အခန်း ၃၆၂
Vol. 37 Ch. 362
အခန်း။ ၃၆၂
"ထာဝရအသက်ရှည်ခြင်းနယ်ပယ်ရဲ့ အမွေခံဖြစ်ထိုက်ပါပေတယ်။ တကယ့်ကို ကြောက်စရာကောင်းတဲ့ နည်းလမ်းတွေပဲ"
စီကုံးချိုက်ချောင်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး သူ့ရှေ့တည့်တည့်တွင် တင်ပျဉ်ခွေထိုင်နေသော ချန်ထျန်ယွမ်ကို ကြည့်လိုက်သည်။
သူ၏ မျက်ဝန်းတို့၌ အနည်းငယ် လှုပ်ခတ်သွားဟန်ရှိသည်။
ထိုခေတ်ကာလတွင် ထာဝရအသက်ရှည်ခြင်းကို ရရှိရန်မှာ အလွန်ခက်ခဲသည်။
ချန်ထျန်ယွမ်သည် ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံး ထာဝရအသက်ရှည်သူ ချန်ရွှမ်ဖုန်း၏ သားဖြစ်သော်လည်း ဖခင်၏ အရိပ်အောက်တွင်သာ ရှိနေခဲ့ရသဖြင့် အထူးတလည် ထင်ရှားခဲ့သူမဟုတ်ပေ။
ယခုအခါ ထာဝရအသက်ရှည်ခြင်းဆိုသည်မှာ မရှိတော့ပြီဖြစ်၍ အထွတ်အထိပ်အဆင့်
ပုဂ္ဂိုလ်များမှာ ကမ္ဘာပေါ်တွင်ကြောက်စရာအကောင်းဆုံး စွမ်းအားရှင်များ ဖြစ်လာကြသည်။ အထွတ်အထိပ်အဆင့်တွင် ချန်ထျန်ယွမ်သည် ကျော်ကြားမှု နည်းပါးပြီး အထင်အမြင်သေးခံခဲ့ရသူ ဖြစ်သည်။
သို့သော်လည်း ယနေ့တိုက်ပွဲသည် သူ၏ မျှော်လင့်ချက်များကို အဆပေါင်းများစွာ ကျော်လွန်သွားခဲ့သည်။
"မင်းသာ မှားယွင်းတဲ့ခေတ်မှာ မမွေးဖွားခဲ့ရင် ထာဝရအသက်ရှည်ခြင်းနယ်ပယ်ကို ရောက်ရှိနေခဲ့မှာ အသေအချာပါပဲ"
စီကုံးချိုက်ချောင်က ခပ်အုပ်အုပ် သက်ပြင်းချလိုက်သည်။
ချန်ထျန်ယွမ်က တည်ငြိမ်စွာပင် ခေါင်းခါရင်း ပြန်ပြောလိုက်သည်။
"ထာဝရအသက်ရှည်ခြင်းနယ်ပယ်ဆိုတာ လူ့လက်ထဲမှာ ရှိတာမဟုတ်ဘဲ ကောင်းကင်ရဲ့ အမိန့်အပေါ်မှာပဲ မူတည်နေတာပါ။ တစ်လက်မအကွာမှာ ရှိသလိုလိုနဲ့ တကယ်တမ်းကျတော့ ကောင်းကင်နဲ့မြေကြီးလို ဝေးကွာနေတာပါ"
"ဟုတ်တယ်"
စီကုံးချိုက်ချောင်က ခပ်ပါးပါး ပြုံးလိုက်ပြီး "ငါတို့အကြောင်း ပြောရရင်တော့ ထာဝရအသက်
ရှည်ခွင့် ပြန်ပွင့်မယ့် အခွင့်အရေးကိုပဲ စောင့်နေကြတာပေါ့။ လောကီအာရုံတွေကတော့ ကြာမြင့်စွာကတည်းက စိတ်ကုန်နေခဲ့တာကြာပြီ။ အခုလိုမျိုး နောင်လာမယ့်မျိုးဆက်တွေအတွက် တိုက်ခိုက်နေရလိမ့်မယ်လို့ ဘယ်သူထင်ထားမိပါ့မလဲ။ ရယ်စရာလည်းကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းတယ်"
