← Chapters

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း ၂၇၀

Vol. 27 Ch. 270

အခန်း(270)

ရက်အနည်းငယ်ခန့်ကြာအောင် အလုပ်ရှုပ်ပြီးနောက်တွင် အလုပ်သမားခေါ်ယူရေး စာမေးပွဲကြီးက စတင်ခဲ့လေပြီ။

လီရှန်းက စာမေးပွဲမေးခွန်းများကို စောင့်ကြပ်ရန်အတွက် တာဝန်ယူထားရသောကြောင့် စာမေးပွဲအခန်းကို စောင့်ကြပ်သူများက ဖန်ထုံနှင့် သူမ၏ လုပ်ဖော်ကိုင်ဖက်များ ဖြစ်လာခဲ့ကြ၏။

ဖန်ထုံက လက်ထဲတွင် လက်ကိုင်ပုဝါတစ်ထည်ကို ကိုင်ဆောင်ထားရင်း စာမေးပွဲခန်းမထဲ၌ လှည့်ပတ်သွား

နေသည်ကို တွေ့ရလေသည်။

သူမက မကြာခဏလက်ကိုင်ပုဝါဖြင့် ပါးစပ်ကို အုပ်ထားတတ်ပြီး အနည်းငယ် ပင်ပန်းနွမ်းနယ်နေပုံရလေ၏။

ထိုအခြေအနေကို မြင်တွေ့လျှင် လီရှန်းလည်း မနေနိုင်တော့ဘဲ သူမ၏ဘေးတွင် ရပ်နေသော အစ်မလျို့ကို လှမ်းမေးလိုက်လေသည်။

“ဖန်ထုံက ကိုယ်ဝန်ရှိနေတာလား”

“ငါ သေချာပေါက် ပြောရဲတယ်၊ ကိုယ်ဝန်ရှိနေတာပဲ”

အစ်မလျို့က ခေါင်းညိတ်ပြလိုက်လေ၏။ ဖန်ထုံ၏ လက္ခဏာများက ကိုယ်ဝန်ရှိနေခြင်းကြောင့်ဖြစ်ပုံရသည်။

“တကယ်လို့ သူမသာ အခု ကိုယ်ဝန်ရှိရင် လာမယ့် နွေရာသီကျရင် ကလေးမွေးလိမ့်မယ်၊ နွေရာသီမှာ ကလေးမွေးပြီး မီးနေသည်ကာလကိုဖြတ်သန်းရတာက လွယ်မှာ မဟုတ်ဘူး”

“ရောက်လာမှတော့ ကျွန်မတို့တွေ လက်ခံရုံပဲတတ်နိုင်မှာပေါ့၊ ကလေးက နွေရာသီအချိန်မှာမှ လာချင်တယ်ဆိုရင်လည်း ကျွန်မတို့ဘက်က ဘာတွများလုပ်နိုင်မှာလဲ”

အစ်မလျို့က သက်ပြင်းချလိုက်ပြီးနောက် သာမန်ကာလျှံကာ မေးမြန်းသကဲ့သို့ မေးလိုက်လေသည်။

“လောင်ဝမ်ရော ကြင်ဖက်တွေ့ပွဲတွေ သွားနေတုန်းပဲလား”

“ဟုတ်တယ်၊ ဒါပေမဲ့ သတ်မှတ်ချက်တွေက နည်းနည်းများလွန်းနေတော့ အမျိုးသမီးတွေက သဘောမတူကြဘူးလေ”

အစ်မလျို့က ခေါင်းညိတ်ပြလိုက်ပြီး ခဏအကြာတွင် ထပ်ပြောလာခဲ့လေသည်။

“ငါ အတော်လေးကောင်းမွန်တဲ့ မိန်းကလေးတစ်ယောက်ကို သိထားတာရှိတယ်၊ လောင်ဝမ်ကို တွေ့ချင်လားလို့ သွားမေးပေးပါလား၊

တကယ်လို့ သူ သဘောတူရင် စာမေးပွဲပြီးတာနဲ့ ငါတို့တွေ တွေ့ဆုံကြတာပေါ့”

အစ်မလျို့က မည်သူ့ကို ရွေးချယ်လိုက်သည်လဲ။

ဒါရိုက်တာဝမ်၏ အစ်မလျို့အပေါ် ထားရှိသော သဘောထားကို တွေးတောမိလိုက်လျှင် လီရှန်းက အမြန်ပင် ခေါင်းညိတ်လိုက်ပြီးပြောလိုက်လေသည်။

