← Chapters

အခန်း ၁၂၀၈

Vol. 104 Ch. 1208

အခန်း ၁၂၀၈

Vol. 104 Ch. 1208

အခန်း ၁၂၀၈

ရှောင်းယီသည် ၎င်းတို့ကို ၎င်းတို့ဆန္ဒအတိုင်း လွယ်လွယ်ကူကူ လွှတ်ပေးလိမ့်မည်မဟုတ်ပေ။ မကြာမီမှာပင် သူသည် လျင်မြန်သော ခြေလှမ်းများဖြင့် မီတာနှစ်ရာအကွာအဝေးကို ဖြတ်ကျော်ကာ အကြီးအကဲများအဖွဲ့၏ ရှေ့ကနေ ပိတ်ဆို့လိုက်တော့သည်။

“ဟမ့်... အခုမှ ထွက်သွားဖို့ ကြိုးစားနေတာလား။ နည်းနည်းတော့ နောက်ကျလွန်းမနေဘူးလား။”

ရှောင်းယီသည် ထိုအကြီးအကဲများကို ကြည့်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

အကြီးအကဲများအားလုံး ကြောင်အမ်းသွားကြပြီး ထိုအခိုက်အတန့်၌ပင် ရှောင်းယီသည် ရွှမ်းယွမ်ဓားဖြင့် ချက်ချင်း ဝင်ရောက်တိုက်ခိုက်လိုက်တော့သည်။

အကြီးအကဲတစ်ဦးမှာ ရှောင်းယီ၏ ဓားချက်ကြောင့် စက္ကန့်ပိုင်းအတွင်း ခေါင်းပြတ်ကျသွားခဲ့ရ၏။

ရှောင်းယီသည် ၎င်းတို့ကို အလစ်အငိုက်မိစေရန်အတွက် စောစောက အဓိပ္ပာယ်မရှိသော စကားများကို ရည်ရွယ်ချက်ရှိရှိ ပြောဆိုခဲ့ခြင်း ဖြစ်၏။

စောစောက သူအကဲခတ်မိသလောက်ဆိုလျှင် ဤမသေမျိုးမျိုးနွယ်စု အကြီးအကဲများသည် အမည်းရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းရှိသည့်အပြင် စကားလည်း ပြောဆိုနိုင်ကြသည်။ ဤအချက်က ၎င်းတို့တွင် အတိုင်းအတာတစ်ခုအထိ အသိဉာဏ်ပည ရှိကြောင်း ထင်ရှားနေ၏။

၎င်းတို့တွင် အသိဉာဏ်ပညာရှိနေသရွေ့ ရှောင်းယီအနေဖြင့် မိမိ၏ တယ်လီပသီစွမ်းရည်ကို အသုံးပြုကာ သူ၏စကားများကို ၎င်းတို့နားလည်အောင် လုပ်ဆောင်နိုင်ပေသည်။

မသေမျိုး မျိုးနွယ်စုဝင်များ ဖြစ်ကြသည့်အတွက် ၎င်းတို့တွင် ကိုယ်ပိုင်ထူးခြားသော ဘာသာစကား ရှိနေပေလိမ့်မည်။ ထို့ကြောင့် မျိုးနွယ်ခြား၏ ဘာသာစကားကို ၎င်းတို့ ရုတ်တရက် နားလည်သွားကြသည့်အခါတွင် တစ်ခဏမျှ ကြောင်အမ်းသွားကြမည်မှာ မလွဲဧကန်ပင်။

ရှောင်းယီအတွက်မူ ထိုကဲ့သို့သော တစ်ခဏတာ အချိန်လေးသည် ၎င်းတို့ထဲမှ တစ်ယောက်ကို အပြတ်ရှင်းပစ်ရန် လုံလောက်ပေသည်။

ကိုးယောက်မြောက် အကြီးအကဲမှာ ရှောင်းယီ၏ လက်ချက်ဖြင့် လွယ်လွယ်ကူကူ ခေါင်းဖြတ်ခံလိုက်ရသည်ကို မြင်လျှင် အခြားသူများသည် ချက်ချင်းပင် သတိပြန်ဝင်လာကြပြီး အားလုံးပူးပေါင်း၍ ရှောင်းယီထံသို့ စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုဖြင့် တိုက်ခိုက်လိုက်ကြတော့သည်။

