← Chapters

ရေဆုံးမြေဆုံး

Vol. 171 Ch. 2428

ရေဆုံးမြေဆုံး

Vol. 171 Ch. 2428

ရွှီကျန်းယောင်၏ အမိန့်အောက်တွင် လုံခြုံရေး အစောင့် အများအပြားက ရှေ့သို့ ပြေးတက်လာခဲ့ကြသည်။

ထိုသို့သော ပါမွှား မြင်ကွင်းလေးနှင့် ရင်ဆိုင်ရတော့ လင်းရီ၏ မျက်နှာအမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲမသွားခဲ့ချေ။

ပထမအစောင့်တစ်ယောက် ပြေးတက်လာတာကို မြင်တော့ လင်းရီသည် ၎င်း၏ ဆံပင်ကို ဆွဲပြီး အနီးရှိ နံရံနှင့် ပစ်တိုက်ပေးလိုက်သည်။

ဘန်းခနဲ မြည်သံနှင့်အတူ … အစောင့်မှာ မျက်ဖြူလှန်သွားခဲ့ပြီး သတိလစ် လဲကျသွားခဲ့၏။ ကြမ်းပြင်ပေါ်တွင် ကွေးကောက်သည့် အနေအထားဖြင့် လူသေကောင်ကြီးနှယ် လဲလျောင်းလို့နေသည်။

ဤမြင်ကွင်းက ရှိနေသည့် လူတိုင်းကို အကြီးအကျယ် ထိတ်လန့် ရှော့ခ်ရသွားစေခဲ့ပြီး ၎င်းတို့အားလုံး ချက်ချင်း ရပ်တန့်လိုက်ကြကာ မျက်နှာထက်တွင် ကြောက်လန့်သည့် အမူအရာများ ဖြစ်ပေါ်လာသည်။

သူတို့ အကုန်လုံးက လေ့ကျင့်ထားခြင်း မရှိသည့် သာမန်လူတစ်စုသာ ဖြစ်၏။ လူအင်အားကို အသာစီးယူ၍သာ တစ်ဖက်လူကို အနိုင်ကျင့်ဝံ့ကြသည်။

သို့သော် ရှေ့ရှိ ဤလူကတော့ သူတို့ စိတ်ကူးထားသည်ထက်ပင် ရက်စက်ကြမ်းကြုတ်နေသည်။ လှုပ်ရှားရကောင်းမှန်း မေ့လျော့ရလောက်သည်အထိကို ထိတ်လန့်သွားခဲ့တော့သည်။

“ ဘာလို့ ရပ်နေကြတာလဲ ….” ရွှီကျန်းယောင် အေးစက်သည့် မျက်နှာအမူအရာဖြင့် အော်ဟစ်လိုက်ပြီး “ သူ့ကို ရိုက် … ပြီးတာနဲ့ မင်းတို့ တစ်ယောက်ချင်းစီတိုင်းကို ဘောနပ်စ် တစ်ထောင်ပေးမယ် ….”

ဆုကြေးရှိသည့်အခါတိုင်း သတ္တိကောင်းသူတို့ ရှိကြစမြဲပင်။ ယွမ်တစ်ထောင်ဆိုသည်မှာ လင်းရီအတွက် ကားဆီဖိုးပင် မကာမိပေ။

သို့သော် သာမန်လူများအဖို့ ယင်းက အင်မတန် များပြားသည့် ပမာဏတစ်ခု ဖြစ်၏။

ကျန်ရစ်သည့် လုံခြုံရေး အစောင့်များမှာ တစ်ဖန် အုပ်စု ပြန်ဖွဲ့လိုက်ကြပြီး လင်းရီထံသို့ နောက်တစ်ကြိမ် ပြေးဝင်လာကြပြန်သည်။

သို့သော် ရလဒ်ကတော့ … ခန့်မှန်းဖို့ မခဲယဉ်းပေ။

တစ်မိနစ်မပြည့်မီမှာပဲ အစောင့် ဒါဇင်ကျော်မှာ လင်းရီ၏ ရိုက်နှက်မှုကြောင့် ကြမ်းပြင်ပေါ် လဲလျောင်းနေကြရပြီး သွေးစ သွေးနတို့ကလည်း နေရာအနှံ့ ပျံ့ကျဲလို့နေသည်။

ကျိုးရှန်းမင်နှင့် အနှိပ်သမ သုံးဦးတို့မှာ နေရာတွင် ရပ်နေရင်း တစ်ကိုယ်လုံး တုန်ယင်နေခဲ့ကြသည်။

