ကန္တာရဆီသို့ အပြန်
Vol. 13 Ch. 155
နဝမကူနန်းတော်၏ အပြင်ဘက်။
အေးချမ်းသာယာလှသော ရွာငယ်လေးတွင် ချီနျန်ချူ ဦးဆောင်သော ကန္တာရ သံတမန်များသည် ထွက်ခွာရန် အသင့်ဖြစ်နေကြလေပြီ။
“ဂုဏ်ယူပါတယ် ဆရာကြီးချီ... ပြီးတော့ ကန္တာရကြီး အတွက်လည်း ဂုဏ်ယူပါတယ်... လင်းရွှီရဲ့ သူတော်စင်မလေးကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ပြီပဲ”
မုရုံစုက လက်ယှက်ကာ နှုတ်ဆက်ရင်း ဆိုလိုက်၏။
“ဒီတစ်ခေါက် ပြန်သွားပြီးရင်တော့ ကန္တာရရဲ့ အကျပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်... အားလုံးနဲ့ နောက်တစ်ကြိမ် ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်နေပါတယ် "
“ကောင်းမြတ်လှတဲ့ စကားတွေအတွက် ကျေးဇူးတင်ပါတယ် သခင်လေး”
ချီနျန်ချူက မုတ်ဆိတ်မွှေးများကို ပွတ်သပ်ကာ ပြုံးလိုက်ပြီး... သူ၏ အကြည့်များက တဖြည်းဖြည်း စူးရှထက်မြက်လာသည်။
“သခင်လေး မုရုံကို အကူအညီ တောင်းချင်တဲ့ ကိစ္စလေး တစ်ခု ရှိသေးတယ်”
မုရုံစုက ပြုံးရွှင်စွာ တုံ့ပြန်လိုက်၏။
“ဆရာကြီးချီ... ပွင့်ပွင့်လင်းလင်းသာ ပြောပါ”
ချီနျန်ချူ၏ မျက်ဝန်းများတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
“သခင်မလေးအတွက် အဟန့်အတား တစ်ခု ဖြစ်လာပြီး ကန္တာရရဲ့ နှစ်ထောင်ချီ အမွေအနှစ်ကို ထိခိုက်စေမယ့် သူတစ်ယောက် ရှိနေတယ်လို့ ထင်တယ်... အဲ့ဒီလူကို ဖယ်ရှားလိုက်နိုင်ရင် အကောင်းဆုံးပဲ”
မုရုံစု၏ မျက်လုံးများ လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး... ချက်ချင်းပင် သဘောပေါက် နားလည်သွားတော့၏။
“ဆရာကြီးချီ ဆိုလိုတာက... ဟို ကူသခင် လီယွမ်ဆိုတဲ့ ဂျူနီယာ ညီလေးကို ပြောတာလား”
“အင်း”
ချီနျန်ချူက ခေါင်းညိတ်လိုက်သည်။
“သူတော်စင်မလေး သခင်မလေးက ကန္တာရကို ပြန်ရောက်ပြီးရင် အဲ့ဒီကိစ္စကို မေ့သွားလောက်ပေမယ့်... မတည်ငြိမ်တဲ့ အကြောင်းရင်းတွေကို ကြိုတင် ဖယ်ရှားထားတာ အကောင်းဆုံးပဲ”
“နားလည်ပါပြီ”
