← Chapters

အခန်း ၂၄၄

Vol. 17 Ch. 244

အခန်း ၂၄၄

Vol. 17 Ch. 244

အပိုင်း ( 244 )

ငါလက်မခံဘူး

မွန်းစတားများ တိုက်ခိုက်လာခဲ့ကာ အရပ်မျက်နှာရှစ်ခုစလုံးကို ဖရိုဖရဲ ဖြစ်သွားစေခဲ့၏။

လူတိုင်းသည် ကြောက်မက်ဖွယ်ရာ ရန်သူတစ်ဦးကို ရင်ဆိုင်နေရသကဲ့သို့ တည်ကြည်လေးနက်သော အကြည့်များဖြင့် ‌စောင့်ကြည့်နေကြသည်။

၎င်းတို့ကို အလွယ်တကူ နှိမ်နင်းနိုင်ရန် ခက်ခဲလှကာ သွေးစွန်းသော တိုက်ပွဲတစ်ခု မလွဲမသွေဖြစ်ပေါ်လာလိမ့်မည် ဖြစ်ပြီး ကြေကွဲဖွယ်ကောင်းသော ရလဒ်တစ်ခုကို ပေါ်ထွက်လာပေလိမ့်မည်။

မှော်ပစ္စည်း အမျိုးမျိုးကို ယူဆောင်လာခဲ့မည်ဆိုလျှင်တောင်မှ အသေအပျောက်များကို မည်သို့မျှ ရှောင်ရှားနိုင်လိမ့်မည် မဟုတ်ပေ။

လူတိုင်းက ထိုကဲ့သို့ ခံစားနေကြရ၏။

သို့ရာတွင် သူတို့က သေသည်အထိ ယှဥ်ပြိုင်ရင်ဆိုင်ရန် ပြင်လိုက်သည့် အချိန်မှာပင် ကြောက်မက်ဖွယ်ရာ အသံတစ်သံ ရုတ်တရက် ပေါက်ထွက်လာခဲ့ပြီး လူတိုင်း၏ စိတ်နှလုံးသားများကို တုန်ရင်သွားစေခဲ့သည်။

“ ပြန်ဆုတ်ကြ “

စကားလုံးတစ်လုံးတည်းသာဖြစ်နေခဲ့သော်လည်း ၎င်းက ခေါင်းလောင်းသံထပ်ပင် ပိုမိုကျယ်လောင်နေခဲ့၏။

ချက်ချင်းဆိုသလိုပင် လူတိုင်း၏အကြည့်များက အဝေးသို့ ရောက်ရှိသွားကာ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်း ချဥ်းကပ်လာသည်ကို မြင်တွေ့သွားကြသည်။ ၎င်းက အံ့ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုနှင့်အတူ အရှေ့သို့ တစ်လှမ်းချင်းလျှောက်လှမ်းလာခဲ့၏။

မွန်းစတားများက အဆိုပါ ပုံရိပ်ကို မြင်တွေ့သွားသောအခါတွင် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော မျက်နှာများပေါ်တွင် အကြောက်တရားများ ပေါ်ထွက်လာခဲ့ကာ ၎င်းတို့၏ လှုပ်ရှားမှုအားလုံး ရပ်တန့်သွားခဲ့သည်။

လုချန်ရှန်းက ပိုမိုနီးကပ်လာသည်နှင့်အမျှ ၎င်းတို့က အလိုအလျောက် နောက်ဆုတ်သွားကြပြီး ၎င်းတို့၏ ကြောက်ရွံ့မှုများက အမှန်တကယ် စစ်မှန်နေခဲ့၏။ ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ၎င်းတို့က နောက်လှည့်ပြေးသွားကြကာ ဘက်ပေါင်းစုံသို့ လျင်မြန်စွာ ပြန့်ကျဲသွားခဲ့သည်။

“ အဲ့တာက ……… “

လူတိုင်းသည် ထိုဖြစ်ရပ်ကို ကိုယ်တိုင်မြင်တွေ့နေခဲ့ရပြီး အမူအရာများ သိသိသာသာ ပြောင်းလဲသွားကာ မယုံကြည်နိုင် ဖြစ်နေသော မျက်နှာထားတို့ဖြင့် လုချန်ရှန်းကို ငေးကြည့်နေကြတော့၏။

