← Chapters

အခန်း ၂၄၁

Vol. 17 Ch. 241

အခန်း ၂၄၁

Vol. 17 Ch. 241

အပိုင်း ( 241 )

အဲ့တာက မင်းတို့ရဲ့ ကိုယ်ပိုင်ပြဿနာလေ

ဝူဝမ်နယ်မြေ၏ ပင်လယ်ပြင်အထက်တွင် လူတိုင်း တစ်ညတာ စောင့်ဆိုင်းနေခဲ့ကြ၏။

လူတစ်ချို့သည် စိတ်မရှည်နိုင်ဖြစ်သွားကြကာ မအောင့်ထားနိုင်တော့ဘဲ ညီးညူနေကြတော့သည်။

သို့သော် ကျန်ရှိနေသူများမှာ တာအိုစိတ်နှလုံးသား ခိုင်မာကြပြီး ထိုနေရာတွင်သာ ဆက်လက်၍ စောင့်ဆိုင်းနေခဲ့ကြသည်။

တစ်ညတာ စောင့်ဆိုင်းခဲ့ပြီးသည့်နောက်တွင် မြူခိုးများအတွင်းမှ ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့ကာ တစ်လှမ်းချင်းစီ ချဥ်းကပ်လာခဲ့၏။

သူရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ပင်လယ်ပြင်အောက်တွင် ရှိနေသည့် အနက်ရောင် အရိပ်များက အစအနပင် ရှာမရဘဲ ပျောက်ကွယ်သွားခဲ့သည်။

သူလှမ်းလိုက်သည့် ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက လှိုင်းတွန့်လေးများဖြစ်သွားစေခဲ့ကာ သူတို့၏ စိတ်နှလုံးသားများကို လှုပ်ခတ်သွားစေခဲ့၏။ သူတို့က သေမလောက်ကြောက်နေခဲ့ရသည့် မကောင်းဆိုးဝါး ဝိညာဥ်များက သူတို့အရှေ့တွင် ရှိနေသည့် လူအတွက် လမ်းဖယ်ပေးလာကြ၏။ သူတို့က ၎င်းကို ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း မဟုတ်သော်လည်း ၎င်းက အံ့ဖွယ်မှင်သက်ဖွယ်ကောင်းနေသေး၏။

ထျန်းကျီစံအိမ်၏ အကြီးအကဲကပါ အံ့ဩတုန်လှုပ်သွားခဲ့သည်။

မှတ်တမ်းများအရ ဟွာရှုနယ်ပယ် အထွတ်အထိပ် ပညာရှင်က ဤနေရာသို့ ခြေချလာသည်နှင့်တစ်ပြိုင်နက် ပင်လယ်ပြင်အတွင်းတွင် ဝမ်းနည်းကြေကွဲဖွယ်ရာ သေဆုံးသွားမည်ဖြစ်ကာ မည်သူကမှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် သူတို့အရှေ့တွင် ရှိနေသည့် စီနီယာကမူ တစ်လှမ်းချင်းစီ လျှောက်လှမ်းနေလျက်ရှိကာ အဆိုပါ ပင်လယ်ပြင်ကို အလေးအနက်ထားပုံမရချေ။

သူတို့သည် ထိုစီနီယာက အင်အားကြီး မိစ္ဆာဝိညာဥ်တစ်ကောင်က အယောင်ဆောင်ထားခြင်းဟုလားပင် သံသယဝင်သွားကြသည်။ သို့သော် အဆုံးတွင် ထိုအတွေးကို ပယ်ချလိုက်ကြသည်။

မိစ္ဆာသက်ရှိတို့၏ မွေးဖွားမှုက ရှုပ်ထွေးလွန်းလှပြီး ၎င်းတို့က ဤကမ္ဘာကြီးနှင့် မည်သို့မျှ သဟဇာတ မဖြစ်ကြပေ။ အကယ်၍ ထိုစီနီယာကသာ ထိုကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်နေလိမ့်မည်ဆိုပါက နိယာမများက လှုပ်ရှားလာမည်ဖြစ်သည်။ သို့ရာတွင် ၎င်းက မည်သို့မျှ မလှုပ်ရှားလာခဲ့ပေ။