မုရုံစု၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် ဆရာကြီးချီ... ကျွန်တော် လီယွမ်ကို ပထမဆုံး အကြိမ် မြင်ကတည်းက သူက လူကောင်း မဟုတ်ဘူးလို့ ခံစားမိတယ်... သူ့ဆီကနေ ရွံရှာစရာကောင်းတဲ့ အငွေ့အသက်တွေ ထွက်နေတယ်”
“အဲ့ဒီလို လူမျိုး ရှိနေတာက သူတော်စင်မလေးကို တကယ်ပဲ ညစ်ညမ်းစေလိမ့်မယ်”
“ကံကောင်းတာက အရာအားလုံးကို ကယ်တင်လို့ ရပါသေးတယ်... ဆရာကြီးချီရဲ့ စိုးရိမ်ပူပန်မှုတွေကို ကူညီ ဖြေရှင်းပေးပါ့မယ် "
“အမြန်ဆုံး စတင်လိုက်ပါ”
ချီနျန်ချူက မှာကြားလိုက်သည်။
“စျေးနှုန်းက ပြဿနာ မဟုတ်ဘူး... သူ့အတွက် အများကြီး ကုန်ကျခံပြီးပြီမို့လို့ နောက်ထပ် ကောင်းကောင်းမွန်မွန် အခေါင်းတစ်ခု လုပ်ပေးဖို့ နည်းနည်း ထပ်သုံးရတာကို ဝန်မလေးပါဘူး”
အခြားသော ကန္တာရ သံတမန်များကမူ တိတ်ဆိတ်နေကြသည်။ သူတို့က ဤကိစ္စကို ထောက်ခံကြောင်း ရှင်းလင်းစွာ ပြသနေခြင်းပင်။
သူတော်စင်မလေးသည် အလွန်တရာ စင်ကြယ်လှသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားပြီး... ၎င်းမှာ နှစ်တစ်ထောင် အတွင်း ဝိညာဉ်အနွယ်ဝင်များထဲတွင် အားအကောင်းဆုံး တော်ဝင် သွေးမျိုးဆက် ဖြစ်နိုင်ကာ ဂိုဘီကန္တာရ၏ ကံကြမ္မာကို ပြောင်းလဲပေးနိုင်စွမ်း ရှိသည်။
မြင့်မြတ်လှသော အထွတ်အထိပ် ကန္တာရ ဧကရီသခင်မကြီးသည် ကန္တာရအတွက်သာ သီးသန့်ဖြစ်သော သွေးမျိုးဆက် မျိုးနွယ်များကို ချန်ထားခဲ့ရမည် ဖြစ်ပြီး... သာမန် ကူသခင်လေး တစ်ယောက်၏ ညစ်ညမ်းစေမှုကို မည်သည့်အခါမျှ ခွင့်မပြုနိုင်ပေ။
“သွားကြစို့”
ချီနျန်ချူက မတ်တတ်ရပ်ကာ တောင်တန်းများဆီသို့ ပျံသန်းသွား၏။
မကြာမီအချိန်အတွင်း ထိုလူစုသည် အမှတ် (၁၂) ကူနန်းသို့ ရောက်ရှိလာကြသည်။
“သခင်မလေး... သုံးရက် ပြည့်သွားပြီမို့လို့ ကန္တာရကို ပြန်ရမယ့် အချိန် ရောက်ပါပြီ”
ချီနျန်ချူက ခေါင်းညွှတ်ကာ အရိုအသေပေးလိုက်၏။
“အင်း”
နင်ဟုန်ယွီက ခေါင်းညိတ်လိုက်ပြီး ယွီဟန်ချွမ်းနှင့် ဖေးလော့ချန်တို့ဘက်သို့ လှည့်ကာ လက်ဝှေ့ယမ်းပြလိုက်သည်။
“ဆရာ... ဖေးလော့ချန်... ကျွန်မ သွားတော့မယ်... ဒီနှစ်တွေ တစ်လျှောက်လုံး အတူရှိပေးခဲ့တာ ကျေးဇူးတင်ပါတယ်”
