← Chapters

ဉာဏ်အလင်း

Vol. 007 Ch. 329

ဉာဏ်အလင်း

Vol. 007 Ch. 329

ဝမ်လင်းအသွင်က တည်ငြိမ်သော်လည်း သူက အလွန် သတိထားလို့နေသည်။ ဒီလူက အလွန် ထူးဆန်းလို့ နေသည်။ သူ့ထံတွင် စိတ်ဝိညာဉ် စွမ်းအင် အမျှင်တန်း ထွက်ပေါ်နေခြင်းလည်း မရှိဘဲ သေမျိုး တစ်ယောက်နှင့် ဆင်တူ၏။ သို့သော် သေမျိုးတစ်ယောက်က သူ့ကျင့်ကြံမှု အဆင့်ကို မည်သို့ မြင်နိုင်ပါ့မည်နည်း။ ဝမ်လင်းက လက်နှစ်ဖက်ကို ယှက်၍ ပြန်ဖြေလိုက်သည်။ “ငါက တောင်တန်းတွေရဲ့ တစ်နေရာက လာခဲ့တာပါ။ တနူးလို့ပဲ ခေါ်လို့ ရပါတယ်…”

ဒီကျင့်ကြံသူက ဝမ်လင်းကို ကြည့်၍ ရယ်မော လိုက်သည်။ “အစ်ကိုတနူး…ငါတို့ ဒီမိုးသည်း ညမှာ ဘာလို့ထိုင်ပြီး စကားမပြောကြတာလဲ…”

ဝမ်လင်းက ပြုံး၍ အောက်တွင်‌ ခြေချိတ်၍ ထိုင်ချလိုက်သည်။ သူက လက်ဝှေ့ယမ်း လိုက်ရာ ဝိုင်တစ်ဂျား ပေါ်လာခဲ့၏။ သူက တစ်ငုံ သောက်လိုက်သည်။ ဒီလူကောင် ကြီးကြီး ကျင့်ကြံသူက ရယ်မော၍ ထိုင်ချလိုက်ပြီး ပြောလိုက်သည်။ “အစ်ကိုတနူး ကျင့်ကြံမှု အဆင့်က တကယ့်ကို တုန်လှုပ်စရာပဲ။ ငါမြင်တာ မမှားဘူးဆိုရင် အစ်ကိုက အစ်ကို့နယ်ပယ်နဲ့ နီးကပ်လို့နေပြီ မဟုတ်လား…”

ဝမ်လင်းက နှလုံးခုန် မြန်လာခဲ့သည်။ သူက အစ်ကိုလူ့ကို ပို၍ သတိထား လာခဲ့သည်။ သို့သော် အပြင်ပိုင်းတွင်တော့ သူက တိတ်ဆိတ်စွာ ရယ်မော၍ အစ်ကိုလူ့မေးခွန်းကို ရှောင်ရှား လိုက်၏။

ထိုအခိုက်တွင် မီးပုံ ဘေးနားရှိ လူများထဲက တစ်ယောက်က ကျယ်လောင်စွာ ရယ်မော ပြောဆိုလိုက်သည်။ “မင်းတို့နှစ်ယောက်က ဘာတွေ ပြောနေကြတာလဲ။ ဘာလဲ နယ်ပယ်။ ငါတို့လည်း နားမလည်ဘူး။ မင်းတို့နှစ်ကောင်က ရူးနေကြတာလား…”

မိုချီက ပြုံး၍ ပြောလိုက်သည်။ “ဆရာ… မင်းသုံးလိုက်တဲ့ “ရူးနေလား” ဆိုတဲ့ စကားက တကယ့်ကို ကောင်းမွန်တာပဲ။ တစ်စုံ တစ်ယောက် မရူးရင် ဘယ်လိုလုပ် ကောင်းကင်နဲ့ မြေကြီးရဲ့ ဥပဒေသတွေကို နားလည်အောင် လုပ်နေပါ့မလဲ။ တစ်ယောက်ယောက်က ဒီဥပဒေသတွေ ထဲက တစ်စုံတစ်ခုကို နားလည် ချင်နေတယ်…”

