← Chapters

အခန်း ၁၂၆၃

Vol. 127 Ch. 1263

အခန်း ၁၂၆၃

Vol. 127 Ch. 1263

အခန်း (၁၂၆၃) ကစားပွဲထဲက အရူးများ ၁

"..."

ရှန်းယီသည် အစိမ်းရောင် နွယ်ပင်၏အောက်ခြေတွင် ရပ်နေပြီး လှုပ်ခါနေသော သူ၏ ဝတ်ရုံအောက်မှ ခိုင်ခံ့သန်စွမ်းသော လက်မောင်း အရိပ်လေးခုက တဖြည်းဖြည်း ပေါ်ထွက်လာ၏။

သူက ရွှေရောင်အလင်းများအောက်တွင် ရေချိုးထားသကဲ့သို့ဖြစ်နေချိန်တွင်၊ ရှန်းတောင်ဘိုးဘေး၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေပြီး အသက်ရှူပင် ရပ်တန့်သွားကာ တောင်ပိုင်းတိုက်ကြီးတွင် ရှိခဲ့သော ထိုနေ့ရက်များဆီသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။

မျက်တောင်တစ်ခတ်အတွင်း လက်မောင်းအရိပ်လေးခုက နွယ်ပင်ပေါ်သို့ သေသပ်ပြတ်သားစွာ ကျရောက်လာပြီးနောက် ပြင်းထန်စွာ အားစိုက်လိုက်၏။

ဘုန်း

မြေကြီးက တုန်လှုပ်သွားပြီး ကောင်းကင်ယံက တုန်ယင်သွားသည်။

နားကွဲမတတ်ကျယ်လောင်သော ဟိန်းဟောက်သံကြီးနှင့်အတူ ရှန်းယီက ဧရာမ နွယ်ပင်ကြီးကို ရက်စက်စွာအမြစ်မှ ဆွဲနှုတ်လိုက်ပြီးနောက် အနောက်သို့ အပြင်းအထန် လွှဲပစ်လိုက်၏။

စိမ်းစိုနေသော နွယ်ပင်ကြီးက ဧရာမ စပါးအုံးမြွေကြီး တစ်ကောင်နှင့် ဆင်တူသော်လည်း ရွှေရောင် လက်မောင်းလေးခုကြားတွင် မည်သည့် ခုခံနိုင်စွမ်းမျှ မရှိတော့ဘဲ၊ မြေကြီးကို ရိုက်ခတ်ကာ အစိတ်စိတ်အမွှာမွှာဖြစ်သွားစဉ်တွင် နက်ရှိုင်းသော ညည်းတွားသံတစ်ခုကို ထုတ်လွှတ်လိုက်သည်။

"ဟက် ဟက်"

အရှင်ရှုယွီ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ တစ်ခဏက ကောင်းကင်ယံတွင်မြင့်မားစွာ ရှိနေခဲ့သော်လည်း နောက်တစ်ခဏတွင် သူက ယိမ်းယိုင်ကာ ရှန်းယီ၏ရှေ့သို့ လဲကျသွားခဲ့၏။

သူ၏ မျက်လုံးများက တွေဝေနေပြီး မျက်နှာချင်းဆိုင်ကို စိုက်ကြည့်နေသည်။

ယခုလေးတင် မြင်တွေ့လိုက်ရသော မြင်ကွင်းက စီနီယာအစ်မ ယိုယောင်က တူညီသော နယ်ပယ်မှ ကျင့်ကြံသူ နှစ်ဦးကို တစ်ကိုယ်တော် အနိုင်ယူခဲ့စဉ်ကထက်ပင် ကြီးမားသော တုန်လှုပ်မှုကို သူ့ကို ပေးစွမ်းခဲ့၏။

တောင်ပိုင်းတိုက်ကြီးမှ ကျင့်ကြံသူများက ဤကဲ့သို့ နက်နဲသော မသေမျိုး နည်းစနစ်များကို ရှားရှားပါးပါးမစုံဖူးကြုံတွေ့လိုက်ရသကဲ့သို့ပင်။ မသေမျိုးသုံးပါးဂိုဏ်း က လွှမ်းမိုးထားသော မြောက်ပိုင်းတိုက်ကြီးတွင်လည်း ဤတပည့်များက လျှေလောကခရီးသည် တစ်ဦး၏ကြမ်းကြုတ်မှုကို မြင်တွေ့ရခဲလှပါသည်။

