← Chapters

အခန်း ၂၅၃

Vol. 17 Ch. 253

အခန်း ၂၅၃

Vol. 17 Ch. 253

အပိုင်း ( 253 )

သူ့ကိုတွေ့ရတာက ငါတို့တွေ ကံဆိုးနေလို့ပဲ

ချက်ချင်းဆိုသလိုပင် လူတိုင်း၏ အမူအရာများ ‌ထင်ထင်ရှားရှား ပေါ်လွင်လာခဲ့သည်။

အံ့ဩတုန်လှုပ်ခြင်း ဒေါသထွက်ခြင်းနှင့် စိတ်ရှုပ်ထွေးခြင်းတို့ပင် ဖြစ်သည်။ ကောင်းကင်ဘုံ အကယ်ဒမီသို့ ဝင်ရောက်နိုင်ခဲ့သည့် လူတိုင်းက လူအများကြားမှ ပါရမီရှင်များဖြစ်သည်။

မင်းဆိုတဲ့ လုချန်ရှန်းက တကယ်ကို အံ့ဖွယ်ကောင်းတယ်ဆိုပင်မဲ့ ဒီလိုလူအုပ်ကြီးကို တစ်ကိုယ်တော် စိန်ခေါ်နေတာက မောက်မာလွန်းနေတာ မဟုတ်ဘူးလား။ ငါတို့တွေကို လူလို့ မမြင်တာလား။

“ လုချန်ရှန်း “

“ မင်း တော်တော်လွန်နေပြီ “

“ မဟုတ်ပါဘူး “ လုချန်ရှန်းက ခေါင်းခါပြကာ တုံ့ပြန်လိုက်သည် “ အဲ့အချိန်တုန်းက စိတ်ပျော့သွားခဲ့လို့ မင်းတို့ကို ကောင်းကောင်းလေး မဆုံးမခဲ့တာကမှ ငါ့ရဲ့အမှားပဲ “

” မင်း ခွေးသူတောင်းစား “

ထို့‌နောက်တွင် ပုံရိပ်အများအပြားက လေထုအတွင်းသို့ ခုန်တက်လာကြ၏။ မှော်စွမ်းအား ပေါက်ထွက်လာကာ ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများအဖြစ် ချက်ချင်းပြောင်းလဲသွားခဲ့သည်။

လုချန်ရှန်းက ၎င်းတို့ကို ငေးကြည့်နေခဲ့သည်။ လွန်ခဲ့သော တစ်နှစ်ကျော်ကနှင့် ယှဥ်လိုက်မည်ဆိုပါက သူတို့က အမှန်ပင် တိုးတက်လာခဲ့ကြသည်။

လူတော်တော်များများက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး တစ်ချို့ကမူ ခြေလှမ်းတစ်ဝက် မွေးရာပါ ဝိညာဥ်နယ်ပယ် ကျင့်ကြံသူများပင် ဖြစ်နေခဲ့ကာ တိုက်ခိုက်ရေး စွမ်းအားများ သိသိသာသာ တိုးတက်လာခဲ့ကြ၏။

၎င်းက သူတို့က ယုံကြည်မှု ပြန်လည်ရရှိသွားရသည့် အဓိကအကြောင်းအရင်း ဖြစ်ကာ သူတို့အား သူတို့ကိုယ်တိုင်က မည်သူလဲဆိုသည်ကိုပင် မေ့လျော့သွားစေခဲ့၏။

လင်ခုန်းသည် ၎င်းကို စောင့်ကြည့်နေရင်းဖြင့် မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့သော လုပ်ရပ်မျိုးက အလွန်တရာ မောက်မာလွန်းလှကာ သူကိုယ်တိုင်ကပင် ၎င်းက မသင့်တော်ဘူးဟု ခံစားနေခဲ့ရသည်။

ထိုအခိုက်အတန့်တွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့၏ “ ကိစ္စတွေက ဒီလိုဖြစ်လာပြီဆိုမှတော့ ဓားတောင်ထွဋ်သခင်ကို မျက်နှာပျက်သွားစေလို့ မဖြစ်ဘူး။ အဲ့တာကြောင့် ငါ့ရဲ့ တကယ့်စွမ်းအားကို ပြပြီးတော့ မင်းတို့ကို ပြတ်ပြတ်သားသား ရှုံးခွင့်ပေးလိုက်မယ် “