လင်းရီက ရဲအရာရှိ တစ်ယောက် ဖြစ်မှန်း သူတို့သိသော်လည်းပဲ ဤမျှအထိ ရက်စက်လိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပါချေ။

လူ တစ်ဒါဇင်ကျော်မှာ သူ့အင်္ကျီအစအနလေးပင် မထိလိုက်နိုင်ဘဲ ကြမ်းပြင်သို့ လဲကျသည်အထိ ရိုက်နှက်ခံလိုက်ရ၏။

ထိုအချိန် အခိုက်အတန့်၌ သူတို့စိတ်ထဲ နောင်တရမှု တစ်ခုတည်းသာ ကြီးစိုးနေလျက် ရှိတော့သည်။

အကယ်၍ လင်းရီသာ ဤမျှ ဖြုံချင်စရာကောင်းသည့် လူစားမျိုးဖြစ်မှန်း ကြိုသိခဲ့မည်ဆိုပါက လှည့်ကွက်သုံးပြီး ပိုက်ဆံလိမ်ဖို့ လုပ်ခဲ့မိမှာ မဟုတ်ချေ။

သို့သော် ယခု .. နောက်ပြန်လှည့်ဖို့ရာ နောက်ကျလွန်းသွားခဲ့ပြီ ဖြစ်၏။

စောနလေးတင် ဟိတ်ဟန်တစ်ခွဲသားနှင့် ထောင်လွှားမောက်မာနေသည့် ရွှီကျန်းယောင်သည်လည်း ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး အတင်း ဟန်ကိုယ့်နေရတော့သည်။

“ ငါ မင်းကို အထင်သေးခဲ့မိတယ် … မင်းရဲ့ တိုက်ရည်ခိုက်ရည်က တကယ်မဆိုးဘူးပဲ ….”

“ သရုပ်ဆောင်နေတာတွေ တော်လိုက်စမ်းပါ …” လင်းရီ ပြောလိုက်ပြီး “ ဘေးကိုကပ် … မဟုတ်ရင် မင်းလည်း သူတို့လို ကြမ်းပြင် ကုန်းနမ်းနေရမယ် … ငါ သတိမပေးဘူး မပြောနဲ့ ….”

ရွှီကျန်းယောင်၏ မျက်နှာတစ်ပြင်လုံး ချက်ချင်း နက်မှောင်သွားခဲ့သည်။ လင်းရီ သူ့အား တမင် အနိုင်ကျင့်နေသည်ဟု ခံစားနေ၏။

သို့သော် လက်ရှိ အခြေအနေ၌ … နောက်ဆုတ်ဖို့ကလွဲပြီး သူ့မှာ အခြား ရွေးချယ်စရာ ရှိမနေချေ။

“ အိုကေ … ရတယ် … မင်းနိုင်တယ် … ထွက်သွားလိုက်တော့ ….”

လင်းရီ ပြုံးလျက် ရွှီကျန်းယောင်၏ မျက်နှာကို ခပ်သာသာ ရိုက်ပုတ်လိုက်၏။ “ မင်းက ထင်သလောက် မပိန်းဘူးပဲ ....”

ရွှီကျန်းယောင် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားရင်း ဒေါသကို အတင်းဖိနှိပ်ထားရသည်။

လင်းရီလည်း အခန်းထဲတွင် ကြာကြာ ဆက်မနေတော့ဘဲ ဖုန်းအနည်းငယ်ကို ဖျက်စီးကာ ကျန်းဟွေ့တို့နှင့် ပြန်ဆုံသည်။

“ ငိုးမသားတွေ … ဘာစောက်သုံးမှ မကျတဲ့ အမှိုက်သရိုက်တွေ ….” ရွှီကျန်းယောင် ကျိန်ဆဲပြီး အနီးရှိ ဗီရိုကို ကန်ကျောက်လိုက်သည်။

“ ဥက္ကဌရွှီ … စိတ်ကို အေးအေးထားပါ … အဲ့လိုလူစားမျိုးကြောင့်နဲ့ ဒေါသ ထွက်စရာ မလိုပါဘူး …” ကျိုးရှန်းမင် ပြောလိုက်ပြီး “ တံခါးဝမှာ စောင့်ကြည့်ရေး ကင်မရာ တပ်ထားတယ် … အချိန်မရွေး အင်တာနက်ပေါ် တင်လိုက်လို့ရတယ် … လက်စားပြန်ချေလို့ရတဲ့ အခွင့်အရေးတွေက အများကြီးပါ …”

“ ဒင်း ငါ့လူတွေ ရိုက်နှက်သွားတာကို ဒီတိုင်း ရိုးရိုးတန်းတန်း တိုင်ကြားရုံလောက်နဲ့ ကိစ္စပြီးပေးလိုက်ရင် ငါ ရွှီကျန်းယောင် ဒီစောက်ခွက်ကြီး ဘယ်နားသွားထားရတော့မှာလဲ ….”