တောက်ပနေသော ရွှေမြစ်ကြီးက ဝန်းရံထားပြီး အနောက်ဘက်တွင် လက်မောင်း အရိပ်လေးခုကို အနည်းငယ် ဆန့်ထုတ်ထားကာ သူ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာနေသော ပုံရိပ်ကို ကြည့်ရင်း..

အရှင်ရှုယွီက သူ၏လည်ချောင်းထဲတွင် မီးလောင်ကျွမ်းနေသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခြေလက်နှင့် အရိုးများထဲမှ ခွန်အားများအားလုံး စုပ်ယူခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။

သူက လည်ပင်းကို တောင့်တင်းထားလိုက်ရာ သူ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်မဲ့မှုများ တဖြည်းဖြည်းလွှမ်းမိုးလာပြီး နောက်ဆုံးတွင် သူ၏ ဒူးများ ခွေယိုင်သွားကာ မြေကြီးပေါ်သို့ ဘုတ်ခနဲ ဒူးထောက်ကျသွားပြီး သူ၏ အသံမှာ အက်ကွဲနေ။ "အရှင်မြတ်... အရှင်မြတ်၊ ချမ်းသာပေးပါ..."

ဆန့်ကျင်ဘက်အနေဖြင့် အစမှအဆုံး သူ့ဘေးတွင် ဒူးထောက်နေခဲ့သော ရှန်းတောင်ဘိုးဘေးမှာမူ တိတ်ဆိတ်နေပြီဖြစ်ပြီး သူ၏ မျက်လုံးများက လစ်ဟာနေ၏။

တောင်ပိုင်းတိုက်ကြီးတွင် ထိုတိုက်ပွဲကို ကိုယ်တွေ့ မျက်မြင် တွေ့ရှိခဲ့ပြီး တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့သူ မည်သူမဆို မည်သည့် မျှော်လင့်ချက်မျှ ရှိတော့မည် မဟုတ်ပေ။ သူ့ရှေ့ရှိ လူက ရွှေဖားပြုတ် ဗောဓိသတ္တကိုပင် ပေါ့ပေါ့ပါးပါးသတ်ဖြတ်ခဲ့သည်ဖြစ်ရာ အခြားသူများကို မည်သို့ ချမ်းသာပေးမည်နည်း။

မျှော်လင့်ထားသည့်အတိုင်း ရှန်းယီက စကားများများမပြောဘဲတုန်ယင်နေသော အရှင်ရှုယွီ၏ နဖူးပေါ်သို့ သူ၏ လက်ဝါးကို တင်လိုက်၏။

နောက်တစ်ခဏတွင် လှိုင်းထန်နေသော ရွှေမြစ်ကြီးသည် သူ၏ တစ်ကိုယ်လုံးကို ရုတ်တရက် မျိုချသွားသည်။

ရှန်းယီက လှည့်ကာ သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ရွှေမြစ်ကြီးက ဟိန်းဟောက်ပြီး ရှန်းတောင်ဘိုးဘေး၏တာအို ခန္ဓာကိုယ်တစ်ခုလုံးကို ရိုက်ခွဲပစ်လိုက်၏။

သူသည် ဓမ္မကိုယ်ထည်ကို ရုပ်သိမ်းလိုက်ပြီး ဤလောကမှ ထွက်ခွာလာခဲ့သည်။

"သခင်ကြီးကို ဂါရဝပြုပါတယ်"

အစစ်အမှန် တောင်တစ်တောင်ပေါ်တွင် တောင်ပိုင်းဧကရာဇ်က ကျောက်စိမ်းကြေးမုံကို ကိုင်ဆောင်ကာ ကြေးမုံထဲမှ သခင်ဖြစ်သူ ထွက်လာသည်ကို ကြည့်ရင်း အလျင်စလိုချဉ်းကပ်လိုက်ပြီး သူ၏ လက်ထဲရှိ ရတနာ ကြေးမုံကို ကမ်းပေးလိုက်၏။