မီးပုံဘေးရှိလူက မျက်မှောင်ကြုတ်၍ အော်ဟောက် လိုက်၏။ “သူက တကယ့်ကို ရူးနေတာ။ မင်းပြောတာ ငါတစ်လုံးမှ နားမလည်ဘူး…”

မိုချီက ပြုံး၍ ခေါင်းရမ်း လိုက်သည်။ သူက ဝမ်လင်းကို ကြည့်၍ မေးလိုက်သည်။ “အစ်ကို တနူးကော နားလည်ရဲ့လား…”

ဝမ်လင်းက ပြုံး၍ပြောလိုက်သည်။ အစ်ကို မိုချီစကားတွေက တကယ့်ကို ထူးဆန်းတယ်။ ငါနားမလည်ဘူး။ ဒါပေမဲ့ “အရူး” ဆိုတဲ့စကားလုံးက သိပ်မကောင်းဘူးလို့ ငါထင်တယ်။ အဲအစား “အစား” ဆိုတဲ့ စကားလုံကမှ ပိုကောင်းဦးမယ်…”

မိုချီ မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး သူက ရယ်မော လိုက်ပြန် သည်။ “ကောင်းတယ်၊ “အစား” ဒီစကားလုံက တကယ့်ကို ကောင်းတဲ့ စကားပဲ။ ငါတို့ ကျင့်ကြံ သူတွေက အစားစားချင်စိတ် မရှိတော့ဘူးဆိုရင် ငါတို့က မှန်ကန်တဲ့ လမ်းကြောင်းကို လျှောက်နေတယ်လို့ ဘယ်လို ပြောနိုင်ပါ့မလဲ။ ကောင်းကင်နဲ့‌ မြေကြီးရဲ့ တာအိုကလည်း ဘယ်လို ပြည့်စုံ နိုင်ပါ့တော့မလဲ…”

ဝမ်လင်းက ဝိုင်တစ်ငုံ သောက်လိုက်ပြီး ပြုံးလိုက်သည်။

မိုချီက ဝမ်လင်းက ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ရုတ်တရပ် ရှုပ်ထွေးမှုနှင့် ဟင်းလင်ပြင် တစ်ခုအလား ဖြစ်ပေါ်နေခဲ့သည်။ ဝမ်လင်းက သူမျက်လုံးနှင့် ဆုံလိုက်သည့်အခါ နှလုံးခုန် မြန်လာခဲ့သည်။ ထို့နောက်သူက တိတ်တဆိတ် သိုလှောင်အိတ်ထဲကို လက်နှိုက် လိုက်သည်။

အချိန်အတော် ကြာပြီးနောက် မိုချီ မျက်လုံးထဲရှိ ရှုပ်ထွေးမှုများက ဖြည်းဖြည်းချင်း ပျောက်ကွယ် သွားသည်။ “ခု…ငါ…ဘယ်မှာ…ရောက်…”

ဝမ်လင်းက မိုချီကို ကြည့်ရင်း မျက်မှောင်ကြုတ်မိ သွားသည်။

ထိုအခိုက်တွင် သူတို့ နှစ်ယောက် စကားများကို နားထောင် နေသော မီးပုံဘေးရှိ လူတစ်ယောက်က ရယ်မော၍ ပြောလိုက်သည်။ “ သူက တကယ့်ကို ရူးနေတာပဲ…

မိုချီက သက်ပြင်းချ၍ ဝမ်လင်းကို ပြုံး၍ ပြောလိုက်သည်။ “ငါ မေ့သွားပြီး…ငါ့နာမည်က မိုချီ… မင်း နာမည်ကရော…”

ဝမ်လင်း မျက်မှောင် ပိုကြုတ် လာခဲ့သည်။ ခဏအကြာတွင် သူက ခေါင်းရမ်း၍ ပြုံးကာ ပြောလိုက်သည်။ “တနူး…”

