အခန်း ၂၅၀
Vol. 17 Ch. 250
အပိုင်း ( 250 )
ဆရာ ကျွန်တော့်ကို အခွင့်ကောင်းယူနေတာလား
ကူချန်ကျွင်းမှာ တောင်ထိပ်ပေါ်တွင် မတ်တပ်ရပ်နေလျက်ရှိ၏။
” ဆရာ ဘာဖြစ်လို့လဲ “
လုချန်ရှန်းက ဤနေရာသို့ ရောက်ရှိလာခဲ့ကာ မေးမြန်းလိုက်သည်။
ကူချန်ကျွင်းက အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ ငါမင်းကို ပေးရမဲ့ဟာတစ်ခု ရှိတယ် “
“ ကျွန်တော့်ကို ပြလေ “
လုချန်ရှန်း၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူ၏ဆရာက မြင့်မြတ်နယ်မြေများကပင် ကြောက်လန့်ရသည့် စစ်ပွဲဘုရင်ဖြစ်သည်။ သူ့ထံတွင် ဆိုးရွားသော ပစ္စည်းများ မည်ကဲ့သို့ ရှိနေနိုင်မည်နည်း။ ငါ့အတွက် ဝိညာဥ်ကျောက်တုံးတွေ ပြင်ဆင်ပေးထားတာများလား။
၎င်းက တွေးကြည့်ရုံနှင့်တင် စိတ်လှုပ်ရှားဖွယ်ကောင်းလွန်းလှသည်။
ကူချန်ကျွင်းမှာလည်း သူ၏ စိတ်လှုပ်ရှားမှုကို သတိပြုမိနေခဲ့သည်။ သို့သော် နားမလည်နိုင်ဖြစ်သွားခဲ့သည်။ သူ၏လက်ဝါးကို ဖြန့်လိုက်ရာ လေထုအတွင်းတွင် သေတ္တာတစ်လုံး မျောလွင့်နေတော့သည်။
“ အဲ့တာက ဘာကြီးလဲ “ ဟု လုချန်ရှန်းက မေးမြန်းလိုက်၏။
ထိုကဲ့သို့သော သေတ္တာငယ်မျိုးက ပစ္စည်းအများအပြားကို သယ်ဆောင်နိုင်မည် မဟုတ်ပေ။ အဲ့တာက တောင်တစ်လုံးကို ထည့်ထားတဲ့ မုန်ညင်းစေ့တစ်စေ့များလား။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် သေတ္တာကို ယူကာ ဖွင့်ကြည့်လိုက်သည်။ အတွင်းတွင် စာလိပ်တစ်လိပ်ရှိနေခဲ့ပြီး ၎င်းက နက်နဲရှုပ်ထွေးသော မည်သည့်စွမ်းအင်လှိုင်းမှ ရှိမနေဘဲ သူ၏မျှော်မှန်းချက်များနှင့် လုံးဝကွဲပြားနေခဲ့သည်။
ထို့နောက်တွင် ကူချန်ကျွင်းက ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့၏ “ အဲ့တာက မန္တန်တစ်ခုပဲ။ အစကတော့ မင်းက မွေးရာပါ ဝိညာဥ်နယ်ပယ်ကို ရောက်ပြီးတော့မှ ပေးဖို့ စီစဥ်ထားခဲ့တာ။ ဒါပင်မဲ့ မင်းက တော်တော်ကြီးကို မွှေလွန်းတယ်။ ငါက အချိန်တိုင်း ရောက်လာမယ်လို့ အာမမခံနိုင်ဘူး။ အဲ့တာကို ယူထားလိုက်။ အဲ့တာက အရေးကြီးတဲ့ အချိန်မှာ မင်းအသက်ကို ကယ်ပေးနိုင်တယ် “
“ဘာမန္တန်လဲ “
ကူချန်ကျွင်းက ပြန်ပြောလိုက်သည် “ ကမ္ဘာကို တစ်လက်မချုံ့ခြင်း “
“ ဘာဖြစ်တယ် “
လုချန်ရှန်းမှာ အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ သူသည် စာလိပ်ကို ဆွဲယူလိုက်ကာ မယုံကြည်နိုင်ဖြစ်နေသော အမူအရာဖြင့် ဆရာဖြစ်သူကို ငေးကြည့်နေမိတော့သည်။