"သခင်၊ ပြီးခဲ့တဲ့အကြိမ်ကလိုပဲ ဆက်လုပ်ရမလား" ရှန်းရွှီဘိုးဘေးကလည်း ထိုက်ရွှီထဲမှ ထွက်လာခဲ့သည်။

"ဒီတစ်ခါတော့ မလိုဘူး" ရှန်းယီက ခေါင်းခါလိုက်၏။ ယခင်က အငြင်းပွားမှုများကို ဆွပေးရန် ဖြစ်သော်လည်း ယခုအခါ အငြင်းပွားမှုများ ပေါ်ပေါက်လာပြီဖြစ်ပြီး သူကကောင်းကင်မျှော်စင်တောင်ကို သိမ်းပိုက်ထားကာ ရှုယွီမှာလည်း ဒုက္ခရောက်နေပြီဖြစ်ရာ အချို့သော အကြည့်များသည် သူ့အပေါ်သို့ မလွဲမသွေ ကျရောက်လာလိမ့်မည် ဖြစ်သည်။

ဤလှည့်ကွက်ကို ထပ်ခါတလဲလဲ အသုံးပြုခြင်းက တမင်တကာဖန်တီးသလိုဖြစ်နေလိမ့်မည်။

ထို့အပြင်... ရှန်းယီက ကောင်းကင်မျှော်စင်တောင်အား အချိန်အတော်ကြာလေ့လာစောင့်ကြည့်ခဲ့သော အမည်းရောင်ဂါဝန်နှင့် အမျိုးသမီးကို ပြန်လည်အမှတ်ရသွား၏။

ချင်းကွမ်းဂူမှ စီနီယာအစ်မက အမှန်တကယ်ပင် လှည့်စားရန် ခက်ခဲသောရှင်းလင်းသည့် အတွေးအခေါ်ရှိသူ တစ်ဦး ဖြစ်သည်။

သို့သော် ပရမ်းပတာများကြားတွင် ရှင်းလင်းမှုကို ထိန်းသိမ်းထားရန်မှာ မလွယ်ကူပေ။

"..."

ချန်ရဲ့၏မျက်လုံးများတွင် နားလည်သလိုလို နားမလည်သလိုလို အကြည့်တစ်ခု လင်းလက်သွား၏။

ရှန်းရွှီဘိုးဘေးက သူ့ကို ဘာကြောင့် တိတ်တဆိတ် လေ့လာစောင့်ကြည့်ခိုင်းသည်ကို သူ တဖြည်းဖြည်း နားလည်လာပုံရသည်။

အကြီးအကဲ တောင်ပိုင်းဧကရာဇ်က ရတနာ ကြေးမုံနှင့်အတူ ဤနေရာတွင် ကျန်ရစ်နေခြင်းနှင့် အရှင်ရှုယွီက ဖိတ်ခေါ်ခြင်း မရှိဘဲ ရောက်လာခြင်းတို့မှနေ၍ လမ်းစအချို့ကို မြင်တွေ့နိုင်ပေသည်။

သခင်၏အဆင်အခြင်မဲ့ပုံရသော တိုက်ခိုက်မှုတွင် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များစွာ ရှိနေ၏။

"ပြန်ကြစို့"

ရှန်းယီက မဟာဂိုဏ်းကြီးမှ တပည့်တစ်ဦးကို ယခုလေးတင် သတ်ဖြတ်ခဲ့သော်လည်း ဤအခိုက်အတန့်တွင် သူကဘာမှမဖြစ်ခဲ့သကဲ့သို့ ကောင်းကင်မျှော်စင်တောင်သို့ ပြန်သွားခဲ့သည်။

သူ၏ ပြန်လည်ရောက်ရှိလာမှုနှင့်အတူ ကျယ်ပြန့်သော ခိုင်ယွမ် စီရင်စုသည် ရုတ်တရက် အနည်းငယ် ကြောက်မက်ဖွယ် ကောင်းလာ၏။