မိုချီက ခေါင်းညိတ် လိုက်သည်။ သူက အပြင်ဘက်ရှိ မိုးရွာသည်ကို ကြည့်၍ ပြောလိုက်သည်။ “ မိုးသည်းညက တကယ့်လှပြီး ခံစားမှုက အဆုံးမဲ့နေတယ်။ အပင်တွေက ရေစက်တွေကို စုပ်ယူတဲ့အခါ သူတို့ပေါ်မှာ ရှိတဲ့ သေဆုံးခြင်း ရနံ့ကလည်း တိတ်တဆိတ်ပဲ ပျောက်ကွယ် သွားကြတယ်။ ဒါက မိုးရဲ့အလှ၊ ရှင်သန်ခြင်း အရသာ…”

ဝမ်လင်းကလည်း ဘုရားကျောင်း အပြင်ဘက်ကို လှမ်းကြည့် လိုက်သည်။ မိုးသံ တဖြောက်ဖြောက် ကလည်း ဘုရားကျောင်းထဲမှပင် ကြားနေရကာ၊ တစ်ခါတစ်ရံ မိုးကြိုး လျှပ်စီး သံများကလည်း တလက်လက် ဖြစ်သွားချေသေး၏။

ဘုရားကျောင်းထဲရှိ မီးပုံကလည်း ညအမှောင်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလို့သဖြင့် ဘုရားကျောင်းထဲတွင် အရိပ်များကို ဖြစ်စေ၏။ ၎င်းအဖြစ်က သေခြင်းရှင်ခြင်း ကြားအဖြစ် ဆိုရင်ကော။ အလင်းရောင် မှိတ်တုတ် မှိတ်တုတ်ထဲ၌ သေခြင်း ရှင်ခြင်း နယ်ပယ်၏ အရိပ်အမြွက်များ ပါနေသလိုပင်။

အလင်းက ရှင်သန်ခြင်း၊ အမှောင်က သေဆုံးခြင်း။ အလင်း မှောင်လိုက် လင်းလိုက် ဖြစ်ခြင်းက သေခြင်းရှင်ခြင်း၏ ကူးပြောင်းမှုကို ကိုယ်စားပြုနေသည်။

ဝမ်လင်းက ခပ်တိုးတိုး ပြောလိုက်သည်။ ” ရှင်သန်ခြင်းဆိုတာ ဘာလဲ…”

သည်မေးခွန်းက သူ့ကို အချိန်အတော်ကြာ စိတ်ရှုပ်ထွေး စေခဲ့သည်။

မိုချီက သူ့အကြည့်ကို ပြန်ရုပ်သိမ်း လိုက်သည်။ သူက မီးပုံကို လက်ညှိုး ထိုးပြ၍ ပြုံးကာ ပြောလိုက်သည်။ “ မီးက ရှင်သန်ခြင်းလား…”

ဝမ်လင်းက အနည်းငယ်စဉ်းစား၍ မီးအလင်း မှိတ်တုတ် မှိတ်တုတ်ကို ကြည့်ကာ ပြန်မေး လိုက်သည်။ “ဘာကြောင့်လဲ…”

မိုချီက ပြုံး၍ မီးပုံကို ကြည့်ကာ ပြောလိုက်ပြန်သည်။ “မီးက ဘာကြောင့် ရှင်သန်ခြင်း ဖြစ်လဲ ငါမသိဘူး။ ဒါပေမဲ့ သေမျိုးတွေ ပြောတာကို ‘ငါကြားဖူးတာက မငြိမ်းသေးသောမီး၊ မငြိမ်းသေးသော မီး’ ဆိုတာပဲ။ ဒါကြောင့် မီးက ရှင်သန်ခြင်းလို့ ငါထင်တယ်…”

“အရူး” ဒီတစ်ကြိမ်တွင်တော့ မီးပုံဘေးနားရှိ လူအားလုံးက သူတို့ နှစ်ယောက်လုံးကို ကြည့်ရင်း ပြောလိုက်ခြင်းပင်။

မီးက ရှင်သန်ခြင်းလား။ ဝမ်လင်းက ကြည်လင် ပြတ်သားမှု အချို့ ရလိုက်သည်ဟု ခံစားမိနေသည်။ သို့သော် သူက လုံးဝဥသုံတော့ နားမလည်သေးချေ။ သူက ခဏတာ တိတ်ဆိတ် သွားပြီးနောက် ထပ်မေးလိုက်သည်။ “သေခြင်းက ဘာလဲ…”

