အခန်း ၂၆၁
Vol. 27 Ch. 261
အခန်း(261)
ကျန်းဝမ်ကျန့် : “ဝေ့ယန်၊ ကလေးနှစ်ယောက်ကို နေရောင်ခြည်ရအောင် ပြတင်းပေါက်နားကို ခဏ သွားတွန်းပေးပါဦး၊
ကျွန်မ ယောက်မနဲ့အတူ ဟင်း ဆက်ချက်လိုက်ဦးမယ်၊ အခု မွန်းတည့်တော့မှာဆိုတော့ အမေနဲ့ အဖေတို့လည်း မကြာခင် ပြန်လာကြတော့မှာ၊ အချိန်ကြာနေရင် ပြန်ရောက်တာနဲ့မစားရဘဲနေလိမ့်မယ်”
စုဝေ့ယန်က ခေါင်းညိတ်လိုက်ရင်း ပြောလိုက်လေသည်။
“ကောင်းပါပြီ”
ထိုသို့ ပြောဆိုပြီးနောက် သူက ပုခက်ကို တွန်းရွှေ့သွားခဲ့လေ၏။
စုဝေ့ယန် ထွက်ခွာသွားသည်နှင့် ကျန်းဝမ်ကျန့်က သူမ၏ ပုခုံးကို လျှော့ချလိုက်ပြီး သက်ပြင်းရှည်ကြီးကို ချလိုက်ရင်း ညည်းတွားလိုက်လေတော့၏။
“အမျိုးသားတွေနဲ့ စကားပြောရတာ တကယ်ကို အဓိပ္ပာယ် မရှိပါဘူး”
“ဘာဖြစ်လို့လဲ ယောက်မ”
လီရှန်း၏ နားရွက်များက နောက်တစ်ကြိမ် ထောင်သွားခဲ့ရပြန်သည်။
“ဘာမှမဟုတ်ပါဘူး”
ကျန်းဝမ်ကျန့်က ခက်သွက်သွက် ခေါင်းကို ခါပြလိုက်လေ၏။ ညည်းတွားရသည်က လွယ်ကူလွန်းသော်လည်း ဇနီးမောင်နှံနှစ်ဦးကြားရှိ ဤသို့သော သီးသန့်ကိစ္စရပ်များကို ပြောဆိုရန် မသင့်တော်ပေ။
မည်သို့ပင်ဖြစ်စေ သူမက ယောက်မတစ်ဦးဖြစ်သည့်အတွက် သိက္ခာကိုလည်း ထိန်းသိမ်းရမည် မဟုတ်ပါလား။
လီရှန်းကတော့ နှမြောမိသွားရသည်။
ထိုခံစားချက်က တီဗီဇာတ်လမ်းတွဲတစ်ခုကို ကြည့်ရှုနေရသော်လည်း အဆုံးသတ်ကို လုံးဝ မသိရှိရသကဲ့သို့ ခံစားချက်မျိုးပင်။
မွန်းတည့်ချိန်တွင် မိသားစုတစ်ခုလုံးက အိမ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြလေ၏။
စုဝေ့ချင်းက တံခါးဝသို့ ဝင်လာရှိသည်နှင့် စုရှောင်လော်ကို ပွေ့ဖက်ပြီး အထပ်ထပ်အခါခါ နမ်းရှိုက်နေခဲ့လေသည်။
စုဝေ့မင်က နောက်တစ်လှမ်း နောက်ကျကျန်ခဲ့သောကြောင့် တစ်ဖက်သို့ လှည့်ပြီး ထွားကြိုင်းလွန်းသော စုကျန့်လေးကို ပွေ့ချီလိုက်လေ၏။
ထို့နောက် သူက မေးခွန်းသင်္ကေတများက ပြည့်နှက်နေသော မျက်နှာဖြင့် သူ၏ မြေးဖြစ်သူကို စူးစိုက်ကြည့်နေခဲ့သည်။
ရိုးသားစွာ ပြောရလျှင် ဤကလေးက မြေးသုံးယောက်အနက် ရုပ်ရည်အချောမောဆုံး ဖြစ်သည်။
သူက ရှောင်လော်ကဲ့သို့ နုပျိုကျော့ရှင်းခြင်း မရှိသော်လည်း ကြီးပြင်းလာပါက သေချာပေါက် ထူးချွန်လိမ့်မည်ဖြစ်ကြောင်းကို သိသာ၏။
