အခန်း ၃၇၀
Vol. 37 Ch. 370
အခန်း။ ၃၇၀
"ဘာတဲ့ လင်အာကို စမ်းကြည့်ခိုင်းမလို့လား"
ဟောင်းနွမ်းပြီး အခွံတွေခွာနေသော ဆေးတံကို ဖွာရှိုက်နေသည့် အဖေဝမ်က ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး စိုးရိမ်တကြီး ခေါင်းခါကာ "မဖြစ်ဘူး လင်အာက တုံးအပြီး အရည်အချင်း မရှိဘူး။ မသေမျိုးလမ်းစဉ်ကို ကြုံတွေ့ရဖို့ ကံဇာတာ သူဘယ်လိုလုပ် ရှိမှာလဲ စတုတ္တညီ ဒီအခွင့်အရေးရဲ့ တန်ဖိုးကို ကျွန်တော် သိပါတယ်။ အပြင်လောကမှာ ရွှေတစ်ထောင်တန်တယ်လို့တောင် ပြောနေကြတာ။ လင်အာအတွက်နဲ့တော့ အလဟဿ မဖြုန်းတီးသင့်ဘူး..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ဝမ်လင်၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်အရောင်အဝါမှာ ချက်ချင်း မှိန်ဖျော့သွားသည်။
စတုတ္တဦးလေးမှာ မျက်မှောင်ကြုတ်လိုက်ပြီး "တတိယအစ်ကို ဒီမသေမျိုးလမ်းစဉ်က နှစ်တစ်ထောင်မှ တစ်ခါကြုံရတဲ့ အခွင့်အရေးပါ။ လက်လွတ်သွားရင် နောက်ထပ် ရလာမှာ မဟုတ်ဘူး။ လင်အာကိုတောင် စမ်းကြည့်ခွင့် မပေးချင်ရတာလဲ လင်အာလည်း လူလားမြောက်တော့မှာပဲ သူ့ဘာသာသူ ဆုံးဖြတ်ပါစေတော့" ဟု ပြောသည်။
"ဒီမသေမျိုးလမ်းစဉ်က အရမ်းတန်ဖိုးရှိလို့ပဲ လင်အာအတွက်နဲ့ အလဟဿ မဖြစ်စေချင်တာ"
အဖေဝမ်သည် ဝမ်လင်ကို တစ်ချက်ကြည့်ပြီး အေးစက်စွာ ချောင်းဟန့်လိုက်သည်။
"ဒီကလေးက ကျွန်တော်နဲ့ အတူတူ ကြီးပြင်းလာခဲ့တာပါ။ သူ့သဘာဝကို ကျွန်တော် မသိဘဲနေမလား စာအုပ်တွေကို ဖတ်တာကလွဲရင် သူဘာလုပ်တတ်လို့လဲ ထမ်းတာ၊ ရွက်တာလည်း မလုပ်တတ်၊ ဘာမှမလုပ်တတ်တဲ့သူပါ။ လူကြီးဖြစ်လာရင်တောင် ဝမ်းရေးအတွက် ခက်ခဲလိမ့်မယ်လို့ ထင်တယ်။ သူက ကျွန်တော့်လိုပဲ ဆင်းရဲတွင်းနက်မယ့် ကံကြမ္မာနဲ့ပဲ"
"ဒါတော့ဖြင့်..."
စတုတ္တဦးလေးသည် မျက်နှာဖြူဖျော့နေသော ဝမ်လင်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး စကားမဆက်နိုင်တော့ပေ။
နောက်ဆုံးတွင် ထိုအရာက တတိယအစ်ကို၏ မိသားစုကိစ္စဖြစ်ရာ သူ အလွန်အကျွံ ဝင်မစွက်ဖက်သင့်ပေ။
"ဒီကလေးအတွက်တော့ နှမြောစရာပါပဲ..."
စတုတ္တဦးလေးက စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
ဝမ်လင်သည် အပြောအဆို ယဉ်ကျေးပြီး နားထောင်ကောင်းသော ကလေးတစ်ယောက် ဖြစ်သည်ဟု သူထင်သည်။
ရွာထဲတွင် အခြားကလေးများမှာ ဆိုးသွမ်း ကစားနေကြချိန်တွင် ဝမ်လင်ကမူ စာဖတ်ခြင်းကို စွဲစွဲမြဲမြဲ လုပ်ဆောင်နေသည်။
ထိုသို့ပြုလုပ်နိုင်ရန် မယုံနိုင်စရာ ဇွဲရှိရန် လိုအပ်သည်။
"စတုတ္တညီ မင်းရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒီမှာတင် ရပ်လိုက်ကြရအောင်..."
