← Chapters

အခန်း ၁၂၇၀

Vol. 127 Ch. 1270

အခန်း ၁၂၇၀

Vol. 127 Ch. 1270

အခန်း (၁၂၇၀) တောနက်တောင်နက်ထဲ ပြန်သွားပြီး ခိုအောင်းနေခိုင်းလိုက်

...

နတ်ဘုရားနယ်မြေ၊ အင်ပါယာ မြို့တော်

တိတ်ဆိတ်ငြိမ်သက်နေသော ဥယျာဉ်အတွင်းတွင် ယဲ့လန်က အစေခံမလေး တစ်ဦး၏လမ်းပြမှုဖြင့် ဝိုင်ရေကန်သို့ တိတ်ဆိတ်စွာရောက်ရှိလာ၏။

အမျိုးသားတစ်ဦးက ရေကန်ထဲတွင် တစ်ကိုယ်လုံး နှစ်ထားပြီးခေါင်းသာ ဖော်ထားကာ ကျောက်စရစ်ခဲများကို ပျင်းရိစွာ မှီထားသည်။ သူ၏ဘေးတွင် မသေမျိုးဌာနမှ အရှင်လင်ရှုးယာက ရိုသေစွာ လက်ယှက်လျက် ရပ်နေ၏။

ယဲ့လန်က ဤကဲ့သို့သော ထင်ရှားသည့် ပုဂ္ဂိုလ်များကို ယခင်ကတွေ့ဖူးသော်လည်း သူမက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေဆဲပင်။

မည်သို့ပင်ဆိုစေ သူမက ရှန်းယီနှင့် မတူပေ။ မသေမျိုးသုံးပါးဂိုဏ်းတွင် ကြီးပြင်းလာခဲ့သူဖြစ်ရာ မိုးမြေ၏အမြင့်မြတ်ဆုံး အရှင်သခင် ခြောက်ပါးအနက်တစ်ပါးကို သူမက မည်သို့ မမှတ်မိဘဲ နေမည်နည်း။

ဤသူမှာ သက်ရှိအားလုံး၏အုပ်စိုးရှင် လူသားဧကရာဇ်ပင်။

"အရှင်မင်းကြီး၊ အဝေးကနေ စာတစ်စောင် ရောက်လာပါတယ်" သူမက အဝေးတွင် ရပ်နေပြီး အစေခံမလေး၏ လက်မှတစ်ဆင့် စာကို မပေးပို့ပေ။

ယင်းအစား သူမက ၎င်းကို ကပ်ဘေးစွမ်းအားဖြင့် လွှမ်းခြုံကာ လူသားဧကရာဇ်၏ ဘေးသို့ တိုက်ရိုက် ပေးပို့လိုက်၏။

ဤစာကို လူသုံးဦးကြားတွင်သာ ပေးပို့ရန် ရှန်းယီက ညွှန်ကြားထားခဲ့သည်။ တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်၏ အမည်ခံ အထက်အရာရှိဖြစ်သော မသေမျိုး ဌာန၏အကြီးအကဲပင်လျှင် ၎င်းကို မထိခွင့် မရှိပေ။

လင်ရှုးယာက စာအိတ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေ၏။

လူများ၏အသက်ကို ဂရုမစိုက်ဘဲတစ်ကိုယ်တည်း ထွက်သွားခဲ့သည့် ကျင့်ကြံသူတစ်ယောက်က အင်ပါယာခုံရုံးက အသက်တွေစတေးပြီး ရယူထားရသည့်သတင်းအချက်အလက် လမ်းကြောင်းတွေကို ဘာကြောင့်ဆက်ပြီး သိမ်းပိုက်ထားနိုင်ရသနည်းဆိုတာကို သူ နားမလည်နိုင်ခဲ့ပေ။

"မင်းတို့အားလုံး သွားလို့ရပြီ" လူသားဧကရာဇ် က နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။

လင်ရှုးယာက တစ်ခဏမျှ မှင်တက်သွားပြီး သူ၏ မျက်လုံးများတွင် ရှုပ်ထွေးသော အမူအရာတစ်ခု ပေါ်လာသော်လည်း ထပ်မပြောတော့ဘဲ အစေခံမလေးကို ခေါ်ကာ နေရာမှ ထွက်သွား၏။

ယဲ့လန်က မျက်လုံးပြူးကာ ကြည့်နေပြီး အတော်လေး အံ့အားသင့်သွားသည်။

မသေမျိုး ဌာနက လူသားဧကရာဇ်၏ အယုံကြည်ရဆုံးဌာနဖြစ်ပြီး လင်ရှုးယာမှာ ဤဧကရာဇ်နှင့် အရင်းနှီးဆုံး လူဖြစ်ကြောင်း လူသိများ၏။ သို့သော် ယခုအခိုက်အတန့်တွင် လူသားဧကရာဇ်၏အမြင်၌ ရှန်းယီ၏စာက အရှင်လင်ထက်များစွာ ပိုမို အရေးကြီးနေပုံရသည်လား။

