ဆက် ညိတ်ရင်း ပြန်ပြောရှာသည်။

“ဟုတ်ကဲ့... ဟုတ်ကဲ့... ခေါင်းဆောင်က တကယ့်ကို ဉာဏ်ပညာ ကြီးမားပါတယ်...”

“သူ့ကို ရက်နည်းနည်းလောက် လေကျယ်ခွင့် ပေးထားလိုက်ပါဦး... ဒီမုန်တိုင်း ပြီးသွားရင်တော့ သူ့အလှည့် ရောက်လာမှာပဲ...”

သူတို့နှစ်ယောက်က တီးတိုး စကားအနည်းငယ် ထပ်မံဆိုကြပြီးနောက် လောလောဆယ်တွင်တော့ အောင့်အည်း သည်းခံရန် ဆုံးဖြတ်လိုက်ကြတော့သည်။

မိုးက ရွာသွန်းမြဲ ရွာသွန်းနေဆဲဖြစ်သော်လည်း ရွာ၏ အိမ်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများမှာမူ အရှိန်အဟုန်ဖြင့် လည်ပတ်နေဆဲ ဖြစ်၏။

ခေါင်းဆောင်ဝေ့နှင့် လျိုတာကျူးတို့က အလုပ်ရှုပ်နေသော လူအုပ်ကြီးကို နောက်ဆုံးတစ်ချက်ကြည့်ပြီး တိတ်တဆိတ် ထွက်ခွာသွားကြတော့သည်။

အလုပ်နားချိန်တွင် လူငယ်တစ်ဦးက လဲ့ချန်၏ အနားသို့ လျှောက်လာပြီး မျက်စိမှိတ်ပြကာ နောက်ပြောင်လိုက်၏။

“အစ်ကိုချန်... ကျွန်တော်တို့ကို ကျားဖမ်းတဲ့ ပညာ ဘယ်တော့ သင်ပေးမှာလဲ... ကျွန်တော်တို့ အားလုံး ဒီအလုပ်ကို လုပ်ချင်လွန်းလို့ ရူးတော့မယ်...”

လဲ့ချန်က မရယ်ချင့် ရယ်ချင် ရယ်မောလိုက်ပြီး လက်ကို ပျင်းရိပျင်းတွဲ ဝှေ့ယမ်းကာ ပြောလိုက်တော့သည်။

“မလောပါနဲ့... အရင်ဆုံး အခြေခံကွက်တွေကို အရင် ကျင့်ထားကြဦး... မင်းတို့ရဲ့ ခါးနဲ့ ခြေထောက် ခွန်အားတွေက အားနည်းလွန်းသေးတယ်...”

အခန်း (၂၄၀)ရတနာမြေပုံ

ထိုသို့ ပြောကြားပြီးနောက် သူသည် လုပ်လက်စအလုပ်များကို ခေတ္တရပ်နားကာ ကိုယ်ခံပညာ အခြေခံကွက်အချို့ကို စတင်သင်ကြားပေးလေတော့သည်။

ရွာမှ လူငယ်များမှာလည်း အလွန်အမင်း စိတ်အားထက်သန်စွာဖြင့် လေ့ကျင့်ကြပြီး လက်သီးချက်၊ ခြေကန်ချက်တိုင်းမှာ လေထုကို ဖြတ်သန်း၍ ခွန်အားပါလှ၏။

သမီးငယ်လေး ရှောင်ရှောင်ပင်လျှင် မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေပြီး အော်လိုက်သည်။

“အဖေ... သမီးလည်း သင်ချင်တယ်... သမီးလည်း ကျားတွေကို လိုက်ဖမ်းမှာ...”

လဲ့ချန်က ထိုစကားကို ကြားသောအခါ စိတ်ထဲမှ ရယ်မောမိသွားပြီး သမီးဖြစ်သူ၏ ခေါင်းကို ပုတ်ပေးလိုက်၏။

“သမီးက အရပ်ရှည်လာအောင် အရင်စောင့်ဦးလေ... အခုထိ လိုပါသေးတယ်...”

