← Chapters

အနီရောင်လိပ်ပြာ

Vol. 007 Ch. 323

အနီရောင်လိပ်ပြာ

Vol. 007 Ch. 323

ဒီဒြပ်စင်ငါးခု၏ စိတ်ဝိညာဉ်များက သူမ မွေးဖွား လာကတည်းက သူမကို ထာဝရ ကာကွယ်ပေးရန် အတွက် ဖြစ်သည်လို့ ထိုအမျိုးသမီး၏ ဆရာက ပြောခဲ့ဖူးပေသည်။

ဒီဒြပ်စင် ငါးခု၏ စိတ်ဝိညာဉ်များက သူမ၏ ကျင့်ကြံမှု အဆင့်တိုးမြှင့် လာတိုင်း ၎င်းတို့၏ အဆင့်ကလည်း လိုက်၍ မြင့်လာမည် ဖြစ်သည်။ အခုလို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း နောက်ဆုံးအဆင့် အမြဲတမ်း ဖြစ်နေမည် မဟုတ်ချေ။

အနီရောင်လိပ်ပြာ ပို၍ သန်မာလေလေ ဒြပ်စင်ငါးခု၏ စိတ်ဝိညာဉ်များလည်း သူမနှင့် အတူ လိုက်၍ သန်မာ ပေလိမ့်မည်။ ဒီဒြပ်စင် ငါးခု စိတ်ဝိညာဉ်များက မည်သည့်နေရာက ရောက်လာသည်ကို ဘယ်သူမှ မသိကြချေ။ နောက်ဆုံးမှာတော့ သူမဆရာက သူမ၏ ကျင့်ကြံခြင်းကို ရင်း၍ အရိပ်အမြွက် တစ်ခု တော့ရခဲ့လေသည်။ အနီရောင် လိပ်ပြာက ဒြပ်စင်ငါးခု စိတ်ဝိညာဉ် ခန္ဓာကိုယ် ပိုင်ဆိုင်လေသည်။ သူမဘဝတွင် စမ်းသပ်မှု တစ်ကြိမ် ကြုံရပေမည်။ ဝိညာဉ် စမ်းသပ်မှုကို ဖြတ်ကျော် ပြီးသွားလျှင် သူမက ဒြပ်စင်ငါးခု စိတ်ဝိညာဉ် ခန္ဓာကိုယ် အစစ်အမှန်ကို ရရှိပေလိမ့်မည်။ ထို့နောက်သူမက ကျင့်ကြံခြင်းတွင် တစ်ဆို့မှု ဘယ်တော့မှ ရှိလာတော့မည် မဟုတ်ချေ။

သို့ရာတွင် သူမ၏ ဆရာက သူ့ကျင့်ကြံမှုက စတေးခဲ့သော်လည်း ထိုစမ်းသပ်မှုက မည်သည့်အရာ ဖြစ်သည်ကို ကြိုမသိနိုင်ခဲ့ချေ။

ဒီအတွက်ကြောင့်ပဲ သူမ၏ဆရာက အနီရောင် လိပ်ပြာကို ဒီဒြပ်စင်ငါးခု၏ စိတ်ဝိညာဉ်ကို သူမ စီနီယာအစ်မကို ငှားလိုက်၍ မဟာမိတ်ကလန် လေးခုနှင့် စစ်ပွဲတွင် အရင် သွားရောက် စေခဲ့ခြင်းပင်။

အမှန်တော့ ဒီအရာများက သူမဆရာ၏ အစီအစဉ်သာ ဖြစ်၏။ သူမ စီနီယာအစ်မကို အစားထိုး၍ အနီရောင်လိပ်ပြာက ဒီစမ်းသပ်မှုကို ရှောင်ဖယ် သွားနိုင်ရန် အတွက် သူမဆရာက စီစဉ်ခဲ့ခြင်းပင်။

ရလဒ်အနေနှင့် သူမ စီနီယာ သေဆုံးသွားသည့် အခါ ဒီစမ်းသပ်မှုလည်း ပြီးဆုံးသွားမည် ဖြစ်ပြီး အနီရောင် လိပ်ပြာအတွက် အနာဂတ်တွင် မည်သည့် အတားဆီးမှ ရှိတော့မည် မဟုတ်ချေ။ ထို့ကြောင့် အနီရောင်လိပ်ပြာက ခုချိန်ကြမှ အက်ကွဲကြောင်းထဲက ထွက်လာရခြင်း ဖြစ်လေ၏။

