ကန္တာရသံတမန်များ၏ အလျှော့ပေးခြင်း
Vol. 13 Ch. 153
ရှောင်ချင်အာသည် ဝါးရုံတောလေးထဲတွင် (၃) ရက်တိုင်တိုင် အနားယူပြီးနောက် နယ်စပ်စစ်ပွဲအတွက် စတင်စီမံကိန်းချရန် ကျိုးကျင်းမြို့တော်သို့ ကပျာကယာ ပြန်လည် ထွက်ခွာသွားသည်။
သူတို့သည် နယ်စပ်တောင်တန်းများရှိ နတ်ဆိုးနှိမ်နင်းရာ ချောက်နက်ကြီး အပါအဝင် နတ်ဆိုးများ သိမ်းပိုက်ထားသော နယ်စပ်ဒေသများကို ပြန်လည်ရယူကာ ပြန်လည်တည်ဆောက်ရန် ခိုင်မာစွာ ဆုံးဖြတ်ထားကြ၏။
ဤသည်မှာ သွေးချောင်းစီးမည့် နောက်ထပ် တိုက်ပွဲကြီးတစ်ခု ဖြစ်လာမည်မှာ ယုံမှားဖွယ်ရာ မရှိချေ။
လွန်ခဲ့သော ဆယ်စုနှစ်များစွာက နတ်ဆိုးများနှင့် မကောင်းဆိုးဝါးများ သောင်းကျန်းဖျက်ဆီးခဲ့ချိန် ဖြစ်ပွားခဲ့သော မည်သည့်တိုက်ပွဲထက်မဆို ပိုမို ပြင်းထန်သည်။
သို့သော် ဤတစ်ကြိမ်တွင်မူ..
တောင်ပိုင်းနယ်စပ် တစ်ခွင်တွင် တပ်စွဲထားသော စစ်တပ်များ.. ကျန်းဟူ သိုင်းလောကမှ တရားမျှတသော သူရဲကောင်းများနှင့် သာမန် ပြည်သူလူထု အားလုံးမှာ အလွန်တက်ကြွနေကြပြီး ဤစစ်ပွဲကို အပြင်းအထန် ထောက်ခံအားပေးကြကာ ရှောင်ချင်အာအား ချီးကျူးထောပနာပြုသည့် အသံများဖြင့် ပြည့်နှက်နေတော့သည်။
အဘယ်ကြောင့်ဆိုသော် ၎င်းက တန်ပြန်ထိုးစစ် ဖြစ်သောကြောင့်ပင်။
မိမိတို့၏ ခေါင်းကို မော့ကာ စွမ်းအားများကို ထုတ်ဖော်ပြသမည့် တိုက်ပွဲကြီး ဖြစ်၏။
အချိန်ကာလတို့က လျှပ်တစ်ပြက် ကုန်ဆုံးသွားချေပြီ။
လီယွမ်သည် ဝမ်ကျောက်ကျောက်မှတစ်ဆင့် ကမ္ဘာတစ်လွှားမှ သတင်းမျိုးစုံကို ကြားသိနေရသည်။
တောင်ပိုင်းနယ်စပ်အပြင် အခြားသော နယ်စပ်ဒေသများ၏ အခြေအနေများမှာလည်း တဖြည်းဖြည်း တိုးတက် ကောင်းမွန်လာ၏။
အကောင်းဆုံး အခြေအနေတွင် ရှိနေသည်မှာ အရှေ့ပိုင်း တောရိုင်းနယ်မြေနှင့် မြောက်ပိုင်း ဒေသများဖြစ်ပြီး ထိုဒေသနှစ်ခုစလုံးသည် နတ်ဆိုးနယ်မြေနှင့် နီးကပ်မနေသောကြောင့် တိုက်ခိုက်သိမ်းပိုက်ရန် နှိုင်းယှဉ်ချက်အရ ပိုမို လွယ်ကူနေ၏။