“ ဒီဟာက မြေကျုံ့တဲ့ နည်းစနစ်လား “
ကူချန်ကျွင်းမှာ အနည်းငယ် မျက်မှောင်ကြုတ်သွားသော်လည်း ခေါင်းငြိမ့်ပြလိုက်သေး၏။
ထို့နောက်တွင် လုချန်ရှန်း၏ မျက်နှာ နီရဲသွားကာ သူ၏ မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် တလက်လက် တောက်ပသွား၏။ ဝိညာဥ်ကျောက်တုံး သန်းတစ်ရာကို မြင်တွေ့ခဲ့ရသည့် အချိန်ကပင် ထိုကဲ့သို့ စိတ်မလှုပ်ရှားခဲ့ဖူးချေ။
သို့သော် မြေကျုံ့ခြင်း နည်းစနစ်ကမူ ကမ္ဘာ့အမြန်ဆုံး အထွတ်အထိပ် နတ်စွမ်းရည်တစ်ခု ဖြစ်သည်။
အဆိုပါ နည်းစနစ်ကို ကျင့်ကြံလိုက်မည်ဆိုပါက လူတစ်ဦးက ကောင်းကင်နှင့် မြေပြင်ကို လွတ်လွတ်လပ်လပ် သွားလာနိုင်မည် ဖြစ်သည်။ ၎င်းကို အထွတ်အထိပ်အထိ ကျင့်ကြံနိုင်ခဲ့မည်ဆိုပါက ခြေလှမ်းတစ်လှမ်းဖြင့် ကမ္ဘာလောကကြီးက တစ်လက်မအထိ သေးကျုံ့သွားသကဲ့သို့ ကောင်းကင် ကမ္ဘာမြေနှင့် တောတောင်ရေပြင်တို့က ပြောင်းပြန်လှန်သွားလိမ့်မည် ဖြစ်သည်။
အဆိုပါ နတ်စွမ်းရည်က ရွှေကျီးကန်းမျိုးနွယ်စု၏ ရွှေကျီးကန်းသက်တံ့ အသွင်ပြောင်းခြင်း ပန်မျိုးနွယ်စု၏ ပန်နည်းစနစ် အထွတ်အထိပ်အထိ ကျင့်ကြုံထားသော မိုးကြိုးတာအို အမှန်တရားတို့နှင့်အတူ ဤကမ္ဘာ၏ အနှိုင်းမဲ့ မြန်နှုန်းလေးခုအဖြစ် ကျော်ကြားလှသည်။
၎င်းတို့ကို တစ်ခြားသော မည်သည့်အရာကမှ ယှဥ်ပြိုင်နိုင်မည် မဟုတ်ပေ။
မြန်နှုန်းအရဆိုပါက ၎င်းက အနှိုင်းမဲ့ နတ်စွမ်းရည်တစ်ခု ဖြစ်ပေသည်။
ရွှေကျီးကန်း သက်တံ့အသွင်ပြောင်းခြင်းနှင့် ပန်နည်းစနစ်တို့က ထိပ်တန်းငှက်မျိုးနွယ်စုကြီးနှစ်ခု၏ အမွေအနှစ် နည်းစနစ်များ ဖြစ်ပြီး ၎င်းတို့က အဆိုပါ မျိုးနွယ်စုနှစ်ခု၏ သွေးမျိုးဆက်ထဲတွင် အလိုအလျောက်ပါဝင်ကာ အပြင်လူများက မရယူနိုင်သော အရာများ ဖြစ်သည်။
မိုးကြိုးတာအို အမှန်တရားအတွက်မူ ကျင့်ကြံသူတစ်ဦးက မိုးကြိုးတာအိုတွင် ကြီးကြီးမားမား အောင်မြင်ကာ တက်လှမ်းခြင်းနယ်ပယ်ကိုပင် ထိတွေ့ထားရမည် ဖြစ်သည်။
လုချန်ရှန်းသည် သူ၏ဆရာဖြစ်သူက ထိုကဲ့သို့သော နတ်စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
အကယ်၍ သူကသာ ၎င်းကို ယခင်ကတည်းက တတ်မြောက်ထားမည်ဆိုပါက နောက်ဆုံးတစ်ကြိမ်က သူ၏ဆရာဖြစ်သူကို ခေါ်ရပါမည်လော။ သူသည် ခြေဆောင့်လိုက်ရုံဖြင့် မီးခိုးများအကြားတွင် ပျောက်ကွယ်သွားလိမ့်မည် ဖြစ်သည်။
