← Chapters

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း ၂၀၇

Vol. 21 Ch. 207

အခန်း (၂၀၇) - လသာည (၁)

လရောင်သည် နူးညံ့သိမ်မွေ့စွာ ဖြာကျနေ၏။

နက်ရှိုင်းလှသော ပင်လယ်ပြင်သည် အတိုင်းထက်အလွန် တိတ်ဆိတ်ငြိမ်သက်နေပြီး ကျွန်းငယ်တစ်ကျွန်းမှာမူ ထီးတည်းသာ ပေါ်ထွက်နေ၏။

ကျွန်းငယ်၏ အစွန်းတွင် ခမောက်ဆောင်းကာ ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားသော အမျိုးသားတစ်ဦး ထိုင်နေသည်။

ဦးခေါင်းကို ငုံ့ထားသဖြင့် မျက်နှာတစ်ဝက်ခန့်သာ မြင်ရပြီး စိမ်းဖန့်ဖန့် မုတ်ဆိတ်ရိပ် ခပ်ပါးပါးကို ခပ်ရေးရေး တွေ့မြင်နိုင်၏။

အကယ်၍ ချူလျန်သာ ဤနေရာ၌ ရှိနေပါက ထိုသူကို မုချမှတ်မိပေလိမ့်မည်။

သူသည် ယခင်က တစ်ကြိမ်မျှ တွေ့ဆုံဖူးခဲ့သော ဝေလငါးစီးအင်မော်တယ်ပင် ဖြစ်ချေသည်။

သူ၏ ဘေးနားတွင် အဖြူရောင်ပေါ်၌ ခရမ်းရောင်သန်းနေသော ခေါင်းတလားတစ်ခု တည်ရှိနေပြီး ကျောက်စိမ်းကဲ့သို့ တောက်ပနေ၏။

သို့သော် သေချာစွာ ကြည့်ရှုပါက ထိုအဖြူရောင် ခေါင်းတလား၏ ဘေးပတ်ပတ်လည်ရှိ မြက်ခင်းနှင့် မြေပြင်တို့မှ အေးမြသော ဆီးနှင်းငွေ့များ ထွက်ပေါ်နေသည်ကို တွေ့ရပေမည်။

ဤအဖြူရောင်ခေါင်းတလားကို ပြုလုပ်ထားသည့်အရာမှာ အမှန်စင်စစ် ရေခဲပင် ဖြစ်ချေသည်။

ထိုအမျိုးသားက ခေါင်းမော့ကာ ကောင်းကင်ကြီးကို ကြည့်လိုက်၏။

သူသည် လမင်းထက်ဆီသို့ အဝေးမှ လှမ်းမျှော်ကြည့်နေခြင်းပင်။

လခြမ်းကွေးလေးသည် ကောင်းကင်ယံတွင် ချိတ်ဆွဲထားသကဲ့သို့ ရှိနေပြီး ၎င်းပေါ်၌ မိန်းမပျိုတစ်ဦး၏ နွဲ့နှောင်းသော ပုံရိပ်ယောင်ကို ခပ်ရေးရေး မြင်တွေ့ရကာ တုနှိုင်းမဲ့အလှပိုင်ရှင်လေးတစ်ဦး ကပြဖျော်ဖြေနေသကဲ့သို့ ထင်မှတ်ရပေသည်။

တစ်စုံတစ်ခုကြောင့် ထိုပုံရိပ်ယောင်ကို ကြည့်နေရင်းနှင့်ပင် ပုံရိပ်သည် တဖြည်းဖြည်း နီးကပ်လာ၏။

ရှည်လျားလှသော အင်္ကျီလက်စများ လေထဲတွင် လွင့်ပျံနေပြီး အဝတ်အစားများ တဖျပ်ဖျပ် လှုပ်ခတ်လျက် မျက်တောင်တစ်ခတ်အတွင်း မျက်စိရှေ့သို့ ရောက်ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် ထင်ယောင်ထင်မှားဖြစ်ခြင်း မဟုတ်ပေ။ သူမ အမှန်တကယ်ပင် ရောက်ရှိလာခဲ့ပြီ။