ချန်ထျန်ယွမ်က ပြန်မဖြေပေ။
ရုတ်တရက် တစ်စုံတစ်ခုကို ရိပ်မိလိုက်ဟန်ဖြင့် မျက်လုံးများကိုမှေးကာ ဗလာနယ်မြေ၏ အပြင်ဘက်ဆီသို့ အကြည့်ရောက်သွားသည်။
"မင်း ရှုံးသွားပြီ"
မူလက တည်ငြိမ်နေသော စီကုံးချိုက်ချောင်သည် ချန်ထျန်ယွမ်နှင့် တစ်ပြိုင်နက်တည်း အပြင်ဘက်ကို ကြည့်လိုက်မိပြီး တစ်စုံတစ်ခုကို ခံစားမိသွားသည်။ သူ၏ မျက်နှာမှာ တစ်စက္ကန့်အတွင်း ပြောင်းလဲသွားသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ"
သူသည် တုန်လှုပ်စွာဖြင့် ထရပ်လိုက်ပြီး ဗလာနယ်မြေ၏ အပြင်ဘက်ကို စူးစိုက်ကြည့်သည်။ တည်ငြိမ်နေသော သူ၏မျက်နှာမှာ အလွန်ရုပ်ဆိုးသွားတော့သည်။
"ငါတို့ ဘယ်လိုလုပ်ပြီး ရှုံးနိမ့်နိုင်မှာလဲ ငါ့ရဲ့ စီကုံးမိသားစုမှာ နိဗ္ဗာနအဆင့် ပုဂ္ဂိုလ် ၁၀ ယောက်ရှိတယ်။ တခြားအင်အားစုတွေလည်း ကူညီဖို့လာနေကြပြီး အရေးကြီးတဲ့အချိန်ကျရင် မဟာတာအိုမျိုးဆက်တွေလည်း ပေါ်လာပြီး ကယ်တင်ကြမှာ ဒါမျိုး ဘယ်လိုလုပ်ရှုံးမှာလဲ မဖြစ်နိုင်ဘူး"
စီကုံးချိုက်ချောင်သည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် စွမ်းအားများကြောင့် သူ၏ ကိုယ်ပိုင်ကမ္ဘာငယ်လေးမှာ အစအနမကျန်အောင် ပျက်စီးသွားသည်။
"ချန်မိသားစုရဲ့ ကောင်းကင်အမိန့်ကို ဘယ်သူမှ မလွန်ဆန်နိုင်ဘူး"
ချန်ထျန်ယွမ်က ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ကောင်းကင်အမိန့်တဲ့လား"
စီကုံးချိုက်ချောင်မှာ ရယ်စရာဟာသတစ်ခုကို ကြားလိုက်ရသလို ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ငါ့စီကုံးမိသားစုက နှစ်ထောင်ပေါင်းများစွာ တည်တံ့လာတာ။ အထွတ်အထိပ်ရောက်တဲ့အချိန်တုန်းက မျိုးဆက်လေးဆက်မှာ ထာဝရအသက်ရှည်သူသုံးယောက်တောင် ပေါ်ထွက်ခဲ့တာ ကောင်းကင်ဘုံနဲ့ နယ်ပယ်ပေါင်းစုံမှာ ငါတို့ရဲ့ အရောင်အဝါက ထွန်းလင်းတောက်ပနေခဲ့တာလေ"
"ပြီးတော့ ငါတို့မှာ အထွတ်အထိပ်ပုဂ္ဂိုလ် ၁၀ ပါးတောင် ရှိနေတာ။ နေမင်းကြီးလိုပဲ အရှေ့နက်နဲသောနယ်မြေတစ်ခုလုံးကို ဖိအားပေးထားနိုင်တာပဲ။ အခု ငါ့ကို ကောင်းကင်အမိန့်အကြောင်း လာပြောနေတာလား"