သူတို့ ထွက်သွားသည်ကို ကြည့်ပြီးနောက် လူသားဧကရာဇ်က ပြုံးကာ ခေါင်းခါလိုက်၏။

လူသားအရှင်သခင် ပင်လျှင် မှားယွင်းစွာ အကဲဖြတ်မိသည့် နေ့ရက်များ ရှိပေသည်။ မိုးခေါင်ရေရှားနေသောမြောက်ပိုင်းတိုက်ကြီးရှိ အလောင်းများထဲမှ သူကိုယ်တိုင်ကိုယ်ကျ ကယ်တင်ခဲ့ပြီး နတ်ဘုရားများနှင့် ဗုဒ္ဓများ၏နတ်ဘုရား စွမ်းအားကို တွေ့ကြုံခံစားခဲ့ရသော လူငယ်လေးက လောကကြီးတွင် သူ့ကို အနားလည်ဆုံး လူဖြစ်လာမည်ဟု သူ ထင်မှတ်ခဲ့၏။

သို့သော် ယခု ကြည့်ရသည်မှာ ထိုသို့ မဟုတ်ပုံရပေ။

သို့သော် အခြေအနေအရ လူသားဧကရာဇ် အနေဖြင့် သူက ဤရေကန်တိမ်တိမ်လေးမှပင် မထွက်ခွာနိုင်တော့ဘဲ ထောင်ချောက်မိနေသော နဂါးတစ်ကောင် ဖြစ်လာခဲ့ပြီ ဖြစ်၏။ ယခု လူစားထိုးရန်မှာ နောက်ကျလွန်းနေပြီ ဖြစ်သည်။

ကိစ္စမရှိပါဘူး။

မည်သို့ပင်ဆိုစေ အခြေအနေက တည်ငြိမ်နေပြီ ဖြစ်၏။ လင်ရှုးယာ၏ အရေးမပါသော စွမ်းရည်များဖြင့်ဂယက်လေးတစ်ခု ဖန်တီးရန်ပင် ခက်ခဲမည်ဖြစ်ရာ သူက တကယ်ကို အရေးမပါသူ တစ်ဦး ဖြစ်သည်။

တစ်ခုတည်းသော နှမြောစရာမှာ သူ၏အတွင်းကျဆုံးသောအတွေးများကို မျှဝေနိုင်မည့်သူ တစ်ဦး ဆုံးရှုံးသွားခြင်းပင်။

ကံကောင်းထောက်မစွာဖြင့် မကြာသေးမီက သူ အခြားအရာအသစ်တစ်ခုကို ရှာတွေ့ခဲ့သည်။

သူ့ကိုယ်ပိုင် လမ်းကြောင်းနှင့် လုံးဝ ကွဲပြားသော လမ်းကြောင်းတစ်ခု ရှိသူ၊ သူတို့၏လုပ်ရပ်များကြားတွင် မည်သည့်ဆက်စပ်မှုမျှ မရှိဘဲ၊ သူတို့ ဘာပဲလုပ်လုပ်အချင်းချင်း လွှမ်းမိုးမှု ရှိမည်မဟုတ်သော်လည်း အဆက်အသွယ် ရှိနေဆဲဖြစ်သော သူတစ်ဦး ဖြစ်၏။

၎င်းက လူသားဧကရာဇ်ကို သူ၏ အတွင်းစိတ် အနှောင့်အယှက်အချို့မှ သက်သာရာရစေရန် ကူညီပေးနိုင်ပါသည်။

အမျိုးသားက စာကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။

"သူ... သူ အဆင်ပြေရဲ့လား" ယဲ့လန်က ဤသည်မှာကြီးမားသော မလေးစားမှု ဖြစ်ကြောင်း သိသော်လည်း မနေနိုင်ဘဲ မေးလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် လူသားဧကရာဇ်က ပေါ့ပါးသော သဘာဝရှိသူ ဖြစ်၏။ စာထဲပါ အကြောင်းအရာများကို ဖတ်ပြီးနောက် သူက မျက်ခုံးပင့်လိုက်၏။ "သူ အခု သေခါနီး ဖြစ်နေလောက်ပြီ"

တောင်ပိုင်းဍုမေဏုက လိုက်လံရှာဖွေနေသည့် ဝရမ်းပြေးတစ်ဦးဖြစ်သော်လည်း ၎င်းကမြောက်ပိုင်းတိုက်ကြီးတွင် မငြိမ်မသက်မှုများ ဖန်တီးနေဆဲဖြစ်၏။

တာအိုနယ်မြေလုယက်ပွဲမှာ ပါဝင်ဖို့ဆိုတာ မိမိမည်သူဖြစ်ကြောင်း မထုတ်ဖော်ရဲတဲ့သူတစ်ယောက် လုပ်သင့်သည့်ကိစ္စလော။

