← Chapters

အခန်း ၂၄၆

Vol. 17 Ch. 246

အခန်း ၂၄၆

Vol. 17 Ch. 246

အပိုင်း ( 246 )

ဆိုတော့ …… တစ်ခြားလူတွေက ဘယ်မှာလဲ

လုချန်ရှန်းသည် ချောက်ကမ်းပါးပေါ်တွင် တိတ်တဆိတ် ထိုင်နေကာ လူအုပ်ကြီးကို စိတ်ခံစားချက် ကင်းမဲ့နေသော အမူအရာမျိုးဖြင့် စောင့်ကြည့်နေလျက်ရှိ၏။

ဝူဝမ်နယ်မြေ၏ ကိစ္စများကို အပြင်ဘက်ရှိ ထိုလူများက သိထားခဲ့ပြီးပြီ ဖြစ်သည်။ အဆိုပါ စီနီယာက လူတိုင်း၏ ထောက်ခံမှုကို ရရှိသွားပုံရသည်။

မည်သို့ပင်ဆိုစေကာမူ ယခင်က သူ၏ စွမ်းအားပြမှုကြောင့် သူတို့က သူ့ကို ယုံကြည်ရုံမှတစ်ပါး တစ်ခြားသော အရာများကို မလုပ်ဆောင်နိုင်ခဲ့ပေ။

“ ဘာဖြစ်တာလဲ “ အဘိုးအိုက သတင်းလာပို့သည့် လူကို မေးမြန်းလိုက်သည်။

သူ၏မျက်ခုံးများ တင်းကြပ်သွားကာ သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်နေသည့် အရိပ်အငွေ့များ ကိန်းအောင်းလာခဲ့၏။

ထိုလူက ပြန်ပြောလာခဲ့သည် “ တစ်ခုခုမှားနေတယ်လို့ ခံစားနေခဲ့ရလို့ သတင်းလာပို့တာပါ။ အရင်တုန်းက အဲ့ဒီစီနီယာကို စတေးတာကို လုပ်ခဲ့ပြီးတော့ စက္ကူလှေတွေ ရလာခဲ့ပါတယ်။ ခုနတုန်းက ပင်လယ်ထဲမှာ ငါးမျှားနေကြပါတယ်။ အဲ့အချိန်မှာပဲ အဝေးကနေ လှေတစ်စီး မျောလာခဲ့ပါတယ် “

ထိုအချိန်တွင် လူတိုင်းအတွေးနက်သွားကြသည်။

ထိုလူက စကားဆက်ပြောလာခဲ့သည် “ အစတုန်းကတော့ အင်အားစုတစ်ခုက မတော်တဆမှုတစ်ခု ဖြစ်သွားတယ်လို့ ထင်နေခဲ့တာပါ။ ဒါပင်မဲ့ လှေပေါ်မှာ ဘယ်သူမှ မရှိဘဲ လှေတွေပဲ ပိုရှိနေတာပါ။ အချိန်အတော်ကြာ စောင့်နေခဲ့ပြီးတဲ့နောက်မှာတောင် ဘယ်သူကမှ နိယာမ ချိန်းကြိုးကို မဖမ်းနိုင်ခဲ့ပါဘူး။ ဘာလှုပ်ရှားမှုမှ မရှိခဲ့တာပါ။ ဒါပင်မဲ့ အဲ့အချိန်မှာပဲ ဒုတိယမြောက် လှေတစ်စီး ရောက်လာခဲ့ပါတယ် “

” ဘာကိုဆိုလိုတာလဲ “ အဘိုးအို၏ အမူအရာ ဆိုးရွားသွားခဲ့သည်။

စတေးခြင်းနှင့် စက္ကူလှေများ ရရှိရန်အတွက် ထိုမျှကြီးမားသော တန်ကြေးတစ်ခုကို ပေးချေရန်အတွက် သူက အတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ဤနေရာတွင် ချူလျူရှန်းပါ ရှိနေခဲ့ကာ သူရှေ့တက်လာခဲ့သည်။

ထိုလူက ခေါင်းခါပြလိုက်သည်။ သူ၏စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိနေခဲ့သော်လည်း ၎င်းကို ထုတ်မပြောရဲပေ။

