← Chapters

အခန်း ၂၅၁

Vol. 17 Ch. 251

အခန်း ၂၅၁

Vol. 17 Ch. 251

အပိုင်း ( 251 )

ဘာတွေပြောနေတာလဲ

စစ်ရထားလုံးတစ်စီးသည် ခမ်းနားထည်ဝါကာ အစွမ်းထက် သားရဲရိုင်းများ၏ ဆွဲယူခြင်းကို ခံလိုက်ရကာ နတ်ကောင်းကင်ဂိုဏ်း၏ ကောင်းကင်ထက်သို့ မြင့်တက်သွားပြီး ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

ဂိုဏ်းအတွင်းရှိ လူအများအပြားသည် အားကျမှုတို့ဖြင့် ပြည့်နှက်နေသော မျက်ဝန်းများနှင့် အပေါ်မော့ကြည့်နေခဲ့ကြသည်။ သူတို့သည် ၎င်းက လုချန်ရှန်းကို လာခေါ်သည့် ကောင်းကင်ဘုံ အကယ်ဒမီ၏ စစ်ရထားဆိုသည်ကို သိနေကြသည်။

ကူချန်ကျွင်းက တိတ်တဆိတ် စောင့်ကြည့်နေလျက်ရှိပြီး ထိုစဥ် ဘေးတစ်ဖက်ရှိ သူ၏ ကျန်တပည့်နှစ်ဦးက စိုးရိမ်ပူပန်နေလျက်ရှိ၏။

“ ဆရာ ကောင်းကင်ဘုံ အကယ်ဒမီက နဂါးသိုက်နဲ့ ကျားဂူလို့ ဆရာပဲ ပြောခဲ့တာလေ။ ဒါပင်မဲ့ ဂျူနီယာညီလေးကို ဒီတိုင်းလွှတ်လိုက်တော့ သူတစ်ခုခု ဖြစ်သွားမှာကို မစိုးရိမ်ဘူးလားဗျ “

ကျိုးချင်ယုက စိုးရိမ်တကြီး ဖြစ်နေခဲ့သည်။ ၎င်းက သူ လွတ်လွတ်လပ်လပ် ပျိုးထောင်ပေးခဲ့သည့် သူ၏ဂျူနီယာညီငယ်ဖြစ်ပြီး သူသည် အတော်ပင် စိတ်မသက်မသာ ဖြစ်နေခဲ့၏။

သို့ရာတွင် ကူချန်ကျွင်းက စကားဆက်ပြောလာခဲ့သည် “ မင်းတို့ရဲ့ ဂျူနီယာညီလေးက နဂါးသိုက်နဲ့ ကျားဂူထပ်တောင် ပိုပြီးတော့ ကြောက်စရာကောင်းတယ် “

ထိုစကားက လူတိုင်းကို အတွေးနက်သွားစေခဲ့၏။ ယဲ့တျန်ရီက အပြင်ထွက်ခဲလှပြီး ကောလဟာလများကိုသာ ကြားခဲ့ဖူးသည်။ သို့သော် ကျိုးချင်ယုက သူ့ကို တစ်ကြိမ်နှစ်ကြိမ်ခန့် မြင်တွေ့ခဲ့ဖူးပြီး သူက အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

အဆိုပါ ဂျူနီယာညီလေးက အန္တရာယ်ရှိပုံမရသော်လည်း အမှန်တကယ်တွင်မူ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။

တစ်ချိန်တည်းမှာပင် စစ်ရထားလုံးက တောင်ပိုင်းနယ်မြေ၏ ပိုင်နက်ကို ကျော်ဖြတ်ကာ အဝေးသို့ ဦးတည်သွားခဲ့သည်။