“အစ်မဘက်က မေးမြန်းလိုက်ပြီဆိုမှတော့ ကျွန်မတို့ရဲ့ ဒါရိုက်တာကလည်း သေချာပေါက် သဘောတူမှာပါ”

အစ်မလျိုက စိတ်ရှုပ်ထွေးနေသကဲ့သိုး သူမ၏ခေါင်းကို ပွတ်သပ်ရင်း ပြောလိုက်လေ၏။

“နင် မေးပေးပါဦး”

“ကောင်းပါပြီ”

လီရှန်းလည် ခေါင်းညိတ်ကာ ထိုတာဝန်ကို လက်ခံလိုက်လေသည်။

သူမအနေဖြင့် တကယ်တမ်းတွင် အစ်မလျို့နှင့် ဒါရိုက်တာဝမ်တို့က အတော်လေး လိုက်ဖက်လွန်းသည်ဟု ခံစားခဲ့ရဖူး၏။

သို့သော် ကံဆိုးစွာဖြင့် သူတို့ကြားတွင် အသက်အရွယ် ကွာခြားမှုက အလွန်ကြီးမားလွန်းသည်။

ဒါရိုက်တာဝမ်က သဘောတူလျှင်ပင် အစ်မလျို့ကတော့ သဘောတူလိမ့်မည် မဟုတ်ပေ။

ထို့အပြင် သူမက အစ်မလျို့တွင် ယခင်က အိမ်ထောင်ဖက်ရှိခဲ့ဖူးကြောင်းကို ကြားသိခဲ့ရဖူးသည်။။

သို့သော် မည်သည့်အကြောင်းကြောင့် သူမတစ်ယောက်တည်း ပိုင်မားခရိုင် ဆေးဝါးစက်ရုံသို့ လာရောက်အလုပ်လုပ်ကိုင်သည်ကိုတော့ မည်သူကမျှ မသိရှိကြပါချေ။

စာမေးပွဲက တစ်ကြိမ်တည်းသာ ဖြစ်ပြီး အချိန်နှစ်နာရီမျှသာ ကြာမြင့်ခဲ့လေသည်။

ဖြေဆိုသူအားလုံး ထွက်ခွာသွားကြပြီးနောက်တွင် လူတိုင်း၏ တောင့်တင်းနေခဲ့သော စိတ်အာရုံများက လုံးဝ လွတ်လပ်ပေါ့ပါးသွားခဲ့ရလေပြီ။

လီရှန်းက စာမေးပွဲမေးခွန်းလွှာများကို ချိတ်ပိတ်ပြီးနောက် နည်းပညာဌာနမှ အမျိုးသားလုပ်ဖော်ကိုင်ဖက်တစ်ဦးထံသို့ လွှဲပြောင်းပေးလိုက်ကာ ပြည်နယ်မြို့တော်သို့ ပေးပို့ခိုင်းလိုက်လေ၏။ သို့သော်လည်း အလောတကြီး မထွက်ခွာသေးပေ။

သူမက အစည်းအဝေးခန်းမကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန်အတွက် စုဝေ့ချင်းကို ကူညီပေးခဲ့လေ၏။

ထို့နောက် အပိုစားပွဲများနှင့် ထိုင်ခုံများကို ထောက်ပံ့ရေးဂိုဒေါင်သို့ ပြန်ပို့ပေးပြီး ချိတ်ပိတ်သိမ်းဆည်းခဲ့ကာနောက်နှစ်တွင် အသုံးပြုနိုင်ရန် လုပ်ဆောင်ခဲ့ကြသည်။

ထိုဇနီးမောင်နှံတို့က စားပွဲများနှင့် ထိုင်ခုံများ ဂိုဒေါင်ထဲသို့ ဝင်ရောက်သွားသည်ကို စောင့်ကြည့်နေခဲ့ကြလေ၏။

လီရှန်းက သက်ပြင်းချလိုက်ရင်းပြောလိုက်လေသည်။

“နောက်တစ်ကြိမ် ကျွန်မတို့တွေ စာမေးပွဲခန်းမထဲကို ဘယ်တော့မှ ထပ်ပြီးရောက်ဦးမလဲ မသိဘူးနော်”

စုဝေ့ချင်းက ခဏမျှကြောင်အ သွားရပြီးနောက် လီရှန်း၏စကားကို နားလည်သဘောပေါက်သွားသကဲ့သို့ လှမ်းကြည့်လိုက်လေတော့သည်။

