← Chapters

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း ၂၀၆

Vol. 21 Ch. 206

အခန်း (၂၀၆) - ယနေ့ ရာသီဥတုက သာယာလှပေသည် (၂)

ဤတစ်ကြိမ် အဂ္ဂိရတ်ခန်းမသို့ သွားရောက်ကာ လျော်ကြေးတောင်းခံရာတွင် ဝိညာဉ်အဆင့်တိုးဆေးလုံးတစ်လုံး ရရှိခဲ့၏။

ဤဆေးလုံးမှာ ဝိညာဉ်သားရဲများအတွက်ဖြစ်ပြီး ရင့်ကျက်ပြီးသားဝိညာဉ်သားရဲကို ကျင့်ကြံဆင့်တစ်ခု ချက်ချင်း တက်လှမ်းနိုင်ရန် ကူညီပေးနိုင်စွမ်း ရှိပေသည်။

အလွန်ပင် အဖိုးတန်လှ၏။

ပိုင်ဇယ်လေးကဲ့သို့သော မရင့်ကျက်သေးသည့်သားရဲမှာ သဘာဝအတိုင်း ကြီးပြင်းရုံမျှဖြင့် သတ္တမအဆင့် သို့မဟုတ် အဋ္ဌမအဆင့်သို့ ရောက်ရှိနိုင်သဖြင့် ဤဝိညာဉ်အဆင့်တက်ဆေးလုံးကို သောက်သုံးရန် မလိုအပ်ချေ။

ရွှေမွေးဟူကဲ့သို့ ရင့်ကျက်ပြီးသား ဖြစ်သော်လည်း အဆင့်တက်လှမ်းရန် မျှော်လင့်ချက် နည်းပါးကာ သဘာဝအတိုင်း အဆင့်တက်ရန် နှစ်ပေါင်း ရာနှင့်ချီ၍ စောင့်ဆိုင်းရမည့် သားရဲမျိုးအတွက်မူ ဤဝိညာဉ်အဆင့်တက်ဆေးလုံးမှာ အလွန် လိုအပ်လှပေသည်။

ရွှေမွေးဟူကို ဆေးတိုက်ခြင်းမှာ မည်သို့မျှ မခက်ခဲချေ။

စားနိုင်သောမည်သည့်အရာကိုမဆို ၎င်း၏ဦးခေါင်းကြီးအနီးသို့ ချပေးလိုက်ရုံမျှဖြင့် အိပ်ပျော်နေသည့်တိုင်အောင် မျက်လုံးမှိတ်လျက် လျှာရှည်ကြီးဖြင့် ဆွဲယူစားသောက်နိုင်ပေသည်။

ယခုအခါတွင်မူ ၎င်းသည် အင်အားအပြည့် ရှိနေသည်။

သို့သော် ဝိညာဉ်အဆင့်တိုးဆေးလုံးကို စားပြီးနောက် မကြာမီမှာပင် ရွှေမွေးဟူသည် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်လာခဲ့၏။

ဤဆေးလုံးမှာ စားလိုက်ရုံဖြင့် ချက်ချင်း ထိရောက်သည်မဟုတ်ဘဲ အချိန်အတန်ကြာ အစာခြေဖျက်သည့် ဖြစ်စဉ်ကို ဖြတ်သန်းရမည် ဖြစ်ပေသည်။

နောင်လာမည့်နေ့ရက်များတွင် ရွှေမွေးဟူသည် ဆောင်းခိုနေသကဲ့သို့ ငိုက်မြည်းနေသော အခြေအနေမျိုးတွင် ရှိနေပေလိမ့်မည်။

သို့သော် ၎င်းသည် ဝိညာဉ်အဆင့်တိုးဆေးလုံးကို အပြည့်အဝခြေဖျက်နိုင်သည်နှင့် ငွေဓားတောင်ထွတ်တွင် ဆဋ္ဌမအဆင့်ရှိသော ဝိညာဉ်သားရဲတစ်ကောင် ရှိလာတော့မည် ဖြစ်၏။

