အခန်း ၃၆၁
Vol. 37 Ch. 361
အခန်း။ ၃၆၁
"သေကုန်ပြီ"
"အရှင်ထျန်းလော့ ဦးဆောင်တဲ့ စီကုံးမိသားစုက နိဗ္ဗာနအဆင့် ထိပ်သီးပုဂ္ဂိုလ် ငါးဦးလုံး... အကုန်သေကုန်ပြီ"
လူအုပ်ကြီးသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။
ဓားကိုကိုင်စွဲကာ အေးဆေးစွာ ရပ်နေသည့် ထိုလူငယ်၏ ပုံရိပ်က သူတို့၏ မျက်ဝန်းထဲတွင် မှင်သက်ဖွယ်ကောင်းလွန်းနေသည်။
"ဟူး... လူတစ်ယောက်တည်းက အကြီးအကဲငါးယောက်ကို တစ်ပြိုင်နက်တည်း အပြတ်ရှင်းလိုက်တာလား။ တစ်ရက်အတွင်းမှာပဲ နိဗ္ဗာနအဆင့် ထိပ်တန်းအာဏာရှင် ငါးဦးလုံး ချန်ကျီရှင်းရဲ့ လက်ချက်နဲ့ ပြုတ်ကျသွားခဲ့ပြီ"
"မယုံနိုင်စရာပဲ။ တစ်နေ့တည်းနဲ့ နိဗ္ဗာနအဆင့် ထိပ်သီးငါးဦး ပျောက်ကွယ်သွားတယ်ဆိုတာ ကြားတောင်မကြားဖူးဘူး။ ကောင်းကင်နဲ့ မြေကြီးတောင် တုန်လှုပ်သွားလောက်တဲ့ ဒီလိုမြင်ကွင်းမျိုးကို တွေ့ရတာ ဘယ်လောက်တောင် ကြာပြီလဲ"
"ကြောက်ဖို့ကောင်းလိုက်တာ ချန်ကျီရှင်းက အသက် ၁၆ နှစ်ပဲ ရှိသေးတယ်မဟုတ်လား။ ဘယ်လိုစွမ်းအားမျိုးကိုများ သူပိုင်ဆိုင်ထားတာလဲ"
ထိုသို့သော ရေရွတ်သံများဖြင့် ဆူညံနေစဉ် အသက် ၁၆ နှစ်အရွယ် ချန်ကျီရှင်းသည် နိဗ္ဗာနအဆင့် ၃ လွှာမျှဖြင့် နိဗ္ဗာနအဆင့် အထွတ်အထိပ်ရောက် ပုဂ္ဂိုလ်ကြီးများကို အပိုင်းပိုင်း ခုတ်ပိုင်းနိုင်ခဲ့သည်။
ဤစွမ်းဆောင်ချက်မှာ ကိုယ်တိုင်မျက်ဝါးထင်ထင် မမြင်တွေ့ရပါက မည်သူမျှ ယုံကြည်မည်မဟုတ်ပေ။
လူအုပ်ထဲမှ အကြီးအကဲတစ်ဦးဆိုလျှင်လည်း မုတ်ဆိတ်မွေးကို ဆွဲကိုင်ထားသည့် အမူအရာပင် မေ့လျော့ကာ မုတ်ဆိတ်မွေးများ ပြုတ်ထွက်သွားသည်ကိုပင် သတိမပြုမိတော့ချေ။
"ဒါ... ဒါက တကယ့်အသက်ရှင်နေတဲ့ ဒဏ္ဍာရီပဲ ဟိုးရှေးရှေးကနေ ဒီနေ့အထိ ဒုတိယမြောက်လူဆိုတာ မရှိခဲ့ဘူး"
အကြီးအကဲမှာ တုန်ရီနေသောအသံဖြင့် ရေရွတ်ရင်း သူ၏အံ့အားသင့်မှုကို ဖော်ပြလိုက်သည်။
တစ်ဖက်တွင်လည်း ဇီဝေနှင့် စီကုံးတို့၏ တိုက်ပွဲမှာ ရပ်တန့်သွားသည်။
ဇီဝေဘက်မှလူတို့၏ မျက်နှာများမှာ ဝမ်းမြောက်ခြင်းကြောင့် နီမြန်းနေပြီး စီကုံးဘက်မှလူတို့၏ မျက်နှာမှာမူ ဝိညာဉ်လွင့်စင်သွားသကဲ့သို့ ဖြူဖျော့သွားကြသည်။
"ဟားဟားဟား အောင်ပွဲခံလို့ရပြီ ဂိုဏ်းချုပ်ကြီး အနိုင်ရသွားပြီ"
