← Chapters

အခန်း ၇၀၈

Vol. 60 Ch. 708

အခန်း ၇၀၈

Vol. 60 Ch. 708

အခန်း 708

အခမ်းအနားကို တက်ရောက်လာသူများအားလုံးမှာ မျန့်ရွှေ၏ ဩဇာလွှမ်းမိုးမှုရှိသူများ ဖြစ်ကြသည်။ ဖြောင့်မတ်မှန်ကန်မှုလမ်းစဉ်နှင့် မြေအောက်လောကနယ်ပယ်များ အားလုံးနီးပါး အခမ်းအနားထဲ တည်ရှိနေကြသည်။

စီရင်စုအုပ်ချုပ်ရေးမှူးယဲ့လုဖုန်း၊ စီရင်စုရာဇဝတ်တရားသူကြီး ထန်ဝမ်နျန်၊ ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင်လျိုလောင်ကွေ့၊ ရဲမက်ဝူဟုန်၊ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ ချောင်ဟုန်ယန်၊ ဆီကုန်သည်နှင့် သူဖုန်းစားဂိုဏ်းခေါင်းဆောင်အသစ် သံမဏိသူဖုန်းစားကျိုးဖန်းနှင့် မြို့၏လူကုံထံများ၊ ကုန်သည်ကြီးများနှင့် အမျိုးမျိုးသော အဖွဲ့အစည်းငယ်လေးများ၏ ကိုယ်စားလှယ်များ အခမ်းအနားသို့ တက်ရောက်ကြသည်။

စုစုပေါင်း လူအရေအတွက် တစ်ထောင်နီးပါး တက်ရောက်၏။

စျေးကြီးတစ်ခုလုံးတွင် စားပွဲဝိုင်းတစ်ရာခန့်စီစဉ်ထားပြီး မြင်ကွင်းမှာ အလွန်ခမ်းနားကြီးကျယ်လှပေသည်။

ဤအခမ်းအနားမှာ ဤနှစ်သုံးဆယ်အတွင်း၌ မျန့်ရွှေစီရင်စုတွင် ကျင်းပသည့် အစည်ကားအခမ်းနားဆုံးပွဲအခမ်းအနားဟု သတ်မှတ်နိုင်ပေသည်။

ထိုအချိန်၌ ရှောင်ဟူနှင့်ကျိုးချူသည် အခြားသူများနှင့်အတူ ဝင်ပေါက်တွင် ဧည့်သည်များကို ကြိုဆိုနေသည်။

ချောင်ကုန်သည်အဖွဲ့မှ ငှားရမ်းထားသည့် စာပေပညာရှင်ပိုင်မော့ရှန်းသည် တံခါးဝအနီးတွင် လက်ဆောင်စာရင်းကို မှတ်တမ်းတင်နေသည်။

ချန်ကျိုစစ်တစ်ဦးတည်သာလျှင် အစောင့်အရှောက်ကြီး၁၃ဦးအဆင့်ရှိသည့် ဧည့်သည်များကို ကြိုဆိုနိုင်ပြီး လက်ဆောင်စာရင်း မှတ်တမ်းတင်နိုင်သူ ဖြစ်ပါလိမ့်မည်။

လာရောက်သည့်ဧည့်သည်များသည်လည်း လက်ဆောင်များကို ရက်ရက်ရောရော ယူဆောင်လာပေးကြသည်။

“သာ့ဟယ်ပိုးထည်ဆိုင်ရှင်ကျောင်းက ပိုးထည်အလိပ်သုံးဆယ် လက်ဆောင်ပေးအပ်ပါတယ်။ ကုန်သည်အဖွဲ့ခေါင်းဆောင်ချန်ရဲ့ အနာဂတ် အတိုင်းအဆမဲ့ ကျယ်ပြောပါစေ…”

