← Chapters

အခန်း ၃၄၃

Vol. 35 Ch. 343

အခန်း ၃၄၃

Vol. 35 Ch. 343

အခန်း (၃၄၃)

'ခေါင်းဆောင်များ' ထိုင်သည့် စားပွဲဝိုင်းတွင် စားသောက်ရခြင်း

ညစာသည် လူများစွာ အလွန် အလေးထားသော အစားအစာ ဖြစ်လေသည်။

နံနက်ပိုင်းတွင် အလုပ်သွားရန် အလျင်လိုနေတတ်သဖြင့် နံနက်စာများကို များသောအားဖြင့် ရိုးရှင်းစွာသာ စားလေ့ရှိကြသည်။

နေ့လယ်စာသည် အလုပ်လုပ်နေချိန် စားရသော အစားအစာ ဖြစ်လေ့ရှိပြီး အစားအသောက်မှာယူခြင်း သို့ မဟုတ် အမြန်စား အစားအစာများကို စားသောက်ခြင်းမှာ လူအများစုအတွက် ပုံမှန်ကိစ္စပင် ဖြစ်လေသည်။

နောက်ဆုံးတွင် ညစာစားချိန်၌သာ အစားအစာကို ဖြည်းညင်းစွာ အရသာခံစားရန် အချိန်ရတော့သည်။

အထူးသဖြင့် မိသားစုဘဝကို စတင်ပြီးနောက် တစ်မိသားစုလုံး အတူတကွ ညစာ စားရလေ့ရှိသောကြောင့် ကောင်းမွန်သော အစားအစာကို စားချင်ကြသည်မှာ သဘာဝပင် ဖြစ်လေသည်။

သို့ရာတွင် မြောက်ပိုင်းသရဖူ၏ နေရာတစ်နေရာ၌မူ လူများစွာမှာ ညစာအတွက် ငတ်မွတ်နေကြရပြီး ၎င်းတို့၏ ယခင်က ပျော်ရွှင်ခဲ့သော ဘဝလေးများမှာ အတိတ်၏ အမှတ်ရစရာတစ်ခုလို ဝေးကွာသွားခဲ့ပြီ ဖြစ်လေသည်။ ဤနေရာသည် စက်မှုဇုန်တစ်ခု သို့မဟုတ် ကြီးမားသော စက်ရုံကြီးတစ်ခုနှင့် တူလှပေသည်။

အမှန်တကယ်တွင် ၎င်းသည် ဧရာမ လိမ်လည်မှု အဖွဲ့အစည်းနှင့် ဂိုဏ်းကြီးတစ်ခု ဖြစ်နေသည်သတည်း။

ဤနေရာသို့ လှည့်စားခံရပြီး ရောက်လာသူများမှာ အမည်ခံ လုပ်ငန်းစွမ်းဆောင်ရည် ရည်မှန်းချက်များကို မပြည့် မီပါက ငတ်မွတ်ရုံသာမက ဆဲဆိုခံရခြင်း၊ ရိုက်နှက်ခံရခြင်း သို့မဟုတ် လျှပ်စစ်ရှော့တိုက်ခံရခြင်းများကိုပင် ခံကြ ရလေသည်။

၎င်းတို့ကို လှည့်စားခေါ်ဆောင်လာခဲ့သူများကမူ အလွန်ကောင်းမွန်စွာ စားသောက်ကြပြီး သက်တောင့်သက်သာ နေထိုင်ကြလေသည်။

လျန်ထျန်းသည် ဤနေရာသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်သော်လည်း တစ်ရက်တည်းအတွင်းမှာပင် သူနှင့်အတူ ပါလာသူများအနက်မှ အမိန့်မနာခံသူများနှင့် ရည်မှန်းချက် မပြည့်မီသူများ မည်မျှဆိုးရွားသော အကျိုးဆက်များကို ခံစားရကြောင်းကို မျက်မြင်ကိုယ်တွေ့ မြင်တွေ့ခဲ့ရလေသည်။