သူတို့က အလုပ်ကို လုပ်ကိုင်နေကြပြီ ဖြစ်၍ သဘာဝကျကျတွေးရလျှင် စာမေးပွဲကို ထပ်မံဖြေဆိုရန် မဖြစ်နိုင်တော့ပေ။

သို့သော် လီရှန်းက ယခုကဲ့သို့ စကားမျိုးကို ထုတ်ဖော်ပြောဆိုလာခဲ့လေပြီ။

စနစ်၏ ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသော အချက်အလက်များနှင့် ပေါင်းစပ်တွေးတောကြည့်လိုက်ပြီးနောက် စုဝေ့ချင်း၏ နှလုံးခုန်သံက မြန်ဆန်သွားရပြီး လီရှန်းတွင်လည်း စနစ်တစ်ခု ရှိနေနိုင်သည်ဟု သံသယဝင်လာမိတော့သည်။

ထို့ကြောင့် သူက အကဲခတ်သော လေသံဖြင့် မေးမြန်းလိုက်ပြီး ပြောလိုက်လေ၏။

“မင်းက ဘယ်စာမေးပွဲကိုဖြေချင်လို့လဲ၊ ကိုယ်တို့နှစ်ယောက်လုံးက အလုပ်လုပ်နေကြပြီပဲလေ”

“ရာထူးတိုးတဲ့ စာမေးပွဲလေ”

လီရှန်းက စုဝေ့ချင်းကို မောက်မာသော အမူအရာဖြင့် လှမ်းကြည့်လိုက်သည်။ သူမအနေဖြင့် ‘တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမယ်’ ဟူသော စကားကိုတော့ ထုတ်ဖော်ပြောဆိုရန် မသင့်တော်ပေ။

“ကျွန်မ ပိုပြီးတော့ တိုးတက်ချင်တယ်၊ ပြီးတော့ ကျွန်မရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအကြောင်းကိုလည်း ပိုပြီး သင်ယူချင်သေးတာ၊

နောင်တစ်ချိန်ကျရင် သုတေသနအဖွဲ့ထဲကို ဝင်ခွင့်ရတာလည်းဖြစ်နိုင်တာပဲ၊ ကျွန်မ တင်ပြခဲ့တဲ့ ဆေးမှုန့်ဖော်စပ်နည်းက အလားအလာ အများကြီး ရှိတယ်လို့ ခံစားရတယ်”

သူမက ထိုစာမေးပွဲကို ဖြေဆိုလိုခြင်းသာဖြစ်နေခဲ့သည်။

စုဝေ့ချင်းတစ်ယောက် သူ့ကိုယ်သူ ကံကောင်းသည်ဟု ခံစားရမလား သို့မဟုတ် နောင်တရသင့်သည်လားမသိဘဲ စိတ်ရှုက်ထွေးသွားခဲ့ရ၏။

သူက ကမ္ဘာပေါ်တွင် စနစ်ရှိနေသော တစ်ဦးတည်းသောလူဖြစ်ပေ၏။ သူ စာပေသင်ကြားလိုချိန်တွင်ပင် တိတ်တဆိတ် လုပ်ဆောင်ခဲ့ရသောကြောင့် အနည်းငယ် အထီးကျန်သကဲ့သို့ခံစားခဲ့ရသည်။

အကယ်၍ လီရှန်းသာ စနစ်၏ အသံကို ကြားနိုင်ခဲ့လျှင် ရဲဘော်လီရှန်းလည်း သူနှင့်အတူ စာပေများကို သင်ယူပြီး အတူတကွ တိုးတက်နိုင်လိမ့်မည်။

[တင်း.. Host အနေနဲ့ ရဲဘော်လီရှန်းကို စနစ်နေရာလွတ်ကို မျှဝေပေးဖို့ သဘောတူပါသလား]

စုဝေ့ချင်း တွေးတောနေချိန်မှာပင် စနစ်က စကားပြောဆိုလာခဲ့လေပြီ။

စုဝေ့ချင်း : “...”

