← Chapters

စုမြောင်ရင်နှင့် ပြန်လည်ဆုံတွေ့ခြင်း၊ ဖီးနစ်အသီး

Vol. 7 Ch. 66

စုမြောင်ရင်နှင့် ပြန်လည်ဆုံတွေ့ခြင်း၊ ဖီးနစ်အသီး

Vol. 7 Ch. 66

တစ်ချိန်တည်းမှာပင်

ရှုချွမ်းက တစ်ဦးတည်း လျှောက်လှမ်းရင်း တောင်ကြား တစ်ခုသို့ ရောက်ရှိလာခဲ့သည်။

ထိုတောင်ကြား မှာ မှန်သားပြင်ကဲ့သို့ ချောမွေ့နေသော ကျောက်တောင်ကမ်းပါးယံများဖြင့် ဝန်းရံထားသဖြင့် သာမန်လူများ ဝင်ရောက်ရန် မဖြစ်နိုင်ပေ။

ဤနေရာသို့ ဝင်ရောက်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ဂူတစ်ခုအတွင်း ဝှက်ထားသော ကျဉ်းမြောင်းသည့် လမ်းကလေးပင် ဖြစ်သည်။ အကယ်၍ ရှုချွမ်းသာ အလွန်အမင်း အကဲခတ် မတော်ပါက ဤနေရာကို ရှာတွေ့လိမ့်မည် မဟုတ်ပေ။

တောင်ကြား ၏ အလယ်ဗဟိုတွင် တစ်ကိုယ်လုံး မီးခိုးရောင်သန်းနေသော မြင့်မားလှသည့် သစ်ပင်ကြီးတစ်ပင် ရှိနေသည်။

ထိုသစ်ပင်ကြီးပေါ်တွင် ဖီးနစ်ငှက်ကလေးများနှင့် သဏ္ဌာန်တူသော အသီးနှစ်လုံး သီးနေသည်။

“ဒါ... ဒါက ဖီးနစ်အသီးပဲ”

ထိုအသီးနှစ်လုံးကို မြင်လိုက်ရသောအခါ ရှုချွမ်း၏ မျက်လုံးများမှာ ဝင်းလက်သွားသည်။

ဖီးနစ်အသီးဆိုသည်မှာ ဖီးနစ်သစ်ပင်မှ သီးသောအသီးဖြစ်ပြီး ဖီးနစ်ငှက်နှင့် နဂါးတို့ တစ်နေရာတည်းတွင် အတူတကွ သေဆုံး သွားရာမှ ပေါ်ပေါက်လာသည်ဟု ဆိုကြသော အလွန်ရှားပါးသည့် ရတနာပင် ဖြစ်သည်။

ဖီးနစ်သစ်ပင်မှာ တစ်နှစ်လျှင် နှစ်ကြိမ်သာ အသီးသီးတတ်ပြီး တစ်လုံးမှာ ဖီးနစ်ဖိုနှင့် တစ်လုံးမှာ ဖီးနစ်မအတွက် ဖြစ်သည်။ အကယ်၍ သိုင်းသမားတစ်ဦးသည် ဤအသီးကို စားသုံးနိုင်ပါက သူက ကျင့်ကြံခြင်း အခြေခံအုတ်မြစ်ကို အဆမတန် တိုးတက်စေနိုင်သဖြင့် အလွန် အဖိုးတန်လှသည်။

ဖီးနစ်သွေးပါသူများမှာမူ ၎င်းကို စားသုံးပြီးနောက် သွေးမျိုးဆက်ကို ပိုမို သန့်စင်စေနိုင်ကာ ဖီးနစ်ငှက်၏ ထူးခြားသော မွေးရာပါ နတ်ဘုရား အစွမ်းဖြစ်သည့် 'နိဗ္ဗာန အစစ်အမှန် မီးတောက်' ကို နိုးထစေနိုင်သည်။

ဤနိဗ္ဗာနအစစ်အမှန်‌ မီးတောက် ရှိနေပါက မည်မျှပင် ဒဏ်ရာပြင်းထန်ပါစေ လုံးဝ ပြန်လည် ကောင်းမွန်လာနိုင်မည် ဖြစ်သည်။

