← Chapters

အခန်း ၂၄၅

Vol. 17 Ch. 245

အခန်း ၂၄၅

Vol. 17 Ch. 245

အပိုင်း ( 245 )

သူဘာဖြစ်သွားတာလဲ။ သူနေမကောင်းဘူးလားဟ

ချောက်ကမ်းပါးထက်တွင် လုချန်ရှန်းမှာ အဝေးသို့ ငေးကြည့်ကာ တွေဝေတုံ့ဆိုင်းနေလျက်ရှိ၏။

သို့ရာတွင် ရှောင်ဟေးကမူ အလွန်တရာ အေးဆေးတည်ငြိမ်နေခဲ့သည်။

“ နောက်လာမဲ့ဟာက မရိုးရှင်းဘူးလို့ ငါခံစားနေရတယ်။ တစ်ခုခုဖြစ်လာတော့မလိုမျိုးပဲ။ မင်းက ငါ့ထပ်ပိုသိသင့်ပါတယ် “

“ ဟူးး “

လုချန်ရှန်းမှာ အသာအယာ သက်ပြင်းချနေတော့၏။ သူ၏စိတ်စွမ်းအားက ထက်မြက်သောကြောင့် သူသည် ၎င်းကို ရှင်းရှင်းလင်းလင်း နားလည်နေခဲ့သည်။

သူသည် အခွင့်အလမ်းများနှင့် ခွဲခွာရန် တွေဝေတုံ့ဆိုင်းနေခဲ့၏။

သို့ရာ၌ နတ်ဆေးနှင့် တစ်ခြားသောအခွင့်အလမ်းများနှင့် ယှဥ်လိုက်မည်ဆိုပါက သူ၏ အသက်ကသာ ပို၍အဖိုးတန်ပေသည်။

သို့သော် သူမထွက်ခင် အချိန်မှာပင် ထိုလူများက မည်သို့မျှ တည်ငြိမ်မနေနိုင်တော့ပေ။

“ စီနီယာ “

လမ်းမထက်တွင် တစ်စုံတစ်ဦးက လုချန်ရှန်း၏ အနားသို့ ချဥ်းကပ်လာခဲ့သည်။

“ အဲ့တာက ဘာကြီးလဲဗျ “

၎င်းက ဟွာရှုနယ်ပယ် ပညာရှင်တစ်ဦးဖြစ်ပြီး သူသည် သူ့အရှေ့တွင် ရှိနေသည့် အဘိုးအိုကို ငေးကြည့်ကာ စကားထပ်ပြောလိုက်သည် “ ကျွန်တော်တို့က အခွင့်အလမ်း သွားရှာကြမလို့ပဲ။ ဒါပင်မဲ့ ………. “

သူ့စကားမဆုံးခင် အချိန်မှာပင် လုချန်ရှန်းက သူ၏ ဆိုလိုရင်းကို နားလည်နေခဲ့ပြီဖြစ်သည်။ ထိုလူများက သူ့ကို ထိချင်နေကြခြင်းဖြစ်သည်။

“ လူတစ်ယောက်က သူတို့ရဲ့ ကိုယ်ပိုင်အခွင့်အလမ်းကို ရှာရတယ်။ တကယ်လို့ တစ်ခြားလူတွေက ကြားဝင်စွက်ဖက်လာမယ်ဆိုရင် ကံကြွေးဖြစ်လာလိမ့်မယ် “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်၏။

ထိုလူ၏ မျက်နှာပေါ်တွင် အခက်တွေ့နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည်။

လုချန်ရှန်းက စကားဆက်ပြောနေတော့သည် “ မင်းတို့က ဘာကိုမှ တွေးပူနေဖို့ မလိုပါဘူး။ အဲ့ဒီပစ္စည်းနှစ်ခုကလွဲပြီးတော့ တစ်ခြားအခွင့်အလမ်းတွေကို ဘာကိုမှ တွေးပူနေဖို့ မလိုဘဲ အကြိမ်ကြိမ်အခါခါ ကြိုးစားကြည့်လို့ရတယ် “