"အရှင်မင်းကြီး ဘာကိုဆိုလိုတာလဲ" ယဲ့လန်၏ မျက်နှာက ချက်ချင်း ဖြူရော်သွား၏။

"သူက ငါ့ဆီမှာအကြံဉာဏ် တစ်ခုခုများ ရှိမလားလို့တောင် မေးသေးတယ်" လူသားဧကရာဇ် က မျက်လုံးလှန်ကာ သူ၏အနောက်ရှိ မိန်းကလေးကို ကြည့်လိုက်ပြီး သူ၏လက်ထဲရှိ စာကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြလိုက်၏။

"သူ့ကို ပြောလိုက်၊ ငါ့ရဲ့တစ်ခုတည်းသော အကြံဉာဏ်က တောတောင်တွေထဲမှာ မြန်မြန်သွားပုန်းဖို့ပဲ။ တစ်နေ့ပြီးတစ်နေ့ သူကဘယ်ကနေများ ဒီလောက်သတ္တိတွေ ရလာနေတာလဲ"

လောကကြီးရှိ သက်ရှိအားလုံးက အသက်ရှင်ဖို့နဲ့ သေဆုံးဖို့ ရုန်းကန်နေကြရတယ်။ စိုးရိမ်ပူပန်စရာ မလိုတဲ့ ဒီတစ်ယောက်ကတော့မမျှော်လင့်ဘဲ အဲဒါကို လုံးဝတန်ဖိုးမထားဘူးပဲ။

ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာ သူက အောင်မြင်မှုနဲ့ ကျော်ကြားမှုကို ရရှိမှာပဲလေ။ အခု ဘာလို့ အလျင်စလို လုပ်နေရတာလဲ။ ခိုင်ယွမ်စီရင်စု လေးတစ်ခုကိုသိမ်းပိုက်လိုက်လို့ ဗုဒ္ဓနဲ့ ဘိုးဘေး ဖြစ်လာဖို့ အချိန်ကိုဘယ်လောက်များ တိုတောင်းသွားစေမှာမို့လို့လဲ။

"သူက ကျွန်မစကားကို နားထောင်မှာ မဟုတ်ဘူး..." ယဲ့လန်က နှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမက တော်တော်လေးသတိထားပြီး ပြောခဲ့တာဖြစ်ကြောင်း တွေးလိုက်သည်။ ရှန်းယီက ဆုံးဖြတ်ပြီးသွားလျှင် လူသားဧကရာဇ်၏ စကားကိုပင် လျစ်လျူရှုပေလိမ့်မည်။

ဤစကားကို ကြားသောအခါ အမျိုးသားက အနည်းငယ် စကားဆွံ့အသွားပုံရသည်။ သူက ယဲ့လန်ကိုကြည့်လိုက်ပြီး သူ၏လက်ထဲရှိ စာကို ကြည့်လိုက်၏။

အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ဤတစ်ခုတည်းသောစိတ်ဝင်စားဖွယ်အရာကို ဆုံးရှုံးရမည်ကို နှမြောနေပုံရသည်။

သူက မျက်မှောင်ကြုတ်ကာ ယဲ့လန်ကို တိုကင်ပြားတစ်ခု ကမ်းပေးလိုက်၏။ "ဒါကို ပို့ပေးလိုက်။ အကယ်၍သူ ဒုက္ခရောက်နေရင်၊ အဲဒီ မဟာ စစ်သူကြီးတွေရဲ့အသက်အန္တရာယ်ကို မထိခိုက်သရွေ့ သူတို့က သူ့ကိုတစ်ကြိမ် ကယ်တင်ပေးနိုင်တယ်။ ဒါပေမယ့် ဒီတစ်ကြိမ်တည်းပဲ... ဘာပဲဖြစ်ဖြစ်တောင်ပိုင်းကာကွယ်ရေး စစ်သူကြီးချုပ်ဆိုတဲ့ သူ့ရဲ့အမည်ခံက ဖော်ထုတ်ခံလိုက်ရပြီ ဆိုတော့ သူ မြောက်ပိုင်းတိုက်ကြီးမှာ နေလို့ရတော့မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် သူ ပုန်းအောင်းဖို့ လူသူကင်းမဲ့တဲ့ တောင်တန်းဒေသတစ်ခုခုကို ရှာနေသင့်တယ်"

ယဲ့လန်က တိုကင်ပြားကို စိုးရိမ်တကြီး လက်ခံယူလိုက်၏။ အရှင်မင်းကြီးက ရှန်းယီ၏ကျင့်ကြံခြင်းကို သိထားရာ သူ့အသက်ကို ကယ်တင်နိုင်မည့် စစ်သူကြီးများဆိုသည်မှာ ဧကရာဇ်ချီများ လွှမ်းခြုံထားသော ဒုတိယအဆင့်နိုင်ငံတော် ကာကွယ်ရေး စစ်သူကြီးချုပ်များ ဖြစ်ပေလိမ့်မည်။

"ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး..."

All Chapters