လူတွေ ပြောကြတဲ့အတိုင်းပဲ။ ကိုယ် ဖြစ်ချင်တဲ့ဆန္ဒက မြင့်မားလွန်းလျှင် အမှန်တကယ်ပဲ ဖြစ်လာနိုင်သည်။

[သဘောတူလား မတူဘူးလားဆိုတာကိုပဲ ပြောပါ]

စနစ်၏ လျှပ်စစ်အသံက အနည်းငယ် စိတ်မရှည်သကဲ့သို့ ထွက်ပေါ်လာခဲ့လေ၏။

စုဝေ့ချင်းက သူ၏စိတ်ထဲတွင် ပြန်ဖြေလိုက်လေသည်။

“သေချာပေါက် သဘောတူတာပေါ့၊ တကယ်လို့ ငါတို့ရဲ့ သမီးလေးကိုပါ တစ်ပါတည်း ထည့်သွင်းပေးနိုင်ရင် ပိုပြီးတော့တောင် ကောင်းဦးမယ်”

သူက စာပေများကို သင်ယူနိုင်ပြီး၊ သူ၏ဇနီးသည်က ဆေးပညာကို သင်ယူနိုင်ကာ၊ စုရှောင်လော်ကတော့ လေယာဉ်ပျံများနှင့် အမြောက်ကြီးများအား တည်ဆောက်ခြင်းကို သင်ယူနိုင်လိမ့်မည်။

မိသားစုကြီးတစ်ခုလုံးက စာပေ၊ သိပ္ပံနှင့် ဆေးပညာတို့တွင် ပြည့်စုံကွဲပြားသူများ ဖြစ်လာကြလိမ့်မည် ဖြစ်၍ ဤထက် ကောင်းမွန်သောအရာ ရှိမည်နည်း။

[တင်း.. Host နံပါတ် (၂) လီရှန်းနှင့် ချိတ်ဆက်ပြီးစီးပါပြီ၊ တင်း.. အိမ်ရှင် နံပါတ် (၃)စုရှောင်လော်နှင့် ချိတ်ဆက်ပြီးစီးပါပြီ ]

စုဝေ့ချင်း : “...”

ဘုရားရေ! ဒီနေ့က တကယ့်ကို ကောင်းမွန်တဲ့ နေ့တစ်နေ့ပါပဲ။

စနစ်က အရမ်းကို ရက်ရောနေတာပဲ။

တစ်ချိန်တည်းမှာပင် အဝေးတစ်နေရာမှ ပြည်နယ်မြို့တော်၌..

ဘိုးဘိုးကြီးဖြစ်သူ၏ ရင်ခွင်ထဲတွင် မြတ်နိုးစွာ ပွေ့ချီခြင်းကို ခံထားရသော စုရှောင်လော်က သွားမရှိတော့သည့် သူမ၏ ဘိုးဘိုးကြီးကို ကြည့်ပြီး သွားမထွက်သေးသော ပါးစပ်လေးဖြင့် အပြုံးလေးတစ်ခုကို ရုတ်တရက် ထုတ်ဖော်ပြလိုက်လေ၏။

“ ဒီကလေးမလေးကို ကြည့်ပါဦး၊ တကယ့်ကို ဥာဏ်ကောင်းလွန်းတာပဲ၊ ဘိုးဘိုးကြီးရဲ့ လက်ထဲကို ရောက်တာနဲ့ ပြုံးရယ်နေပြီ”

အကြီးဆုံးအဒေါ်စု ထုတ်ဖော်ပြောဆိုလိုက်၏။

လော်ယွီရှို့ ခန့်မှန်းခဲ့သည့်အတိုင်းပင်။ အဒေါ်စု ဒုတိယမိသားစုတွင် နောက်ထပ် မြေးမလေးတစ်ဦး ရရှိသွားခဲ့သည်ကို သိရှိရချိန်တွင် အလွန်ပင် စိတ်မသက်မသာဖြစ်သွားခဲ့ရသည်။

အထူးသဖြင့် ကလေး၏ တစ်လပြည့် အထိမ်းအမှတ်ပွဲသို့ သွားရောက်ခဲ့ချိန်တွင် ဤကလေးမလေးက အမှန်တကယ့်ကို လှပလွန်းသည်ကို သူမက တွေ့ရှိခဲ့ရလေ၏။

သူမတွင် ဝိုင်းစက်သောမျက်ဝန်းကြီးများ၊ ဖြူစင်သောအသားအရေရှိပြီး တစ်ကိုယ်လုံးကလည်း ဝဝကစ်ကစ်လေးရှိလေသည်။

သူမက တစ်လသားကလေးငယ်လေးနှင့် မတူဘဲ နှစ်လ၊ သုံးလသားခန့်ပင်ထင်ရ၏။

သူမက သူမကို စကားပြောလာသည့် မည်သူ့ကိုမဆို လှမ်းကြည့်ရှုတတ်သည်။ သူမအနေဖြင့် ထိုစကားများကို အမှန်တကယ်ပင် နားလည်နေသကဲ့သို့ပင်။