ထို့အပြင် သူက အမှန်တရားချီကို မည်သို့မျှကြောက်လန့်မနေခဲ့ပေ။ မိစ္ဆာကဲ့သို့သော တည်ရှိမှုမျိုးက ထိုကဲ့သို့ ဖြစ်နေလိမ့်မည် မဟုတ်ပေ။

အထပ်ထပ်အခါခါ အတည်ပြုခဲ့ပြီးသည့်နောက်မှသာလျှင် သူတို့အားလုံး စိတ်သက်သာရာရသွားကြသည်။

ထိုအခိုက်အတန့်တွင် လုချန်ရှန်းက ပင်လယ်ပြင်တွင် အကြောက်အလန့်မရှိ အေးအေးဆေးဆေး လမ်းလျှောက်နေလျက်ရှိပြီး သူ၏မျက်နှာပေါ်တွင်လည်း မည်သည့်စိတ်ခံစားချက်မျိုးမှ ရှိမနေဘဲ လူတိုင်း၏အရှေ့တွင် ရိုးရှင်းစွာ မတ်တပ်ရပ်နေခဲ့လေ၏။

“ စီနီယာ ….. “

လုချန်ရှန်းက သူလက်ကို ဝေ့ရမ်းလိုက်ရာ ခုနစ်ခု(သို့) ရှစ်ခုထပ်မနည်းသော လှေငယ်လေးများ ပေါ်ထွက်လာကာ အရှေ့သို့ ရွေ့လျားသွားခဲ့သည်။

အဆိုပါ လှေငယ်လေးများကို မြင်လိုက်ရသောအခါတွင် လူတိုင်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ ထျန်းရီ မြင့်မြတ်နယ်မြေ ကောင်းကင်လောင်ကျွမ်းခြင်း နန်းတော် ဗုဒ္ဓဂိုဏ်း မိုးကြိုးငှက်မျိုးနွယ်စု ထျန်းကျီစံအိမ် နတ်ဘုရား သန့်စင်ခြင်း နန်းတော်နှင့် တစ်ခြားသော အင်အားစုများထံမှ လူများစွာ ရှေ့တက်လာကြ၏။

ဝူဝမ်နယ်မြေသို့ အင်အားစု တော်တော်များများ ရောက်လာခဲ့ပြီး လူတိုင်းက သတိတကြီး စူးစမ်းလေ့လာနေလျက်ရှိကာ အလျင်စလို မလှုပ်ရှားဝံ့ကြပေ။

ဤနယ်မြေက အလွန်တရာ ကြီးမားလှပြီး မကောင်းဆိုးဝါး မိစ္ဆာများ မကြာခဏ ပေါ်ထွက်လာလေ့ရှိ၏။ ထို့ကြောင့် မည်သူကမှ ပေါ့ပေါ့ဆဆ မလုပ်ဝံ့ကြပေ။

သူတို့သည် လုချန်ရှန်းနှင့် ဆုံတွေ့ခဲ့ရသည့် အကြောင်းကို လူသိရှင်ကြားထုတ်မပြောခဲ့ကြပေ။ သူတို့သည် အခွင့်အလမ်းများကို လက်ဝါးကြီးအုပ်လိုသော ရည်ရယ်ချက်ဖြင့် လမ်းကြောင်းတစ်ချို့တွင် အစောင့်များပင် ချထားခဲ့ကာ တစ်ခြားလူများက ဤနေရာသို့ ချဥ်းကပ်ဝင်ရောက်လာမည်ကို တားဆီးခဲ့ကြ၏။

လှေငယ်များကို မြင်တွေ့လိုက်ရသောအခါတွင် လူတိုင်းက ဝမ်းသာပီတိ ဖြစ်သွားကြသည်။ လှေတစ်စီးကို ယူကာ တာအိုနိယာမကို ဖမ်းယူခြင်းက အံ့ဖွယ်ကောင်းသော အခွင့်အလမ်းတစ်ခုဖြစ်ပြီး အထူးသဖြင့် ဟွာရှုနယ်ပယ် ပညာရှင်များဖြစ်ပြီး ၎င်းက ထိုနယ်ပယ်မှ လူများအတွက် စကားလုံးတို့ဖြင့် ဖော်ပြ၍မရသော အကျိုးကျေးဇူးများ ရှိနေခဲ့သည်။

