အခန်း ၆၉၉
Vol. 60 Ch. 699
အခန်း ၆၉၉
နန်ပါးထျန်း ဒေါသဖြင့် အော်ဟစ်လိုက်သည်။ သူ၏မျက်လုံးများတွင် နာကျည်းမုန်းတီးခြင်းများ ပြည့်နှက်နေ၏။
…
ချန်ကျဲ့သည် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ ပြန်လာခဲ့သည်။ ကျောက်ယာသည်တော့ ယဲ့လုဖုန်း၏ဖိတ်ခေါ်မှုဖြင့် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်တွင် ကျန်ရစ်ခဲ့သည်။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်၏ အကောင်းဆုံးအခန်းကို ကျောက်ယာအတွက် ချန်ထားပေးခဲ့ပြီး ကျောက်ယာသည်လည်း မငြင်းဆန်ပေ။
စားသောက်အပြီး စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ ထွက်လာချိန်တွင် ချန်ကျဲ့ ခဏမျှစဉ်းစားလိုက်သည်။ ထို့နောက် တောင်မြို့သို့ ဦးတည်ထွက်ခွာခဲ့သည်။
တောင်မြို့၌
ဟွမ်ဝမ်အာသည် သစ်ပင်ကြီးတစ်ပင်အောက်တွင် လက်တစ်ဖက်မှ သစ်ပင်ကို ထောက်ကိုင်လျက် မတ်တပ်ရပ်နေသည်။ အခြားလက်တစ်ဖက်သည် သူမ၏ဝမ်းဗိုက်ကို ထိကိုင်ထားလျက် မျက်လုံးအစုံတွင်တော့ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။
မနေ့ညက မြို့ထဲတွင် ဖရိုဖရဲဖြင့် ပွက်လောရိုက်နေခဲ့သဖြင့် တစ်ခုခုဖြစ်ပွားနေကြောင်း ဟွမ်ဝမ်အာလည်း သိပေသည်။
သို့ဖြင့် ဟွမ်ဝမ်အာသည် တစ်ညလုံး ကောင်းကောင်းအိပ်မပျော်နိုင်ခဲ့ဘဲ ဒီမနက်တွင် သုကျွမ်း အပြင်မှ ပြန်ရောက်လာသောအခါ မနေ့ညက ခန်းမအရှင်သခင်ချန်သည် သခင်ကြီးယဲ့လုနှင့် ပူးပေါင်းပြီး ငါးဖမ်းကုန်သည်အဖွဲ့ဌာနချုပ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ကာ နောက်ဆုံးတွင် မျန့်ရွှေမြို့မှ ထွက်ပြေးသွားသည့် နန်ပါးထျန်းကို လိုက်လံဖမ်းဆီးခဲ့ရသည်ဟူသည့် သတင်းကို ကြားသိခဲ့ရသည်။
ထိုသတင်းကိုကြားလျှင် ဟွမ်ဝမ်အာ ပျော်ရွှင်သွားလိမ့်မည်ဟု သုကျွမ်း ထင်ထားခဲ့ခြင်းဖြစ်သည်။
သို့သော် မမျှော်လင့်စွာဖြင့် ဟွမ်ဝမ်အာသည် စိုးရိမ်ပူပန်နေခဲ့လေသည်။
“နန်ပါးထျန်းက မသေသေးဘူးလား”
သုကျွမ်း ခေါင်းညိတ်သည်။
ဟွမ်ဝမ်အာသည် စိုးထိတ်နေခဲ့၏။
သူ့ကို လူတွေအများကြီးက လိုက်ဖမ်းဆီးတာတောင် နန်ပါးထျန်းက မသေသေးဘူးတဲ့။ ဒါက…