မမျှော်လင့်ဘဲ သမီးငယ်လေးက နေရာတွင်တင် သုံးပေခန့် မြင့်အောင် ခုန်ပေါက်၍ သူမ၏ အဝတ်အစားများကို ဆွဲခါကာ ကလေးသဘာဝ ဂျီကျပူဆာလာတော့သည်။

“မရဘူး... သမီးလည်း အသက်ကြီးပြီပဲဥစ္စာ... ရွာထဲက အစ်ကိုတွေအကုန်လုံး တတ်ကြတာပဲ... သမီးလည်း သေချာပေါက် တတ်ရမယ်...”

အခြားနည်းလမ်း မရှိတော့သဖြင့် လဲ့ချန်မှာလည်း အလျှော့ပေးလိုက်ရတော့သည်။

“ကောင်းပြီ... ကောင်းပြီ... ဒါဆိုရင် တစ်ခုတော့ မှတ်ထားရမယ်... သိုင်းပညာကို လေ့ကျင့်တဲ့အခါ စည်းကမ်းကို အရင်ဆုံး လိုက်နာရမယ်... လျှောက်မလုပ်ရဘူး...”

သူ့စကား ဆုံးသည်နှင့် တစ်ပြိုင်နက် ရှောင်ရှောင်က လက်ခုပ်တီး၍ ဝမ်းသာအားရ အော်လိုက်၏။

“ဟုတ်ကဲ့... သမီး အဖေ့စကားကို နားထောင်ပါ့မယ်...”

ထိုအချိန်မှစ၍ နံနက်စောစောအချိန်များတွင် ရွာအဝင်ဝ၌ လဲ့ချန်နှင့်အတူ လူအုပ်ကြီးက အော်ဟစ်အော်ခါဖြင့် သိုင်းကွက်များ လေ့ကျင့်နေကြသည်ကို မကြာခဏ မြင်တွေ့ရတတ်သည်။

ရှောင်ရှောင်သည် အသက်ငယ်သော်လည်း သိုင်းကျင့်သည့်အခါ အလွန်ပင် တည်ကြည်လေးနက်ပြီး သူမ၏ လှုပ်ရှားမှုများမှာလည်း အတော်အတန် အချိုးကျလှ၏။

ရွာသူရွာသားများက ထိုမြင်ကွင်းကို မြင်သောအခါ ပြုံးစိစိနှင့် သဘောကျနေကြတော့သည်။

“ဒီကလေးမလေးကတော့ ကြီးလာရင် ဒုတိယ ချန်ဇီ ဖြစ်လာဦးမှာပဲ...”

ချီလန်ကတော့ အိမ်တံခါးဝတွင် ရပ်၍ လက်ကိုင်ပဝါဖြင့် ချွေးများကို သုတ်ရင်း ထိုသားအဖနှစ်ယောက် သိုင်းကျင့်နေသည်ကို ငေးကြည့်နေခဲ့၏။

“ဟေ့..ယား.”

ရှောင်ရှောင်က သေးငယ်သော ခြေလှမ်းဖြင့် ခိုင်ခံ့သော မြင်းထိုင်ခွင် အနေအထားကို ပြုလုပ်လိုက်ရာ မျက်နှာလေးမှာ နီရဲနေတော့သည်။

“အဖေ... သမီး အနေအထား မှန်ရဲ့လား...”

လဲ့ချန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သမီးဖြစ်သူ၏ လက်မောင်းကို ညင်သာစွာ ပြင်ပေးလိုက်၏။

“လက်ကို နည်းနည်းလေး ထပ်မြှောက်လိုက်... ဟုတ်ပြီ... အဲဒီအတိုင်းပဲ...”

ထိုမြင်ကွင်းကို ကြည့်ပြီး ချီလန်က ဟက်ခနဲ ရယ်မောလိုက်သည်။

“ရှင်တို့ သားအဖနှစ်ယောက်စလုံး ချွေးတွေ ရွှဲနေပြီ... လာပြီး ရေနွေးကြမ်း သောက်ကြဦး...”

