← Chapters

အခန်း ၁၂၀၆

Vol. 104 Ch. 1206

အခန်း ၁၂၀၆

Vol. 104 Ch. 1206

အခန်း ၁၂၀၆

မြေပြင်စစ်မျက်နှာတွင် ကျန်းရွှဲ့သည် မသေမျိုး မြူခိုးများ လှိုင်းထလာသည်ကို ပထမဆုံး သတိပြုမိသူဖြစ်ပြီး ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“တပ်ဖွဲ့ဝင်အားလုံး ရှေ့ဆက်မတက်နဲ့တော့။ ရှိတဲ့နေရာမှာတင် ခံစစ်ခံတပ်တွေ တည်ဆောက်ပြီး တိုက်ပွဲအတွက် ပြင်ဆင်ကြ။”

“ဟုတ်ကဲ့။”

“ခေါင်းဆောင်ကျား ရှင်တို့တွေ လောလောဆယ် အတင်းကြီး အရှေ့ကို တိုးမတိုက်နဲ့ဦး။ မသေမျိုး မျိုးနွယ်စုတွေ သေချာပေါက် တစ်ခုခုလှုပ်ရှားတော့မယ်။”

ကျန်းရွှဲ့က သတိပေးလိုက်သည်။

“နားလည်ပါပြီ။”

ကျားကျန့်က ပြန်ဖြေလိုက်ပြီးနောက် အရှေ့သို့ ဆက်လက်ထိုးနှက်တိုက်ခိုက်ရန် ပြင်ဆင်နေကြသည့် အခြားဧရာမဘီလူးကြီးများကို လှမ်းခေါ်လိုက်သည်။

ယီရန်ပင်း မဟာမိတ်တပ်ဖွဲ့ဝင်များသည် ကတုတ်ကျင်းများ တူးရင်း အခြေအနေကို ဆွေးနွေးနေကြသည်။

“ဒီအမည်းရောင်မြူခိုးတွေက ဘာလို့ ပိုပိုပြီး ထူထပ်လာတာလဲ။”

“ဟုတ်ပါ့။ အမြင်အာရုံက အများဆုံး တစ်မီတာ၊ နှစ်မီတာလောက်ပဲ ရှိတော့သလို ခံစားရတယ်။ ဧရာမဘီလူးတွေ အရှေ့မှာ ရှိနေရင်တောင် ဒီတိုက်ပွဲက တိုက်ရလွယ်မှာ မဟုတ်ဘူး။”

“ဒါပေမဲ့လည်း သူဌေးက ငါတို့ကို ဂတ်စ်ကာမျက်နှာဖုံးတွေ ထောက်ပံ့ပေးထားတာ ကံကောင်းတယ်။ မဟုတ်ရင် ငါတို့တွေ အခုလောက်ဆို ပြိုလဲပျက်စီးကုန်လောက်ပြီ။”

“မနေ့က အပြင်ဘက်က ခပ်ကျဲကျဲ အမည်းရောင်မြူခိုးထဲမှာတောင် ငါ လဲကျဖို့ နာရီဝက်တောင် မခံခဲ့ဘူး။ ဒီနေရာမှာသာဆိုရင် ငါ တစ်မိနစ်တောင် ခံမှာမဟုတ်ဘူး။”

“သူဌေးက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ မနေ့ကမှ ဒီအမည်းရောင်မြူခိုးကို သတိပြုမိတာကို ဒီနေ့ကျတော့ ဖြေရှင်းနည်းကို ယူဆောင်လာပေးနိုင်နေပြီ။ ဒီစွမ်းဆောင်ရည်က တအား မြင့်မားလွန်းတယ်။”

“မသေမျိုး မျိုးနွယ်စုက ဘယ်လိုလှည့်ကွက်တွေပဲ သုံးသုံး သူဌေးက အမြဲတမ်း သက်ဆိုင်ရာ တန်ပြန်နည်းလမ်းကို ရှာတွေ့နိုင်ခဲ့တာချည်းပဲ။”

သူတို့ စကားလက်ဆုံကျနေကြစဉ်အတွင်းမှာပင် ရှေ့တန်းတပ်ဖွဲ့များသည် ခံစစ်ခံတပ်များ တည်ဆောက်ခြင်းကို လျင်မြန်စွာ အပြီးသတ်နိုင်ခဲ့ကြသည်။ ထို့နောက် အမည်းရောင်မြူခိုးများထဲမှ မသေမျိုး မျိုးနွယ်စုများ ပေါ်ထွက်လာမည့်အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်ကြ၏။ ထိုစဉ်မှာပင်....