“ ဆရာက ကောင်းကောင်းကြီးကို ဖုံးကွယ်ထားခဲ့တာပဲ “
လုချန်ရှန်းမှာ အလွန်တရာ စိတ်လှုပ်ရှားသွားခဲ့သည်။ ကူချန်ကျွင်းကမူ ဆွံ့အကာ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ တကယ်လို့ မင်းကသာ တစ်ဆင့်ချင်းစီ အေးအေးဆေးဆေး ကျင့်ကြံနေမယ်ဆိုရင် ဒီနည်းစနစ်ကို လိုမှာမို့လို့လား။
မင်းက ပြဿနာကောင်လေ။ အဲ့တာတွေကို ငါ့ခေါင်းပေါ်ကိုတောင် အရောက်ပို့နေတာလေ။
သူသည် သူ၏ ဤတပည့်လေးက တစ်နေ့၌ လူမသိသူမသိ နေရာတစ်ခုတွင် သေဆုံးသွားရမည်ကို အမှန်ပင် စိုးရိမ်နေလျက်ရှိ၏။
“ ဒီပစ္စည်းကို တစ်ခြားလူတွေ သိသွားလို့မဖြစ်ဘူး။ ဘယ်သူ့ကိုမှလည်း ပေးလို့မရဘူး “
“ နားလည်ပါပြီ “
လုချန်ရှန်းက တုံ့ပြန်လိုက်သော်လည်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ဆရာက ငါ့ကို အရူးလို့ ထင်နေတာလားဟ။ ငါက ဒီလိုဟာမျိုးကို တစ်ခြားလူဆီ ပေးပါ့မလားဟ။
သို့ရာတွင် ကူချန်ကျွင်းသည် သူ၏ တပည့်ဖြစ်သူက ၎င်းအား ရောင်းချလိုက်မည်ကို အမှန်တကယ် စိုးရွံ့နေခဲ့၏။
တစ်ခဏ အကြာတွင် လုချန်ရှန်းက စကားထပ်ပြောလိုက်သည် “ ဆရာ ဘာတွေ ရှိသေးလဲ။ ဘာလို့ အားလုံးကို တစ်ခါတည်း မပေးလိုက်ရတာလဲ။ ကျွန်တော်က သင်ယူတဲ့နေရာမှာ တော်တော်လေးကို တော်ပါတယ် “
ကူချန်ကျွင်းမှာ ကြောင်အမ်းအမ်း ဖြစ်သွားရတော့လေသည်။ ငါ့ဆီကနေတောင် ပေါ်တင်ကြီး တောင်းနေတာလားဟ။
သို့ရာတွင် သူသည် မည်သို့မျှ မလှုပ်ရှားဘဲ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ငါမင်းကို ပြောရမဲ့ ကိစ္စတစ်ခု ရှိသေးတယ် “
“ ဘာကြီးလဲ “
“ ခုနတုန်းက မြင့်မြတ်နယ်မြေတွေက မင်းကို သတ်ဖို့အတွက် ဘာလို့ ရုတ်တရက်ကြီး စွန့်စားနေရတာလဲလို့ မင်းမေးခဲ့တယ်လေ “
“ ဟုတ်တယ်လေ “
လုချန်ရှန်းမှာ စိတ်ဝင်တစားဖြစ်သွားခဲ့သည်။
ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ “ အဲ့တာက ကောင်းကင်ဘုံ အကယ်ဒမီနဲ့ဆိုင်တယ် “
“ ဘယ်လိုမျိုးလဲ “
“ ကောင်းကင်ဘုံ အကယ်ဒမီက ရှေးခေတ်ကတည်းက ရှိနေခဲ့တာ။ အဲ့တာက အချိန်ကာလတစ်ခုကြာတိုင်းမှာ ပေါ်လာတတ်ပြီးတော့ လူတန်းစား ခွဲခြားမှုမရှိဘဲ သက်ရှိသတ္တဝါတိုင်းကို ဉာဏ်အလင်းဖွင့်ပေးမယ်လို့ ကြွေးကြော်ထားခဲ့တယ်။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကောင်းကင်ဘုံ အကယ်ဒမီ ပေါ်လာခဲ့တယ်။ အဲ့တာကြောင့် အရပ်မျက်နှာတိုင်းက ပါရမီရှင်တွေ အကုန်လုံးက ကောင်းကင်ဘုံ အကယ်ဒမီမှာ လေ့လာသင်ကြားဖို့အတွက် အဲ့ကို သွားကြပြီ “