ယခင်က ရှုချွမ်းက ဤနေရာတွင် အခွင့်အရေး တစ်ခုရှိကြောင်းသာ သိထားပြီး မည်သည့်အရာမှန်း မသိခဲ့ချေ။

ဒါက ဒဏ္ဍာရီလာ ဖီးနစ်အသီး ဖြစ်လိမ့်မည်ဟု သူက လုံးဝ မထင်ထားခဲ့ပေ။

တကယ်ပင် ဤရှေးဟောင်း ရွှေနန်းတော်အတွင်းမှ အခွင့်အရေးများမှာ အပြင်လောကထက် အဆပေါင်းများစွာ သာလွန်လှပေသည်။

ဒါက ရှုချွမ်းကို ရှေ့တွင် မည်သည့် အခွင့်အရေးများ ရှိဦးမည်နည်းဟု ပို၍ စိတ်လှုပ်ရှားစေသည်။

ယခင်က ကျွန်းပေါ်တွင် လှည့်ပတ်ကြည့်ခဲ့သည်မှာ အလဟဿ မဖြစ်ခဲ့ပေ။ ယခုအခါ သူ့တွင် ဖြစ်နိုင်ခြေရှိသော အခွင့်အရေး အချက်အလက် ဒါဇင်ပေါင်းများစွာ ရှိနေပြီ ဖြစ်သည်။

သူသာ အခွင့်အရေးတွေကိုပဲ ဆက်တိုက် ရှာဖွေနေမည်ဆိုလျှင် သူက ဤနေရာမှ မထွက်ခွာမီ အားလုံးကို လုယူနိုင်လိမ့်မည် မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် ရွှေနန်းတော်မှာ တစ်လသာ ပွင့်မည်ဖြစ်ပြီး ထို့နောက်တွင် လုံးဝ ပြန်ပိတ်သွားမည် ဖြစ်သည်။

အကယ်၍ အချိန်မီ ပြန်မထွက်နိုင်ပါက ရွှေနန်းတော် ပြန်ပွင့်မည့် နောက်ထပ် နှစ်တစ်ထောင်အထိ စောင့်ရပေလိမ့်မည်။

ထိုမျှ ကြာရှည်သော အချိန်ကို အသက်ရှင်နိုင်ပါ့မလား ဆိုသည်မှာလည်း ကံတရားပေါ်တွင်သာ မူတည်ပေလိမ့်မည်။

လက်တစ်ကမ်းမှာ ရှိနေသော ဖီးနစ်အသီးကို ကြည့်ကာ ရှုချွမ်းက ၎င်းကို ဆွတ်ယူ သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။ သူကိုယ်တိုင်အတွက် မလိုအပ်သော်လည်း နောင်တွင် တစ်ခုခု အသုံးဝင်လာနိုင်သည် မဟုတ်ပါလား။

ရှုချွမ်းက ဖီးနစ်အသီးဆီသို့ ချဉ်းကပ်လိုက်စဉ်မှာပင် တောင်ကြား အပြင်ဘက်မှ လေတိုးသံတစ်ခု ရုတ်တရက် ကြားလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် ရှုချွမ်းက တောင်ကြား ဆီသို့ ပျံသန်းလာသော လူရိပ်နှစ်ခုကို မြင်လိုက်ရသည်။

ဒါကို မြင်တော့ ရှုချွမ်းက ဂူထဲသို့ ပြန်လည် ဆုတ်ခွာလိုက်ပြီး အခြေအနေကို အကဲခတ်ရန် ဆုံးဖြတ်လိုက်သည်။

ဘာပဲဖြစ်ဖြစ် တစ်ဖက်လူ၏ ခွန်အားကို မသိရသေးသလို သူတို့က နှစ်ယောက် ဖြစ်နေသည်။

ရှုချွမ်းမှာ တစ်ယောက်ချင်း တိုက်ခိုက်လျှင် မည်သူ့ကိုမှ မကြောက်သော်လည်း ဝိုင်းတိုက်ခံရပါက ဘာဖြစ်မည်ကို မခန့်မှန်းနိုင်ချေ။

ထို့ကြောင့် သတိထားရန် လိုအပ်သည်။ သူက မမျှော်လင့်ဘဲ အန္တရာယ်ဖြစ်ပြီး ပြဿနာတက်ရန် မလိုလားပေ။