“ တကယ်လားဗျ “

ထိုလူ၏မျက်နှာမှာ ပျော်ရွှင်မှုတို့ဖြင့် တောက်ပသွားခဲ့သည်။

အကယ်၍ အခွင့်အရေးတစ်ခုထပ် ပိုရှိနေမည်ဆိုပါက သူတို့က ၎င်းကို ရယူနိုင်ပေသည်။ လူတိုင်း တစ်ပြိုင်နက် ထွက်သွားခြင်းကသာလျှင် ခက်ခဲနေခဲ့ခြင်းဖြစ်သည်။ အရှေ့ဘက်ရှိ လမ်းကြောင်းကို ဖွင့်လှစ်ရခြင်းကပင် ကြိုးစားအားထုတ်မှုများစွာနှင့် နည်လမ်းအမျိုးမျိုးကို ကုန်ခမ်းသွားစေခဲ့ပြီဖြစ်ပြီး အဆိုပါ မွန်းစတားများကို ဆက်လက်၍ ကိုင်တွယ်ရမည်ဆိုပါက ဒုက္ခလှလှတွေ့သွားရလိမ့်မည် ဖြစ်သည်။

သို့သော် အကယ်၍ သူတို့ကသာ အဆက်မပြတ် ကြိုးစားအားထုတ်၍ တဖြည်းဖြည်း တိုးတက်လာမည်ဆိုပါက အခြေအနေက ကွဲပြားသွားလိမ့်မည် ဖြစ်သည်။

ချက်ချင်းဆိုသလိုပင် ထိုလူသည် တစ်ခြားလူများကို ဝမ်းသာအားရ သတင်းသွားပေးနေတော့သည်။

ထိုစဥ် လုချန်ရှန်းမှာ ရှောင်ဟေးကို ခေါ်ဆောင်သွားခဲ့သည်။ လှေငယ်တစ်စင်း ဖြစ်တည်လာကာ လူနှစ်ဦးကို သယ်ဆောင်၍ ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့သည်။

ထိုအခိုက်အတန့်တွင် လမ်းကြောင်းပေါ်လာခဲ့ကာ မိုးပြတိုက်သဖွယ်ထင်ရှားနေခဲ့ပြီဖြစ်သောကြောင့် သူသည် သူ၏မူလအသွင်အပြင်ကို ပြန်လည်ပြောင်းလဲလိုက်၏။

သူတို့ထံတွင် လှေတစ်စင်းရှိပြီးသားဖြစ်ပြီး လမ်းမပျောက်စေရန်အတွက် ဦးတည်ချက်တစ်ခုရှိနေရုံနှင့်တင် လုံလောက်နေပြီ ဖြစ်သည်။

ကျန်ရှိနေသည့် အခွင့်အလမ်းများအတွက်မူ သူက တစ်ခြားလူများအတွက် ချန်ပေးထားလိုက်ပြီဖြစ်ပြီး သူက ၎င်းတို့အတွက် ဆက်လက်ယှဥ်ပြိုင်တော့မည် မဟုတ်ပေ။

မကြာခင်အချိန်မှာပင် သူတို့၏ အမြင်အာရုံအတွင်းသို့ မြောက်ပိုင်းဒေသ၏ ရှုခင်းများ ဝင်ရောက်လာခဲ့သည်။ သူတို့၏ မျက်ဝန်းများအတွင်းတွင် တောင်တန်းများနှင့် မြေပြင်တို့ ပေါ်လာခဲ့ပြီး သူတို့က မြောက်ပိုင်းဒေသသို့ မရောက်ဖူးကြသော်လည်း ရင်းနှီးမှုစိတ်ခံစားချက်တစ်ခုက သူတို့နှစ်ဦးကို ဖုံးလွှမ်းလာခဲ့သည်။

တစ်နှစ်ကျော်ကြာနေခဲ့ပြီ ဖြစ်ကာ သူ၏ တစ်နှစ်ကျော်ကြာ လူငယ်ဘဝက ထိုကဲ့သို့ပင် အလေအလွင့်ဖြစ်သွားခဲ့သည်။ နေ့အလင်းရောင်ကို ပြန်လည်မြင်တွေ့ရပြီဖြစ်သောကြောင့် သူ၏ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ရန် ခက်ခဲလှပေသည်။ သူသည် သူက မည်မျှများပြားသော အခွင့်အလမ်းများကို လက်လွှတ်ခဲ့ရလဲဆိုသည်ကို မသိပေ။