ချူလျူရှန်းက စကားဝင်ပြောလာခဲ့၏ “ အဲ့လှေနဲ့ပတ်သက်ပြီးတော့ တစ်ခုခု မှားနေလို့လား “

“ လှေက အဆင်ပြေပါတယ် လှေပေါ်မှာ ထိုင်နေသရွေ့ အဲ့ဒီမွန်းစတားတွေက ဘာမှမလုပ်ရဲကြပါဘူး။ သူတို့က ပင်လယ်အောက်မှာပဲ ရှိနေတာပါ တစ်ခါမှ မတိုက်ခိုက်လာခဲ့ပါဘူး။ အဲ့တာက တကယ်ကို အသုံးဝင်ပါတယ်။ အဲ့တာကို ရဖို့ အတော်လေး အားစိုက်ထုတ်ခဲ့ရပြီးတဲ့နောက်မှာ အဲ့တာက ပင်လယ်ထဲမှာ ဒီအတိုင်းမျောနေတယ်ဆိုတာကို သိခဲ့ရပါတယ် “

ထိုစကားလုံးများက လူတိုင်း၏ အမူအရာများကို ဆိုးရွားသွားစေခဲ့၏။ သူတို့က တန်ကြေးကြီးကြီး ပေးချေကာ ဝယ်ယူခဲ့ရသည့် ပစ္စည်းများက ပင်လယ်ပြင်တွင် ကောက်ရခဲ့သည့် ပစ္စည်းများနှင့် တူညီနေသည်ကို သိရှိခဲ့ရပြီးသည့်နောက်တွင် သူတို့သည် သူတို့က အလိမ်ခံလိုက်ရပြီဟု ခံစားသွားခဲ့ရသည်။

ငါတို့ရဲ့ စိတ်ရင်းစေတနာတွေက တစ်စုံတစ်ခုကို လှုပ်ခတ်မိပြီးတော့ အဲ့တာတွေက သူ့အလိုလို မျောလာခဲ့တာ မဟုတ်ဘူးလား “

ချူလျူရှန်းက တစ်ခဏခန့် တွေးတောစဥ်းစားကာ စကားထပ်ပြောလာခဲ့၏ “ နတ်ဆေး အခွင့်အလမ်းကရော။ အဲ့ကိစ္စမှာလည်း ပြဿနာဖြစ်နေတာလား “

“ အဲ့တာနဲ့ ပတ်သက်ပြီးတော့ ဘာပြဿနာမှမရှိပါဘူး “ ထိုလူက အသေအချာ ပြန်ဖြေလိုက်၏။

“ ကောင်းတယ် “

လူအနည်းစုမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြတော့သည်။

သို့ရာတွင် ထိုလူက စကားထပ်ပြောလာခဲ့သည် “ တစ်ခုခုမှားနေတယ်လို့ ခံစားနေရရုံတင်ပါ။ နတ်ဆေးနဲ့ တစ်ခြားအခွင့်အလမ်းတွေက ဘာမှသိပ်မကွာသလိုပဲ။ အဲ့ဒီနှစ်ခုကလွဲပြီးတော့ ကျန်တဲ့ဟာတွေက ထပ်ခါတလဲလဲ သုံးလို့ရနေတဲ့ပုံပဲ ……… “

ထိုအခိုက်အတန့်တွင် လူတိုင်း၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မှန်းဆချက်တစ်ခု ပေါ်ထွက်လာခဲ့၏။ ချွင်းချက်နှစ်ခုပဲ ရှိတာလား(ဒါမှမဟုတ်) ဘာချွင်းချက်မှ မရှိခဲ့တာလား။

ထိုနေရာတွင် တည်ရှိသည့် အခွင့်အလမ်း အားလုံးက အံ့ဖွယ်ကောင်းနေခဲ့ကာ ယင်ယန်သစ်သီးကဲ့သို့သော နတ်ဆေးပင် ပါဝင်နေလျက်ရှိ၏။ သို့သော် လူတိုင်းက ၎င်းတို့ကို တိုက်ခိုက်သည့် အချိန်တွင် မည်သည့်ကွာခြားချက်မှ ရှိမနေခဲ့ပေ။

ပိုမိုတွေးတောစဥ်းစားလေလေ တစ်ခုခုမှားယွင်းနေသည်ဟု ပိုမိုခံစားလာရလေလေ ဖြစ်နေခဲ့သည်။