“ဒုန်း...ဒုန်း...ဒုန်း”

ရုတ်တရက် မပြတ်မသား တုန်ခါသံကြီးတစ်ခုက ရှေ့တန်းဆီမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် သတ္တဝါကြီးတစ်ကောင် မြေပြင်ကို ပြင်းထန်စွာ နင်းခြေလျှောက်လှမ်းလာသည့် အသံနှင့် တူလှသည်။

“ဒါက ဘာကောင်ကြီးလဲ။ ဒီလောက်အကျယ်ကြီး မြည်အောင်တောင် လုပ်နိုင်တယ်။”

“အားလုံးပဲ သတိထားကြ။ ဒါ အကောင်ကြီးကြီးတစ်ကောင် ဖြစ်ရမယ်။”

“သေစမ်း... ခံရခက်လိုက်တာကွာ။ ဘာမှမမြင်ရတာက တကယ့်ကို စိတ်မအေးရဘူး။”

ထိုအသံကို ကြားရသောအခါ ကျန်းရွှဲ့ မျက်မှောင်ကြုံ့လိုက်၏။

“အားလုံးပဲ တိုက်ပွဲအတွက် ပြင်ဆင်ကြ။”

“ဟုတ်ကဲ့။”

လူတိုင်းသည် ၎င်းတို့သေနတ်များ၏ လုံခြုံရေး ခလုတ်များကို ချက်ချင်းဖြုတ်လိုက်ကြပြီး အရှေ့တည့်တည့်သို့ သေနတ်ပြောင်းဝများ ချိန်ရွယ်လိုက်ကြသည်။

အရှေ့ဆုံးတွင် နေရာယူထားသော ဧရာမဘီလူးကြီးများသည်လည်း ၎င်းတို့၏ သတ္တုတုတ်များကို လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း အရှေ့ဘက်သို့ စိုးရိမ်တကြီး စိုက်ကြည့်နေကြ၏။

အသံက ပိုမိုနီးကပ်လာသည်နှင့်အမျှ မြေပြင် တုန်ခါမှုမှာလည်း ပိုမိုပြင်းထန်လာခဲ့သည်။

ကျားကျန့်သည် အသံ၏အကွာအဝေးကို သေသေချာချာ အာရုံခံကာ ခွဲခြားလိုက်၏။ ထို့နောက် အချိန်ကိုက်တစ်ခုတွင် သူက ဟစ်အော်လိုက်သည်။

“အရှေ့တည့်တည့်မှာပဲ တိုက်ခိုက်ကြ...။”

“ဟုတ်ကဲ့...”

ဟူကျဲနှင့် အခြားသူများသည်လည်း ချက်ချင်းပင် အော်ဟစ်တုံ့ပြန်လိုက်ကြသည်။

ဧရာမဘီလူးကြီးများအားလုံးသည် ၎င်းတို့၏ သတ္တုတုတ်များကို တညီတညွတ်တည်း လွှဲယမ်းကာ အရှေ့သို့ ထိုးနှက်လိုက်ကြတော့သည်။

“ကလန်....”