“ ရှောင်ဟေး မင်းက ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စုရဲ့ လူငယ်ခေါင်းဆောင် ဖြစ်လာတဲ့ အချိန်ကျရင် ငါ့ကို မမေ့နဲ့နော်။ ငါ့အတွက် တကယ်ကို မလွယ်ခဲ့ဘူးကွ “ လုချန်ရှန်းက ညီးတွားပြောဆိုနေခဲ့ကာ သူ၏ပါးစပ်မှ စကားလုံးများ တရစပ် ပေါ်ထွက်လာခဲ့၏။

ရှောင်ဟေးကမူ ပါးစပ်အဟောင်းသားဖြင့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ သို့သော် သူသည် မည်သည့်အရာကိုမှ မငြင်းပယ်ဘဲ အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

အဆုံးတွင် သူတို့နှစ်ဦးစလုံး ကမ်းကပ်နိုင်ခဲ့သည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေလျက်ရှိပြီး အမြင်အာရုံအတွင်းတွင် မည်သည့်သက်ရှိသတ္တဝါမှ ရှိမနေခဲ့ပေ။ သို့သော် အဝေးတစ်နေရာရှိ ကောင်းကင်ယံတွင် ရွှေရောင် နတ်သက်တံ့တစ်စင်း မျောလွင့်နေလျက်ရှိ၏။ အဆိုပါ သက်တံ့တစ်စင်းမှာ ပင်လယ်ပြင်ကို ကျော်ဖြတ်ကာ မြူခိုးများအထိ ဆန့်တန်းနေသည့် နတ်တံတားတစ်စင်းအလား ဖြစ်နေခဲ့သည်။

အဆိုပါ နတ်သက်တံ့မှာ အဆိုပါ လမ်းကြောင်းပင် ဖြစ်သည်။

သူသည် ၎င်းက မည်သည့်အတွက်ကြောင့် မကြာခဏ ပေါ်လာရသလဲဆိုသည်နှင့် ၎င်း၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်လဲဆိုသည်ကို မသိပေ။

“ ရှောင်ဟေး မင်းအရင်သွားလိုက်။ ငါက အဲ့မှာလျှောက်ကြည့်လိုက်ဦးမယ် “ ဟု လုချန်ရှန်းက ရုတ်တရက် စကားပြောလိုက်၏။

ရှောင်ဟေးမှာ ဇဝေဇဝါ ဖြစ်သွားကာ မေးခွန်းပြန်ထုတ်လိုက်သည် “ ကြည့်မှာလား။ ဘာကို ကြည့်မှာလဲ “

“ သူတို့က ငါ့ကို ကိုင်တွယ်ဖို့အတွက် နည်းလမ်းဘယ်နှမျိုးလောက် ပြင်ဆင်ထားထဲဆိုတာနဲ့ သူတို့က ငါ့ကို ဘာလို့ ရုတ်တရက်ကြီး သတ်ချင်နေရတာလဲဆိုတာကို ကြည့်ဖို့ပေါ့ “

စကားပြောခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းမှာ ထိုနေရာဆီသို့ ဦးတည်သွားတော့သည်။

ရှောင်ဟေးမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ သူတို့က မင်းကို သတ်ချင်နေတယ်ဆိုတာ သိနေတာတောင်မှ အဲ့ကို သွားနေသေးတယ်ပေါ့။ အချိန်အတော်ကြာ စိတ်အေးလက်အေး နေခဲ့ရလို့ စိတ်လှုပ်ရှားစရာလေးတွေ ရှာချင်နေတာလားဟ။

သို့ရာတွင် အကယ်၍ သူတို့က လုချန်ရှန်းကို သတ်ချင်သည်ဆိုလျှင်တောင်မှ တိတ်တဆိတ်သာ လှုပ်ရှားကြမည် ဖြစ်သည်။ သူတို့က ကူချန်ကျွင်းကို မည်သို့မျှ ရန်မစဝံ့ကြပေ။ ထို့ကြောင့် လုချန်ရှန်းကို မည်သူကမှ ပေါ်ပေါ်တင်တင် မထိရဲကြချေ။