"စီကုံးမိသားစု ရှိတဲ့နေရာမှာ ကောင်းကင်အမိန့် ရှိတာပဲ"
စီကုံးချိုက်ချောင်က အော်ရယ်သည်။
"အခုကော"
ချန်ထျန်ယွမ်က စကားတစ်ခွန်းသာ ပြောလိုက်ရာ စီကုံးချိုက်ချောင်၏ ရယ်သံမှာ ရုတ်တရက် ရပ်တန့်သွားသည်။
သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ရက်စက်ကြမ်းတမ်းသော အရိပ်အယောင်များဖြင့် ဖုံးလွှမ်းသွားသည်။
"ကောင်းကင်နဲ့မြေကြီးမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ မဖြစ်ခဲ့ရင် ထာဝရအသက်ရှည်ခြင်းဆိုတာ ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ စီကုံးမိသားစုက ဒီလိုအခြေအနေမျိုးကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ"
"မဟာတာအိုမျိုးဆက် သုံးခုကသာ နှစ်ထောင်ပေါင်းများစွာ ဖိနှိပ်မထားခဲ့ရင် ငါတို့ရဲ့ အထွတ်အထိပ်ပုဂ္ဂိုလ်တွေကို ဆက်တိုက်မသတ်ဖြတ်ခဲ့ရင် ဒီနေ့အချိန်မှာ ငါတစ်ယောက်တည်းပဲ ကျန်ရစ်နေပါ့မလား"
ထိုအချိန်တွင် စီကုံးချိုက်ချောင်၏ မျက်လုံးများထဲမှ အကန့်အသတ်မရှိသော အမုန်းတရားများ ပေါက်ကွဲ၍ ထွက်လာသည်။
"အဲဒီ တာအိုမျိုးဆက်သုံးခုက ဟန်ချက်ညီမှုဆိုတဲ့ ခေါင်းစဉ်နဲ့ ငါ့မိသားစုရဲ့ ထိပ်သီး ၁၀ ယောက်ကို တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ခဲ့တာ။ အခုကျတော့ မင်းတို့ ဇီဝေချန်မိသားစုက ဘာမှမလုပ်ဘဲနဲ့ အောင်မြင်သွားရတာလား"
"ငါ မုန်းတယ်"
ချန်ထျန်ယွမ်သည် စကားမပြောဘဲ သက်ပြင်းသာ ချလိုက်သည်။
တာအိုမျိုးဆက်သုံးခု... တကယ်ကို အသုံးမကျတဲ့ကောင်တွေပဲ။
ဘုန်း….
တစ်စက္ကန့်အတွင်းမှာပင် စီကုံးချိုက်ချောင်သည် အနေအထားကို ပြောင်းလဲလိုက်ပြီး ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
စီကုံးမိသားစု ပျက်စီးတော့မည်ကို သိလိုက်ရသဖြင့် ချန်ထျန်ယွမ်ကို ဆက်တိုက်ခိုက်နေခြင်းမှာ အဓိပ္ပာယ်မရှိတော့ပေ။
သူသာ ဒီနေ့ အသက်ရှင်ကျန်ခဲ့မည်ဆိုပါက နောက်တစ်ချိန်မှာ ပြန်လည်အစွမ်းပြနိုင်ဦးမည်ပင်။
"မင်း ဒီနေ့ ထွက်သွားလို့မရဘူး"
စီကုံးချိုက်ချောင် ထွက်ပြေးသည်ကို ကြည့်ရင်း ချန်ထျန်ယွမ်သည် ဘာမှမလုပ်ဘဲ ခေါင်းကိုသာ အသာခါလိုက်သည်။
ဘန်း….