“ အဲ့ဒီ သူတော်စင်တွေနဲ့ နတ်သားတော်တွေကို ဝူဝမ်နယ်မြေထဲမှာ မတွေ့ခဲ့ရတာက အံ့ဩစရာတော့ မဟုတ်တော့ဘူးပဲ ” လုချန်ရှန်းက တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေလျက်ရှိ၏။
ကူချန်ကျွင်းက စကားဆက်ပြောလာခဲ့သည် “ ကောင်းကင်ဘုံ အကယ်ဒမီမှာ နတ်တောင်တန်း ခုနစ်ခု ရှိတယ်။ အဲ့တာတွေက အမွေအနှစ် ခုနစ်ခုကို ကိုယ်စားပြုတယ်။ ခေတ်တစ်ခုချင်းစီတိုင်းမှာ နတ်တောင်တန်းတစ်ခုချင်းစီတိုင်းက လူတစ်ယောက်ကို သူတို့ရဲ့ သက်ဆိုင်ရာ အမွေအနှစ်တွေကို ဆက်ခံခွင့်ပေးတယ်။ ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင် ဒီခေတ်က လူခုနစ်ယောက်ကပဲ အဲ့ဒီအမွေအနှစ်တွေကို ရလိမ့်မယ် “
“ အဲ့တာက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ “ လုချန်ရှန်းက နားမလည်နိုင် ဖြစ်သွားခဲ့သည်။
“ အဲ့အမွေအနှစ်တွေထဲက တစ်ခုက ဓားတာအိုအမွေအနှစ်လေ။ အဲ့ဒီတောင်ထွဋ်ရဲ့ အုပ်စိုးသူကလည်း မင်းကို သဘောကျနေတယ်။ တကယ်လို့ မင်းကသာ အဲ့အမွေအနှစ်ကို ရမယ်ဆိုရင်၊ နေရာခုနစ်ခုထဲက တစ်ခုက ပျောက်သွားမှာလေ။ အဲ့ဒီမြင့်မြတ်နယ်မြေတွေနဲ့ ဂိုဏ်းကြီးတွေက မင်းက အဲ့တာကို ရသွားမှာကို မမြင်ချင်ကြဘူးလေ “
ကူချန်ကျွင်းက တစ်ခွန်းချင်းစီ ပြောပြလာခဲ့သည်။
လုချန်ရှန်းက ရုတ်တရက် နားလည်သွားခဲ့သည် “ အို့ ကျွန်တော်သိပြီ။ သူတို့က မနာလိုဖြစ်နေကြတာပဲ “
“ အဲ့လိုပြောလို့ရတယ်။ ဒါပင်မဲ့ အဲ့တာက မင်းက ထိန်းမရသိမ်းမရ ဖြစ်နေတာကြောင့်လည်း ပါတယ် “
“ ကျွန်တော့်ကို ကြောက်တာလား “
“ ဟုတ်တယ်။ တကယ်လို့ မင်းကသာ အဲ့ဒီ အမွေအနှစ်ကို ရသွားမယ်ဆိုရင် ဒီကမ္ဘာပေါ်မှာ ဝင့်ဝင့်ကြွားကြွား ရပ်တည်နိုင်ပြီးတော့ ငါ့ရဲ့ တည်ရှိမှုနဲ့ပါ ပေါင်းစပ်လိုက်မယ်ဆိုရင် အဲ့တာက သူတို့က ခြိမ်းခြောက်နေတယ်လို့ ခံစားသွားရစေလိမ့်မယ်လေ။ သူတို့က သူတို့ရဲ့ မျိုးဆက်နဲ့ ပျက်စီးသွားပြီးတော့ အစားထိုးခံလိုက်ရမှာကို ကြောက်ကြတယ်လေ “
ကုချန်ကျွင်းက ရှင်းရှင်းလင်းလင်း ရှင်းပြပြောဆိုလာခဲ့၏။
အဆိုပါ အမွေအနှစ်အားလုံးက အမှန်ပင် အံ့ဖွယ်ကောင်းလှသည်။ ရရှိခဲ့သည်နှင့်တစ်ပြိုင်နက် သေချာပေါက် မြင့်တက်သွားပေလိမ့်မည်။ အကယ်၍ ထိုကဲ့သို့သော လူတစ်ဦးကသာ သူတို့ကိုယ်ပိုင်ဂိုဏ်း၏ တပည့်တစ်ဦး မဟုတ်ဘူးဆိုပါက ၎င်းက အလွန်တရာ အန္တရာယ်များလှသည်။