“သွားပါ ဟုန်ယွီ... မင်း လုပ်ချင်တာကို လုပ်ပါ”
ယွီဟန်ချွမ်းက ပြုံးပြလိုက်၏။
“စီနီယာအစ်မကြီး... အားတဲ့အခါ ကျရင် ကန္တာရကို လာလည်ပါ့မယ်”
ဖေးလော့ချန်ကလည်း လက်ပြ နှုတ်ဆက်သည်။
“ကောင်းပြီလေ”
နင်ဟုန်ယွီက လီယွမ်ထံသို့ ထပ်မံ သွားရောက်ကာ... ခွဲခွာရန် ဝန်လေးစွာဖြင့် တင်းကျပ်စွာ ဖက်တွယ်ထားလိုက်၏။
“ဂျူနီယာမောင်လေး... မင်းလည်း ငါ့ဆီကို လာလည်ရမယ်နော်... ငါ ဧကရီ ဖြစ်လာတဲ့ အချိန်အထိ မင်းမှာ ချစ်ရတဲ့သူ မရှိသေးရင်... စီနီယာအစ်မကြီးက မင်းကို လာလက်ထပ်မယ်... အဲ့ဒီအခါကျရင် ထပ်ပြီး မငြင်းရဘူးနော်”
“ကောင်းပါပြီ”
လီယွမ်က ထူးထူးခြားခြား မငြင်းဆန်တော့ပေ။
“ဒါဆိုရင် ကတိပဲ”
“သူတို့ သွားကြပြီ”
နင်ဟုန်ယွီက နောက်လှည့်လိုက်ချိန်တွင် သူမ၏ ပါးပြင်ထက်၌ မျက်ရည်များ အတားအဆီးမဲ့ စီးကျလာတော့သည်။
“စီနီယာအစ်မကြီး”
လီယွမ်က သက်ပြင်းရှည်ကြီးကို ရှူသွင်းလိုက်၏။
ပုံမှန် ဆိုလျှင် သူ၏ ခံစားချက်များက ဤကဲ့သို့ လှုပ်ခတ်သွားလေ့ မရှိတတ်ပါပေ။
“ဒီခွဲခွာခြင်းက နောက်ဆုံး နှုတ်ဆက်ခြင်းပါပဲ... အနောက်ဘက်မှာ တွေ့ရမယ့် သူငယ်ချင်း မရှိတော့ဘူးလေ... ဂရုစိုက်ပါ”
‘အနောက်ဘက်မှာ တွေ့ရမယ့် သူငယ်ချင်း မရှိတော့ဘူး’ ဟူသော စကားတစ်ခွန်းက နင်ဟုန်ယွီ၏ ရင်ဘတ်ကို တည့်တည့် ထိမှန်သွားသည်။ သူမ ဆက်မပြောနိုင်ရှာတော့ဘဲ မျက်ရည်များ ကျဆင်းရင်း တဖြည်းဖြည်း ဝေးကွာသွားတော့၏။
ချီနျန်ချူက ပြုံးလိုက်ပြီး လက်ယှက်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ဒီနှစ်တွေ တစ်လျှောက်လုံး သခင်မလေးကို ဂရုစိုက်ပေးခဲ့တဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... ကူလမ်းစဉ်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေ ရရှိပြီး တစ်နေ့နေ့မှာ ရိုသေလေးစားရတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်”
ထိုသို့ ပြောဆိုပြီးနောက် လူအုပ်ကြီးသည် နင်ဟုန်ယွီ၏ နောက်သို့ လိုက်ပါသွားကြတော့သည်။
အချိန်ကာလတို့က အိပ်မက်တစ်ခုပမာ လျင်မြန်စွာ ကုန်လွန်သွားသည်။
