← Chapters

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း(267)

လော်ယွီရှို့က လုပ်စရာရှိလျှင်ချက်ချင်း လုပ်ဆောင်တတ်သော အမျိုးသမီးတစ်ဦးဖြစ်ပေသည်။

သူမက သူမ၏ မှတ်စုစာအုပ်ကို ချက်ချင်း လှမ်းယူလိုက်ပြီး တခြားသူများကို စည်းရုံးရန်နှင့် စာရင်းမှတ်တမ်းတင်ရန်အတွက် တစ်အိမ်တက်ဆင်း ထွက်ခွာသွားခဲ့၏။

လော်ယွီရှို့အနေဖြင့် အလွန်အမင်း ဖျတ်လတ်သွက်လက်စွာ လုပ်ဆောင်ခဲ့သောကြေုင်း ညနေပိုင်းသို့ ရောက်ချိန်တွင် စာရင်းကို အပြီးသတ် ပြုစုပြီးသား ဖြစ်နေခဲ့လေပြီ။

လော်ယွီရှို့ ခန့်မှန်းခဲ့သည့်အတိုင်းပင်။ မိသားစုတိုင်းလိုလိုက သဘောတူခဲ့ကြလေသည်။

ဤအဆောက်အဦအသေးစားလေးတွင် နေထိုင်နိုင်ကြသူများက ငွေကြေးချို့တဲ့သူများ မဟုတ်ကြပေ။

အိမ်ထောင်ကျခါစဖြစ်ပြီး မိသားစုဝင်များက ငွေကြေးမချမ်းသာလွန်းသော ရှုဝမ်ချန်ပင်လျှင် သူ၏ ဇနီးအသစ်နှင့် တိုင်ပင်ဆွေးနွေးခဲ့ပြီးနောက် အဆောက်အဦးကို ပြန်လည်၍ ပြင်ဆင်ရန်အတွက် သူတို့၏ စုဆောင်းငွေများကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ အိမ်ကြီးသည်ကို မည်သူကမျှ ငြင်းပယ်လိမ့်မည် မဟုတ်ပေ။

အပိုအခန်းတစ်ခန်း ရှိနေခြင်းက ထိုငွေများကို စုဆောင်းထားရခြင်းထက် ပိုမို၍ ကောင်းမွန်သည် မဟုတ်ပါလား။

လော်ယွီရှို့ဘက်မှ စာရင်းဇယားများကို ပြုစုပြီးနောက်တွင်တွင် စုဝေ့မင်ကလည်း တိုင်းမြို့တော်မှ လာရောက်သော ဆောက်လုပ်ရေးအဖွဲ့ ခေါင်းဆောင်များကို ညစာကျွေးမွေးရန် တာဝန်ယူလိုက်လေတော့သည်။

ဟင်းအတွက် လီရှန်းကိုယ်တိုင် ပဲတောင့်ရှည်၊ ဝက်နံရိုးတို့ဖြင့် ပြုလုပ်ထားသော ခေါက်ဆွဲပြုတ်ကို ပြင်ဆင်ချက်ပြုတ်ပေးခဲ့လေ၏။

ဥက္ကဌယိုက ခရိုင်မြို့တွင် မရှိသောကြောင့် လော်ယွီရှို့အနေဖြင့် ဥက္ကဌယို၏ အငယ်ဆုံးသားဖြစ်သူ ယိုတာ့ခမ်းကိုပါ ညစာစားရန် လာရောက်ဖိတ်ကြားခဲ့လေသည်။

ယိုတာ့ခမ်းက အသက်ဆယ့်ငါးနှစ်မျှသာ ရှိသေးပြီး ပိုင်မားခရိုင်အထက်တန်းကျောင်းသို့ပြောင်းရွှေ့လာခါစ ဖြစ်လေ၏။

သူက အချိန်အများစုကို စက်ရုံတွင်သာ နေထိုင်ရလိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း မမျှော်လင့်ဘဲ ပိုင်မားခရိုင်အထက်တန်းကျောင်းက အလွန်ပင် စည်းကမ်းတင်းကျပ်လွန်း၏။