လဲ့ချန်က ရေနွေးခွက်ကို လှမ်းယူလိုက်ပြီး ဇနီးဖြစ်သူကို ကြင်နာစွာ ကြည့်လိုက်၏။

“ဒီကလေးမလေးက ဇွဲတအားသန်တာပဲ... သူက အကုန်လုံး တတ်မြောက်အောင်ကို ဇွတ်သင်နေတာ...”

“အဖေ... သမီး ထပ်ပြီး ကျင့်ချင်သေးတယ်...”

ရှောင်ရှောင်က နေရာတွင်တင် ခုန်ပေါက်ရင်း အော်ဟစ်နေပြန်သည်။

“ခဏ နားလိုက်ဦး...”

လဲ့ချန်က သမီးဖြစ်သူ၏ ခေါင်းကို ပုတ်ကာ ပြောလိုက်စဉ်မှာပင် ရုတ်တရက် အကြောင်းအရာတစ်ခုကို သတိရသွား၏။

“ဒါနဲ့... လွန်ခဲ့တဲ့ ရက်ပိုင်းက ငါတို့ တောင်ပေါ်မှာ ဆေးဖက်ဝင်အပင်အချို့ တွေ့ခဲ့တယ်... အခု မိုးလည်း တိတ်သွားပြီဆိုတော့ လူအချို့ကိုခေါ်ပြီး ဆေးပင်သွားနှုတ်ဖို့ တောင်ပေါ်တက်ရမယ်...”

ချီလန်၏ မျက်လုံးများက တစ်မုဟုတ်ချင်း တောက်ပသွားသည်။

“စျေးကောင်းရမယ့် ဆေးပင်မျိုးလား...”

“ဟုတ်တယ်... ရှားပါးတဲ့ မျိုးစိတ်အချို့ပါတယ်... ငါတို့ ကျားဖမ်းအဖွဲ့အတွက်လည်း တစ်ယောက်ယောက် ထိခိုက်ဒဏ်ရာရရင် သုံးဖို့ ဆေးပင်အချို့ စုဆောင်းထားရမယ်...”

ဤရက်ပိုင်းအတွင်း မိုးတိတ်သွားသဖြင့် တောင်ပေါ်သို့ တက်ကာ ဆေးဖက်ဝင်အပင်များ ရှာဖွေရန် အကောင်းဆုံး အချိန်ပင်ဖြစ်၏။

လဲ့ချန်က ခြံဝင်းအပြင်ဘက်သို့ လှမ်း၍ အော်လိုက်သည်။

“အားကော်... ထျဲ့တန်... မနက်ဖြန် ငါနဲ့အတူ ဆေးပင်နှုတ်ဖို့ တောင်ပေါ်လိုက်ခဲ့ကြ...”

“အစ်ကိုချန်... ပစ္စည်းအသစ်တွေ သွားယူမလို့လား...”

အားကော်က အနားသို့ တိုးကပ်ကာ မေးလိုက်၏။

လဲ့ချန်က ခေါင်းယမ်းပြလိုက်သည်။

“ပြီးခဲ့တဲ့အကြိမ်က အနောက်ဘက်တောင်မှာ ဆေးဖက်ဝင်အပင်တွေ အများကြီး ပေါက်နေတဲ့နေရာတစ်ခု ငါ တွေ့ခဲ့တယ်... အဲဒါတွေကို သွားနှုတ်ရင် စျေးကောင်းကောင်းနဲ့ ရောင်းရလိမ့်မယ်...”