နတ်ဆိုးများသည် အရှေ့ပိုင်း တောရိုင်းနယ်မြေနှင့် မြောက်ပိုင်း ဒေသများကို သိမ်းပိုက်ရန် အကြံအစည်အား ရှင်းလင်းစွာ စွန့်လွှတ်လိုက်ကြပြီဖြစ်ကာ စစ်ကူများ ပို့လွှတ်ခြင်းကိုပါ ရပ်တန့်လိုက်ကြလေပြီ။
မကြာမီအချိန်အတွင်း မြောက်ပိုင်းနှင့် အရှေ့ပိုင်းရှိ နတ်ဆိုးများ အားလုံး အမြစ်ပြတ် သုတ်သင်ခံရတော့မည်ဖြစ်ပြီး ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာတော့မည် မဟုတ်ချေ။
“ရှည်လျားလှတဲ့ စစ်ပွဲကြီးက မြောက်ပိုင်း ရေခဲနယ်မြေရဲ့ စစ်ရေးအင်အားကို ကုန်ခမ်းသွားစေလောက်ပြီ”
နတ်ဆိုးများ၏ သောင်းကျန်းမှု အန္တရာယ် လျော့ကျသွားခြင်းမှာ လီယွမ်အတွက် ကောင်းသော အရာဟု တပ်အပ် မဆိုနိုင်ပေ။
သူသည် ပို၍ ကြီးလေးသော ပြဿနာတစ်ခုကို စဉ်းစားရတော့မည် ဖြစ်သည်။
ထိုအရာမှာ ညဇီးကွက်ဘုရင်နှင့် အခြားသော ဘုရင်ခံများ.. မှူးမတ်များကြားမှ ထိပ်တိုက်ရင်ဆိုင်မှုပင်။ နတ်ဆိုးကပ်ဘေးကြီး ပြီးဆုံးသွားပြီးနောက် ထိုကိစ္စက မည်မျှအထိ ကြီးထွားလာမည်နည်း ဟူသည်ကိုပင်။
မြောက်ပိုင်း ရေခဲနယ်မြေသည် တာ့ယန်ဒေသ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး အရှေ့ပိုင်း တောရိုင်းနယ်မြေနှင့် မြောက်ပိုင်း ဒေသတို့ ကြားတွင် ရှိသည်။
ယခုအခါ အရှေ့ပိုင်း တောရိုင်းနယ်မြေနှင့် မြောက်ပိုင်း ဒေသတို့၏ ကမောက်ကမ ဖြစ်မှုများကို နှိမ်နင်းနိုင်ခဲ့ပြီ ဖြစ်ရာ ညဇီးကွက်ဘုရင်သာ လှုပ်ရှားလာမည်ဆိုပါက ပထမဆုံး ပစ်မှတ်မှာ မြောက်ပိုင်း ရေခဲနယ်မြေမှ ယင်းဘုရင် ဖြစ်လာပေလိမ့်မည်။
“ရှောင်ကျောက် ..မြောက်ပိုင်း ရေခဲနယ်မြေနဲ့ ပတ်သက်ပြီး သတင်းအချက်အလက် တစ်ခုခု ရထားသေးလား”
လီယွမ်က မေးလိုက်၏။
“သတင်းတိုလေးတွေလောက်ပါပဲ”
ဝမ်ကျောက်ကျောက်က ဆက်၍ ရှင်းပြလာ၏။
“ညဇီးကွက် အစောင့်တပ်တွေက မြောက်ပိုင်း ရေခဲနယ်မြေက နတ်ဆိုးတွေကို နှိမ်နင်းရာမှာ ကူညီပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြောက်ပိုင်း ရေခဲနယ်မြေရဲ့ အဓိက နေရာတွေမှာ တပ်စွဲထားကြပြီး ယင်းဘုရင်ကို ဖယ်ရှားဖို့ ပြင်ဆင်နေကြတယ်လို့ ကြားရပါတယ်”