မိုချီက ပြန်ဖြေမလို လုပ်လိုက်စဉ် သူ့မျက်လုံးများက ရှုပ်ထွေးမှုနှင့် ဗလာဟင်းလင်း ပြန်ဖြစ် သွားပြန်၏။ အချိန်တစ်ခု ကြာပြီးနောက် သူက သတိပြန်ဝင် လာပြန်ပြီး ဘေးဘီကို မှင်သေသေ ကြည့်နေသည်။

“ငါ…တို့ ခုနက ပြောနေတာ ဘာအကြောင်းလဲ…”

ဝမ်လင်း ပြောတာကိုပင် မစောင့်တော့ဘဲ မီးပုံဘေးရှိ လူတစ်ယောက်က ပြောလိုက်သည်။ “သူက မင်းကို သေခြင်းက ဘာလဲလို့ မေးနေတာ…”

မိုချီက ဝမ်လင်းကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်သည်။ သူက ခဏတာ တုံ့ဆိုင်း သွားပြီးနောက် ပြောလိုက်သည်။ “ငါ့နာမည်ကို‌တော့ ရောင်းရင်း သိပြီးမယ်လို့ ငါထင်ပါတယ်။ ရောင်းရင်း နာမည်ကကော ဘယ်သူများလဲ…”

ဝမ်လင်းက ပြန်ဖြေမလို လုပ်လိုက်စဉ်မှာပင် မီးပုံဘေးရှိ နောက်တစ်ယောက်က ဝင်ပြောလိုက်သည်။ “သူ့နာမည်က တနူး…”

မိုချီ မျက်လုံးထဲတွင် တောင်းပန်ဟန်များ ပိုတိုးလာခဲ့သည်။ “ငါက ငါ့နယ်ပယ်ကို သိရှိပြီး ကတည်းက ငါ့မှတ်ဉာဏ်တွေက ရှုပ်ထွေး လာတယ်။ အစ်ကို တနူးက ငါ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်…”

ဝမ်လင်းအသွင်က ပုံမှန်အတိုင်း ဖြစ်သော်လည်း သူ့နှလုံးသားက တုန်လှုပ်လို့ နေသည်။ သူက ခဏတာ တုံ့ဆိုင်းပြီးနောက် ထပ်မေးလိုက်သည်။ “အစ်ကိုမိုက ဘယ်နယ်ပယ်ကိုများ နားလည်ခဲ့တာလဲ…”

တစ်စုံတစ်ယောက်၏ နယ်ပယ်ကို ခုလိုမျိုး တိုက်ရိုက် မေးခြင်းက ရှောင်ကြဉ်သင့်သည့် အရာပင်။ သို့သော် မိုချီကတော့ သည့်အတွက် စိတ်မရှိပေ။ သူ့မျက်လုံးထဲရှိ ရှုပ်ထွေးမှုက ပို၍ အားကောင်း လာခဲပြီးနောက် သူကပြောလိုက်သည်။ “မေ့လျော့ခြင်း နယ်ပယ်…”

“ဟေး…မင်းက ခုထိ သေခြင်းက ဘာလဲလို့ မပြောရသေးဘူး။ မင်း ပြောစာရှိတာ ဆက်ပြောဦး။ မင်း ပြောတာက စိတ်ဝင်စားဖို့ ကောင်းတယ်…” မီးပုံဘေးမှ တစ်ယောက်က အလျင်လို ဟန်ဖြင့် မိုချီကို ပြောလိုက်သည်။

မိုချီမျက်လုံးထဲရှိ ရှုပ်ထွေးမှုက ပိုအားကောင်းသထက် အားကောင်း လာခဲ့ပြီးနောက် သူက ပြောလိုက်ပြန်သည်။ “သေဆုံးခြင်းက ဘာလဲ။ သေခြင်းက သေခြင်းပေါ့။ လူတစ်ယောက်က သေသွားရင် ဒါက သေခြင်းပေါ့။ နှလုံးသားက သေခြင်း ဆိုရင်တော့ ဒါက မေ့သွားခြင်းပေါ့။ ဒါက သေခြင်းပဲ…”