ချူလျန် စဉ်းစားကြည့်ကာ စိတ်လှုပ်ရှားသွား၏။ ဆဋ္ဌမအဆင့်ပဲ ဖြစ်သည်။

ပုံမှန်အားဖြင့် သတ္တမအဆင့်ရှိသော ကျင့်ကြံသူကြီးများသာ ဤကဲ့သို့သောစီးတော်ယာဉ်ကို ပိုင်ဆိုင်နိုင်သော်လည်း နောင်တွင် မိမိ၌လည်း ဤကဲ့သို့သော ဂုဏ်ကျက်သရေ ရှိလာတော့မည် ဖြစ်ပေသည်။

သူသည် ရွှေမွေးဟူ၏ဦးခေါင်းကြီးကို ပွတ်သပ်ပေးလိုက်၏။

ဤတစ်ကြိမ် အရိုက်ခံရခြင်းမှာ အလကားမဖြစ်သွားချေ။

……

နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် ချူလျန်သည် တောင်စောင့်နတ်ပူဇော်ပွဲအဖွဲ့ဝင်များကို စုစည်းလိုက်ရာ တိမ်တိုက်စက်ဝန်းတောင်ထွတ်မှ လူငယ်သုံးဦးက ဦးစွာ ရောက်ရှိလာပြီး လင်းပေ့က နောက်မှ ရောက်လာ၏။

ရှန်ဇီလျန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

"အစ်ကိုကြီး... ကျွန်တော်တို့ကို ခေါ်လိုက်တာက တစ်ခုခု သဲလွန်စရလို့လား…"

ချူလျန်က ပြုံးလျက် ပြောလိုက်၏။

"တကယ်တော့ စောစောကတည်းက ရထားတာ… ဒါပေမဲ့ မင်းတို့ဆီကနေ သတင်းပေါက်ကြားသွားမှာ စိုးရိမ်လို့ မပြောပြခဲ့တာ”

“အခု အချိန်လည်း နီးလာပြီဆိုတော့ ငါတို့ သွားပြီး စူးစမ်းကြည့်ကြရအောင်…"

ရှန်ဇီလျန်၏မျက်နှာပျက်သွားပြီး ချူလျန်က သူ့အပေါ် လုံးဝမယုံကြည်ခြင်းကြောင့် ဝမ်းနည်းသွားပုံရ၏။

ထို့နောက် သူက လင်းပေ့ဘက်သို့ လှည့်ကာ မေးလိုက်သည်။

"မင်းကိုကော ပြောပြလား…"

လင်းပေ့က ခေါင်းယမ်းလိုက်၏။

"မပြောပါဘူး…"

ထိုအခါမှ ရှန်ဇီလျန်သည် ပြုံးနိုင်တော့သည်။

မကြာမီမှာပင် ချူလျန်သည် သူတို့ကို လက်ပံနီတောင်ထွတ်သို့ ခေါ်ဆောင်သွား၏။

လက်ပံနီဈေးတန်းရှိ လမ်းမဟောင်း၏အနောက်ဘက်တောင်ကုန်းတွင် စွန့်ပစ်ထားသောယဇ်ပလ္လင်တစ်ခု ရှိပေသည်။

ရှေးယခင်က ဤနေရာမှာ ရှုတောင်စောင့်နတ်ကို ပူဇော်ပသရာ နေရာဖြစ်ခဲ့သော်လည်း နှစ်ပေါင်းများစွာ ကြာမြင့်လာသောအခါ တဖြည်းဖြည်း ပျက်စီးယိုယွင်းလာခဲ့ပြီး နောက်ပိုင်းမှသာ ရှုတောင်ဂိုဏ်း၏တောင်တံခါးအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်၏။

ပျက်စီးနေသောကျောက်ဖြူယဇ်ပလ္လင်မှာ ကျယ်ဝန်းလှပြီး ပတ်ပတ်လည်တွင် ကျောက်တိုင်များစွာ ဝန်းရံထားသော်လည်း အများစုမှာ ပြိုကျပျက်စီးနေပြီး အနည်းငယ်မျှသာ ကောင်းမွန်စွာ ကျန်ရှိတော့သည်။

ချူလျန်သည် သူတို့ကို လူကွယ်ရာနေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီး ဝိုင်းဖွဲ့ထိုင်စေလိုက်၏။

ရှန်ဇီလျန်က မေးလိုက်၏။

"ငါတို့ ဘာလို့ ဒီကို လာကြတာလဲ…"

ချူလျန်က ရှင်းပြလိုက်၏။

"အရင်က ရခဲ့တဲ့ သဲလွန်စက ရိုးရှင်းတဲ့ စကားထာတစ်ခုပဲ.."