အဖေဝမ်က ဆေးတံကို ချလိုက်ပြီး အားတင်းကာ ပြုံးလိုက်သည်။
သို့သော်လည်း အမြဲတမ်း စကားနားထောင်ပြီး ယဉ်ကျေးကာ မိဘများရှေ့တွင် တစ်ခါမျှ လေသံမမာဖူးသော ဝမ်လင်သည် ရုတ်တရက် "ဒုတ်" ဟု အသံမြည်အောင် အဖေဝမ်နှင့် အမေဝမ်တို့၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
"အဖေ…အမေ….ကျွန်တော် စမ်းကြည့်ချင်ပါတယ်"
ဝမ်လင်၏ မျက်နှာပေါ်တွင် ယခင်က မမြင်ဖူးသော ပြတ်သားမှုများ ပေါ်လွင်နေသည်။
"ဒီကောင်စုတ် ငါ့ကို ဒေါသထွက်ပြီး သေစေချင်တာလား"
အဖေဝမ်မှာ အံ့အားသင့်သွားပြီးနောက် ဒေါသတကြီးဖြင့် အနီးရှိ ဝါးစည်းကို ဆွဲယူကာ ရိုက်လိုက်သည်။
"စမ်းကြည့်မယ် ဟုတ်လား။ ဒီအခွင့်အရေးက ဘယ်လောက်တန်ဖိုးရှိလဲ မင်းသိလား မင်းက စမ်းကြည့်ချင်ရုံတင်ပေါ့။ ဒါက ရွှေတစ်ထောင်တန်တယ် ငါတို့ မိသားစုအခြေအနေနဲ့ စမ်းကြည့်ဖို့တောင် အရည်အချင်းရှိလို့လား"
သို့သော် ဝါးစည်းဖြင့် မည်မျှပင် ရိုက်နှက်ပါစေ ဝမ်လင်မှာ မလှုပ်မယှက်ဘဲ ဖခင်၏ ဒေါသထွက်နေသော မျက်ဝန်းများကို ပြတ်သားစွာ ကြည့်နေသည်။
"အဖေ…အမေ… ဒီလောကမှာ ကျင့်ကြံမှသာ အောင်မြင်မှုရမှာပါ။ ကျွန်တော် ကျင့်ကြံချင်ပါတယ်။ အဖေနဲ့အမေ ဘဝတစ်လျှောက်လုံး ဒုက္ခမခံရအောင် တခြားသူတွေကို ခေါင်းငုံ့ပြီး ပြုံးပြမနေရအောင် ကျွန်တော် လုပ်ပေးချင်ပါတယ်။ အမှားတစ်ခုခုဖြစ်တိုင်း ကိုယ့်သားသမီးကိုပဲ အပြစ်တင်ပြီး တခြားသူတွေကို တစ်ခွန်းမှ မပြောရဲတဲ့ ဘဝမျိုးကနေ လွတ်မြောက်စေချင်ပါတယ်"
"အဖေနဲ့အမေက ကျွန်တော့်ကို ရိုးသားပြီး စကားနားထောင်တဲ့ ကလေးလို့ အမြဲပြောကြတယ်။ ဒါပေမဲ့... အဆင်ပြေမယ်ဆိုရင်ရော ဘယ်သူကများ ရိုးသားပြီး စကားနားထောင်တဲ့ ကလေးပဲ ဖြစ်ချင်မှာလဲ"
ထိုသို့ပြောပြီး ဝမ်လင်သည် မိဘများကို ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်။
"အဖေ အမေ ကျွန်တော့်ကို တစ်ခါလောက် စမ်းကြည့်ခွင့်ပေးပါ။ အောင်မြင်မှာ မဟုတ်ရင်တောင် စတုတ္တဦးလေးရဲ့ ရွှေတစ်ထောင်ကို တစ်သက်လုံး ပြန်ဆပ်ပါ့မယ်"
ထိုစကားကို ကြားသောအခါ အဖေဝမ်၏ လက်များ တုန်ခါသွားပြီး စိတ်ထဲတွင် နာကျင်မှုများ လှိုင်းထန်သွားသည်။
သူသည် အံတင်းတင်းကြိတ်ကာ ဝါးစည်းကို မြှောက်ပြီး နောက်တစ်ကြိမ် ရိုက်လိုက်သည်။
"သားမိုက် မင်း အတောင်ပံပေါက်လာတော့ ဖခင်စကားကိုတောင် နားမထောင်တော့ဘူးပေါ့..."