ရှောင်းယီသည် သူ၏ဦးခေါင်း အနည်းငယ် လေးလံသွားသလို ခံစားလိုက်ရသော်လည်း အခြားထူးခြားသော သက်ရောက်မှုတော့ မရှိခဲ့ချေ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်အပေါ် လုံးဝလုံးဝ သက်ရောက်မှု မရှိခဲ့ပါချေ။

သို့သော်လည်း သူသည် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုနေရာတွင်တင် ကြောင်အမ်းသွားသည့်ပုံစံ ဖမ်းလိုက်၏။

“ဟားဟားဟား... ဒီအပြင်လူက ငါတို့ရဲ့ စိတ်ဝိဉာည် တိုက်ခိုက်မှုတွေရဲ့ ထူးခြားဆန်းကြယ်မှုကို သိပုံမရဘူး။ အခု သူ ငါတို့ရဲ့လှည့်ကွက်ထဲ မိသွားပြီ။”

“မင်းမှာ အဆင့်မြင့်လက်နက်တွေ ဘယ်လောက်ပဲရှိရှိ ဘာဖြစ်လဲ။ ငါတို့ရဲ့ လက်ထဲမှာ ကျဆုံးရမှာပဲ။”

“ကိုးယောက်မြောက်ညီလေး...ငါ မင်းအတွက် ကလဲ့စားချေပေးမယ်။”

ထိုသို့ပြောဆိုရင်းဖြင့် ခုနစ်ယောက်မြောက် အကြီးအကဲသည် ရှောင်းယီ၏ လည်ပင်းကို ဖမ်းဆွဲရန် လက်လှမ်းလိုက်၏။

သူသည် ရှောင်းယီ၏ လည်ပင်းကို လိမ်ချိုးကာ ခေါင်းကို ဖြတ်ယူပြီး ကိုးယောက်မြောက် လူကြီးမင်းကို လက်စားချေလိုခြင်း ဖြစ်၏။

“အနားကို တိုးမသွားနဲ့။”

မဟာအကြီးအကဲက ရုတ်တရက် အော်ဟစ်တားဆီးလိုက်၏။ သို့သော်လည်း ရွှပ်ခနဲ အသံနှင့်အတူ ခုနစ်ယောက်မြောက် အကြီးအကဲ၏ ဦးခေါင်းသည်လည်း မြေပြင်ပေါ်သို့ လိမ့်ဆင်းသွားခဲ့ပြီ ဖြစ်သည်။

ကျန်ရှိနေသော အကြီးအကဲများမှာ ထိတ်လန့်သွားကြပြီး အနောက်သို့ လျင်မြန်စွာ ခြေလှမ်းတစ်လှမ်း ဆုတ်ခွာလိုက်ကြသည်။ ထိုစဉ် မဟာအကြီးအကဲ၏ ခက်ထန်မောက်မာသော အသံတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။

“မင်းက တကယ့်ကို တော်ပါတယ် ရှောင်းယီ...။ ငါတို့ရဲ့ စိတ်ဝိဉာည် တိုက်ခိုက်မှုတွေကို မင်းက ကာကွယ်နိုင်လိမ့်မယ်လို့ ငါ တကယ်မထင်ထားမိဘူး။”

“ကံကောင်းသွားတာပါ။ မင်းတို့တွေ စိတ်ဝိဉာည် တိုက်ခိုက်မှုတွေကို နောက်တစ်ခေါက်လောက် ထပ်သုံးကြည့်ဦးမလား။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်ရင်း မျက်လုံးထောင့်မှနေ၍ ကျန်းယွင်ထျန်းနှင့် အခြားသူများကို အကဲခတ်လိုက်ရာ ၎င်းတို့သည် အကြီးအကဲ သက်တော်စောင့်များနှင့် လုံးထွေးသတ်ပုတ်နေကြပြီး ခဏတဖြုတ်အတွင်း ပြိုင်ဘက်ကို အပြတ်မရှင်းနိုင်သေးကြောင်း တွေ့လိုက်ရသည်။