သို့ရာတွင် လုချန်ရှန်းမှာ ထူးဆန်းသော အချက်တစ်ချက်ကို သတိပြုမိသွားခဲ့သည်။ သူသည် ယခင်က ဤနေရာသို့ ဂိုဏ်းကြီးအများအပြား ရောက်ရှိလာခဲ့သော်လည်း ယနေ့တွင် အနည်းငယ်မျှသာ ရောက်ရှိနေကြောင်းကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

သူ့ထံတွင် ရန်သူအများအပြား မရှိပေ။ ၎င်းက အလွန်တရာ ယုတ္တိမရှိလှပေ။

သို့သော် ထိုလူများ၏ မျက်နှာများပေါ်တွင် ရှိနေသည့် အမူအရာများကို တွေးမိသွားသောအခါတွင် သူအကြမ်းဖျင်း နားလည်သွားခဲ့သည်။ ထိုလူများက သတင်းဖုံးထားကာ သူ၏ ကြွယ်ဝချမ်းသာမှု လမ်းကြောင်းကို ပိတ်ဆို့ထားဖို့များသည်။

“ ကျေးဇူးတင်ပါတယ် စီနီယာ “

စကားသံကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက လက်ဝေ့ရမ်းပြကာ အေးအေးလူလူ တုံ့ပြန်လိုက်၏ “ ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူးကွာ။ မင်းတို့ ရိုးသားတာကြောင့် အဲ့လိုဖြစ်ရတာ “

“ စီနီယာသာ မရှိဘူးဆိုရင် ကျွန်တော်တို့က အဲ့ကိစ္စတွေ အကြောင်းကို ဘယ်လိုလုပ် သိနိုင်မှာလဲဗျ “

“ အဲ့စကားတွေကို ပြောရတာက အဓိပ္ပါယ် မရှိပါဘူးလေ “

လုချန်ရှန်းက စကားပြောလိုစိတ် မရှိတော့သည့်ပုံပင်။

သို့သော် ထိုလူများက အတော်ပင် ကျေးဇူးတင်နေကြသေး၏။

“ အခုချိန်ကနေစပြီးတော့ အရာအားလုံးက မင်းတို့နဲ့ပဲဆိုင်သွားပြီ။ တကယ်လို့ မတော်တဆဖြစ်ရပ်တစ်ခုခု ပေါ်လာမယ်ဆိုရင် အဲ့တာက မင်းတို့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ။ တာအိုနိယာမကို ဖမ်းရတာက နည်းနည်းလေးမှ မလွယ်ဘူး။ ငါပြောဖို့ လိုအပ်တာအားလုံးကို ပြောခဲ့ပြီးပြီ “

လုချန်ရှန်းက လက်နှစ်ဖက်နောက်ပစ်လိုက်ပြီး သူ၏ ကိုယ်ဟန်အနေအထားက အတော်ပင် တည်ငြိမ် နေခဲ့ကာ ဩဝါဒပေးဆုံးမနေသည့်အလား ဖြစ်နေခဲ့၏။ သို့သော် ၎င်းက သတိပေးချက်တစ်ခုလည်း ဖြစ်ပေသည်။

ထိုကဲ့သို့သော ကိစ္စမျိုးများကို ကြိုတင်ရှင်းလင်းထားရမည် ဖြစ်သည်။ ထိုကဲ့သို့သာ မဟုတ်ဘဲ နောက်ပိုင်းတွင် မမျှော်လင့်ထားသော ကိစ္စတစ်ခုခု ဖြစ်လာခဲ့မည်ဆိုပါက သူသည် မည်သည့်ကိစ္စကိုမှ တာဝန်ယူမည် မဟုတ်ပေ။ အကယ်၍ သူတို့က သေဆုံးခြင်း ဒုက္ခိတဖြစ်သွားခြင်း (သို့) ပင်လယ်အတွင်းသို့ မိစ္ဆာတို့၏ ဆွဲခေါ်ခြင်းကို ခံရခြင်း ….. အစရှိသည့် ဖြစ်ရပ်များကို ကြုံတွေ့ခဲ့မည်ဆိုပါက ၎င်းတို့က သူနှင့်မည်သို့မျှသက်ဆိုင်နေလိမ့်မည် မဟုတ်ပေ။