နောက်တစ်နေ့ နံနက်တွင် လဲ့ချန်သည် တပည့်အချို့ကို ဦးဆောင်၍ တောင်ပေါ်သို့ တက်ခဲ့ကြတော့သည်။

သည်းထန်စွာရွာသွန်းသော မိုးကြီး ပြီးဆုံးသွားသည့်နောက် တောင်တန်းနှင့် သစ်တောတစ်ခုလုံးမှာ ထူးခြားစွာ လတ်ဆတ် နေ၏။

“အစ်ကိုချန်... ဒီမှာ... ဒါက တောဂျင်ဆင်းအရွက် မဟုတ်ဘူးလား...”

လဲ့ချန်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး သေသေချာချာ စစ်ဆေးကြည့်လိုက်၏။

“မျက်စိ လျင်သားပဲ... ဒါက သေချာပေါက် တောဂျင်ဆင်းပဲ... မြန်မြန်တူးကြ...”

လူစုမှာ တစ်နေ့ခင်းလုံး အပြင်းအထန် လုပ်ကိုင်ကြသဖြင့် ဆေးပင်အမြောက်အမြား ရရှိခဲ့ကြသည်။

သူတို့ တောင်ပေါ်မှ ပြန်ဆင်းခါနီးအချိန်တွင် ယွမ်ပေါင်က ခြေချော်၍ “အား...” ဟု အော်ကာ မြေပြင်ပေါ်သို့ ဖင်ထိုင်ရက် လဲကျသွားတော့သည်။

“အဆင်ပြေရဲ့လား...”

လဲ့ချန်က ကမန်းကတန်း သွားရောက်၍ တွဲထူပေးလိုက်၏။

“မ... မဟုတ်တာ... ဘာမှမဖြစ်ပါဘူး...”

ယွမ်ပေါင်က ထရပ်ပြီး သူ့ဘောင်းဘီပေါ်မှ ရွှံ့များကို ခါထုတ်လိုက်စဉ် သူ့ခြေထောက်အောက်မှ ထွက်နေသော ဟောင်းနွမ်းနေသည့် သားရေအိတ်တစ်ခုကို သတိပြုမိသွားသည်။

“ဒါက ဘာလဲ…”

ထျဲ့တန်ကလည်း စူးစူးစမ်းစမ်းဖြင့် ဘေးသို့ တိုးကပ်လာ၏။

လဲ့ချန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မိုးသက်မုန်တိုင်းကြောင့် မြေကြီးထဲမှ ပေါ်ထွက်လာသော သားရေအိတ်ကို ဂရုတစိုက် ကောက်ယူလိုက်သည်။

၎င်းကို ဖွင့်ကြည့်လိုက်သောအခါ ဝါကျင်ကျင် အရောင်ပြောင်းနေသည့် ဆီစိမ်စက္ကူတစ်ရွက်ကို တွေ့လိုက်ရ၏။

“ဒါ... ဒါက မြေပုံတစ်ခုလား...”

အားကော်၏ မျက်လုံးများက ပြူးကျယ်သွားတော့သည်။

ထိုစက္ကူပေါ်တွင် တောင်တန်းဒေသ၏ မြေမျက်နှာသွင်ပြင်ကို တကယ်ပင် ရေးဆွဲထားပြီး လောလောဆယ်ဆယ် ရေးသားထားသော မှတ်စုအချို့လည်း ပါရှိ၏။

၎င်းက အလွန် ဟောင်းနွမ်းနေသော်လည်း လက်ရေးစာသားများမှာ ချင်မင်းဆက်နှောင်းပိုင်းခေတ်က အရေးအသားဖြစ်ကြောင်း ဝေဝါးစွာ ခွဲခြားနိုင်သေးသည်။

ထျဲ့တန်က မြေပုံပေါ်မှ အမှတ်အသားတစ်ခုကို ထောက်ပြလိုက်၏။

“အစ်ကိုချန်... ဒီမှာကြည့်ဦး... ဒါက တို့ရွာ နောက်ဘက်က တောဝက်တောင် မဟုတ်ဘူးလား...”