ထို့နောက်တွင် ရှောင်ဟေးကပါ လိုက်သွားခဲ့သည်။

တစ်ခဏအကြာတွင် သူတို့က ထိုနေရာအနားသို့ ရောက်ရှိသွားခဲ့သည်။ လုချန်ရှန်း၏ အကြည့်က ၎င်းကို လွှမ်းမိုးသွားခဲ့သည်။ အရာအားလုံးက ပုံမှန်အတိုင်းသာ ဖြစ်နေပုံရသော်လည်း ကန်းယွင်ကားချပ်ကို အသက်သွင်းလိုက်သည့် အချိန်တွင် ထူးဆန်းသော မှော်ပစ္စည်းတစ်ခု၏ စွမ်းအင်လှိုင်း ဖြစ်တည်လာခဲ့၏။

ကောင်းကင်ထက်တွင် ရှေးဟောင်းကြေးမှန်တစ်ချပ် မျောလွင့်နေခဲ့သည်။ ၎င်း၏ အလင်းရောင်က နတ်တံတားပေါ်သို့ တက်လှမ်းမည့် နေရာတစ်ခုလုံးကို လင်းထိန်သွားစေခဲ့သည်။

သူသည် ထိုမှန်ကို ယခင်က မြင်ခဲ့ဖူးသည်။ တစ်စုံတစ်ဦးက သက်ရှိများကို ရှာဖွေရန် ပစ်မှတ်၏ ချီစွမ်းအင်အစအန တစ်ခုကို မှတ်သားထားကာ အာရုံခံရန်အတွက် ၎င်းကို အသုံးပြုခြင်းဖြစ်သည်။ ၎င်းက ထျန်းကျီစံအိမ်၏ အလုပ်ဖြစ်သည်။

ထို့အပြင် အနီးအနားတွင် ပုတီးစေ့တစ်လုံးပါ မျောလွင့်နေလျက်ပြီး ထိုနေရာရှိ ဟင်းလင်းပြင်ကို ကန့်သတ်ထားကာ လူများက ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ထိုနေရာကို ဖြတ်ကျော်သွားခြင်းမှ ကာကွယ်တားဆီးနေလျက်ရှိ၏။ အကယ်၍ တစ်စုံတစ်ဦးကသာ ထိုကဲ့သို့ လုပ်ခဲ့မည်ဆိုပါက စွမ်းအင်လှိုင်းတစ်ခု သေချာပေါက် ပေါ်ထွက်လာကာ လူတိုင်းက ၎င်းကို အာရုံခံမိသွားမည် ဖြစ်သည်။

ပတ်ဝန်းကျင်ကို အဆက်မပြတ် စူးစမ်းလေ့လာနေသည့် အစီအရင် ကားချပ်များနှင့် အစွမ်းထက် ပညာရှင်များပါ ရှိနေခဲ့၏။ လူတစ်ဦးကို မဆိုထားနှင့် ယင်ကောင်တစ်ကောင်ကပင် ဤနေရာမှ ဖြတ်သွားနိုင်မည် မဟုတ်ဘဲ အထီးအမပင် ခွဲခြားခံလိုက်ရမည် ဖြစ်သည်။

သူတို့သည် ပင်လယ်ပြင်ကို မည်သို့မျှ အာရုံမစိုက်ထားကြပေ။ ပင်လယ်ပြင် ဧရိယာ အနောက်ဘက်တွင် ကြောက်မက်ဖွယ်ရာများ တည်ရှိနေသေး၏။ သူတို့၏ အမြင်တွင် ၎င်းက မဖြစ်မနေလိုအပ်သည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

( သက်တံ့ကို ပြောတာပါ )

၎င်းတို့သာလျှင် မဟုတ်ဘဲ ဝူဝမ်နယ်မြေ၏ ဆွဲဆောင်မှုကို ခံလိုက်ရသည့် အင်အားစု တော်တော်များများပါ ဤနေရာသို့ ရောက်ရှိနေခဲ့သည်။