သူက ရိုးရှင်းသော လှေရောင်းသမားလေးတစ်ဦးသာ ဖြစ်ကာ ရောင်းချခဲ့ပြီးသည့်တစ်ပြိုင်နက် ၎င်းတို့က ဝယ်ယူသူ၏ တာဝန်ဝတ္တရားသာ ဖြစ်သွားပေလိမ့်မည်။

အကယ်၍ သူတို့က တာအိုနိယာမများကို ဖမ်းမမိခြင်း(သို့) တစ်ခုခုဖြစ်သွားခြင်းတို့ ဖြစ်လာခဲ့မည်ဆိုပါက ၎င်းမှာ သူတို့၏ကိုယ်ပိုင်ပြဿနာများသာ ဖြစ်နေပေလိမ့်မည်။

“ ကျွန်တော်တို့က နားလည်ပါတယ်။ နောက်ဆက်တွဲအကျိုးဆက်တွေကို ကိုယ့်ဟာကိုယ်ပဲ ခံလိုက်ပါ့မယ် “

“ အင်း “

လုချန်ရှန်းသည် ခေါင်းငြိမ့်ပြလိုက်ပြီး ဘာမှထပ်မပြောတော့ဘဲ အဝေးသို့ ငေးကြည့်နေတော့၏။

သူ့ထံတွင် လှေတစ်ချို့ ရှိနေသေးစဲဖြစ်ပြီး သူသည် ၎င်းတို့အား ထိုလူများ၏ လက်ထဲသို့ မည်ကဲ့သို့ ရောင်းချရမလဲဆိုသည်ကို တွေးတောစဥ်းစားနေတော့သည်။ သူက ၎င်းတို့ကို ခက်ခက်ခဲခဲ ရှာဖွေခဲ့ရသောကြောင့် အလဟာသ အဖြစ်ခံမည် မဟုတ်ပေ။

သူတွေးတောစဥ်းစားနေစဥ် အချိန်မှာပင် ထိုလူများက စိတ်မရှည်သို့ လှေပေါ်တက်ထိုင်ကာ ကြိုတင်ပြင်ဆင်ထားခဲ့သော ငါးမျှားတံများကို ယူဆောင်သွားကာ ပင်လယ်ပြင်သို့ ထွက်ခွာသွားကြသည်။ ဓားဆန္ဒ မရှိသောကြောင့် သူတို့သည် ငါးမျှားကြိုးအဖြစ် သူတို့၏ မှော်စွမ်းအားများကို အသုံးပြုကာ တာအိုနိယာမတို့ကို စတင်၍ ဖမ်းယူနေကြတော့၏။

အရာအားလုံးက သူတို့မှန်းဆထားခဲ့သည့်အတိုင်းသာ လည်ပတ်နေခဲ့သည်။ လှေငယ်များပေါ်တွင် ထိုင်နေကြပြီး ပင်လယ်ရေမျက်နှာပြင်အောက်တွင် ရှိနေသည့် အရိပ်မည်းကြီးများကမူ သူတို့ကို မတိုက်ခိုက်လာခဲ့ဘဲ အနီးအနားတွင် လှည့်ပတ်သွားလာနေကာ မည်သူ့ကိုမျှ မနှောင့်ယှက်ခဲ့ကြပေ။

တာအိုဖမ်းယူခြင်း ပြိုင်ပွဲတစ်ခု စတင်ခဲ့လေပြီ။

လုချန်ရှန်းမှာလည်း စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။ ရိုးသားသော အရောင်းသမားတစ်ဦး ဖြစ်သည့်အလျောက် သူသည် အစွမ်းကုန်ကြိုးစားပေးခဲ့ပြီးပြီ ဖြစ်သည်။ သူတို့က ဖမ်းနိုင် မဖမ်းနိုင်ဆိုသည်မှာ ကံတရားအပေါ်တွင်သာ မူတည်တော့သည်။