ပထမဆုံးအနေဖြင့် စီရင်စု မြို့တော်မှ ကယ်ဆယ်ရေးအတွက်တာဝန်ယူထားသော ချင်းကွမ်းဂူ မသေမျိုးဆရာသခင်များက သတိလွတ်သွားသော အခိုက်အတန့်များတွင် အမြဲတစေအရိပ်အယောင်မကျန်ပျောက်ကွယ်သွားတတ်ကြသည်။

ထိုဒုက္ခသည်များပင်လျှင် မသေမျိုးများ၏အကူအညီကို ရရှိထားသော်လည်း အများစုမှာ သက်ရှိများနှင့် မတူတော့ဘဲ အသက်ရှင်သန်လိုသောအလိုလိုသိစိတ်ကြောင့် ထုံထိုင်းစွာ မတ်တပ်ရပ်ကာ အသက်ရှင်ရန် လမ်းကြောင်းကို ရှာဖွေနေကြဆဲဖြစ်၏။

ဤအသက်ရှင်ရန် လမ်းကြောင်းမှာ မဝေးလှပေ၊ ခြေတစ်လှမ်းသာ ကွာဝေးသည်။

သူတို့သည် မျက်မြင်မရသော နယ်နိမိတ်တစ်ခုတွင် ရပ်နေပြီး အရှေ့ရှိ လှေကားထစ်ကဲ့သို့ ရှိနေသော လယ်ယာအိမ်ဝင်းများကို ကြည့်နေကြရာ ဆာလောင်မွတ်သိပ်မှုကြောင့် အချိန်အတော်ကြာ နှိပ်စက်ခံခဲ့ရပြီးနောက် သူတို့၏မျက်လုံးများတွင် ဝံပုလွေတစ်ကောင်ကဲ့သို့ ရက်စက်သော အလင်းရောင်တစ်ခု ပေါ်လာ၏။

သူတို့က ယိမ်းယိုင်နေသော ခြေလှမ်းများကို တရွတ်တိုက်ဆွဲကာ လယ်ယာအိမ်များထဲမှ တစ်ခုကို တဖြည်းဖြည်း ဝိုင်းရံသွားကြသည်။

မကြာမီ ခြံပိုင်ရှင်က နောက်ဆုံးတွင် တုံ့ပြန်လာပြီး ထင်းခုတ်ဓားတစ်လက်ကို ဆုပ်ကိုင်ကာ လေကာနိုင်ရုံသာရှိသော သစ်သားတံခါးအနောက်တွင် သတိထား၍ ပေါ်လာ၏။

သူက ဤလူများ၏မျက်နှာပေါ်ရှိ အမူအရာများကို ကြည့်ကာ ရင်းနှီးသောခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

လွန်ခဲ့သော အချိန်ခဏက သူနှင့် သူ၏လူများသည်လည်း ဤအတိုင်းပင် ရေတစ်ငုံနှင့် အစားအစာ တစ်လုတ်အတွက် အသေအလဲ တိုက်ခိုက်နေခဲ့ကြခြင်း ဖြစ်၏။

သူက တံတွေးမြိုချလိုက်ပြီး တစ်ခဏမျှတုံ့ဆိုင်းနေပြီးနောက် သူ၏ရင်ဘက်ထဲမှ ဆန်စေ့ လက်တစ်ဆုပ်ကို ဆွဲထုတ်လိုက်သည်။ ဤမျှ နည်းပါးသော အစားအစာက ဤမျှများပြားသော အစာအိမ်များကို မည်သို့မျှမဖြည့်ဆည်းပေးနိုင်ပေ။

လယ်ယာအိမ်ပိုင်ရှင်က ထင်းခုတ်ဓားကို ချထားလိုက်ပြီး တိုးညှင်းစွာ ရှင်းပြလိုက်၏။ "ထိုက်ရွှီ အစစ်အမှန်အရှင်က အစားအစာအလုံအလောက် ပေးထားတယ်... မင်းတို့ ဗိုက်ဝသွားရင်... ကိုယ့်ဘာသာ သွားယူလို့ ရတယ်လေ..."