ဝေလငါးစီးအင်မော်တယ်က အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်ချိန်တွင် ပတ်ပတ်လည်ရှိ ပင်လယ်ပြင်တစ်ခုလုံးမှာ ရေခဲများ ဖုံးလွှမ်းသွားခဲ့ချေပြီ။

ဤကျွန်းငယ်နှင့် ရေအောက်ရှိ ၎င်း၏အစိတ်အပိုင်းများသည် အလွန်တရာ ကြီးမားလှသဖြင့် ဤဘီလူးကြီး ရွေ့လျားပါက သာမန်ရေခဲတောင်များကိုပင် တိုက်ဖြိုဖျက်ဆီးပစ်နိုင်၏။

သို့သော် ယခုအခါတွင်မူ ၎င်းသည် တစ်လက်မမျှပင် မလှုပ်ရှားနိုင်တော့ချေ။

မြင့်မားသော ကောင်းကင်ယံမှ ငုံ့ကြည့်ပါက မိုင်ပေါင်းများစွာ ကျယ်ဝန်းလှသော ပင်လယ်ပြင်သည် မှန်ချပ်ကြီးတစ်ခုကဲ့သို့ ရေခဲပြင်ကြီးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရပေမည်။

မျက်တောင်တစ်ခတ်အတွင်း ကျယ်ပြောလှသော သမုဒ္ဒရာကြီးမှာ ရေခဲကုန်းပြင်မြင့်ကြီး ဖြစ်သွားခဲ့ချေပြီ။

ဤကဲ့သို့သော စွမ်းပကားမှာ အံ့ဩမဆုံးဖြစ်စရာပင်။

သို့သော် ဝေလငါးစီးအင်မော်တယ်၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်ခြင်း အရိပ်အယောင် စိုးစဉ်းမျှ မရှိပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူ၏မျက်နှာတွင် စိတ်ပျက်လက်ပျက် ဖြစ်နေသော အမူအရာသာ ပေါ်လွင်နေပြီး ခါးသီးစွာ ပြုံးလျက် မေးလိုက်၏။

"အလှလေး... မင်း ဘာလို့ ကျုပ်နောက်ကို တကောက်ကောက် လိုက်နေရတာလဲ..."

"မင်း သတ္တိကောင်းလွန်းတယ်… ငါတို့ဂိုဏ်းရဲ့ လမင်းဂူဗမာန် တားမြစ်နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီး ရှေးဟောင်းရေခဲခေါင်းတလားကို ခိုးယူသွားတာဟာ သေလမ်းကို ရှာတာပဲ”

“ဒီနေ့ ငါလာတာက မင်းရဲ့အသက်ကို နှုတ်ဖို့ပဲ..."

အေးစက်လှသော အသံတစ်သံသည် အဝေးတစ်နေရာမှ လွင့်ပျံလာ၏။

ထိုအသံနှင့်အတူ လူရိပ်တစ်ရိပ်သည် ရေခဲပြင်ပေါ်မှ သာယာညင်သာစွာ ပျံသန်းဝင်ရောက်လာသည်။

သူမသည် ဆံပင်ရှည်ကြီးများကို ဖြန့်ချထားသော မိန်းမပျိုတစ်ဦးဖြစ်ပြီး နက်မှောင်သော ခါးစည်းဝတ်ရုံရှည်ကို ဝတ်ဆင်ထား၏။

သူမ၏ အသားအရေမှာ လရောင်နှင့်အပြိုင် ဖြူဖွေးဝင်းပနေသည်။

နှုတ်ခမ်းနီနီရဲရဲလေးနှင့် မျက်ဝန်းအိမ်တို့မှာ ဆွဲဆောင်မှုရှိပြီး ညှို့ဓာတ်ပြင်းလှသော်လည်း မျက်လုံးထဲတွင်မူ အေးစက်လှသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။