သူက ဆက်ပြောလိုက်၏။

"တစ်နှစ်ရဲ့ တစ်ဝက်က ခြောက်လပိုင်းပဲ.."

"‘ကူရှန်း’ တောင်ထိပ်ဖျားဆိုတာ ‘ကူ’ စာလုံးရဲ့ အပေါ်ပိုင်းက ‘ရှစ်’ ဂဏန်းကို ရည်ညွှန်းတာပဲ"

"‘ကျင်လင်မြစ်’ ညာဘက်ခြမ်းဆိုတာ... ‘ကျင်’ စာလုံးနဲ့ ‘လင်’ စာလုံးရဲ့ ညာဘက်တစ်ခြမ်းစီကို ပေါင်းစပ်လိုက်ရင် ‘လက်ပံ’ ဆိုတဲ့ စာလုံး ဖြစ်လာတာကို ရည်ညွှန်းတာပဲ"

ချူလျန်က တစ်ခုချင်းစီ ခွဲခြားပြပြီးနောက် ပြောလိုက်၏။

"တောင်စောင့်နတ် ပေါ်ထွန်းခြင်း... ဒါကြောင့် ငါက လက်ပံနီတောင်ထွတ်ထိပ်က တောင်စောင့်နတ်ယဇ်ပလ္လင်ကို တန်းပြီး သတိရလိုက်တာ…"

လင်းပေ့က သဘောပေါက်သွားပြီး ပြောလိုက်၏။

"ဒီနေ့က ခြောက်လပိုင်း ရှစ်ရက်နေ့ပဲ… ဒါဆိုရင် ဒီည ဒီယဇ်ပလ္လင်ပေါ်မှာ ထူးခြားတဲ့ အပြောင်းအလဲ ဖြစ်လာမှာပေါ့…”

“အရင်က ပေးထားတဲ့ အချိန်နဲ့ နေရာတွေက ဘာလို့ ဒီလောက်တောင် ထူးဆန်းနေရလဲဆိုတာ မဆန်းတော့ဘူး…”

“အားလုံးမှာ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ရှိနေတာပဲ.. မင်း တကယ်ကို တော်တာပဲ"

ယခင်က ပြီးဆုံးသွားခဲ့ပြီဖြစ်သော ‘တစ်နှစ်၏တစ်ဝက်’ နှင့် လောကတွင် မည်သူမျှ မသိရှိသော ‘ကျင်လင်မြစ်’ တို့က ရှုတောင်တပည့်များစွာကို တကယ်ပင် အခက်တွေ့စေခဲ့၏။

ယခုအခါ ချူလျန်၏ရှင်းပြချက်ကို ကြားရသဖြင့် သူတို့အားလုံး ချက်ချင်းပင် နားလည်သဘောပေါက်သွားကြတော့သည်။

ချူလျန်က ပြုံးလျက် ပြောလိုက်၏။

"အရင်အပတ်တွေက တိုက်ရိုက်ပေးတဲ့ သဲလွန်စတွေနဲ့ ယှဉ်ရင် ဒါက နည်းနည်း လှည့်ပတ်ထားတာပဲ… သိပ်တော့ မခက်ပါဘူး”

“အားလုံး သေချာ စဉ်းစားကြည့်ရင်လည်း ဒါကို တွေးမိကြမှာပါ"

သို့သော် သူတို့ စဉ်းစားရန် အချိန်သိပ်မရလိုက်ချေ။

ရှန်ဇီလျန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"ဟဲဟဲ... ဒီနေ့ ဒီမှာ ဘယ်လို သဲလွန်စမျိုး ပေါ်လာမလဲ မသိပေမဲ့ ငါတို့ကတော့ ပထမဆုံး ရရှိမယ့်သူတွေ ဖြစ်မှာ သေချာတယ်.. ငါတို့ အသာစီးရနေတာပဲ…"

ချူလျန်က ခပ်တိုးတိုး ပြောလိုက်၏။

"ငါတစ်ယောက်တည်း တွေးမိတာတော့ မဟုတ်လောက်ဘူး..."