သို့သော် အသားအရည်ကတော့ အလွန် မည်းမှောင်နေခဲ့လေ၏။
“ဒီအသားအရည်က ဘယ်သူနဲ့ တူတာလဲ”
စုဝေ့မင်က ခေါင်းကို စောင်းလိုက်သော်လည်း မည်သည့်အရာကိုမျှ တွေးတော၍ မရနိုင်ဘဲ ဖြစ်နေခဲ့ရ၏။
“ငါတို့ မိသားစုမှာ အသားမည်းတဲ့သူ မရှိပါဘူး၊ မှတ်မိသလောက်တော့ ဝမ်ကျန့်ရဲ့ အရေပြားကလည်း မမည်းပါဘူး”
လော်ယွီရှို့က စုဝေ့မင်၏ နောက်တွင် ရပ်နေရင်း သူမ၏ မြေးကို လှမ်းကြည့်လိုက်လေသည်။
မှန်ပေ၏။ သူမ မည်မျှပင် ကြည့်ရှုပါစေ ဤကလေးက အလွန် မည်းနေသည်ဟု ခံစားရဆဲပင်။
သို့သော်လည်း..
“ကြွန်မ မှတ်မိသလောက်တော့ သူ အရင်က ဒီလောက်အထိ မမည်းပါဘူး၊ အဲဒီတုန်းက သူ ဖြူဖွေးပြီး နူးညံ့နေတာပါ”
“သူက အသာ့မည်းတာ မဟုတ်ပါဘူး၊ နေလောင်ထားတာပါ”
လီရှန်းက ဘေးနားမှ လှမ်းကြည့်ရင်း အနည်းငယ် အကူအညီမဲ့သော လေသံဖြင့် ဝင်ရောက်ပြောဆိုလိုက်လေ၏။
“သူ့ရဲ့ လက်ဖမိုးနဲ့ ခြေဖဝါးတွေကို ကြည့်စမ်းပါဦး၊ ဖြူဖွေးနေတာပဲလေ”
စုကျန့်က ဤမျှအထိ မည်းမှောင်နေရသည့် အကြောင်းရင်းက ချုံကျိုးတွင် နေရောင်ခြည် ပြင်းထန်ပြီး ပင်လယ်လေညင်းများ ကြမ်းတမ်းလွန်းသောကြောင့် သူ့ကို နေလောင်သွားစေခဲ့ခြင်းကြောင့်သာ ဖြစ်၏။
“ဟုတ်သားပဲ၊ ငါ မင်းတို့ကို ပြောဖူးတယ်လေ၊ ကျွန်းပေါ်မှာ အသားဖြူတဲ့ ကလေးဆိုတာ မရှိပါဘူး”
ထိုကလေးများက လမ်းလျှောက်နိုင်သည်နှင့် အပြင်သို့ ထွက်ဆော့ကစားကြပြီး နေရောင်ခြည် သို့မဟုတ် ပင်လယ်လေညင်းများကို လုံးဝ မကြောက်ကြပေ။
ရံဖန်ရံခါတွင် သူတို့က ကမ်းခြေသို့ပင် သွားတတ်ကြသည့်အတွက် အနည်းငယ် နေလောင်နေခြင်းက သဘာဝကျလွန်းသည် မဟုတ်ပါလား။
ထို့အပြင် စုကျန့်က ငယ်ရွယ်ပြီး နူးညံ့သော အရေပြား ရှိသောကြောင့် နေလောင်ရန်အတွက် ပိုမို၍ လွယ်ကူခြင်း ဖြစ်၏။
လော်ယွီရှို့က သက်ပြင်းချလိုက်ရင်း ပြောလိုက်လေသည်။
“ငါတို့တွေ အငြိမ်းစား မယူရသေးလို့ပေါ့၊ မဟုတ်ရင် ကလေးတွေကို အိမ်မှာပဲ ထားခဲ့တာက ပိုပြီး ကောင်းမွန်လိမ့်မယ်”
ထိုစကားကို ကြားလိုက်ရသောကြောင့် ကျန်းဝမ်ကျန့်လည်း တိတ်ဆိတ်သွားခဲ့ရတော့၏။
သူမက သူမ၏ ယောက္ခမများ၏ တွေးတောမှုတစ်ခုကြောင့် သူမ၏ သားနှင့် ခွဲခွာရမည်ကို အလွန် ထိတ်လန့်သွားခဲ့ရသောကြောင့် စုဝေ့ယန်ကို တံတောင်ဆစ်ဖြင့် လှမ်း၍ တွန်းလိုက်မိ၏။