ဝေလငါးစီးအင်မော်တယ်မှာမူ ထိုမိန်းမပျို၏ သတ်ဖြတ်လိုစိတ်ကို လုံးဝ သတိမမူမိသကဲ့သို့ ပြုံးစိစိဖြင့် ပြောလိုက်၏။

"အစကတည်းက ကျုပ် မင်းတို့နဲ့ လဲလှယ်မယ်လို့ ပြောခဲ့တာပဲ… ဒါကို မင်းတို့ဘက်က သဘောမတူတော့လည်း ကျုပ်က ကိုယ့်ဘာသာကိုယ် ယူသွားရုံပဲ ရှိတာပေါ့”

“မင်း ဘယ်လိုမျိုး လျော်ကြေး လိုချင်လဲ ပြောလေ…ဈေးနှုန်း သင့်တော်သရွေ့ ညှိနှိုင်းလို့ ရပါတယ်… အားလုံးက ဘာလို့ ဒီလိုမျိုး ရန်စောင်နေကြဖို့ လိုလဲ..."

"မင်း ငါတို့ဂိုဏ်းရဲ့ ဂုဏ်သိက္ခာကို စော်ကားပြီးပြီ.. ညှိနှိုင်းစရာ အကြောင်းမရှိဘူး..."

မိန်းမပျိုက ပြတ်သားစွာ ပြောလိုက်၏။

ထိုက်ယင်ဂိုဏ်းသည် မြောက်ဘက်အရပ်ရှိ လနတ်သမီးနန်းတော်၌ အခြေချနေထိုင်ပြီး ဂိုဏ်းအတွင်း၌ မိန်းမပျိုများသာ ရှိကြ၏။

လောကအလယ်သို့ ထွက်လာသူ အလွန်နည်းပါးသဖြင့် အလွန်တရာ ဆန်းကြယ်လှသော မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းအနက် တစ်ဂိုဏ်း ဖြစ်ပေသည်။

သို့သော် ၎င်းတို့၏ စွမ်းအားမှာမူ သံသယဖြစ်ဖွယ်မရှိပေ။ မည်သူမဆို ထိုက်ယင်ဂိုဏ်းကို လာရောက်ရန်စပါက များမကြာမီ သေဆုံးခြင်းသတင်းသာ ထွက်ပေါ်လာတတ်သည်။

ပြတ်သားပြီး ရက်စက်ကြမ်းကြုတ်ခြင်းမှာ ဤဂိုဏ်း၏ အထင်ကရအမှတ်အသားတစ်ခုပင်။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဤအမျိုးသားသည် လနတ်သမီးနန်းတော်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ရှိလာပြီး အလွန်တရာ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုချက်တစ်ခုကို ပြုလုပ်ခဲ့၏။

သူသည် တားမြစ်နယ်မြေဖြစ်သော လမင်းဂူဗိမာန်အတွင်းရှိ ရှေးဟောင်းရေခဲခေါင်းတလားကို လိုချင်နေခြင်းပင်။

လမင်းဂူဗိမာန်တားမြစ်နယ်မြေဆိုသည်မှာ ထိုက်ယင်ဂိုဏ်း၏ မျိုးဆက်အလိုက် သတ္တမအဆင့်နှင့် အဋ္ဌမအဆင့်ရှိသော စီနီယာအဆင့်မြင့်ကျင့်ကြံသူကြီးများကို သင်္ဂြိုဟ်ထားရာနေရာဖြစ်၏။

ယခုအခါ ဤအမျိုးသားက ၎င်းအတွင်းရှိ ခေါင်းတလားတစ်ခုကို လိုချင်နေသဖြင့် အတွင်းရှိ စီနီယာကျင့်ကြံသူကြီးများ၏ ရုပ်အလောင်းများကို ဖယ်ရှားပေးရမည့်သဘော ဖြစ်နေပေသည်။

ထိုက်ယင်ဂိုဏ်းအနေဖြင့် ဤကဲ့သို့သော အရောင်းအဝယ်ကို မည်သို့လုပ်ဆောင်နိုင်ပါမည်နည်း။