၎င်းသာလျှင်မဟုတ်ဘဲ လုချန်ရှန်း၏အနောက်တွင် ကူချန်ကျွင်းပါ ရှိနေခဲ့လေသည်။
ကူချန်ကျွင်းတစ်ဦးတည်ကပင် အတော်ပင် ကြောက်မက်ဖွယ်ကောင်းနေခဲ့ပြီဖြစ်ပြီး နောက်တစ်ဦးသာ ထပ်မံ၍ ပေါ်ထွက်လာခဲ့မည်ဆိုပါက မြင့်မြတ်နယ်မြေများက ဟာသတစ်ခုမျှသာ ဖြစ်သွားပေလိမ့်မည်။
အဆုံးတွင် ၎င်းက အကြောက်တရားပင် ဖြစ်နေခဲ့သည်။ ထို့ကြောင့်ပင် သူတို့သည် လုချန်ရှန်းက ကောင်းကင်ဘုံ အကယ်ဒမီသို့ မရောက်ရှိသွားစေရန်အလို့ငှာ ဝူဝမ်နယ်မြေကို အသုံးချကာ သူ့ကို သတ်ဖြတ်ရန် ကြံစည်နေခဲ့ခြင်း ဖြစ်သည်။
“ ဟူးးးး။ အဲ့ဒီ မြင့်မြတ်နယ်မြေတွေက ကြီးကျယ်ပါတယ် ခမ်းနားပါတယ်လို့ ပြောနေကြပင်မဲ့ နောက်ကွယ်မှာတော့ ယုတ်မာရက်စက်ပြီးတော့ အောက်တန်းကျတဲ့ နည်းလမ်းမျိုးစုံကို သုံးနေခဲ့တာပဲ “
ကူချန်ကျွင်းက ခေါင်းတငြိမ့်ငြိမ့်ဖြင့် ထိုစကားကို သဘောတူနေခဲ့၏။
“ တကယ်လို့ မင်းက ကောင်းကင်ဘုံ အကယ်ဒမီကို မဝင်ဘူးဆိုရင် သူတို့က အခုလိုမျိုး စွန့်စားလာကြမှာ မဟုတ်ဘူး “
အရာအားလုံး ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
လုချန်ရှန်းကမူ တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့ပြီးသည့်နောက်တွင် စကားထပ်ပြောလိုက်သည် “ အဲ့တာဆိုရင် ဆရာက ကျွန်တော့်ကို ကောင်းကင်ဘုံ အကယ်ဒမီကို သွားစေချင်တာလား “
“ မဟုတ်ဘူး “
ကူချန်ကျွင်း၏ စကားလုံးက အတော်ပင် တိုက်ရိုက်ဆန်နေသောကြောင့် လုချန်ရှန်းမှာ တအံ့တဩ ဖြစ်သွားခဲ့ရသည်။
အဲ့ဒီအမွေအနှစ်က ကောင်းကင်ဘုံကို ဆန့်ကျင်နေတာလို့ သူပဲ ပြောခဲ့တာ မဟုတ်ဘူးလားဟ။
လုချန်ရှန်းက မည်သို့မျှ ခေါင်းမာမနေခဲ့ပေ။ ဆရာဖြစ်သူက သူ့ကို မသွားစေချင်သောကြောင့် ထိုနေရာသို့ သူသွားမည် မဟုတ်ပေ။ သို့သော် ထိုအချိန်မှာပင် ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့၏ “ ဒါပင်မဲ့ မင်းက ကောင်းကင်ဘုံ အကယ်ဒမီဆီသို့ ခရီးထွက်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်မိတယ် “
“ ကျွန်တော်က ဘယ်လိုသွားရမှာလဲ။ နံရံကျော်တက်ရမှာလား “ လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ၎င်းက သူ့အတွက် အနည်းငယ် ခက်ခဲနေခဲ့၏။
၎င်းက မြင့်မြတ်နယ်များထပ်ပင် ပိုမိုရှေးကျသော နေရာတစ်ခုဖြစ်သည်။ ငါက တကယ်ကြီး တိုက်ခိုက်ရမှာလားဟ။