သူမသည် နန်ပါးထျန်းကို ကောင်းကောင်းနားလည်သည်။ နန်ပါးထျန်းသည် အသေးငယ်ဆုံးသော မကျေချမ်းမှုလေးအတွက်ပင်လျှင် လက်တုံ့ပြန်တတ်သူဖြစ်သည်။ နန်ပါးထျန်းသာ ထွက်ပြေးလွတ်မြောက်သွားပါက သေချာပေါက် လက်စားချေရန် ကြံစည်လိမ့်မည်။ အချိန်တစ်ခုရောက်သည့်အခါ ချန်ကျိုစစ်သည် အလင်းထဲတွင် ရှိနေပြီး နန်ပါးထျန်းသည် အမှောင်ထဲတွင် ရှိနေလိမ့်မည်။ နန်ပါးထျန်းမှ အလစ်တိုက်ခိုက်လာပါက ချန်ကျိုစစ်သည် အဘယ်သို့ တုံ့ပြန်လုပ်ဆောင်လိမ့်မည်နည်း။
ဟွမ်ဝမ်အာ၏ စိုးရိမ်ပူပန်နေသည့်အမူအရာကို မြင်သောအခါ သုကျွမ်းမှ ပြောသည်။
“သခင်မ ခန်းမအရှင်သခင်ချန်က နန်ပါးထျန်းကို တစ်ကြိမ်အနိုင််ယူနိုင်ရင် နောက်တစ်ကြိမ်လည်း အနိုင်ယူနိုင်မှာပါ။ အဲဒီလောက်ကြီး စိုးရိမ်နေဖို့မလိုပါဘူး”
ဟွမ်ဝမ်အာသည် စိုးရိမ်ပူပန်နေဆဲပင်။
သို့ဖြင့် သူမသည် ဤသစ်ပင်ကြီးအောက်တွင် တစ်မနက်လုံး မတ်တပ်ရပ်နေခဲ့သည်။
ယခုတွင် သူမ၏ဝမ်းဗိုက်သည် အနည်းငယ် ဖောင်းနေပြီဖြစ်သည်။ သို့သော် အရမ်းကြီး သတိထားမိလောက်အောင် ပူဖောင်းနေသည်မျိုးတော့ မဟုတ်သေးပေ။
ထို့နောက် သုကျွမ်းမှ ပြောသည်။
“သခင်မ ကျွန်မ သခင်မ ခြေထောက်ဆေးဖို့ ရေနွေးပြင်ထားပါတယ်။ စိတ်ပင်ပန်းမှုတွေကို ဖြေလျှော့ပြီး ကောင်းကောင်းအိပ်ပျော်နိုင်အောင်လို့ပါ။ မဟုတ်ရင် သခင်မက ခံနိုင်ရည်ရှိရင်တောင်မှ ဗိုက်ထဲက ကလေးက ခံနိုင်ရည်ရှိတော့မှာမဟုတ်ဘူး”
ကနဦးတွင် ဟွမ်ဝမ်အာသည် ငြင်းဆန်လိုခြင်းဖြစ်သည်။ သို့သော် သုကျွမ်း၏စကားအဆုံးတွင် သုကျွမ်းပြောသည့်အတိုင်း သဘောတူလိုက်သည်။
သူမအနေဖြင့် မိမိ၏ကျန်းမာရေးကို လျစ်လျူရှုထားနိုင်သော်ငြား ကလေး၏ကျန်းမာရေးကိုတော့ ထိခိုက်စေ၍ မဖြစ်ချေ။
ထိုသို့အတွေးဖြင့် ဟွမ်ဝမ်အာသည် အိမ်ထဲပြန်ဝင်သွားလိုက်သည်။ သုကျွမ်းမှ ရေနွေးနွေးလေး ယူလာပေးသည်။
ဟွမ်ဝမ်အာသည် ဖိနပ်နှင့်ခြေအိတ်များကို ချွတ်လိုက်ရာ နှင်းကဲ့သို့ဖြူဆွတ်သည့် ခြေထောက်တစ်စုံ ထွက်ပေါ်လာသည်။
သုကျွမ်းသည် ဟွမ်ဝမ်အာ၏ခြေထောက်အစုံကို ရေဇလုံထဲ ညင်သာနူးညံ့စွာ နေရာချပြီး ညင်ညင်သာသာ နှိပ်နယ်ပေးရင်း ပြောသည်။