လူတိုင်းက ကျားများပမာ ကြောက်လန့်နေခဲ့သည့် မွန်းစတားများက သူ့ကို မြင်လိုက်ရသောအခါတွင် နောက်ပြန်လှည့်ကာ ထွက်ပြေးသွားခဲ့ကြသည်။ အဲ့တာက ဘယ်လိုစွမ်းအားမျိုးလဲဟ။

သို့ရာတွင် လုချန်ရှန်း၏ အေးဆေးတည်ငြိမ်မှုမှာ သူက အထက်ပုဂ္ဂိုလ်တစ်ဦးအလား ဖြစ်နေခဲ့ကာ မည်သည့်စိတ်ခံစားချက်မှ ရှိမနေခဲ့ပေ။

အားလုံး၏ အကြည့်များအောက်မှာပင် သူသည် တောင်ခြေသို့ တစ်လှမ်းချင်းလျှောက်လှမ်းလာခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း မြောက်ကြွလာခဲ့ကာ တောင်ထိပ်ပေါ်သို့ တက်လှမ်းလာခဲ့၏။ သစ်သီးပင်အရှေ့သို့ ရောက်လာခဲ့သည့် အချိန်တွင် သူသည် သစ်သီးများကို တစ်လုံးပြီးတစ်လုံး ခူးဆွတ်နေတော့သည်။

သူက ၎င်းတို့အားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်မှသာလျှင် လူအုပ်ကြီးက သတိပြန်ဝင်လာခဲ့၏။

“ ခုနက ဘာဖြစ်သွားတာလဲဟ “

“ အဲ့ဒီစီနီယာက ဘယ်လိုနယ်ပယ်မျိုးကို ရောက်နေတာလဲဟ။ အဲ့ဒီမိစ္ဆာတွေကို တကယ်ကြီး နောက်ဆုတ်သွားစေခဲ့တယ်ပေါ့။ သူက နတ်တာအိုကို ရောက်နေတာများလား “

“ အဲ့ဒီ မကောင်းဆိုးဝါးကောင်တွေကပါ သူ့ကို ကြောက်ကြတယ်။ သူတို့က လုံးဝကြောက်နေကြတဲ့ပုံပဲဟ “

“ … “

ဘက်ပေါင်းစုံတွင် ဆွေးနွေးပြောဆိုမှုများ ပွက်ပွက်ညံနေခဲ့သည်။ မြင့်မြတ်နယ်မြေမှ လူများကပင် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို တစ်ကြိမ်တစ်ခါမှ မမြင်ခဲ့ဖူးချေ။ တစ်ခြားလူများက သေသည်အထိ တိုက်ခိုက်ရမည့် အရာများကို ထိုလူက ကိုယ်ထင်ပြရုံနှင့်တင် ဖြေရှင်းနိုင်ခဲ့၏။

လုချန်ရှန်းက အကြည့်ပေါင်းများစွာကို အေးအေးလူလူ ရင်ဆိုင်ရင်းဖြင့် လက်နောက်ပစ်ထားသော ဟန်အမူအရာဖြင့် ချောက်ကမ်းပါးထက်မှ ဆင်းသက်လာခဲ့ကာ အဝေးသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားတော့သည်။

မလှုပ်ရှားရသေးခင် အချိန်တွင် သူသည် ထိုလူတို့အား အခြေအနေ အရပ်ရပ်ကို ရှင်းပြပေးခဲ့ပြီးပြီဖြစ်ကာ ကြိုးစားခွင့်တစ်ကြိမ်ပင် ပေးအပ်ခဲ့လေသည်။ အကယ်၍ သူတို့ကသာ ၎င်းတို့ကို အရမယူနိုင်ဘူးဆိုပါက ၎င်းတို့က သူ၏ပိုင်ဆိုင်မှုများသာ ဖြစ်လာပေလိမ့်မည်။

သူသည် တတ်နိုင်သမျှ အကောင်းဆုံး ကြိုးစားပေးခဲ့လေသည်။ သူကဲ့သို့ တစ်ခြားလူများကို ဦးစားပေးကာ မိမိ၏ အခွင့်အလမ်းကို ထိုလူများထံသို့ မည်သူက လွှဲပြောင်းပေးနိုင်မည်နည်း။ မည်သည့်ရှုထောင့်မှ ကြည့်ကြည့် သူက စေတနာ သဒ္ဒါတရားအကောင်းဆုံး အလှူရှင်တစ်ဦး ဖြစ်ပေသည်။