“ဒါ တကယ်ဖြစ်နိုင်တယ်”
လီယွမ်က တွေးတောလျက် ရေရွတ်လိုက်၏။
ညဇီးကွက်ဘုရင်၏ စိတ်နေသဘောထားအရ ယခုအခါ လင်းယွဲ့ ယူဘုရင်အား ရာထူးမှ ဖယ်ရှားကာ အရှေ့ပိုင်း ယူနယ်မြေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်မှ တာ့ယန်၏ အချုပ်အခြာအာဏာ အောက်သို့ ပြန်လည် သွတ်သွင်းနိုင်ခဲ့ပြီ ဖြစ်ရာ မကြာမီအချိန်အတွင်း အခြားသော ဘုရင့်နယ်မြေများကိုလည်း အရေးယူ ဆောင်ရွက်လာတော့မည်။
လီယွမ်အနေဖြင့် ညဇီးကွက်ဘုရင် ဘာကို တွေးတောနေသည် သို့မဟုတ် သူ၏ နောက်ဆုံး ရည်မှန်းချက် ပန်းတိုင်က အဘယ်အရာ ဖြစ်သည်ကို အတိအကျ မခန့်မှန်းနိုင်သော်လည်း သူ၏ အခြေခံ လုပ်နည်းလုပ်ဟန်များကိုမူ ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်။
လင်းယွဲ့ ယူဘုရင်အား သုတ်သင်ရာတွင် ညဇီးကွက်ဘုရင်သည် ကျူးလွန်ခဲ့သော ပြစ်မှု အထောက်အထားများကို အရင်ဆုံး ကြေညာခဲ့ပြီးမှ တော်ဝင် အမိန့်ပြန်တမ်းကို တောင်းခံကာ ထိုအခါမှသာ လက်တွေ့ အကောင်အထည်ဖော် လှုပ်ရှားခဲ့၏။
အတိုချုပ် ပြောရလျှင် ညဇီးကွက်ဘုရင်သည် လူမသတ်မီ အမြဲတမ်း မျက်နှာပန်းလှအောင် ကြိုးစားလေ့ရှိသည်။
မိမိ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသရလျှင် အရာအားလုံးမှာ တာ့ယန်နှင့် သာမန် ပြည်သူလူထု အတွက်သာ ဖြစ်ပြီး ညဇီးကွက်ဘုရင်က အစိုးရကို နှောင့်ယှက်ကာ အကြွင်းမဲ့ အာဏာကို ချုပ်ကိုင်ရန် မဟုတ်ကြောင်း ပြသလိုခြင်းပင်။
ဝမ်ကျောက်ကျောက်က ရယ်ကာ တုံ့ပြန်လိုက်သည်။
“ယူဘုရင်က အရမ်းကို မာနထောင်လွှားလွန်းခဲ့တာပါ ..သူက နဝမအဆင့်ကို ဝင်ရောက်ပြီး ညဇီးကွက်ဘုရင်ကို ယှဉ်ပြိုင်နိုင်လိမ့်မယ်လို့ ထင်မှတ်ခဲ့လို့ သူ့ရဲ့ ပြစ်မှု အထောက်အထားတွေကို အများကြီး ချန်ထားခဲ့မိတာပဲ”