“ဟမ့် အချိန်ဆွဲဖို့ ကြိုးစားနေတဲ့ မင်းရဲ့ လှည့်ကွက်အသေးစားလေးက ငါ့မျက်စိထဲကနေ လုံးဝ ပြေးမလွတ်နိုင်ဘူးကွ။ အခုချက်ချင်း တိုက်ခိုက်ကြစမ်း။”

မဟာအကြီးအကဲ အေးစက်စွာ နှာခေါင်းရှုံ့ရင်း ဆက်ပြောလိုက်သည်။

မဟာအကြီးအကဲ၏ အမိန့်ပေးမှုအောက်တွင် ကျန်ရှိနေသော အကြီးအကဲ ခြောက်ယောက်စလုံးသည် ရှောင်းယီထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြရာ ရှောင်းယီအနေဖြင့်လည်း ရွှမ်းယွမ်ဓားကို ကိုင်ဆောင်ကာ ၎င်းတို့ကို ရင်ဆိုင်တိုက်ခိုက်ရုံမှတစ်ပါး အခြားမရှိတော့ချေ။

“ထိပ်တန်းအကြီးအကဲ ခြောက်ယောက်ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်မှာ မင်း ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်။”

မဟာအကြီးအကဲက ပြုံးကာ ပြောပြီးနောက် ဘေးနားရှိ အမည်းရောင်မြူခိုးများ ရှိရာဆီသို့ ဆက်လက် ရွေ့လျားသွားခဲ့သည်။

မဟာအကြီးအကဲ၏ လှုပ်ရှားမှုကို မြင်လျှင် ရှောင်းယီက အသံကျယ်ကျယ်ဖြင့် ချက်ချင်း ဟစ်အော်လိုက်၏။

“အားလုံးပဲ တိုက်စစ်ကို မြှင့်လိုက်ကြစမ်း။ မဟာအကြီးအကဲ ထွက်ပြေးဖို့ ကြိုးစားနေပြီ။”

ကျိကျိယင်းသည် ရှောင်းယီတစ်ဦးတည်းနှင့်တင် မသေမျိုးမျိုးနွယ်စု အကြီးအကဲ ခြောက်ယောက်၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားနိုင်သည်ကို မြင်သောအခါ စိတ်ထဲမှ တွေးလိုက်၏။

“ဒီမသေမျိုးမျိုးနွယ်စုက ပြောသလောက်လည်း မထူးခြားပါဘူး။”

“မင်းတို့ ဒီနေရာက အခြေအနေကို ကိုင်တွယ်ထားလိုက်။ ငါ မဟာအကြီးအကဲကို သွားတားလိုက်မယ်။”

ကျိကျိယင်းက ပြောပြောဆိုဆိုဖြင့် အခြားသူများ၏ သဘောတူညီချက်ကိုပင် မစောင့်တော့ဘဲ မဟာအကြီးအကဲ ရှိရာဆီသို့ တိုက်ရိုက် ပြေးဝင်သွားတော့သည်။

ရှောင်းယီကဲ့သို့ ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားသော ကျိကျိယင်းတစ်ယောက် တိုးဝင်လာသည်ကို မြင်လျှင် မဟာအကြီးအကဲသည်လည်း ၎င်းကို ရင်ဆိုင်ရန် အနောက်သို့ ပြန်လှည့်လာခဲ့ရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့ချေ။

သူသည် စိတ်ဝိဉာည် တိုက်ခိုက်မှုများကို အသုံးပြုရန် ကြိုးပမ်းခဲ့သော်လည်း ကျိကျိယင်းမှာလည်း သူ၏စိတ်ဝိဉာည် တိုက်ခိုက်မှုများ၏ သက်ရောက်မှုကို လုံးဝနီးပါး မခံရကြောင်း စိတ်ပျက်လက်ပျက်ဖြင့် သိလိုက်ရတော့သည်။