မျှော်လင့်မထားသည်မှာ ဒုတိယမြောက်ညတွင်ပင် ဤအမျိုးသားသည် လမင်းဂူဗိမာန်တားမြစ်နယ်မြေအတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ၎င်းအပြင်ပတ်လည်ရှိ ထပ်ဆင့်ကာကွယ်ရေးအစီအရင်များသည် တည်ရှိမနေသကဲ့သို့ ဖြစ်သွားခဲ့၏။

သို့သော် သူသည်လည်း စည်းကမ်းရှိသူတစ်ဦးဖြစ်သဖြင့် ထိုရေခဲခေါင်းတလားကိုသာ ယူဆောင်သွားခဲ့ပြီး ပိုမိုတန်ဖိုးရှိလှသော ကျင့်ကြံသူကြီးများ၏ ရုပ်အလောင်းများနှင့် အတူမြှုပ်နှံထားသည့် ရတနာပစ္စည်းများကိုမူ လှည့်၍ပင် မကြည့်ခဲ့ပေ။

လနတ်သမီးနန်းတော်တစ်ခုလုံး အလွန်အမင်း ဒေါသထွက်သွားခဲ့သည်။

ထို့နောက် မြေလှန်ရှာဖွေကာ သူ၏ခြေရာလက်ရာကို လိုက်လံရှာဖွေခဲ့သော်လည်း စိုးစဉ်းမျှ မတွေ့ရှိခဲ့ရပေ။

ဤမိန်းမပျိုသည် လရောင်ထင်ဟပ်နန်းတော်၏ လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုကာ သူ၏ခြေရာများကို အစအနအလိုက် အသည်းအသန် လိုက်လံစုံစမ်းပြီးနောက်မှသာ ဤနေရာသို့ ရောက်ရှိလာနိုင်ခြင်းပင်။

"ဟူး..."

ဝေလငါးစီးအင်မော်တယ်က သက်ပြင်းတစ်ချက်ချလိုက်၏။

သူ တစ်စုံတစ်ခု ထပ်မံမပြောကြားမီမှာပင် ထိုက်ယင်ဂိုဏ်းမှ မိန်းမပျိုက အရှိန်အဟုန်ပြင်းစွာ တိုက်ခိုက်လိုက်ချေပြီ။

ဝုန်း...

ကျယ်လောင်လှသော မိုးခြိမ်းသံကဲ့သို့ အသံကြီးနှင့်အတူ ထူထပ်လှသော ရေခဲမြူခိုးများသည် ကောင်းကင်သို့ မြင့်မားစွာ လွင့်ပျံတက်သွားသော လှိုင်းလုံးကြီးများကဲ့သို့ ကျွန်းပေါ်ရှိ အမျိုးသားဆီသို့ လွှမ်းခြုံတိုက်ခိုက်သွား၏။

အမှန်စင်စစ် ယခင်က မိန်းမပျိုသည် ပင်လယ်ပြင်ကို ရေခဲပိတ်ဆို့စဉ်က ထိုအမျိုးသားကိုပါ တစ်ပါတည်း ရေခဲရိုက်ရန် ကြံရွယ်ခဲ့သော်လည်း သူမ၏ စွမ်းပကားသည် ကျွန်းငယ်အနီးသို့ ရောက်ရှိချိန်တွင် လုံးဝ ပျောက်ကွယ်သွားပြီး မည်သည့်အစွမ်းမျှ မပြနိုင်ခဲ့ပေ။

ယခုအခါတွင်မူ သူမသည် စွမ်းအားကို ပိုမိုမြှင့်တင်လိုက်ပြီး ကျော်ဖြတ်နိုင်ခြင်းမရှိသော စွမ်းအင်များကို ရေခဲမြူခိုးများအဖြစ် စုစည်းစေကာ ပိုမိုမြင့်မားစွာ ထွက်ပေါ်လာစေပြီး မျက်တောင်တစ်ခတ်အတွင်း ပေရာချီမြင့်မားသော လှိုင်းတံပိုးကြီးအဖြစ် ပြောင်းလဲပစ်လိုက်လေ၏။

All Chapters