ကူချန်ကျွင်းက စကားထပ်ပြောလာခဲ့သည် “ ကိစ္စမရှိပါဘူး။ တစ်ယောက်ယောက်က မင်းကို တွေ့ချင်နေပြီးတော့ မင်းက ဓားတောင်ထွဋ်မှာ နေဖို့ သင့်တော်လားဆိုတာကို သိချင်နေတယ်။ မင်းက ကောင်းကင်ဘုံ အကယ်ဒမီမှာ အတွေ့အကြုံ သွားယူလို့ရတယ်။ သူတို့က မင်းကို ခေါ်/မခေါ်ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ် “
“ အမ် ……… “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းမှာ တစ်ခဏခန့် အတွေးနက်သွားကာ မည်ကဲ့သို့ တုံ့ပြန်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
“ ဘာဖြစ်တာလဲ “ ဟု ကူချန်ကျွင်းက မေးမြန်းလာခဲ့၏။
လုချန်ရှန်းက ပြန်ပြောလိုက်သည် “ ဆရာ ဆရာက ကျွန်တော့်ကို ကောင်းကင်ဘုံ အကယ်ဒမီဆီကို မသွားစေချင်ဘူးမလား။ ဒါပင်မဲ့ ကျွန်တော့်ကို အတွေ့အကြုံ ယူခိုင်းဖို့အတွက် တစ်ခြားတစ်ယောက်ယောက်နဲ့ ဆွေးနွေးခဲ့တယ်ပေါ့ “
“ ကောင်းကင်ဘုံ အကယ်ဒမီမှာက ဒေသလေးခုမှာ မရှိတဲ့ဟာတွေ ရှိတယ်လေ။ အဲ့တော့ အတွေ့အကြုံယူရတာ တန်ပါတယ် “
“ အဲ့တာကြောင့် ကျွန်တော့်ကို အခွင့်ကောင်းယူမလို့ စီစဥ်ထားတာလား “
ကူချန်ကျွင်းမှာ အံ့ဩမှင်သက်သွားခဲ့သည်။ သူသည် သူ၏တပည့်ဖြစ်သူက ထိုကဲ့သို့သော စကားမျိုးကို ပြောလာခဲ့လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် ဂရုတစိုက် တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်တွင် သူသည် သဘောတူသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ စကားလုံးတွေက ရိုင်းတယ်ဆိုပင်မဲ့ အဓိပ္ပါယ်ကတော့ ရှင်းပါတယ်။ အဲ့တာက ငါပြောချင်တဲ့ဟာပဲ “
“ အမ် ……… “
လုချန်ရှန်းမှာ ဆွံ့အသွားခဲ့သည်။ သူက အမြတ်ထုတ်ရတာကို သဘောကျနေတဲ့ပုံပဲ။ တစ်ခြားလူတွေကို အခွင့်ကောင်းယူမယ် ပြီးရင် တာဝန်မယူဘဲ ထွက်သွားမယ်။ အင်း ………
သူက အတွေးများအကြား နစ်မြုပ်နေသည့် အချိန်မှာပင် အသံတစ်သံက သူ့ကို ဆွဲထုတ်လာခဲ့၏။
“ မင်းကို လာကြိုတဲ့သူ ရောက်နေပြီ “
“ အမ် ……. “
လုချန်ရှန်းက သူ၏ဦးခေါင်းကို လှည့်ကြည့်လိုက်ရာ နတ်ကောင်းကင်ဂိုဏ်း၏ ညကောင်းကင်ယံတွင် သက်တံ့ရှည်တစ်စင်း ပေါ်ထွက်လာခဲ့ကာ ကူချန်ကျွင်း၏ပိုင်နက်အပြင်ဘက်တွင် ရပ်တန့်သွားသည်ကို မြင်တွေ့သွားခဲ့၏။
---
……………………………………………………………………………………………………………………………………….