အခန်း ၂၅၅
Vol. 17 Ch. 255
အပိုင်း ( 255 )
ပါရမီရှင်တစ်ဦး၏ ဒုက္ခများ
အသံတစ်သံ ပဲ့တင်ထပ်လာခဲ့ကာ အရပ်မျက်နှာရှစ်ခုစလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။
ကောင်းကင်ဘုံ အကယ်ဒမီ၏ အတွင်းအပြင်နှစ်ခုစလုံးမှ ပုံရိပ်အများအပြား ပြေးထွက်လာခဲ့ပြီး ယဇ်ပုလ္လင်တစ်ခု၏ အရှေ့တွင် တစ်ဦးပြီးတစ်ဦး ရပ်တန့်သွားကြသည်။
ကောင်းကင်ဘုံ အကယ်ဒမီက စမ်းသပ်မှုများကို ပြုလုပ်ခဲ့သော်လည်း လူတော်တော်များများက ၎င်းတို့ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့သေးသည်။ မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်း စေလွှတ်လိုက်သည့် လူများအနက် သတ်မှတ်ထားသော စံချိန်စံညွှန်းတို့ဖြင့် မကိုက်ညီသည့် လူများက အနည်းငယ်မျှသာ ရှိနေခဲ့ပြီး လူအများစုမှာ ထူးခြားသော ပါရမီရှင်များသာ ဖြစ်နေခဲ့သည်။
ဘက်ပေါင်းစုံမှ လူများရောက်ရှိလာခဲ့ပြီး ကောင်းကင်ထက်တွင် တောက်ပသော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်ကို မြင်တွေ့သွားကြသည်။
လုချန်ရှန်းမှာလည်း အတော်ပင် တက်ကြွနေခဲ့ပြီး စောစောစီးစီး ရောက်ရှိလာကာ ပထမဦးဆုံး အသုတ်တွင် ပါဝင်လုနီးပါးပင် ဖြစ်နေခဲ့သည်။
သူက လွတ်လပ်ပေါ့ပါးသော လူတစ်ဦးဖြစ်သော်လည်း ထိုကိစ္စကို အသေအချာ အလေးအနက် ထားနေခဲ့၏။ အကယ်၍ သူကသာ အဆိုပါ အခွင့်အရေးကို လက်လွှတ်လိုက်ရမည်ဆိုပါက နောက်တစ်ခုထပ်ရနိုင်လိမ့်မည် မဟုတ်ပေ။
သို့ရာတွင် သူ၏ ပေါ်ထွက်လာမှုက လူအများအာရုံစိုက်ရာ ဗဟိုချက်ဖြစ်လာခဲ့၏။ သူ၏ ယခင်က အောင်မြင်မှုများကို မဆိုထားနှင့် ကောင်းကင်ဘုံ အကယ်ဒမီသို့ ရောက်လာခဲ့သည့် ပထမတစ်ရက်မှာပင် တစ်ခြားလူများကို အနိုင်ကျင့်ခဲ့သည့် ဖြစ်ရပ်က သူ့ကို ထပ်မံ၍ ကျော်ကြားသွားစေရန် လုံလောက်နေခဲ့သည်။
မြင့်မြတ်နယ်မြေ၏ သူတော်စင်များကပင် ကောင်းကင်ဘုံအကယ်ဒမီသို့ ဝင်ရောက်လာခဲ့ပြီးသည့်နောက်တွင် သူကဲ့သို့ ထိန်းမရသိမ်းမရ မဖြစ်ခဲ့ပေ။