ဟူကျဲသည် သတ္တုစစ်စစ်ဖြင့် ပြုလုပ်ထားသော တောင်ကြီးတစ်လုံးကို ထိုးနှက်မိလိုက်သကဲ့သို့ ခံစားလိုက်ရပြီး တုန်ခါမှုကြောင့် သူ့လက်မောင်းတစ်ခုလုံးပင် ထုံကျင်သွားခဲ့ရသည်။

သူသည် ၎င်း၏ သတ္တုတုတ်ကို အနောက်သို့ ချက်ချင်း ပြန်ဆွဲရန် ကြိုးစားလိုက်သော်လည်း ၎င်းကို လုံးဝ ပြန်ဆွဲထုတ်၍ မရတော့ကြောင်း ရုတ်တရက် သိလိုက်ရ၏ည်။

အခြားဘီလူးကြီးများလည်း အလားတူအခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။

“အားလုံးပဲ...သတ္တုတုတ်တွေကို ပြန်ရအောင် တစ်ယောက်ကိုတစ်ယောက် ကူညီပြီး ဆွဲကြ။”

ကျားကျန့်က ချက်ချင်း ပြောလိုက်သည်။

မသေမျိုး မျိုးနွယ်စုများ၏ စွမ်းရည်များမှာ မသေမျိုး မြူခိုးများထဲတွင် ပိုမိုမြင့်မားလာလေ့ရှိသည်။ ဤနေရာရှိ အမည်းရောင်မြူခိုးများ၏ သိပ်သည်းဆမှာ အလွန်မြင့်မားနေပြီဖြစ်ရာ မသေမျိုး မျိုးနွယ်စုများ၏ စွမ်းဆောင်ရည်မှာ နှစ်ဆနီးပါးအထိ မြင့်တက်နေလောက်ပြီဖြစ်သည်။

အကယ်၍ မသေမျိုး မျိုးနွယ်စုဝင်တစ်ဦးသည် မူလက ဧရာမဘီလူးတစ်ကောင်နှင့် ယှဉ်နိုင်သော ခွန်အားရှိခဲ့မည်ဆိုလျှင် ယခုအချိန်တွင် ၎င်းတို့၏ ခွန်အားမှာ ဧရာမဘီလူးများထက် များစွာ သာလွန်နေလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဟူကျဲနှင့် အခြားသူများ ၎င်းတို့ကို ပြန်မဆွဲနိုင်ကြခြင်းမှာ လုံးဝ ပုံမှန်ပင်ဖြစ်သည်။

ကျားကျန့်၏ စကားကို ကြားသောအခါ ဟူကျဲသည် မိမိ၏ သတ္တုတုတ်ကို ပြတ်ပြတ်သားသားပင် လက်လွှတ်လိုက်ပြီး ဘေးနားရှိ အခြားဧရာမဘီလူးကြီးတစ်ကောင်ကို သွားကူညီလိုက်သည်။

သူ သတ္တုတုတ်ကို လွှတ်လိုက်သည့်အခိုက်တွင် ထိုတုတ်သည် ဝူး ခနဲ အသံနှင့်အတူ အမည်းရောင်မြူခိုးများထဲသို့ စုပ်ယူခံလိုက်ရပြီး ကြီးမားသောအရာတစ်ခု ပြုတ်ကျသွားသည့်အသံနှင့်အတူ အခြားအရာအချို့ကိုပါ သွားရောက်ရိုက်မိသွားသည့်ပုံမျိုး ထင်ထင်ရှားရှား မြင်လိုက်ရလေသည်။

လဲကျသွားသော မသေမျိုး မျိုးနွယ်စုဝင်မှာ အလွန်ဒေါသထွက်သွား၏။

“ဒီဘီလူးက စစ်မှန်တဲ့ သတ္တိနည်းနည်းမှမရှိဘူးလား။ ငါတို့က ရှင်းရှင်းလင်းလင်း ခွန်အားချင်း ပြိုင်နေကြတာကို။ မင်းက ဘာလို့ ရုတ်တရက်ကြီး လက်လွှတ်လိုက်ရတာလဲ။”

ဟူကျဲကမူ မသေမျိုး မျိုးနွယ်စု၏ ဒေါသကို စိုးစဉ်းမျှ ဂရုမစိုက်ဘဲ ဘေးနားရှိ အဖွဲ့ဝင်၏ သတ္တုတုတ်ကို လှမ်းကိုင်ကာ မိမိ၏ ခွန်အားရှိသမျှ အနောက်သို့ ပြန်ဆွဲထုတ်လိုက်တော့သည်။