ယခင်ကသာဆိုပါက သူတို့က အထိတ်လန့် ဖြစ်သွားကာ ဘာမှတွေးတောစဥ်းစားနိုင်တော့မည် မဟုတ်သော်လည်း ယခုတွင်မူ သူတို့အားလုံး စိတ်တည်ငြိမ်နေလျက်ရှိ၏။

“ အဲ့ဒီစီနီယာကရော။ မင်းတို့က သူ့ကို မေးပြီးပြီလား “ ချူလျုရှန်းက ထပ်မံ၍ မေးမြန်းလိုက်၏။

ထိုလူက ပြန်ပြောလိုက်သည် “ သူထွက်သွားပါပြီ ”

“ သွားပြီလား “

“ အရင်တုန်းကတော့ တစ်ခါတစ်လေမှာ လှုပ်ရှားမှုလေးတွေ ရှိခဲ့ပင်မဲ့ သူထွက်သွားခဲ့တဲ့ အချိန်ကစပြီးတော့ ပင်လယ်အောက်မှာ ဘာလှုပ်ရှားမှုမှ မရှိတော့ပါဘူး “

ထိုစကားက လူတိုင်းကို ထပ်မံ၍ အံ့အားသင့်သွားစေခဲ့ပြန်သည်။ ဤနေရာကို လူတော်တော်များများက စောင့်ကြပ်နေကြပြီး မည်သူကမှ မထွက်သွားခဲ့ပေ။ သူက ပင်လယ်ထဲကို ထွက်သွားတာများလား။

ဆိုးရွားသော အဆိုပါ ခံစားချက်က ပိုမိုနက်ရှိုင်းလာခဲ့ကာ တဖြည်းဖြည်းဖြင့် မှားယွင်းနေသည်ဟု ပိုမိုခံစားလာခဲ့ရ၏။

လုချန်ရှန်းကမူ သူတို့က တိုးတိုးတိုးတိုးဖြင့် ပြောနေကြသည်ကို တိတ်တဆိတ်စောင့်ကြည့်နေသေး၏။ သူက ၎င်းတို့ကို မည်သို့မျှ စိတ်မဝင်စားဘဲ စောင့်ကြည့်ရုံသာ စောင့်ကြည့်နေခြင်းပင် ဖြစ်သည်။

တစ်ခဏခန့် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင် တစ်စုံတစ်ဦးက အဆိုပြုလာခဲ့၏ “ အလောတကြီး မလုပ်ကြနဲ့။ လုချန်ရှန်းက အဲ့ကိစ္စတွေကို မသိသွားစေနဲ့။ သူ့ကို အထဲဝင်ဖို့ ဆွဲဆောင်တာက အကောင်းဆုံးပဲ “

“ ကောင်းတယ် “

ချက်ချင်းဆိုသလိုပင် ထျန်းရီ မြင့်မြတ်နယ်မြေ၏ အဆိုပါ အဘိုးအိုမှာ ဘာစကားမှမပြောဘဲ အေးဆေးတည်ငြိမ်သွားကာ သူ၏ အမူအရာမှာလည်း မည်သို့မျှ မပြောင်းလဲသွားခဲ့ပေ။

တစ်ခြားလူများမှာလည်း နှုတ်ဆိတ်ငြိမ်သက်နေကြ၏။

ဤအချိန်အတွင်းတွင် အရာအားလုံးက မျှော်မှန်းထားသည့်အတိုင်းသာ ဖြစ်ပျက်လာသကဲ့သို့ လုချန်ရှန်းကို မည်သူကမှ မကြည့်ခဲ့ကြပေ။

ရှောင်ဟေးမှာလည်း ၎င်းကို မြင်တွေ့နေခဲ့ကာ စကားပြောလာခဲ့သည် “ သူတို့က ဘာတွေပြောနေကြတာလဲ “

“ သူတို့ပြောနေတဲ့ဟာတွေက အရေးမကြီးပါဘူး “ ဟု လုချန်ရှန်းက တုံ့ပြန်လိုက်၏။

ရှောင်ဟေးက စကားထပ်ပြောလာခဲ့သည် “ သူတို့ရဲ့ အမူအရာတွေကို ကြည့်ရသလောက်အရဆိုရင် သူတို့က အခွင့်အလမ်းတစ်ချို့ကို ရသွားတဲ့ပုံပဲ “