သို့ရာတွင် လုချန်ရှန်းကမူ အတော်ပင် အေးဆေးတည်ငြိမ်နေလျက်ရှိ၏။ အကယ်၍ သူတစ်ဦး မတ်တပ်ရပ်နေရမည်ဆိုလျှင်တောင်မှ သူသည် အထီးကျန်ဖြစ်နေရမည်ကို ဂရုမစိုက်ပေ။ ထို့အစား သူသည် အေးအေးဆေးဆေး ဖြစ်နေရသည့်အတွက် ပျော်ရွှင်နေခဲ့သည်။ ရန်သူများက အမြဲလိုလို ရှင်းလင်းရ လွယ်ကူလှပြီး ဆိုးရွားသော ရည်ရွယ်ချက်များဖြင့် ချဥ်းကပ်လာကြသူများကသာ ပိုမိုကြောက်မက်ဖွယ်ကောင်းလှသည်။
မည်သို့ပင်ဆိုစေကာမူ သူသည် သူ၏လူကြိုက်နည်းမှုကဲ့သို့သော အသေးအမွှားကိစ္စလေးများကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။
သူ့ကို အံ့အားသင့်သွားစေသည့် တစ်ခုတည်းသော အရာမှာ လူငယ်တစ်ဦးက လူအုပ်အတွင်းမှ လျှောက်လှမ်းလာကာ သူ့အနားသို့ ချဥ်းကပ်လာခဲ့ခြင်း ဖြစ်သည်။
“ ညီအစ်ကိုမို ငါတို့ မတွေ့ရတာတောင် တော်တော်ကြာပြီနော် “
ထိုစကားကို ကြားလိုက်ရသောအခါတွင် လုချန်ရှန်းက မော့ကြည့်နေတော့သည်။ ၎င်းက အမှန်ပင် မိုချင်ဖြစ်နေခဲ့သည်။
“ အို့ ညီအစ်ကိုမို “
လုချန်ရှန်းသည် အံ့အားသင့်သွားသော အမူအရာမျိုးဖြင့် သူ့ကို ငေးကြည့်နေတော့၏။
မိုချင်သည် ယခင်ကကဲ့သို့ပင် နူးညံ့သိမ်မွေ့ကာ လူငယ်သခင်လေးကဲ့သို့သော အမြင်တစ်မျိုးကို ပေးစွမ်းနေခဲ့၏။ သို့သော် သူ၏ မျက်နှာက အမြဲလိုလို ဖြူဖျော့နေလျက်ရှိကာ သူက နေမကောင်းဘူးဟု လူအများကို ထင်သွားစေခဲ့သည်။
“ ညီအစ်ကိုမိုဆိုတဲ့ ဟာက နည်းနည်းလေး သူစိမ်းဆန်ပါတယ် “ မိုချင်က ပြန်ပြောလာခဲ့၏။
လုချန်ရှန်းက တွေးတောစဥ်းစားနေတော့၏။ ထိုလူက လူကောင်းတစ်ဦးပုံပေါက်နေသော်လည်း ယခင်က ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရပြီးသည့်နောက်တွင် သူသည် ထိုလူက မရိုးရှင်းဘူးဟု အမြဲလိုလို ခံစားနေခဲ့ရကာ တစ်ခါတစ်ရံတွင် သူ့ကိုပင် စိတ်မသက်မသာ ဖြစ်သွားစေခဲ့၏။
“ ညီအစ်ကိုမို ငါ့ကို ပေါ်တင်ကြီး နှုတ်ဆက်နေလို့ တစ်ခြားလူတွေက ပစ်မှတ်ထားလာမှာကို မကြောက်ဘူးလား “
လုချန်ရှန်းက တဟားဟား ရယ်မောနေတော့သည်။ သူသည် သူ၏ကိုယ်ပိုင် ကျော်ကြားမှုကို ကောင်းစွာသိရှိနေခဲ့သည်။
မိုချင်က တိုက်ရိုက်ထုတ်ပြောလာခဲ့သည် “ တကယ်လို့ ငါပစ်မှတ်ထားခံရမယ်ဆိုရင် အများဆုံးမှ အိမ်ထဲက မထွက်ရုံပဲပေါ့။ ဘာပဲဖြစ်ဖြစ် ငါက ထျန်းကျီစံအိမ်ရဲ့ သူတော်စင်လေ။ မြင့်မြတ်နယ်မြေတွေက ငါ့ကို မျက်နှာသာပေးကြမှာပါ။ အဲ့တော့ ဘာကိုမှ ကြောက်စရာ မလိုဘူးလေ။ ဆန့်ကျင်ဘက်အနေနဲ့ အဲ့တာက ငါ့ကို အစ်ကိုလုနဲ့တောင် ပိုပြီးတော့ နီးစပ်သွားစေမှာလေ။ ငါက ဘာလို့မလုပ်လိုက်ရမှာလဲ “