လုချန်ရှန်းကို သူတို့နားလည်ထားသလောက်အရ ထိုကဲ့သို့သော အခွင့်အလမ်းမျိုး ပေါ်လာသည့် အချိန်တွင် လုချန်ရှန်းက သေချာပေါက် ရောက်လာလိမ့်မည် ဖြစ်သည်။

“ တကယ်လို့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းသာ မဖြစ်ခဲ့ဘူးဆိုရင် ငါက သူတို့ထောက်ချောက်ထဲကို တကယ်ကြီး ရောက်သွားမှာပဲ “

လုချန်ရှန်းသည် မေးစေ့ကို ပွတ်ကာ ၎င်းတို့ကို တိတ်တဆိတ် စူးစမ်းလေ့လာနေခဲ့သည်။ သို့သော် အတော်လေး နားမလည်နိုင် ဖြစ်နေသေးသည်။ ထိုလူများက အပြည့်အဝ ပြင်ဆင်ထားသော်လည်း ထိုကိစ္စက ပေါ်သွားမည့်/ပေါက်ကြားသွားမည့် အန္တရာယ်မျိုးလည်း ရှိနေသေးသည်။

ထိုလူများက တိတ်တဆိတ် တိုက်ခိုက်နိုင်ရန်အတွက် ထိုမျှစွန့်စားနေရခြင်းမှာ မည်သည့်အကြောင်းအရင်းကြောင့် ဖြစ်ပါသနည်း။

“ ငါ ပျောက်နေခဲ့တာ တော်တော်လေးကြာနေပြီ။ ဒီကာလအတွင်းမှာ ဘာတွေဖြစ်သွားခဲ့လဲဆိုတာကို ငါမသိဘူး “

ရှောင်ဟေးမှာ တိတ်တဆိတ် မတ်တပ်ရပ်နေလျက်ရှိ၏။

သို့ရာတွင် သူတို့ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ဦးက သူတို့၏ တည်ရှိမှုကို သတိပြုမိသွားခဲ့သည်။

အကြည့်ပေါင်းများစွာ ဖုံးလွှမ်းလာခဲ့ပြီး သူတို့က မြင်သွားသည့် အချိန်၌ ချောက်ကမ်းပါးအထက်တွင် ပုံရိပ်နှစ်ခု ပေါ်ထွက်လာခဲ့၏။

တစ်ဦးက မတ်တပ်ရပ်ကာ လေထုကို မျက်နှာချင်းဆိုင်နေခဲ့သည်။

ကျန်တစ်ဦးကမူ ထိုင်ချကာ မေးစေ့ကို ပွတ်သပ်၍ သူတို့ရှိရာဘက်သို့ ငေးမောကြည့်ရှုနေခဲ့သည်။ သူ၏ ကိုယ်ဟန်အနေအထားက ထူးဆန်းလှသော်လည်း ၎င်းမှာ သူ၏ချောမောမှုနှင့် လူအများ မုန်းတီးနေသည့် မျက်နှာတစ်ခုကို မဖုံးကွယ်နိုင်ခဲ့ပေ။

“ လုချန်ရှန်း “

သူ့ကို မြင်လိုက်ရသောအခါတွင် လူတစ်ချို့၏ အမူအရာများ မည်းမှောင်သွားကာ စူးစူးရဲရဲ စိုက်ကြည့်လာကြသည်။

တစ်ခြားလူ တော်တော်များများကမူ ဖြစ်ရိုးဖြစ်စဥ်ကို မြင်တွေ့လိုက်ရသည့်ပမာ မည်သို့မျှ မအံ့ဩသွားခဲ့ပေ။

သို့ရာတွင် သူတို့က အတော်ပင် သိချင်နေကြသည်။ ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေတွင် ယဲ့မီထျန်းအပါအဝင် လူတိုင်း ပျောက်ဆုံးသွားခဲ့သည်။

သူတို့သည် သူက ဘယ်ရောက်သွားလဲဆိုသည်ကို သိချင်နေကြ၏။

ရှောင်ဟေးမှာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

သို့ရာ၌ လုချန်ရှန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းထားခဲ့သည်။ သူတို့က ပထမဦးဆုံးအကြိမ်အဖြစ် မြင်တွေ့လိုက်ရသကဲ့သို့ လူတိုင်းကို နွေးထွေးသွားစေသည့် အပြုံးတစ်ခု ဖြစ်သည်။