နင်ဟုန်ယွီ ထွက်ခွာသွားခြင်းမှာ လီယွမ်အတွက် မေ့မရနိုင်သော အိပ်မက်တစ်ခုပင်။
တစ်ခါတစ်ရံတွင် အတိတ်ကို လွမ်းဆွတ်တသမိသော်လည်း... ဝါးတောငယ်လေး အတွင်းရှိ နေ့စဉ် ကူလမ်းစဉ် ဘဝကသာ သူ၏ စစ်မှန်သော ဖြစ်တည်မှုပင်တည်း။
“စီနီယာအစ်မကြီးရဲ့ စိတ်နေသဘောထားအရ... သူစိမ်းပြင်ပ နေရာကို ရောက်သွားရင်တောင် ဘယ်သူမှ သူ့ကို အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး”
လီယွမ် သိပ်ပြီး စိတ်မပူမိပေ။
ချီနျန်ချူနှင့် အခြားသော ကန္တာရ သံတမန်များက ကတိသစ္စာ ပြုထားပြီး ဖြစ်သည့်အချက်ကို ထည့်မပြောလျှင်ပင်... စီနီယာအစ်မကြီးက အဋ္ဌမအဆင့် ကူသခင် တစ်ဦး ဖြစ်နေပြီ ဖြစ်ရာ မည်သည့် အဖွဲ့အစည်းအတွက်မဆို အရေးပါသော မဏ္ဍိုင်ကြီး တစ်ခု ဖြစ်သည်။ ကန္တာရ ဆယ့်ခြောက် ပြည်ထောင် အတွက်လည်း ထိုနည်းတူပင်။
“ကူလမ်းစဉ်ကို သေချာ လေ့ကျင့်တာက စီနီယာအစ်မကြီးကို ကျေးဇူးဆပ်ဖို့ အကောင်းဆုံး နည်းလမ်းပဲ”
တစ်နေ့နေ့မှာတော့ ပြန်ဆုံကြဦးမည်သာ။
လူတိုင်းတွင် ကိုယ်ပိုင် ကံကြမ္မာများ ရှိကြပြီး လီယွမ်ကမူ သူ၏ ကိုယ်ပိုင် ကံကြမ္မာထဲတွင် ပိတ်မိနေဆဲ ဖြစ်ကာ ရုန်းမထွက်နိုင်သေးပေ။
“နှစ်ပေါင်းများစွာ ဖရိုဖရဲ ဖြစ်ခဲ့ပြီးတဲ့နောက်... အရှေ့ပိုင်း တောရိုင်းနယ်မြေနဲ့ မြောက်ပိုင်း ဒေသတွေက ငြိမ်းချမ်းသွားပြီ... အနောက်တောင်ပိုင်း နယ်စပ်စစ်ပွဲ ပြီးဆုံးသွားရင်တော့ တာ့ယန်ကြီးက စည်းလုံးညီညွတ်တဲ့ အင်ပါယာ အာဏာကို ပြန်လည် ရရှိတော့မှာပဲ”
“ဧကရာဇ် မရှိဘဲ စည်းလုံးညီညွတ်တဲ့ အင်ပါယာ စနစ်ကြီး တစ်ခု”
“အဲ့ဒီအချိန်ကျရင် ညဇီးကွက်ဘုရင်ရဲ့ စစ်မှန်တဲ့ ရည်မှန်းချက်တွေ ပေါ်လာတော့မှာ မဟုတ်လား”
နေရာအနှံ့မှ စုဆောင်းရရှိထားသော သတင်းအချက်အလက်များအရ... ညဇီးကွက်ဘုရင်သည် သစ္စာရှိသော ကျေးကျွန် တစ်ဦး... အင်အားကြီးမားသူ... ဆက်ကပ်အပ်နှံထားသူ... မဟာဗျူဟာမြောက် စဉ်းစားတွေးခေါ်တတ်ပြီး စနစ်တကျ လုပ်ဆောင်တတ်သူ တစ်ဦးအဖြစ် ပေါ်လွင်နေသည်။
သူသည် မည်သည့် အပြစ်အနာအဆာမျှ မရှိသော ပြီးပြည့်စုံသည့် သစ္စာရှိ ကျေးကျွန် တစ်ဦး၏ စံပြ ပုံစံပင်။
သို့သော်လည်း...