“ မင်းက တော်တော်လေး ကြောက်စရာကောင်းတယ်လို့ ငါအမြဲ ခံစားနေခဲ့ရတယ် “
“ ငါကလား “
လူနှစ်ဦးက တစ်ဦးကိုတစ်ဦး ပြုံးပြနေကြတော့သည်။
လုချန်ရှန်းသည် ထိုလူ၏ အတွေးများက ပိုပို၍ နက်နဲလာသည်ဟု ခံစားသွားခဲ့ရသည်။ သို့သော် သူသည် ထိုလူက ဘာလိုချင်နေလဲဆိုသည်ကို မသိပေ။
ထို့အစား သူတို့နှစ်ဦး စကားပြောနေသည့် အချိန်တွင် ပုံရိပ်အများအပြားသည် ကောင်းကင်ပြင်ကို ကျော်ဖြတ်ကာ ယဇ်ပုလ္လင်ဆီသို့ ရောက်ရှိလာခဲ့သည်။ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူတို့၏ အကြည့်များက လုချန်ရှန်းပေါ်သို့ ကျဆင်းလာခဲ့၏။
ထိုလူများအနက် ရင်းနှီးသော မျက်နှာနှစ်ခု ရှိနေခဲ့သည်။ ထျန်းရီ မြင့်မြတ်နယ်မြေ၏ အမည်ခံသူတော်စင် ချီယန်နှင့် မိုးကြိုးငှက်မျိုးနွယ်စု၏ လျှပ်စီးကျီတို့ပင် ဖြစ်သည်။ သူတို့၏ အကြည့်များက မကျေနပ်ချက်များကို သယ်ဆောင်ထားပုံရ၏။
သူတို့နှစ်ဦးအပြင် အဖြူရောင် ဝတ်စုံနှင့်လူငယ်တစ်ဦးပါ ရှိနေခဲ့သည်။ သူက ပိန်သွယ်သွယ် ခန္ဓာကိုယ်နှင့် ကျောက်စိမ်းကဲ့သို့သော မျက်နှာကို ပိုင်ဆိုင်ထားခဲ့သည်။ သူ၏ပတ်ပတ်လည်တွင် သဘာဝ အရှိန်အဝါတစ်ခု ဖုံးလွှမ်းနေလျက်ရှိပြီး သူ၏ ကျင့်ကြံရေးမှာ မွေးရာပါ ဝိညာဥ်နယ်ပယ်သို့ ရောက်ရှိနေခဲ့သည်။
လုချန်ရှန်းက သူနှင့် အကြည့်ချင်းဆုံသွားခဲ့သည်။ သို့သော် ထိုလူ၏မျက်ဝန်းများအတွင်းတွင် အထင်တသေးဖြစ်နေသည့် အရိပ်အငွေ့များ မရှိဘဲ တွေးတောစဥ်းစားနေသည့် အရိပ်အငွေ့များသာ ရှိနေခဲ့၏။
“ အဲ့လူရဲ့ နာမည်က ပိုင်ပိုင်ဟီ သူက က တောင်ပိုင်းဒေသက ပိုင်မိသားစုရဲ့ အမွေခံလေ။ သူက တော်တော်လေးကို ဉာဏ်များပြီးတော့ ပေါင်းသင်းဆက်ဆံရခက်တယ်။ ပိုင်မိသားစုက ကြောက်စရာကောင်းတဲ့ အုတ်မြစ်တွေရှိတဲ့ လျှို့ဝှက်/ပုန်းကွယ်နေတဲ့ မိသားစုတစ်ခုလေ။ အဲ့တာက တော်တော်လေးကို ကြောက်စရာကောင်းတဲ့ မိသားစုတစ်ခုလေ “ ဟု မိုချင်က စကားပြောကာ မိတ်ဆက်ပေးလာခဲ့သည်။
လုချန်ရှန်းက ခေါင်းငြိမ့်ပြကာ ပြန်ပြောလိုက်သည် “ ငါသူ့ကို တစ်ခါမှမကြားဖူးတာက အံ့ဩစရာတော့ မဟုတ်ဘူးပဲ “