ထိုလူများက အခွင့်အရေးကို အမိမဖမ်းနိုင်ခဲ့သည်မှာ နှမြောဖွယ်ကောင်းလှသည်။

လူတိုင်း၏ စိတ်နှလုံးသားများ လှုပ်ခတ်သွားခဲ့ပြီ ရှောင်းရန်၏ မျက်ဝန်းများအတွင်းမှာပင် အံ့ဩတုန်လှုပ်နေသည့် အရိပ်အငွေ့များ ကိန်းအောင်းနေလျက်ရှိ၏။ သူကိုယ်တိုင်ကပင် ထိုကဲ့သို့သော မွန်းစတား အများအပြားနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ခွန်အားကို အကုန်အစင် ထုတ်သုံးကာ အဆုံးထိ တိုက်ခိုက်မည်ဆိုလျှင်တောင်မှ ၎င်းတို့ကို မည်သို့မျှ အပြတ်ရှင်းနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် ထိုလူကမူ တည်ရှိနေရုံဖြင့် အရာအားလုံးကို မောင်းထုတ်နိုင်ခဲ့သည်။ ထိုကဲ့သို့ ပြုလုပ်နိုင်ရန် မည်ကဲ့သို့သော နယ်ပယ်မျိုးအထိ ရောက်ရှိနေရမည်နည်း။

ယခင်က ခန့်မှန်ချက်များနှင့် သံသယအားလုံးက ချက်ချင်းပြိုကွဲသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူတို့က ထိုပုဂ္ဂိုလ်က မည်သည့်နေရာမှ လာလဲဆိုသည်နှင့် သူက မည်ကဲ့သို့သော တည်ရှိမှုမျိုးလဲဆိုသည်ကို မသိဘူးဆိုလျှင်တောင်မှ သူတို့က သူ့ကို မခန့်မှန်းနိုင်သကဲ့သို့ သူ့အကြောင်းသိရရန်အတွက်ပါ မည်သို့မျှ မကြိုးစားဝံ့ကြပေ။

အစောပိုင်း အချိန်များအတွင်းက စုံစမ်းစစ်ဆေးချင်နေသည့် လူတစ်ချို့ကလည်း ထိုအတွေးကို အပြည့်အဝ လက်လျှော့လိုက်ကြပြီ ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးက သူတို့စုံစမ်းနိုင်သည့် လူတစ်ဦး မဟုတ်ပေ။ ထိုပုဂ္ဂိုလ်၏ ဒေါသကို မြင့်မြတ်နယ်မြေတစ်ခုကပင် တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ထိုအချိန်၌ သူတို့ထံတွင် မကောင်းသော မည်သည့်ရည်ရွယ်ချက်မျိုးမှ ရှိမနေတော့ပေ။ သူတို့က အဆိုပါ မွန်စတားတစ်အုပ်ကို အနိုင်မယူနိုင်ခဲ့ပေ။ သို့သော် ၎င်းတို့က ကြောက်လန့်တကြား ထွက်ပြေးသွားကြပြီ ဖြစ်သည်။ အကယ်၍ သူတို့ကသာ ၎င်းတို့အနောက်သို့ လိုက်သွားမည်ဆိုပါက ၎င်းက ကိုယ့်ကိုကိုယ် သတ်သေခြင်းသာလျှင် ဖြစ်နေပေလိမ့်မည်။

“ စီနီယာ ……… “

ရှောင်းရန်၏ အသံ ပျံ့လွင့်လာခဲ့ကာ သူက တစ်စုံတစ်ခုကို ပြောချင်နေပုံရသည်။

သို့ရာတွင် လုချန်ရှန်းကမူ သူ့ကို လျစ်လျူရှုထားခဲ့ကာ အေးအေးလူလူ လမ်းလျှောက်နေရင်းဖြင့် လူမြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

၎င်းမှာ အေးဆေးတည်ငြိမ်ကာ အကြောက်အရွံ့ကင်းမဲ့သည့် လူတစ်ဦးဖြစ်သည်။ ဘာမှမလုပ်ဆောင်သည့် အချိန်တွင် ကန်ရေပြင်အလား ငြိမ်သက်နေခဲ့ပြီး သူလှုပ်ရှားလာခဲ့သည့် အချိန်၌ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ဖော်ထုတ်ပြသခဲ့၏။