“ဒါနဲ့ ဆန့်ကျင်ဘက်အနေနဲ့ အခြားသော မင်းသားတွေနဲ့ မှူးမတ်တွေကတော့ အများကြီး ပိုပြီး သတိထားတတ်ကြတယ်”
“ရှောင်ကျောက် ..ညဇီးကွက်ဘုရင် နောက်ထပ် ဘာလုပ်မယ်လို့ ထင်လဲ”
လီယွမ်က မေးလိုက်ပြန်သည်။
ယနေ့ခေတ်တွင် ဝမ်ကျောက်ကျောက်သည် သတင်းအချက်အလက် စီမံခန့်ခွဲမှု၌ တစ်နေ့တခြား ပိုမို သေချာစေ့စပ်လာပြီး လောကကြီး၏ အခြေအနေများကို ခွဲခြမ်းစိတ်ဖြာရာတွင်လည်း ပြိုင်ဘက်ကင်းသော ထိုးထွင်းသိမြင်မှုများကို ပိုင်ဆိုင်ထားလေပြီ။
သူမ၏ မျက်လုံးများကို အနက်ရောင် ဖဲသားဖြင့် ဖုံးကွယ်ထားသော်လည်း အလွန် ထူးကဲသော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထား၏။
“အစ်ကိုယွမ် နားထောင်ချင်တယ်ဆိုရင်တော့ ရှောင်ကျောက် ပြောပြပါ့မယ်”
ထိုသို့ဆိုကာ ဝမ်ကျောက်ကျောက်က ခပ်တွေတွေလေး လုပ်ကာ ဆိုလိုက်သည်။
“မျိုးရိုးမတူတဲ့ ဘုရင်လေးပါးထဲမှာ ချန်းလန်ရဲ့ ဘုရင်သစ် ရှောင်လျဲ့ က အထူးခြားဆုံးပဲ ..သူက အားအနည်းဆုံး ဖြစ်နေပေမယ့် ချင်အာကြောင့် ညဇီးကွက်ဘုရင်က သူ့ကို လောလောဆယ် အထိအခိုက်ခံမှာ မဟုတ်သေးဘူး”
“မြောက်ပိုင်း ရေခဲနယ်မြေက ယင်းဘုရင်ကတော့ အန္တရာယ် အများဆုံး အခြေအနေမှာ ရှိနေတယ် ..သူသာ ဖယ်ရှားခံလိုက်ရရင် သူ့ရဲ့ ဘုရင်အာဏာကို စွန့်လွှတ်ဖို့ ဖိအားပေးခံရလိမ့်မယ် ..ဒါဟာ အသေဆိုးနဲ့ ရင်ဆိုင်ရမယ့် လမ်းစပဲ”
“အနောက်မြောက်ပိုင်း ဟန်ဟိုင်နယ်မြေက ဟန်ဘုရင်နဲ့ အနောက်ပိုင်း ချန်ဖုန်းနယ်မြေက ချန်ဘုရင်တို့ကတော့ အသက်ရှူချောင်ဖို့ အခွင့်အရေး ရနေသေးတယ် ..အဲ့ဒီနေရာ နှစ်ခုစလုံးက နတ်ဆိုးနယ်စပ်နဲ့ နီးကပ်နေတာကိုး ..ညဇီးကွက်ဘုရင် အနေနဲ့ သူတို့ကို အရေးယူချင်ရင်တောင် သေသေချာချာ ထပ်ခါတလဲလဲ စဉ်းစားရဦးမယ်”
“အကယ်၍ တကယ်ပဲ အရေးယူချင်တယ်ဆိုရင်တောင် အနောက်ပိုင်း ဒေသတွေနဲ့ တောင်ပိုင်းနယ်စပ်တွေကို အလုံးစုံ ပြန်လည် တည်ဆောက်ပြီးတဲ့အထိ.. ပြီးတော့ ဧကရာဇ်အသစ် နန်းတက်လာတဲ့အထိ စောင့်ဆိုင်းရလိမ့်မယ်”
“ဒါပေမဲ့...”