၎င်းတို့အပြင် ဤနေရာတွင် လူငယ်ကျင့်ကြံသူ အများအပြား ရှိနေခဲ့ပြီး အသက်အရွယ်အားဖြင့် ဆယ်စုနှစ်အနည်းငယ်မျှသာ ရှိနေသေး၏။ သို့သော် မွေးရာပါ ဝိညာဥ်နယ်ပယ်၏ အထက်အဆင့် ကျင့်ကြံရေးကို ပိုင်ဆိုင်ထားကြသည်။
လုချန်ရှန်းမှာ မအောင့်ထားနိုင်တော့ဘဲ သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။ ကောင်ကင်ဘုံ အကယ်ဒမီ ပေါ်ထွက်လာမှုနှင့်အတူ ပုန်းကွယ်နေသည့် အင်အားစုများ ပေါ်ထွက်လာခဲ့ပြီး ရေက ပိုပို၍နက်ရှိုင်းနေခဲ့ကာ အပေါ်ယံ မြင်ရသလောက် ရိုးရှင်းမနေခဲ့ပေ။
သို့ရာတွင် သူ၏သိလိုစိတ်ပါ မြင့်တက်လာခဲ့သည်။ သူသည် ရှင်းယွင်(သို့) မဟာတောရိုင်း ခန်းမ၏ မည်သူ့ကိုမှ မမြင်ခဲ့ရပေ။
မကြာခင်အချိန်မှာပင် ကောင်းကင်ထက်ရှိ ကောင်းကင်ဘုံ ဂိတ်တံခါး ပွင့်ဟလာခဲ့သည်။ လူတိုင်း လှုပ်ရှားကြကာ ထိုနေရာသို့ ပျံသန်းသွားကြသည်။
ဤဖြစ်စဥ်တစ်လျှောက်လုံးတွင် ကောင်းကင်ဘုံ အကယ်ဒမီ၏ မည်သည့်ပညာရှင်မှ မပေါ်ထွက်လာခဲ့ပေ။ အားလုံးသည် ဝင်ရောက်ရန်အတွက် သတိရှိရှိ စောင့်ဆိုင်းနေခဲ့ကြသည်။
မိုချင်က စကားထပ်ပြောလာခဲ့၏ “ အစ်ကိုလု အချိန်ရရင် စကားထပ်ပြောကြတာပေါ့ “
“ အင်း “
လုချန်ရှန်းက တုံ့ပြန်လိုက်ကာ မိုချင် ပျောက်ကွယ်သွားခဲ့သည်။
ဤကာလအတွင်းတွင် သူသည် ရှောင်ဟေးက တံဆိပ်ပြားတစ်ခုကို ကိုင်ဆောင်၍ ကောင်းကင်ဘုံ ဂိတ်တံခါးမှတစ်ဆင့် ဝင်ရောက်သွားသည်ကို မထင်မှတ်ဘဲ မြင်တွေ့လိုက်ရသည်။
သူသည် ဘာမှမပြောဘဲ လုချန်ရှန်းကို ခေါင်းငြိမ့်ပြကာ ပျောက်ကွယ်သွားခဲ့သည်။
သို့ရာတွင် လုချန်ရှန်းမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ကောင်းကင်ဘုံ အကယ်ဒမီမှ လူတစ်ဦးက သူ့ကို အမှန်တကယ် လေးစားနေပုံရသည်။ ရောက်ရောက်ချင်း လက်မှတ်ရလာခဲ့ပြီး ကိုယ့်ကိုကိုယ် သက်သေပြရန်အတွက် မည်သူနှင့်မှ မတိုက်ခိုက်ခဲ့ရပေ။
“ ဟူးးးး “
မမျှတသော ဆက်ဆံမှုများအကြောင်းကို တွေးမိသွားသောအခါတွင် သူသည် အသာအယာ သက်ပြင်းချနေရုံသာ တတ်နိုင်တော့သည်။ ထို့နောက်တွင် သူသည် ကောင်းကင်ဘုံ ဂိတ်တံခါးဆီသို့ ချက်ချင်းထွက်ခွာသွားသည်။