“ဟွေ့ချွေရွှေမျှော်စင်ဆိုင်ရှင်မှ ရွှေဗုဒ္ဓဆင်းတုတော်တစ်ခု လက်ဆောင်ပေးအပ်ပါတယ်။ ကုန်သည်အဖွဲ့ခေါင်းဆောင်ချန် အတိုင်းအဆမဲ့ ကြီးပွားချမ်းသာပါစေ…”

“ယီးဟုန်ဂေဟာ မိန်းကလေးဟုန်ယန်မှ သန္တာကျောက်ပင်နှစ်ပင် ပေးအပ်ပါတယ်။ ကုန်သည်အဖွဲ့ခေါင်းဆောင်ချန် မိုးကောင်းကင်တမျှ မြင့်သွန်းတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ပါစေ…”

…

ချန်ဟန်နှင့် ချန်ဝမ်တို့သည် အပြင်ဘက်တွင် ရပ်ကာ တက်ရောက်လာသူများကို အော်ဟစ်ကြေညာပေးသည်။ ထို့နောက် ပိုင်မော့ရှန်းသည် သူ၏သေသပ်လှပသည့် လက်ရေးလှဖြင့် လက်ဆောင်စာရင်းကို မှတ်တမ်းတင်သည်။

မျန့်ရွှေစီရင်စု၏ အထင်ကရပုဂ္ဂိုလ်ကြီးများမှ ထူးခြားသည့်လက်ဆောင်ပဏ္ဍာများဖြင့် တက်ရောက်လာခဲ့ကြသည်။ ထိုလက်ဆောင်များကို ရွှေငွေများအဖြစ် ပြောင်းလဲလိုက်ပါက အခမ်းအနား၏ ကုန်ကျစရိတ်ကို ကာနိုင်ရုံသာမက ချန်ကျဲ့အတွက်လည်း ပမာဏတစ်ခု စုဆောင်းရမိနိုင်ပေသည်။

ဧည့်သည်များ အထဲဝင်သွားပြီးနောက်၌ စစ်ရှီးနှင့် ထက်မြက်သည့်အဖွဲ့သားတစ်စုသည် နေရာစီစဉ်ပေးရန် တာဝန်ယူကြသည်။

ချောင်ဟုန်ယန်ကဲ့သို့ အထင်ကရပုဂ္ဂိုလ်များကို ရှေ့တန်းတွင် နေရာချထားပေးသည်။ ကျန်သူများကိုလည်း နေရာချထားပေးသည်။

ထိုအချိန်၌ ဒေသ၏ အကောင်းဆုံးပြဇာတ်အဖွဲ့ကို ဖိတ်ခေါ်ထားပြီး စင်မြင့်ထက်တွင် ကပြဖျော်ဖြေစေသည်။ ပြဇာတ်အဖွဲ့သည် ပြဇာတ်များနှင့် ရင်းနှီးကျွမ်းဝင်သူများ နှစ်ခြိုက်တတ်သည့် ‘ပြည်နယ်၆ခု၏ ချိပ်တံဆိပ်တော်’ပြဇာတ်ကို ကပြဖျော်ဖြေနေခဲ့သည်။

ဖြစ်စဉ်တစ်ခုလုံးမှာ အစီအစဉ်ကျပြီး တက်ရောက်လာသည့် ဧည့်သည်အားလုံးကို အကောင်းမွန်ဆုံး အာရုံစိုက်ပေးထားပေသည်။

ထိုစဉ် ပွဲနေရာနောက်ဘက်၌ ကျားဖြူခန်းမမှ ဝယ်ယူထားခဲ့သည် အခန်းကြီးများရှိသည်။ ထိုအခန်းများကို ယာယီနားနေခန်းအဖြစ် ပြောင်းလဲပြင်ဆင်ထားသည်။

