← Chapters

အခန်း ၃၄၁

Vol. 35 Ch. 341

အခန်း ၃၄၁

Vol. 35 Ch. 341

အခန်း (၃၄၁)

တွေးကြည့်ရုံဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်

လျန်ထျန်းသည် ဤအကြောင်းအရာများ အားလုံးကို အဘယ်ကြောင့် ဤမျှ ရှင်းလင်းစွာ သိရှိနေရသနည်း။

စုံစမ်းမေးမြန်းကြည့်ပြီးနောက် သူ သိလိုက်ရသည်မှာ ပို့ဆောင်သူများစွာသည် ဤနည်းလမ်းဖြင့် ပျောက်ဆုံး သွားခဲ့ကြခြင်း ဖြစ်လေသည်။

မပျောက်ဆုံးမီက ထိုလှည့်စားခံရသူများသည် သူတို့၏ မိတ်ဆွေများထံတွင် ပြီးပြည့်စုံသော ဖူးစာရှင်နှင့် တွေ့ဆုံ ခဲ့ပြီဖြစ်ကြောင်း ကြွားလုံးထုတ်နေခဲ့ကြသေးသည်။

ထိုသို့ဖြင့် လိမ်လည်ခံရသည့် လုပ်ငန်းစဉ်ကြီး ပေါ်ပေါက်လာခဲ့သော်လည်း ဤအဆင့်မြှင့်တင်ထားသော လိမ်လည်မှုမှာ ယခုမှ စတင်ခြင်းဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် မသိရှိကြသေးပေ။

အဆင့်မြှင့်တင်ထားသော လိမ်လည်မှုတိုင်းသည် လူအများ အလွယ်တကူ သိရှိသွားလောက်သည်အထိ ကျယ်ပြန့်မသွားသရွေ့ ဆက်လက် တည်ရှိနေမည်ဖြစ်ကာ အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်နေဦးမည် ဖြစ်သည်။

လျန်ထျန်းသည် အခွင့်အရေးကို ဆုပ်ကိုင်ကာ အမှာစာများ ပိုမိုရရှိရန် ပို၍ပင် ကြိုးစားလုပ်ကိုင်ခဲ့လေသည်။ နောက်ဆုံးတွင် သူ၏ ကြိုးစားမှုများ အရာထင်လာခဲ့ပြီး တစ်နေ့တွင် ထိုကဲ့သို့သော အခြေအနေမျိုးနှင့် အမှန် တကယ် ကြုံတွေ့လာခဲ့ရလေသည်။

ထိုအခါ သူသည် တစ်ဖက်လူ၏ အစီအစဉ်အတိုင်း တစ်ဆင့်ချင်းစီ လိုက်ပါဆောင်ရွက်ခဲ့လေသည်။

မိန်းကလေးတစ်ဦးနှင့်အတူ ဘတ်စ်ကားတစ်စီးပေါ်သို့ တက်ရောက်လာသည်အထိပင် ဖြစ်ပြီး ကားပေါ်တွင် လူငယ် အမျိုးသားများနှင့် အမျိုးသမီးများကိုသာ တွေ့မြင်ရလေသည်။

ဤအချိန်တွင် လျန်ထျန်း၏ စိတ်ထဲ၌ ဤကားသည်ပင်လျှင် လိမ်လည်သည့် ဂိုဏ်းမှ ဖြစ်ရမည်ဟု အခြေခံအား ဖြင့် သေချာသွားခဲ့ပြီ ဖြစ်သည်။ ကားပေါ်ရှိ ကောင်လေးအများစုမှာ လိမ်လည်ခံရသည့် ပို့ဆောင်သူများသာ ဖြစ်သည်။ အမှန်တရားကို မသိကြသဖြင့် သူတို့အားလုံးမှာ မျှော်လင့်ချက်များနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက် နေခဲ့ကြလေသည်။

သူတို့သည် မိမိတို့အနားရှိ မိန်းကလေးများကို အလွန် ဂရုတစိုက်ရှိကာ အလိုလိုက်ကြသော်လည်း ထိုမိန်းက လေးများမှာ လိမ်လည်သည့်ဂိုဏ်းမှ ဝန်ထမ်းများ ဖြစ်နေသည်ကိုမူ လုံးဝ သတိမထားမိကြချေ။

ဘတ်စ်ကားကြီးမှာ လမ်းတစ်လျှောက်လုံး သီချင်းဆိုသံ ကခုန်သံများဖြင့် ပြည့်နှက်နေပြီး အပေါ်ယံကြည့်လျှင် သာမန် ခရီးသွားအဖွဲ့တစ်ဖွဲ့နှင့် ဘာမှမကွာခြားလှပေ။