တံခါးပေါက်တစ်ခုမှတစ်ဆင့် ဝင်ရောက်ခြင်းဖြစ်သော်လည်း လုချန်ရှန်းသည် သူက တစ်ခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသည့်အလား ခံစားနေခဲ့ရ၏။ ပတ်ဝန်းကျင်မှာလည်း အပြင်ကမ္ဘာနှင့် တူညီနေလျက်ရှိကာ တောင်တန်းနှင့် သစ်တောများ၏ ညင်သာသော ညီးတိုးသံများနှင့် စမ်းချောင်းတို့၏ တသွင်သွင် ရေစီးသံများနှင့်အတူ စိတ်ဝိညာဥ်ကို လန်းဆန်းသွားစေသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေခဲ့သည်။
( သစ်တောညီးသံဆိုတာက လေတိုက်လို့ သစ်ရွက်လှုပ်တဲ့ အသံနဲ့ တောကောင်လေးတွေရဲ့ အသံပလံတွေကို ပြောတာပါ )
တစ်ခုတည်းသော ကွာခြားချက်မှာ ဤနေရာက နတ်ဘုရားနယ်ပယ် ပညာရှင်များနှင့် သက်ဆိုင်သည့် ကြွယ်ဝသော နတ်အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေခြင်းသာလျှင် ဖြစ်သည်။ သူတို့ကို ဤနေရာတွင် မြှုပ်နှံထားသည်မှာ အချိန်ကာလ အတော်ကြာနေပြီဖြစ်သော်လည်း သူတို့၏ နတ်စွမ်းအားများက ဆက်လက်၍ ရှင်သန်နေသေးသည်။
“ ဒီနေရာမှာ နတ်ဘုရားနယ်ပယ် ပညာရှင်ကိုးယောက်ကို မြှုပ်နှံထားပြီးတော့ သူတို့ရဲ့ အမွေအနှစ်တွေကို ချန်ထားခဲ့တယ်လို့ လင်ခုန်းက ပြောခဲ့ဖူးတယ်။ အဲ့တာတွေက ဘယ်လိုမျိုး ဖြစ်နေမလဲဆိုတာကို ငါတော်တော် သိချင်မိတယ် “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေကာ ကူချန်ကျွင်းထံသို့ အမွေအနှစ်တစ်ခု ပြန်ယူသွားပေးရန် ကြိုးစားကြည့်သင့်လားဆိုသည်ကို တွေးတောစဥ်းစားနေတော့သည်။ အကယ်၍ သူကသာ ကူချန်ကျွင်းကို အင်မော်တယ် တက်လှမ်းခြင်း နယ်ပယ်သို့ ရောက်ရှိသွားစေမည်ဆိုပါက သူ၏နောက်ခံက ပိုမိုသန်မာအားကောင်းလာမည် မဟုတ်လော။
၎င်းကို တွေးမိသွားသောအခါတွင် သူသည် ၎င်းက ဖြစ်နိုင်ခြေရှိသည်ဟု ခံစားသွားရကာ ချက်ချင်းထွက်ခွာရန် ပြင်ဆင်နေတော့သည်။
အတွင်းသို့ သူမသွားရသေးခင် အချိန်မှာပင် သူ၏ စိတ်ထဲတွင် စကားလုံးတို့ဖြင့် ဖော်ပြ၍ မရသော ထူးဆန်းသည့် ခံစားချက်တစ်ခု ရုတ်တရက် လှိုက်တက်လာခဲ့၏။
သူမတုံ့ပြန်နိုင်ခင် အချိန်မှာပင် သူသည် နတ်သက်တံ့တစ်စင်းက အပြင်ဘက် ကောင်းကင်ယံရှိ ဟင်းလင်းပြင်ကို ကျော်ဖြတ်ကာ သူ့ထံသို့ ဦးတည်လာနေသည်ကို မြင်တွေ့သွားခဲ့သည်။ ၎င်း၏ အရှိန်အဝါသည် ကောင်းကင်နှင့် မြေပြင်တို့က သူနှင့်အတူ လိုက်ပါရွေ့လျားနေသည့်အလား ထည်ဝါနေလျက်ရှိပြီး ထူးဆန်းသော ခံစားချက်တစ်ခုကို သယ်ဆောင်ထားခဲ့သည်။