ဟမ်

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူတိုင်း တအံ့တဩ ဖြစ်သွားကြသည်။ သူ့ရဲ့ တကယ့်စွမ်းအားဆိုတာက ဘာကိုဆိုလိုတာလဲဟ။

လူတော်တော်များများ၏ သိလိုစိတ်များ နှိုးဆွခံလိုက်ရသည်။

“ ဟက် အဲ့လိုလား “

မထီမဲ့မြင်ပြုနေသည့် ရယ်မောသံတစ်သံ ပေါ်ထွက်လာခဲ့၏။ သူတို့က ခိုင်မာသော ယုံကြည်မှုကို သယ်ဆောင်ထားကြပြီး အများစုကို ကောင်းကင်ဘုံ အကယ်ဒမီက ပေးအပ်ခဲ့ကာ တစ်စိတ်တစ်ပိုင်းကို လုချန်ရှန်းက ပေးအပ်ခဲ့သည်။

ဝှစ်

လုချန်ရှန်းက ချက်ချင်း လှုပ်ရှားနေတော့၏။

ခြေတစ်လှမ်းတည်းဖြင့် လေနှင့် တိမ်သားတိမ်စိုင်များ တဟုန်ထိုး မြင့်တက်လာခဲ့ကာ သဲနှင့် ကျောက်တုံးများ ခါရမ်းသွားပြီး သိန်းနှင့်ချီသော ဓားချီများ ပေါ်ထွက်လာခဲ့ကာ အဆက်မပြတ် များပြားလာခဲ့ပြီး လေပြင်းများ တိုက်ခတ်လာကာ တိမ်တိုက်များ လွင့်စင်သွားခဲ့သည်။

တစ်ခြားလူများသည် ပင်လယ်ပြင်ကဲ့သို့သော ဓားချီများကို ကြည့်နေရင်းဖြင့် အံ့ဩတုန်လှုပ်သွားကြသည်။ သို့သော် လူအများအပြား ရှိနေသေးသောကြောင့် သူတို့က တိုက်ခိုက်နိုင်သေးသည်မဟုတ်လော။

သို့သော် ၎င်းနှင့်ပင် မရပ်တန့်သွားခဲ့ပေ။ ထိုအခိုက်အတန့်တွင် လုချန်ရှန်း၏ အရှိန်အဝါကပါ ပြောင်းလဲသွားခဲ့သည်။ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၆မှ မြင့်တက်လာခဲ့ကာ အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉သို့ ချက်ချင်းရောက်ရှိသွားခဲ့သည်။

အဆိုပါ ရုတ်တရက် ပြောင်းလဲမှုက မထင်မှတ်ထားသော အရာဖြစ်သည်။

လင်ခုန်းမှာ အံ့ဩတကြီးဖြစ်သွားခဲ့သည် “ သူက အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉ကို တကယ်ကြီး ရောက်နေတယ်ပေါ့ “

သူနှင့် နယ်ပယ်ကြီးတစ်ခုတိတိ ကွာခြားနေသော်လည်း ထိုအသက်အရွယ်ဖြင့် ထိုကဲ့သို့သော အဆင့်မျိုးအထိ ရောက်ရှိခြင်းက အတော်ပင် အံ့ဖွယ်ကောင်းလှ၏။

သို့ရာတွင် ရှောင်ဟေးနှင့် လောင်လျူက မကြည်ကြည့်ကြည့်ကာ တစ်ပြိုင်နက် ပြောဆိုလာကြသည် “ မြေခွေးအိုကြီး ဘယ်လောက်တောင် အရှက်မရှိလိုက်လဲ “

စကားလုံးများက အနည်းငယ် ရိုင်းပြနေခဲ့သော်လည်း လင်ဖုန်းသည် ၎င်းက အဓိပ္ပါယ်ရှိသည်ဟု ခံစားနေခဲ့ရကာ ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့၏။

သို့သော် သူသည် ထိုနှစ်ဦး၏ အတွေးအခေါ်များကို နားမလည်ခဲ့ပေ။

တိုက်ခိုက်နေသည့် လူအုပ်ကြီး၏ အမူအရာများမှာလည်း တစ်ခဏခန့် အေးခဲတောင့်တင်းသွားခဲ့သည်။ သို့သော် သူတို့သည် သူတို့၏ တိုက်ကွက်များကို ထုတ်လွှတ်နေကြသေး၏။ အမျိုးမျိုးသော နည်းစနစ်များ ဖြစ်တည်လာကာ အရှေ့သို့ တိုက်ခိုက်နေကြတော့သည်။