သို့သော် တစ်ရက်ကျော်ကြာ မောင်းနှင်ပြီးနောက် နန်ယွင် နယ်မြေအတွင်းသို့ ဝင်ရောက်လာသောအခါ မည် သည့် ရှုခင်းသာနေရာများတွင်မှ ရပ်နားခြင်း မရှိတော့ချေ။

ထိုအစား ခေါင်းပုံဖြတ်ခံရမည့် ဝေးလံခေါင်ဖျားသော တောင်တန်းဒေသတစ်ခုသို့ ရောက်ရှိချိန်တွင် လမ်းပြဖြစ် သူက အားလုံးကို ကားပေါ်မှ ဆင်းခိုင်းကာ ခရီးစဉ်၏ ကျန်ရှိသော အပိုင်းမှာ တောင်တက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။

သို့သော် ကားပေါ်မှဆင်း၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ မြုံနေသော တောင်ကတုံးများနှင့် တောရိုင်း များကိုသာ မြင်တွေ့ရလေသည်။ မည်သည့်အရာကို တက်ရမည်နည်း။

ထိုအချိန်မှသာ တစ်စုံတစ်ယောက်က တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သတိထားမိသွားကာ ဆက်မကစားလို တော့ကြောင်း ပြောဆိုလျက် ထွက်ခွာရန် အကြံပြုလာလေသည်။

သို့သော် ဤနေရာသို့ ရောက်ရှိပြီးသည်နှင့်တပြိုင်နက် မိမိကံကြမ္မာကို မိမိကိုယ်တိုင် ထိန်းချုပ်နိုင်ခွင့် မရှိတော့ ပေ။

ရုတ်တရက် လက်နက်ကိုင်ဆောင်ထားသော လူတစ်စုသည် တောင်ပေါ်မှ ပြေးဆင်းလာပြီး သူတို့ကို ဝန်းရံကာ ထွက်ပြေးရန် ကြိုးစားသူတိုင်းကို စတင် ရိုက်နှက်ကြလေတော့သည်။

လက်နက်ကိုင်ဆောင်ထားသော အမျိုးသားများကို မြင်သောအခါ မိန်းကလေးများသည် အမိန့်နာခံစွာဖြင့် သူတို့ အနီးသို့ ချဉ်းကပ်သွားကြပြီး ခေါင်းငုံ့ကာ တောင်းပန်သည့်အလား လက်များကို ဆန့်ထုတ်လိုက်ကြလေသည်။

ထိုလက်နက်ကိုင် အမျိုးသားများသည် သကြားလုံးနှင့်တူသော အရာများကို လက်တစ်ဆုပ်စာ ထုတ်ယူကာ ခွေးရိုင်းတစ်အုပ်ကို အစာကျွေးသည့်အလား မြေပြင်ပေါ်သို့ ပစ်ချလိုက်ကြသည်။ မြေပြင်ပေါ်ရှိ သကြားလုံး များကို မြင်လိုက်ရသောအခါ မိန်းကလေးများသည် ကြမ်းတမ်းသော ခွေးရိုင်းများအဖြစ် ပြောင်းလဲသွားသကဲ့သို့ မြေပြင်ပေါ်တွင် တွားသွားကာ အလုအယက်ယူငင်ကြတော့သည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ကောင်လေးများမှာ လုံးဝ မှင်တက်သွားခဲ့ကြလေသည်။

သူတို့ရှေ့တွင် အလွန်တရာမှ ပုံမှန်ဟုထင်ရသော မိန်းကလေးမှာ ဤကဲ့သို့ ပြောင်းလဲသွားလိမ့်မည်ဟု သူတို့ မယုံကြည်နိုင်ဖြစ်နေကြပေသည်။

လျန်ထျန်းသည်ကား အရာအားလုံးကို ကြိုတင် ခန့်မှန်းထားပြီး ဖြစ်သည်။ သူသည် အစမှအဆုံးတိုင် တိတ်ဆိတ် စွာ နေထိုင်ကာ သူတို့အထဲတွင် အရိုးသားဆုံးသူအဖြစ် ဟန်ဆောင်နေခဲ့လေသည်။

ဤအခြေအနေမျိုးတွင် တည်တည်ငြိမ်ငြိမ် နေခြင်းဖြင့်သာ မိမိကိုယ်ကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် ကာကွယ်နိုင်မည် ဖြစ်ချေသည်။