အကယ်၍ ပညာသင်ကြားချင်ပါက ကျောင်းအိပ်၊ ကျောင်းစား နေထိုင်ရလိမ့်မည်။ မနေထိုင်ချင်ပါက အိမ်သို့ တိုက်ရိုက်ပြန်နိုင်သည်ဟု သတ်မှတ်ထားလေ၏။

ဥက္ကဌယို၏ ဇနီးဖြစ်သူမှာ ပြည်နယ်မြို့တော်မှ လာရောက်ခဲ့ခြင်း ဖြစ်သောကြောင့် ကျောင်းနှင့် အကြိမ်ကြိမ် ဆွေးနွေးခဲ့သော်လည်း ကျောင်းဘက်က စည်းကမ်းကို လျှော့ပေါ့မပေးခဲ့ပေ။

နောက်ဆုံးတွင် သူမအနေဖြင့် အ

တခြားရွေးချယ်စရာမရှိတော့ဘဲ ယိုတာ့ခမ်းကို ကျောင်းအိပ်၊ကျောင်းစားအဖြစ် ခွင့်ပြုခဲ့ရရှာသည်။

သို့သော် ယိုတာ့ခမ်းအတွက်တော့ ကျောင်းတွင် နေထိုင်ရခြင်းက အလွန်ပင် ပျော်ရွှင်စရာ ကောင်းလွန်း၏။

သူက အိမ်သို့ရောက်ရှိလာသည်နှင့် လီရှန်း၏ ဘေးသို့ ကပ်လာပြီးပြောလိုက်လေသည်။

“..အစ်မ၊ ကျန်းချောင်က အစ်မဆီကို စကားပါးလိုက်လို့ပါ”

လီရှန်းက သူ့ကို စိတ်ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် လှမ်းကြည့်လိုက်လေသည်။

သေချာပေ၏။ ယိုတာ့ခမ်း ရောက်ရှိလာသည်နှင့် ကျန်းချောင်နှင့် သူငယ်ချင်းကောင်းများ ဖြစ်သွားခဲ့ကြလေပြီ။

ထိုလူနှစ်ဦးက ဆုံတွေ့ပြီး နာရီဝက်ပင်မပြည့်မီ အချိန်အတွင်းမှာပင် ရင်းနှီးကျွမ်းဝင်သွားခဲ့ကြခြင်း ဖြစ်၏။

သူတို့ကို မိတ်ဆက်ပေးခဲ့သော လီရှန်းပင်လျှင် ထိုအခြေအနေကို အံ့ဩမိရသည်။

ဒါက ကလေးများကြားက သံယောဇဉ်များလား။

“ဘာပြောလိုက်တာလဲ”

လီရှန်းက ယိုတာ့ခမ်း၏ ‘လာမေးလိုက်စမ်းပါ’ဟူသော အမူအရာဖြင့် မေးစေ့ကို ပင့်ပြနေသည်ကို မြင်သောကြောင့် ဂရုတစိုက်ဖြင့် မေးလိုက်လေသည်။

ယိုတာ့ခမ်းလည်း ဝမ်းသာအားရဖြင့် ပြန်လည်၍ ပြောဆိုလေသည်။

“ကျန်းချောင်က သူ ဒီလထဲမှာ အိမ်မပြန်တော့ဘူးတဲ့၊ သူ ဆေးဝါးစက်ရုံကို လာပြီး အစ်မဆီကို လာလည်လိမ့်မယ်၊

ကျွန်တော်လည်း သူ့ကို ပြောပြီးပြီ၊ သူ ကျွန်တော့်အိမ်မှာပဲ တည်းလို့ရတယ်၊ ကျွန်တော့်အိမ်က အခန်းတွေအများကြီးနဲ့ ကျယ်ကျယ်ဝန်းဝန်းရှိတာဆိုတော့ ကျန်းချောင်အတွက် နေရာမလောက်မှာကို စိုးရိမ်စရာမလိုဘူး”