စုဝေ့ယန်ကတော့ အတော်လေး ရိုးအသူ ဖြစ်သည့်အတွက် ချက်ချင်းပင် ပြောဆိုလိုက်လေသည်။
“ထားလိုက်ပါတော့ အမေ၊ အိမ်မှာ ကလေးတွေ ဒီလောက်အထိ များနေတာကို အမေတို့ နှစ်ယောက်လုံးက တကယ် ပြုစုနိုင်ပါ့မလား”
“နောက်တစ်ယောက် တိုးလာလည်း ဘာမှ ထူးခြားသွားမှာ မဟုတ်ပါဘူး”
လော်ယွီရှို့က မျက်စိလှန်လိုက်လေ၏။
သူမ၏ ဒုတိယချွေးမက ခုနတင် ပြုလုပ်ခဲ့သည်ကို သူမက မမြင်တွေ့ဘဲမနေပါချေ။
ဘာလဲ။ ကလေးကို အိမ်မှာထားပြီး ပြုစုခိုင်းတာက သူတို့ကို မတရား စော်ကားတာ ဖြစ်နေလို့လား။
သူတို့က သူမတို့၏ အိမ်က မည်သို့သော ပတ်ဝန်းကျင် ဖြစ်ကြောင်းနှင့် ချုံကျိုးက မည်သို့သော ပတ်ဝန်းကျင် ဖြစ်ကြောင်းကိုပင် ထည့်သွင်း စဉ်းစားခြင်း မရှိကြပေ။
လီရှန်း : “…”
သူမအနေဖြင့် စုဝေ့ယန်က ထိုစကားကို ရည်ရွယ်ချက်ရှိရှိ ပြောဆိုလိုက်ခြင်းဖြစ်သည်ဟုအဘယ်ကြောင့် ခံစားနေရပါသနည်း။
စုဝေ့ယန်က ခေါင်းကို ထပ်မံ၍ ခါယမ်းလိုက်ရင်း ပြောလိုက်လေသည်။
“ဒါလည်း အဆင်မပြေပါဘူး”
လော်ယွီရှို့က အလွန်ဒေါသထွက်သွားခဲ့ရသောကြောင့် အနောက်သို့ပင် လဲကျလုနီးပါး ဖြစ်ခဲ့ရ၏။
ဤသို့သော အသုံးမကျသည့် သားမျိုးကို လိုချင်သူရှိလျှင် ပေးပစ်လိုက်ချင်မိ၏။
အမှန်တကယ်တွင် လော်ယွီရှို့က သာမန်မျှသာ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူမနှင့် စုဝေ့မင်တို့ နှစ်ဦးလုံးတွင် အလုပ်အကိုင်များ ရှိကြလေ၏။
စုဝေ့ဟိုင်ကလည်း ပုံမှန်အားဖြင့် အလုပ်အလွန်များလွန်းသည်။
ကလေးနှစ်ယောက်ကို ဝူလီထံသို့ လွှဲပြောင်းပေးထားခဲ့သော်လည်း ထိုကလေးနှစ်ယောက်က ဝူလီ၏ ကလေးများမဟုတ်ကြကြောင်းကို လူတိုင်းက သိရှိထားကြသည်။
လော်ယွီရှို့က မည်မျှပင် စိမ်းသက်ပါစေ သူမ၏ အကြီးဆုံးချွေးမကို သူမ၏ လင်ပါသားနှစ်ယောက်အတွက် ကျွန်တစ်ယောက်ကဲ့သို့ အလုပ်အကျွေး ပြုခိုင်းရန် လုံးဝ တောင်းဆိုမည် မဟုတ်ပေ။
ထို့အပြင် ယခုအချိန်တွင် အိမ်တွင် မွေးကင်းစ ကလေးငယ်တစ်ဦး ရှိနေခဲ့လေပြီ။
တတိယသားနှင့် သူ၏ဇနီးတို့ နှစ်ဦးလုံးတွင် အလုပ်အကိုင်များက ရှိကြလေသည်။
သူတို့က ကလေးကို ရုံးခန်းသို့ ခေါ်ဆောင်သွားနိုင်သော်လည်း လီရှန်းအနေဖြင့် အလုပ်ရုံသို့ သွားရောက်ရန်အတွက် လိုအပ်သည့်အချိန်မျိုးတွင် လော်ယွီရှို့က ကူညီ ပြုစုပေးရဦးမည်။
ထို့ကြောင့်..