……

သူတို့ စကားပြောနေကြစဉ်မှာပင် အဝေးမှ သာယာညင်သာသောခြေသံအချို့ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

ကြည့်လိုက်ရာ ထိုနေရာမှ မိန်းကလေးအချို့ လျှောက်လာကြသည်ကို တွေ့လိုက်ရ၏။

သူတို့မှာ ပိလော့တောင်ထွတ်မှ ရွှေအမြုတေအဆင့်ရှိသော တပည့်မများ ဖြစ်ကြသည်။ အရှေ့ဆုံးမှ လျှောက်လာသူမှာ ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး လွင့်ပျံနေသောအဝတ်အစားများဖြင့် တိမ်တိုက်နတ်သမီးလေးသဖွယ် လှပလွန်းလှပေသည်။

ထိုသူမှာ ကျန်းယွဲ့ပိုင်မှတစ်ပါး အခြားသူ မည်သူ ဖြစ်နိုင်ဦးမည်နည်း။

သူတို့ လျှောက်လာသည်ကို မြင်သောအခါ ချူလျန်တို့အဖွဲ့လည်း မတ်တတ်ရပ်ကာ နှုတ်ဆက်လိုက်ကြ၏။

ချူလျန်က ခေါင်းညိတ်နှုတ်ဆက်လိုက်သည်။

"စီနီယာအစ်မကျန်း"

ကျန်းယွဲ့ပိုင်က ပြုံးလျက် ခေါင်းညိတ်ပြပြီး သူ့ကို ကြည့်ကာ မေးလိုက်၏။

"မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ…"

ချူလျန်က ချက်ချင်းပင် ပြောလိုက်၏။

"ကျွန်တော်တို့... အဲ... ဒီနေ့ ရာသီဥတုက တော်တော်ကောင်းနေတာနဲ့ သူငယ်ချင်းတွေ စုပြီး ပျော်ပွဲစားထွက်လာတာပါ…"

ကျန်းယွဲ့ပိုင်က မျက်တောင်ခတ်ကာ ပြုံးစိစိဖြင့် ပြောလိုက်၏။

"ဒီလိုလား"

ချူလျန်က ပြန်မေးလိုက်၏။

"စီနီယာအစ်မကျန်းတို့ကော..."

ကျန်းယွဲ့ပိုင်ကလည်း တည်ငြိမ်စွာ ပြန်ပြောလိုက်၏။

"ဒီနေ့ ရာသီဥတုက တော်တော်သာယာလို့ ညီမငယ်တွေနဲ့အတူ လမ်းလျှောက်ထွက်လာတာပါ…"

ချူလျန်က ပြုံးကာ ပြောလိုက်သည်။

"အလို... ဒါဆိုရင် တကယ့်ကို တိုက်ဆိုင်တာပဲ.. ဒါဆိုရင် စီနီယာအစ်မတို့ရဲ့ ပျော်ရွှင်မှုကို မနှောင့်ယှက်တော့ပါဘူး”

“ကိုယ့်ဘာသာကိုယ်ပဲ ဆက်ပြီး အပန်းဖြေကြရအောင်"

ကျန်းယွဲ့ပိုင်က ပြုံးရွှင်သောမျက်နှာဖြင့် ပြောလိုက်၏။

"ဒီနေရာက ရှုခင်းလည်းလှပြီး မြေပြင်ကလည်း သန့်ရှင်းနေတာပဲလေ ငါတို့တွေ အတူတူ ပျော်ပွဲစား မလုပ်ကြဘူးလား…"

ချူလျန်က မေးလိုက်၏။

"ဒါက..."

ကျန်းယွဲ့ပိုင်က ချူလျန်၏နောက်ကွယ်ရှိ လူများကို ကြည့်ကာ မေးလိုက်၏။

"မင်းတို့ ငါတို့ကို မကြိုဆိုတာတော့ မဟုတ်ဘူးမလား…"

ချူလျန် နောက်လှည့်ကြည့်လိုက်ရာ ဘေးနားရှိ သူငယ်ချင်းများမှာ စကားတစ်ခွန်းမျှ မပြောရဲသော်လည်း မျက်နှာများမှာ ရဲရဲနီနေကြသည်ကို တွေ့လိုက်ရသည်။