လုချန်ရှန်းသည် အရှေ့သို့ ကိုင်းညွတ်ကာ ပတ်ဝန်းကျင်ရှိ ရှုခင်းများကို ပျင်းရိစွာ ငေးမောနေခဲ့ပြီး ထို့နောက်တွင် သူ့အရှေ့တွင် ရှိနေသည့် သက်လတ်ပိုင်းလူကို ကြည့်ကာ စကားပြောလိုက်သည် “ ညီအစ်ကို ကောင်းကင်ဘုံ အကယ်ဒမီက ဘယ်ဒေသမှာ ရှိတာလဲ။ သုံးရက်တောင်ရှိနေပြီ။ ငါတို့က ဘာဖြစ်လို့ မရောက်ရသေးတာလဲ “

သက်လတ်ပိုင်းလူက ဘေးတစ်စောင်း လှည့်ကြည့်လာခဲ့၏။ သူ၏အမည်က လင်ခုန်းဖြစ်ပြီး သူသည် ဓားတောင်ထွဋ်၏ လူတစ်ဦးဖြစ်ကာ လုချန်ရှန်းကို သွားကြိုရန် အမိန့်ပေးခံခဲ့ရသည်။

လင်ခုန်းသည် သူ့အရှေ့တွင် ရှိနေသည့် လူငယ်ကို ကြည့်ကာ ပြန်ပြောလိုက်သည် “ တိတိကျကျပြောရမယ်ဆိုရင် ကောင်းကင်ဘုံ အကယ်ဒမီက ဒေသလေးခု စုဆုံတဲ့ အလယ်ပိုင်းဒေသမှာ ရှိတာ။ အဲ့တာကက အမြဲလိုလို ပေါ်လာလေ့မရှိဘူး။ ကောင်းကင်ဘုံ အကယ်ဒမီ ပေါ်လာတဲ့ အချိန်ကျမှ အဲ့တာက အလိုလို ပေါ်လာတာ “

“ ကောင်းကင်ဘုံ အကယ်ဒမီက ဒေသတစ်ခုကို သိမ်းပိုက်ထားတာလား “

“ အဲ့လိုပြောလို့ရတယ် “

“ ဘုရားရေ ကောင်းကင်ဘုံ အကယ်ဒမီက ဘယ်လောက်တောင် ချမ်းသာနေလိုက်မလဲ “

လုချန်ရှန်းမှာ စုတ်တသပ်သပ် ဖြစ်သွားတော့၏။

သို့ရာ၌ သူ၏ဘေးဘက်တွင် လောင်လျူနှင့် ရှောင်ဟေးတို့ပါ ရှိနေခဲ့သည်။

သူတို့မှာလည်း ကောင်းကင်ဘုံ အကယ်ဒမီ၏ ဖိတ်ကြားမှုကို ရရှိထားခဲ့ပြီ ဖြစ်သည်။ ရှောင်ဟေးက ဝူဝမ်နယ်မြေသို့ ရောက်ရှိသွားသောကြောင့် မသွားနိုင်ခဲ့ပေ။ ထိုစဥ် လောင်လျူက ကူချန်ကျွင်း၏ တာအိုသင်ခန်းစာများကို နားထောင်ရန် နေနေခဲ့ခြင်းဖြစ်သည်။

သူ၏ကျင့်ကြံရေး နယ်ပယ်က တစ်နှစ်ကျော်အတွင်းမှာပင် မွေးရာပါ ဝိညာဥ်အဆင့်၈အထိ ပြန်လည်သက်သာလာခဲ့ပြီဖြစ်သည်။ သူ၏ဓားတာအိုကျင့်ကြံရေးနှင့်သာဆိုပါက ဟွာရှုနယ်ပယ် အဆင့်၁ ပညာရှင်ကပင် သူ့ကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ဘဲ သူ့ကြောင့် အသက်ဆုံးရှုံးသွားရနိုင်ပေသည်။

ကောင်းကင်ဝါးမျိုငှက် မျိုးနွယ်စု၏ ဘိုးဘွားနယ်မြေအတွက်မူ လုချန်ရှန်းက မေးမြန်းခဲ့ပြီးပြီ ဖြစ်သည်။ လောင်လျူသည် သူက စောစောထွက်လာသောကြောင့် ကပ်ဘေးကို ရှောင်ရှားနိုင်ခဲ့ခြင်းဖြစ်သည်ဟုသာ ပြန်ပြောခဲ့၏။