“ မင်းက သူတို့အရူးလုပ်နိုင်တဲ့ တစ်ဦးတည်းသော လူတစ်ယောက်ပဲ “

လုချန်ရှန်းမှာ မျက်မှောင်ကြုတ်သွားကာ ရှောင်ဟေးက မည်သို့မျှ မတိုးတက်လာခဲ့ဘူးဟု ခံစားသွားခဲ့ရသည်။ လုချန်ရှန်းသည် သူတို့က အစောင့်အရှောက်၏ စွမ်းအားကို လှုပ်ခါသွားစေနိုင်လိမ့်မည်ဟု ယုံကြည်နေလျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် သူက ၎င်းကို လူကိုယ်တိုင် မြင်တွေ့ထားခဲ့ဖူးသောကြောင့် ဖြစ်သည်။

( ဝူဝမ်နယ်မြေထဲမှာ ရတနာတွေကို ကာကွယ်နေတဲ့ စွမ်းအား ဒါမှမဟုတ် အကောင်တစ်ကောင်ကောင်ကို ပြောတာပါ )

သို့သော် အဆိုပါ မွန်းစတားများက အုပ်စုလိုက်တည်ရှိနေခြင်းဖြစ်ပြီး အဆုံးမဲ့ များပြားလွန်းနေခဲ့သည်။ ဟွာရှုနယ်ပယ် အဆင့်၈(သို့) အဆင့်၉ ပညာရှင် တစ်စု မရောက်လာခဲ့ဘူးဆိုပါက အခက်အခဲက ကြောက်ခမမ်းလိလိ မြင့်မားနေလိမ့်မည် ဖြစ်သည်။

အကယ်၍ သူတို့က ၎င်းတို့ကို ရရှိခဲ့မည်ဆိုလျှင်တောင် မြန်မြန်ဆန်ဆန် ရရှိလိမ့်မည် မဟုတ်ပေ။

၎င်းတို့အားလုံးကို ရည်ရွယ်ချက်ရှိရှိဖြင့် လုချန်ရှန်းကို ချပြခဲ့၏။

၎င်းကို တွေးမိသွားသောအခါတွင် လုချန်ရှန်းမှာ ရုတ်တရက် မတ်တပ်ထရပ်ကာ နတ်သက်တံ့၏ တစ်ခြားတစ်ဖက်သို့ ငေးမောကြည့်ရှုနေတော့သည်။

သူ၏လှုပ်ရှားမှုများက အဆက်မပြတ် စောင့်ကြည့်ခံနေခဲ့ရသည်။ သူမတ်တပ်ထရပ်ကာ အဝေးသို့ ငေးကြည့်နေသည့် အချိန်မှာပင် တစ်စုံတစ်ဦးက အသံပို့လွှတ်လိုက်သည် “ သတိထားကြ။ သူလှုပ်ရှားနေပြီ “

ဝူဝမ်နယ်မြေတွင် အခွင့်အလမ်းများစွာ ပါဝင်နေလျက်ရှိပြီး အကယ်၍ လုချန်ရှန်းက ၎င်းတို့ကို မသိဘူးဆိုလျှင်တောင်မှ သူ့ဘေးတွင် ရှိနေသည့် ယဲ့မီထျန်းက ထိုအကြောင်းကို ပြောပြလိမ့်မည်ဟုသာ သူတို့အားလုံးက သတ်မှတ်ထားကြသည်။

“ သူက ထပ်ပြီးတော့ တောင့်မခံနိုင်လောက်တော့ဘူး “

လုချန်ရှန်းကို သူတို့နားလည်ထားသလောက်အရဆိုပါက ထိုလူက ပစ္စည်းကောင်းများ ရှိနေသည့် နေရာသို့ သေချာပေါက် အရောက်သွားကာ ပြဿနာကို မီးထွန်းရှာလိမ့်မည် ဖြစ်သည်။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဒီမှာ အခွင့်အလမ်းအများကြီး တကယ်ရှိတာပဲဟ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် တစ်ခြားလူများမှာ တိတ်တဆိတ် ဝမ်းမြောက်သွားကြသည်။

“ သူတောင့်မခံနိုင်တော့ဘူးဆိုတာကို ငါသိနေတယ် “

“ ငါသူ့ကို နားလည်ထားသလောက်အရဆိုရင် ခုနတုန်းက သူက အခြေအနေကို စူးစမ်းနေတာပဲ ဖြစ်ရမယ်။ အခုတော့ သူက အထဲဝင်ဖို့လုပ်နေပြီ “