ဘီလူးနှစ်ကောင် တစ်ပြိုင်နက်တည်း အားစိုက်ထုတ်လိုက်သဖြင့် ပြိုင်ဘက်မှာလည်း ဆက်ပြီး တောင့်မခံနိုင်တော့ချေ။

နောက်ဆုံးတွင် သတ္တုတုတ်မှာ ကျွတ်ထွက်သွားခဲ့ပြီး ဟူကျဲနှင့် သူ့အဖော်မှာ အနောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းထိုးဆုတ်ခွာသွားပြီးမှ ပြန်လည်ရပ်တန့်နိုင်ခဲ့သည်။

“မြန်မြန်...တခြားလူတွေကို သွားကူရမယ်။”

ဟူကျဲက အလျင်အမြန် ပြောလိုက်သည်။

အခြားဘီလူးကြီးက ခေါင်းညိတ်လိုက်ပြီး အနီးဆုံးရှိ ဘီလူးတစ်ကောင်ထံသို့ ကူညီရန် ချက်ချင်းပြေးသွားတော့သည်။

တစ်ချိန်တည်းမှာပင် ဟူကျဲသည် ပြန်လည်ရရှိလာသော သတ္တုတုတ်ကို အနောက်ဘက် အန္တရာယ်ကင်းရာသို့ လွှဲပြောင်းပေးလိုက်သည်။

ဤမျှ ကောင်းမွန်သော လက်နက်ကို လုံးဝ အဆုံးရှုံးခံ၍ မဖြစ်ချေ။

ထိုအချိန်တွင် အမည်းရောင်မြူခိုးများထဲသို့ ပိုမိုများပြားသော ဘီလူးကြီးများ ဆွဲသွင်းခံနေရပြီဖြစ်သည်။

“ခွန်အားချင်း ပြိုင်လို့မရတဲ့သူတွေအားလုံး ချက်ချင်း လက်လွှတ်လိုက်ကြ။”

ကျားကျန့်က အသံကျယ်ကျယ်ဖြင့် ဟစ်အော်လိုက်၏။

ဧရာမဘီလူးမျိုးနွယ်စု၏ တစ်ဝက်ကျော်မှာ လက်လွှတ်လိုက်ကြရာ အမည်းရောင်မြူခိုးများထဲမှ အရာဝတ္ထုများ ပြုတ်ကျသွားသည့်အသံများ တစ်ဖန် ထပ်မံထွက်ပေါ်လာပြန်သည်။

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ အမည်းရောင်မြူခိုးထဲမှာ အရမ်းသန်မာတဲ့ မသေမျိုး မျိုးနွယ်စုဝင်တွေ ပေါ်လာပါတယ်။ ငါတို့ သူတို့ကို လုံးဝ အနိုင်မတိုက်နိုင်ဘူး။”

ကျားကျန့်က ရှောင်းယီထံသို့ ပြတ်ပြတ်သားသား အစီရင်ခံလိုက်သည်။

၎င်းကို ကြားလျှင် ရှောင်းယီက တည်ကြည်လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။။

“ချက်ချင်း ဆုတ်ခွာခဲ့ကြ။ ပြီးတော့ ကျန်းရွှဲ့ အစ်မတို့အဖွဲ့တွေပါ အကုန်ဆုတ်ခဲ့တော့။”

“ဟုတ်ကဲ့။”

“ဟုတ်ကဲ့။”

ရှောင်းယီ၏ အမိန့်ကို ရရှိသည်နှင့် ဧရာမဘီလူးမျိုးနွယ်စုနှင့် မဟာမိတ်တပ်ဖွဲ့များသည် အနောက်ဘက်သို့ ချက်ချင်း ဆုတ်ခွာခဲ့ကြ၏။

သို့သော်လည်း ယခုတစ်ကြိမ်တွင် ထိုမသေမျိုးမျိုးနွယ်စုဝင်များသည် သူတို့နောက်သို့ တိုက်ရိုက် လိုက်လံတိုက်ခိုက်လာကြတော့သည်။

“ကျွန်းပိုင်ရှင် မသေမျိုးမျိုးနွယ်စုတွေ ကျွန်မတို့နောက်ကို လိုက်လာနေကြတယ်။”