ရှောင်ဟေးကမူ ဤခရီးစဥ်တစ်လျှောက်လုံးတွင် အေးအေးလူလူဖြစ်နေခဲ့သည်။ သို့သော် လောင်လျူကမူ ထိန်းချုပ်၍ မရလောက်သည်အထိ စိတ်လှုပ်ရှားနေခဲ့ပြီး သူ၏ မျက်ဝန်းများအတွင်းတွင် ကြယ်ကလေးတို့ဖြင့် ပြည့်နှက်နေခဲ့၏။ တစ်စုံတစ်ဦးသည် သူ၏ ချစ်သူဟောင်းက စောင့်ဆိုင်းနေသည့်အတွက် ထိုကဲ့သို့ ဖြစ်နေရသည်ဟုပင် ထင်သွားနိုင်ပေသည်။

လင်ခုန်းကလည်း လမ်းတစ်လျှောက်လုံးတွင် လုချန်ရှန်းနှင့် စကားပြောနေခဲ့၏။ သို့ရာ၌ စကားပြောခဲ့ပြီးသည့်နောက်တွင် သူသည် ပိုပို၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။ ထိုလူငယ်လေးက သူ့အား ကောလဟာလများနှင့် မတူညီကွဲပြားသော ခံစားချက်တစ်ခုကို ပေးစွမ်းခဲ့လေသည်။

သူက တည်ကြည်ဖြောင့်မတ်ကာ ရည်မှန်းချက်ကြီးမားသည့် လူတစ်ဦး ဖြစ်နေသင့်ပေသည်။

ထိုလူများက သူ့ကို ကောက်ကျစ်သော အရှက်မဲ့သော လူတစ်ယောက်အဖြစ် မည်သည့်အတွက်ကြောင့် ဖော်ပြနေရပါသနည်း။

“ မိတ်ဆွေလေး ချန်ရှန်း ငါ့ရဲ့ ကောင်းကင်ဘုံ အကယ်ဒမီနဲ့ ပူးပေါင်းဖို့ စဥ်းစားပြီးပြီလား “ ဟု လင်ခုန်းက မေးမြန်းလိုက်၏။

လုချန်ရှန်းက ပြန်ပြောလိုက်သည် “ သင့်တော်မလားဆိုတာကို အရင်ကြည့်လိုက်ကြတာပေါ့။ အဲ့လိုကိစ္စမျိုးတွေက သေသေချာချာ စဥ်းစားဖို့ လိုအပ်တယ် “

“ စိတ်မပူပါနဲ့။ နတ်ဘုရားတွေရဲ့ ဂူဗိမာန်နယ်မြေ ဖွင့်တော့မယ်။ အဲ့တာက ကောင်းကင်အကယ်ဒမီရဲ့ နတ်ဘုရားတွေ ကွယ်လွန်သွားခဲ့တဲ့ နေရာလေ။ အဲ့နေရာမှာ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ မင်းက အဲ့ကို တစ်ခေါက်လောက် သွားပြီးတဲ့အချိန်ကျရင် ကောင်းကင်ဘုံ အကယ်ဒမီမှာ နေချင်သွားလိမ့်မယ်လို့ ငါယုံတယ် “

လင်ခုန်းက မည်သည့်အရာကိုမှ မဖုံးကွယ်ထားဘဲ ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့သည်။ အချိန်အတိုင်းအတာ တစ်ခုအထိ အတူရှိခဲ့ရပြီးသည့်နောက်တွင် သူက လုချန်ရှန်းကို ပိုမိုလေးစားလာခဲ့ပြီဖြစ်ကာ သူသည် ဤလူက ဓားနှလုံး သန့်စင်မှုနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိနေသည်ကို အတည်ပြုခဲ့ပြီးပြီ ဖြစ်သည်။