ဝမ်လင်း နှလုံးသားက တုန်လှုပ်လို့ နေသည်။ ဒီစကားများက ဝမ်လင်းတွင် ဖုံးလွှမ်း နေခဲ့သော မြူလွှာကို လွင့်ပြယ် သွားစေ၏။

မိုချီ၏ ရှုပ်ထွေးသော မျက်လုံးများက ဉာဏ်ပညာဖြင့် ပြည့်လို့နေ၏။ သူက အပြင်ဘက်ရှိ ဗွက်အိုင်ကို လက်ညှိုးထိုး၍ ခပ်တိုးတိုးပြောလိုက်သည်။ “ရေတွေပြည့်နေတဲ့ ဗွက်အိုင်က ဒီနေ့မှာ ရှင်သန်ခြင်းပဲ၊ မနက်ဖြန် ရေမရှိတော့ရင်တော့ ဒီဗွက်အိုင်က သေခြင်းပဲ…”

ထို့နောက် မိုချီက မီးပုံဘေးရှိလူများကို လက်ညှိုး ထိုးပြလိုက်သည်။ သူ့မျက်လုံးထဲရှိ ဗလာဟင်းလင်း ဖြစ်မှုက ပို၍အားကောင်း လာခဲ့ပြီးနောက် သူက ပြောလိုက်သည်။ “ဒီနေ့ သူတို့က ဒီနေ့မှာ ပျော်နိုင်တယ်၊ ဒေါသ ထွက်နိုင်တယ်၊ ဝမ်းနည်းနိုင်တယ်။ ဒါက ရှင်သန်ခြင်းပဲ။ အနာဂတ်မှာ သူတို့က ဒီလို ခံစားချက်တွေမရှိရင် သေဆုံးခြင်းပဲ…”

သူက ထိုသို့ ပြောပြီးနောက် မတ်တတ်ရပ်၍ ‌ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။ “ဒီမိုးရေစက်များက ကောင်းကင်ကနေ မွေးဖွားပြီး မြေပြင်မှာ သေဆုံးရတယ်။ ဒါကပဲ သေခြင်း ရှင်ခြင်းစက်ဝိုင်း သံသရာပဲ…”

ဝမ်လင်းက ထိတွေ့ မိသွားသည်။ သူက မတ်တတ်ရပ်၍ မိုချီကို လေးစားစွာဖြင့် ဦးညွတ် လိုက်သည်။

မိုချီက ပြုံးလိုက်သည်။ ထို့နောက် ခြေတစ်လှမ်း လှမ်းလိုက်ရာ ကြယ်ပျံ တစ်စင်း အလား ထွက်သွား တော့၏။ မိုချီက အဝေးမှ လှမ်း၍ ပြောသွားသေး၏။

“အစ်ကိုတနူး သင် ဒါကို နားလည် သဘောပေါက်ရင်လည်း ပေါက်လိမ့်မယ်။ မပေါက်ရင်လည်း မပေါက်ဘူး။ အစ်ကို ကန့်သတ်ချက်ကိုတော့ သိပါ…”

ဝမ်လင်းက မိုးစက်များကို စူးစိုက်ကြည့်လို့နေသည်။ အချိန်တစ်ခု ကြာပြီးနောက် သူက ပြုံးယောင် သမ်းလာခဲ့သည်။

ထိုအခိုက်တွင် မီးပုံဘေးရှိ လူများက ဇဝေဇဝါ ဖြစ်ကုန်ကြသည်။ သူတို့က မိုချီ ပြောခဲ့သည်ကို နားလည် သလိုလိုနှင့် နားမလည် ဖြစ်ကုန်သည်။

“ရောင်းရင်း… ဒီလူပြောတာ ဘာကို ဆိုလိုတာလဲ…” သူတို့ထဲက တစ်ယောက်က ထမေးလိုက်သည်။ လူတိုင်းက ဝမ်လင်းကို ကြည့်နေ၏။