သို့သော်လည်း ကျလာတော့မည့် ဝါးစည်းကို လက်တစ်ဖက်က ဖမ်းဆုပ်လိုက်သည်။
"လင်အာကို စမ်းကြည့်ခွင့်ပေးလိုက်ပါတော့ရှင်။ ကျွန်မတို့ ဘဝမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူး။ သားကိုတော့ အခွင့်အရေး မဆုံးရှုံးစေရအောင် မတားပါနဲ့တော့..."
အမေဝမ်က ငိုသံဖြင့် ပြောလိုက်ပြီး မျက်ရည်များဖြင့် ပြည့်နှက်နေသည်။
အဖေဝမ်သည် နောက်သို့လှည့်ကာ အမေဝမ်ကို စူးရဲစွာ ကြည့်လိုက်ပြီး ဆူပူရန် ဟန်ပြင်သည်။
"တတိယအစ်ကို လင်အာကို စမ်းကြည့်ခွင့်ပေးလိုက်ပါ။ ဒီကလေး... ကျွန်တော် သူ့ကို ယုံကြည်တယ်"
စတုတ္တဦးလေးက ဝမ်လင်ကို စူးစိုက်ကြည့်ပြီးမှ အဖေဝမ်ကို စိတ်အားထက်သန်စွာ ပြောလိုက်သည်။
"ဘာကို ယုံရမှာလဲ ထမ်းတာ၊ ရွက်တာတောင် မလုပ်တတ်ဘဲ လယ်ယာလုပ်ငန်းကိုတောင် နားမလည်တဲ့ အသုံးမကျတဲ့ ကောင်လေးတစ်ယောက်ကိုလေ"
အဖေဝမ်က ဆဲဆိုလိုက်သော်လည်း စိတ်ထဲတွင် သက်ပြင်းရှည်ကြီး ချလိုက်ပြီး ဝါးစည်းကို သိမ်းလိုက်ကာ တည်ကြည်သော မျက်နှာဖုံးကို စွပ်လိုက်သည်။
"ဟွန့် အောင်မြင်မှာ မဟုတ်ဘူးဆိုရင်တော့ ပြန်လာပြီး လယ်ယာအလုပ်ကိုပဲ ရိုးသားစွာ လုပ်ရမယ်။ ဘာစိတ်ကူးယဉ် အိပ်မက်မှ မမက်နဲ့ ကြားလား"
ဝမ်လင်မှာ ခဏမျှ အံ့အားသင့်သွားပြီးနောက် ဖြူဖျော့နေသော မျက်နှာပေါ်တွင် ပျော်ရွှင်မှု အငွေ့အသက်များ ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် အဖေ။ ကျေးဇူးတင်ပါတယ် အမေ။ ကျေးဇူးတင်ပါတယ် စတုတ္တဦးလေး"
ထိုညတွင် ဇိမ်ခံလှည်းကြီးမှာ ဝမ်လင်ကို တင်ဆောင်လျက် ရွာထဲမှ ဖြည်းညင်းစွာ ထွက်ခွာသွားသည်။
လမ်းဘေးတစ်ဖက်တစ်ချက်တွင် လျှောကျသွားသော လယ်ကွင်းများကို ကြည့်ရင်း ဝမ်လင်သည် လက်သီးကို တင်းတင်းဆုပ်ကာ မျက်ဝန်းထဲတွင် ပြတ်သားမှုများ တောက်လောင်နေသည်။
"အဖေနဲ့ အမေ့ကို ကျွန်တော် အရှက်မကွဲစေရပါဘူး။ သေချာပေါက် ကောင်းမွန်တဲ့ ဘဝတစ်ခုကို ဖန်တီးပေးပါ့မယ်"
ဟောင်းနွမ်းနေသော အိမ်ရှေ့တွင်
"အင်းလေ လင်အာ ဒီဘဝကို ဘေးကင်းပြီး ကျန်းမာစွာနဲ့ ဖြတ်သန်းနိုင်ပါစေဖို့ပဲ ဆုတောင်းပါတယ်..."