ထိုအကောင်သည် ယခင်က ကူချန်ကျွင်းကို မှီခိုကာ မည်သူ့ကိုမှ မျက်လုံးထဲ မထည့်ခဲ့ပေ။ ဤတစ်ကြိမ်တွင်လည်း ချွင်းချက်ရှိနေလိမ့်မည် မဟုတ်ပေ။

“ သွား “

ထိုအခိုက်အတန့်တွင် သူ၏အသံ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်သည်။

လူတိုင်းက စူးစူးရဲရဲ စောင့်ကြည့်နေလျက်ရှိ၏။

အစတွင် သူတို့သည် ထိုအကောင်က နတ်သက်တံ့ တံတားပေါ်သို့ ခြေချရန်ပြင်နေသည်ဟု ထင်နေခဲ့ကြသည်။ သို့သော် သူက ရုတ်တရက် နောက်လှည့်ကာ မျက်တစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး သူ၏ အရှိန်အဝါကိုပင် မည်သို့မျှ အာရုံမခံနိုင်တော့ပေ။

ချက်ချင်းဆိုသလိုပင် လူတိုင်း မှင်သက်သွားခဲ့သည်။

အဲ့တာက ဘာလုပ်တာလဲဟ။

သူက နတ်တံတားပေါ်ကို တက်သွားရမှာမဟုတ်ဘူးလား။ ဘာကိစ္စ လှည့်ပြေးသွားရတာလဲဟ။ ဦးတည်ချက် မှားနေတယ်လေ။

လူအုပ်ကြီးသည် ဇဝေဇဝါ ဖြစ်နေမှုတို့ဖြင့် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စောင့်ကြည့်နေလျက်ရှိ၏။

“ အဲ့ကလေးဆီမှာ လှည့်ကွက်အပြည့်ရှိတယ်။ သူက ငါတို့ သတိလွတ်သွားတဲ့ အချိန်မှာ ခိုးဝင်ပြီးတော့ ခက်ခက်ခဲခဲ ကစားချင်နေတာ ဖြစ်လောက်တယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် အားလုံးသည် ၎င်းက အဓိပ္ပါယ်ရှိသည်ဟု ထင်မှတ်သွားကြသည်။ လုချန်ရှန်းက မည်မျှပါးနပ်ကာ ကောက်ကျစ်လဲဆိုသည်ကို လူတိုင်းက သိရှိထားခဲ့သည်။

ချူလျူရှန်းက စကားထပ်ပြောလာခဲ့၏ “ နိုးနိုးကြားကြားရှိနေပြီးတော့ မျက်စိရှင်ရှင်ဖွင့်ထားကြ “

အဆိုပါ အဆိုပြုချက်ကို လူတိုင်းက ဝမ်းသာအားရ လက်ခံခဲ့ကြ၏။

ထို့နောက်တွင် လူတိုင်းက ဘက်ပေါင်းစုံသို့ စိုက်ကြည့်နေကြတော့သည်။ သူတို့၏ စိတ်စွမ်းအားများက တစ်ခုပြီးတစ်ခု ဖုံးလွှမ်းလာခဲ့ကာ ထောင့်တစ်ထောင့်ကျန်နေခဲ့မည်ကိုပင် ကြောက်လန့်နေလျက်ရှိ၏။

အချိန်များ ဖြည်းဖြည်းချင်း ကျော်လွန်သွားခဲ့သည်။ နာရီဝက် ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း ပတ်ဝန်းကျင်တွင် မည်သည့်လှုပ်ရှားမှုမှ ရှိမနေခဲ့ပေ။ တစ်နာရီကုန်ဆုံးသွားသည်အထိ မည်သည့်လှုပ်ရှားမှုမှ မဖြစ်ပေါ်လာခဲ့ပေ။

ထိုကဲ့သို့ပင် တစ်နေ့တာ ကုန်ဆုံးသွားခဲ့သည်။

“ သူဘယ်မှာလဲ “

“ သူတကယ်ကြီးကို လွတ်သွားပြီးတော့ တိတ်တိတ်လေး ဝင်သွားတာများလား “

“ မဖြစ်နိုင်ဘူး။ ဟွာရှုနယ်ပယ် ပညာရှင်ကတောင် အဲ့လိုမလုပ်နိုင်ဘူးလေ “

“ သူက ပင်လယ်ဘက်ကနေ သွားတာများလား “

“ ပင်လယ်ဘက်ကို သွားတာက ကိုယ့်ကိုကိုယ် သေကြောင်းကြံနေတာလေ။ ယဲ့မီထျန်းက သူ့ကို သေချာပေါက် ပြောပြထားမှာပဲ “