သို့သော် ထိုအခိုက်တွင် ဒြပ်စင်ငါးခု စိတ်ဝိညာဉ်များတွင် ဒြပ်စင်တစ်ခု၏ စိတ်ဝိညာဉ်က ပျောက်ရှ နေသည်ကို တွေ့ရှိလိုက်၏။ ဒီအခါ သူမ နှလုံးသားထဲတွင် တစ်ခုခု မှားနေသည်ကို ခံစားမိလိုက်ပြီး သူမ အသွင်ကလည်း နက်မှောင်လို့ သွား၏။

အနီရောင်လိပ်ပြာ၏နောက်တွင် လူရှစ်ယောက် ရပ်လျက် ရှိနေ၏။

ဒီလူရှစ်ယောက်တွင် ခုနှစ်ယောက် တူညီဝတ်စုံများ ဝတ်စုံများ ဝတ်ဆင်ထားကာ သူတို့ ခုနစ်ယောက်က ရွှမ်ယွဲ့ မြင့်မြတ်သော အကြီးအကဲ ခုနစ်ယောက် ဖြစ်လေ၏။ ဒီခုနစ်ယောက်တွင် ယောက်ျားကော၊ မိန်းမကော ပါဝင်နေပြီး အသက်လည်း အိုမင်းနေကြပြီ ဖြစ်သည်။ အနီရောင် လိပ်ပြာက ဟင်္သာပြဒါးဂြိုဟ်ကို ဝင်ရောက်ပြီးနောက် ဒီခုနစ်ယောက်က သူမနောက်သို့ လိုက်ပါ စောင့်ရှောက် ကြဦးမည် ဖြစ်လေ၏။

နောက်ဆုံး တစ်ယောက်ကတော့ သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်ပြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ ဒီလူ၏ မျက်နှာက ဝါကြင့်ကြင့်နှင့် ဖျော့တော့လို့နေပြီး နေမကောင်း ဖြစ်နေသည့်ပုံပင်။

သူက အနီရောင် လိပ်ပြာက နဂါးနက်ကို သတ်ခိုင်းသည့် စကားကို ကြားလိုက်သည့် အခါ ပျင်းရိပျင်းတွဲ ဟန်ဖြင့် ခေါင်းညိတ် ပြလိုက်သည်။ ထို့နောက်သူက ခြေတစ်လှမ်း လှမ်းလိုက်ရာ မြေပုံစံ အသွင်သဏ္ဌာန်ကြီးနှင့် နဂါးနက်ကြီး တို့ကြား ရောက်ရှိ သွားလေသည်။ သူက နဂါးနက်ကြီးကို ကြည့်၍ ပြုံးကာ ပြောလိုက်သည်။ “ငါကဒီနဂါးကို အခု မသတ်နိုင်သေးဘူး။ ဒါပေမဲ့ သွေးမျိုးဆက်ကို တော့ဖယ်ရှားပစ်ရမယ်…”

ထိုသို့ပြောပြီးနောက် သူက လက်ဝှေ့ယမ်းလိုက်ရာ ကျောက်ဝူထိုင်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး သွေးတစ်လုပ် ပါးစပ် အပြည့် အန်လိုက်ရသည်။ သူက ဒီစွမ်းအားကို ကောင်းစွာ ခံစားမိနေသည်။ ဒီစွမ်းအားက သူခန္ဓာကိုယ်ကို ကြယ်ပျံ တစ်စင်းအလား အဝေးသို့ လွင့်စဉ်ထွက်သွားစေ၏။

ကျောက်ဝူထိုင် အန်ထုတ်လိုက်ရသော သွေးများက လူအိုကြီး၏ လက်ထဲတွင် ခရမ်းရောင် သွေးစက်လေး တစ်စက် အဖြစ်သို့ သိပ်သည်းသွားလေ၏။ ထို့နောက် သူက သည်သွေးစက်ကို နဂါးနက်ကြီး၏ မျက်လုံးနှစ်ခုကြား ပစ်သွင်း လိုက်သည်။

ထိုအခါ နဂါးနက်ကြီးက ဝမ်းနည်းစွာ အော်ဟစ်လိုက်၏။ သို့သော် ဒီဝမ်းနည်းမှုတွင် လွတ်မြောက် သွားသည့် အာရုံတစ်ခု ပါဝင်လို့နေ၏။ နဂါးနက်ကြီးက မြေကြီးပေါ်ကို ကြည့်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်က လှုပ်ရှားနေရာမှ ရပ်တန့်သွားပြီး နဂါးဝိညာဉ် ကလည်း ပျံသန်း ထွက်ခွာသွား၍ အကွာအဝေး တစ်ခုတွင် ပျောက်ကွယ် သွားတော့သည်။