“ ဥက္ကဌရွှီ ဆိုလိုချင်တာက ……”

“ လူလွှတ်ပြီး သူတို့နောက်ကို လိုက်ခိုင်းလိုက် … ငါ အခု ဖုန်းဆက်လိုက်ဦးမယ် ….” ရွှီကျန်းယောင် ပြောလိုက်ပြီး “ ကျင်းလင်မှာ အပြင်လူတစ်ယောက်က ဗြောင်းဆန်နေအောင် လာသောင်းကြမ်းလို့ရတယ်ဆိုတာ ငါ မယုံဘူး ….”

“ ဟုတ်ကဲ့ … ဘာလုပ်ရမလဲ သိပါပြီ …”

……

အခြားတစ်ဖက်တွင်တော့ လင်းရီသည် သီးသန့်ခန်းထဲသို့ ပြန်ရောက်လာခဲ့ပြီး ကျန်းဟွေ့နှင့် ကျူးကျွင်းချီတို့က ထွက်ခွာဖို့ ရယ်ဒီ ဖြစ်နေသည်။

“ ဘာဖြစ်ခဲ့တာလဲ ….” ကျန်းဟွေ့ မေးလိုက်သည်။

“ ထွေထူးမဟုတ်ပါဘူးဗျာ …. တစ်ချို့ အပိုကြေး တောင်းရုံလောက်ပါပဲ … အဲ့တာ ကျုပ်ကို အတည်ပြုပေးဖို့ ခေါ်လိုက်တာ ….” လင်းရီ ပြောလိုက်ပြီး “ အခုတော့ ကိုင်တွယ်ပြီးသွားပါပြီ … အိပ်ဖို့နေရာ ရှာကြတာပေါ့ ….”

“ အေး … သွားစို့ကွာ … ငါလည်း အတော်လေး အိပ်ချင်နေပြီ ….. အနီးနား ကျောခင်းလို့ရမယ့် နေရာတစ်ခုခု ရှာလိုက်ကြတာပေါ့ …” ကျန်းဟွေ့ သမ်းဝေရင်း ပြောလိုက်သည်။

“ အိုကေ ….”

လင်းရီလည်း ကားကို မောင်းလိုက်ပြီး အလျင်အမြန်ပဲ ဟိုတယ်တစ်ခု ရှာတွေ့သွားခဲ့ကာ အခန်းသုံးခန်း ယူလိုက်သည်။

“ နှစ်ခန်းဆို လုံလောက်ပြီ ….” ကျန်းဟွေ့ ပြောလိုက်၏။

“ ငါတို့နှစ်ယောက် တစ်ခန်းအတူနေလိုက်မယ် … မင်းကတော့ တစ်ယောက်တည်း တစ်ခန်းနေလိုက် … ပိုက်ဆံလည်း အပိုကုန်စရာ အကြောင်းမရှိတော့ဘူး ….”

“ အမ် … အိုကေလေ ….”

လင်းရီ နှစ်ခန်းပဲ ယူလိုက်၏။ ပြီးနောက် အခန်းသော့ကတ်ကိုယူပြီး အပေါ်ထပ်သို့တက်ကာ သူ့ကိုယ်ပိုင် အခန်းထဲ ဝင်ရောက်လာခဲ့သည်။

ဒူ ဒူ ….

သူ အထဲသို့ ရောက်သည်နှင့် လင်းရီ၏ ဖုန်းက တုန်ခါလာသည်။ ရန်စီက ဝီချက်မက်ဆေ့ချ် ပို့လာခဲ့ခြင်း ဖြစ်၏။

“ နင် အိပ်နေပြီလား ….”

ဖုန်းကို ကောက်ကိုင်ပြီး ရန်စီထံသို့ ဖုန်းခေါ်လိုက်၏။

“ ဒီလောက် ညဉ့်နက်နေပြီကို မက်ဆေ့ချ်တွေ ပို့တုန်းပေါ့ … မအိပ်သေးဘူးလား ….”