“ ဒါပင်မဲ့ သူဘယ်မှာလဲ “

ထိုအချိန်တွင် လူတိုင်းက ကြောင်အမ်းအမ်း ဖြစ်သွားကာ သူ့ကို မည်သူကမှ မရှာဖွေနိုင်ခဲ့ပေ။

“ သူတကယ်ကြီးကို ထွက်သွားတာများလား “

“ မဖြစ်နိုင်ဘူး။ လုံးဝ မဖြစ်နိုင်ဘူး “

“ သူက အဲ့လိုမျိုး အခွင့်အလမ်းကြီးတစ်ခုကို ဘယ်လိုလုပ် လက်လျော့သွားမှာလဲ။ အဲ့တာက သူ့ပုံစံမဟုတ်ဘူး “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း ထပ်မံ၍ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပြန်သည်။

လုချန်ရှန်းကမူ စောင့်ကြည့်ရသည်မှာ အလွန်တရာ ပျင်းရိဖွယ်ကောင်းသည်ဟု ခံစားနေရသောကြောင့် အဝေးသို့ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။

သူတို့၏ လုပ်ရပ်များက ရှောင်ဟေးကိုသာလျှင် အရူးလုပ်နိုင်ပေသည်။ အကယ်၍ သူကသာ ထိုနေရာမှ မထွက်လာခဲ့ဘဲ တစ်နှစ်တိတိ ဆက်နေခဲ့မည်ဆိုပါက သူကိုယ်တိုင်ကပင် ၎င်းကို ယုံကြည်သွားနိုင်ပေသည်။

သူထွက်သွားခဲ့ပြီးသည့်နောက် သိပ်မကြာခင် အချိန်မှာပင် သူသည် မြေပုံတစ်ခုကို ရှာဖွေကာ ပို့ဆောင်ရေး အစီအရင်ကို ငှားရမ်း၍ တောင်ပိုင်းဒေသသို့ ပြန်သွားမည်ဟု စဥ်းစားထားခဲ့၏။ သို့သော် လီတစ်ထောင်ကျော် လျှောက်လှမ်းလာခဲ့ပြီးသည့်နောက်တွင် သူ၏ အကြည့်များ ချက်ချင်း မည်းမှောင်သွားခဲ့သည်။

“ ဘယ်သူလဲ “

သူသည် နောက်လှည့်ကာ အဝေးတစ်နေရာသို့ ငေးကြည့်နေတော့၏။ ရှောင်ဟေးမှာ လုံးဝအံ့အားသင့်သွားခဲ့သည်။

သူဇဝေဇဝါ ဖြစ်နေသည့် အချိန်မှာပင် အသံတစ်သံသည် အဝေးမှ ဖြည်းဖြည်းချင်း ပေါ်ထွက်လာခဲ့သည်။

“ ကြည့်ရတာတော့ မင်းရဲ့အမြင်က ငါထင်ထားတာထပ် ပိုကောင်းနေတဲ့ပုံပဲ။ ချန်ရှန်း မင်းက ဘယ်အဆင့်ကို ရောက်နေလဲဆိုတာကို ငါပိုပြီးတော့ သိချင်လာပြီ “

ဟမ်

ထိုစကာားနှင့်အတူ ပုံရိပ်တစ်ခုက တောင်ထိပ်ပေါ်မှ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာခဲ့၏။

အသစ်ရောက်ရှိလာသူကို မြင်လိုက်ရသောအခါတွင် ရှောင်ဟေးက အံ့ဩတကြီး ဖြစ်သွားခဲ့ပြီး လုချန်ရှန်း၏ မျက်ဝန်းများ အတွင်းတွင် အံ့အားသင့်သွားသည့် အရိပ်အငွေ့များ ကိန်းဝပ်လာခဲ့၏။

အသစ်ရောက်ရှိလာသူမှာ ကူချန်ကျွင်းမှတစ်ပါး တစ်ခြားလူ မဟုတ်ချေ။

---

…………………………………………………………………………………………………………………………………….

All Chapters