နဂါးနက်က ၎င်း၏ နဂါးဝိညာဉ် ဆုံးရှုံးသွားပြီးနောက် သူ့ခန္ဓာကိုယ်ကြီးက မြေကြီးပေါ်သို့ ပြန်ပြုတ်ကျ သွားတော့လေသည်။

နဂါးနက်က မဟာမိတ် ကလန်လေးခုကို ဆက်၍ ကာကွယ် ပေးနိုင်တော့မည် မဟုတ်ပေ။

သက်လတ်ပိုင်း လူကြီးက သက်ပြင်းချ၍ အမျိုးသမီး ရှိရာသို့ ပြန်လာခဲ့၏။ သူ့ပုံစံကလည်း ဖျားနာနေသည့် လူတစ်ယောက်လို ပြန်ဖြစ်သွားသည်။

နောက်ဆုံးတွင်တော့ လူသားတစ်ဝက် မြွေတစ်ဝက် အသွင်သဏ္ဌာန်ကြီးက အက်ကွဲကြောင်း ထဲမှ ဆင်းသက် လာခဲ့တော့သည်။ အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးက ဒီမြေအသွင် သဏ္ဌာန်ကြီး၏ ခေါင်းပေါ်သို့ ညင်သာစွာ ခြေချလိုက်သည်။ ထို့နောက်သူမက မြေပေါ်သို့ လက်ညှိုး ထိုးပြလိုက်ရာ မြွေတစ်ဝက် လူတစ်ဝက် အသွင်ကြီးက နက်ပြာရောင် အော်ရာများကို ထုတ်လွှတ် လိုက်သည်။ ဒီအော်ရာက ရူးသွပ်ဖွယ် ကောင်းလောက်အောင် ပျံ့နှံ့လို့ သွား၏။ ဒီအော်ရာနှင့် ထိတွေ့မိလိုက်သည့် အရာတိုင်းက ရေခဲရုပ်ထုများ ဖြစ်သွားရသည်။ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူများပင် ချွင်းချက်မရှိပေ။

ဝမ်လင်းက သူ့ရှေ့ရှိ မြင်ကွင်းကို စူးစိုက် ကြည့်လို့နေသည်။ သူ့ဦးရေပြားပင် ထုံထိုင်းလို့ သွား၏။ သူက ထိုအမျိုးသမီးနှင့် အလွန်ဝေးသော နေရာမှာ ရှိနေသော်လည်း ဒီနက်ပြာရောင် အော်ရာက အလွန်မြန်ဆန်စွာ ပျံ့နှံ့လို့ လာနေသည်။ ဒီနောက်သူက ကောက်ရိုးဦးထုပ်ကို ဆောင်း၍ လွတ်မြောက်အောင် ပြေးလေတော့သည်။ သူ့ဦးတည်ချက် ကတော့ ကျောက်ဝူထိုင် လွှတ်ပစ်လိုက်ခြင်း ခံလိုက်ရသော နေရာပင် ဖြစ်၏။

နက်ပြာရောင် အော်ရာ ပျံ့နှံ့လာစဉ်မှာပင် မဟာမိတ် ကလန်လေးခုလုံးက ရေခဲကမ္ဘာအလား ဖြစ်သွားရလေသည်။

မဟာမိတ်ကလန် လေးခုမှ ကျင့်ကြံသူများသည် သူတို့၏ အိမ်များကို တစ်ချက် ကြည့်လိုက်ကြပြီး နက်ပြာရောင် အော်ရာထံမှ လွတ်မြောက်ရန် ကြိုးစား လိုက်ကြတော့၏။

သို့သော် ရွှမ်ယွဲ့မှ ကျင့်ကြံသူများသည် သူတို့ကို မည်သို့ လွတ်မြောက်ခွင့် ပေးမည်နည်း။