“သခင်မရဲ့ခြေထောက်တွေက အရမ်းလှတာပဲ”
ဟွမ်ဝမ်အာသည် ဘာမှမပြောပေ။ သူမ၏ခြေထောက်များသည် အမှန်တကယ် လှပပါ၏။
လှပသည့် ခြေထောက်ပုံစံလေးသည် ကျောက်စိမ်းအလား ဖြူစင်မှုနှင့်အတူ ခြေချောင်းများသည်လည်း လှပသည့် ပုတီးစေ့လုံးလေးများအလား အချိုးကျနသေသပ်လေသည်။
ဟွမ်ဝမ်အာသည် တိတ်ဆိတ်စွာ ခြေထောက်ရေစိမ်နေခဲ့သည်။ သုကျွမ်းသည် အချိန်ခဏကြာ ခြေထောက်ဆေးပေးနေစဉ် သူမ၏သခင်မမှာ အိပ်ရေးပျက်ထားသောကြောင့် အာရုံပျံ့လွင့်နေကြောင်း သတိထားမိလိုက်သည်။
ဟွမ်ဝမ်အာ သတိလက်လွတ် ငိုက်မျဉ်းသွားပြီး ယိုင်သွားချိန်တွင် သန်မာကြံ့ခိုင်သည့် လက်တစ်ဖက်မှ သူမကို လှမ်းထိန်းလိုက်သည်။
ဟွမ်ဝမ်အာသည် ထိတ်လန့်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။
“သခင်ကြီးချန်”
ဟွမ်ဝမ်အာမှ ခေါ်လိုက်ရာ ချန်ကျဲ့ ပြုံးလိုက်သည်။
“တစ်ညလုံးအိပ်မထားဘူးလား”
ဟွမ်ဝမ်အာမှ ပြန်ပြောသည်။
“အိပ်မပျော်လို့”
ချန်ကျဲ့မှ ပြောသည်။
“အခု အားလုံးအဆင်ပြေသွားပြီ။ နန်ပါးထျန်းက ထွက်ပြေးသွားပြီ။ အခု ကိုယ်တို့အတူရှိနေမှာကို တားမယ့်သူမရှိတော့ဘူး။ ဒီနေ့ပဲ ကိုယ်နဲ့အတူ ကျားဖြူခန်းမကို လိုက်ခဲ့ရင်ရော ဘယ်လိုလဲ”
ဟွမ်ဝမ်အာမှ ပြောသည်။
“ဟင့်အင်း သခင်ကြီးချန်။ ကျွန်မ မလိုက်ချင်ဘူး။ ဒီနေရာမှာ နေရတာအဆင်ပြေတယ်”
ဟွမ်ဝမ်အာသည် သူမ၏ဝမ်းဗိုက်ကို ထိကိုင်ရင်း ပြောသည်။
“ကျွန်မက ကျွန်မဗိုက်ထဲက ကလေးကို ဘေးကင်းကင်းမွေးဖွားချင်ရုံပဲ။ တခြားဘာကိုမှ မလိုချင်ဘူး”
ချန်ကျဲ့ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ဟွမ်ဝမ်အာမှ ပြောသည်။
“သခင်ကြီးချန် ရှင်ထမင်းမစားရသေးဘူးမလား။ သုကျွမ်း သခင်ကြီးချန်အတွက် စားစရာတချို့ သွားပြင်ဆင်လာခဲ့”
ထိုအခါ သုကျွမ်းမှ ပြောသည်။
“သခင်မ ကျွန်မ အရင်ဆုံး သခင်မရဲ့ခြေထောက်ကို ခြောက်အောင်သုတ်သွားပေးပါရစေ”
ချန်ကျဲ့မှ ပြောသည်။
“မင်းသွားလိုက်။ ငါလုပ်လိုက်မယ်”
ချန်ကျဲ့ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခြေထောက်သုတ်ရန် ပုဝါကိုယူလိုက်သည်။ ထို့နောက် ဟွမ်ဝမ်အာ၏ခြေထောက်ကို ရေဇလုံထဲမှ ပင့်မြှောက်ထုတ်လိုက်သည်။