ပိန်ချုံးပြီး ခါးကိုင်းနေသော အဖေဝမ်သည် ဝေးကွာသွားသော ဝမ်လင်ကို ကြည့်ရင်း သက်ပြင်းရှည်ကြီး ချလိုက်သည်။
"ဒီတစ်ခါတော့ လင်အာကို ဒုက္ခမပေးမိပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပေါ့"
တစ်ချိန်တည်းမှာပင် ဇီဝူးတောင်ထွတ်ကိုးခုအနက် အဓိကတောင်ထွတ်ပေါ်တွင်….
ယခုအချိန်သည် ညဉ့်နက်သန်းခေါင်ယံ ဖြစ်သော်လည်း အဓိကတောင်ထွတ်ရှိ ခန်းမဆောင်တွင် မီးရောင်များ ထိန်လင်းနေသည်။
ချန်ကျီရှင်းနှင့် ချန်ထျန်ချန်တို့မှာ မျက်နှာချင်းဆိုင် ထိုင်လျက် စစ်တုရင်ကစားရင်း စကားစမြည် ပြောဆိုနေကြသည်။
"ကျီရှင်း တပည့်သစ် ခေါ်ယူတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုတွေ တော်တော်လေး ကောင်းမွန်နေတယ်"
ချန်ထျန်ချန်က ပြုံးလျက် ပြောလိုက်သည်။
"အခုဆိုရင် ယန်ကျိုးပြည်နယ်တစ်ခုလုံးက ကျွန်တော်တို့ တံခါးဖွင့်ပြီး တပည့်သစ်တွေ ခေါ်ယူနေတယ်ဆိုတာ သိသွားကြပြီ။ လူငယ်တွေ အများအပြား ကျွန်တော်တို့ဆီ အလုအယက် ရောက်လာနေကြတယ်။ အရေအတွက်က သောင်းနဲ့ချီ ရှိနေပြီ ဇီဝေချန်မိသားစုရဲ့ အနာဂတ်ကတော့ တောက်ပလာမှာ သေချာပါတယ်"
ချန်ကျီရှင်းက သူ၏စကားကို ကြားသောအခါ ခေါင်းညိတ်လိုက်ပြီး လက်ဖက်ရည်ခွက်ကို အသာအယာ မော့သောက်ကာ
"ဒီတစ်ခါ ခေါ်ယူတဲ့အထဲမှာ အဓိက ရည်ရွယ်ချက်ကတော့ ဆင်းရဲနွမ်းပါးတဲ့ သာမန်မိသားစုတွေက လူတွေပဲ။ ဘာလို့လဲဆိုတော့ မျိုးနွယ်စုကြီးတွေမှာက ပါရမီကို စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ ရှိပြီးသားပါ။ တကယ့် ပါရမီရှင်ဆိုရင် သူတို့က ဇီဝေချန်မိသားစုဆီ မလွှတ်ဘူး။ လွှတ်လိုက်တဲ့သူတွေကလည်း အရည်အချင်း မရှိတဲ့သူတွေပဲ ဖြစ်လိမ့်မယ်"
"ဒါပေမဲ့ သာမန်ပြည်သူတွေကတော့ မတူဘူး။ သူတို့မှာ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေ မရှိသလို ကျင့်ကြံခြင်းဆိုတာကလည်း သူတို့အတွက် လုံးဝစိမ်းသက်နေတဲ့ အရာပါ။ ဒါကြောင့် ဒီအုပ်စုမှာ လူဦးရေ အရမ်းများပေမဲ့ ဘယ်သူမှ ကျင့်ကြံခြင်းနဲ့ မထိတွေ့ဖူးကြဘူး။ သူတို့ထဲမှာ ဆင်းရဲဒုက္ခကြောင့် မြှုပ်ကွယ်နေတဲ့ နတ်ဘုရားအဆင့် ပါရမီရှင်တွေ ရှိနေမှာ သေချာတယ်..."