ချန်ကျဲ့သည် မနက်စောစောကတည်းက ဤနားနေခန်းတစ်ခန်းတွင် အနားယူနေခဲ့သည်။

ယခုတွင် ချန်ကျဲ့သည် သူအစပြုထားသည့် ငါးဖမ်းကုန်သည်အဖွဲ့၏ ပြုပြင်ဖွဲ့စည်းမှုများအကြောင်းကို ကျောက်ယာနှင့် ဆွေးနွေးနေသည်။ ကျောက်ယာသည် ချန်ကျဲ့မှ မျှဝေပေးသည့် အသိပညာများကို စိတ်အားထက်သန်စွာဖြင့် စာပေလိုက်စားသည့် ကျောင်းသားတစ်ယောက်အလား သင်ယူနေခဲ့သည်။

သို့ဖြင့် အချိန်သည် မနက်၁၁နာရီသို့ ရောက်ရှိလာခဲ့သည်။

ထိုအခါ ချွေ့ကျူမှ အပြေးရောက်လာပြီး ချန်ကျဲ့အား လေးစားရိုသေစွာ ပြောသည်။

“သခင်ကြီး မင်္ဂလာအချိန်အခါရောက်ပါတော့မယ်။ အဝတ်အစားလဲပါတော့”

ထိုအခါ ချန်ကျဲ့ ကျောက်ယာကို ပြောလိုက်သည်။

“ခရိုင်မင်းသမီး ပျော်ပွဲရွှင်ပွဲကို လိုက်မကြည့်တော့ဘူးလား”

ကျောက်ယာမှ ပြန်ပြောသည်။

“ဒီလိုအခမ်းအနားမျိုးမှာ ကျွန်မ ရှိနေလို့ မသင့်တော်ဘူး။ ကျွန်မ ညီနောင်ချန်ကို ဒီကပဲ စောင့်နေလိုက်ပါမယ်”

ချန်ကျဲ့ ပြန်ပြောသည်။

“ကောင်းပါပြီ။ ချွေ့ကျူ ခဏနေရင် ဒီကို စားစရာတွေ လာချပေးလိုက်ဦး”

ချွေ့ကျူမှ ခေါင်းညိတ်သည်။

“ဟုတ်ကဲ့ပါ သခင်ကြီး”

ချန်ကျဲ့ ခေါင်းညိတ်လိုက်ပြီး အခန်းထဲမှ ထွက်ခွာလာခဲ့သည်။ ထို့နောက် စူးယွင်ကျင်းမှ စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေသည့် အခန်းထဲသို့ ရောက်လာခဲ့သည်။ ရွေ့ရွေ့သည် ပျော်ရွှင်တက်ကြွစွာဖြင့် ကြက်ခြေထောက်ကြီးကို ကိုင်ထားပြီး ပျော်ရွှင်စွာ စားသောက်နေသည်။ စွင်းယုံသည် သူမနောက်မှ တကောက်ကောက်လိုက်နေပြီး ဤကလေးမလေး အပြင်သို့ပြေးထွက်သွားပြီး အခမ်းအနားကို မဖျက်ဆီးရေးအတွက် အထူးအာရုံစိုက်နေလေသည်။

ချန်ကျဲ့ ပြုံးလိုက်သည်။

“ရွေ့ရွေ့ စားကောင်းလား”

ရွေ့ရွေ့သည် ချက်ချင်းပြေးလာပြီး လူကြီးပေါက်စလေးကဲ့သို့သော အမူအရာဖြင့် ပြောသည်။

“ကုန်သည်အဖွဲ့ခေါင်းဆောင်ဖြစ်လာတဲ့အတွက် အစ်ကိုကြီးကို ဂုဏ်ပြုပါတယ်”

ချန်ကျဲ့သည် သူမ၏အပြုအမူကြောင့် အံ့ဩသွားရပြီး သူမ၏နှာခေါင်းလေးကို ဖျစ်ညှစ်စနောက်လိုက်ရင်း မေးသည်။

“ကောင်မလေး မင်းမမ ငြင်းထားတာကို သဘောတူလာအောင်လို့ ကြိုးစားနေတာများလား ဒါက”