သို့ရာတွင် သူသည် ပထမဆုံးနေ့မှာပင် ပြား တစ်သိန်းဖိုး အရောင်းအဝယ် ဖြစ်ခဲ့သောကြောင့် ကြီးကြပ်ရေးမှူး၏ မျက်စိကျခြင်းကို ခံခဲ့ရလေသည်။

ထို့ကြောင့် ဤညတွင် သူသည် ရိုက်နှက်ခံရမည် မဟုတ်သည့်အပြင် အလွန်ကောင်းမွန်သော အစားအစာများကို စားသောက်ရမည်ဖြစ်ကာ 'ခေါင်းဆောင်များ' ၏ စားပွဲဝိုင်းတွင်ပင် ထိုင်ခွင့်ရမည် ဖြစ်လေသည်။

အပြင်ဘက်ရှိ ဖရိုဖရဲဖြစ်နေသော ပတ်ဝန်းကျင်နှင့် လုံးဝ ကွာခြားလျက် 'ခေါင်းဆောင်များ' ၏ စားသောက်ရာ နေရာမှာ ကြယ်ငါးပွင့် ဟိုတယ်ရှိ သီးသန့်ခန်းတစ်ခုအလား သန့်ရှင်းသပ်ရပ်နေလေသည်။

လျန်ထျန်းအား အခန်းတွင်းသို့ ခေါ်ဆောင်လာသော ကြီးကြပ်ရေးမှူးသည် လှည့်စားခံရပြီး ရောက်လာသည့် လူသစ်များနှင့် တွေ့သည့်အခါ အလွန် အာဏာပြတတ်ပြီး အနည်းငယ်မျှ စိတ်တိုင်းမကျသည်နှင့် ရိုက်နှက် ဆဲဆိုတတ်လေသည်။

သို့သော် ဤနေရာသို့ ရောက်လာချိန်တွင်မူ နေရာယူထားပြီးသော လူများကို မြင်သောအခါ သူ၏ သဘော ထားမှာ လုံးဝ ပြောင်းလဲသွားပြီး ခါးကိုကိုင်းကာ ရိုကျိုးသွားတော့သည်။

"မင်္ဂလာပါ အဖွဲ့ခေါင်းဆောင်နဲ့ ဌာနမှူးတို့...။ ဒီနေ့အတွက် အကောင်းဆုံး လူသစ်လေးကို ခေါ်လာခဲ့ပါတယ်...။”

ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သောအခါ ကြီးမားသော စားပွဲဝိုင်းကြီး၏ ထိပ်ဆုံးတွင် ရွှေရောင်ကိုင်း မျက်မှန် တပ်ထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ထိုင်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

ထိုရွှေရောင်ကိုင်း မျက်မှန်နှင့် လူလတ်ပိုင်းမှာ ဆံပင်ကို နောက်သို့ ဖီးတင်ထားပြီး အစင်းကျား ရှပ်အင်္ကျီကို ဝတ်ဆင်ထားကာ ရုပ်ရည်သွင်ပြင်ကို ကြည့်ရုံမျှဖြင့် အတန်ငယ် ယဉ်ကျေးသိမ်မွေ့ကာ ပညာတတ်ပုံ ပေါက်နေ လေသည်။

အကယ်၍ ဤကဲ့သို့သော လူမျိုးကို လမ်းပေါ်တွင် တွေ့ခဲ့လျှင် လိမ်လည်မှုဂိုဏ်း၏ အဆင့်မြင့် ခေါင်းဆောင် တစ်ဦး ဖြစ်မည်ဟု ဘယ်သောအခါမျှ ထင်မှတ်မိမည် မဟုတ်ချေ။

စကားပြောဆိုရာတွင်ပင် သူသည် အတော်လေး ယဉ်ကျေးပျော့ပျောင်းပြီး လျန်ထျန်းကို မေးလိုက်လေသည်။