ငယ်ငယ်ရွယ်ရွယ်ဖြင့် ထိုအဆင့်ထိ ရောက်ရှိနေသည်မှာ အလွန်တရာ ရှားပါးလွန်းလှသည်။

ဆယ်ရက်နီးပါး သွားလာခဲ့ရပြီးသည့်နောက်တွင် သူတို့က အလယ်ပိုင်းဒေသအတွင်းသို့ ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။ နှစ်ရက်တာ ထပ်မံ၍ ကုန်ဆုံးသွားခဲ့ပြီး စစ်ရထားလုံးသည် ကမ္ဘာမြေကို လင်းထိန်သွားစေသည့် နတ်အလင်းတန်းနှင့်အတူ ဟင်းလင်းပြင်ကို ကျော်ဖြတ်သွားခဲ့ကာ ကောင်းကင်ထက်မှ ကောင်းကင်ဘုံ အလင်းတန်းတစ်ခု ကျဆင်းလာခဲ့၏။

တောင်တန်းများသည် ကောင်းကင်ဘုံနှင့် ချိတ်ဆက်နေသယောင် အလွန်တရာ မြင့်မားနေလျက်ရှိပြီး နံနက်ခင်း အလင်းတန်းများ ကျဆင်းနေကာ အရှေ့ဘက်မှ ခရမ်းရောင်ချီများ တိုးထွက်လာပြီး မြူခိုးများ ရစ်ဆိုင်းနေခဲ့၏။

ဟင်းလင်းပြင်အတွင်းတွင် တာအိုနိယာမ စည်းမျဥ်းများ ရှိနေပုံရကာ အံ့ဖွယ်ကောင်းသော တာအိုစွမ်းအားတို့ဖြင့် လိမ်ယှက်ရွေ့လျားနေခဲ့သည်။

“ ဘယ်လောက်တောင် လှပလိုက်တဲ့ နတ်တောင်တန်းတွေလဲ။ ရေတွေကလည်း ကြည်နေရောပဲ “

လောင်လျူက အရင်ဦးဆုံး စကားစပြောလာခဲ့သည်။ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေလျက်ရှိပြီး သူ၏မျက်ဝန်းများအတွင်းတွင် အလင်းတန်းများ ဖြစ်တည်လာခဲ့သည်။ တောင်တန်းများကာ မှော်ဆန်လှကာ ဝိညာဥ်စမ်းရေတို့၏ စုဆုံမှုကြောင့် ဖြစ်တည်လာသည့် ရေကန်များနှင့် စီးဆင်းနေသော ရေထုတို့က ကြွယ်ဝသော ဝိညာဥ်ချီကို ထုတ်လွှတ်နေခဲ့သည်။

“ ရေကန်တွေကတောင် ဝိညာဥ်စမ်းရေတွေဆိုတော့ မင်းတို့က ဘယ်လောက်တောင် ချမ်းသာနေလိုက်မလဲ “

လုချန်ရှန်းမှာလည်း မည်သို့မှ တည်ငြိမ်မနေနိုင်တော့ပေ။ သူသည် စူးစူးရဲရဲ စိုက်ကြည့်နေခဲ့ပြီး ဝိညာဥ်စမ်းရေများသာလျှင် မဟုတ်ဘဲ တောင်တန်းများအကြားတွင် ခုန်ပေါက်ပြေးလွှားနေသည့် တိရစ္ဆာန်ငယ်များကိုပါ မြင်တွေ့နေခဲ့ရကာ ၎င်းတို့အားလုံးက ဝိညာဥ်သားရဲများ ဖြစ်နေခဲ့သည်။

သူကိုယ်တိုင်ကပင် ၎င်းတို့က အာဟာရဓာတ် မည်မျှကြွယ်ဝနေမလဲဆိုသည်ကို မသိပေ။

သို့ရာ၌ ကောင်းကင်ဘုံ အကယ်ဒမီ၏ အတွင်းပိုင်းတွင် တောင်တန်းခုနစ်ခု ရှိနေခဲ့ပြီး ၎င်းတို့၏ ထိပ်ပိုင်းက တိမ်သားတိမ်စိုင်များအထိပင် ရောက်ရှိနေကာ အမှန်ပင် အံ့ဖွယ်ကောင်းနေခဲ့၏။