ချက်ချင်းပင် စီကုံးချိုက်ချောင်သည် မမြင်နိုင်သော အတားအဆီးတစ်ခုကို တိုက်မိသွားပြီး သူ၏ ခန္ဓာကိုယ်မှာ အချိန်မြစ်ထဲသို့ ပြင်းထန်စွာ ပြန်လည်ကျရောက်သွားတော့သည်။
ဗလာနယ်မြေပင် လိမ်ဖယ်၍ တွန့်လိမ်သွားရသည်။
ခါးအထိရှည်လျားသော မုတ်ဆိတ်နှင့် ဆံကေသာကို ပိုင်ဆိုင်ထားပြီး ရှေးဟောင်းတာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ဦးသည် အနက်ရောင်အုပ်ချုပ်သူပေတံကို ကိုင်စွဲကာ ဗလာနယ်မြေထဲမှ ခြေလှမ်းတစ်လှမ်းချင်းစီဖြင့် ထွက်ပေါ်လာသည်။
"မိတ်ဆွေ ခဏလေး ရပ်ပေးပါ"
ထိုအကြီးအကဲသည် ရှေးဟောင်းအုပ်ချုပ်သူပေတံကို ကိုင်စွဲရင်း အေးဆေးစွာ ပြုံး၍ ပြောလိုက်သည်။
"ကောင်းကင်ဘုံနတ်ဘုရားလှိုင်းဘိုးဘေး"
စီကုံးချိုက်ချောင်သည် ထိုအကြီးအကဲကို စိုက်ကြည့်လိုက်သည်။
အထူးသဖြင့် ထိုအကြီးအကဲ၏ လက်ထဲတွင်ရှိသော အရာကို မြင်လိုက်ရသည့်အခါ သူ၏ မျက်ဝန်းတို့တွင် မကြုံစဖူး ကြောက်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာသည်။
"မင်းလို လူမျိုးက ဒီလောကကြီးအတွက် ဘာမှအကျိုးမပြုဘူး"
သူ၏နောက်ကွယ်တွင် ချန်ထျန်ယွမ်သည် ထာဝရအသက်ရှည်ခြင်းနယ်ပယ်လက်နက်ကို ဝေ့ယမ်းလိုက်သည်။
ဘုန်း
တစ်ခဏချင်းမှာပင် စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ကောင်းချီးမင်္ဂလာများ ပြည့်နှက်သွားသည်။
နတ်ဘုရားများ၊ နတ်ဆိုးများ၏ တီးတိုးစကားသံများ၊ ဗုဒ္ဓ၏ တရားဓမ္မရွတ်ဆိုသံများ၊ တာအိုကြီး၏ အသံများမှာ ကမ္ဘာတစ်ခွင် ပဲ့တင်ထပ်သွားသည်။
တာအို၏ ကံကြမ္မာကြိုးများက လေထဲတွင် ယှက်နွယ်နေသည်။
နောက်ဆုံးတွင် ကောင်းကင်ယံ၌ ခရမ်းရောင်အလင်းတန်းများ ထူထပ်စွာ ယှက်နွယ်လာပြီး ကိုးထပ်ကောင်းကင် ဂလက်ဆီမှ တိုက်ရိုက်ကျလာသည့် ရေတံခွန်ကဲ့သို့ စီကုံးချိုက်ချောင်ထံသို့ ပြင်းထန်စွာ ပစ်ပေါက်လိုက်သည်။
"မိတ်ဆွေ မင်းရဲ့ အဆုံးသတ်ကို လက်ခံလိုက်ပါတော့"
ကောင်းကင်ဘုံနတ်ဘုရားလှိုင်းဘိုးဘေး၏ မျက်နှာပေါ်ရှိ အပြုံးပင် မပျက်ပေ။
သူ၏လက်ထဲမှ ရှေးဟောင်းအုပ်ချုပ်သူပေတံသည် အဆုံးအစမဲ့ နတ်ဘုရားအလင်းတန်းကို ထုတ်လွှတ်ပြီး စီကုံးချိုက်ချောင်ကို အပေါ်စီးမှ ပြင်းထန်စွာ ရိုက်ချလိုက်သည်။
ထိုအချိန်တွင် ထိုခေတ်ကာလ၏ အကြောက်ရွံ့ဆုံးသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်
"အို... ကျယ်ပြောလှတဲ့ ကောင်းကင်ဘုံကြီးက ဘာလို့များ ငါ့ကို ဒီလောက်တောင် ရက်စက်ရတာလဲ"
အလွန်အမင်း မကျေနပ်သည့် ဟိန်းဟောက်သံကြီးမှာ ဗလာနယ်မြေတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။
အကြီးအကဲနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ပြုံးကြည့်လိုက်ပြီး ထိုဗလာနယ်မြေမှ ဖြည်းညှင်းစွာ ထွက်လာကြသည်။
....
....