ခွမ်းးး

ထိုအခိုက်အတန့်တွင် ဓားအူသံများသာလျှင် ကျန်နေခဲ့၏။

လုချန်ရှန်းက လေထုအတွင်းတွင် မတ်တပ်ရပ်နေလျက်ရှိပြီး ဓားပင်လယ်က သူ၏ပတ်ပတ်လည်တွင် လှည့်ပတ်စီးဆင်းနေကာ ဓားအင်မော်တယ်တစ်ပါးပမာ ကမ္ဘာမြေထက်သို့ ဆင်းသက်လာခဲ့သည်။

သူ၏အကြည့်များက တည်တည်ငြိမ်ငြိမ် ဖြစ်နေခဲ့ပြီး အံ့ဖွယ်ကောင်းလောက်သည်အထိ စူးရှနေခဲ့ကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ဆွဲထုတ်လိုက်သည့် ဓားတစ်လက်အလား ဖြစ်နေခဲ့သည်။

“ သတ် “

ပုံရိပ်များစွာ ချဥ်းကပ်လာသည်နှင့်အမျှ ထိတ်လန့်ဖွယ်ကောင်းသော အော်ဟစ်သံများ ဟိန်းထွက်လာခဲ့သည်။

လူတိုင်းက နယ်ပယ်တူတွင် ရှိနေကြခြင်း ဖြစ်ပြီး လူအုပ်ကြီးက လူတစ်ဦးကို အမှောက်သိပ်နိုင်မည့် အခွင့်အလမ်းက မည်မျှ များပြားလိုက်သနည်း။

“ ခုတ် “

လုချန်ရှန်း၏ စကားလုံးများက ပေါ့ပါးနေခဲ့သည်။ သို့သော် ဓားချီများ မြင့်တက်လာခဲ့ပြီး ‌ရေစီးကြောင်းတစ်ခုအဖြစ် အသွင်ပြောင်းကာ အရှေ့သို့ စီးဆင်းသွား၏။

၎င်းနှင့် ထိတွေ့မိသည့် နည်းစနစ်များနှင့် မန္တန်အားလုံး ချက်ချင်းပြိုကွဲသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် လူတိုင်း၏အမူအရာများ ပြောင်းလဲသွား၏။

သူတို့၏ အရှေ့တွင် ကောင်းကင်ဘုံ မြစ်တစ်စင်းက သူတို့ကို ဖုံးလွှမ်းလာသည့်ပမာ ဖြစ်နေခဲ့၏။ သူတို့၏ မှော်စွမ်းအားများ ဆက်တိုက်မြင့်တက်လာခဲ့သော်လည်း ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ချက်ချင်း ခုတ်ပိုင်းခံလိုက်ရသည်။

သူတို့က ခုခံခဲ့ကြသော်လည်း စွမ်းအားမဲ့နေသည့် ခံစားချက်တစ်ခုကိုသာ ခံစားလိုက်ကြရ၏။

ထိုမြင်ကွင်းကို လူတော်တော်များများက မြင်တွေ့နေခဲ့ရကာ မျက်လုံးအပြူးသားဖြင့် အမူအရာများပင် မူမမှန် ဖြစ်သွားခဲ့သည်။

တစ်ခဏအတွင်းမှာပင် ဓားချီရေစီးကြောင်းက လူတိုင်းကို အုပ်မိုးသွားခဲ့သည်။

သူတို့သည် မည်သို့မျှ မခုခံနိုင်ကြဘဲ ရေစီးကြောင်းနှင့်အတူ ရွေ့လျားသွားကာ သွေးများစီးဆင်းလာခဲ့၏။

လူတိုင်း ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

သူတို့အားလုံး ဖိနှိပ်ခံလိုက်ရပြီး လုချန်ရှန်း၏ ခြေရင်းတွင် ကျရှုံးသွားခဲ့ကာ ဓားချီများက သူတို့ကို စဥ်ဆက်မပြတ် ဝိုင်းရံထားခဲ့သည်။

“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “

“ လူတစ်ယောက်တည်းက လူအများကြီးကို ဒီလောက်မြန်မြန်ဆန်ဆန် အမှောက်သိပ်လိုက်တယ်ပေါ့ “

ပွဲကြည့်ပရိတ်သတ်တို့မှာ အံ့ဩတကြီးဖြစ်သွားကြသည်။

သူတို့ကို စုဆောင်းရန် ယခင်က ကြိုးပမ်းခဲ့ဖူးကြသူတို့၏ အမူအရာများ မည်းမှောင်သွားခဲ့သည်။

