← Chapters

အခန်း ၇၀၁

Vol. 60 Ch. 701

အခန်း ၇၀၁

Vol. 60 Ch. 701

အခန်း ၇၀၁

ချန်ကျဲ့သည် ကျားဖြူခန်းမမှ စေလွှတ်သည့်အလုပ်သမားများသည် ကျိန်းသေပေါက် လုံ့လဝီရိယရှိစေရပါမည်ဟု အာမခံခြင်းဖြင့် ထိုကုန်သည်များကို စိတ်အေးသက်သာဖြစ်စေခဲ့သည်။ အလုပ်သမားတစ်ဦးဦးမှ အချောင်ခိုခြင်း၊ မရိုးဖြောင့်ခြင်းရှိခဲ့ပါက ထိုအလုပ်သမားကို အလုပ်ထုတ်နိုင်ပြီး ကျားဖြူခန်းမအနေဖြင့် အလုပ်သမားအသစ်တစ်ဦး အစားထိုးစေလွှတ်ပေးပါမည်ဟု အာမခံခဲ့သည်။

ကုန်သည်များသည် ကနဦးတွင် တွန့်ဆုတ်တွေဝေနေခဲ့ကြသော်ငြား နောက်ဆုံးတွင်တော့ ချန်ကျဲ့၏ညှိနှိုင်းမှုကို လက်ခံခဲ့ကြသည်။ အထူးသဖြင့် ကျားဖြူခန်းမသည် အခွန်နှုန်းထားကို ၅ရာခိုင်နှုန်းထပ်လျှော့ပေးခဲ့ခြင်းကြောင့် ဖြစ်သည်။

တကယ်တမ်းတွင် သူတို့ကိုယ်တိုင်သည်လည်း အလုပ်သမားများ လိုအပ်နေသည် မဟုတ်ပါလော။

ချန်ကျဲ့၏လုပ်ဆောင်မှုများသည် ငါးဖမ်းကုန်သည်အဖွဲ့သားများ၏ မိသားစုဝန်ထုပ်ဝန်ပိုးများကို လျှော့ချပေးရန် ရည်ရွယ်ခြင်းဖြစ်သည်။

ငါးဖမ်းကုန်သည်အဖွဲ့သားများသည် မိသားစု၏ဖိအားများကို မကြာခဏ ခံစားနေကြရကြောင်း ချန်ကျဲ့သိသည်။ အထက်တွင် စောင့်ရှောက်ရမည့် သက်ကြီးရွယ်အိုများရှိပြီး အောက်တွင်လည်း ကလေးများရှိနေသည်။ မိသားစုဝင်များသည် ငါးဖမ်းကုန်သည်အဖွဲ့သားအဖြစ် အလုပ်လုပ်နေသူတစ်ဦးတည်းကိုသာ မှီခိုအားထားနေကြလေသည်။ သူတို့ထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးသည် လေးလံလွန်း၏။

ချန်ကျဲ့၏ ကုန်သည်အဖွဲ့အတွင်း ကနဦးလုပ်ဆောင်ချက်မှာ ငါးဖမ်းကုန်သည်အဖွဲ့သားများအနေဖြင့် အလုပ်တာဝန်တစ်ခုခုကို ကောင်းမွန်အောင်မြင်စွာ လုပ်ဆောင်နိုင်လျှင် သူတို့၏မိသားစုများကို ခုနက ကုန်သည်ကြီးများ၏ လုပ်ငန်းဆိုင်ခန်းများတွင် အလုပ်လုပ်နိုင်ရန် စေလွှတ်ပေးမည့် အစီအစဉ်ဖြစ်သည်။

သင့်လျော်သည့်လုပ်အားခကို ရရှိနိုင်သဖြင့် မိသားစုထဲတွင် အလုပ်လုပ်နိုင်စွမ်းရှိသူများသည် ထိုဆိုင်များတွင် အလုပ်လုပ်ခြင်းဖြင့် ဝင်ငွေရှာနိုင်ကြလိမ့်မည်။