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ၏ အပြင်ဘက်၌။
"ဂျူနီယာ ချန်ကျီရှင်းက အကြီးအကဲ စူရှင်းရဲ့ ကယ်တင်မှုကို အထူးကျေးဇူးတင်ရှိပါတယ်။ ဒါပေမဲ့ ဒါက ကျေးဇူးတင်စကားနဲ့ မလုံလောက်ပါဘူး။ အနာဂတ်မှာ တစ်ခုခုခိုင်းစေချင်တယ်ဆိုရင် ကျွန်တော် အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
ချန်ကျီရှင်းသည် ကောင်းကင်အလင်းတန်းများဖြင့် ဖုံးလွှမ်းနေသည့် ထိုပုံရိပ်ကို ရိုသေစွာဖြင့် အရိုအသေပေးလိုက်သည်။
သူသည် ခရမ်းရောင်ရွှေဘုရင်ထံမှ ဤပုဂ္ဂိုလ်အကြောင်း ကြိုတင်သိရှိထားပြီးဖြစ်သည်။
နတ်ဘုရားသူတော်စင်နန်းတော်၏ ဒုတိယနန်းတော်ခန်းမမှူး စူရှင်းသည် မဟာတာအိုမျိုးဆက်သုံးခုတွင် ထိပ်တန်းပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သည်။
ဤခေတ်ကာလ၏ အထွတ်အထိပ်သို့ ရောက်ရှိနေသူတစ်ဦးပင်။
ချန်ကျီရှင်းအနေဖြင့် တာအိုမျိုးဆက်သုံးခုအပေါ် မကျေနပ်မှုများစွာ ရှိနေသော်လည်း ယခုအချိန်တွင်တော့ အနည်းငယ်မျှပင် မပြသရဲပေ။
ထို့ပြင် နန်းတော်ခန်းမမှူးစူရှင်းမှာ သူ့ကို သေဘေးမှ ကယ်တင်ပေးခဲ့ခြင်းပင်။
ခရမ်းရောင်ရွှေဘုရင်မှာမူ ဒီနေ့ဖြစ်ရပ်ကို တာအိုသခင်ဆီ အမှန်အတိုင်း အစီရင်ခံမယ်ဟု ပြောဆိုကာ ချန်ကျီရှင်းကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် အလျင်အမြန် ထွက်ခွာသွားသည်။
"ဘာမှမဟုတ်ပါဘူး"
နန်းတော်ခန်းမမှူးစူရှင်းက အေးဆေးစွာ ပြောလိုက်ပြီး ချန်ကျီရှင်းကို အနည်းငယ် ပြုံးကြည့်ကာ စကားအကြောင်းအရာကို ပြောင်းလိုက်သည်။
"မင်းလို လူငယ်တစ်ယောက်က တကယ်ကို ရဲရင့်လွန်းတာပဲ။ မင်းက မသေမျိုးလွင့်မျောတောင်မှာ ငါတို့ရဲ့ တာအိုမျိုးဆက် ဖိတ်ကြားချက်ကို အေးစက်စက်နဲ့ ငြင်းပယ်ခဲ့တယ်ဆိုတာ ကြားဖူးတယ်နော်"
"အို..."
နန်းတော်ခန်းမမှူးစူရှင်း၏ တည်ငြိမ်သောအသံထဲတွင် ထူးခြားသည့် ခံစားချက်တစ်စုံတစ်ရာကို ချန်ကျီရှင်း ရိပ်မိလိုက်သဖြင့် ရင်ထဲတွင် တုန်လှုပ်သွားသည်။
ဒီနန်းတော်ခန်းမမှူးစူရှင်းက ငါ့ကို အရင်ကိစ္စအတွက် အပြစ်ပေးဖို့ ရောက်လာတာများလား။
ဒီလို အဆင့်မြင့်ပုဂ္ဂိုလ်မျိုးက... အဲ့လောက်ထိတော့ အသေးအဖွဲကိစ္စကို စိတ်ထဲထားမှာ မဟုတ်လောက်ပါဘူး ဟုတ်တယ်မလား။
ထိုအချိန်တွင် ချန်ကျီရှင်း၏ နှလုံးသားမှာ တဒိတ်ဒိတ်တုန်အောင် ခုန်လာတော့သည်။