၎င်းတို့အနက်မှ တောင်တန်းတစ်ခုသည် ဆွဲထုတ်လိုက်သည့် ဓားတစ်လက်အလားဖြစ်နေခဲ့ပြီး ကောင်းကင်ကို ပိုင်းဖြတ်ကာ ကမ္ဘာမြေကို ခွဲခြမ်းနိုင်စွမ်းရှိပုံရ၏။ ၎င်း၏ ကိုယ်ထည်တစ်ခုလုံးက ရာဂဏန်း သောင်းဂဏန်းရှိသော ဓားဆန္ဒတို့၏ ရစ်ပတ်ခြင်းကို ခံထားရပြီး ၎င်းတို့တစ်ခုချင်းစီတိုင်းက ထူးခြားသော ဆွဲဆောင်မှုများကို ပိုင်ဆိုင်ထားကြသည်။

ဓားတာအို ကျင့်ကြံသူများအတွက် ၎င်းက ရတနာနယ်မြေတစ်ခုပင် ဖြစ်သည်။

“ အဲ့တာက ဓားတောင်ထွဋ်ထား “ ဟု လောင်လျူက မေးမြန်းလာခဲ့သည်။

လုချန်ရှန်းက ပြန်ပြောလိုက်၏ “ အင်မော်တယ် ဓားဆန္ဒကို ခံစားမိတယ် “

လူနှစ်ဦးက စူးစူးရဲရဲ စိုက်ကြည့်နေကြတော့သည်။ သူရောက်ရှိသွားသည့် အခိုက်အတန့်တွင် ဓားတောင်ထွဋ်က စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်လာခဲ့၏။ ၎င်းက မည်သူကမှ သတိမပြုမိလောက်သည်အထိ အလွန်တရာ သိမ်မွေ့လွန်းနေခဲ့သည်။

လောင်လျူ၏ နယ်ပယ်က လုချန်ရှန်းလောက် မမြင့်မားသော်လည်း သူက ဓားဆန္ဒဖြစ်တည်ခြင်း၏ အစောပိုင်းအဆင့်သို့ ရောက်ရှိနေခဲ့ကာ သာမန်လူများထပ် သာလွန်နေခဲ့ပြီး ဓားတောင်ထွဋ်၏ အကြီးအကဲများကပင် သူ့လောက်ကောင်းမနေခဲ့ပေ။

သို့ရာတွင် စစ်ရထားလုံး ရောက်ရှိလာမှုက ဘက်ပေါင်းစုံမှ အာရုံများကို ဆွဲဆောင်သွားခဲ့သည်။

တစ်စုံတစ်ဦးက တအံ့တဩဖြင့် စကားပြောလာခဲ့၏ “ အဲ့တာက ရှေးဟောင်း စစ်ရထားလုံးပဲ။ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ အရေးကြီး ပုဂ္ဂိုလ်တစ်ယောက် ရောက်လာတာများလား “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်းလှည့်ကြည့်လာကြသည်။ ရှေးဟောင်း စစ်ရထားလုံးကို ကောင်းကင်အကယ်ဒမီ အတွင်းရှိ အရေးကြီး ပုဂ္ဂိုလ်များကသာ စီးနိုင်ကြပြီး အဆိုပါ ပုဂ္ဂိုလ်များမှာ ကြောက်ခမမ်းလိလိ အစွမ်းထက်သော တည်ရှိများဖြစ်သည်။

အကယ်၍ လူတစ်ဦးကသာ ထိုကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး၏ မျက်နှာသာပေးခြင်းကို ခံရမည်ဆိုပါက သူ၏ အနာဂတ်က အတိုင်းအဆမဲ့သွားလိမ့်မည် ဖြစ်သည်။

လူတော်တော်များများ အလိုအလျောက် စုဝေးလာခဲ့သည်။

သို့ရာ၌ စစ်ရထားလုံး ရပ်တန့်သွားသည့် အချိန်တွင် လူအနည်းငယ် ပေါ်ထွက်လာခဲ့သည်။

“ လုချန်ရှန်း “

“ တကယ်ကို သူဖြစ်နေတာပဲဟ “

တစ်နှစ်ကျောက် ပျောက်သွားခဲ့သည့် လူတစ်ဦး ရုတ်တရက် ပေါ်ထွက်လာခြင်းက လူတိုင်းကို အငိုက်မိသွားစေခဲ့၏။