တကယ့်ကို အသုံးမကျလှပေ။

သို့သော် မည်သူက ကျန်းနတ်သမီးလေးနှင့် အတူ ပျော်ပွဲစားထွက်မည့် အခွင့်အရေးကို ငြင်္ငးပယ်နိုင်ပါမည်နည်း။

လူတိုင်း ဝိုင်းထိုင်လိုက်ကြရာ တစ်ဖက်တွင် လူပျိုလေး ငါးယောက်၊ တစ်ဖက်တွင် အပျိုစင်လေး ငါးယောက်ဖြစ်သဖြင့် လေထုမှာ ရုတ်တရက် အနည်းငယ် အနေရခက်စရာ ကောင်းလာတော့သည်။

ကျန်းယွဲ့ပိုင်က ထိုအနေရခက်မှုကို ပြေလျော့စေရန် ပြုံးလျက် မေးလိုက်၏။

"မင်းတို့ ပျော်ပွဲစားထွက်လာတာ စားစရာ တစ်ခုမှ မပါလာဘူးလား…"

ချူလျန်က ရှက်ပြုံးပြုံးလိုက်၏။

သူ၏ကိုယ်ပေါ်တွင် စားစရာဟူ၍ ရွှေရောင်ဆန်းကြယ် သစ်သီးအချို့သာ ရှိသဖြင့် အခြေအနေကို ပြေလည်စေရန် ထုတ်ယူရန် ပြင်လိုက်သည်။

ထိုစဉ် အဖွဲ့၏ဘေးအစွန်ဆုံးမှ နောက်လိုက် (ခ) က ရုတ်တရက် ပြောလိုက်၏။

"ကျွန်တော် ယူလာတယ်…"

ပြောပြီးနောက် သူသည် အလယ်တွင် ကော်ဇောနီတစ်ခုကို ခင်းလိုက်ပြီးနောက် မိမိ၏သိုလှောင်အာကာသထဲမှ သစ်သီးခြောက်များ၊ သစ်သီးဝလံများ၊ သစ်သီးယိုများ၊ သကြားလုံးများ... ကြက်ကင်၊ ဘဲကင်၊ ဝက်လက်၊ အမဲသားပြုတ်... ကိတ်မုန့်မျိုးစုံနှင့် စံပယ်ပန်းအရက်၊ ဆီးသီးအရက်၊ ပဲနီလေးချိုအေးစွပ်ပြုတ်များကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်တော့သည်။

ဤမျှအထိ များပြားလှသောစားစရာများကို မြင်သောအခါ ဘေးပတ်ပတ်လည်ရှိ လူအားလုံး ဆွံ့အသွားကြရ၏။

သူ၏သိုလှောင်မှော်ပစ္စည်းတွင် မည်မျှအထိ နေရာကျယ်ဝန်းသည်ကို အားလုံး သိကြသော်လည်း ဤကဲ့သို့သောစားသောက်စရာများကို အပြည့်ထည့်ထားခြင်းမှာ အံ့သြစရာပင် ဖြစ်၏။

ဤကောင်လေးမှာ လမ်းလျှောက်နေသောစားနပ်ရိက္ခာဂိုဒေါင်တစ်ခုပမာ ဖြစ်နေတော့သည်။

ချူလျန်သည် စိတ်ထဲမှနေ၍ သူ့ကို ချီးကျူးလိုက်၏။

'ဒီကောင်... မဆိုးဘူးပဲ..'

နောက်လိုက် (ခ) တစ်ဦးတည်းကပင် ဤပျော်ပွဲစားကို ပြည့်စုံစေခဲ့သဖြင့် အားလုံး စားသောက်ရန် ပြင်လိုက်ကြစဉ် အဝေးမှ နောက်ထပ် ခြေသံအချို့ ထပ်မံ ထွက်ပေါ်လာပြန်သည်။

လှမ်းကြည့်လိုက်ရာ ရွှီဇီယန် ဦးဆောင်သောယုဓားတောင်ထွတ်မှ တပည့်ငါးဦး ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။

ဤမျှ စည်ကားနေသောမြင်ကွင်းကို တွေ့ရသဖြင့် ရွှီဇီယန်လည်း အံ့အားသင့်သွားရ၏။

သူက လူတိုင်းကို ကြည့်ကာ မေးလိုက်သည်။

"မင်းတို့..."