"မင်းက ပထမဆုံးနေ့မှာပဲ အရောင်းအဝယ် တစ်သိန်း ဖြစ်ခဲ့တဲ့ လူသစ်လေးဆိုတာလား...။ မဆိုးပါဘူး…၊ မင်း ပုံစံက တော်တော် အထင်ကြီးစရာ ကောင်းတယ်...။ မင်း နာမည် ဘယ်လိုခေါ်လဲ...။”

ထိုစကားကို ကြားသောအခါ လျန်ထျန်းက ကြိုတင် ပြင်ဆင်ထားသော နာမည်တုကို အသုံးပြု၍ တုံ့ဆိုင်းနေခြင်း မရှိဘဲ ပြန်လည် ဖြေကြားလိုက်လေသည်။

"ထျန်းလျန်ပါ...။”

ရွှေရောင်ကိုင်း မျက်မှန်နှင့် လူလတ်ပိုင်းက ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး ဆက်လက်၍ မေးမြန်းလေ သည်။

"ဒီနေရာကို ရောက်လာရတာ ဘယ်လို ခံစားရလဲ...၊ ငါတို့အလုပ်ကို မနှစ်မြို့တဲ့ ခံစားချက်မျိုးများ ရှိလား...။”

ထိုစကားကို ကြားသောအခါ လျန်ထျန်းက ချက်ချင်းပင် ခေါင်းခါပြလိုက်လေသည်။

"မရှိပါဘူး...။ ကျွန်တော်က အရင်က အစားအသောက် ပို့ဆောင်သူ တစ်ယောက်ပါ...။ ပိုက်ဆံ အများကြီး ရှာနိုင် ဖို့ အိပ်မက်မက်ခဲ့ပေမဲ့ အခွင့်အရေး မရခဲ့ပါဘူး...။”

"အခု ဒီနေရာကို ရောက်တော့ ပထမဆုံးနေ့မှာတင် ပြား တစ်သိန်းဖိုး အမှာစာ တစ်ခု ရခဲ့ပြီလေ...။ (၁၀) ရာခိုင်နှုန်း ကော်မရှင်အရဆိုရင် ပြား တစ်သောင်း ရရမှာ မဟုတ်လား...။”

ဤနေရာတွင် လျန်ထျန်းက ရည်ရွယ်ချက်ရှိရှိဖြင့် စကားကို ခေတ္တရပ်လိုက်ပြီး ရွှေရောင်ကိုင်း မျက်မှန်နှင့် လူလတ်ပိုင်းကို မျှော်လင့်တကြီး အကြည့်များဖြင့် ကြည့်လိုက်လေသည်။

သူ၏ မျက်နှာအမူအရာကို မြင်သောအခါ ရွှေရောင်ကိုင်း မျက်မှန်နှင့် လူလတ်ပိုင်းက ရယ်မောလိုက်လေသည်။

"ဟုတ်တာပေါ့…၊ (၁၀) ရာခိုင်နှုန်း ကော်မရှင် တစ်ပြားမှ လျော့မှာ မဟုတ်ဘူး...။”

"လကုန်တဲ့အထိ မင်းက အရောင်းရဆုံး နံပါတ်တစ် နေရာမှာ ရှိနေမယ်ဆိုရင် ဘောနပ်စ်အနေနဲ့ နောက်ထပ် ကော်မရှင် (၅) ရာခိုင်နှုန်းကိုပါ ငါ ထပ်ပေးမယ်...။”

လျန်ထျန်းက တောက်ပစွာ ပြုံးလိုက်လေသည်။

"ဒါဆို အရမ်းကောင်းတာပေါ့...။ ကျွန်တော့်အမြင် ပြောရရင် ပိုက်ဆံရှာတာက ရှက်စရာကောင်းတဲ့ ကိစ္စမှ မဟုတ်တာ...။”

"ဒီနေရာမှာ တစ်လ အလုပ်လုပ်ရတာက အရင်က သုံးလ ဒါမှမဟုတ် သုံးနှစ်လောက် အပင်ပန်းခံ အလုပ်လုပ် ရတာနဲ့ ညီမျှနိုင်တယ်လေ...။”