ရွေ့ရွေ့မှ ပြောသည်။

“အစ်ကိုကြီး ရွေ့ရွေ့အပြင်ထွက်ပြီး ပြဇာတ်ကြည့်ချင်တယ်”

အပြင်ဘက်မှ ပြဇာတ်ကသံသည် သူမ၏အာရုံကို ဆွဲဆောင်သွားခဲ့ခြင်း ဖြစ်လေသည်။ ကလေးများသည် စည်ကားမှုကို နှစ်ခြိုက်ကြသည်။ သို့သော် စူးယွင်ကျင်းသည် ဤသို့အရေးကြီးအခမ်းအနားမျိုးတွင် ရွေ့ရွေ့မှ အနှောင့်အယှက်ပြုမိမည်ကို စိုးရိမ်မိသဖြင့် အပြင်မထွက်ရန် တားမြစ်ထားခြင်းဖြစ်သည်။

ချန်ကျဲ့သည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောသည်။

“ပြဇာတ်ကြည့်တာကိုတော့ ခွင့်ပြုပေးလို့ရတယ်။ ဒါပေမဲ့ လျှောက်မပြေးရဘူးနော် နားလည်လား”

“ဟုတ် ဟုတ်”

ရွေ့ရွေ့သည် စိတ်အားထက်သန်စွာ ခေါင်းညိတ်၏။ ထို့နောက် ချန်ကျဲ့ စွင်းယုံကို ပြောသည်။

“ရွေ့ရွေ့ကိုခေါ်ပြီး ဆရာမဟွားကို သွားရှာချည်။ ပြီးရင် ဆရာမဟွားကို ဒီကလေးမလေးကို စောင့်ကြည့်ပေးဖို့နဲ့ လျှောက်မသွားခိုင်းဖို့ ပြောလိုက်။ ပြဇာတ်ကိုပဲ လိမ်လိမ်မာမာကြည့်နေကြနော် ဟုတ်ပြီလား”

ချန်ကျဲ့သည်လည်း မတော်တဆ တစ်ခုခုဖြစ်မည်ကို စိုးရိမ်မိသည်။ ခြံဝင်းကြီးတစ်ခုလုံးကို ကျားဖြူတပ်ဖွဲ့အဖွဲ့သားများဖြင့် တင်းတင်းကျပ်ကျပ် စောင့်ကြပ်နေသည့်တိုင် သတိထားရန် လိုအပ်သေးပေသည်။ သို့သော် တတိယသခင်မလေးဟွားမှ ကြည့်ထားပေးလျှင်တော့ စိုးရိမ်ဖို့မလိုအပ်တော့ပေ။

စွင်းယုံမှ ပြန်ပြောသည်။

“ဟုတ်ကဲ့ပါ မွေးစားအဖေ”

ထို့နောက် စွင်းယုံသည် ရွေ့ရွေ့ကို ခေါ်သွားတော့သည်။ ထို့နောက် စူးယွင်ကျင်းရောက်လာပြီး ပြောသည်။

“ရှင်က သူ့ကို အမြဲ အလိုလိုက်နေတော့တာပဲ”

ချန်ကျဲ့ရယ်မောလိုက်သည်။

“ရွေ့ရွေ့က သဘောကျနေမှတော့ တစ်ချက်လောက် သွားကြည့်ခိုင်းလိုက်တာပေါ့ကွာ”

ထို့နောက် စူးယွင်ကျင်းမှ လက်ယပ်ခေါ်လိုက်ရာ ယင်ဟုန်မိန်သည် အမဲရောင်ပုဝါစ ဖုံးအုပ်ထားသည့် လင်ဗန်းတစ်ခုကို သယ်လာသည်။ ပုဝါစကို ဖယ်လိုက်သောအခါ ပိုးသားထက်တွင် ရွှေချည်မျှင်များဖြင့် သိုသိပ်ကျစ်လစ်စွာ ချည်ထိုးထားသည့် ကြော့ရှင်းသော်ငြား ဂုဏ်သရေကို မလျော့ပါးစေသည့် အရှိန်အဝါကို ထုတ်လွှတ်နေသော ဝတ်စုံကို မြင်လိုက်ရသည်။