ချူလျန်က ကျွမ်းကျင်စွာ ပြုံးလျက် ပြောလိုက်၏။

"ဒီနေ့ ရာသီဥတုက ကောင်းလွန်းလို့ ကျွန်တော်တို့ ဒီကို ပျော်ပွဲစားထွက်လာတာပါ…"

ရွှီဇီယန်၏ပထမဆုံးအတွေးမှာ ချူလျန်က မိမိကို လိမ်ညာနေခြင်း ဖြစ်နိုင်ကြောင်းပင်။

သို့သော် မြေပြင်ပေါ်ရှိ စားစရာများကို တွေ့လိုက်ရသောအခါ သူကိုယ်တိုင်ပင် သိပ်မသေချာတော့ချေ။

'သူတို့ တကယ်ပဲ ပျော်ပွဲစားထွက်လာတာ ဖြစ်နိုင်တယ်...'

ကျန်းယွဲ့ပိုင်ကလည်း မေးလိုက်၏။

"စီနီယာအစ်ကို ရွှီကော ဒီကို ဘာလာလုပ်တာလဲ…"

ရွှီဇီယန်က ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် ပြန်ပြောလိုက်သည်။

"ဒီနေ့ ရာသီဥတုက တကယ်ပဲ သာယာလို့ ညီအစ်ကိုတွေနဲ့အတူ လမ်းလျှောက်ထွက်လာတာပါ…"

ချူလျန်က လက်တစ်ချက်မြှောက်ကာ သူတို့ကို စိတ်ကြိုက် ပြုလုပ်နိုင်ရန် ပြောလိုက်၏။

"ဒါဆိုရင် မနှောင့်ယှက်တော့ပါဘူး…"

ရွှီဇီယန်က ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်၏။

"အင်း... ဒီလိုဆုံရတာဆိုတော့ အားလုံး အတူတူ ပျော်ပွဲစားလုပ်ကြရင် မကောင်းဘူးလား…"

ချူလျန်သည် သူက ဤမျှအလွယ်တကူ ထွက်ခွာသွားမည်မဟုတ်ကြောင်း ကြိုတင်ခန့်မှန်းထားသဖြင့် ကျန်းယွဲ့ပိုင်ကို ကြည့်ကာ ပြုံးလျက် မေးလိုက်သည်။

"ဒါဆိုရင် အတူတူပဲလား…"

ကျန်းယွဲ့ပိုင်ကလည်း ပြုံးလျက် ခေါင်းညိတ်ပြလိုက်၏။

"ဒါဆိုရင်လည်း အတူတူပေါ့…"

ထို့နောက် နှစ်ပေါင်းများစွာ စွန့်ပစ်ထားခဲ့သောလက်ပံနီတောင်ထွတ်ယဇ်ပလ္လင်ပေါ်တွင် မကြုံစဖူး ထူးခြားစည်ကားလှသောမြင်ကွင်းတစ်ခု ပေါ်ပေါက်လာတော့သည်။

လူငယ် မောင်မယ် တစ်ဆယ့်ငါးဦးသည် ဝိုင်းဖွဲ့ထိုင်ကာ ပျော်ပျော်ရွှင်ရွှင် စားသောက်နေကြတော့၏။

……

လူအုပ်ထဲတွင် ရွှီဇီချင်သည် ချူလျန်ကို စိုက်ကြည့်ကာ တစ်စုံတစ်ခုကို စဉ်းစားနေ၏။

ယခင်က ထိန်းသိမ်းရေးခန်းမ၌ ချူလျန်သည် စုံတွဲကျင့်စဉ်ကို ဝယ်ယူရန် သွားရောက်ခဲ့သည်ကို တိုက်ဆိုင်စွာ တွေ့လိုက်ရသဖြင့် သူမ၏စိတ်ထဲ၌ စပ်စုလိုစိတ်များ အပြင်းအထန် ထွက်ပေါ်လာခဲ့၏။

ချူလျန်သည် တစ်စုံတစ်ဦးနှင့် စုံတွဲကျင့်စဉ် ကျင့်ကြံရန်အထိ တိုးတက်နေပြီ ဖြစ်ရာ ထိုသူမှာ မည်သူ ဖြစ်ပါမည်နည်း။