ထို့နောက် ထိုလက်နက်ကိုင် အမျိုးသားများသည် ကောင်လေးတစ်စုကို တောင်ပေါ်သို့ ခေါ်ဆောင်သွားကြလေ သည်။ တစ်စုံတစ်ယောက်သည် ခြေထောက်နာကျင်၍ ထော့နဲ့ထော့နဲ့ ဖြစ်နေလျှင်ပင် အံကြိတ်ကာ လိုက်ပါရ မည်သာဖြစ်သည်။ အကယ်၍ အနည်းငယ် နောက်ကျကျန်ရစ်ခဲ့ပါက ထပ်မံ၍ အရိုက်ခံရမည်သာ ဖြစ်လေ တော့သည်။

ထိုသို့ဖြင့် သူတို့သည် ဤတောင်ကတုံးကြီးပေါ်တွင် တက်ရင်းဖြင့်သာ အချိန်ကုန်လွန်ခဲ့ကြသည်။

ပတ်ဝန်းကျင် တစ်ခုလုံးမှာ သစ်တောထူထပ်နေပြီး အကွေ့အကောက် အနည်းငယ်ကို ဖြတ်သန်းပြီးနောက် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကိုပင် ခွဲခြား၍ မရနိုင်တော့ပေ။

မည်မျှကြာအောင် မည်မျှဝေးဝေး လျှောက်ခဲ့ရသည်ကို မသိသော်လည်း နောက်ဆုံးတွင် ပြန့်ပြူးသော မြေနေရာ တစ်ခု၌ ပန်းခြံတစ်ခုကို မြင်တွေ့လိုက်ရလေသည်။ ပန်းခြံအတွင်းတွင် အထပ်မြင့် အဆောက်အအုံ အနည်းငယ် ရှိပြီး ၎င်းတို့၏ ပုံစံမှာ စက်ရုံတစ်ရုံနှင့် ခပ်ဆင်ဆင် တူလေသည်။

အပြင်ဘက် တံတိုင်းကြီးမှာ အလွန် မြင့်မားကာ ငါးမီတာ သို့မဟုတ် ခြောက်မီတာခန့် ရှိပြီး အပေါ်ပိုင်းတွင် ဝါယာကြိုးကွင်းများ တပ်ဆင်ထားသည်။ မျက်နှာပြင်တွင်လည်း သံချေးတက်နေသော သံဆူးချွန်များ အပြည့်ရှိ နေသဖြင့် ကြောက်မက်ဖွယ် ကောင်းလှလေသည်။

ပန်းခြံအတွင်းသို့ ရောက်ရှိပြီးနောက် အားလုံးကို အခန်းတစ်ခန်းအတွင်း သော့ခတ်လှောင်ပိတ်ထားကာ လက်နက်ကိုင် အမျိုးသားများက တံခါးဝတွင် ရပ်လျက် သူတို့ကို ပြောလာခဲ့လေသည်။

"အခု ငါ ခိုင်းတာကို လုပ်ရမယ်...။”

"မင်းတို့ရဲ့ ပစ်မှတ်တွေကို ရှာတွေ့ရင် အစားအသောက်နဲ့ ပိုက်ဆံ ရမယ် မတွေ့ရင်တော့ အရိုက်ခံရမယ်...။”

ဤအချိန်တွင် ခေါင်းမာသော အခြားတစ်ယောက်က မတ်တတ်ရပ်ကာ အော်ဟစ်လိုက်လေသည်။

"ငါတို့ မလုပ်နိုင်ဘူး ငါတို့ကို ပြန်လွှတ်ပေး...။”

"မင်းတို့လည်း တရုတ်လူမျိုးတွေပဲ ဆိုတာ ငါ မြင်ပါတယ်…၊ တရုတ်လူမျိုးတွေက တရုတ်လူမျိုးအချင်းချင်း မလိမ်ဘူး…။ မင်းတို့မှာ ကိုယ်ချင်းစာတရား နည်းနည်းလောက်ရှိရင် ငါတို့ကို ပြန်လွှတ်ပေးပါ...။”

ထိုစကားများကို ပြောဆိုပြီးနောက် အချို့သော သူများမှာ စိတ်လှုပ်ရှားလာကြလေသည်။

"ဟုတ်တယ်…၊ ငါတို့အားလုံး တရုတ်လူမျိုးတွေပဲ…၊ ကိုယ့်လူမျိုးအချင်းချင်း ဘာလို့ ဒုက္ခပေးနေရတာလဲ...။”

"ဝံပုလွေစစ်သည် ဇာတ်ကားကို ကြည့်ဖူးလား…။ တရုတ်နိုင်ငံသားတွေကို အန္တရာယ်ပြုတဲ့သူတွေက ဘယ် လောက်ပဲ ဝေးဝေး ပြစ်ဒဏ်ပေးခံရမှာပဲ...။”