သူက စကားပြောရင်း စုရှောင်လော်၏ အနားသို့ တိုးကပ်သွားပြီး ကလေးငယ်၏ မျက်နှာလေးကို လက်လှမ်း၍ ထိတွေ့ချင်နေခဲ့၏။

သို့သော် စုရှောင်လော်၏ အသားအရေက အလွန်ပင် ဖြူစင်ဝင်းပနေခဲ့ပြီး ယိုတာ့ခမ်းကတော့ည ကျန်းမာသန်စွမ်းသော ကောင်လေးတစ်ယောက်၏ အသားအရေမျိုး ရှိနေခဲ့သည်။

နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက်တွင် ယိုတာ့ခမ်းက သူ၏လက်ကို ချက်ချင်းပင် ပြန်လည်ရုပ်သိမ်းလိုက်လေတော့၏။

လီရှန်းအနေဖြင့် ကျန်းချောင် လာရောက်လည်ပတ်မည်ဟူသော အကြောင်းကို ကြားရသောကြောင့် ပျော်ရွှင်သွားခဲ့သည်။

သူမအနေဖြင့် မူလကတည်းက အိမ်အသစ်ပြီးစီးသွားပါက ကျန်းချောင်ကို အိမ်သို့ ခေါ်ဆောင်ပြီး ရက်အနည်းငယ်ခန့် နေထိုင်စေရန် စီစဉ်ထားခဲ့သည်။

သို့သော် ယိုတာ့ခမ်း၏ အကြံပြုချက်ကို ကြားရပြီးနောက် ဤသည်က ကောင်းမွန်သော အကြံဉာဏ်တစ်ခု ဖြစ်သည်ဟု တွေးတောမိခဲ့လေ၏။

သို့သော် သူမက မေးမြန်းလိုက်သည်။

“ဒါက မင်းအတွက် အနှောင့်အယှက် ဖြစ်မသွားဘူးလား၊ မင်းရဲ့ အမေလည်း ရောက်လာနိုင်တယ်မဟုတ်ဘူးလား”

မဒမ်ယိုက ပြည်နယ်မြို့တော်မှ လာရောက်သူဖြစ်၍ ပိုင်မားခရိုင်သို့ ရောက်ရှိချိန်တွင် သူမကိုယ်သူမ အထက်တန်းကျသူတစ်ဦးအဖြစ် ဘဝင်မြင့်တတ်သောစရိုက် ရှိသည်။

ထို့အပြင် ယိုတာ့ခမ်းက ယိုဇနီးမောင်နှံ၏ အသက်ကြီးမှ ရရှိခဲ့သော သားဖြစ်လေ၏။

မဒမ်ယိုက သူ့အပေါ် အလွန်ပင် အလိုလိုက်သကဲ့သို့ တစ်ဖက်တွင်လည်း သူ့ကို အလွန်ထိန်းချုပ်ထားတတ်၏။

အကယ်၍ သူမ ချစ်မြတ်နိုးလွန်းသော သားထွေးလေးသာ ပြညာနယ်မြို့တော်တွင် ဆက်လက် နေထိုင်လျှင် ကျေးလက်ဒေသသို့ ဆင်းရနိုင်သည့်အခြေအနေဖြစ်နေ၍သာ မဟုတ်ခဲ့လျှင် သူမက သူ့ကို ပိုင်မားခရိုင်သို့ တစ်ယောက်တည်း ကျောင်းလာတက်ရန်အတွက် လုံးဝခွင့်ပြုလိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် ယိုတာ့ခမ်း ကျောင်းပိတ်ရက်သို့ ရောက်တိုင်းတွင် သူမက သူ့ကို မြို့တော်သို့ ခေါ်ဆောင်သွားလေ့ရှိသည်။