“ခွန်လွန်တောင်ကြား အခမ်းအနားကြီး ကျရှုံးသွားပြီးကတည်းက အဲ့ဒီ မင်းသားလေးက လောကထဲကို ထပ်ပြီး ထွက်မလာတော့ဘူး ..ဒီတော့ မှူးမတ်တွေနဲ့ အင်အားကြီး အဖွဲ့အစည်း အများအပြားက တစ်ခုခုတော့ မှားယွင်းနေပြီဆိုတာကို သတိထားမိလာကြတယ်”
“ညဇီးကွက်ဘုရင်ရဲ့ ဝံပုလွေလို ရက်စက်တဲ့ ရည်မှန်းချက်တွေနဲ့ ဧကရာဇ်ကို အသုံးချပြီး မြေပိုင်ရှင်တွေကို အမိန့်ပေးနေတာတွေအတွက် တိတ်တဆိတ် ကျိန်ဆဲနေသူတွေ အများကြီး ရှိလာပြီ ..လျှို့ဝှက်တဲ့ အင်အားစုတွေလည်း လှုပ်ရှားနေကြတယ်”
ထိုသို့ပြောရင်း ဝမ်ကျောက်ကျောက်က ပြုံးလိုက်၏။
“ဒါပေမဲ့ ဒီလောကကြီးက နောက်ဆုံးတော့လည်း သာမန် ပြည်သူလူထုနဲ့ပဲ သက်ဆိုင်တာပါ ..ညဇီးကွက်ဘုရင်က ကမောက်ကမ ဖြစ်မှုတွေကို အမှန်တကယ်ပဲ နှိမ်နင်းပေးခဲ့ပြီး လူထုအတွက် ကောင်းချီးမင်္ဂလာတွေကို ဆောင်ကြဉ်းပေးခဲ့တာပဲလေ”
“ရွှေနန်းတော်ထဲက နဂါးပလ္လင်ပေါ်မှာ ဘယ်သူ ထိုင်နေသလဲဆိုတာက သာမန် ပြည်သူတွေအတွက်တော့ သိပ်ပြီး အရေးမကြီးလှပါဘူး”
“အခု ပြောခဲ့တာတွေ အားလုံးကို ခြုံကြည့်ရင်တောင် ညဇီးကွက်ဘုရင်ရဲ့ အတွေးတွေကို ကျွန်မ ကြိုတင် မခန့်မှန်းရဲဘူး ..သူက သစ္စာရှိသူလား.. သစ္စာဖောက်လား ဆိုတာ ခွဲခြားသိမြင်ဖို့ ခက်ခဲလွန်းပါတယ်”
သူမ မျှော်လင့်မိသည်မှာ လောကကြီး ကမောက်ကမ မဖြစ်သွားစေရန်သာ။
အစ်ကိုယွမ်နှင့်အတူ ထာဝရ နေထိုင်ခွင့်ရမည် ဆိုပါက သူမ၏ လက်ကျန်ဘဝကို ဤအေးချမ်းလှသော တောင်တန်းများပေါ်တွင် ကုန်ဆုံးရမည် ဆိုလျှင်တောင် အလွန် ကျေနပ်မိမည်သာ။
နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားသည်။
ချီနျန်ချူ ဦးဆောင်သော ကန္တာရမှ လူတစ်စုသည် အမှတ် (၁၂) ကူနန်းသို့ နောက်တစ်ကြိမ် ရောက်ရှိလာပြန်သည်။
နှစ်ဖက်စလုံး ဆွေးနွေးမှုများကို ပြန်လည် စတင်ကြ၏။
တောင်ထိပ်ရှိ ပင်မခန်းမဆောင်ကြီး အတွင်း၌..