ခြံအပြင်ဘက်တွင် သစ်သားတိုင်များကဲ့သို့ ပိတ်ဆို့နေသော လူအုပ်ကြီးက ဤစကားများကို ကြားပြီးနောက် သူတို့၏အမူအရာများမှာ တွေဝေနေဆဲဖြစ်ကာ နားမလည်၍မဟုတ်ဘဲ ယုံကြည်ရန် ခက်ခဲနေခြင်း ဖြစ်၏။

...

ချင်းကွမ်းဂူ၊ ပင်မခန်းမအတွင်း

ယနေ့တွင် တပည့်များ နည်းပါးသော်လည်း မရင်းနှီးသော မျက်နှာများစွာ ရှိနေ၏။

ချီယွင်ကျစ်က ဤနေရာသို့ ပြန်လည်ရောက်ရှိလာသော်လည်း ဒုတိယနေရာတွင်သာ ထိုင်နေရပြီး ပင်မနေရာတွင်မူ အချိန်အတော်ကြာ မတွေ့ရသော ချင်းကွမ်းတောင်၏သခင်က နေရာယူထားသည်။

နှစ်ဦးစလုံးမှာ မူလဖရိုဖရဲတာ့လော်ရွှေမသေမျိုး များဖြစ်ပြီး ဂိုဏ်းတွင် လေးစားရသော အကြီးအကဲများ ဖြစ်ကြ၏။

ဤအခိုက်အတန့်တွင် အခြားသော တပည့်များအားလုံးက အောက်ဘက်တွင် မတ်မတ်ရပ်နေကြပြီး သူတို့၏အမူအရာများမှာ လေးနက်နေကာ စီနီယာအစ်မ ယိုယောင် အပါအဝင် မည်သူမျှ မပေါ့ဆရဲကြပေ။

လူတိုင်းကို စုဝေးစေရခြင်း၏အကြောင်းရင်းမှာ ပင်မခန်းမ၏ အလယ်တွင် ဒူးထောက်နေသော ခြောက်နှင့်ခြောက် အသွင်ပြောင်းလဲခြင်း နယ်ပယ်တွင်သာ ရှိသေးသည့် တပည့်လေးကြောင့်ဖြစ်လေ၏။

မသေမျိုးသုံးပါးဂိုဏ်းတွင် လူတစ်ဦး ဆုံးရှုံးသွားခဲ့ပြီး ဤတစ်ကြိမ်တွင် ဘုန်းကြီးတစ်ပါး၏လက်ချက် မဟုတ်ပေ။

"အကြီးအကဲ နှစ်ပါး၊ တပည့်က သဘောမတူပါဘူး" ထိုတပည့်က မသေမျိုး ကြိုးဖြင့် တုပ်နှောင်ခံထားရသော်လည်း ရုန်းကန်နေဆဲဖြစ်ပြီး ဝမ်းနည်းမှုနှင့် ဒေါသများပြည့်နှက်နေသော မျက်နှာဖြင့် ဒူးထောက်ကာ ရှေ့သို့ တိုးလာ၏။

ချင်းကွမ်းဇီက မျက်လုံးများကို မှိတ်ကာ တရားထိုင်နေသည်။

ယနေ့ကိစ္စမှာ ရှင်းလင်းပါသည်။ ကောင်းကင်ပါရမီရှင်များစွာက ချီယွင်ဂူမှ စီနီယာ တပည့် အပါအဝင် မြောက်ပိုင်းတိုက်ကြီးမှ ထွက်ခွာသွားကြပြီးအခြားတိုက်ကြီးများရှိ ထိုဘုန်းကြီးများကို ဂိုဏ်းတူတပည့်များ ဆုံးရှုံးရသည့် နာကျင်မှုကို ခံစားစေရန် ရည်ရွယ်ထားကြ၏။

ဤဆွေးနွေးပွဲက ဗောဓိဂိုဏ်း၏ အောက်တွင် အားနည်းချက်ရှိနေပြီဖြစ်ပြီး စီနီယာအစ်ကို၏ အကာအကွယ်မရှိသဖြင့် သူတို့ အားနည်းနေမည်မှာ သဘာဝပင်။