ထိုကုန်သည်ကြီးများသည် အလုပ်သမားခန့်ရာတွင် အလွန်တင်းကြပ်ကြပြီး ငါးဖန်းကုန်သည်အဖွဲ့သားများ၏ မိသားစုဝင်များမှာ သူတို့ကိုယ်ပိုင်အင်အားဖြင့်ဆိုပါက ထိုအလုပ်နေရာများကို ရရှိနိုင်ကြလိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ ဤသည်မှာ ငါးဖမ်းကုန်သည်အဖွဲ့သားများ၏ မိသားစုဝင်များ အလုပ်အကိုင်အခွင့်အလမ်းပြဿနာအတွက် ဖြေရှင်းပြီး ဖြစ်သွားပေလိမ့်မည်။

ဤအချက်သည် ဖိအားများကြား ရှင်သန်နေရသည့် အဖွဲ့သားများကို အားတက်သွားစေခဲ့ကာ ကုန်သည်အဖွဲ့အတွင်း စိတ်အားထက်သန်စွာ အလုပ်လုပ်လာကြစေသည်။

တတိယစည်းမျဉ်းဥပဒေသည် ငါးဖမ်းကုန်သည်အဖွဲ့၏ အရည်အချင်းရှိသူများကို အလုပ်ခန့်အပ်မည့် အစီအစဉ်ဖြစ်သည်။ အကြိမ်ပေါင်းများသစွာ စဉ်းစားဆင်ခြင်းခြင်းနှင့် တိုက်ပွဲများအပြီး တစ်စတစ်စ အင်အားဆုတ်ယုတ်လာပြီးနောက်၌ အဖွဲ့သားအရေအတွက်သည် တစ်ထောင့်နှစ်ရာမျှသာ ရှိလေရာ ဤပမာဏမှာ ချန်ကျဲ့၏ရည်ရွယ်ချက်ကို ပြည့်မီရန်အတွက် အလွန်ဝေးကွာလွန်းသေးပေသည်။

သို့ဖြင့် ချန်ကျဲ့သည် နောက်ထပ် အဖွဲ့သားရှစ်ရာခန့် ထပ်မံခန့်အပ်ပြီး လူအင်အားနှစ်ထောင်ပြည့်စေရန် ဆုံးဖြတ်ထားခဲ့သည်။

ထို့ပြင် ဒေသခံငါးဖမ်းကုန်သည်အဖွဲ့ဌာနလေးများအတွက် အဖွဲ့သားခန့်အပ်ခြင်းတွင်လည်း ဦးစားပေးအချက်အလက်များ တိုးတက်လာခဲ့သည်။ ထိုဌာနလေးများအတွင်း၌လည်း ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် အရည်အချင်းများကို အထူးတလည် ကြည့်ရှုခန့်အပ်ပေမည်။

ထိုအဖွဲ့သားများအပြင် ငါးဖမ်းကုန်သည်အဖွဲ့သည် စာပေပညာရှင်များနှင့် လက်မှုပညာရှင်များကိုလည်း အထူးပညာရှင်များအဖြစ် ခန့်အပ်မည်ဖြစ်သည်။

စာပေပညာရှင်များသည် စာရေးများအဖြစ် တာဝန်ထမ်းဆောင်နိုင်သည်။ ဦးစီးမှူးများ၏ အကြံပေးအဖြစ် ကူညီပေးနိုင်ပြီး စာရင်းအင်းစီမံခန့်ခွဲမှုကိုလည်း ကူညီပေးနိုင်လိမ့်မည်။

ဤစည်းမျဉ်းဥပဒေသည် မျန့်ရွှေစီရင်စု၏လူငယ်အပေါင်းကို စိတ်လှုပ်ရှားတက်ကြွစေခဲ့ကာ အားလုံးသည် အလုပ်လျှောက်ထားရန် စိတ်အားထက်သန်နေကြတော့သည်။

သို့ဖြင့် ငါးဖမ်းကုန်သည်အဖွဲ့သို့ အလုပ်လျှောက်ထားသူသည် ၇ရက်အတွင်း လူသုံးထောင်ကျော်ခဲ့သည်။ သို့သော် ချန်ကျဲ့သည် အများဆုံးမှ လူရှစ်ရာသာ ရွေးချယ်၏။ ကျန်သူများထဲမှ အထူးအရည်အချင်းရှိသူများသည် အထူးပညာရှင်များအဖြစ် ခန့်အပ်ခံကြရသည်။ သို့မဟုတ်ပါက ကုန်သည်အဖွဲ့၏ အရန်အဖွဲ့ထဲသို့ဝင်ရောက်ရန် စီစဉ်ပေးသည်။ ထိုလူများသည် အရန်အဖွဲ့ဝင်အဖြစ် ကုန်သည်အဖွဲ့၏ အမျိုးမျိုးသော အလုပ်တာဝန်များကို လုပ်ဆောင်ကြရလိမ့်မည်။