"သာမန်လူတွေထဲက ထူးချွန်တဲ့သူတွေက သူတို့ရဲ့ ပါရမီကို မသိဘဲ တစ်သက်လုံး လယ်လုပ်ပြီး ကုန်ဆုံးသွားတတ်ကြတယ်"
"ဒါက ကျွန်တော်တို့အတွက် အခွင့်အရေးပဲ"
ချန်ထျန်ချန်က ထိုစကားကို ကြားသောအခါ တွေးတောရင်း ခေါင်းညိတ်ကာ ချီးကျူးလိုက်
သည်။
"တကယ်ပါပဲ အဲဒါက တကယ့်ကို မှန်ကန်တဲ့ စကားပါပဲ"
ချန်ကျီရှင်းက ရယ်မောလိုက်ပြီးနောက် အာရုံကို ပြောင်းလိုက်ကာ "ဒါဆိုရင် အရည်အချင်းရှိတဲ့သူတွေကို စုဆောင်းတဲ့ကိစ္စကရော ဘယ်လိုရှိလဲ" ဟု မေးမြန်းလိုက်သည်။
ထိုအမေးကို ကြားသောအခါ ချန်ထျန်ချန်၏ မျက်နှာတွင် အားမလိုအားမရ ဖြစ်ဟန်များ ပေါ်လာသည်။
ဤတစ်ကြိမ်တွင် ချန်ကျီရှင်းက အမိန့်နှစ်ခု ချမှတ်ခဲ့သည်။
ပထမတစ်ခုမှာ တပည့်သစ် စုဆောင်းခြင်းပင်။
အခြေခံမရှိသူများကို ဇီဝေချန်မိသားစုသို့ ဝင်ရောက်ရန် ခေါ်ယူခြင်းပင်။
ဤအလုပ်မှာ လက်ရှိအတွက် အားကောင်းစေခြင်းမဟုတ်ဘဲ အနာဂတ်အတွက် ဖြစ်သည်။ ဇီဝေချန်မိသားစု၏ နောက်နှစ်တစ်ရာ၊ နှစ်တစ်ထောင်အတွက် ရည်ရွယ်သည့် နည်းဗျူဟာ ဖြစ်သည်။
ဒုတိယတစ်ခုမှာ အရည်အချင်းရှိသူများကို စုဆောင်းခြင်းပင်။
ဇီဝေချန်မိသားစုက တံခါးဖွင့်ပြီး နတ်ဘုရား ခရီးသွားအဆင့်နှင့် အထက် ကျင့်ကြံသူများကို ခေါ်ယူခြင်းပင်။
ဇီဝေချန်မိသားစုက အရင်းအမြစ်များကို ပံ့ပိုးပေးမည်ဖြစ်ပြီး ဝင်ရောက်လာသူများက မိသားစုအတွက် အလုပ်လုပ်ပေးရမည်။
ဤအလုပ်က လက်ရှိမိသားစု၏ အလယ်အလတ်အဆင့် ကျင့်ကြံသူများကို အားကောင်းလာစေရန် ဖြစ်သည်။
"ဘာလဲ ဘယ်သူမှ မလာကြဘူးလား"
ချန်ကျီရှင်းက မျက်ခုံးပင့်ကာ မေးလိုက်သည်။
"အဲဒီလို မဟုတ်ပါဘူး အများကြီး လာကြပါတယ်။ တချို့ဆိုရင် စစ်မှန်သော ကိုယ်ပိုင်အဆင့်ကျင့်ကြံသူတွေတောင် ပါလာကြတယ်။ နိဗ္ဗာနအဆင့်ကလူတွေလည်း လာနေကြတယ်လို့ ကြားရတယ်"
ချန်ထျန်ချန်က နှာခေါင်းကို ပွတ်လိုက်ပြီး အားမလိုအားမရ ရယ်မောလိုက်သည်။
"ဒါပေမဲ့ လာသမျှသူတွေက နာမည်ပျက်နေတဲ့ လူဆိုးကြီးတွေ၊ အာဏာရှင်တွေကို စော်ကားပြီး ပြစ်မှုကြီးကြီးမားမား ကျူးလွန်ထားတဲ့သူတွေ ဒါမှမဟုတ် ဂိုဏ်းကနေ သစ္စာဖောက်ပြီး ထွက်ပြေးလာတဲ့ တပည့်တွေပဲ"
"အတိုချုပ်ပြောရရင် သူတို့တွေက နာမည်ပျက်ပြီး ရက်စက်တဲ့သူတွေ။ ကျင့်ကြံခြင်းလောကက နတ်ဆိုးကြီးများလို့ ခေါ်ကြတဲ့သူတွေပဲ"
"ဒီအရည်အချင်းရှိသူ စုဆောင်းတဲ့ကိစ္စက... တကယ်ကောင်းပြီး ယဉ်ကျေးတဲ့သူဆိုလို့ တစ်ယောက်မှ ပါမလာဘူး ဖြစ်နေတယ်"