ဤအချက်က သူ့ကို အလွန်ပင် စိတ်ရှုပ်ထွေးသွားစေခဲ့သည်။ မသေမျိုး မျိုးနွယ်စု၏ အကြီးအကဲတစ်ဦးအနေဖြင့် သူသည် စိတ်ဝိဉာည် တိုက်ခိုက်မှုများကိုသာ အဓိက အားကိုးပြီး အသက်မွေးခဲ့ရခြင်း ဖြစ်သည်။

ယခုမူ ရှောင်းယီက ၎င်းတို့၏ အဓိကလုပ်ကွက်ကြီးကို ရိုက်ခွဲဖျက်ဆီးပစ်လိုက်ပြီဖြစ်ရာ ဤသည်မှာ တကယ်ကို အနိုင်ကျင့်လွန်းရာ ကျလွန်းလှပေသည်။

မဟာအကြီးအကဲမှာ အခြားနည်းလမ်းမရှိတော့သဖြင့် ခွန်အားနှင့် လျင်မြန်မှုကိုသာ အသုံးပြု၍ ကျိကျိယင်းကို ရင်ဆိုင်တိုက်ခိုက်ရတော့သည်။

ထိုးနှက်တိုက်ခိုက်မိသည့်အခါတွင်မူ ကျိကျိယင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပျက်ယွင်းသွား၏။ အဘယ့်ကြောင့်ဆိုသော် ဤမသေမျိုး မျိုးနွယ်စု မဟာအကြီးအကဲသည် အရမ်းသန်မာလွန်းနေပြီး သူ့အနေဖြင့် အမှန်တကယ် ဖိနှိပ်ခြင်းကို ခံနေရသောကြောင့် ဖြစ်သည်။

သူ့အနေဖြင့် ဖိနှိပ်ခြင်းခံနေရသော်လည်း အနည်းဆုံးတော့ မဟာအကြီးအကဲကို မလှုပ်နိုင်အောင် ဆွဲထားနိုင်ခဲ့သည်။

အခြားတစ်ဖက်တွင်မူ မသေမျိုး မျိုးနွယ်စုဝင်အများအပြားသည် လေထုသန့်စင်မျှခြေထိန်းစက်၏ အနီးတွင် စောင့်ကြပ်နေကြသော အခြားအဖွဲ့ဝင်များကို ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။

ယခုတစ်ကြိမ်၌ ဆင့်ခေါ်ခြင်းခံထားရသော မသေမျိုးမျိုးနွယ်စုဝင်များမှာ ထူးခြားဆန်းကြယ်စွာ အားကောင်းလှသဖြင့် ဤနေရာရှိ လူတစ်ဆယ်သုံးဦးမှာလည်း အလွန်အမင်း ခံရခက်နေကြရသည်။

တစ်ခဏတာအတွင်း ဟင်းလင်းပြင် အက်ကွဲကြောင်း တည်ရှိရာ စစ်မျက်နှာတစ်ခုလုံးသည် အပြန်အလှန် ထိန်းချုပ်ထားသည့် အကျပ်အတည်းအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။

ဘယ်ဘက်ကမှ အခြားတစ်ဖက်ကို ခဏတဖြုတ်အတွင်း ဘာမှမလုပ်နိုင်ကြချေ။

ထိုအခိုက်အတန့်တွင် ဧရာမ နဂါးဦးခေါင်းခွံအရိုးစုကြီးတစ်ခုသည် ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းမှ အမှန်တကယ်ပင် တိုးထွက်လာ၏။ ၎င်းသည် အနောက်တိုင်းစတိုင် နဂါးခေါင်းမျိုးမဟုတ်ဘဲ စစ်မှန်သော ရှားနိုင်ငံ၏ ကိုးကွယ်ရာ အစစ်အမှန်နဂါး၏ ဦးခေါင်းစစ်စစ်ဖြစ်ပေသည်။

ထို့နောက်တွင်မူ အရိုးနဂါးကြီးသည် ၎င်း၏ လက်သည်းများကို အပြင်သို့ ရောက်အောင် အတင်းရုန်းကန်ထုတ်လိုက်ပြီးနောက် အပြင်သို့တွားတက်ရန် အသည်းအသန် ကြိုးပမ်းတော့သည်။ သို့သော်လည်း အနည်းငယ် ခက်ခဲနေပုံရသည်။