အရန်အဖွဲ့ဝင်များ၏ လုပ်ဆောင်ချက်ကောင်းမွန်ပါက သို့မဟုတ် ကုန်သည်အဖွဲ့ကို ချဲ့ထွင်ပါက ထိုအရန်အဖွဲ့ဝင်များထဲမှ အဖွဲ့သားအချို့ကို ရွေးချယ်၍ ကုန်သည်အဖွဲ့၏ အဓိကအင်အားစုထဲသို့ ထည့်သွင်းခန့်အပ်မည်ဖြစ်သည်။

သို့ဖြင့် အရန်အဖွဲ့သည် လူအင်အား၁၅၀၀အထိ မြင့်တက်သွားခဲ့ပြီး အရန်အဖွဲ့ဝင်တစ်ဦးလျှင် တစ်လလျှင် ထောက်ပံ့ငွေ ပြားသုံးရာရရှိသည်။

သို့ဖြင့် ချန်ကျဲ့၏ငါးဖမ်းကုန်သည်အဖွဲ့သည် အဓိကအင်အား နှစ်ထောင်နှင့် အရန်အဖွဲ့သားအင်အား တစ်ထောင့်ငါးရာအထိ လျင်မြန်စွာ တိုးတက်ချဲ့ထွင်သွားခဲ့သည်။ ထို့အပြင် စာပေပညာရှင်နှင့် လက်မှုပညာရှင်များကဲ့သို့ အမျိုးမျိုးသော အထူးပညာရှင်အဖွဲ့သားအင်အား နှစ်ရာခန့်ကိုလည်း ခန့်အပ်ထားသေးသည်။

ချန်ကျဲ့၏ဦးဆောင်မှုအောက်၌ ငါးဖမ်းကုန်သည်အဖွဲ့၏ တိုးတက်မှုနှုန်းသည် အလွန်လျင်မြန်သည်ဟု သတ်မှတ်ရပေမည်။

ဤလုပ်ငန်းစဉ်တစ်ခုလုံး၌ ခရိုင်မင်းသမီးကျောက်ယာသည် အစီအစဉ်ရေးဆွဲရာတွင် ပါဝင်ခဲ့သည်။ ဤစည်းမျဉ်းဥပဒေများ၏နောက်ကွယ်မှ နိယာမကို ဖမ်းဆုပ်မိပြီးနောက်၌ ကျောက်ယာ၏ ချန်ကျဲ့ကိုကြည့်သည့် မျက်လုံးများမှာ ကြယ်များအလား တောက်ပနေတော့သည်။

ဒီချန်ကျိုစစ်က တကယ့်ကို ပါရမီရှင်ပါပဲလား။ သူ့ရဲ့စီမံအုပ်ချုပ်ရေးနည်းလမ်းတွေက အရမ်းကျွမ်းကျင်စေ့စပ်တာပဲ။

ချန်ကျိုစစ်၏ နည်းလမ်းများကိုသာ ကျင့်သုံးလိုက်ပါက သာမန်ပြည်သူများ၏ နေ့ရက်များသည် သေချာပေါက် သိသိသာသာ တိုးတက်လာလိမ့်မည်ဟု ကျောက်ယာ ခံစားမိပေသည်။

ကျောက်ယာမှာ ချက်ချင်းပြန်သွားပြီး သူမ၏အဖေကို ပြန်လည်ဖွဲ့စည်းမှုအကြောင်း ပြောပြချင်သည့်စိတ်ကို မထိန်းချုပ်နိုင်လောက်အောင်ပင်။