"ရန်သူမှန်သမျှကို အမြစ်ပြတ်ချေမှုန်းပစ်လိုက်ပြီ"
"စီကုံးမိသားစု ပျက်စီးသွားပြီ။ ဇီဝေတို့ မားမားမတ်မတ် ရပ်တည်နိုင်ခဲ့ပြီ"
"ဘယ်သူကျန်သေးသလဲ။ ငါတို့ဂိုဏ်းချုပ်ကို ယှဉ်နိုင်မည့်သူ ဘယ်သူကျန်သေးသလဲ"
"နိဗ္ဗာနအဆင့် ပထမအဆင့်မှာတင် ငါတို့ဂိုဏ်းချုပ်က မကြုံစဖူး ဒဏ္ဍာရီကို ဖန်တီးတော့မှာ"
ဇီဝေဂိုဏ်းသားများ၏ အော်ဟစ်သံများမှာ ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်နေသည်။
စီကုံးမိသားစုဆိုသည်မှာ ဟွိုင်ပြည်နယ်တွင်သာမက အရှေ့နက်နဲသောနယ်မြေ၏ ပြည်နယ် ၁၃ ခုလုံးတွင် အလေးထားရသည့် ဧရာမအင်အားစုကြီးဖြစ်သည်။
ရှေးယခင်ကတည်းက သမိုင်းကြောင်းနက်ရှိုင်းသည့် ထိုမိသားစုကြီးရှေ့တွင် ဇီဝေချန်မိသားစုမှာ အတွေ့အကြုံနုနယ်သည့် လူသစ်များသာ ဖြစ်ခဲ့ကြသည်။
ယခုအချိန်အထိပင် စီကုံးမိသားစုကို ဖြိုချနိုင်လိမ့်မည်ဟု အိပ်မက်ပင် မမက်ရဲခဲ့ကြပေ။
"ပြိုလဲလုဆဲ အဆောက်အအုံကို ပြန်ဆယ်တင်ပြီး လွှမ်းမိုးနေတဲ့ ရေစီးကြောင်းကို ပြန်လှည့်
လိုက်တာပဲ... ဂိုဏ်းချုပ်ချန်ကျီရှင်းရဲ့ ဒီတိုက်ပွဲက သမိုင်းမှတ်တမ်းတွင် ကျန်ရစ်နေမှာ အသေအချာပဲ"
အကြီးအကဲမင်သည် သက်ပြင်းရှည်ကြီး ချလိုက်ကာ သူကောင်းစွာသိသည်။
ယနေ့တိုက်ပွဲသည် အောင်ပွဲဟု ထင်ရသော်လည်း တကယ်တမ်းတွင် အန္တရာယ်တို့နှင့် ပြည့်နှက်နေခဲ့သည်။
ချန်ကျီရှင်းသာ အရေးနိမ့်ခဲ့ပါက ဇီဝေချန်မိသားစုမှာ တစ်ညချင်းအတွင်း ပျက်သုဉ်းသွားနိုင်သည်မှာ အသေအချာပင်။
ဇီဝေချန်မိသားစု၏ အောင်ပွဲခံသံများနှင့် ဆန့်ကျင်ဘက်အနေဖြင့် စီကုံးမိသားစုမှ လူတိုင်းမှာမူ မြေကြီးကဲ့သို့ ဖြူဖျော့သွားကြပြီး မျက်လုံးတို့၌ အရောင်အဝါတို့ ကင်းမဲ့လျက်ရှိသည်။
"ရှုံးနိမ့်သွားပြီ... ငါတို့ စီကုံးမိသားစုက ရှုံးနိမ့်သွားရပြီ..."
သူတို့၏နှုတ်ခမ်းတို့မှာ တုန်ရီနေပြီး လက်တွေ့မဖြစ်နိုင်သော အဖြစ်အပျက်ကို မယုံကြည်နိုင်စွာဖြင့် ကောင်းကင်ကိုသာ ငေးကြည့်နေမိကြသည်။ သူတို့တွင် ဆက်လက်ခုခံရန် စွမ်းအားမရှိတော့ပေ။
ချန်ကျီရှင်း၏ ဤတိုက်ပွဲက သူတို့၏ ယုံကြည်ချက်အားလုံးကို အပြီးအပိုင် ခြေမှုန်းပစ်လိုက်သည်။
"တစ်ချိန်တည်းမှာပင်"
ဟွိုင်ပြည်နယ်၏ အခြားတစ်နေရာ၌။
ဘုန်း ဘုန်း ဘုန်း….