“စီနီယာအစ်မ..စီနီယာအစ်မ ဖီးနစ်အသီးပါလား၊ တွေ့လား၊ ဖီးနစ်အသီးလေ”

သူတို့က တောင်ကြား ထဲသို့ ဝင်လာသည်နှင့် လူရိပ်တစ်ခုက ဘေးမှ လူ၏ လက်မောင်းကို ကလေးသံဖြင့် စိတ်လှုပ်ရှားစွာ လှုပ်ရမ်းကာ အော်လိုက်သည်။

သူမမှာ အလွန် စိတ်လှုပ်ရှားနေပုံ ရသည်။

“အေးပါ၊ အေးပါ၊ ဖီးနစ်အသီးပဲကို ဘာလို့ ဒီလောက် ရင်ခုန်နေတာလဲ၊ တစ်ခါမှ မမြင်ဖူးတာကျလို့”

အခြား လူရိပ်တစ်ခုကမူ သူမကို ချော့မော့သော အသံဖြင့် ညင်သာစွာ နှစ်သိမ့်လိုက်သည်။

ရှုချွမ်းမှာ ထိုအသံနှစ်ခုလုံးက အလွန် ရင်းနှီးနေသလို ခံစားလိုက်ရသော်လည်း မည်သူ့အသံမှန်း ခေတ္တမျှ စဉ်းစားမရ ဖြစ်နေသည်။

သူက အပြင်သို့ ချောင်းကြည့်လိုက်သည်။

တကယ်ပင်၊ သူက ထိုသူနှစ်ဦးလုံးကို သိနေသည်။

ကလေးသံနှင့် အမျိုးသမီးမှာ ဟွမ်လင်း ဖြစ်ပြီး သူမမှာ ယောင်ချီမြင့်မြတ်နယ်မြေမှ ဖြစ်သည်။ သူမထံမှလည်း ဖီးနစ်အသီးနှင့် ပတ်သက်သည့် အချက်အလက်ကို သူက သိခဲ့ခြင်း ဖြစ်သည်။

နောက်တစ်ယောက်မှာမူ...

သူမကို မြင်လိုက်ရသောအခါ ရှုချွမ်းက ခဏမျှ မှင်တက်သွားသည်။

စုမြောင်ရင်ပါလား...

ဒါက သူက လုံးဝ မထင်ထားသည့် အရာပင်။

သူက ယခင်က ယောင်ချီမြင့်မြတ်နယ်မြေ၏ စခန်းသို့ သွားခဲ့သော်လည်း သူမကို လုံးဝ မမြင်ခဲ့ရပေ။ မမျှော်လင့်ဘဲ သူတို့နှစ်ဦးမှာ ဤနေရာတွင်မှ ထိပ်တိုက် တိုးကြတော့သည်။

ချက်ချင်းပင်

ရှုချွမ်းက ပုန်းကွယ်မနေတော့ဘဲ ဂူထဲမှ ထွက်လာခဲ့သည်။

“ဘယ်သူလဲ”

သူက ဂူထဲမှ ခြေလှမ်းစတင်လိုက်သည်နှင့် အာရုံခံ ကောင်းသော စုမြောင်ရင်က သူ့ကို မြင်သွားသည်။

“ငါပါ”

ရှုချွမ်းက ပြုံးလျက် ပြောလိုက်သည်။

“စီနီယာအစ်ကို ရှု”

ရှုချွမ်းကို မြင်လိုက်ရသောအခါ စုမြောင်ရင်မှာ ဝမ်းသာအားရ အော်ဟစ်လိုက်မိသည်။

ထို့နောက် ကောင်းကင်ယံမှ အလျင်အမြန် ဆင်းသက်လာကာ ရှုချွမ်း၏ အနားသို့ ရောက်ရှိလာခဲ့ပြီး သူမ၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။

“စုမြောင်ရင်၊ မင်းလည်း ဒီရွှေနန်းတော်ထဲကို ရောက်လာတာပဲ”

ရှုချွမ်းက ပြုံးလျက် နှုတ်ဆက်လိုက်သည်။

“ဟုတ်ကဲ့”