ဝမ်လင်းက အလွန် လျင်မြန်လှ၏။ သူက နေမကောင်းဟန် ရသည့် လူကြီး စတင်လှုပ်ရှား လိုက်ကတည်းက အခုလိုဖြစ်လာမည်ကို ကြိုတွေးမိခဲ့ပေသည်။ ရွှမ်ယွဲ့မှ ကျင့်ကြံ သူများသည် အမြစ် လှန့်မည် ခုလိုချိန်တွင် မဟာမိတ် ကလန်လေးခုမှ ကျင့်ကြံသူများသည် လွတ်မြောက်ရန် ခက်ခဲလို့နေပြီ ဖြစ်၏။

ဝမ်လင်းက အသက်ဝဝ ရှူလိုက်၏။ သူက ဆက်၍တွေဝေမနေဘဲ မြန်နိုင်သမျှ မြန်အောင် ပျံသန်းနေ၏။ သူက နက်ပြာရောင် အော်ရာနှင့် ထိတွေ့မိမည်ဆိုး၍ လုံးဝ မရပ်တန့်ဝံ့ချေ။ သူလည်း ဒီနက်ပြာရောင် အော်ရာနှင့် ထိတွေမိလိုက်ပါက ကံကောင်းနိုင်မည် မဟုတ်ပါ။

ရှေ့ကီလိုမီတာ တစ်ထောင်တွင် နှင်းတောင် အပေါက်ဝတစ်ခု ရှိကြောင်း ဝမ်လင်းက သူ့နတ်ဘုရား အာရုံဖြင့် သတိပြုမိလိုက်၏။ ထိုနေရာက ကျောက်ဝူထိုင် ပြုတ်ကျသွားသော နေရာ ဖြစ်လေ၏။

ဝမ်လင်းက ဖျတ်ခနဲ ပျောက်ကွယ်လို့ သွား၏။ သူက ထိုနှင်းတောင်နားတွင် ပြန်ပေါ်လာခဲ့ပြီး တုံ့ဆိုင်းခြင်း မရှိဘဲ နှင်းတောင် အပေါက်ဝထဲသို့ ဝင်ရောက်လိုက်၏။

သူက ဝင်ရောပြီးပြီးချင်း ကျောက်ဝူထိုင်က အသက် မသေးသေးသော်လည်း အသိစိတ် ကင်းလွတ်နေသည်ကို တွေ့လိုက်ရ၏။ ဝမ်လင်းက ကျောက်ဝူထိုင်၏ သိုလှောင်အိတ်ကို လျင်မြန်စွာ ယူ၍ ပြန်ထွက်ခွာလိုက်၏။

သူက နှင်းတောင်မှ ထွက်ခွာသွားပြီး လက်မတင် အချိန်လေးမှာပင် နက်ပြာရောင် အော်ရာက ရောက်ရှိလာခဲ့ပြီး ဒီနှင်းတောင်ကို ရေခဲတောင် ဖြစ်စေခဲ့၏။

ဝမ်လင်းက ကောင်းကင်မှာ ပျံသန်းနေရင်း သူ့နတ်ဘုရား အာရုံကို အသုံးပြု၍ ကျောက်ဝူထိုင်၏ သိုလှောင်အိတ်ပေါ်ရှိ နတ်ဘုရားအာရံကို ဖယ်ရှား ပစ်လိုက်၏။ သူက သိုလှောင်အိတ် ထဲတွင် မိုးခေါင်းလောင်း တစ်ခုကို တွေ့လိုက်ရသဖြင့် ပြုံးမိလိုက်၏။

ထိုအခိုက်မှာပင် သူ့အသွင်က ရုတ်တရက် ပြောင်းလဲသွား၏။ သူက အလွှာထပ်ပေါင်း ရှစ်ဆယ်ကျော်ရှိသည့် ရေခဲမျှော်စင် တစ်ခုက သူ့ရှေ့တွင် ပေါ်လာသည်ကို တွေ့လိုက်ရလေ၏။ အဘွားအို တစ်ယောက်က ၎င်းအထဲမှ လှမ်းလျှောက် ထွက်လာခဲ့၏။ သူက ဝမ်လင်းကို အေးစက်စွာ ကြည့်လိုက်ပြီး လက်တစ်ဖက်‌ မြှောက်လိုက်လေသည်။

ဝမ်လင်းက နောက်သို့ လျင်မြန်စွာ ဆုတ်၍ သူ့မျက်ခုံးကို ထိတွေ့လိုက်၏။ သူ မကောင်းဆိုးဝါး အဖြစ်သို့ ပြောင်းထားသော အဓိက ထျန်မိသားစုဝင်များက ပျံသန်း ထွက်ပေါ် လာခဲ့၏။