အထူးသဖြင့် အဆိုပါ ဟန်အမူအရာဖြစ်ပြီး လုချန်ရှန်းက ၎င်းကို ပြီးပြည့်စုံစွာ ထိန်းချုပ်ထားခဲ့သည်။

ဤနေရာတွင် တိတ်ဆိတ်မှုကသာ ကြီးစိုးနေခဲ့ပြီး လူအုပ်ကြီးသည် တစ်ဦးကိုတစ်ဦး ငေးကြည့်ကာ ဘာပြောရမှန်းမသိ ဖြစ်နေကြ၏။

အချိန်များ ကျော်လွန်သွားခဲ့ကာ သူတို့အားလုံး ပြန်လည်ပြင်ဆင်နေကြတော့သည်။ ဤတစ်ကြိမ်တွင်မူ အပြည့်အဝ ပြင်ဆင်ရန် အချိန်ပိုရခဲ့ကာ တောင်ကြားလျှိုမြောင်အတွင်းသို့ ရောက်ရှိလာကြ၏။

ထိုနေရာတွင် မျိုးစေ့တစ်ခုရှိနေခဲ့ပြီး ၎င်းက မည်သည့်အရာလဲဆိုသည်ကို မသိရပေ။ သို့သော် ကြွေကျနေသည့် သစ်ရွက်များကပင် တာအိုအငွေ့အသက်တို့ဖြင့် ရောထွေးတောက်ပနေလျက်ရှိပြီး ၎င်းက အလွန်တရာ ထူးခြားသည်ဟု သက်သေပြုနေခဲ့၏။

ဤတစ်ကြိမ်တွင် ပိုမိုများပြားသော လူများ ရောက်ရှိလာခဲ့သည်။ သူတို့က စွမ်းအားများကို အဆက်မပြတ် လှုံ့ဆော်နေလျက်ရှိပြီး မှော်ပစ္စည်းများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့ကာ အောက်ဘက်သို့ အဆက်မပြတ် ဖိချလိုက်ပြီး ဟင်းလင်းပြင်အတွင်းတွင် ကြောက်မက်ဖွယ်ရာ အသံများကိုသာ ချန်ရစ်ထားခဲ့သည်။

သို့ရာတွင် ရှောင်ဟေးမှာလည်း တအံ့တဩ ဖြစ်သွားခဲ့သည်။ လုချန်ရှန်းက ယင်ယန်သစ်သီးများကို ယူဆောင်လာသည်ကို မြင်လိုက်ရသောအခါတွင် သူလုံးဝမှင်သက်သွားခဲ့သည်။

သူတကယ် လုပ်နိုင်ခဲ့တာပဲဟ

တစ်ဖက်တွင် ရှိနေသည့် လူအုပ်ကြီးကမူ တောင်ကြားလျှိုမြောင်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြ၏။ အကာအကွယ်စွမ်းအား ကျိုးပျက်သွားသည်နှင့်တစ်ပြိုင်နက် မကောင်းဆိုးဝါးများ တစ်ဖန်ပြန်၍ ပေါ်ထွက်လာခဲ့ပြီး အရူးအမူး သတ်ဖြတ်ကာ သွေးစွန်းသော တိုက်ပွဲတစ်ခုကို စတင်လိုက်ကြ၏။

ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့သော်လည်း ထိုလူများက မည်သို့မျှ မယှဥ်နိုင်ခဲ့ကြပေ။ မကောင်းဆိုးဝါးများ အလွန်တရာ များပြားနေခဲ့ကာ ၎င်းတို့အားလုံးမှာ အတော်ပင် အစွမ်းထက်လွန်းနေခဲ့သည်။

အဆုံးတွင် လုချန်ရှန်းက တောင်ကြားလျှိုမြောင်အတွင်းသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းသွား၏။ မွန်းစတားများကို မောင်းထုတ်၍ မျိုးစေ့ကို ကောက်ယူကာ ကြွေကျနေသည့် သစ်ရွက်များကိုပါ သူ၏အိတ်အတွင်းသို့ ထည့်လိုက်သည်။