စုမြောင်ရင်က ချိုသာစွာ ပြုံးပြလိုက်သည်။

ထိုနေ့က ရှုချွမ်းနှင့် လမ်းခွဲခဲ့ပြီးနောက် သူမသည် ယောင်ချီမြင့်မြတ်နယ်မြေသို့ တစ်ဦးတည်း သွားရောက်ခဲ့ပြီး နောက်ဆုံးတွင် သူမက ဖြစ်ချင်သည့်အတိုင်း ယောင်ချီမြင့်မြတ်နယ်မြေသို့ ဝင်ခွင့်ရခဲ့ရုံသာမက တိုက်ရိုက် တပည့်တစ်ဦးနှင့် သူတော်စင်လောင်းလျာ ပင် ဖြစ်လာခဲ့သည်။

ဒါတွေ အားလုံးက ရှုချွမ်း၏ အကူအညီကြောင့်ပင်။

ယခင် လျှို့ဝှက်နယ်မြေမှာပင် သူမသည် ရှုချွမ်းအပေါ် တိတ်တခိုး စိတ်ဝင်စားခဲ့သော်လည်း ထုတ်ပြောရန် ရှက်ရွံ့နေခဲ့သည်။

ယောင်ချီသို့ ရောက်ရှိပြီးနောက် သူမသည် ရှုချွမ်းကို ပို၍ လွမ်းဆွတ်လာခဲ့ပြီး တစ်နေ့နေ့တွင် ပြန်တွေ့ရရန် မျှော်လင့်နေခဲ့သည်။

ရွှေနန်းတော် ပေါ်လာခြင်းက သူမအတွက် အခွင့်အရေးတစ်ခု ဖြစ်လာခဲ့သည်။

မူလက သူမသည် ရွှေနန်းတော်သို့ သွားရန် ရွေးချယ်ခံရသူ မဟုတ်သော်လည်း သူမ၏ အတင်းအကျပ် တောင်းဆိုမှုကြောင့် ယောင်ချီမြင့်မြတ်အရှင်က နောက်ဆုံးတွင် သူမကို နေရာတစ်ခု ပေးလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် သူမကို အသက်ကယ် ပစ္စည်းများစွာလည်း ပေးခဲ့သည်။

သူမမှာ နောက်ဆုံးမှ ပါဝင်ခွင့် ရခဲ့သဖြင့် အတော်နောက်ကျမှ ရောက်ရှိလာခြင်း ဖြစ်ပြီး သူမက ရောက်ရှိချိန်တွင် ရွှေနန်းတော် တံခါးကြီးများ ပွင့်နေသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။

ဝင်ရောက်ပြီးနောက် သူမသည် ပထမဦးစွာ ကလေးသံနှင့် ဂျုနီယာညီမလေး ဟွမ်လင်းကို အရင်ရှာဖွေခဲ့သည်။ ထို့နောက် သူတို့နှစ်ဦးမှာ အခွင့်အရေးများ ရှာဖွေရင်း ရှုချွမ်းလည်း ရွှေနန်းတော်ထဲသို့ ဝင်လာသလားဆိုသည်ကို စုံစမ်းနေခဲ့ကြသည်။

ဒါပေမဲ့ ဒီလို ဖြစ်လာလိမ့်မယ်လို့ သူမက မထင်ထားခဲ့ပေ ။

သူမက အမြဲ အိပ်မက်မက်နေခဲ့ရတဲ့သူကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ လုံးဝ မထင်ထားခဲ့တာပင်။

“စီနီယာအစ်ကို ရှု... ဒီဖီးနစ်အသီးကို အစ်ကို အရင်တွေ့တာဆိုတော့ အစ်ကိုပဲ ယူလိုက်ပါ”

သူမက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ပြောလိုက်သည်။

ဘေးတွင် ရပ်နေသော ဟွမ်လင်းမှာ စုမြောင်ရင်၏ ကိုယ့်သဘောနှင့်ကိုယ် ဆုံးဖြတ်ချက်အပေါ် အနည်းငယ် မကျေမနပ် ဖြစ်သွားသော်လည်း တားမြစ်စကားတော့ မပြောခဲ့ပေ။

“ဒီဖီးနစ်အသီးတွေက ငါ့အတွက် ဘာမှ အသုံးမဝင်ပါဘူး။ ငါက ဒါကို ခူး ပြီး မင်းကိုပဲ ပေးလိုက်မယ်”

ရှုချွမ်းမှာ ဤနေရာတွင် စုမြောင်ရင်နှင့် ဆုံရသဖြင့် ဝမ်းသာနေမိပြီး လက်ဝှေ့ယမ်းကာ ဖီးနစ်အသီး နှစ်လုံးလုံးကို သူမအား ပေးရန် ဆုံးဖြတ်လိုက်သည်။

“ဒါပေမဲ့...”