သို့သော် ကျောက်ယာ၏ဖခင်သည် ဤသို့ပြန်လည်ဖွဲ့စည်းမှုနည်းလမ်းများကို လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ကြောင်း ချန်ကျဲ့တစ်ဦးတည်းသာ သိထားပါ၏။ ရူယန်မင်းသားလက်အောက်ခံနယ်မြေများထဲရှိ လောင်းကစားရုံများ၊ အတိုးကြီး ငွေချေးလုပ်ငန်းများ၊ သို့မဟုတ် အခြားသော ဝင်ငွေကောင်းသည့်လုပ်ငန်းများအားလုံး၏ နောက်ကွယ်တွင်ရှိနေသူများမှာ ဩဇာအာဏာကြီးမားသည့် မိသားစုကြီးများဖြစ်ကြသည်။ ထိုမိသားစုကြီးများသည် ရူယန်မင်းသားမှ သူတို့၏ပိုင်မုန့်ကြီးကို ထိပါးခွင့်ပြုလိမ့်မည် မဟုတ်ပေ။ လုံးဝ မဖြစ်နိုင်ပေ။ ပိုင်မုန့်ကြီးကို ထိလိုက်သည်နှင့် အဆုံးသတ်သွားလိမ့်မည်ပင်။

သို့သော် ချန်ကျဲ့သည် ခရိုင်မင်းသမီးကို လှည့်စားထားခဲ့၏။

အထက်ပါနည်းလမ်းအားလုံးသည် ချန်ကျဲ့၏ သာမန်ပြည်သူများကို ချော့မော့သည်နည်းလမ်းများ ဖြစ်သည်။

နောက်လာမည့်အရာများမှာ အတွင်းပိုင်းစည်းမျဉ်းဥပဒေများ ဖြစ်ပေသည်။

တစ်အချက်၊ အတွင်းပိုင်းစီမံခန့်ခွဲမှုအတွက် စနစ်များကို တရားနည်းလမ်းကျဖြစ်စေပြီး စံနှုန်းပြန်သတ်မှတ်ရပေမည်။ လက်အောက်ငယ်သားတစ်ဦးချင်းစီတိုင်း၏ သူတို့၏တာဝန်အပေါ် လုပ်ဆောင်မှုများအတွက် ဆုလာဘ်နှင့်ပြစ်ဒဏ်များကို မျှမျှတတနှင့် ရှင်းရှင်းလင်းလင်း ဖြစ်စေရပေမည်။

ဥပမာဆိုရသော် ကျားဖြူခန်းမအဖွဲ့သားနှစ်ထောင်အပြင် နောက်ထပ်အဖွဲ့သားငါးရာကို ကျားဖြူတပ်ဖွဲ့ထဲသို့ ပေါင်းထည့်တာဝန်ထမ်းဆောင်စေပြီး ကျန်ရှိသည့် သာမန်အဖွဲ့သားများကို လမ်းလုံခြုံရေးနှင့် အခြားသော နယ်မြေအုပ်ချုပ်မှုအလုပ်တာဝန်များတွင် အဓိက လုပ်ဆောင်စေမည်။

နောက်တစ်ခုမှာ ချန်ကျဲ့၏ လက်အောက်ငယ်သားများအတွက် လူမှုဖူလုံရေးစည်းမျဉ်းဥပဒေဖြစ်သည်။

တစ်အချက်၊ ငါးဖမ်းကုန်သည်အဖွဲ့သားအားလုံး၏ လစာကို ၁၀ရာခိုင်နှုန်းတိုးမြှင့်ပေးပြီး အဖွဲ့သားများအတွက် ရာထူးအဆင့်ခွဲခြားမှုများ ပြုလုပ်မည်။ လုပ်ခလစာသည်လည်း ထိုရာထူးအဆင့်များအလိုက် တိုးမြှင့်သွားလိမ့်မည်။

ဥပမာဆိုရသော် အဖွဲ့သားအသစ်များသည် တစ်လလျှင် ငွေရှစ်စ ရရှိမည်။

တစ်နှစ်ကြာပြီးနောက်တွင်မူ တရားဝင်အဖွဲ့သားများအဖြစ် ရာထူးတိုးမည်ဖြစ်ပြီး တစ်လလျှင် ငွေတုံးတစ်တုံး ရရှိလိမ့်မည်။

နောက်နှစ်နှစ်ကြာပြီးနောက်တွင် အဆင့်မြင့်အဖွဲ့သားများအဖြစ် ရာထူးတိုးသွားနိုင်ပြီး တစ်လလျှင် ငွေတစ်တုံးနှင့် ငွေစနှစ်စ ရရှိလိမ့်မည်။