အကယ်၍ သူတို့၏ ကံတရားများကသာ ဆိုးရွားနေမည်ဆိုပါက ကိုယ့်ကိုကိုယ်သာ အပြစ်တင်လိုက်သင့်သည်။

ထိုအတွေးများနှင့်အတူ သူသည် ဖြည်းဖြည်းချင်း လှည့်ပြန်သွားကာ ချောက်ကမ်းပါးဆီသို့ ပြန်ရောက်သွားခဲ့၏။ သူပြန်ရောက်လာသည်ကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးက ဘာစကားမှ မပြောလာခဲ့ပေ။ သို့သော် သူက ဇဝေဇဝါ ဖြစ်ကာ နားမလည်နိုင်ဖြစ်နေလျက်ရှိ၏။

ဘယ်လိုနည်းလမ်းမျိုးက ဒီလောက်များတဲ့ ဝိညာဥ်ကျောက်တုံးတွေကို လိမ်ယူနိုင်ရတာလဲဟ။

သူအတွေးနက်နေသည့် အချိန်မှာပင် လုချန်ရှန်းက စကားစပြောလာခဲ့၏ “ ရှောင်ဟေး ကိုယ့်ကိုကိုယ် ပြင်ဆင်ထားတော့။ အဲ့ဒီအခွင့်အလမ်းတွေ အကုန်လုံးကို သိမ်းပြီးသွားတာနဲ့ အိမ်ပြန်ကြမယ် “

“ ဘယ်ဟာတွေလဲ “

“ အဲ့ဟာလေ “

လုချန်ရှန်းက သူ၏လက်ကို မြှောက်ကာ ယင်ယန်သစ်သီးရှိရာ အရပ်သို့ လက်ညှိုးထိုးပြလိုက်သည်။

ရှောင်ဟေးက ဇဝေဇဝါဖြင့် မေးမြန်းနေတော့သည် “ မင်းကြိုးစားခဲ့တာ တစ်နှစ်တောင်ကျော်နေပြီ။ အောင်လည်းမအောင်မြင်ဘဲနဲ့ အခုကျမှ ရတော့မှာလား “

“ မတူတော့ဘူးလေ “

“ ဘာကလဲ “

လုချန်ရှန်းက အေးအေးလူလူ ပြန်ပြောလိုက်သည် “ အရင်တုန်းက ငါတစ်ယောက်တည်းလေ။ အခုက အပေါင်းအဖော်တွေ ရှိလာပြီ။ ဘယ်လိုလုပ် တူညီနေတော့မှာလဲ “

“ အပေါင်းအဖော်လား။ အဲ့လူအုပ်က မင်းနဲ့ ဘာဆိုင်လို့လဲ “

ထိုအချိန်တွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ ငါက အဲ့အခွင့်အလမ်းတွေကို သူတို့ဆီကို ပေးလိုက်ပြီလေ။ သူတို့က ပင်ပင်ပန်းပန်းနဲ့ လာခဲ့ရတာဆိုတော့ လက်ဗလာနဲ့ပြန်သွားလို့ မဖြစ်ဘူးလေ။ ငါက ဧည့်ဝတ်ကျေတာကို နားမလည်တဲ့ လူလို့ထင်နေတာလား “

ရှောင်ဟေး : “ ??? “

ဘာကို ဧည့်ဝတ်ကျေတာတုန်း။ ဒီနေရာက မင်းအိမ်လားဟ။ ရှောင်ဟေးသည် ထိုအကောင်က မည်ကဲ့သို့သော မကောင်းမှုမျိုးကို ကျူးလွန်နေလဲဆိုသည်ကို မမှန်းဆနိုင်ဖြစ်သွားခဲ့သည်။

လုချန်ရှန်းကမူ စကားဆက်ပြောမနေတော့ဘဲ တင်ပျဥ်ခွေထိုင်ချလိုက်သည်။ နောက်တစ်နေ့ နံနက်ခင်းတွင် ခါတိုင်းလိုပင် ကမ်းခြေဘက်သို့ ဦးတည်သွားခဲ့သည်။