ဘေးနားတွင် ကျိကျိယင်းနှင့် တိုက်ခိုက်နေသော မဟာအကြီးအကဲသည် ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ အလွန်အမင်း ဝမ်းသာသွားခဲ့၏။

“ဟားဟားဟား အခု မင်းတို့အားလုံး သေရတော့မယ်ကွ...။”

ကျိကျိယင်းနှင့် လက်သီးတစ်ချက်စီ ဖလှယ်ပြီးနောက် မဟာအကြီးအကဲသည် ဟင်းလင်းပြင် အက်ကွဲကြောင်းရှိရာဆီသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။

မဟာအကြီးအကဲက မိမိနှင့် ဆက်မတိုက်တော့သည်ကို မြင်သောအခါ ကျိကျိယင်း အနည်းငယ် စိတ်သက်သာရာရသွားခဲ့လေသည်။

သို့သော်လည်း ရှောင်းယီက အော်ဟစ်လိုက်သည်။

“ကျိကျိယင်း မဟာအကြီးအကဲကို အခုချက်ချင်း သွားဆွဲထားစမ်း။ သူ အဲ့ဒီ အရိုးနဂါး အပြင်ကို တွားထွက်လာအောင် လုံးဝမကူညီခိုင်းနဲ့။”

ကျိကျိယင်း အနည်းငယ် ကြောင်အမ်းသွားခဲ့ပြီးနောက် ချက်ချင်း ပြေးဝင်သွားခဲ့သော်လည်း ၎င်း၏ ထိုတစ်ခဏတာ တွန့်ဆုတ်သွားမှုအတွင်းမှာပင် မဟာအကြီးအကဲသည် ဆင့်ခေါ်ခြင်းအစီအစဉ်ကို အမှန်တကယ်ပင် အောင်မြင်စွာ လုပ်ဆောင်သွားခဲ့ပြီ ဖြစ်သည်။

ကောင်းကင်၌ ရေတွက်၍မရနိုင်သော အမည်းရောင်မျှင်စုများစွာ ဖြစ်တည်လာခဲ့သည်။ ဤအမည်းရောင်မျှင်တန်းများသည် အမည်းရောင်မြူခိုးများမဟုတ်ကြသဖြင့် လေထုသန့်စင်စက်မှာလည်း ၎င်းတို့အပေါ် သက်ရောက်မှု မရှိချေ။

ထိုအမည်းရောင်မျှင်တန်းများသည် ဟင်းလင်းပြင် အက်ကွဲကြောင်း တည်ရှိရာနေရာသို့ ချက်ချင်း ကပ်ငြိသွားကြ၏။ အက်ကွဲကြောင်းကြီးမှာ ချောဆီသုတ်လိမ်းလိုက်သကဲ့သို့ ဖြစ်သွားခဲ့ပြီး အရိုးနဂါးကြီးသည်လည်း ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်ခန့်ကို အပြင်သို့ တစ်ဟုန်ထိုး တိုးထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

ရှောင်းယီ စိတ်ထဲမှ မကောင်းတော့ကြောင်း သိလိုက်ပြီး စာချုပ်စွမ်းအားမှတစ်ဆင့် သူ့စိတ်ထဲကနေ ချင်းလုံကို ဆင့်ခေါ်လိုက်သည်။ နဂါးနန်းတော်တွင် အနားယူနေသော ချင်းလုံသည် ချက်ချင်းပင် မျက်လုံးများပွင့်လာခဲ့ပြီး ရေသူမျိုးနွယ်စု၏ အလတ်စား တည်နေကာကူးပြောင်းခြင်းအစီအရင်ဆီသို့ အပြေးအလွှား ရောက်လာခဲ့တော့သည်။

ရေသူမျိုးနွယ်စု၏ အကြီးအကဲ လင်းနီကျိသည်လည်း ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲဖြစ်ပွားနေသည်ကို သိရှိထားသဖြင့် ချင်းလုံအား အစီအရင်ကို ဖြတ်ကျော်ကာ ရှေ့တန်းသို့ ကူးပြောင်းနိုင်ရန် တိုက်ရိုက် ကူညီပေးခဲ့သည်။ ကြီးမားလှသော စိမ်းပြာနဂါးကြီးတစ်ကောင်သည် ဗဟိုနယ်မြေ၏ တည်နေရာကူးပြောင်းခြင်းအစီအရင်ပေါ်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးကို ကြောင်အမ်းသွားစေခဲ့လေသည်။