လဲ့ချန်က မြေပုံကို ဂရုတစိုက် စစ်ဆေးကြည့်ရာ မျက်မှောင်များ တဖြည်းဖြည်း ကုတ်မိသွားတော့သည်။

မြေပုံပေါ်တွင် အမှန်တကယ်ပင် ရင်းနှီးကျွမ်းဝင်သော နေရာအမည်အချို့ကို မှတ်သားထားသော်လည်း အာရုံအဖမ်းစားဆုံးအရာမှာ တောဝက်တောင်၏ ဗဟိုချက်တွင် ထင်ရှားစွာ ဆွဲထားသော အနီရောင်စက်ဝိုင်းကြီး ဖြစ်ပြီး ၎င်း၏ ဘေးတွင် ဝေဝါးသော စာလုံးအချို့ကို ရေးသားထားခြင်းဖြစ်၏။

ရွှေရှန်းက တံတွေးတစ်ချက်ကို ခက်ခဲစွာ မျိုချလိုက်သည်။

“ဒါ... ဒါက... ရတနာမြေပုံများ ဖြစ်နေမလား...”

လဲ့ချန်က သူတို့၏ ဆွေးနွေးမှုကို အလျင်အမြန် တားဆီးလိုက်၏။

“ရှူး... အသံမကျယ်ကြနဲ့ဦး... အိမ်ပြန်ရောက်မှ ဆက်ပြောကြတာပေါ့...”

အိမ်ပြန်ရောက်သောအခါ မှောင်နေပြီ ဖြစ်သဖြင့် လဲ့ချန်က ရှာဖွေရရှိခဲ့သော ဆေးဖက်ဝင်အပင်များကို ချီလန်ထံသို့ လွှဲပြောင်းပေးလိုက်သည်။

“ဒါတွေကို သေသေချာချာ ဆေးကြောသန့်စင်ထားလိုက်ဦး...”

သူက သားရေအိတ်အကြောင်းကို တစ်ချက်မျှ မဟဘဲ တိုတိုတုတ်တုတ်သာ မှာကြားလိုက်၏။

အခန်းတွင်းမှာ တိတ်ဆိတ်နေသည်။ ချီလန်က ဆေးပင်များကို စီစဉ်နေပြီး လဲ့ချန်က သူမကို ကူညီပေးနေသော်လည်း သူ၏ စိတ်ကမူ အခြားနေရာသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်၏။

ညဉ့်နက်သန်းခေါင်အချိန် ရောက်ရှိ၍ အခန်းထဲတွင် သူတို့ဇနီးမောင်နှံနှစ်ဦးတည်းသာ ကျန်ရှိတော့သည့် အခါမှသာ လဲ့ချန်က သားရေအိတ်ကို ဖြည်းညင်းစွာ ဖွင့်ပြီး ဝါကျင်ကျင် ဆီစိမ်စက္ကူကို ထုတ်ယူလိုက်သည်။

“ကြည့်ပါဦး... ဒါက သုတေသနလုပ်ဖို့ တန်ဖိုးရှိတဲ့ စက္ကူဟောင်းတစ်ခုပဲ... ထူးခြားမှုပိုင်းမှာ ဟောဒီ ဆေးပင်တွေထက် မနိမ့်ဘူး...”

ချီလန်က ပြုံးလိုက်ပြီး သူမ၏ နာကျင်နေသော ပုခုံးများကို ပွတ်သပ်လိုက်၏။

လဲ့ချန်က ဆီမီးအိမ်ကို အလင်းလျှော့လိုက်ပြီး စက္ကူနားသို့ တိုးကပ်လိုက်သည်။

“တောဝက်ဘုရင်တောင်ကြော... ရွှေကြော... ဒါက တကယ့်ကို ထူးဆန်းတာပဲ...”

ချီလန်မှာ အံ့အားသင့်သွားပြီးနောက် သူ ကြည့်နေသည့်နေရာသို့ လိုက်ကြည့်ကာ သေသေချာချာ အကဲခတ်လိုက်၏။

“ဒီမြေပုံက တော်တော်လေး ဟောင်းနေပြီ... ဒီအမှတ်အသားတွေကို ကြည့်ရတာ ရတနာမြေပုံနဲ့ တကယ်တူတယ်... ဒီနေရာမှာ ဒဏ္ဍာရီလာ ရတနာတွေ ရှိနေတာများလား...”