လှေငယ် ခုနစ်စီး(သို့) ရှစ်စီးခန့်သည် ပင်လယ်ပြင်အတွင်းတွင် တစ်နေကုန် မျောလွင့်နေခဲ့သည်။ လှေငယ်များပေါ်တွင် ရှိနေသည့် လူများသည် သူတို့၏ ငါးမျှားတံများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားကာ ရေမျက်နှာပြင်အောက်ရှိ လှုပ်ရှားမှုများကို အေးအေးလူလူ စောင့်ကြည့်နေခဲ့ကြသည်။

လုချန်ရှန်းက ဤနယ်မြေအတွင်းသို့ ရောက်လာခဲ့ပြီး သူ၏လက်ဝါးအတွင်းတွင် လှေငယ်တစ်စီး ပေါ်ထွက်လာခဲ့သည်။ သူသည် ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး ငါးမျှားကြိုးကို ထုတ်ယူလိုက်ကာ ခါတိုင်းကဲ့သို့ ငါးမျှားနေတော့၏။

သူက ငါးမျှားခြင်းကို နှစ်သက်လွန်းသဖြင့် ရောက်ရှိလာခဲ့ခြင်း မဟုတ်ပေ။ တာအို နိယာမကို ဖမ်းယူရခြင်းနှင့် အမှတ်အသားတစ်ခု ရယူခြင်းက အစစ်အမှန် အခွင့်အလမ်းတစ်ခု ဖြစ်သည်။ ၎င်းက နောင်အနာဂတ်တွင် ကြီးကြီးမားမား အသုံးဝင်လာလိမ့်မည် ဖြစ်သည်။ အရေးအကြီးဆုံး အရာမှာ ကန်းယွင်ကားချပ်ဖြစ်ပြီး ၎င်းက စကားမပြောနိုင်သော်လည်း လုချန်ရှန်းအား မည်သည့်နေရာတွင် ငါးမျှားရမလဲဆိုသည်ကို အဆက်မပြတ် လမ်းညွှန်ပေးနေခဲ့၏။

သူဤနေရာတွင် ငါးမျှားနေသည်မှာ တစ်နှစ်ပင်ပြည့်တော့မည်ဖြစ်ပြီး သူသည် တာအိုနိယာမ အကုန်လုံးနီးပါးကို ထုတ်ယူနိုင်ခဲ့သည်။

အချိန်များ တိတ်တဆိတ် ကုန်ခမ်းသွားခဲ့ပြီး လုချန်ရှန်း၏ ငါးမျှားတံ လှုပ်ရှားလာခဲ့သည်။ သူက ၎င်းကို ဆွဲတင်လိုက်သည့် အချိန်တွင် ၎င်းတွင် ချိန်းကြိုးတစ်ခု ရစ်ပတ်နေလျက်ရှိ၏။ သူသည် ၎င်းကို ဖြုတ်ယူလိုက်ပြီး ယခင်ကအတိုင်း ဆင်ခြင်သုံးသပ်နေတော့သည်။

အရာအားလုံးကို ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် သူသည် အဆိုပါ ချိန်းကြိုးကို လွှတ်ပေးလိုက်သည်။ ကောင်းကင်ပြင်တစ်ခုလုံး ကြည်လင်သန့်စင်နေလျက်ရှိ၏။ ထိုစဥ် သူသည် ဤနေရာတစ်ခုလုံးကို ဖုံးလွှမ်းနေခဲ့သည့် မြူခိုးများ ပျောက်ကွယ်သွားပြီဆိုသည်ကို သဘောပေါက်သွားခဲ့သည်။

နေရာအနှံ့တွင် အလင်းရောင်ကို မြင်တွေ့နေခဲ့ရပြီး ၎င်းတို့က တစ်ကမ္ဘာလုံးကို လင်းထိန်သွားစေခဲ့၏။ ဤနယ်မြေတစ်ခုလုံးမှာ ယခင်ကကဲ့သို့ အေးစက်မှောင်မိုက်မနေတော့ပေ။

သို့ရာတွင် သူက တာအိုနိယာမကို ဖမ်းမိသွားသည့် မြင်ကွင်းမှာ လူတိုင်းကို မနာလိုအားကျဖြစ်သွားစေခဲ့သည်။