ဝမ်လင်းက ခေါင်းရမ်း၍ ပြောလိုက်သည်။ “မင်းတို့ …နားမလည်နိုင်ဘူး…”

ထိုသို့ပြောပြီးနောက် သူက ဘုရားကျောင်းထဲမှ ထွက်လာခဲ့သည်။ သူက မိုးရွာထဲတွင် လမ်းလျှောက်နေရင်း အပေါ်သို့ မော့ကြည့် လိုက်သည်။ ဒီမိုးစက်များက ကောင်းကင်မှ မွေးဖွား ပေးခဲ့ခြင်းပင်။ ထို့နောက်သူက မြေပြင်ကို ကြည့်လိုက်သည်။ ဒီမိုးစက်များက မြေပြင်ပေါ်မှာ သေဆုံးခြင်းပင်။

ဝမ်လင်းက ကောင်းကင်နှင့် မြေကြီးကြားတွင် လျှောက်လှမ်းနေရင်း ရုတ်တရက် သူ့နှလုံးသားတွင် တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။ သူက သေခြင်းရှင်ခြင်း၏ အမှန်တရားကို ဖမ်းဆုပ် မိလိုက်၏။ ပင်ကိုအားဖြင့် သူက သူ့နပယ်ကို စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရန် အတွက် တစ်နှစ်လောက် လေ့ကျင့်ရဦးမည် ဖြစ်သည်။ သို့ရာတွင် သူ့နားလည်မှုက ရုပ်တရက် တိုးလာခဲ့ပြီး ခဏအကြာတွင် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်၏ အခြေအနေသို့ ရောက်နှင့် သွားခဲ့သည်။

ထိုအခိုက်တွင် ဝမ်လင်းက သူသာဆန္ဒရှိလျှင် စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ချက်ချင်း ရောက်နိုင်ပြီဟု ပြော၍ ရပေသည်။

သို့သော် ဒီနေရာက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ တက်လှမ်းရန် သင့်တော်သော နေရာ မဟုတ်သေးပေ။ ဝမ်လင်းက သူ့အဆင့် ချိုးဖျက်မှု ဆန္ဒကို ဖိနှိပ်ထားပြီး အဝေးသို့ မြန်နိုင်သမျှ မြန်အောင် ပျံသန်းသွား၏။

“အစ်ကိုမိုရဲ့ နယ်ပယ်က နှလုံးသား နယ်ပယ်လို့ ငါ ယုံကြည်ပါတယ်။ ဒါက သူ့မှတ်ဉာဏ်တွေကို ဆုံးရှုံးစေခဲ့တယ်။ အရာအားလုံးကို မေ့ပြီး တာအို တစ်ခုသာလျှင် ကျန်ရစ် စေခဲ့တယ်…” ဝမ်လင်းက အသက်ဝဝ ရှူသွင်း လိုက်သည်။ သည်မိုချီက ပါရမီရှင် တစ်ယောက်ပင် ဖြစ်ချေ၏။

သည်မိုးသည်းညတွင် ဘုရားကျောင်းထဲ၌ သူရရှိခဲ့သော ဉာဏ်အလင်းသည် ဝမ်လင်း၏ စိတ်ပိုင်းဆိုင်ရာကို စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိစေခဲ့သည်။ ဒီအခိုက်တွင် သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်နှင့် လုံးဝ ထိုက်တန်လို့ နေကာ ဒီအဆင့်၏ နယ်ပယ်ကိုလည်း ပိုင်ဆိုင်ခဲ့ပြီ ဖြစ်လေ၏။

စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူတို့၏ ခွန်အားများကို ကြီးမားစွာ စတင် ပြောင်းလဲစေသော အဆင့်ဖြစ်ချေ၏။