ဟွမ်ဝမ်အာ၏ လှပသည့်ခြေထောက်များကိုကြည့်ရင်း ချန်ကျဲ့၏မျက်နှာမှာ အံ့အားသင့်မှုများ ထင်ဟပ်လာခဲ့သည်။ သူသည် စွဲလမ်းလွန်ကဲသူမဟုတ်ပေ။ သို့သော် ဤခြေထောက်များသည် အနုပညာလက်ရာများအလား အလွန်တရာ လှပပေသည်။
ဟွမ်ဝမ်အာသည် ချန်ကျဲ့မှာ သူမ၏ခြေထောက်ကို စိုက်ကြည့်နေကြောင်း ခံစားမိသည်တွင် ပါးပြင်မှာ နီမြန်းလာခဲ့သည်။
သူမသည် ချန်ကျဲ့မှ သူမ၏တစ်ကိုယ်လုံးကို မြင်တွေ့နေရသည့်အချိန်ထက်ပင် ပို၍ ရှက်ရွံ့နေလေသည်။
ဟွမ်ဝမ်အာသည် ခေါင်းငုံ့လိုက်ပြီး သူမ၏ခြေထောက်များကို ချန်ကျဲ့၏လက်များထဲမှ ဆွဲထုတ်ရန် ရုန်းလိုက်သည်။ သို့သော် ချန်ကျဲ့သည် သူမ၏ခြေထောက်များကို ညင်ညင်သာသာ ဆော့ကစားလာလေသည်။
ထူးဆန်းကာ ယားယံသည့်ခံစားချက်သည် သူမ၏တစ်ကိုယ်လုံး ပျံ့နှံ့လာ၏။
ချန်ကျဲ့သည် သူမ၏ပျော်ရွှင်နေသည့်မျက်လုံးများကို မော့ကြည့်နေခဲ့ရင်း သူ၏အိတ်ထဲမှ ရွှေခြေကျင်းလေးကို ထုတ်ယူကာ ဟွမ်ဝမ်အာ၏ခြေကျင်းဝတ်တွင် ဝတ်ဆင်ပေးလိုက်သည်။
ဟွမ်ဝမ်အာ ထိုခြေကျင်းကို မှတ်မိပါ၏။ ၎င်းသည် နန်ပါးထျန်းပိုင်ဆိုင်သည့်အရာဖြစ်သည်။ အရင်က နန်ပါးထျန်းသည် သူမကို ထိုခြေကျင်းလေး ဝတ်ပေးချင်ခဲ့သည်။ သို့သော် ၎င်းသည် သူမကို သရော်ခြင်းတစ်မျိုးဟု ခံစားရသဖြင့် သူမ ငြင်းခဲ့သည်။
သို့သော် ဒီနေ့တွင်တော့ ချန်ကျိုစစ်မှ သူမကို ဝတ်ပေးလာခဲ့လေသည်။
သူမသည် ထူးဆန်းသည့်ခံစားချက်ကို ခံစားနေခဲ့ရသည်…
ရွှေပတ္တမြားခြေကျင်းလေးကို ဝတ်ဆင်ပေးနေစဉ်၌ ချန်ကျဲ့နှင့် ဟွမ်ဝမ်အာတို့သည် တစ်ယောက်၏မျက်လုံးများထဲ အကြည့်မလွှဲတမ်း ငေးစိုက်ကြည့်နေခဲ့ကြသည်။ သူတို့နှစ်ဦးစလုံးသည် အချင်းချင်း၏ခံစားချက်များကို နားလည်ကြပါ၏။
“သခင်ကြီးချန် ကလေးရှိတာကို သတိထားပါဦး…”
ခဏကြာပြီးနောက် ဟွမ်ဝမ်အာသည် သူ၏နှုတ်ခမ်းထောင့်များကို သုတ်လိုက်ပြီး ပြစ်တင်ဟန်သောအမူအရာဖြင့် ပြောသည်။
“ရှင် စူးယွင်ကျင်းကိုကျ ဘာလို့ ဒီလိုမဆက်ဆံတာလဲ”
ချန်ကျဲ့ တွန့်ဆုတ်သွားပြီးနောက် ပြုံးလိုက်သည်။
“မတူဘူးလေ”