"ဘယ်သူ့ဆီမှာ နိုင်ငံတော်အလံ ပါလဲ အဲဒါကို ထုတ်ပြီး လက်မောင်းမှာ စည်းထားလိုက် ဒါဆိုရင် ငါတို့ ထွက် သွားလို့ ရပြီ...။”

လူအုပ်ကြီးမှာ စကားပြောရင်းဖြင့် ပို၍ စိတ်လှုပ်ရှားလာကြကာ ယုံကြည်ချက်များစွာ ရရှိလာသကဲ့သို့ ဖြစ်နေ ကြပေသည်။

သို့သော် လက်နက်ကိုင်ဆောင်ထားသော အမျိုးသားမှာမူ ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ရှိနေလေ သည်။ သူသည် လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် လက်နက်ကိုင်ဆောင်ထားသော အခြား လူဆယ်ဦးကျော်ခန့် အိမ်ထဲသို့ ပြေးဝင်လာခဲ့ကြလေသည်။

ကျယ်လောင်သော ရိုက်နှက်သံများနှင့်အတူ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

"မရိုက်ပါနဲ့…၊ မရိုက်ပါနဲ့တော့…၊ ကယ်ကြပါအုံး...။”

"လူသတ်နေပါတယ်…၊ သေပါတော့မယ်…၊ ဆက်မရိုက်ပါနဲ့တော့...။”

တစ်စုံတစ်ယောက်က ဆက်လက် အော်ဟစ်နေသရွေ့ ရိုက်နှက်မှုများမှာ ဆက်လက် ဖြစ်ပွားနေမည်ဖြစ်ပြီး အော်ဟစ်နေသူများ အားလုံး မြေပြင်ပေါ်သို့ လဲကျသွားကာ အသံတစ်ချက်မျှ မထွက်ရဲတော့သည့်တိုင်အောင်ပင် ဖြစ်လေတော့သည်။

ထိုသူများသည် ငြိမ်သက်သွားကြသော်လည်း မြေပြင်ပေါ်တွင် လဲကျနေသူကို လက်နက်များဖြင့် ချိန်ရွယ်ထား ဆဲဖြစ်ကာ ရံဖန်ရံခါ ဝှေ့ယမ်းပြလျက် ပြင်းထန်သော ခြိမ်းခြောက်မှု အငွေ့အသက်များကို ပေးစွမ်းနေလေသည်။

လျန်ထျန်းကဲ့သို့ တိတ်ဆိတ်စွာ နေသူများသာလျှင် ဤရိုက်နှက်ခြင်းမှ ကင်းလွတ်ခွင့် ရခဲ့ကြပေသည်။ လက်နက် ကိုင်ဆောင်ထားသော ခေါင်းဆောင်ဖြစ်သူသည် သူတို့ကို ကြည့်ကာ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ဒီကောင်တွေက နည်းနည်း စကားနားထောင်တယ်…။ သူတို့ကို စက်မှုပန်းခြံထဲ ခေါ်သွားပြီး အလုပ်ဘယ်လိုလုပ် ရမလဲဆိုတာ သင်ပေးလိုက်…။ ဒါမှ အမြန်ဆုံး အလုပ်စနိုင်မှာ...။”

ထို့နောက် သူသည် အရိုက်ခံရပြီး မြေပြင်ပေါ်တွင် လဲကျနေသူများကို ကြည့်ကာ အေးစက်စက် လေသံဖြင့် ပြောလိုက်လေသည်။

"ဒီကောင်တွေအတွက်တော့ ပညာပေးလို့ရတဲ့ကောင်ကို ထပ်ပြီး ပညာပေး…၊ တကယ် ပညာပေးလို့ မရတော့တဲ့ ကောင်တွေကိုတော့ အစိတ်အပိုင်းတွေ ဖြုတ်ပစ်ဖို့ ပို့လိုက်တော့...။”

ပထမတစ်ချက် ကြည့်လိုက်လျှင် အစိတ်အပိုင်းများ ဖြုတ်ပစ်ခြင်းသည် အလုပ်တစ်ခုဟု ထင်ရသော်လည်း အနီး ကပ် လေ့လာကြည့်သောအခါ အလွန် ကြောက်မက်ဖွယ် ကောင်းလှပေသည်။

မကြာမီပင် လျန်ထျန်းနှင့်အတူ လူဆယ်ဦးကျော်ခန့်သည် အခြား အဆောက်အအုံတစ်ခုသို့ ခေါ်ဆောင်သွားခြင်း ခံလိုက်ရပြီး ထိုနေရာတွင် ရုံးခန်းများ အထပ်လိုက် ရှိနေလေသည်။