စုမြောင်ရင်က တစ်ခုခု ထပ်ပြောချင်သော်လည်း ရှုချွမ်း၏ ပြတ်သားသော အမူအရာကို ကြည့်ကာ စကားစရပ်လိုက်သည်။

ထိုအစား...

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို ရှု။ ဒါဆို မြောင်ရင် အားမနာတော့ဘူးနော်”

“ အားနာမနေပါနဲ့”

ရှုချွမ်းက ပြုံးလျက် ပြော လိုက်သည်။

အမှန်စင်စစ်။

ရောက် လာသူမှာ စုမြောင်ရင် ဖြစ်နေသည်ကို မြင်လိုက်ရကတည်းက ရှုချွမ်းက ဖီးနစ်အသီးကို သူမအား ပေးရန် ဆုံးဖြတ်ပြီးသား ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် ဒီအသီးက ငါ့အတွက် အသုံးမဝင်ဘူး၊ နောက်ဆုံးကျရင် တခြား တစ်ယောက်ယောက်ဆီပဲ ရောက်သွားမှာ။

စုမြောင်ရင်ကို ပေးလိုက်တာက ပိုမကောင်းဘူးလား။ ဒီလိုနည်းနဲ့ သူမ၏ စိတ်ကျေနပ်မှုကို ရတာပေါ့။

ပြီးတော့ ဒီအသီးက စုမြောင်ရင် လက်ထဲမှာမှ သူ့၏ အစွမ်းကို အပြည့်အဝ ထုတ်နိုင်မှာ မမဟုတ်ပါလား။

စုမြောင်ရင်မှာ ရှုချွမ်း၏ အတွေးများကို မသိသော်လည်း ရှုချွမ်းက အဖိုးတန်လှသော ဖီးနစ်အသီးကို သူမအား မဆိုင်းမတွ ပေးလိုက်သည်ကို မြင်ရသဖြင့် သူမ၏ နှလုံးသားထဲတွင် ချိုမြိန်သော ခံစားချက်တစ်ခု ချက်ချင်းပင် စီးဝင်သွားတော့သည်။

ထို့နောက် သူတို့နှစ်ဦး အတန်ကြာအောင် စကားပြောဖြစ်ကြသည်။

ဘေးတွင် ရပ်နေသော ဟွမ်လင်း တစ်ဦးတည်းသာလျှင် သူတို့နှစ်ဦး၏ လျစ်လျူရှုခြင်းကို ခံနေရသည်။

သူမမှာ စကားပြောနေကြသော ထိုနှစ်ဦးကို မျက်နှာပျက်ပျက်ဖြင့် ကြည့်နေမိသည်။

စုမြောင်ရင်က လွန်ခဲ့သော ကာလအတွင်း သူမ၏ အတွေ့အကြုံများကို ရှုချွမ်းအား ပြန်ပြောပြနေပြီး ရှုချွမ်းကလည်း အသေအချာ နားထောင်နေသည်။

တစ်ဆက်တည်းမှာပင် သူက စနစ်ကို အသုံးပြုကာ သူမ၏ လက်ရှိ အချက်အလက်များကို စစ်ဆေးလိုက်သည်။

【အမည် - စုမြောင်ရင်】

【ကျင့်ကြံခြင်းနယ်ပယ် - နတ်ဘုရား စွမ်းအားနယ်ပယ်အဆင့်၃ 】

【ပါရမီ - ပြိုင်ဘက်ကင်း 】

【ကံကြမ္မာ - ဧကရီ ဖြစ်မည့် အလားအလာ (ရွှေရောင်)၊ ရေခဲသွေးကြော နှင့် ကျောက်စိမ်းအရိုး (ရွှေရောင်)၊ ဇာတ်လိုက်၏ ရောင်ဝါ (ရွှေရောင်)၊ တိုင်းပြည်ပျက်စေမည့် အလှတရား (ရွှေရောင်)】