“ဘာမတူလို့လဲ။ ကျွန်မတို့နှစ်ယောက်စလုံး ကိုယ်ဝန်ရှိနေကြတာပဲ။ စူးယွင်ကျင်းက ရှင့်ကို အနားကပ်မခံရင် ရှင် သူ့ကိုချော့မော့တယ်။ ကျွန်မ ရှင့်ကိုခွင့်မပြုတော့ကျ ရှင်က ကျွန်မကို အတင်းအကျပ်ဖိအားပေးတယ်…”
ဟွမ်ဝမ်အာသည် မကြာမီက ဖြစ်ပျက်ခဲ့သည်များကို ပြန်တွေးမိသည်တွင် သူမ၏မျက်နှာမှာ ရှက်ရွံ့မှုကြောင့် နီမြန်းသွားပြန်သည်။
ချန်ကျဲ့ပြုံးလိုက်သည်။
“ဝမ်အာက သဝန်တိုနေတာလား”
“ကျွန်မ…”
“မင်းက တဖြည်းဖြည်း သာမန်အမျိုးသမီးတစ်ယောက်နဲ့ ပိုတူလာနေပြီ။ လုံးဝ ရူးနှမ်းမနေတော့ဘူး”
ချန်ကျဲ့၏မှတ်ချက်စကားတွင် ဟွမ်ဝမ်အာသည် သူမကို မျက်စောင်းထိုးကြည့်လာ၏။
“ရှင်က ကျွန်မကို ရူးနှမ်းနေစေချင်တာလား”
ချန်ကျဲ့ ဖြေလိုက်သည်။
“ကိုယ်မဖြစ်စေချင်ပါဘူး။ ဒါပေမဲ့ မင်းစဉ်းစားကြည့်လေ ဝမ်အာ။ ကိုယ် မင်းကို ဒီလိုမျိုးလာတွေ့နေပြီး ယွင်ကျင်းဆီကို မသွားဘူးဆိုရင် အဲဒါက ကိုယ်က မင်းကို ပိုလိုအပ်နေတာလို့ ဆိုလိုတာမဟုတ်ဘူးလား…”
“ဒါက…”
ဟွမ်ဝမ်အာ တွေဝေသွား၏။ စဉ်းစားကြည့်လိုက်တော့လည်း အဓိပ္ပာယ်ရှိသလိုပင်။
ချန်ကျိုစစ်က စူးယွင်ကျင်းနဲ့ အနီးကပ်နေမယ့်အစား ငါ့ကိုလာရှာခဲ့တာ ငါက ချန်ကျိုစစ်အတွက် ပိုအသုံးဝင်တယ်လို့ ဖော်ပြနေတာပဲမဟုတ်လား…
ချန်ကျဲ့သည် ဟွမ်ဝမ်အာ စိတ်ထဲတွင် တွက်ချက်နေသည်ကို စောင့်ကြည့်နေခဲ့သည်။ သူ၏မျက်နှာထက်တွင် ကျီစယ်ဟန်သော ခပ်ညစ်ညစ်အပြုံးတစ်ခု ဖြစ်တည်နေ၏။
တကယ့်ကိုပဲ ကိုယ်ဝန်ဆောင်ရင် လူကို သုံးနှစ်စာ တုံးအသွားစေတယ်ဆိုတာ တကယ်မှန်တာပဲ။ ဟွမ်ဝမ်အာ အရင်က ဘယ်လောက်တောင် ထက်မြက်ခဲ့လဲတွေးကြည့်စမ်း၊ အခုတော့ အလွယ်လေးပဲ သူများလှည့်ဖျားထိန်းချုပ်တာ ခံနေရပြီ…
…
“သခင်ကြီးချန် ကျွန်မ ရှင့်ကိုပြောစရာရှိတယ်။ နန်ပါးထျန်းက ထွက်ပြေးသွားပြီဆိုပေမဲ့ ကျွန်မ သူ့ကို ကောင်းကောင်းနားလည်တယ်။ သူက ကိစ္စတစ်ခုကို လွယ်လွယ်လွှတ်ချနိုင်တဲ့သူ မဟုတ်ဘူး။ ရှင်က နောက်ခုနစ်ရက်ဆို ရာထူးဆက်ခံပွဲအခမ်းအနားကျင်းပတော့မှာမလား။ ကျွန်မ စိုးရိမ်တာက သူ…”
ချန်ကျဲ့ပြုံးလိုက်သည်။
“မင်း ဘာမှမစိုးရိမ်ပါနဲ့။ တကယ်တော့ ကိုယ်က အဲဒီနေ့ကျ သူရောက်လာဖို့ မျှော်လင့်နေတာ”