အထပ်တိုင်းတွင် စားပွဲများနှင့် ကွန်ပျူတာများဖြင့် ပြည့်နှက်နေပြီး အလွန် သိပ်သည်းစွာ ရှိနေလေသည်။

ကွန်ပျူတာတိုင်း၏ ရှေ့တွင် လူတစ်ယောက်စီ ထိုင်နေကာ ဖုန်းပြောနေခြင်း သို့မဟုတ် ဆော့ဖ်ဝဲလ်တစ်ခုခုကို အသုံးပြု၍ တစ်စုံတစ်ယောက်နှင့် စကားပြောနေခြင်းများ ပြုလုပ်နေကြသည်။ ဤအလုပ်များအားလုံးသည် အရာတစ်ခုနှင့် ဆက်စပ်နေသည်မှာ ထင်ရှားလှပေသည်။ ၎င်းမှာ လိမ်လည်မှုပင် ဖြစ်သည်။

ထင်ထားသည့်အတိုင်းပင် ကြီးကြပ်ရေးမှူးဟု မိမိကိုယ်ကို ခေါ်ဆိုသော သူတစ်ဦးသည် လျန်ထျန်းနှင့် အခြားသူ များကို ခေါ်ဆောင်သွားပြီးနောက် အလုပ်အကြောင်းအရာများကို စတင် သင်ကြားပေးတော့သည်။

"ပထမဆုံး မင်းတို့ အွန်လိုင်းကနေ ပစ်မှတ်တွေကို ရှာရမယ်...။”

"ငါတို့ပေးထားတဲ့ အကောင့်ကိုသုံးပြီး သူငယ်ချင်းတွေ အများကြီး အက်ဒ်လုပ်ရမယ်…၊ တစ်ချိန်ကျရင် တစ် ယောက်ယောက်ကတော့ ငါးစာကိုလာဟပ်လိမ့်မယ်...။”

"သူတို့ကို အက်ဒ်လုပ်ပြီးတာနဲ့ မိန်းကလေးတစ်ယောက်လို ဟန်ဆောင်ပြီး စကားပြောရမယ် ပြီးရင် ဗီဒီယို ကောလ် ခေါ်ရမယ်...။”

"သေချာတာကတော့ မင်းတို့ နိုင်ငံခြားကို သွားတာ မဖြစ်နိုင်ဘူးလေ…၊ ဒါက ကြိုတင် ရိုက်ကူးထားတဲ့ ဝတ်လစ် စလစ် မိန်းကလေးတွေရဲ့ ဗီဒီယိုပဲ...။”

"အဲ့ဒီအချိန်ကျရင် တစ်ဖက်လူကို ပြောလို့မရတဲ့ ကိစ္စတချို့ လုပ်ဖို့ ငါ လမ်းညွှန်ပေးမယ်…၊ ပြီးရင် အားလုံးကို မှတ်တမ်းတင်ထားရမယ်...။”

"ပြီးတာနဲ့ သူ့ကို ဖုန်းဆက်ပြီး ပိုက်ဆံပေးဖို့ ခြိမ်းခြောက်လို့ ရပြီ…။ မပေးရင် သူ့ဖုန်းထဲက သူငယ်ချင်းတွေ မိသားစုတွေ အားလုံးဆီကို ဗီဒီယို ပို့ပစ်မယ်ဆိုပြီး ပြောရမယ်...။”

"မင်းတို့ရဲ့ နေ့စဉ် စွမ်းဆောင်ရည် ပစ်မှတ်က ပြား တစ်သောင်းပဲ…၊ တစ်လကို ပြား သုံးသိန်းပေါ့…။ ပိုလုပ် နိုင်လေ ကော်မရှင် ပိုရလေပဲ...။”

"ဒါပေမဲ့ မင်းတို့ တာဝန်ကို မပြီးမြောက်ရင် မင်းတို့ကို ဒီခေါ်လာတဲ့သူတွေက ပြောပြီးပြီမလား၊ အစားအသောက် မရရုံတင်မကဘူး၊ ပြင်းပြင်းထန်ထန် ရိုက်တာကိုလည်း ခံရလိမ့်မယ်...။”

"မင်းက အသုံးမကျသေးဘဲ အချိန်အကြာကြီး ရလဒ်မထုတ်နိုင်ရင် နောက်ထပ် လုပ်ရမယ့်အရာက မင်းရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို မေ့ဆေးမပါဘဲ ဖြုတ်ပစ်ဖို့ပဲ...။”

All Chapters