ဤအဝတ်လေးတစ်ခုသည်ပင် အပ်ချုပ်သမားအား ၇ရက်အချိန်ယူရစေခဲ့သည်။

ချည်သားသည် အကောင်းဆုံးသော ပိုးတိမ်သားကို အသုံးပြုထားခြင်းဖြစ်ပြီး ရွှေချည်ထိုးထားသည်။ ရွှေချည်မျှင်ထိုးရန်အတွက် ရွှေတုံးနှစ်ဆယ်ကို အသုံးပြုထား၏။

ထို့ကြောင့် ဤဝတ်စုံ၏ကုန်ကျစရိတ်မှာ ထူးကဲပေသည်။

ချွေ့ကျူရောက်လာပြီး ချန်ကျဲ့အား အပေါ်ဝတ်ချွတ်ရန် ကူညီပေးသည်။ စူးယွင်ကျင်းသည် ဝတ်စုံဝတ်ရန် ကူညီပေးပြီး စိတ်ကျေနပ်သည်အထိ ဝတ်စုံကော်လံကို ပြင်ဆင်ပေးနေသည်။ စူးယွင်ကျင်းမှ ပြောသည်။

“အင်း ပြီးပြီ”

ချန်ကျဲ့ စူးယွင်ကျင်းကို ပွေ့ဖက်လိုက်သည်။

“ရှင်မ ကိုယ်သွားရတော့မယ်”

စူးယွင်ကျင်းမှ ပြန်ပြောသည်။

“အင်း ယောကျ်ား ကျွန်မ ရှင့်ကိုစောင့်နေမယ်…”

ချန်ကျဲ့သည် ထွက်သွားခါနီးတွင် စူးယွင်ကျင်းကို ပို၍နီးကပ်အောင် ဆွဲယူလိုက်ပြီး သူမ၏နှုတ်ခမ်းများထက် နမ်းရှိုက်ခဲ့သည်။

စူးယွင်ကျင်းသည် ချန်ကျဲ့ကို ကျီစယ်စနောက်ဟန် မျက်စောင်းထိုးကြည့်၏။ သို့သော် နောက်တဒင်္ဂ၌ သူမသည် ချန်ကျဲ့၏ပါးပြင်ကို နမ်းလိုက်လေသည်။ သူမ၏ခင်ပွန်းဖြစ်သူအတွက် ဤသို့ထူးခြားသည့်နေ့ရက်မျိုးတွင် ကောင်းချီးပေးလိုခြင်း ဖြစ်ပါ၏။

ချန်ကျဲ့ ပြုံးလိုက်ပြီး ပြောသည်။

“အင်း ကိုယ်သွားပြီ”

စူးယွင်ကျင်းမှ ပြောသည်။

“အင်း ယောကျ်ား သွား၊ ကြိုးစားထား ဖိုက်တင်း”

ချန်ကျဲ့ အံ့ဩသွား၏။ စူးယွင်ကျင်းမှ ဤစကားစုကို သင်ယူထားမည်ဟု မျှော်လင့်မထားခဲ့ပေ။ ချန်ကျဲ့သည် ‌ေခတ်အသုံးအနှုန်းအချို့ကို သုံးစွဲရခြင်းအား နှစ်ခြိုက်ပြီး သူ့အနားဝန်းကျင်ရှိလူများသည်လည်း အတော်များများ သင်ယူမိကြလေသည်။ စူးယွင်ကျင်းသည် သူနှင့် အလွန်နီးကပ်သူဖြစ်လေရာ အလိုအလျောက်ပင် အချို့စကားလုံးများကို သင်ယူတတ်မြောက်နေခဲ့လေသည်။

All Chapters