ဒီမကောင်းဆိုးဝါးများ ပေါ်ထွက်လာသည်နှင့် သူတို့က အဘွားအိုထံသို့ ခုန်အုပ် လိုက်ကြသည်။ အဘွားအိုက လှောင်ပြောင်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး သူ့လက်ညှိုးကို ဆက်ခနဲ လှုပ်ရှား လိုက်လေ၏။ မကောင်းဆိုးဝါးများက အပြာရောင် ရေခဲများဖြင့် ဝန်းရံခြင်း ခံလိုက်ရတော့သည်။

ဝမ်လင်းက အံ့ကြိတ်၍ တွေးလိုက်သည်။ “ပေါက်ကွဲစမ်း… ပေါက်ကွဲစမ်း… ပေါက်ကွဲစမ်း…”

ရုတ်တရပ် ရေခဲဖြင့် ပိတ်လှောင်ထားခြင်း ခံရသော မကောင်းဆိုးဝါးများက ပေါက်ကွဲ သွားကြပြီး အမည်းရောင် အခိုးငွေ့များ အဖြစ်သို့ ပြောင်းသွားလေ၏။

ဝမ်လင်းက ရပ်တန့်ခြင်းမပြုပေ။ သူက အမည်းရောင် အခိုးငွေ့များဖြင့် မြင်ကွင်းကို ပျောက်ကွယ် သွားအောင် လုပ်ပြီးနောက် သူလည်း ပျောက်ကွယ် သွားသည်။ ထို့နောက် ကီလိုမီတာ တစ်ထောင်တွင် ပြန်ပေါ်လာခဲ့သည်။ သူက ထပ်မံ၍ လျင်မြန်စွာ ပြေးပြန်သည်။ တစ်ချိန်တည်းမှာပင် ပြေးရင်းလွှားရင်းဖြင့် သူ့လက်ဖြင့် နဖူကို အကြိမ်များစွာ ထိတွေ့ပြီး မကောင်းဆိုးဝါး ရှုလီကောမှ လွဲ၍ ကျန်သည့် မကောင်းဆိုးဝါး အားလုံးကို ဆင့်ခေါ်၍ ပေါက်ကွဲ စေလိုက်သည်။

ထိုမကောင်းဆိုးဝါးများ ပေါက်ကွဲမှုကြောင့် အခိုးငွေ့များက ပိုထူထဲလာသော်လည်း အန္တရာယ် အငွေ့အသက်က သူ့နောက်မှ ကပ်ပါလာသလို ခံစားနေရဆဲပင်။

“မင်း မလွတ်မြောက်နိုင်ပါဘူး…” ထိုအသံနှင့် အတူ အဘွားအိုက သူ့ရှေ့တွင် ပေါ်လာခဲ့တော့သည်။ သူမမျက်နှာကလည်း နက်မှောင်လို့ နေ၏။

ဝမ်လင်းက နောက်သို့ ပြန်လှည့်ခြင်း မရှိပေ။ သူက သိုလှောင်အိတ်ထဲကို မွှေနှောက်လိုက်ရာ အမည်းရောင် အခိုးအငွေ့ တိမ်တိုက် တစ်ခု ထွက်ပေါ်လာလေ၏။ ဒီအမည်းရောင် အခိုးငွေ့များက သိပ်သည်းလို့ သွားပြီး စဦးစိတ်ဝိညာဉ် ရုပ်သေးရုပ် အဖြစ်သို့ ပြောင်းသွားလေ၏။ ဝမ်လင်းက လက်ဟန် တချို့ ဖန်တီးလိုက်ပြီးနောက် သူ့မျက်လုံးထဲမှ အနီရောင် အလင်းတန်း ကလည်း ဒီရုပ်သေးရုပ်ထဲသို့ ဝင်ရောက်သွားလေ၏။ သူက အော်ဟစ် လိုက်လေသည်။

“ သွား…”

ရုတ်တရက် ရုပ်သေးရုပ်က အဘွားအိုထံသို့ ရူးသွပ်နေသည့် အလား တိုးဝင် သွားလေသည်။ ရေခဲမျှော်စင်ထိပ်တွင် ရပ်နေသော အဘွားအို၏ မျက်လုံးထဲရှိ အလိုမကျမှုက ပို၍ အားကောင်းလာခဲ့၏။ သူက လက်ဆန့်ထုတ်ရာ မြေပေါ်ရှိ ရေခဲနှင့်နှင်းများက ပျံဝဲလာပြီး ရုပ်သေးရုပ်ကို တားဆီးလိုက်၏။