ထိုလူများက မြေပြင်နှင့် မျက်နှာကပ်သည်အထိ ဖိနှိပ်ခံထားရပြီး မည်သို့မျှ မတ်တပ်မရပ်နိုင်ခဲ့ပေ။

“ လုချန်ရှန်း မင်းက ဘယ်လိုလုပ် ဒီလောက်တောင် မြန်မြန်ဆန်ဆန် ကျင့်ကြံနိုင်ရတာလဲ “

“ တစ်နှစ်ကျော်လေးပဲ ရှိသေးတယ်။ ဒီလိုအချိန်တိုအတွင်းမှာ မင်းက အဲ့အဆင့်ကို ရောက်နေပြီပေါ့ “

သူတို့သည် တအံ့တဩ ဖြစ်သွားကြကာ မယုံကြည်နိုင်စွာဖြင့် ပြောဆိုလာကြသည်။

သူတို့က ကောင်းကင်ဘုံ အကယ်ဒမီမှ နာမည်ကျော် ဆရာဆရာများ၏ လမ်းညွှန်သင်ပြမှုကို ရရှိခဲ့ကြ၏။ ကြိုးကြိုးစားစား ကျင့်ကြံကာ အမျိုးမျိုးသော မန္တန်စာအုပ်များနှင့် ရှေးဟောင်းစာအုပ်များကို လေ့လာခဲ့ကြသည်။

ကြောက်မက်ဖွယ်ရာ အမြန်နှုန်းဖြင့် မတိုးတက်လာခဲ့သော်လည်း ထိုကဲ့သို့သော အခြေအနေမျိုးနှင့် သိပ်မဝေးလှတော့ပေ။

အစတွင် သူတို့က လုချန်ရှန်းကို အမှီလိုက်နိုင်ပြီဟု ထင်နေခဲ့ကြသည်။ သို့သော် သူတို့က လုချန်ရှန်းကို ရှုံးနိမ့်သွားကြသေး၏။ အပြတ်အသပ် ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။

သူတို့သည် ၎င်းကို မလိုလားကြဘဲ အကြောင်းပြချက်တစ်ခုကို ရှာဖွေနေကြတော့၏။

သို့ရာတွင် လုချန်ရှန်းက စကားထပ်ပြောလာခဲ့သည် “ တကယ်လို့ မင်းတို့ရဲ့ အကြီးအကဲတွေဆီကနေ ငွေယူဖို့နဲ့ ဝိညာဥ်ကျောက်တုံးတွေ ရဖို့အတွက်ကြောင့်သာ မဟုတ်ဘူးဆိုရင် အဲ့အချိန်တုန်းက မင်းတို့နဲ့တောင် ကစားပေးခဲ့မှာ မဟုတ်ဘူး “

“ ဘာဖြစ်တယ် “

ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ၎င်းက မိုးကြိုးပစ်လိုက်သည့်အလား ဖြစ်နေခဲ့ကာ သူတို့၏ တာအိုနှလုံးသားများပင် ချက်ချင်းပြိုကွဲသွားပုံရ၏။

စူးစူးရဲရဲ စိုက်ကြည့်နေရင်းဖြင့် သူတို့အားလုံး လက်မခံနိုင်ဖြစ်နေခဲ့သည်။ သူတို့က ၎င်းကို မည်ကဲ့သို့ လက်ခံနိုင်ကြမည်နည်း။

သူတို့၏ အကြီးအကဲများမှာ သူတို့က လုချန်ရှန်းကို မယှဥ်နိုင်ဘူးဆိုသည်ကို သိရှိခဲ့သည်မှာ အတော်ပင် ကြာနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သည် သူတို့၏ တပည့်များက ကောင်းကင်ဘုံ အကယ်ဒမီသို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိရန် မျှော်လင့်ရင်းဖြင့် လုချန်ရှန်းကို ငွေပေးခဲ့ကာ ပြိုင်ပွဲများကို စိတ်ဝင်စားဖွယ်ကောင်းအောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၎င်းက တပည့်များ၏ တာအိုနှလုံးသားများကို ထိခိုက်သွားစေမည်ကို ကြောက်ရွံ့သောကြောင့် သူတို့က အမှန်တရားကို မည်သို့မျှ မပြောပြခဲ့ကြပေ။