“ သူက ရှေးဟောင်း စစ်ရထားလုံးကို တကယ်ကြီး စီးလာခဲ့တယ်ပေါ့။ ဘာဖြစ်လို့လဲ “

လူတိုင်း မှန်းဆတွက်ချက်နေကာ အားကျနေပုံရ၏။ သို့သော် အနည်းငယ် မနာလိုဖြစ်နေကြသေးသည်။

လုချန်ရှန်းမှာလည်း ထိုလူများကို ငေးကြည့်နေခဲ့ပြီး သူ၏ထျန်းယွမ်မြို့ တိုက်ပွဲများမှ ရင်းနှီးသော မျက်နှာအများအပြားကို မြင်တွေ့လိုက်ရကာ မနေနိုင်တော့ဘဲ နှုတ်ဆက်မိနေတော့သည်။

“ အားလုံးပဲ မတွေ့ရတာကြာပြီ။ မင်းတို့အားလုံးကို ကောင်းကင်ဘုံ အကယ်ဒမီမှာ တွေ့ရတာက တကယ်ကို ကောင်းတယ် “

လုချန်ရှန်းက ပြုံးပြလိုက်သည်။ သူတိုက်ခိုက်ခဲ့ဖူးသည့် လူတော်တော်များများ ရှိနေခဲ့ကာ အများစုက ဤနေရာသို့ ရောက်ရှိနေခဲ့သည်။

သို့ရာတွင် သူ၏ နှုတ်ဆက်မှုကို မည်သူကမှ မတုံ့ပြန်လာခဲ့ဘဲ လူတိုင်းက စူးစူးရဲရဲ စိုက်ကြည့်လာခဲ့သောကြောင့် သူတအံ့တဩ ဖြစ်သွားခဲ့ရသည်။

၎င်းကို မြင်လိုက်ရသောအခါတွင် လင်ခုန်းက လုချန်ရှန်းကို စကားပြောလာခဲ့သည် “ နတ်ဘုရားတွေရဲ့ ဂူဗိမာန်နယ်မြေ ဖွင့်တော့မယ်။ တံဆိပ်ပြား အရင်ယူဖို့အတွက် မင်းတို့ကို ငါခေါ်သွားပေးမယ် “

“ အင်း “

လုချန်ရှန်းက မငြင်းပယ်ဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

သူတို့အားလုံး ထွက်သွားတော့မည့် အချိန်မှာပင် အသံတစ်သံ ဟိန်းထွက်လာခဲ့ကာ သူတို့၏ လှုပ်ရှားမှုကို နှောင့်ယှက်လာခဲ့သည်။

“ တာဝန်ခံ လင်ခုန်းရဲ့ လုပ်ရပ်က မသင့်တော်ဘူးမလား “

ဟမ်

အားလုံးသည် အသက်လေးဆယ်ဝန်းကျင် အမျိုးသားတစ်ဦး လျှောက်လှမ်းလာသည်ကို မြင်တွေ့သွားကြသည်။ သို့သော် သူသည် မောက်မာမှုကို ထုတ်လွှတ်နေလျက်ရှိကာ သူ၏ ရန်လိုမှုကို မည်သို့မျှ မဖုံးကွယ်ထားခဲ့ပေ။

“ ရှောင်ရှင်း “ လင်ခုန်းသည် မျက်မှောင်ကြုတ်သွားကာ အသံပို့လွှတ်လိုက်သည် “ အဲ့လူရဲ့ အဖေက ထျန်းရီ မြင့်မြတ်နယ်မြေကလေ “

စကားတစ်ခွန်းတည်းဖြင့် လုချန်ရှန်းသည် ထိုလူက သူ့ကို ပစ်မှတ်ထားရန်အတွက် ရောက်လာခဲ့သည်ဆိုသည်ကို သဘောပေါက်သွားခဲ့သည်။