နောက်ထပ်နှစ်နှစ်ကြာမြင့်ပြီးနောက်၌ လက်ရွေးစင်တပည့်များအဖြစ် ရာထူးတိုးနိုင်ပြီး တစ်လလျှင် ငွေတစ်တုံး၊ ငွေစလေးစနှင့်အတူ အခြားသောခံစားခွင့်များကို ရရှိနိုင်သည်။

…

ခန်းမအရှင်သခင်များမှသည် မြောက်များစွာသော ဌာနခွဲများအထိ တိကျသည့် လစာဇယားများပြဌာန်းထားပြီး လစာငွေပေးချေမှုတွင် အမျှတဆုံးဖြစ်စေသည်။

နှစ်အချက်၊ အကျိုးဆောင်နိုင်သူများအတွက် ဆုလာဘ်များရှိလိမ့်မည်။

ဤကဏ္ဍ၌ ချန်ကျဲ့၏ဆုလာဘ်များသည် အလွန်ရက်ရောလွန်းလှ၏။ အရင်က ဆုလာဘ်ဟူသည် ငွေကြေးဆုလာဘ်များသာ ပေးခဲ့သည်။ သို့သော် ယခုတွင် သိုင်းကျမ်းများ၊ ဆေးလုံးများ၊ လက်နက်များကဲ့သို့ အခြားသော ဆုလာဘ်များလည်း ပါဝင်လာသည်။

ဤလောက၌ သိုင်းပညာသည် အရေးအပါဆုံးဖြစ်သည်။ ငွေကြေးသည် အသက်ရှင်နေထိုင်ရေးအတွက် လိုအပ်သည့်အရာဖြစ်ပြီး သိုင်းပညာသည်တော့ အနာဂတ်ကို အလားအလာကောင်းမွန်စေနိုင်သည်။

သိုင်းပညာကျင့်ကြံလိုသူတစ်ဦးအတွက် သိုင်းကျမ်းများ၊ ဆေးလုံးများ၊ လက်နက်များအပြင် ကျွမ်းကျင်သူထံမှ လမ်းညွှန်ပြသမှုများသည် အလွန်အရေးကြီးသည်။

ထိုအရာများသည် သာမန်အဖွဲ့သားများအနေဖြင့် အိပ်မက်ပင် မမက်ဝံ့သည့် အရာများဖြစ်ပေသည်။

သို့သော် ချန်ကျဲ့သည် အဖွဲ့သားအားလုံးကို အခွင့်အရေးတစ်ခု လမ်းဖွင့်ပေးခဲ့သည်။

သိုင်းကျမ်းဆုလာဘ်အတွက် ဆုချီးမြှင့်စနစ်ကို အမှတ်လဲလှယ်ခြင်းစနစ်ဟုလည်း ခေါ်ဆိုနိုင်သည်။

ကျားဖြူခန်းမသို့ ဝင်ရောက်သည့်နေ့မှ စတင်ကာ အဖွဲ့သားသည် ခန်းမထဲတွင် သူ၏အမှတ်ပေးစာရင်းစာအုပ်တစ်အုပ်ကို ရရှိထားလိမ့်မည်။

အမှတ်များကို အချိန်ဖြင့်ဖြစ်စေ၊ အကျိုးဆောင်မှုများဖြင့်ဖြစ်စေ စုဆောင်းနိုင်သည်။ ဥပမာ အဖွဲ့သားအသစ်တစ်ယောက်သည် တစ်နှစ်လျှင် အမှတ်၁၂မှတ် ရရှိလိမ့်မည် ဖြစ်သည်။

သေချာပေါက်ပင် အချိန်ဖြင့်အမှတ်စုဆောင်းခြင်းသည် ကြီးကြီးမားမား တိုးတက်စေနိုင်လိမ့်မည် မဟုတ်ပေ။ သို့ဖြစ်ရာ အဖွဲ့သားအနေဖြင့် ကုန်သည်အဖွဲ့အတွက် အကျိုးဆောင်ရန် ကြိုးပမ်းအားထုတ်ရပေလိမ့်မည်။

All Chapters