ဘုန်း ဘုန်း ဘုန်း….
ကောင်းကင်ဘုံ ကိုးထပ်အထက်တွင် အလင်းတန်းအချို့သည် အရှိန်အဟုန်ဖြင့် တိုက်ခိုက်မိကြပြီးနောက် လျင်မြန်စွာပင် ဟိုတစ်စ သည်တစ်စ လွင့်စင်သွားကြသည်။
မကြာမီမှာပင် သူတို့အားလုံး တစ်စုံတစ်ခုကို ခံစားမိလိုက်ဟန်ဖြင့် စီကုံးမိသားစု တည်ရှိရာ ဝေးကွာသောအရပ်ဆီသို့ တစ်ပြိုင်နက်တည်း ခေါင်းမော့ကြည့်လိုက်ကြသည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း……
ထိုနေရာတွင် နေလုံးကြီးများ မိုးရွာသကဲ့သို့ ပြိုကျနေပြီး ကောင်းကင်နှင့်မြေပြင်ပါ ပူဆွေးဝမ်းနည်းနေရသည့် အံ့မခန်းမြင်ကွင်းကို ဖန်တီးလျက်ရှိသည်။
"ဟားဟားဟား စီကုံးမိသားစု ရှုံးသွားပြီ"
ချင်းထျန်ကျုံးသည် သူ၏ နဂါးနီချပ်ဝတ်တန်ဆာ ပျက်စီးသွားသည်ကိုပင် ဂရုမစိုက်ဘဲ မျက်နှာပေါ်မှ သွေးစများကို သုတ်လိုက်သည်။
ထို့နောက် သူ့ရှေ့တွင် ရပ်နေသည့် နိဗ္ဗာနအဆင့် ခုနစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
နိဗ္ဗာနအဆင့် ပုဂ္ဂိုလ်ခုနစ်ယောက်မှာမူ စကားမပြောဘဲ ရှုပ်ထွေးလှသော မျက်နှာအမူအရာများဖြင့် တိတ်ဆိတ်နေကြသည်။
"ဘာလို့လဲ။ အဓိကတရားခံတွေ ပြစ်ဒဏ်ခံလိုက်ရပြီပဲ။ ခင်ဗျားတို့က စီကုံးမိသားစုအတွက် ဆက်ပြီး တိုက်ခိုက်ချင်နေသေးတာလား"
ချင်းထျန်ကျုံးသည် သူ၏ လှံကို ဝေ့ယမ်းလိုက်ပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
"ဆက်တိုက်ချင်သေးတယ်ဆိုရင်လည်း ကျုပ် အဖော်ပြုပေးမယ်။ ဒါပေမဲ့ နောက်ကျမှ ဇီဝေချန်မိသားစုရဲ့ ရှင်းလင်းမှုကို ခံရလို့တော့ အပြစ်မတင်နဲ့"
သူ့စကားအဆုံးတွင် နိဗ္ဗာနအဆင့် ပုဂ္ဂိုလ်ခုနစ်ယောက်မှာ အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားကြပြီး ချင်းထျန်ကျုံးကို ကြည့်လိုက်ကြသည်။
"ဒီနေ့တိုက်ပွဲက... ချန်ကျီရှင်းမှာ ကောင်းကင်ဘုံရဲ့ အမိန့်ပါလာတာပဲ။ ဒါက စီကုံးမိသားစုရဲ့ အမှားပဲ။ သူတို့ ပျက်စီးဖို့ ကံကြမ္မာပါလာတာပဲ"
လေးဖက်တောင်ပံပါသည့် ကျားရုပ်စီးထားသော ခေါင်းဆောင်ဖြစ်သူက သက်ပြင်းရှည်ကြီး ချလိုက်သည်။ ထို့နောက် ချင်းထျန်ကျုံးကို ငေးကြည့်ရင်း ပြောလိုက်သည်။
"သူတော်စင်ဆရာချင်း အရှေ့နက်နဲသောနယ်မြေရဲ့ ပြည်နယ် ၁၃ ခုက အမှန်တကယ်ပဲ လက်ပြောင်းလက်လွှဲ ဖြစ်တော့မှာပဲ။ ချန်ကျီရှင်းက အာဏာရှင်တစ်ယောက် ဖြစ်မလာဖို့နဲ့ ကမ္ဘာကြီးကို မငြိမ်မသက်ဖြစ်အောင် မလုပ်ဖို့ပဲ မျှော်လင့်ပါတယ်"