ထို့နောက်တွင် သူသည် ဖြည်းဖြည်းချင်း ပြန်ထွက်သွားခဲ့သည်။

အရာအားလုံးက ချောချောမွေ့မွေ့ စီးဆင်းနေကာ ထူးထူးခြားခြား အဆင်ပြေနေခဲ့၏။

မြင့်မြတ်နယ်မြေသည် ကူရာကယ်ရာမဲ့စွာဖြင့် စောင့်ကြည့်နေကြသော်လည်း သူတို့ထံတွင် မည်သည့်ဖြေရှင်းနည်းမှ ရှိမနေခဲ့ပေ။ သူတို့က ၎င်းကို အရမယူနိုင်ကြသော်လည်း လျှို့ဝှက်ဆန်းကြယ်သော ထိုအဘိုးအိုအပေါ်သို့ မကောင်းသော မည်သည့်ရည်ရွယ်ချက်ကိုမှ မထားဝံ့ကြပေ။

လုချန်ရှန်းက အဆိုပါ ပစ္စည်းများကို ယူဆောင်သွားခဲ့သော်လည်း မွန်းစတားများကို ထွက်ပြေးသွားစေကာ သူတို့ကို နှစ်ကြိမ်တိတိ ကယ်တင်ခဲ့လေသည်။

သူတို့က အဘိုးအိုကို ထူးထူးခြားခြား ကျေးဇူးမတင်ကြသော်လည်း အလွန်တရာ ရိုသေလေးစားကြသည်။

တစ်ချိန်တည်းမှာပင် လုချန်ရှန်းက ချောက်ကမ်းပါးဆီသို့ ပြန်ရောက်လာခဲ့၏။ မျိုးစေ့နှင့် သစ်သီးများကို ရရှိခဲ့သောကြောင့် သူ၏စိတ်အခြေအနေမှာ အတော်ပင် ကောင်းမွန်နေခဲ့သည်။

ရှောင်ဟေးမှာလည်း ယခင်က လုချန်ရှန်း၏ စကားများက မည်သည့်အရာကို ဆိုလိုနေလဲဆိုသည်ကို နားလည်သွားခဲ့သည်။

သူက အခွင့်အလမ်းကို မျှဝေပေးကာ ထိုလူများကို အရင်ဝင်ခွင့်ပေးခဲ့သည်ဟု ပြောဆိုခဲ့၏။ သို့သော် အကာအကွယ်စွမ်းအား၏ အနောက်ဘက်တွင် မွန်းစတားများ ရှိနေခဲ့ပြီး ၎င်းတို့က သူ့ကို ကြောက်ရွံ့ကြသော်လည်း သူက အဆိုပါ စွမ်းအားကို မထိုးဖောက်နိုင်ခဲ့ပေ။ ထို့ကြောင့် တစ်ခြားလူများက အကာအကွယ်စွမ်းအားကို ဖြိုခွင်းကာ မွန်းစတားများကို အနိုင်မယူနိုင်သည့် အချိန်တွင် သူဝင်ပါနေခဲ့၏။

၎င်းက ကောင်းမွန်ပုံရသော်လည်း ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက သူက ထိုလူများကို အသုံးချကာ အခွင့်ကောင်းယူနေခဲ့ခြင်းပင် ဖြစ်သည်။ သို့တိုင်အောင် ထိုလူများက သူ့ကို ကျေးဇူးတင်ကာ ရိုသေလေးစားနေသေး၏။

တစ်ခြားလူများက အလုပ်လုပ်ခဲ့ကာ သူက အကျိုးအမြတ်အားလုံးကို ရိတ်သိမ်းခဲ့သည်။

ရှောင်ဟေးမှာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ ဒီကောင်က တကယ်ကြောက်စရာကောင်းတာပဲ။ တစ်ခြားသူများနှင့် ရန်ငြိုးဖွဲ့မိမည်ဆိုပါက သေရုံသာ သေသွားမည်ဖြစ်ပြီး၊ ဤအကောင်နှင့် ရန်ငြိုးဖွဲ့မိပါက သေခြင်းတရားထပ် ပိုဆိုးသည့်အရာကို ရင်ဆိုင်ရမည် ဖြစ်သည်။

ရှောင်ဟေးသည် ထိုလူများကသာ အမှန်တရားကို သိသွားမည်ဆိုပါက သူတို့၏ စိတ်ဓာတ်များက မည်မျှကျိုးပဲ့ပျက်စီးသွားမလဲဆိုသည်ကိုပင် မမှန်းဆနိုင်ဖြစ်သွားခဲ့သည်။