သူတို့က တစ်နေ့လုံး ငါးမျှားနေခဲ့သော်လည်း မည်သည့်အရာကိုမှ မရရှိခဲ့ကြပေ။ ထို့အစား သူတို့က ငါးမျှားကြိုးများကို ဆွဲတင်လိုက်သည့်အချိန်တွင် အနက်ရောင် ပုံရိပ်များက သူတို့၏ ငါးမျှားတံများကို ကိုင်ဆောင်ထားပြီး သူတို့ဆီသို့ တွယ်ကပ်လာရန် ကြိုးပမ်းနေခဲ့ကြသည်။

သူတို့က ၎င်းတို့ကို ချေမှုန်းကာ ငြိမ်သက်နေသည့် နိယာမကို ဖမ်းယူရန်အတော်ပင် အခက်တွေ့နေခဲ့ရပြီး ၎င်းက လုချန်ရှန်း၏ လုပ်ဆောင်မှုကဲ့သို့ ရိုးရှင်းမနေခဲ့ပေ။

၎င်းကို တွေးမိသွားသောအခါတွင် သူတို့က မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလာကြသည် “ စီနီယာ ဒီမှာ ငါးမျှားနေခဲ့တာ ဘယ်လောက်ကြာပြီလဲဗျ “

“ ငါမမှတ်မိတော့ဘူး “ ဟု လုချန်ရှန်းက ဖြည်းဖြည်းချင်း တုံ့ပြန်လိုက်၏။

“ အဲ့တာဆိုရင် ကျွန်တော်တို့က ဘယ်လိုမိအောင် ဖမ်းရမလဲဗျ “ တစ်ခြားလူများကပါ မေးမြန်းလာကြသည်။

လုချန်ရှန်းသည် သူတို့၏ ဆိုလိုရင်းကို သိနေခဲ့ကာ သူတို့ကို ငေးကြည့်လိုက်သည်။

သူသည် တွန့်တိုမနေဘဲ ဖြည်းဖြည်းချင်း ပြန်ပြောလိုက်သည် “ ငါးမျှားတာကလည်း ကျင့်ကြံရေး နည်းလမ်းတစ်မျိုးပဲလေ။ စိတ်မရှည်ဘူး တည်ငြိမ်တဲ့ နှလုံးသားမျိုး မရှိဘူးဆိုရင် လူတစ်ယောက်က မဟာတာအိုကို ဘယ်လိုလုပ် မြင်နိုင်တော့မှာလဲ “

သူ့ဘေးနားတွင် ရှိနေသည့် လူများသည် ထိုစကားကို ကြားလိုက်ရသောအခါတွင် ၎င်းက ယုတ္တိရှိသည်ဟု ထင်သွားကြသည်။ သို့သော် ဂရုတစိုက် တွေးတောစဥ်းစားပြီးသည့်နောက်တွင်မူ သူတို့သည် သူက သူတို့ကို ဘာမှမပြောပြခဲ့ဘူးဟုသာ ခံစားသွားကြရ၏။

လုချန်ရှန်းသည် သူတို့ကို ငေးကြည့်နေရင်းဖြင့် အေးအေးလူလူ တုံ့ပြန်လိုက်သည် “ ဒီကိစ္စက ညတွင်းချင်း အောင်မြင်သွားမဲ့ ကိစ္စမျိုး မဟုတ်ဘူး။ လူငယ်လေးတွေ မင်းတို့ စိတ်နှလုံးသားကို ကြည်လင်နေအောင် လုပ်ထားဖို့ လိုအပ်တယ်။ မင်းတို့ လိုချင်ကြတာက အခွင့်အလမ်းလေးပဲလေ။ ဒီနေရာမှာက အချိန်ဖြုန်းနေဖို့ မလိုပါဘူး။ ကုန်းပေါ်မှာ သွားရှာကြလို့ ရတယ်။ အဲ့မှာက အခွင့်အလမ်းတွေ သိပ်မနည်းလှဘူး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် တစ်ခြားလူများ၏ အမူအရာများ ပြောင်းလဲသွားကာ လုချန်ရှန်းထံသို့ အကြည့်ပေါင်းများစွာ ရောက်ရှိလာခဲ့၏။

---

…………………………………………………………………………………………………………………………………………

All Chapters