【နတ်ဘုရား အစွမ်း - နိဗ္ဗာန အစစ်အမှန် မီးတောက်၊ လေနှင့်မီး ပြန်လည် ခြင်း】

【ဘဝဇာတ်ညွှန်း - " ပြိုင်ဘက်ကင်း ဧကရီ "ဇာတ်လမ်းမှ ဇာတ်လိုက်】

【ဘဝလမ်းကြောင်း - သူမ၏ ထူးခြားသော ခန္ဓာကိုယ် တည်ဆောက်ပုံ ကြောင့် သူမကို ဖမ်းဆီးပြီး 'ထျန်းယန်' ဂိုဏ်း၏ ဂိုဏ်းသခင်လေးထံ ကျင့်ကြံခြင်း အထောက်အကူအဖြစ် ဆက်သလိုသော လင်းမိသားစု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ သူမက အသက်ကို ရင်း၍ ငြင်းဆန်ခဲ့သည်။ 'လန်ဖုန်း' တောင်တန်း တွင် လိုက်လံ ဖမ်းဆီးခံနေရစဉ် ဖီးနစ် လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့ကာ ဖီးနစ် အမွေအနှစ်ကို ရရှိခဲ့ပြီး 'ရေခဲသွေးကြော နှင့် ကျောက်စိမ်းအရိုး' ခန္ဓာကိုယ်ကို နိုးထစေခဲ့သည်။ လောကီ အညစ်အကြေးများ ကင်းစင်ကာ ထူးကဲသော ပါရမီကို ဖော်ပြနိုင်ခဲ့ပြီး ယောင်ချီမြင့်မြတ်နယ်မြေသို့ သူတော်စင်လောင်းလျာ အဖြစ် ဝင်ရောက်ခဲ့သည်။ ထိုအချိန်မှစ၍ သူမက အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ကာ နောက်ဆုံးတွင် ဧကရီ ဖြစ်လာလိမ့်မည်။】

【အခွင့်အရေး - ရှေးဟောင်း ရွှေနန်းတော်အတွင်း၌ ဖီးနစ်အသီးကို တွေ့ရှိလိမ့်မည်။】

【ခင်မင်မှုအဆင့် - ၉၀】

...

အချက်အလက်များကို မြင်ပြီးနောက် ရှုချွမ်းက သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ “ဇာတ်လိုက် ဆိုတာ တကယ်ကို ထူးခြားတာပဲ”

အချိန်တိုအတွင်းမှာပင် သူမက နတ်ဘုရား စွမ်းအားနယ်ပယ် အဆင့် ၃ သိုင်းသမား ဖြစ်လာရုံတင်မက နတ်ဘုရား အစွမ်း နှစ်ခုကိုပါ နိုးထစေခဲ့သည်။

နာမည်ကို ကြားလိုက်ရုံနှင့်ပင် ထိုနတ်ဘုရား အစွမ်း နှစ်ခုမှာ အလွန် အစွမ်းထက်ကြောင်း ရှုချွမ်းက သိလိုက်သည်။

ဒါ့အပြင် စုမြောင်ရင်၏ ဘဝဇာတ်ညွှန်းမှာလည်း မထင်မှတ်ဘဲ "ပြိုင်ဘက်ကင်း ဧကရီ" ဇာတ်လမ်းမှ ဇာတ်လိုက် ဖြစ်လာခဲ့သည်။

နောက်ဆုံးတွင် ခင်မင်မှုအဆင့် ၉၀ ပါလား။ ဤသို့ ဖြစ်သည်မှာ ပထမဆုံး အကြိမ် ဖြစ်သော်လည်း ၎င်းမှာ အလွန် မြင့်မားသော ရမှတ် ဖြစ်ကြောင်း ရှုချွမ်းက သေချာပေါက် သိလိုက်သည်။

စုမြောင်ရင်က သူ့ကို သဘောကျနေတာ ကျိန်းသေနေပြီ။

ဒါက ရှုချွမ်းကို အလွန် အံ့အားသင့်သွားစေတော့သည်။

All Chapters