လဲ့ချန်က ပြန်မဖြေသော်လည်း သူ၏ စိတ်ထဲတွင် အတွေးများ အပြင်းအထန် လည်ပတ်နေခဲ့သည်။

ထိုစဉ်မှာပင် အပြင်ဘက်မှ ခေါ်သံတစ်ခု ထွက်ပေါ်လာ၏။

“အစ်ကိုချန်...”

၎င်းက လဲ့အားကော် ဖြစ်သည်။

လဲ့ချန်က အသံမထွက်ရန် အလျင်အမြန် လက်ဟန်ပြလိုက်၏။

“အားကော်... မင်း သွားပြီး အဖွဲ့ခေါင်းဆောင်ချန်ကို သွားခေါ်လိုက်ဦး... ငါ သူ့ကို တိုင်ပင်စရာ ကိစ္စတစ်ခုရှိတယ်... ဒါက သာမန်ကိစ္စမဟုတ်ဘူး...”

မကြာမီအချိန်အတွင်းမှာပင် ချန်မင်ကျီက အိမ်ထဲသို့ ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ဝင်ရောက်လာခဲ့သည်။

“ချန်ဇီ... ဘာကိစ္စရှိလို့လဲ...”

လဲ့ချန်က မျက်လုံးကို ပိတ်လိုက်ပြီး ဆီစိမ်စက္ကူကို သူ့ထံသို့ ကမ်းပေးလိုက်၏။

“ကြည့်လိုက်ပါဦး အစ်ကိုမင်ကျီ... ဒီမြေပုံပေါ်ကအရာက တကယ့်ကို အံ့ဩစရာ ကောင်းတယ်...”

ချန်မင်ကျီ၏ ပျင်းရိငြီးငွေ့နေသော အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားတော့သည်။

သူက တစ်ခဏမျှ သေသေချာချာ စစ်ဆေးပြီးနောက် ပြောလိုက်၏။

“အမှန်ပဲ... ဒီမြေမျက်နှာသွင်ပြင်က တောဝက်ဘုရင်တောင်ကြောပဲ... ဒါပေမဲ့...”

လဲ့ချန်က အနားသို့ တိုးကပ်၍ အသံကို နှိမ့်လိုက်သည်။

“ဒီနေရာမှာ ရွှေကြောရှိနေနိုင်တဲ့ အလားအလာ ရှိတယ်လို့ ထင်လား...”

ချန်မင်ကျီက မျက်မှောင်ကုတ်လျက် စဉ်းစားပြီးမှ ဆို၏။

“ဖြစ်နိုင်ခြေ အများကြီးရှိတယ်... ဘူမိဗေဒ တည်ဆောက်ပုံအရ ရွှေတွင်းတစ်ခုရဲ့ တည်ဆောက်ပုံနဲ့ တိုက်ဆိုင်နေတာပဲ... ဒါပေမဲ့ ပြဿနာက...”

“ဘာပြဿနာလဲ...”

ချန်မင်ကျီက တစ်ခဏမျှ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင်တော့ ခေါင်းကို ပြတ်ပြတ်သားသား ညိတ်လိုက်သည်။

“အဲဒီဒေသက ကျားတွေ ကျက်စားတဲ့နေရာဖြစ်ပြီး မြေမျက်နှာသွင်ပြင်ကလည်း ရှုပ်ထွေးလွန်းတယ်... ပြီးခဲ့တဲ့နှစ်က တိုင်းတပါးသားနှစ်ယောက် အဲဒီမှာ ပျောက်ဆုံးသွားခဲ့ဖူးတယ်... ဒါပေမဲ့ တကယ်လို့ ရွှေတွင်းသာ ရှိနေရင်တော့ ဒါက ရွာအတွက်... စိတ်ကူးလို့မရနိုင်တဲ့ သတင်းကောင်း ဖြစ်လာလိမ့်မယ်...”