နင်ဟုန်ယွီက စားပွဲပေါ်သို့ စာချုပ်တစ်ခုကို ဘုန်းခနဲ ရိုက်ချလိုက်သည်။
“ကျွန်မရဲ့ တောင်းဆိုချက်တွေကို တစ်ချက်လေးတောင် ပြင်ဆင်ခွင့် မရှိဘူး ..ရှင်တို့ သေချာ စဉ်းစားပြီးပြီလား”
“သခင်မလေးရဲ့ အခြေအနေတွေ အားလုံးကို ကျွန်တော်တို့ သဘောတူပါတယ်”
ချီနျန်ချူက အံကို တင်းတင်းကြိတ်ကာ သဘောတူလိုက်၏။
“ဒါဆို ကျေနပ်ပြီ”
နင်ဟုန်ယွီက ဘူးသီးခြောက် တစ်လုံးကို စားပွဲပေါ် တင်လိုက်သည်။
“ဒီထဲမှာ ကတိသစ္စာကူကောင်တွေ ပြည့်နေတယ် ..ရှင်တို့ တစ်ယောက်စီ တစ်ကောင်စီ ယူပြီး သစ္စာဆိုကြ”
ကန္တာရ သံတမန်များ၏ မျက်နှာများမှာ အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်သွားကြသည်။
သူတို့သည် ယုံကြည်မှုနှင့် ဂုဏ်သိက္ခာကို တန်ဖိုးထားသူများ ဖြစ်ကြပြီး ဂိုဘီကန္တာရ ဆယ့်ခြောက် ပြည်ထောင်မှ ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသော်လည်း ယခုအခါတွင်မူ အဆိပ်သောက်ရန် ဖိအားပေးခံနေရကာ အခြားသူများ၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်နေရချေပြီ။
ထိုလူစုမှာ တွေဝေသွားကြပြီး အချို့မှာ သူတို့၏ ဆုံးဖြတ်ချက်ကို နောင်တရနေကြ၏။
နင်ဟုန်ယွီက လှောင်ပြောင်လိုက်သည်။
“ဒါက ရှင်တို့ရဲ့ ခိုင်မာတဲ့ ဆန္ဒတွေလား ..ကန္တာရကို ကယ်တင်မယ်ဆို ..ကျွန်မ အမြင်ကို ပြောရရင် ရှင်တို့အားလုံး ကိုယ့်အိမ်ကိုယ့်ယာ ပြန်ပြီး ကိုယ့်အမေဆီမှာ နို့သွားစို့နေကြတာ ပိုကောင်းမယ်”
“ဒီအဘိုးအိုပဲ အရင် လာခဲ့မယ်”
ထိုသို့ဆိုကာ ချီနျန်ချူက သက်ပြင်းချလိုက်သည်။
သူတို့၏ ထိန်းချုပ်မှုကို ခံယူရုံမှတစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။
လုံလောက်သော ရိုးသားမှု မရှိပါက သူတော်စင်မလေးက သူတို့နှင့်အတူ ကန္တာရသို့ လုံးဝ ပြန်လိုက်လာမည် မဟုတ်ချေ။
သူသည် ရှေ့သို့ တစ်လှမ်း တိုးလာကာ ကတိသစ္စာကူကောင် တစ်ကောင်ကို ယူ၍ မြိုချလိုက်၏။
“ကျွန်တော်ဟာ ကန္တာရ ဆယ့်ခြောက် ပြည်ထောင် ယဇ်ပူဇော်ရာ နယ်မြေရဲ့ အရှင်သခင်.. ရှီရှနိုင်ငံရဲ့ နန်းတွင်း အကြံပေးနဲ့ ရှီရှ လင်းရွှီ (ဝိညာဉ် အပျက်အစီး နယ်မြေ)ရဲ့ ဝိညာဉ်အနွယ်ဝင် ချီနျန်ချူ ဖြစ်ပါတယ်”