ဤသို့ စူးစမ်းလိုခြင်းမှာ မနာလိုစိတ်ကြောင့်မဟုတ်ဘဲ သန့်စင်သောစပ်စုလိုစိတ်သက်သက်ကြောင့်သာ ဖြစ်ပေသည်။

ထိန်းသိမ်းရေးခန်းမမှ စီနီယာက လင်ယင်နှင့် လင်ယန် ရွှေအမြုတေအဆင့် ပြဿနာကို အထူးတလည် ပြောကြားခဲ့သဖြင့် ထိုအမျိုးသမီးသည် ရွှေအမြုတေအဆင့်သို့ ရောက်ရှိနေပြီး ရှောက်ယင်ရွှေအမြုတေကို ရရှိထားသူ ဖြစ်ရမည်ဟု သူမ ယုံကြည်ထားခဲ့၏။

မဟုတ်ပါက ဤကဲ့သို့ မေးခွန်းထုတ်စရာ အကြောင်းမရှိချေ။

ရှုတောင်ပေါ်တွင် ရွှေအမြုတေအဆင့်သို့ ရောက်ရှိထားသောအမျိုးသမီးများအားလုံးမှာ ယခု ဤနေရာတွင် ရှိနေကြပေသည်။

သူမ၏မျက်လုံးများက ပိလော့တောင်ထွတ်မှ စီနီယာအစ်မများထံသို့ ကူးလူးကြည့်ရှုနေပြီး ရှောက်ယင်ရွှေအမြုတေကို ရရှိထားသူ နှစ်ဦး ရှိနေ၏။

ထိုနှစ်ဦးထဲမှ ချူလျန်သည် တစ်ဦးအပေါ်တွင် ပိုမိုဂရုစိုက်နေပုံ ရပြီး စားစရာနှင့် သောက်စရာများကို အမြဲတမ်း ပေးကမ်းနေကာ အလွန်ပင် နွေးထွေးပျူငှာလှပေသည်။

အမှန်တရားကို မသိရှိသူများအတွက် ယဉ်ကျေးပျူငှာခြင်းဟု ထင်ရသော်လည်း သိရှိသူများအတွက်မူ ၎င်းမှာ သိသာထင်ရှားလှသောချစ်ရေးဆိုမှုတစ်ခု ဖြစ်နေတော့သည်။

ထိုစီနီယာအစ်မမှာ ကျန်းယွဲ့ပိုင်ပင် ဖြစ်၏။

စုံထောက်မလေး ရွှီဇီချင်၏မျက်လုံးများမှာ တောက်ပသွားပြီး ကြီးမားသောလျှို့ဝှက်ချက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့၏။

ရွှီဇီချင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်လိုက်မိ၏။

'အံ့ဩစရာကြီးပဲ... တကယ်ပါပဲ...'

'ချူလျန်နဲ့ စီနီယာအစ်မကျန်းက တကယ်ပဲ...'

ချူလျန်သည် အဘယ်ကြောင့် လျှို့ဝှက်ထားရသည်ကိုလည်း သူမ နားလည်သွားခဲ့၏။

စီနီယာအစ်မ ကျန်းသည် ကျင့်ကြံခြင်းလောကတွင် အလွန်ပင် ရေပန်းစားလှသဖြင့် ဤကဲ့သို့သောဆက်ဆံရေးကို အထူးပင် ဂရုစိုက်ရမည် ဖြစ်ပေသည်။

သူမသည် ယခင်က စီနီယာအစ်မ ကျန်းနှင့် မိမိ၏အစ်ကိုဖြစ်သူသာ အလိုက်ဖက်ဆုံးဟု ထင်ထားခဲ့ခြင်း ဖြစ်၏။

သူတို့နှစ်ဦးမှာ ရှုတောင်၏ဤမျိုးဆက်တွင် အထူးချွန်ဆုံးသောပါရမီရှင်နှစ်ဦး ဖြစ်ကြသည်။ အကယ်၍ စီနီယာအစ်မ ကျန်းက အခြားသူတစ်ဦးနှင့် လက်တွဲသွားပါက သူမသည် ဝမ်းနည်းမိပေလိမ့်မည်။