သူတို့နှစ်ဦးစလုံး ရှေ့ဆက်၍ စကားမဆိုကြတော့ချေ။

လဲ့ချန်၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ရှိနှင့်ပြီးသားဖြစ်သဖြင့် သူ အယုံကြည်ရဆုံးဖြစ်သော သူငယ်ချင်း လဲ့အားကော်ကိုသာ ခေါ်ဆောင်၍ အခြေအနေကို သွားရောက် စုံစမ်းရန် ပြင်ဆင်လိုက်တော့သည်။

အိမ်သို့ ပြန်ရောက်သောအခါ လဲ့ချန်က ပစ္စည်းများကို စတင် ထုပ်ပိုးလေတော့သည်။

သူသည် ဗီရိုထဲမှ ဂုံနီအိတ်တစ်ခုကို ထုတ်ယူပြီး ဝက်သားခြောက်၊ ငါးခြောက်များနှင့် ရိက္ခာခြောက်များကို ထည့်သွင်းလိုက်၏။

ထို့နောက် ခိုင်ခံ့သော လျှော်ကြိုးအချို့နှင့် မီးတုတ်များကို ရှာဖွေကာ အရာအားလုံး အဆင်ပြေချောမွေ့မှု ရှိမရှိကို သေသေချာချာ စစ်ဆေးပြီးမှသာ အထုပ်ကို စနစ်တကျ ချည်နှောင်လိုက်သည်။

ခေတ္တမျှ စဉ်းစားပြီးနောက် သူသည် သေတ္တာအောက်ခြေတွင်ရှိသော ငွေအချို့နှင့် ချီလန်၏ ရွှေလက်ကောက်ကို ဂရုတစိုက် ထုပ်ပိုး၍ အိမ်ခေါင်မိုးရက်မရှိ လျှို့ဝှက်အကန့်ထဲ၌ ဝှက်ထားလိုက်၏။

ချီလန်ကတော့ ခြံဝင်းထဲရှိ ခုံတန်းလျားလေးပေါ်တွင် ထိုင်၍ ရှောင်ရှောင်၏ ဆံပင်များကို ဖြီးပေးနေခဲ့သည်။

သူမသည် လဲ့ချန်၏ ဂရုတစိုက် ပစ္စည်းထုပ်ပိုးနေမှုကို မြင်သောအခါ ဆံပင်ဖြီးနေခြင်းကို ရပ်တန့်၍ မေးလိုက်၏။

“ရှင် ဘယ်သွားမလို့လဲ...”

လဲ့ချန်က ဇနီးနှင့် သမီးဖြစ်သူ၏ အနားသို့ လျှောက်လာပြီး ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်သည်။

“လန်အာ... ငါ ကျားဖမ်းအဖွဲ့နဲ့အတူ တောနက်ထဲကို သွားရမယ်... ပြန်လာဖို့ ဆယ်ရက်ကနေ လဝက်လောက် ကြာချင်ကြာလိမ့်မယ်...”

“ဟင်... ဒါက တောနက်ကြီးထဲ သွားမှာလေဥစ္စာ... လွန်ခဲ့တဲ့ ရက်ပိုင်းတင် တောဝက်ဘုရင်တောင်ကြောမှာ လူပျောက်သွားတယ်လို့ ကြားထားတယ် မဟုတ်ဘူးလား... ရှင် ဘာလို့ အခုမှ တောထဲသွားဖို့ ဇွတ်လုပ်နေရတာလဲ...”

(အဆင်မပြေတဲ့စာအုပ်ကို ရွေးချယ်မိလို့ အထူးပဲအားနာမိပါတယ်။ ၇လပိုင်းကျ Lucky Star channel မှာ အခြားစာအုပ်တစ်ခုကို free ရေးပေးမှာမို့ linkလာယူပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်)

All Chapters