သို့မဟုတ်ပါက မဒမ်ယိုကိုယ်တိုင် တိုင်းမြို့တော်မှ လာပြီး အဝတ်လျှော်၊ ထမင်းချက်၊ သန့်ရှင်းရေး လုပ်ဆောင်ပေးလေ့ ရှိခဲ့၏။

“မဖြစ်ပါဘူး”

ယိုတာ့ခမ်းက သူ၏ရင်ဘတ်ကို ပုတ်ပြရင်း အာမခံချက်ပေးလိုက်သည်။

“ကျွန်တော့်ရဲ့ တူလေးက နောက်ရက်နည်းနည်းလောက်မှာ တစ်လပြည့်တော့မှာဆိုတော့ ကျွန်တော့်အမေက သူ့အတွက် လက်ဆောင်ပြင်ဆင်ရတာနဲ့ အလုပ်ရှုပ်နေတာ”

ယိုတာ့ခမ်းတွင် အစ်ကိုများနှင့် အစ်မများက အများအပြားရှိကြပြီး သူတို့အားလုံးက အိမ်ထောင်ကျခါစဖြစ်ပြီး တရားဝင်ဝန်ထမ်း အလုပ်အကိုင်များ ရှိကြသည်။

ဤတူလေးက ပထမဆုံးသောတူလေးတော့ မဟုတ်ပေ။

သို့သော် မိခင်ဘက်မှ မိသားစုဖြစ်ကြသောကြောင့် ခမည်းခမက်များဘက်မှ သူတို့မိသားစုက ကလေးနှင့် သမီးဖြစ်သူကို တန်ဖိုးမထားဟု ခံစားရမည်ကို ရှောင်လွှဲနိုင်ရန်အတွက် တစ်လပြည့် အထိမ်းအမှတ်လက်ဆောင်ကို သေသေချာချာ ပြင်ဆင်ရန် လိုအပ်လေသည်။

ထို့ကြောင့် မဒမ်ယိုတစ်ယောက် လာရောက်နိုင်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် လီရှန်းက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်လေသည်။

“ကောင်းပါပြီ၊ ဒါဆိုရင်တော့ ကျန်းချောင်ကို မင်းနဲ့အတူ အိပ်ခိုင်းလိုက်ပေါ့၊ မင်း ဘာစားချင်လဲဆိုတာကို အစ်မကို ပြောပြလိုက်၊ အစ်မ ချက်ကျွေးမယ်”

ထိုအကြောင်းကို ကြားလိုက်ရချိန်တွင် ယိုတာ့ခမ်းက ပျော်ရွှင်စွာ ရယ်မောလိုက်ရင်း ပြောဆိုလိုက်လေသည်။

“အဲဒါက.. အစ်မ အရင်က ကျန်းချောင်အတွက် ချက်ပေးခဲ့တဲ့ ဝက်အဆုတ်စွပ်ပြုတ်လေ၊

ကျန်းချောင်က ကျွန်တော့်ကို ခဏခဏလာပြီး ကြွားလုံးထုတ်နေတာ၊ ပစ္စည်းကိုတော့ စိုးရိမ်မနေပါနဲ့ .. ကျွန်တော် ဝက်အဆုတ်ကို ကြိုတင်ပြီး မှာထားပြီးသားပါ၊ ကျွန်တော်တို့တွေ အသားထုတ်လုပ်ရေးစက်ရုံကနေ သွားယူရုံပါပဲ”

သူက စကားပြောရင်း သူ၏ပါးစပ်ကို လက်ဖြင့်အုပ်ပြီး လီရှန်း၏အနားသို့ တိုးကပ်လာပြီး အသံတိုးတိုးဖြင့် ကပ်ပြောလေ၏။

“ကျွန်တော့်မှာ အတန်းဖော်တစ်ယောက် ရှိတယ်၊ သူ့အဖေက အသားထုတ်လုပ်ရေးစက်ရုံရဲ့ ဒါရိုက်တာလေ”

လီရှန်း : “...”