သူမက စုကျန့်ကို အိမ်တွင် ထားရှိရန် အမှန်တကယ်ပင် မရည်ရွယ်ခဲ့ပေ။
သို့သော်က စုဝေ့ယန်၏ ပြောစကားများက စိတ်တိုစရာ ကောင်းလွန်း၏။
သူမက မျက်စိကို လှန်လိုက်ပြီး သူမ ကိုင်ဆောင်ထားသော အင်္ကျီများကို စုဝေ့ယန်ထံသို့ ပစ်ပေါက်လိုက်လေတော့၏။
“ကောင်းပါပြီ၊ ဒါဆိုရင်လည်း ငါ မပြုစုတော့ပါဘူး၊ ငါက အရူးမှ မဟုတ်တာ၊
ငါက အစားအသောက် အများကြီး ပေါနေလို့လည်း မဟုတ်ဘူး၊ ငါတို့တွေက မင်းတို့လို အကြွေးတောင်းတဲ့လူစုကို ကျွေးမွေးစောင့်ရှောက်ခဲ့ရတာနဲ့တင် မလုံလောက်သေးလို့ အခု ကလေးတွေကိုပါ ထပ်ပြီး ပြုစုနေရဦးမှာလား၊ မင်းတို့ဘာသာ မင်းတို့ သေချာ ပြုစုကြတော့”
“အမေ၊ ကျွန်တော်ကတော့ အမေ့ကို မပြုစုစေချင်ဘူးလို့ တစ်ခါမှ မပြောခဲ့ပါဘူးနော်”
စုဝေ့ချင်းက ချက်ချင်းပင် အော်ဟစ်လိုက်လေသည်။
သူက စုဝေ့ယန်နှင့် မတူပေ။ သူနှင့် သူ၏ဇနီးတို့က အချင်းချင်း ကူညီမှုမရှိဘဲ မနေနိုင်ကြပါချေ။
လော်ယွီရှို့က နှာခေါင်းမှုတ်လိုက်သော်လည်း ပြန်လည်မချေပခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူမက တတိယချွေးမ၏ ကလေးကို သေချာပေါက် ကူညီပြုစုပေးမည်ပင်။
စုဝေ့ယန်ကြောင့် ဖြစ်ပေါ်ခဲ့သော တင်းမာသော ပတ်ဝန်းကျင်က စုဝေ့ချင်း၏ စကားလုံးများကြောင့် ချက်ချင်းပင် လျော့ပါးသွားခဲ့ရလေတော့၏။
စုဝေ့ယန်က လော်ယွီရှို့၏ ဒေါသများကို အသားကျနေခဲ့သကဲ့သို့ လုံးဝ ဂရုမစိုက်ဘဲ ရှိနေခဲ့သည်။
လီရှန်း : “…”
သူမက ကျန်းဝမ်ကျန့်၏ အနားသို့ နှစ်လှမ်းမျှ တိုးကပ်သွားခဲ့ပြီး မေးမြန်းလိုက်လေ၏။
“ယောက်မ၊ ဒုတိယအစ်ကိုက ဘာလုပ်ချင်နေတာလဲ”
သူမ၏ အမြင်တွင် သူက လော်ယွီရှို့ကို ရည်ရွယ်ချက်ရှိရှိ ဒေါသထွက်အောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေခဲ့သည်။
“ငါလည်း မသိဘူးလေ”