ထိုအခိုက်အတန့်တွင် မျက်လုံးပေါင်းများစွာက သူနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။ သို့သော် လူတိုင်းက နှုတ်ဆိတ်နေကာ တိတ်တဆိတ် စောင့်ကြည့်နေခဲ့ကြသည်။ သူတို့က လုချန်ရှန်း၏ ရောက်ရှိလာမှုကို မျှော်လင့်နေကြသော်လည်း သူက ဝူဝမ်နယ်မြေသို့ ဝင်ရောက်သွားမည်ကို ဦးတည်နေခဲ့ကြသည်။

သူတို့က ကူချန်ကျွင်းကို ကြောက်ကြသောကြောင့် သူ့ကို လူရှေ့တွင် ပွင့်ပွင့်လင်းလင်း ရဲရဲဝင့်ဝင့် မတိုက်ခိုက်ရဲကြပေ။ ထို့ကြောင့် သူတို့က စောင့်ဆိုင်းနေရုံသာ တတ်နိုင်ပေသည်။

လုချန်ရှန်းမှာလည်း ဘာမှမပြောဘဲ မေးစေ့ကို ပွတ်ကာ အေးအေးလူလူ စောင့်ကြည့်နေလျက်ရှိ၏။

သို့သော် အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရပြီးသည့်နောက်တွင် အဆိုပါ အကြည့်များက တဖြည်းဖြည်း ပျောက်ကွယ်သွားကာ လူတိုင်း အံ့ဩသွားကြသည်။

သူသည် ထိုနေရာတွင် ထိုင်ကာ မည်သို့မျှ မလှုပ်ရှားဘဲ အေးအေးလူလူ စောင့်ကြည့်နေခဲ့သည်။ ၎င်းက သူ့စရိုက်နှင့် မည်သို့မျှ ကိုက်ညီမနေခဲ့ပေ။

ပုံမှန်အခြေအနေများအတိုင်းသာဆိုပါက သူသည် ဝင်ပေါက်ဆီသို့ မောက်မောက်မာမာဖြင့် လျှောက်လှမ်းသွားသင့်ပေသည်။ သူ သဘောမကျသော လူတစ်ဦးကို မြင်လိုက်ရမည်ဆိုပါက သူသည် အပေါ်တက်သွားကာ အကြိမ်အနည်းငယ်မျှ ကန်ကျောက်၍ ကျိန်ဆဲကာ သူ၏ရူးသွပ်မှုကို ပြသပေလိမ့်မည်။

ဒီနေ့မှ ဘာဖြစ်နေတာလဲ။ သူနေမကောင်းဘူးလားဟ။

ထူးဆန်းသော အဆိုပါ တိတ်ဆိတ်မှုက အမှန်ပင် စိတ်ရှုပ်ဖွယ်ကောင်းလှပေသည်။ သူတို့သည် မနေနိုင်တော့ဘဲ အသံများ ထုတ်လွှင့်ကာ ဆွေးနွေးပြောဆို၍ အဆက်မပြတ် မှန်းဆနေကြတော့သည်။

ထို့အပြင် သူသည် တစ်နေ့လုံး ထိုနေရာတွင် ထိုင်နေကာ ကိုယ်နေဟန်ထား အနည်းငယ် ပြောင်းလဲခြင်းမှအပ မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်ခဲ့ပေ။

သူတို့အရှေ့တွင် ရှိနေသည့် မြင်ကွင်းမှာ အချိန်များ ရပ်တန့်သွားသည့်အလား ဖြစ်နေခဲ့သည်။ သူတို့သည် လုချန်ရှန်းက လှုပ်ရှားလာမည်ကို စောင့်ဆိုင်းမနေကြပေ။ သို့သော် ဝူဝမ်နယ်မြေအတွင်းမှ ပြန်လာသူများက အလွန်တရာ ဆိုးရွားသော သတင်းဆိုးများကို သယ်ဆောင်လာခဲ့၏။

---

………………………………………………………………………………………………………………………………………

All Chapters