အကြောင်းမှာ စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်ရှိသွားသော ကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်း အာရုံစိုက်မှုကို ခန္ဓာကိုယ်မှသည် စိတ်သို့ ပြောင်းလဲ သွားစေသောကြောင့် ဖြစ်၏။ သူတို့၏ အခြေခံအချက်မှာ ကောင်းကင်နှင့် မြေကြီးကို နားလည်မှုနှင် သူတို့၏ ခွန်အားမှာ ထိုနားလည်မှု စွမ်းအားကို ဘယ်လိုကောင်းစွာ အသုံးချသနည်းပေါ် မူတည်နေ၏။

နယ်ပယ်က စိတ်ဝိညာဉ် ပုံစံဖြစ်ပေါ်ခြင်း အဆင့်အထက်ရှိ ကျင့်ကြံသူများ အတွက် အရေးကြီးဆုံး ဉာဏ်အလင်းလည်း ဖြစ်သည်။

ကောင်းကင်နှင့်မြေကြီးအပေါ်နားလည်မှုအပေါ်မူတည်၍ ရရှိသော နယ်ပယ် များကလည်း ခြားနား ကုန်ကြသည်။ တစ်နည်းအားဖြင့် မရေမတွက်နိုင်သော နယ်ပယ်အမျိုးအစားများစွာ ရှိလေသည်။ သို့သော် နယ်ပယ်များ ကြားတွင် ခွန်အား၊ စွမ်းအား မတူညီမှုတော့ ရှိပေသည်။

နယ်ပယ်များက အဆုံးစွန်သို့ ရောက်ရှိ သွားသည့် အချိန်တွင် ခွန်အား၊ စွမ်းအား ကွာခြားမှု သိပ်မရှိတော့သော်လည်း စတင်သည့် အချိန်တွင်တော့ ခွန်အား၊ စွမ်းအား ခြားနားပြီး အနာဂတ် ကျင့်ကြံမှုအပေါ် လုံးဝသက်ရောက်မှု ရှိလေသည်။

ထို့ကြောင့် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်၌ ကျင့်ကြံသူများ၏ ခွန်အားက လုံးဝ ပြောင်းလဲ သွားရခြင်းပင်။ တစ်စုံတစ်ယောက်က သာမန် နယ်ပယ် တစ်ခုကို နားလည် သဘောပေါက်ခဲ့ရင် သူက စဦးစိတ်ဝိညာဉ် အဆင့် ကျင့်ကြံသူများကြားတွင် နတ်ဘုရား တစ်ပါးဖြစ်သော်လည်း အခြား စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံ သူများကြားတွင် ဆိုရင်တာ့ နောက်ကောက်ချခြင်း ခံရပေလိမ့်မည်။

ဝမ်လင်းက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းသို့ ရောက်ရှိရန် အလျင်လိုမည် ဆိုလျှင် အဖြူရောင် တိမ်ကလန်မှ စိတ်ဝိညာဉ် ပုံစံ ဖြစ်ပေါ်ခြင်း အဆင့် ကျင့်ကြံသူ၏ ပုံကို ပန်းပု ထွင်းနိုင် ကတည်းက ရောက်ရှိအောင် လုပ်နိုင်စွမ်းရှိခဲ့သည်။ သို့ရာတွင် ဒီနယ်ပယ်က သူကိုယ်တိုင် ဖန်တီးထားသည့် နယ်ပယ် မဟုတ်ပေ။ အခြားတစ်ယောက်၏ ခြေရာကို လိုက်နင်းထားခြင်းသာ ဖြစ်၏။ သူက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်သို့ ရောက်နိုင်ခဲ့မည် ဆိုလျှင်လည်း ဒီထက် မြင့်သည့် အဆင့်များကို ချိုးဖျက်ရောက်ရှိရန် အလွန်ခက်ခဲ သွားပေလိမ့်မည်။ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိရန်ပင် သူ့အတွက် အခွင့်အရေး နည်းသွားပေလိမ့်မည်။ သူကိုယ်တိုင် ရှာတွေ့ခဲ့သည့် နယ်ပယ် မဟုတ်လျှင် ၎င်းနယ်ပယ်ကို အပြည့်အဝ နားလည်ရန် အလွန်ခက်ခဲ သွားလိမ့်မည် ဖြစ်၏။

***

All Chapters