ပြောပြီးသည်နှင့် ခေါင်းဆောင်ဖြစ်သူသည် ကျား၏ နောက်ကျောကို ခြေထောက်ဖြင့် အသာညှပ်လိုက်ရာ လေးဖက်တောင်ပံပါသော ကျားမှာ ကျယ်လောင်စွာ ဟိန်းဟောက်ပြီး အလင်းတန်းတစ်ခုအသွင်ဖြင့် လျင်မြန်စွာ ထွက်ခွာသွားသည်။
"သူတော်စင်ဆရာချင်း ဂရုစိုက်ပါ"
"သူတော်စင်ဆရာချင်း ဒီနေ့ လုပ်ရပ်အတွက် နောက်မှ နောင်တမရပါစေနဲ့ အာဏာရှင်ကို ကူညီသူအဖြစ်နဲ့ လူထောင်သောင်းရဲ့ တံတွေးထွေးခြင်းကို မခံရပါစေနဲ့"
"သွားတော့မယ်"
အင်အားစုခေါင်းဆောင်များ အားလုံး အလျှင်အမြန်ပင် ထွက်ခွာသွားကြသည်။
ချင်းထျန်ကျုံးမှာမူ တည်ငြိမ်နေပြီး နှာခေါင်းမှတစ်ဆင့် အထင်သေးစွာ ခပ်အုပ်အုပ် ဟိန်းဟောက်လိုက်သည်။
"ငါ့ရဲ့ နတ်ဘုရားသားတော်ရဲ့ စိတ်သဘောထားကို ငါမသိဘဲ နေမလား။ ကျီရှင်းဆိုတဲ့ ကလေးက အားအင်ချင်း ယှဉ်ရင် အားအင်နဲ့ပဲ ပြန်တုံ့ပြန်တယ်။ ဘယ်တော့မှ အားနည်းသူကို မဖိနှိပ်ဘူး ဒီလူမိုက်တွေက သူ့ကို ကြောက်ပြီး စိုးရိမ်နေကြတာပဲ"
ခေါင်းခါရင်း ချင်းထျန်ကျုံးသည် သူ့နောက်ကွယ်ရှိ ကောင်းကင်ဘုံနတ်ဘုရားလှိုင်း သူတော်စင်နယ်မြေမှ လူများကို လှည့်ကြည့်ကာ ပြုံးလိုက်သည်။
"သွားကြစို့ ငါတို့ ကောင်းကင်ဘုံနတ်ဘုရားလှိုင်းနယ်မြေရဲ့ ကံကြမ္မာတရားက ရောက်လာပြီ"
...
...
တစ်ချိန်တည်းမှာပင် အရှေ့နက်နဲသောနယ်မြေမှ လုံးဝကင်းကွာနေသော ဗလာနယ်မြေတစ်ခု၌။
ဤနေရာသည် ဗလာနယ်မြေဖြစ်ပြီး အချိန်၏ အနှစ်သာရကို ထုတ်လွှတ်နေသော မြစ်တစ်ခု၏ အထက်တွင် ရှေးဟောင်းပုံရိပ်နှစ်ခုသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
တစ်ဦးမှာ မည်းနက်သောသွေးစွန်းနေသည့် ရှေးဟောင်းကြေးဝါမှန်တစ်ခုကို ကိုင်ထားသည်။ နောက်တစ်ဦးမှာ ဇီဝေပန်းပွင့် ၁၂ ပွင့် ဖူးပွင့်နေသည့် ရှေးဟောင်းဇီဝေမီးအိမ်တစ်ခုကို ကိုင်ထားသည်။
သူတို့မှာ တည်ငြိမ်နေဟန်ရှိသော်လည်း တကယ်တမ်းတွင် သူတို့၏ နတ်ဘုရားစိတ်အာရုံများမှာ အောက်ရှိ အချိန်မြစ်ထဲသို့ ဝင်ရောက်ကာ အပြင်းထန်ဆုံး တိုက်ပွဲကို ဆင်နွှဲနေကြသည်။
မည်မျှကြာမြင့်ခဲ့သည်ကို မသိနိုင်ပေ။
ဖူး…..
ကြေးဝါမှန်ကို ကိုင်ထားသည့် ရှေးဟောင်းပုံရိပ်၏ ပါးစပ်ထောင့်မှ ရွှေရောင်သွေးများ စီးကျလာသည်။