ကျန်းဝမ်ကျန့်ကလည်း စိတ်ရှုပ်ထွေးသော ပုံစံဖြင့် လှမ်းကြည့်လိုက်လေ၏။
ရိုးသားစွာ ပြောရလျှင် ယခုတစ်ခေါက်က သူမ၏ အတိတ်ဘဝရော ယခုဘဝတွင်ပါ မိသားစုတစ်ခုလုံးက ပထမဆုံးအကြိမ်အဖြစ် ဤမျှအထိ ကြာရှည်စွာ အတူနေထိုင်ကြရခြင်းဖြစ်သည်။
အတိတ်ဘဝ ဖြစ်စေ၊ ယခုဘဝ ဖြစ်စေ၊ သူမနှင့် သူမ၏ ယောက္ခမကြားရှိ ဆက်ဆံရေးက မကောင်းမွန်ခဲ့သောကြောင့် သူမက စုဝေ့ယန်နှင့် လော်ယွီရှို့ကွားတွင် ပုံမှန်အားဖြင့် မည်သို့ ဆက်ဆံတတ်သည်ကို မသိရှိခဲ့ပေ။
သူမလည်း ထိတ်လန့်သွားခဲ့ရပြီး မည်သို့လုပ်ရမည်ကိုမသိဖြစ်နေခဲ့ရသည်။
“ဘာမှမဟုတ်ပါဘူး၊ အစ်ကိုက ကိုယ့်အမေကို စနောက်နေတာပါ”
စုဝေ့ချင်းက လီရှန်းဘက်သို့လှည့်၍ ရှင်းပြလိုက်ပြီးနောက် စုဝေ့ယန်၏ ပုခုံးကို ပုတ်လိုက်လေ၏။
“ဒုတိယအစ်ကို၊ အစ်ကိုက မရီးနဲ့ ရှန်းရှန်းတို့ကို လန့်သွားအောင် လုပ်လိုက်တာပဲ၊ အစ်ကို့ဘာသာ အစ်ကို စနောက်လို့ ရပေမဲ့ မရီးကိုပါ ဆွဲသွင်းလိုက်တာကတော့ မကောင်းဘူးလေ၊
ကျွန်တော်တို့အမေက အထိ ခွင့်လွှတ်တတ်တဲ့သူ မဟုတ်ဘူးနော်၊ သတိထားပါဦး၊ အမေ ဒေါသထွက်သွားရင် တစ်စုံတစ်ယောက်ကို လူမှားပြီး ကြိမ်းမောင်းနေပါဦးမယ်”
ထိုစကားက သတိပေးချက်တစ်ခုသာ ဖြစ်သည်။
စုဝေ့ယန်က အတိတ်တုန်းက စုဝေ့ယန်နှင့် လုံးဝ မတူတော့ပေ။
အတိတ်တုန်းက စုဝေ့ယန်က လော်ယွီရှို့ကို ဒေါသထွက်အောင် ပြုလုပ်ခဲ့ချိန်တွင် လော်ယွီရှို့မှ ထိုငတုံးသားလေးအား အလွန်ဆိုးဝါးသော လူတစ်ဦးဖြစ်သည်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင်တော့ စုဝေ့ယန်က လက်ထပ်ပြီးဖြစ်၍ လော်ယွီရှို့က စုဝေ့ယန်၏ ပြုမူပုံအားလုံးက ကျန်းဝမ်ကျန့်ကြောင့် ဖြစ်သည်ဟုသာ ထင်မှတ်နေပေလိမ့်မည်။
“အမှန်ပဲ၊ မင်းက မင်းရဲ့ ညီလေးလောက်တောင် အလိုက်မသိဘူး”
ထိုစကားကို ကြားလိုက်ရလျှင် ကျန်းဝမ်ကျန့်လည်း စိုးရိမ်ပူပန်သွားခဲ့ရတော့၏။
*