သို့သော် ယခုတွင်ကား ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ လူတိုင်း၏ တာအိုနှလုံးသားများ ပြိုကွဲသွားခဲ့သည်။

လုချန်ရှန်းကမူ မည်သည့်အရာကိုမှ ဂရုစိုက်မနေဘဲ သူ၏လက်ကို မြှောက်၍ ထိုလူများ၏ ပစ္စည်းအားလုံးကို ချွတ်ယူကာ သူ့အိတ်ကပ်အတွင်းသို့ လောင်းထည့်လိုက်ပြီး ထို့နောက်တွင် လက်ဝေ့ရမ်းကာ ထိုလူများကို လွှင့်ပစ်လိုက်သည်။

“ ဟားဟားဟား “

ထို့နောက်တွင် သူသည် သိမ်းဆည်းရရှိသည့် ပစ္စည်းများကို စစ်ဆေးရင်းဖြင့် မအောင့်ထားနိုင်တော့ဘဲ ကျယ်လောင်စွာ ရယ်မောနေမိတော့၏။

သူသည် ဤတစ်ကြိမ်တွင် ဝင်ငွေသန်းနှင့်ချီ၍ ရရှိခဲ့၏။

သူသည် လွန်ခဲ့သော တစ်နှစ်ကျော်က ထိုလူများထံမှ ငွေရခဲ့ပြီးပြီ ဖြစ်ကာ ယခုတွင်လည်း ထပ်မံ၍ ရရှိခဲ့ပြန်သည်။

သို့သော် ပုန်းကွယ်၍ စောင့်ကြည့်နေကြသူများသည် အမှန်တရားကို သိရှိသွားကာ ဆွံ့အသွား၏။

ထိုလူအုပ်ကို စုဆောင်းရန်အတွက် တာဝန်ယူခဲ့သည့် လူများ၏ အမူအရာများက ပိုမိုမည်းမှောင်သွားခဲ့သည်။

သူတို့သည် လုချန်ရှန်းကို လူကိုယ်တိုင် စမ်းသပ်ခဲ့ကာ သူက ထူးချွန်သည်ဆိုသည်ကို အတည်ပြုနိုင်ခဲ့ပြီး သူ့ကို အသုံးပြုကာ ပါရမီရှင်တစ်စုကို ရွေးထုတ်ရန် ကြံရွယ်ခဲ့ကြသည်။

သူတို့က ပါရမီရှင်တစ်စုကို ရရှိခဲ့ပြီဟု ထင်နေခဲ့ကြသော်လည်း ထိုလူက သူ၏ အသိစိတ်ကို ဝိညာဥ်ကျောက်တုံးများအတွက် ရောင်းချလိုက်ကာ ငွေယူ၍ လုပ်ပွဲကစားခဲ့လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည်နည်း။

လူတစ်ဦးက မည်သည့်အတွက်ကြောင့် ထိုမျှလောက်အရှက်မဲ့ရပါသနည်း။

သူတို့အားလုံး ဒေါသထွက်နေခဲ့သော်လည်း လုချန်ရှန်းကို မည်သို့မျှ အပြစ်မတင်နိုင်ကြပေ။ ၎င်းက သူတို့၏ ရွေးချယ်မှုသာ ဖြစ်ကာ လုချန်ရှန်းက ထိုကိစ္စကို မည်သို့မျှ သတိမပြုမိခဲ့ပေ။

ယခုတွင်ကား သူတို့သည် အလျင်စလို ပြုလုပ်မိသည့် သူတို့ကိုယ်သူတို့နှင့် ထိုလူများကို ယှဥ်ပြိုင်ခိုင်းကာ သူတို့၏ ခွန်အားများကို မြင်တွေ့ခွင့်မပြုခဲ့သည့် ကောင်းကင်ဘုံ အကယ်ဒမီကိုသာ အပြစ်တင်နိုင်ကြပေသည်။

တစ်ချိန်တည်းမှာပင် ပွဲကြည့်ပရိတ်သတ် အနည်းငယ် တည်ရှိရာ နေရာတစ်နေရာသို့ မုတ်ဆိတ်မွှေးနှင့် ဆံပင်များ ဖြူဖွေးနေသည့် အဘိုးအိုတစ်ဦး ရောက်ရှိလာခဲ့၏ “ လူကြီးမင်းတို့ စည်းကမ်းထိန်းသိမ်းရေး ခန်းမဆီလာခဲ့ပြီးတော့ ဒီကိစ္စကို သေချာရှင်းပြပါ “