ကျန်းရွှဲ့က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“အစ်မတို့ရဲ့ တိကျတဲ့ တည်နေရာကို အမြဲတမ်း အစီရင်ခံနေပါ။ လေကြောင်းပစ်ကူကနေ ပစ်ခတ်မှုနဲ့ အကာအကွယ်ပေးလိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့။”

ကျန်းရွှဲ့သည် မိမိ၏ တည်နေရာကို အချိန်နှင့်အမျှ အစီရင်ခံနေပြီး လေကြောင်းတပ်ဖွဲ့များကလည်း တစ်ဖန် ပြန်လည်လှုပ်ရှားလာခဲ့ကြသည်။

ကျန်းရွှဲ့၏ တည်နေရာအပေါ် အခြေခံ၍ လေကြောင်းလက်နက်များသည် မြေပြင်ဆီသို့ ဘက်စုံပစ်ခတ်မှု အကာအကွယ်များကို အချိန်နဲ့တပြေးညီ အဆက်မပြတ် ပေးစွမ်းခဲ့ကြ၏။

လေကြောင်းပစ်ကူများကြောင့် မြေပြင်တပ်ဖွဲ့များအပေါ် ကျရောက်နေသော ဖိအားများမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်။ တစ်ကီလိုမီတာနီးပါး ဆုတ်ခွာပြီးနောက်ဆုံးတွင်မူ ကျန်းရွှဲ့သည် ၎င်းတို့၏ စစ်မျက်နှာကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

သို့သော်လည်း ကျန်းရွှဲ့တို့အဖွဲ့အပေါ် ကျရောက်နေသော ဖိအားများမှာ ကြီးမားနေဆဲပင်။ ၎င်းတို့အနေဖြင့် ယခုတစ်ကြိမ်တွင် အတင်းတိုးဝင်လာသော မသေမျိုး မျိုးနွယ်စုဝင်များကို နောက်ဆုတ်သွားအောင်သာ လုပ်နိုင်ပြီး အပြတ်မသတ်ပစ်နိုင်ကြချေ။ ၎င်းကို ကြည့်ခြင်းအားဖြင့် ထိုမသေမျိုး မျိုးနွယ်စုဝင်များသည် အဆင့်မြင့်ကြပြီး အားလုံးမှာလည်း စွမ်းရည် မြှင့်တင်ခံထားရသူများ ဖြစ်ကြောင်း ထင်ရှားနေပေသည်။

“ကျွန်းပိုင်ရှင် မသေမျိုးမျိုးနွယ်စုဘက်က တိုက်စစ်က လောလောဆယ် တအားပြင်းထန်နေပါတယ်။ တကယ်လို့ သူတို့က တိုက်စစ်ကို ဒီထက်ပိုပြီး မြှင့်တင်လိုက်ရင် ကျွန်မတို့ ဆက်ပြီး ဆုတ်ခွာရလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။”

ကျန်းရွှဲ့က အစီရင်ခံလိုက်၏။ ရှောင်းယီသည် ခဏကြာအောင် စဉ်းစားပြီးနောက် တည်ကြည်လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

“ပစ်မတို့ နေရာကို မဖြစ်မနေ အသေအလဲ ထိန်းထားရမယ်။ ကျုပ်တို့ဘက်ကနေလည်း ခေါင်းဆောင်သုတ်သင်ရေး မစ်ရှင်ကို အခုချက်ချင်း စတော့မယ်။”

“ဟုတ်ကဲ့ပါ။ စိတ်ချပါ ကျွန်းပိုင်ရှင်။”

ရှောင်းယီသည် ဝေါ်ကီတော်ကီကို ဘေးသို့ ချထားလိုက်ပြီးနောက် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။