ထို့နောက်တွင် လင်ခုန်းမှ ပြန်၍ တုံ့ပြန်လိုက်၏ “ ဘာကို မသင့်တော်တာလဲ “

ရှောင်ရှင်းက ပြန်ပြောလာခဲ့သည် “ နတ်ဘုရားတွေရဲ့ ဂူဗိမာန်နယ်မြေက အကယ်ဒမီရဲ့ လျှို့ဝှက်နယ်မြေတစ်ခုလေ။ မင်းက အပြင်လူတွေကို ဝင်ခွင့်ပေးနေတယ်ပေါ့။ ငါ့ရဲ့ ကောင်းကင်ဘုံ အကယ်ဒမီမှာ အဲ့လိုစည်းမျဥ်းမျိုး ရှိလို့လား “

“ ငါက တောင်ထွဋ်သခင်ရဲ့ အမိန့်အတိုင်း လုပ်နေရုံပဲ။ မသင့်တော်ဘူးဆိုတာ မရှိဘူး “

“ ဓားတောင်ထွဋ်ရဲ့ သခင်က ဘယ်သူ့ကိုမှ ဘာမှမပြောခဲ့ဘူး။ မင်းက ကိုယ်ကျိုးအတွက် အာဏာကို အလွဲသုံးစားလုပ်နေတာလား။ ငါတို့ ကောင်းကင်ဘုံ အကယ်ဒမီရဲ့ တပည့်တွေက စမ်းသပ်မှုတွေနဲ့ ရွေးချယ်မှုတွေကို ကျော်ဖြတ်ခဲ့ပြီးမှ အဲ့ကိုရောက်သွားကြတာ။ ဒါပင်မဲ့ မင်းကတော့ သူ့အတွက် အနောက်တံခါးကို ဖွင့်ပေးချင်နေတယ်ပေါ့။ အဲ့တပည့်တွေက ဘာဖြစ်သွားမလဲ။ သူတို့က ဘယ်လိုထင်သွားကြမလဲ “

လင်ခုန်းသည် မျက်မှောင်ကြုတ်သွားကာ မျက်မှောင်ကြုတ်သွားကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။ လူတော်တော်များများ၏ အကြည့်များ ပြောင်းလဲသွားခဲ့သည်။ နတ်ဘုရားတို့၏ ဂူဗိမာန်နယ်မြေဆီသို့ မဝင်ချင်သည့်လူဟူ၍ မရှိပေ။ သူ၏ စကားလုံးများက လူထု၏ ဒေါသကို နှိုးဆွပေးလိုက်သည်။

သူတုံ့ပြန်လိုက်တော့မည့် အချိန်တွင်

လုချန်ရှန်းက ရှောင်ရှင်းကို မျက်မှောင်ကြုတ်၍ ကြည့်နေလျက်ရှိကာ မည်သည့်အရာကိုမှ မဖုံးကွယ်ထားဘဲ တည့်ပြောလိုက်သည်။

“ ရှောင်မိသားစုရဲ့ ကောင်ကလေး မင်းငါ့ကို ပစ်မှတ်ထားနေတာက နည်းနည်းလေးတော့ သိသာလွန်းတယ်ကွ။ ငါက အငြိုးကြီးတယ်ဆိုတာကို မင်းမသိဘူးလား “

သူ၏ စကားလုံးများ ကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ပတ်ဝန်းကျင်တစ်ခုလုံး အုံ့အောသောင်းနင်းဖြစ်သွားခဲ့သည်။ အားလုံးသည် မယုံကြည်နိုင်ဖြစ်နေသော အကြည့်များဖြင့် လုချန်ရှန်းကို ကြည့်လာကြ၏။ မွေးရာပါ ဝိညာဥ်အဆင့်၉ တာဝန်ခံတစ်ယောက်ကို ဘယ်လိုစကားမျိုးပြောလိုက်တာလဲဟ။

ရှောင်မိသားစုရဲ့ ကောင်ကလေးလား။

---

…………………………………………………………………………………………………………………………………

All Chapters