ခန်းမထဲရှိ ဤတပည့်တွင် အတွေးများစွာရှိနေ၏။

သူက ချီယွင်ဂူ တပည့်၏ တာအိုနယ်မြေကို သိမ်းပိုက်ရန် မဟာနတ်ဆိုးကြီး အနည်းငယ်ကို ခေါ်ယူခဲ့သည်။

ပုံမှန်လုပ်ထုံးလုပ်နည်းအရ နှစ်ဦးစလုံးက စွမ်းရည်နှင့် အခြေခံများကိုယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ရှုံးနိမ့်သူက မိမိသဘောဆန္ဒအလျောက် ဆုတ်ခွာရမည် ဖြစ်၏။

သို့သော် ဤတစ်ကြိမ်တွင် ကွဲပြားသွာပါသည်။ ချီယွင်ဂူတပည့်က သေသည်အထိ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပြီး ဤမဟာနတ်ဆိုးကြီးများကို သတ်ဖြတ်ရန် ရည်ရွယ်ခဲ့၏။ ထို့နောက် သူက မျှော်လင့်ချက်မဲ့နေသော မဟာနတ်ဆိုးကြီးများ၏အရှင်လတ်လတ် စားသောက်ခြင်းကို ခံလိုက်ရ၏။

ဤမိစ္ဆာများအားလုံးက သဘာဝကျစွာ ကွပ်မျက်ခံခဲ့ရသည်။

သို့သော် ယခုမေးခွန်းမှာ ခန်းမထဲတွင် ဒူးထောက်နေသော နောက်ကွယ်မှ ကြိုးကိုင်သူကို မည်သို့ ကိုင်တွယ်ရမည်နည်း ဆိုသည်ပင်။

ဤသူက ချင်းကွမ်းဂူ၏တပည့်မဟုတ်သော်လည်း ယနေ့ ချင်းကွမ်းဂူသို့ လာရောက် ဆွေးနွေးရခြင်းမှာ အခြားသော အကြောင်းရင်းများ ရှိနေသည်။

"..."

ချီယွင်ကျစ်၏ မျက်နှာက မှုန်မှိုင်းနေပြီး အမည်းရောင်ဂါဝန်နှင့် အမျိုးသမီးကို ကြည့်လိုက်၏။ "အဲဒီအချိန်က မင်း အဲဒီမှာ ရှိနေလား"

ယိုယောင်က လက်ဝါးများကို ဆုပ်ကာ ခေါင်းကို ညင်သာစွာ ညိတ်လိုက်သည်။ "ရှိပါတယ်"

"မင်းက စီနီယာတပည့်လေ၊ ငါ့တပည့်ကလည်း မင်းကို စီနီယာအစ်မလို့ခေါ်တယ်။ ဂျူနီယာ နှစ်ယောက်ရူးသွပ်နေတာကို မင်း ကြည့်နေခဲ့ပြီး သူ သေသွားတာကိုတောင် မင်း ဝင်မစွက်ဖက်ခဲ့ဘူးလား" ချီယွင်ကျစ်က သူမ၏မျက်လုံးများကို စိုက်ကြည့်လိုက်၏။

"ဒီလိုအဆုံးသတ်သွားလိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ပါဘူး" ယိုယောင်က နှုတ်ခမ်းကို စေ့ကာခေါင်းကို မော့ပြီး ရှင်းပြလိုက်သည်။

"ကောင်းပြီ"

ချီယွင်ကျစ်က သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်၏။ "ဒီနေ့တော့ သူ့ကို မင်းကိုင်တွယ်ဖို့ ငါ ခွင့်ပြုလိုက်မယ်"

ဤစကားကို ကြားသောအခါ ယိုယောင် အနည်းငယ် မှင်တက်သွားသည်။

လင်းစုနှင့် မော်ဖုန်း အပါအဝင် အခြားသူများ၏ကိစ္စတွင် သူမ ရှေ့ထွက်လာခဲ့သဖြင့် အရှင်ချီယွင်၏မျက်နှာသာပေးမှုကို ရရှိခဲ့၏။