“ကျားအဖေကြီးက ခွေးသားလေးမမွေး” ဆိုသကဲ့သို့ပင် ။ ကြွက်၏သားက တွင်းတူးတတ်သည်က မဆန်းပေ။

ဥက္ကဌယိုတွင် အမှန်တကယ့်ကို ထိုက်တန်လွန်းသော ဆက်ခံသူတစ်ဦး ရှိနေခဲ့လေပြီ။

ယိုတာ့ခမ်းက ကျောင်းသို့ ရောက်ရှိသည်မှာ ရက်အနည်းငယ်မျှသာ ရှိသေးသော်လည်း တခြားသူများ၏ မိသားစု နောက်ခံသမိုင်းကြောင်းကို ကောင်းစွာ စူးစမ်းသိရှိထားရုံမျှမက အဆက်အသွယ်များ ပြုလုပ်ပြီး တိတ်တဆိတ် ကိစ္စရပ်များကိုပင် လုပ်ဆောင်နိုင်နေခဲ့ပြီ ဖြစ်၏။

“မင်းကတော့ တကယ်တတ်နိုင်တာပဲ ယိုတာ့ခမ်း”

သူက အလွန်ပင် ရိုးသားဖြောင့်မတ်ပုံရသော်လည်း... တိတ်တဆိတ် ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရာတွင် တကယ့်ကို ကျွမ်းကျင်လွန်း၏။

ယိုတာ့ခမ်းက ထိုစကားကို ချီးမွမ်းစကားအဖြစ် မှတ်ယူလိုက်ပြီး သူ၏ခေါင်းကို ရှက်ကိုးရှက်ကန်းဖြင့် ကုတ်လိုက်ရင်း ရိုးသားစွာ ပြုံးပြလေ၏။

ညစာစားချိန်တွင် ဆောက်လုပ်ရေးအဖွဲ့ခေါင်းဆောင်က စုဝေ့မင်နှင့်အတူ အရက်သောက်ခဲ့ကြသည်။

စုဝေ့ယန်နှင့် ယိုတာ့ခမ်းတို့ကတော့ ပန်းကန်လုံးကြီးများဖြင့် ခေါက်ဆွဲများကိုသာ စားသောက်နေကြလေသည်။

စုဝေ့ယန်က စုဝေ့မင်၏ သားဖြစ်သောကြောင့် အကြိုက်တူညီလွန်းလေ၏။

လူမှုရေးကိစ္စများတွင် ဝင်ရောက်ပြောဆိုခဲသော ကျန်းဝမ်ကျန့်ပင်လျှင် ထိုခေါက်ဆွဲကို မည်သို့ ချက်ပြုတ်ရကြောင်း အစပျိုးပြီး မေးမြန်းလာခဲ့လေ၏။

ထမင်းစားပြီးနောက်တွင် ယိုတာ့ခမ်းက လက်ထဲတွင် ပန်းကန်လုံးကို ကိုင်ဆောင်ထားရင်း ကြောင်အအ ထိုင်နေခဲ့လေသည်။

လော်ယွီရှို့က သူ ဗိုက်မဝသေးဟု ထင်မှတ်သောကြောင့် ထိုပန်းကန်လုံးကို လှမ်းယူ၍ ခေါက်ဆွဲကို ထပ်မံ ထည့်ပေးရန်အတွက် ပြင်ဆင်လိုက်သော်လည်း ယိုတာ့ခမ်းက လေချဉ်တက်လိုက်ရင်း ပြောဆိုသည်။

“အဒေါ်၊ ကျွန်တော် ဗိုက်ပြည့်သွားပါပြီ၊ ထပ်ပြီး မစားနိုင်တော့ပါဘူး”

လော်ယွီရှို့က ရယ်မောလိုက်ရင်းပြောလိုက်လေသည်။

“ဒါဆိုရင်လည်း ပန်းကန်လုံးကို ဘာလို့ ကိုင်ထားရတာလဲ၊ တူတွေကို ချထားလိုက်ပြီး သွားဆော့တော့လေ”