ထို့ကြောင့် အိမ်သို့ ပြန်ရောက်ပြီးနောက်တွင် အဒေါ်စုနှင့် ဦးလေးစုတို့က အလွန်ပင် ဒေါသထွက်ခဲ့ကြရ၏။

ဦးလေးစုအနေဖြင့်လည်း မည်သို့ လုပ်ဆောင်နိုင်မည်နည်း။

ယခုခေတ်ကာလတွင် မိသားစုတိုင်းက သားယောက်ျားလေးကို ရရှိရန်အတွက်သာ ပြိုင်ဆိုင်နေကြသည်။ သို့သော်လည်း သူ၏မိသားစုရှိ အဘိုးအို၏ စိတ်ထဲတွင်တော့ သူ၏ အကြီးဆုံးသမီးသာ ရှိနေခဲ့လေသည်။

သူတို့က မိခင်တစ်ယောက်တည်းမှ မွေးဖွားခဲ့ကြသူများလည်း မဟုတ်ကြပေ။

ထို့ကြောင့်ဦးလေးစုအနေဖြင့် သူ ငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ရှာသော သူ၏အစ်မအပေါ်တွင် သံယောဇဉ် သိပ်မရှိပါချေ။

ထို့ကြောင့် အဘိုးအိုက မြေးမလေး၊ မြစ်မလေးများကို လိုချင်နေကြောင်းကို သိရှိသော်လည်း သိပ်ပြီးအာရုံစိုက်ခြင်း မရှိခဲ့ပေ။

ဒုတိယမိသားစုမှ စုဝေဖင်းကို မွေးဖွားခဲ့ချိန်ကလည်း အဘိုးအိုက အလွန်အမင်း သဘောကျခဲ့ဖူးသည်။

သူက တော့’သူမက ကောင်မလေးတစ်ယောက်ပဲလေ’ဟုသာ တွေးတောခဲ့လေ၏။

သို့သော် ယခုအချိန်တွင် ဒုတိယမိသားစုခွဲမှ နောက်ထပ် မိမ်ကလေးတစ်ဦးကို ထပ်မံ၍ မွေးဖွားခဲ့ပြန်လေပြီ။

ဦးလေးစုအနေဖြင့် ဘုရားသခင်က မတရားဟုသာ ခံစားရလေတော့၏။

အဘယ်ကြောင့် ကောင်းမွန်သောအရာအားလုံးက ဒုတိယမိသားစုခွဲဆီသို့သာ ရောက်ရှိသွားရပါသနည်း။

အဒေါ်စုက ပို၍ပင်မကျေမနပ် ဖြစ်မိရလေ၏။

သားယောက်ျားလေးအများကြီးနှင့် မြေးယောက်ျားလေးတွေ အများကြီး ရှိနေတာကို အဘိုးကြီး ဘာလို့ မကျေနပ်နိုင်သေးတာလဲ။

သမီးတစ်ယောက် ရှိနေတာက နောက်ဆုံးကျရင် တခြားသူအတွက် အကျိုးရှိသွားမှာပဲ မဟုတ်ဘူးလား။

“ဒီလောက်အရွယ်လေးပဲ ရှိသေးတာတောင် နှာခေါင်းနဲ့ မျက်လုံးတွေက ထင်ရှားလွန်းတာပဲ”

ဦးလေးစုအနေဖြင့် ဒုတိယမိသားစုခွဲ၏ ကံကောင်းမှုကို မနာလိုဖြစ်မိသော်လည်း ထိုကလေးကို အမှန်တကယ် မြင်တွေ့လိုက်ရချိန်တွင်တော့ အတော်လေး ချစ်မြတ်နိုးမိရသည်။

အထူးသဖြင့် စုရှောင်လော်က အလွန်အမင်း လှပလွန်းသည်။ ထို့ကြောင့် ဦးလေးစုက သူမကို စုမိသားစု၏ ကလေးတစ်ဦးအဖြစ် တွေးတောမိလိုက်ချိန်တွင် မချစ်ဘဲ မနေနိုင်တော့ပေ။

သူက သူ၏လက်များကို ပွတ်သပ်လိုက်ရင်း အနည်းငယ် ဂဏာမငြိမ် ဖြစ်သွားရပြီး ပြောလိုက်လေသည်။

“သမီးမိန်းကလေးက သမီးမိန်းကလေးပဲ၊ တကယ့်ကို လှပလွန်းတယ်၊ ငါ့ရဲ့ သားတွေကတော့ ရှောင်လော်ကို ဘယ်လိုမှ မမီတော့ဘူး”

*

All Chapters