ဤမျှ ပြီးပြည့်စုံလွန်းနေခြင်းကပင် လီယွမ်အတွက် မသဘာဝမကျသလို ခံစားနေရ၏။
“ဒါဆို ဘယ်သူက အကြာဆုံး တောင့်ခံနိုင်မလဲဆိုတာ ကြည့်ကြတာပေါ့”
လီယွမ်အနေဖြင့် ညဇီးကွက်ဘုရင် ဘာကို စောင့်ဆိုင်းနေသည် ဆိုသည်ကို မသိရှိပေ။ ညဇီးကွက်ဘုရင် ကိုယ်တိုင်ပင်လျှင် သူ ဘာကို စောင့်ဆိုင်းနေသည်ကို သိမည် မဟုတ်ချေ။ ဤသည်မှာ တရားမျှတသော 'အရှင်နှင့် ကျေးကျွန်' ကစားပွဲ တစ်ခုသာ ဖြစ်ပြီး... ကစားပွဲက တစ်ဝက်သာ ရှိသေးကာ ပြီးဆုံးရန် ဝေးကွာနေသေးသည်။
“ချစ်တပည့် ယွမ်လေး”
ထိုကိစ္စများကို တွေးတောနေစဉ်မှာပင် ယွီဟန်ချွမ်း ရောက်ရှိလာ၏။
“ဆရာ... မုရုံစုနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစ်ခုခု ရပြီလားဟင်”
စီနီယာအစ်မကြီး ကန္တာရသို့ ထွက်ခွာသွားပြီးနောက် လီယွမ်သည် ဆရာဖြစ်သူ ယွီဟန်ချွမ်းအား မုရုံစု၏ စစ်မှန်သော အင်အားကို စုံစမ်းရန်အတွက် ပုန်းကွယ်ခြင်းနှင့် ခြေရာခံခြင်းဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးကို ရှာဖွေပေးရန် တောင်းဆိုခဲ့သည်။
“ဆဌမနန်းတော်သခင် ယန်ဝူရုံကို သဲလွန်စတချို့ စုံစမ်းခိုင်းထားတယ်... မုရုံစုက ချန်းလန်နယ်မြေကို သွားတာ တွေ့ရတယ်... သူ့ရဲ့ နောက်ခံကလည်း အရမ်းကို သံသယဖြစ်စရာ ကောင်းတယ်... အဋ္ဌမအဆင့် သိုင်းသူတော်စင် တချို့ကတောင် သူ့ကို ရိုသေလေးစားနေကြရဲ့”
“ဒါပေမဲ့ ဒီကောင်က အရမ်းကို သတိကြီးတယ်... ယန်ဝူရုံကို အထူး နည်းလမ်းတွေ သုံးပြီး ဖြုတ်ချခဲ့တယ်... ပြီးတော့ သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားတယ်”
“ဒီကောင်လေးကို နှိမ်နင်းဖို့က တော်တော်လေး ခက်ခဲလိမ့်မယ်”
ယွီဟန်ချွမ်းက လေးနက်သော လေသံဖြင့် ရှင်းပြလိုက်၏။
“လောလောဆယ်တော့ သူ့ကို ထားလိုက်ပါဦး”
လီယွမ့်ရင်တွင်းဝယ် ထိုမုရုံစုဆိုသူက အင်ပါယာဟောင်းမှ အကြွင်းအကျန် တစ်ဦး ဖြစ်ပြီး မိမိ၏ ကံကြမ္မာမှာ ကောင်းကင် ကံကြမ္မာစွမ်းအင်နှင့် ဆန့်ကျင်ဘက် ဖြစ်နေကြောင်း သေချာနေပါသည်။
“သူက ချန်းလန်နယ်မြေမှာ ပုန်းအောင်းနေတာက တော်တော်လေး သံသယဖြစ်စရာ ကောင်းတယ်... ချင်အာကို ထိခိုက်စေမယ့် ကိစ္စတစ်ခုခု ဒါမှမဟုတ် တောင်ပိုင်းနယ်စပ်ရဲ့ အခြေအနေကို ကမောက်ကမ ဖြစ်စေမယ့် ကိစ္စတစ်ခုခုကို အကွက်ချ ကြံစည်နေတာများလား”
“သူတို့ ဘာပြဿနာမှ ရှာနိုင်မှာ မဟုတ်ပါဘူး..အဟင်း”
လီယွမ်က ရယ်လိုက်၏။