“ ဟင့်အင်း ….” ရန်စီ့လေသံ နားထောင်ရသည်မှာ စိတ်ကောင်းဝင်နေဟန်ပင်။ “ ငါ အခု ရထားပေါ်မှာ… ကျင်းလင်ကို ရောက်တော့မှာ … နင်ရော အခု ဘယ်မှာလဲ ….”

“ အခုလေးတင် ဟိုတယ်ရောက်တာပဲ …. မင်းက ကိုယ်တိုင်မောင်းလာတာလား… ရထားနဲ့လား ….”

“ ရထားနဲ့ပါဆို …” ရန်စီ ရယ်မောလိုက်ပြီး “ ဒါရိုက်တာလင်း … ရှင့်မှာ လာကြိုပေးဖို့ အချိန်ရှိမလား မသိဘူး …. ရထားက နောက်နာရီဝက်ဆို ရောက်မှာ ….”

“ အိုကေ … စောင့်နေ … ငါ အခုချက်ချင်း ထွက်လာပြီ ….”

“ အွန်း ….”

သူ့ခရီးဆောင်အိတ်ကို အခန်းထဲ ထားပြီးနောက် အခြားသူများကို နှုတ်ဆက်ကာ ရထားဘူတာသို့ ထွက်လာခဲ့လိုက်သည်။

ကားထဲသို့ ဝင်ပြီးနောက် လင်းရီ အလျင်မလိုပေ။ ထိုအစား နောက်ကြည့်မှန်ကို တစ်ချက် ကြည့်လိုက်တော့ အနက်ရောင် ဆာဂီတာ တစ်စင်းအပေါ် အကြည့်ကျရောက်သွားခဲ့သည်။

သူ ပြုံးရုံမျှသာ ပြုံးလိုက်၏။

ညဉ့်နက်နေပြီဆိုသော်လည်း ကျင်းလင်မြို့ကြီးကတော့ မီးအလင်းရောင်တို့ဖြင့် လင်းထိန်နေဆဲပင်။ လမ်းများထက်တွင်လည်း စည်ကားသက်ဝင်လှုပ်ရှားနေပြီး ကျိုးဟိုင်နှင့်ပင် အတော်လေး ဆင်တူသည်။

သူတည်းနေသည့် ဟိုတယ်နှင့် ဘူတာက သိပ်မဝေးလှပေ။ ဆယ်မိနစ်ခန့်ကြာ ကားမောင်းပြီးနောက် ရထားဘူတာသို့ ရောက်ရှိလာသည်။

အမြန်ရထားဘူတာမှာလည်း ညဉ့်နက်ပိုင်းတွင် ဝင်ထွက်သွားလာပြုနေသည့် လူများနှင့် စည်ကားသက်ဝင်နေဆဲဖြစ်၏။

ကားပါကင်ထိုးပြီး မိနစ် အနည်းငယ်လောက်ကြာတော့ ရထားရောက်ရှိလာကြောင်း ကြေညာသည့် အသံထွက်ပေါ်လာပြီး လင်းရီလည်း ထွက်ပေါက်ဝသို့ ဦးတည်လိုက်သည်။

လူတွေ တစ်ယောက်ပြီး တစ်ယောက် ရထားပေါ်က ဆင်းလာခဲ့ကြ၏။

ရန်စီက စံပယ်ဖြူရောင် တစ်ဆက်တည်း ဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ခရီးဆောင်အိတ် အသေးလေးကို သယ်ဆောင်ကာ လူအုပ်နှင့်အတူ ရောနှောရင်း ပတ်ဝန်းကျင်ကို ဟိုကြည့်ဒီကြည့် လုပ်နေသည်။ သို့သော် ခေတ္တကြာသည့်တိုင် လင်းရီကို ရှာမတွေ့သေးပေ။

သူမ ဖုန်းခေါ်တော့မည့် အချိန်မှာပဲ ရုတ်တရက်ဆိုသလို လက်တစ်စုံက သူမ၏ ခါးသို့ လာဖက်လာသည်ကို ခံစားမိလိုက်၏။

သူမ အော်ဟစ်ရန် ဟန်ပြင်လိုက်သော်ငြားလိုက် သိုင်းဖက်လာသူက လင်းရီ ဖြစ်နေသည်ကို ချက်ချင်းပဲ သတိပြုမိသွားခဲ့၏။

“ အကောင်စုတ် … အသံမပေးဘာမပေးနဲ့ … ဒီမှာ လန့်သေတော့မယ် ….”