သို့သော် ယခုအခါ တစ်ဖက်လူက သူမ ဘေးမှ ရပ်ကြည့်နေခဲ့ခြင်းအပေါ်ထင်ရှားစွာ မကျေနပ်ဖြစ်နေသည်။

ဤသည်ကို တွေးမိသောအခါ ယိုယောင်က ကြမ်းပြင်ပေါ်ရှိ လက်မခံနိုင်ဖြစ်နေသော တပည့်ကို ကြည့်လိုက်၏။

"စီနီယာအစ်မ ယိုယောင် ကျွန်တော် ဘာအမှားလုပ်မိလို့လဲ"

ထိုတပည့်က သူမ လျှောက်လာသည်ကို မြင်သောအခါ ရုတ်တရက်ရှေ့သို့ ခုန်အုပ်လိုက်ပြီး မြေကြီးပေါ်သို့ လဲကျသွားသော်လည်း ကျယ်လောင်စွာ ဟိန်းဟောက်နေဆဲပင်။

ယိုယောင်က သူ၏ရှေ့တွင် ရပ်တန့်လိုက်သည်။

တပည့်များစွာ၏ စိုးရိမ်တကြီး စောင့်ကြည့်နေမှုအောက်တွင် သူမက လက်ချောင်းများကို စုစည်းလိုက်ရာ သူမ၏လက်ချောင်းထိပ်များတွင် အလင်းတန်းတစ်ခု လင်းလက်သွား၏။

တစ်ခဏမျှတိတ်ဆိတ်နေပြီးနောက် ယိုယောင်က သူမ၏လက်ချောင်းများကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သော်လည်း တပည့်ကို မထိခိုက်စေဘဲ သူ့ကိုတုပ်နှောင်ထားသော မသေမျိုး ကြိုးကိုသာ ဖြတ်တောက်လိုက်၏။

သူမက အသက်ပြင်းပြင်း ရှူလိုက်ပြီး ချီယွင်ကျစ်ကို ပြန်ကြည့်ကာ လေးလေးနက်နက် ဂါရဝပြုလိုက်သည်။ "ဆရာ၊ဒီတပည့်က သူ့မှာ အပြစ်မရှိဘူးလို့ ယုံကြည်ပါတယ်"

အကယ်၍ သူမ ယနေ့ သူ့ကို သတ်လိုက်ပါက သူမ၏ကိုယ်ပိုင် စီရင်စု လေးခု၏နယ်မြေနေရာမှာ မည်သို့ ဖြစ်သွားမည်နည်း။ အနာဂတ်တွင် လူတိုင်းကသေသည်အထိ တိုက်ခိုက်ရန် ရွေးချယ်ခဲ့ပါက သူမ၏ အစီအစဉ်များ မည်သို့ ဖြစ်သွားမည်နည်း။

ဤကျယ်ပြန့်သော မြောက်ပိုင်းတိုက်ကြီးက နောက်ဆုံးတွင် သခင်တစ်ဦး လိုအပ်နေသေး၏။

ဤလောကကြီးကလည်း မသေမျိုး ဧကရာဇ် တစ်ပါးကို ရွေးချယ်ရန် လိုအပ်သည်။

မဟာကပ်ဘေးကြီးကို ရင်ဆိုင်ရာတွင် ဆုတ်ခွာခြင်း သို့မဟုတ် သေဆုံးခြင်းသည်သာ စည်းမျဉ်းဖြစ်သည်။

"..."

ချီယွင်ကျစ်က ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်ပြီး မိန်းကလေးကိုအေးစက်သော အကြည့်တစ်ချက် ကြည့်လိုက်ကာ နောက်ဆုံးတွင် ချင်းကွမ်းဇီကို ကြည့်၍ ပြုံးလျက်ခေါင်းညိတ်လိုက်၏။ "အပြစ်မရှိဘူး၊ ကောင်းတယ်...ကောင်းတယ် မင်း နောင်တမရဖို့ပဲ မျှော်လင့်ပါတယ်"

All Chapters