“တပည့်တို့ကို လာမရှုပ်သရွေ့တော့ သူတို့ကို လွှတ်ထားလိုက်ပါ”
မင်းဆက်ဟောင်း၏ အကြွင်းအကျန်များက ကမောက်ကမ ဖြစ်အောင် လုပ်ဆောင်နေသည်ဆိုသည်မှာ ကိစ္စကြီး တစ်ခုဟု ထင်ရသော်လည်း... သေချာ စိစစ်ကြည့်ပါက ထိုမျှလောက် မဆိုးရွားပေ။
ယခုအခါ ညဇီးကွက် အစောင့်တပ်များက သက်ဆိုင်ရာ သတင်းအချက်အလက်များကို စုဆောင်းရရှိထားပြီး ဖြစ်ရာ သူတို့တွင် အစီအစဉ် တစ်ခု ရှိနေမည်မှာ သေချာသည်။ ညဇီးကွက်ဘုရင်၏ စိတ်နေသဘောထားအရ တာ့ယန်၏ အင်ပါယာ အာဏာကို ခြိမ်းခြောက်မည့် မည်သည့် အင်အားစုကိုမျှ ပေါ်ထွက်လာခွင့် ပြုမည် မဟုတ်ချေ။
မုရုံစုနှင့် သူ၏ အဖွဲ့က ပြဿနာများ ဖန်တီးနိုင်သေးသည် ဆိုသည့် အချက်က ညဇီးကွက်ဘုရင်၏ မျက်လုံးထဲတွင် ဤအဖွဲ့သည် ခြိမ်းခြောက်မှု မဖြစ်သေးကြောင်း သို့မဟုတ် အသုံးချရန် တန်ဖိုး ရှိနေသေးကြောင်းကိုသာ သက်သေပြနေ၏။
ညဇီးကွက်ဘုရင်က သေချာစွာ စုံစမ်းစစ်ဆေးပြီးသည်နှင့် မုရုံစုနှင့် သူ၏ အဖွဲ့သည် လွတ်မြောက်နိုင်မည် မဟုတ်တော့ပေ။ အကယ်၍ သူတို့ အသက်ရှင် လွတ်မြောက်ခဲ့လျှင်တောင် ကြွက်တွင်းထဲသို့ ပြန်လည် ပုန်းအောင်းနေရမည် ဖြစ်ပြီး မည်သည့်အခါမျှ မျက်နှာပြရဲတော့မည် မဟုတ်ချေ။
ချန်းလန်နယ်မြေ။
ခြံဝင်းငယ်လေး အတွင်း၌... မုရုံစုသည် ကုလားထိုင်ပေါ်တွင် ထိုင်ကာ လက်ဖက်ရည်ကို ဖြည်းညင်းစွာ သောက်ရင်း မျက်မှောင်ကြုတ်နေသည်။
“အဲ့ဒီ ကူသခင်ဆီမှာ ငါ မကြိုက်တဲ့ အချက်တစ်ခုခုတော့ သေချာပေါက် ရှိနေတယ်”
သူသည် ဤမျှ ရွံရှာဖွယ်ကောင်းသော သတင်းမျိုးကို မကြားရသည်မှာ အတော်ကြာပြီ ဖြစ်သည်။
ထိုစဉ် အပြင်ဘက်မှ အစောင့်တစ်ဦး၏ အသံ ထွက်ပေါ်လာ၏။
“သခင်လေး... ထျန်းဝေ့ထျန်းက သိုင်းသူတော်စင် ပန်ရှန်း ရောက်နေပါတယ်”
“သူ့ကို ဝင်လာခိုင်းလိုက်”
ခဏအကြာတွင် ပန်ရှန်း သိုင်းသူတော်စင်ကြီးသည် ခြံဝင်းထဲသို့ ဝင်ရောက်လာတော့သည်။
“သခင်လေးမုရုံ... ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီနော်”
သူ၏ နောက်ဆုံး စစ်ဆင်ရေး ကျရှုံးသွားပြီးနောက် သိုင်းသူတော်စင်ကြီးသည် သူ လိုချင်သော ရတနာအကြောင်းကို အမြဲ တွေးတောနေခဲ့ပြီး ယခု ထပ်မံ တွေ့မြင်ရသဖြင့် အလွန် ဝမ်းသာသွားသည်။
မုရုံစုက စကားကို လိုရင်းသာ တိုက်ရိုက် ပြောလိုက်သည်။
သူ၏ လက်ဖက်ရည်ခွက်ကို စားပွဲပေါ် တင်လိုက်ပြီး မျက်လုံးများကို မှေးစင်းလိုက်၏။
“ငါ့အတွက် လူတစ်ယောက်လောက် သတ်ပေးပါဦး”
Book 13 end.