သို့ရာတွင် လုချန်ရှန်းကမူ ထိုကဲ့သို့သော အသေးစိတ်လေးများကို မည်သို့မျှဂရုစိုက်မနေခဲ့ပေ။ သူ၏အမြင်တွင်မူ ထိုလူများက အပြင်ဘက်တွင် သူ့ကို ထောင်ချောက်ဆင်ဖမ်းရန် စောင့်ဆိုင်းနေသည့် လူများသာ ဖြစ်ပေသည်။

အကယ်၍ သူကသာ ဤနေရာသို့ ကြိုရောက်မနေဘူးဆိုပါက သူက အန္တရာယ်တွင်းသို့ ကျဆင်းသွားရလိမ့်မည် မဟုတ်လော။ တစ်ခုခုမှားယွင်းသွားပါက သူ၏အသက်ကိုပင် ဆုံးရှုံးသွားနိုင်ပေသည်။

သို့တိုင်အောင် သူက ထိုလူများကို ကြင်နာစွာ ဆက်ဆံပေးခဲ့သည်။ တစ်ခြားလူများက သူ့ကို အန္တရာယ်ပေးချင်နေကြသော်လည်း သူသည် ကရုဏာတရားကို လက်ကိုင်ထားစဲဖြစ်ပြီး သူတို့ကို နှစ်ကြိမ်တိတိ ကယ်တင်ပေးခဲ့သည်။ ထိုကဲ့သို့သော သူတော်ကောင်းမျိုးကို မည်သည့်နေရာတွင် ရှာဖွေနိုင်မည်နည်း။

အစတွင် လုချန်ရှန်းမှာ အရာအားလုံးကိုရရှိခဲ့ပြီးသည့်နောက်တွင် အိမ်ပြန်ရန် စီစဥ်ထားခဲ့သည်။ သို့သော် ယနေ့တွင်မူ သူ၏ စိတ်နှလုံးသားက ရုတ်တရက် တုန်ရင်သွားကာ သူ၏ စိတ်အတွင်းတွင် ဆိုးရွားသော ခံစားချက်တစ်ခု လှိုက်တက်လာခဲ့၏။

အဝေးရှိ ပင်လယ်ပြင်တွင် အနက်ရောင်မြူခိုးတစ်ခု ပေါ်ထွက်လာခဲ့ကာ ၎င်းနှင့်အတူ အလွန်တရာ အားကောင်းသော ဖိနှိပ်မှုစွမ်းအားတစ်ခုပါ အဖော်ပြုလိုက်ပါလာခဲ့သည်။

သူတစ်ဦးတည်းသာလျှင် မဟုတ်ဘဲ ရှောင်ဟေးနှင့် ဟွာရှုနယ်ပယ် ပညာရှင်များကပါ ၎င်းကို အာရုံခံမိသွားကြသည်။ အထူးသဖြင့် ကန်းယွင်ကားချပ်ဖြစ်ပြီး ၎င်းမှာ သတိပေးနေသည့်အလား အနည်းငယ် လှုပ်ရမ်းသွားခဲ့သည်။

၎င်းက ဘာပြောနေလဲဆိုသည်ကို သူမသိသော်လည်း ၎င်းမှာ အမှောင်ထု ဆင်းသက်လာတော့မည့် အလား ဖြစ်နေခဲ့ကာ ဆိုးရွားသော ဖြစ်ရပ်တစ်ခုခု ပေါ်ထွက်လာမည်ဆိုသည့် အတွေးအား မသိစိတ်အတွင်းသို့ စိမ့်ဝင်သွားစေခဲ့၏။

တစ်ခဏခန့် တိတ်ဆိတ်ငြိမ်သက်နေခဲ့ပြီးသည့်နောက်တွင် ရှောင်ဟေးက စကားစပြောလာခဲ့၏ “ ငါတို့ သွားသင့်ပြီ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ မျက်မှောင်ကြုတ်ကြုတ်ဖြစ်သွားခဲ့သည်။

ငါတို့က သွားရတော့မှာလား။ နတ်ဆေးတွေကရော။ နောက်ကျမှ ပေါ်လာမဲ့ အခွင့်အလမ်းတွေကရော။

ငါသဘောမတူဘူးကွာ။

---

………………………………………………………………………………………………………………………………………..

All Chapters