“ဒါက ဘာသတ္တဝါကြီးလဲ။ ငါတို့ရဲ့ တည်နေရာကူးပြောင်းခြင်း အစီအရင်ထဲကနေ ဘယ်လို ထွက်လာတာလဲ။”

“ဟုတ်ပါ့။ သူ့ခန္ဓာကိုယ်ပေါ်က အငွေ့အသက်က အရမ်း ကြောက်စရာကောင်းလွန်းတယ်။”

“ကြည့်းစမ်း သူ မြူခိုးတွေထဲကို ပြေးဝင်သွားပြီဟေ့။”

“အဲ့ဒါက သူဌေးရဲ့ အိမ်မွေးတိရစ္ဆာန် စိမ်းပြာနဂါးလေ။ မင်းတို့က လူသစ်တွေမလို့ မသိကြတာ။”

“ဒါကလည်း သူဌေးရဲ့ အိမ်မွေးတိရစ္ဆာန်ပဲလား။ ဒါက အရမ်း သန်မာလွန်းတာပဲ။”

“အင်း... ဒါပေမဲ့ သူဌေးက ချင်းလုံကိုပါ ဆင့်ခေါ်လိုက်ရပြီဆိုတော့ ခေါင်းဆောင်သုတ်သင်ရေး မစ်ရှင်က သိပ်အဆင်မပြေလှဘူးနဲ့ တူတယ်။”

“အင်း... သူဌေးအနေနဲ့ အဲ့ဒီ မသေမျိုး မျိုးနွယ်စု အကြီးအကဲကို သတ်နိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မယ်။ ဘာမမျှော်လင့်ထားတဲ့ အမှားမျိုးမှ မဖြစ်ပါစေနဲ့။”

လူတိုင်းက ဆုတောင်းမေတ္တာများ ပို့သပေးလိုက်ကြ၏။

ချင်းလုံသည် ဟင်းလင်းပြင် အက်ကွဲကြောင်းရှိရာဆီသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့၏။ ၎င်းသည် ရှောင်းယီ၏ တည်နေရာကို အာရုံခံနိုင်ပေသည်။

ထိုအချိန်တွင် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲရှိ အရိုးနဂါးကြီးသည် ၎င်း၏ ခန္ဓာကိုယ်အများစုကို ရုန်းကန်ထွက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

ထိုအရိုးနဂါးကြီး၏ အရွယ်အစားကို မြင်လိုက်ရရုံမျှဖြင့် ကျန်းယွင်ထျန်းနှင့် အခြားသူများသည် ၎င်းမှာ အလွန်ပင် အားကောင်းရမည်ကို သိလိုက်ကြတော့သည်။

သို့သော်လည်း ယခုအချိန်တွင် လူတိုင်းမှာ မလှုပ်နိုင်အောင် ဆွဲထားခြင်း ခံနေရကြပြီး ရှောင်းယီမှလွဲ၍ ကျန်ရှိနေသောသူများအားလုံးမှာ အားနည်းချက်ရှိသော အခြေအနေသို့ ရောက်ရှိနေကြရသည်။

ရှောင်းယီအနေဖြင့်လည်း အကြီးအကဲ ခြောက်ယောက်ကို ခဏချင်းအတွင်း မြန်မြန်ဆန်ဆန် မသတ်ပစ်နိုင်သေးချေ။

“သေစမ်း... ဒီကျိကျိယင်းက အလုပ်ကို ဖြစ်ဖြစ်မြောက်မြောက်ကျ မလုပ်နိုင်ဘဲ အလုပ်ပျက်အောင် လုပ်တဲ့နေရာမှာတော့ ဆရာကြီးပဲ။ စောစောက မဟာအကြီးအကဲ အရိုးနဂါးကို သွားကူညီတုန်းက သူက ဘာလို့ ကြောင်သွားရတာလဲ။”

All Chapters