“မြေပြင်တပ်ဖွဲ့တွေက လောလောဆယ် မသေမျိုး မျိုးနွယ်စုနဲ့ အပြန်အလှန် ထိန်းချုပ်ထားတဲ့ အခြေအနေမှာ ရှိနေတယ်။ အခုက ငါတို့အတွက် ခေါင်းဆောင်သုတ်သင်ရေး မစ်ရှင်ကို လုပ်ဆောင်ဖို့ အကောင်းဆုံး အချိန်ပဲ။ ခဏနေရင် ရဟတ်ယာဉ်က ငါတို့ကို ဟင်းလင်းပြင် အက်ကွဲကြောင်းနဲ့ ခုနစ်ကီလိုမီတာလောက် အကွာအဝေးရှိတဲ့ နေရာအထိ ပို့ဆောင်ပေးလိမ့်မယ်။ ကျန်တဲ့ ခုနစ်ကီလိုမီတာကိုတော့ ငါတို့ကိုယ်တိုင် တိတ်တဆိတ် ချဉ်းကပ်သွားကြရမယ်။”

လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်လိုက်ကြသည်။ ရှောင်းယီသည် ဟင်းလင်းပြင် အက်ကွဲကြောင်းသို့ ချဉ်းကပ်မည့် အခြေအနေကို မနေ့ကတည်းက သူတို့ကို သေသေချာချာ ရှင်းပြထားခဲ့ပြီးသား ဖြစ်သည်။

ရဟတ်ယာဉ်များသည် ဟင်းလင်းပြင် အက်ကွဲကြောင်းနှင့် အနီးကပ် မပျံသန်းနိုင်သည့်အပြင် အက်ကွဲကြောင်း တည်ရှိရာနေရာ အနီးတစ်ဝိုက်တွင် အလွန်သန်မာသော လေကြောင်းပျံသန်းရေးတပ်ဖွဲ့များ ရှိနေကြောင်းကိုလည်း သူတို့ သိထားကြသည်။

မည်သူမျှ ကန့်ကွက်စရာမရှိသည်ကို မြင်လျှင် ရှောင်းယီက အမိန့်ပေးလိုက်၏။

“သတ်မှတ်ထားတဲ့ နေရာကို ဦးတည်ပြီး ပျံသန်းလိုက်တော့။”

“ဟုတ်ကဲ့။”

ထိုအချိန်တွင် တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များစွာသည် ကောင်းကင်ယံ၌ ဟိုဟိုဒီဒီ အပြန်အလှန် ပျံသန်းနေကြပြီး မြေပြင်ကို ပစ်ကူပေးနေသော အခြားလေကြောင်းတပ်ဖွဲ့များကလည်း ရှေ့သို့ ပျံသန်းလာကြကာ ရှောင်းယီနှင့် အခြားသူများကို တင်ဆောင်လာသော ရဟတ်ယာဉ်ကို အကာအကွယ်ပေးရန် ထိုနည်းလမ်းကို အသုံးပြုခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ရှောင်းယီတို့ သွားမည့် အောက်ခြေဧရိယာဆီသို့ ဗုံးကြဲမှု အကာအကွယ်များကို အဆက်မပြတ် လုပ်ဆောင်ပေးလျက် မသေမျိုးမျိုးနွယ်စု၏ ခံစစ်လိုင်းကို ဖြတ်တောက်ရန် ကြိုးပမ်းခဲ့ကြသည်။

“ကျွန်းပိုင်ရှင် ကျုပ်တို့ သတ်မှတ်ထားတဲ့ နေရာကို ရောက်ပါပြီ။”

ယာဉ်မောင်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

“အမြင့်ကို လျှော့ချလိုက်။ ဇစ်လိုင်းကြိုးကို ချလိုက်တော့။”

“ဟုတ်ကဲ့။”

ရဟတ်ယာဉ်သည် ၎င်း၏ အမြင့်ကို အဆက်မပြတ် လျှော့ချလိုက်၏။ ရှောင်းယီသည်လည်း နီးကပ်လာသော မသေမျိုးမြူခိုးများကို သေသေချာချာ အကဲခတ်နေခဲ့သည်။

“ကောင်းပြီ။ ဒီနေရာမှာပဲ ဝဲနေပေးထား။ ငါတို့ အောက်ကို ဆင်းတော့မယ်။”

ရှောင်းယီက လေးနက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့။”

All Chapters