သို့သော် ယခုကြည့်လိုက်ရသောအခါ ချူလျန်နှင့် ကျန်းယွဲ့ပိုင်တို့ စကားပြောနေကြသောမြင်ကွင်းမှာ အလွန်ပင် လိုက်ဖက်ညီလှပေသည်။

ချူလျန်သည်လည်း နှစ်ပေါင်းရာချီအတွင်း ပေါ်ထွန်းလာသောထိပ်တန်းရွှေအမြုတေအဆင့် ပိုင်ရှင်ဖြစ်ပြီး ရှုတောင်၏ထွန်းတောက်လာမည့် ကြယ်ပွင့်သစ်တစ်ပွင့် ဖြစ်ပေသည်။

ထို့ပြင် သူသည် ထက်မြက်ပြီး လူချစ်လူခင်များကာ ဆွဲဆောင်မှုအပြည့် ရှိသူလည်း ဖြစ်၏။

ရွှီဇီချင်၏စိတ်ထဲတွင် 'လိုက်ဖက်ညီသူများ' ဆိုသည့် စကားလုံးကို တိတ်တဆိတ် သတ်မှတ်ပေးလိုက်တော့သည်။

ယခင်က ချူလျန်၏စိမ်းကားမှုကြောင့် သူမ အနည်းငယ် ဝမ်းနည်းခဲ့ရသော်လည်း အကယ်၍ စီနီယာအစ်မ ကျန်းကို ရှုံးနိမ့်ခြင်းဖြစ်ပါက သူမ လက်ခံနိုင်ပေသည်။

သူမသည် ဤဆက်ဆံရေးကို မည်သူ့ကိုမျှ မပြောဘဲ သူတို့အတွက် လျှို့ဝှက်ချက်ကို တိတ်တဆိတ် ထိန်းသိမ်းပေးရန် ဆုံးဖြတ်လိုက်၏။

မိမိ၏အစ်ကိုဖြစ်သူအတွက် အခွင့်အရေး မရှိတော့သည်မှာ ဝမ်းနည်းစရာပင်။ သို့သော် အစ်ကိုနှင့် ယှဉ်လျှင် ချူလျန်က မိန်းကလေးများ၏စိတ်ကို ပိုမိုသိနားလည်နိုင်စွမ်း ရှိပေသည်။

သူမသည် ရွှီဇီယန်ကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူသည်လည်း ချူလျန်နှင့် ကျန်းယွဲ့ပိုင်တို့ကို ငေးကြည့်နေပြီး တစ်စုံတစ်ခုကို စဉ်းစားနေသည်ကို တွေ့လိုက်ရ၏။

ရွှီဇီချင်က စိတ်ထဲမှ တွေးလိုက်၏။

'အစ်ကိုကော သူတို့ကြားက လျှို့ဝှက်ချက်ကို သိသွားတာလား...'

'ဟူး...'

'သူ့မှာလည်း ဒီလို သိမ်မွေ့တဲ့ အတွေးတွေ ရှိနေတာပဲ...'

ထိုအချိန်တွင်...

ရွှီဇီယန်သည် ချူလျန်နှင့် ကျန်းယွဲ့ပိုင်တို့ကို ကြည့်ကာ စိတ်ထဲတွင် အတွေးများစွာ လှည့်ပတ်နေ၏။ သူ စဉ်းစားနေသည်မှာ...

'ဒီလူနှစ်ယောက်က အကြောင်းမရှိဘဲ ဒီကို ရောက်လာတာ မဖြစ်နိုင်ဘူး… သူတို့လည်း လက်ပံနီတောင်ထွတ် တောင်စောင့်နတ်ယဇ်ပလ္လင်ရဲ့ သဲလွန်စကို ဖော်ထုတ်နိုင်ခဲ့ကြတာပဲ”

“အဲဒီအချိန်ကျရင် တိုက်ပွဲတစ်ခု ဖြစ်လာမှာ သေချာတယ်… ငါ သူတို့နှစ်ယောက်လုံးကို အနိုင်ယူရမယ် တောင်စောင့်နတ်ပွဲတော်ရဲ့ ပထမဆုက ငါတို့ ယုဓားတောင်ထွတ်ရဲ့ လက်ဝယ်ကို ရောက်ရှိရမယ်...'

All Chapters