ရန်စီ နူးညံ့စွာ ဆူငေါက်လိုက်သည်။ ပြီးနောက် လင်းရီ၏ လည်ပင်းကို သိုင်းဖက်ပြီး တုံ့ဆိုင်းခြင်းမရှိ အနမ်းပေးလိုက်၏။

“ လိမ္မာလိုက်တာ … ဒီလောက် ညဉ့်နက်နေပြီကို ငါ့ကို လာကြိုပေးတုန်းပဲ …”

“ ဥက္ကဌရန်က လာနေတာလေ … မွေးဖွားခြင်း စက်ဝန်းထဲဝင်ဖို့ အလျင်လိုနေတယ်ဆိုရင်တောင်မှ ရောက်အောင်လာမှာပဲ ….”

“ အပြောကောင်းလို့ ထပ်ပြီး ဆုချလိုက်မယ် ….”

လင်းရီ၏ မျက်နှာပေါ်သို့ နောက်တစ်ကြိမ်နမ်းလိုက်၏။

“ မင်းကြည့်ရတာ ဒီနေ့ ပုံမှန်မဟုတ်ဘဲ အတော်လေး စိတ်လှုပ်ရှားနေသလိုပဲ … ဘာလဲ … ရုပ်ရှင် ဆင်ဆာအောင်သွားလို့လား ….”

“ ရုပ်ရှင်ကြောင့် မဟုတ်ဘူး ….” ရန်စီ ပြုံးလျက် ဆိုလိုက်ပြီး “ ဒါ ကျင်းလင်လေ… ဧကရီရဲ့ အမြင်ကွယ်ရာ နေရာဆိုမှတော့ ငါ မပျော်ဘဲ နေပါ့မလား ….”

လင်းရီ အတော်လေး ရယ်ချင်သွားခဲ့၏။ ရန်စီ ထိုစကားမျိုး ပြောလာလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

ရန်စီ၏ တင်ပါးကို ဖျတ်ခနဲ ရိုက်လိုက်ရင်း “ သွားစို့ … ကားပေါ်တက် ….”

“ အွန်း …”

ခရီးဆောင်အိတ်ကိုတော့ လင်းရီပဲ သယ်လာခဲ့ပြီး နှစ်ယောက်မှာ ကားပေါ်သို့ အတူတက်လိုက်ကြသည်။

“ နင် ပင်ပန်းနေပြီလား …” ရန်စီ မေးလာခဲ့သည်။

“ မပင်ပန်းပါဘူး … ဘာလဲဖြစ်လို့ …”

“ ငါ နင်နဲ့အတူ လျှောက်လည်ချင်တယ် ….” ရန်စီ ပြောလိုက်ပြီး “ မနက်ဖြန်ကျ ငါ့မှာလည်း လုပ်စရာတွေ အများကြီးပဲ … နင်လည်း နင့်ကိစ္စတွေနဲ့ … ဒီတော့ အေးချမ်းတိတ်ဆိတ်တဲ့ ညတာကို အခွင့်ကောင်းယူပြီး လျှောက်လည်ကြမယ်လေ …”

“ မင်းက ဘယ်သွားလည်ချင်တာ ….”

“ အမ် …… ခြင်္သေ့တံတား ခြေကျင်လမ်းကို သွားကြမယ် … အဲ့မှာ လမ်းလျှောက်ရင်း ညလယ်စာလည်း စားကြတာပေါ့ …”

( ခြေကျင်လမ်းက ကားကင်းမဲ့ဇုန်ကို ဆိုလိုပါတယ်)

“ အိုကေ သွားစို့ ….” လင်းရီ ထိုင်ခုံ ခါးပတ် ပတ်လိုက်၏။ လမ်းညွှန်ကို ပြင်ဆင်ပြီးနောက် ခြင်္သေ့တံတားသို့ ဦးတည်လိုက်လေသည်။

တစ်ချိန်တည်းမှာပဲ နောက်ကြည့်မှန်သို့ တစ်ချက်ကြည့်လိုက်သောအခါ အနက်ရောင် ဆာဂီတာက သူတို့နောက်မှ လိုက်ပါလာနေသည်ကို သတိထားမိလိုက်သည်။

လင်းရီ ခပ်ထေ့ထေ့ တစ်ချက် ပြုံးလိုက်၏။

“ အတော် ဇွဲကောင်းကြတဲ့ကောင်တွေပဲ … ဟက် ….”

All Chapters