“ မင်းမေကလွှား “
လုချန်ရှန်းမှာ မျက်မှောင်တကြုတ်ကြုတ် ဖြစ်သွားခဲ့သည်။ အဆိုပါ နတ်စွမ်းအင်က အတော်ပင် အားကောင်းလွန်းလှသောကြောင့် သူသည် ချက်ချင်းနောက်ဆုတ်လိုက်သည်။
သို့သော် အရေးကြီးသော အခိုက်အတန့်တွင် နတ်သက်တံ့က ကွေ့ကောက်သွားခဲ့ကာ သူ့နောက်သို့ ထပ်လိုက်လာခဲ့ပြန်သည်။
၎င်းကို မြင်လိုက်ရသောအခါတွင် လုချန်ရှန်းက ကန်းယွင်ကားချပ်ကို ဆွဲထုတ်ရန် ပြင်လိုက်သည်။ အကယ်၍ သူကသာ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းတစ်ချို့ကို အသုံးမပြုဘူးဆိုပါက သူ မတောင့်ခံနိုင်ဖို့သာများသည်။
သူသည် ကန်းယွင်ကားချပ်ကို ကိုင်ဆောင်ထားကာ ဟင်းလင်းပြင်ကို ဆုတ်ဖြဲရန်ပြင်လိုက်သည်။ သို့သော် သူသည် ချဥ်းကပ်လာသည့် နတ်သက်တံ့က ရုတ်တရက် ရပ်တန့်သွားကာ သူ့အရှေ့တွင် မျောလွင့်နေသည်ကို မြင်တွေ့လိုက်ရ၏။
အစတွင် ကြမ်းတမ်းပြင်းထန်ကာ ရန်လိုနေခဲ့သည့် အရှိန်အဝါက ပေါင်းစည်းလာခဲ့ပြီး ၎င်း၏ နူးညံ့သိမ်မွေ့သော တစ်ဖက်ခြမ်းကို ပြသရန် အကောင်းဆုံး ကြိုးပမ်းနေတော့သည်။
အရာအားလုံးက မထင်မှတ်ထားသော အရာများ ဖြစ်နေခဲ့ကာ လုချန်ရှန်းမှာလည်း ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ နတ်အလင်းတန်း တဖြည်းဖြည်း လျော့ပါးသွားမှုနှင့်အတူ ရုန်းတစ်ခုနှင့် ဆင်တူသည့် အရာတစ်ခု ပေါ်ထွက်လာခဲ့ကာ ဆက်တိုက်မျောလွင့်နေခဲ့သည်။
“ ဒါက အမှတ်အသားလား “
လုချန်ရှန်းသည် စကားပြောနေရင်းဖြင့် ၎င်းကို စစ်ဆေးကြည့်ရှုရန်အတွက် လက်ဆန့်တန်းလိုက်သည်။ သို့သော် အဆိုပါ အမှတ်အသားက ပိုမိုတက်ကြွနေခဲ့ကာ သူ့အပေါ်သို့ တိုက်ရိုက်ခုန်တက်လာခဲ့၏။
“ ဒီလောက်တောင် တက်ကြွနေတာလား။ ပစ္စည်းကောင်း တစ်ခုတော့ မဟုတ်လောက်ဘူး “
သူသည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။ ဈေးပေါသော အရာများက မကောင်းသော်လည်း သူက သူ့ထံသို့ ရောက်ရှိလာသည့် ပစ္စည်းတစ်ခုကို ငြင်းပယ်လိုက်မည့် လူစားမျိုး မဟုတ်ပေ။