“သခင်မလေးနဲ့ အတူ ဒီရိုးရာဓလေ့ကို လုပ်ဆောင်ပါမယ်လို့ ဒီနေ့ ဒီနေရာမှာ သစ္စာဆိုပါတယ် ..သခင်မလေးနင် ကန္တာရကို ပြန်လာတာဟာ ဘယ်လို မကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိပါဘူး.. ပြောခဲ့တဲ့ စကားအားလုံးဟာ မှန်ကန်ပါတယ် ..ကန္တာရကို ပြန်ရောက်ပြီးတဲ့နောက် သခင်မလေးကို ထိခိုက်စေမယ့် ဘယ်လို လုပ်ရပ်မျိုးကိုမှ လုံးဝ ပြုလုပ်မှာ မဟုတ်ပါဘူး”
“အကယ်၍ ဖောက်ဖျက်ခဲ့မယ်ဆိုရင် နှလုံးသား အပိုင်းပိုင်း ပြတ်တောက်ပြီး တစ်ကိုယ်လုံး ယိုယွင်းပုပ်သိုးကာ အသေဆိုးနဲ့ သေဆုံးပါစေ”
သစ္စာဆိုပြီးသည်နှင့် တစ်ပြိုင်နက် ကတိသစ္စာကူကောင်သည် ချီနျန်ချူ၏ နှလုံးသွေးကြောထဲသို့ ထိုးဖောက် ဝင်ရောက်သွားကာ ချိတ်ဆက်သွားပြီး ၎င်း၏ ရှည်လျားလှသော အမြစ်အလက်များသည် သူ၏ အတွင်းကလီစာများနှင့် သွေးကြောများ အနှံ့အပြားသို့ ရစ်ပတ် ဖြာထွက်သွားတော့သည်။
မိမိသည် တစ်ချိန်က လင်းယွဲ့ ယူဘုရင်အား လှည့်စားကာ သတ်ဖြတ်ခဲ့ဖူးသဖြင့် လီယွမ်က အခြားသူများလည်း မိမိကဲ့သို့ပင် ရက်စက်ကောက်ကျစ်လိမ့်မည်ဟု ယူဆကာ ဤအဆင့်မြှင့်တင်ထားသော ကတိသစ္စာကူကောင်ကို အထူး တီထွင်ဖန်တီးထား၏။
အကျိုးသက်ရောက်မှုများက ပိုမို နက်ရှိုင်းပြီး စတင် အသက်ဝင်မှုကလည်း အလွန် အားကောင်းလှသည်။
အကယ်၍များ သစ္စာဖောက်ဖျက်ခဲ့ပါက သေဆုံးမှုမှာ ပိုမို ကြောက်မက်ဖွယ်ကောင်းပြီး အချိန်တိုအတွင်း မြန်ဆန်လှမည် ဖြစ်သည်။
“ရှင့်ရဲ့ ရိုးသားမှုကို တွေ့ရပါတယ်”
နင်ဟုန်ယွီက ဆိုလိုက်သည်။
သစ္စာအဓိဋ္ဌာန်မှာ အသက်ဝင်သွားပြီ ဖြစ်ကြောင်း သူမ ခံစားသိရှိနိုင်၏။
ကန္တာရကို ကိုယ်စားပြုသော ထိုလူစုသည် သူမအား လှည့်စားခြင်း မရှိပေ ..လင်းရွှီ (ဝိညာဉ် အပျက်အစီး နယ်မြေ)များရှိ မူမမှန်မှုများကို ဖြေရှင်းပေးရန် သူမ ပြန်လာဖို့ အမှန်တကယ် လိုအပ်နေလေသည်။
“မိတ်ဆွေတို့ ..ငါတို့အားလုံး သစ္စာဆိုကြပါစို့”
ချီနျန်ချူသည် အခြားသော သံတမန်များကို ကြည့်ကာ သူ၏ ညာဘက်လက်ကို ဆုပ်ပြီး ဘယ်ဘက် ရင်ဘတ်ပေါ် တင်လျက် သုံးချက် တဖြည်းဖြည်း ထုလိုက်၏။
ဤသည်ကား ကန္တာရ၏ ရိုသေလေးစားမှု ပြသသော ဓလေ့ပင်။
အခြားသော သံတမန်များကလည်း ဤဓလေ့ကို လေးနက်စွာ လိုက်လံ ပြုလုပ်ကြပြီး သူတို့၏ ခေါင်းများကို ညွှတ်ကာ ဂါထာမန္တန်များကို ရွတ်ဆိုကြတော့သည်။
“ကန္တာရအတွက် ..လင်းရွှီ (ဝိညာဉ် အပျက်အစီး နယ်မြေ)များအတွက်”