ထိုအချိန်တွင် ဝမ်လင်းက အဝေးသို့ ထွက်ပြေးနေရင်း အေးစက်စွာ တွေးလိုက်သည်။ “ပေါက်ကွဲလိုက်စမ်း…”

ဒီအခါ စဦးစိတ်ဝိညာဉ် ရုပ်သေးရုပ်က ပေါက်ကွဲ သွားပြီးနောက် သူ့ကိုယ်ထဲမှ အနီရောင် အလင်းတန်းက အဘွားအိုထံသို့ တိုးဝင်သွားလေ၏။

ဒီအနီရောင် အလင်းတန်းက ဝမ်လင်း၏ ဂျိနယ်ပယ်ပင်။ ၎င်းက စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်များအတွက် ကြီးမားသော သက်ရောက်မှု မရှိပေမဲ့ ၎င်းတို့၏ အသိစိတ်ကိုတော့ ခဏတာ လွတ်ကင်း သွားစေနိုင်တုန်းပင်။

အဘွားအိုက ဒီအနီရောင်အလင်းတန်းကို များစွာ ဂရုစိုက်ခြင်းမရှိပေ။ သို့သော် သူမက မျှော်စင်ကို လက်ဖြင့် ဖိလိုက်ရာ အဖြူရောင် အလင်းတန်းများ ထွက်ပေါ် လာပြီး ဆယ်ပေခန့် ထူသော ရေခဲဒိုင်းတစ်ခုက ရှေ့တွင် ဖြစ်ပေါ်လာခဲ့သည်။

သို့ရာတွင် အဘွားအိုက ဒီအနီရောင် အလင်းတန်းက ဒီရေခဲတံတိုင်းကို ဖြတ်ကျော် လာနိုင်လိမ့်မည်ဟု မထင်မှတ်မိချေ။ သူမအသွင်က ပြောင်းလဲ သွားပြီးနောက် လက်လှုပ်ရှား၍ ၎င်းအလင်းတန်းက တားဆီးရန် ပြုလုပ်လိုက်သည်။ သို့သော် အနီရောင် အလင်းတန်းက သူမလက်မှ တစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် သွားလေ၏။

အနီရောင် အလင်းတန်က သူမ၏ အသိစိတ်ကို အနှောင့်အယှက်ပြု၍ အမြင်အာရုံကို မှုန်ဝါး သွားစေခဲ့၏။ ဒီမှုန်ဝါးသွားမှုက ခဏတာသာ ကြာမြင့်ပြီး အဘွားအိုက ပုံမှန် အခြေအနေသို့ ပြန်ရောက် သွားလေ၏။ သို့သော် သူမမျက်လုံးထဲတွင် သေခြင်း အမျှင်တန်းတစ်ခု ကျန်ရှိလို့ နေသေးသည်။ ဒီအမျှင်တန်းကြောင့် သူမပတ်လည်ရှိ ရေခဲဒိုင်းက အားနည်း သွားလေသည်။ အဘွားအို၏ ထိန်းချုပ်မှု မရှိတော့သည်နှင့် ဒီရေခဲဒိုင်းက ပြိုကျသွားပြီး ဒီပေါက်ကွဲ ပြိုကျမှု အကြွင်းအကျန်များက အဘွားအိုထံသို့ တိုက်ရိုက် ထိမှန်စေခဲ့သည်။

ဒီအခိုက်မှာပင် အဘွားအိုက သူ့အသိအာရံကို ပြန်ရသွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်၍ အဖြူရောင်ဝတ်ရုံကို ဆွဲတင်လိုက်သည်။ ထိုအခါ ပေါက်ကွဲမှု အစအနများက ဝတ်ရုံပေါ်ရှိ ထူးဆန်းသော အစီအရင်များ ပေါ်သို့ ကျရောက် သွားလေတော့သည်။

ဝမ်လင်း ဖောက်ခွဲ၍ ပြုလုပ်ခဲ့သော အခိုးအငွေ့များ ပျောက်ကွယ် သွားပြီးနောက် အဘွားအိုက လေအေး တစ်ချက် ရှိုက်သွင်းလိုက်သည်။ သူမက သူမ၏ ရေခဲမျှော်စင်သို့ ပြန်သွားလိုက်ပြီးနောက် ပြန်ထွက်ခွာရန် ပြင်လိုက်လေတော့၏။

***

All Chapters