သူက ၎င်းကို အသေအချာ ကြည့်ရှုစစ်ဆေးရန် ပြင်လိုက်သည့် အချိန်မှာပင် အစိမ်းရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ဟင်းလင်းပြင်ကို ဆုတ်ဖြဲ၍ အမှတ်အသားကို ချေမှုန်းလာခဲ့ကာ ၎င်းကို မီတာ သုံးရာကျော်အထိ လွင့်ထွက်သွားစေခဲ့၏။
ထို့နောက်တွင် အစိမ်းရောင် အလင်းတန်းမှာလည်း အမှတ်အသားတစ်ခုအဖြစ် အသွင်ပြောင်းကာ သူ့အနားသို့ ချဥ်းကပ်လာခဲ့သည်။
လုချန်ရှန်းမှာ အတွေးနက်ကာ ကြောင်အမ်းအမ်း ဖြစ်သွားခဲ့သည်။ နတ်သက်တံ့များ ပေါ်ထွက်လာကာ အလင်းတန်းများ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့ပြီး ၎င်းတို့အားလုံးက အမှတ်အသားများ ဖြစ်နေခဲ့ကာ စုစုပေါင်းအနေဖြင့် ကိုးခုတိတိ ရှိနေခဲ့၏။
အမှတ်အသား ကိုးခုက တစ်ခုနှင့်တစ်ခု ပွတ်တိုက်နေလျက်ရှိကာ သူ့အနားသို့ တိုးလာချင်နေကြသည်။
ထိုစဥ် သူသည် နတ်ဘုရား ဂူဗိမာန်နယ်မြေတွင် နတ်ဘုရားကိုးပါး၏ အမွေအနှစ် ကိုးခုရှိသည်ဟု လင်ခုန်းပြောပြခဲ့သည့် စကားကို အမှတ်ရသွားခဲ့သည်။ အမှတ်အသားတစ်ခုကို ရရှိခြင်းက သက်ဆိုင်ရာ အမွေအနှစ်တစ်ခုကို အသက်ဝင်သွားစေလိမ့်မည် ဖြစ်သည်။
စိတ်ရင်းအမှန်ဖြင့် ရှာဖွေခြင်းသော်လည်းကောင်း ၎င်းတို့၏ အသိအမှတ်ပြုမှုကို ရရှိခြင်းသော်လည်းကောင်း ၎င်းတို့က သင့်တော်မည့် လူများကို တက်တက်ကြွကြွ ရှာဖွေခြင်းသော်လည်းကောင်း မည်သည့်အရာမဆို ဖြစ်နိုင်ပေသည်။
“ ဒီကောင်တွေက မျက်နှာသာရဖို့အတွက် ပြိုင်နေကြတာလား “
လုချန်ရှန်းသည် တစ်ကိုယ်တည်း ရေရွတ်ပြောဆိုနေတော့သည်။
သူသည် အမှတ်အသား ကိုးခုအနက်မှ တစ်ခုကို ရရှိခြင်းက သူ့အတွက် မဆိုးဘူးဟု ယခင်က ထင်နေခဲ့ဖူးသည်။ သို့သော် ကိုးခုလုံး တစ်ပြိုင်နက် ပေါ်ထွက်လာကာ တစ်ခြားလူအားလုံး၏ မျှော်လင့်ချက်များကို ဖြတ်တောက်လိုက်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထိုလူများကမူ သူတို့၏ လမ်းကြောင်းများ ပိတ်ဆို့ခံလိုက်ရပြီဆိုသည်ကို မသိဖို့သာ များသည်။
လုချန်ရှန်းသည် အဆိုပါ အမှတ်အသားများကို ငေးကြည့်နေရင်းဖြင့် လက်ပိုက်လိုက်ပြီး မေးစေ့ကို ပွတ်ကာ လေးလေးနက်နက် ပြောဆိုနေတော့၏ “ ဆိုတော့ ဒါက ပါရမီရှင်တစ်ယောက်ရဲ့ ဒုက္ခများလား “
---
………………………………………………………………………………………………………………………………