“ သူနဲ့တွေ့ရတာ ရှစ်ဘဝစာလောက် ကံဆိုးသွားတာပဲ “ ထို့နောက်တွင် မည်သူကမှ စကားမပြောနိုင်ကြတော့ပေ။ သူတို့သည် လုချန်ရှန်းကြောင့် အမှန်တကယ် ခံလိုက်ကြရသည်။

သူတို့သာလျှင် မဟုတ်ဘဲ ဓားတောင်ထွဋ်သခင်ကပင် တစ်ခဏခန့် ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့သည်။ ထိုကဲ့သို့သော ဇာတ်လမ်းမျိုး ရှိနေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

ရှောင်ရှင်း၏ အမူအရာမှာလည်း ကောင်းမွန်မနေခဲ့ပေ။ ကိစ္စများက ဤကဲ့သို့ ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် သူသည် နောက်ဆုတ်လိုက်ရုံသာ တတ်နိုင်တော့ပေသည်။

ရှောင်ဟေးနှင့် လောင်လျူတို့ကမူ လုချန်ရှန်း၏ အရှက်မဲ့မှုကြောင့် ကျိန်ဆဲနေကြသေး၏။ ဝိညာဥ်ကျောက်တုံးလေးအတွက်နဲ့ အဲ့လိုကိစ္စမျိုးကိုတောင် လုပ်ခဲ့တယ်ပေါ့။

လုချန်ရှန်းကမူ ၎င်းကို ခေါင်းထဲမထည့်ထားခဲ့ပေ။

ငွေယူကာ လုပ်ပွဲဆော့ခြင်းက သူ၏ လွတ်လပ်မှုဖြစ်ပြီး တစ်ခြားလူများက ၎င်းကို ထိန်းချုပ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ရွေးချယ်စရာ မရှိတော့သောကြောင့် သူ၏ ကျင့်ကြံရေးကို အူတိုင်ဖွဲ့စည်းခြင်း အဆင့်၉အထိ ချပြခဲ့ရ၏။

ပိုမိုမြင့်မားသည့် ကျင့်ကြံရေးကို ချပြလိုက်မည်ဆိုပါက ဓားတောင်ထွဋ်သခင်က ပိုမိုအာရုံစိုက်ကာ သူ့ကို ကြာကြာခေါ်ထားနိုင်ပေသည်။

၎င်းမှာ ကူချန်ကျွင်း ပြောခဲ့သည့် အရာဖြစ်သည်။ သူ၏ခွန်အားကို ထပ်မံ၍ မဖုံးကွယ်ထားတော့ရန်နှင့် တစ်ခြားလူများက သူ့အား ထိခိုက်အောင် လုပ်လာကြမည်ကို မပူပန်တော့ရန် ပြောခဲ့လေသည်။ ထို့ကြောင့်ပင် သူက ၎င်းတို့ကို ချပြလိုက်ခြင်း ဖြစ်သည်။

သူက ထိုကဲ့သို့သော ယုံကြည်မှုမျိုးကို မည်သည့်‌ဂျောင်မှ ရရှိခဲ့လဲဆိုသည်ကို သူနားမလည်သော်လည်း ၎င်းက သူ၏ဆရာဖြစ်နေသောကြောင့် သူ့ထံတွင် ဆရာဖြစ်သူကို ယုံကြည်လိုက်ရုံမှတစ်ပါး တစ်ခြားသော ရွေးချယ်စရာ မရှိချေ။

၎င်းတို့အားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် လုချန်ရှန်းသည် လင်ခုန်းကို ကြည့်ကာ စကားပြောလိုက်သည် “ အစ်ကိုကြီး သွားကြစို့ “

“ အာ “

လင်ခုန်းသည် ရုတ်တရက် သတိပြန်ကပ်လာခဲ့၏။

“ ဘာကို အာလဲ။ ကျွန်တော့်ရဲ့ တံဆိပ်ပြားသွားယူမယ်လေ “

“ အို့ “

အဆုံးတွင် လင်ခုန်းက တုံ့ပြန်လာခဲ့ပြီး သူ့ကို ကောင်းကင်ဘုံ အကယ်ဒမီ၏ အတွင်းပိုင်းသို့ ခေါ်ဆောင်သွားတော့သည်။

---

………………………………………………………………………………………………………………………………………

All Chapters