“အာ၊ ဒီခေါက်ဆွဲက တကယ့်ကို အရသာရှိလွန်းလို့ပါ၊ ကျွန်တော့်မှာသာ ဗိုက်နှစ်လုံး ရှိရင် အရမ်းကောင်းမှာပဲလို့တွေးနေတာ”

ယိုတာ့ခမ်းက သူ၏နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ရင်း လျှာဖျားပေါ်မှ ငန်ကျိကျိနှင့် မွှေးကြိုင်လွန်းသော အရသာကို ခံစားနေရဆဲပင်။

ထိုအချိန်မှသာ သူ၏ပါးစပ်ကို မသုတ်ရသေးသည်ကို သတိပြုမိသွားသောကြောင့် အိတ်ကပ်ထဲမှ လက်ကိုင်ပုဝါကို ထုတ်ယူပြီး သုတ်လိုက်ရင်းပြောလိုက်လေ၏။

“ကျွန်တော့်အမေက ပစ္စည်းတွေကို ရေနွေးနဲ့ပဲ ပြုတ်ပေးရတာကို သဘောကျတာ၊

သူကိုယ်တိုင်လည်း မစားနိုင်ဘဲနဲ့ ကျွန်တော့်ကိုပါ အဲလိုမျိုးတွေ အတင်းကျပ် စားခိုင်းနေတာ”

သနားစဖွယ်ကောင်းစွာဖြင့် သူက အသားကို အတုံးကြီးကိုက်စားပြီး ဝါးစားရသည့် အရသာကို နှစ်သက်သော ဖွံ့ဖြိုးစပြုနေသည့် လူငယ်လေးတစ်ဦးမျှသာ ဖြစ်သည်။

ရလဒ်အနေဖြင့် သူက သူ၏မိခင်နှင့်အတူ အသားဟင်းမှ အနှစ်များကိုသာ သောက်သုံးခဲ့ရရှာ၏။

ထိုခံစားချက်ကို မည်သူက နားလည်ပေးနိုင်မည်နည်း။

“တကယ်လို့ ကျွန်တော်သာ ကျောင်းမှာ မနေရဘူးဆိုရင် ကျွန်တော့်အမေကို ထမင်းဖိုးပေးခိုင်းပြီး အဒေါ်တို့အိမ်မှာပဲ လာစားမှာ”

“ မလုပ်ရဲပါဘူး၊ မင်းလို အရွယ်ရောက်စ ကောင်လေးတစ်ယောက်က ငါ့အဖေရဲ့ အိမ်ကိုပါ ပြုတ်ပြုတ်ပြုန်းအောင် စားပစ်လိမ့်မယ်၊ ငါတော့ မင်းကို အိမ်မှာ မခေါ်ထားရဲဘူး”

လော်ယွီရှို့ကလည်း အားနာမှုမရှိဘဲ ပြောဆိုလိုက်၏။ သူမက ယိုမိသားစုမှ ထိုအမျိုးသမီးနှင့် စကားပြောရသည်ကို မနှစ်သက်ပေ။

ထိုအမျိုးသမီးက ဘဝင်မြင့်တတ်ပြီး တခြားသူများကို နှိမ့်ချကြည့်တတ်သူ ဖြစ်သည်။

ယိုတာ့ခမ်းက သက်ပြင်းချလိုက်ရင်းပြောလိုက်လေ၏။

“ကျွန်တော်လည်း သိပါတယ်”

ယိုတာ့ခမ်းက သူ၏ထိုအရွယ်နှင့် မမျှော်လင့်နိုင်လောက်အောင်ပင် ပါးနပ်လွန်းလေသည်။

ထို့ကြောင့် တစ်နည်းနည်းအားဖြင့် လီရှန်း ပြောခဲ့သကဲ့သို့ပင် သူ့ထံတွင် ဥက္ကဌယို၏ အရှိန်အဝါမျိုး ရှိနေခဲ့သည်။

*

All Chapters