"ဒီခံစားချက်က အရမ်းကောင်းတယ်...။ ပိုက်ဆံလည်း ရတယ်၊မျှော်လင့်စရာ အနာဂတ်လည်း ရှိနေတယ်...။ ဒီအလုပ်ကို ကျွန်တော်က ဘယ်လိုလုပ် ငြင်းဆန်နိုင်မှာလဲ...။”

ဤစကားများကို ကြားပြီးနောက် ရွှေရောင်ကိုင်း မျက်မှန်နှင့် လူလတ်ပိုင်းမှာ ကျေနပ်အားရစွာဖြင့် ခေါင်းညိတ် လိုက်လေသည်။

"ကောင်းတယ်...၊ သိပ်ကောင်းတယ်...။ ဒီတစ်ကြိမ် အကောင်းဆုံး လူသစ်လေးဆိုတဲ့ နာမည်နဲ့ လိုက်ဖက်အောင် ပဲ မင်းမှာ မြင့်မားတဲ့ အသိဉာဏ် ရှိတာပဲ...။ ပထမဆုံးနေ့မှာတင် အရောင်းအဝယ် အကြီးကြီး လုပ်နိုင်ခဲ့တာ အကြောင်းပြချက် ရှိလို့ကိုး...။”

"အခု မင်းကို တရားဝင် မိတ်ဆက်ပေးမယ်...။ ငါက ငါတို့ ပရိုမိုးရှင်းအဖွဲ့ရဲ့ ခေါင်းဆောင်ပဲ...၊ ငါ့မျိုးရိုးနာမည်က လု လို့ ခေါ်တယ်...။ အခုကစပြီး မင်း ငါ့ကို အဖွဲ့ခေါင်းဆောင်လု လို့ ခေါ်လို့ရပြီ...။”

ထိုစကားကို ကြားသောအခါ လျန်ထျန်း၏ ဘေးရှိ ကြီးကြပ်ရေးမှူးမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး သူ့ကို ဆွဲကိုင်ကာ လျင်မြန်စွာ ပြောလိုက်လေသည်။

"အဖွဲ့ခေါင်းဆောင်က မင်းကို အသိအမှတ်ပြုလိုက်ပြီ မြန်မြန် ကျေးဇူးတင်လိုက်စမ်းပါ...။”

လျန်ထျန်းသည်လည်း အလွန် လိမ္မာဟန်ဆောင်ကာ စားပွဲပေါ်ရှိ ဝိုင်တစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး လေးနက် စွာဖြင့် လုပ်ဆောင်လိုက်လေသည်။

"ကျွန်တော့်ကို အခုလို ပိုက်ဆံရှာဖို့ အခွင့်အရေး ပေးတဲ့ အဖွဲ့ခေါင်းဆောင်လုကို ကျေးဇူးတင်ပါတယ်...။ လေးစား မှုပြသတဲ့အနေနဲ့ ဒီတစ်ခွက်ကို ကျွန်တော် အရင် သောက်လိုက်ပါ့မယ်...။ အဖွဲ့ခေါင်းဆောင်က တော့ အဆင်ပြေသလို သောက်ပါ...။”

ထိုသို့ ပြောပြီးနောက် သူက ဝိုင်တစ်ခွက်လုံးကို တစ်ကျိုက်တည်းဖြင့် မျိုချလိုက်လေသည်။

ထိုနည်းဖြင့် လျန်ထျန်းသည် 'ခေါင်းဆောင်များ' အပြည့်ရှိသော စားပွဲဝိုင်းတွင် အောင်မြင်စွာ နေရာယူနိုင်ခဲ့ပြီး သူ၏ဘေးရှိ ကြီးကြပ်ရေးမှူးမှာလည်း သူ့အပေါ် ပို၍ ဖော်ရွေလာခဲ့လေသည်။

"ရှောင်ထျန်း...၊ ဆက်ပြီး ကြိုးစားစမ်းပါ...။ မင်းက ပထမဆုံးနေ့မှာတင် အဖွဲ့ခေါင်းဆောင်ရဲ့ အသိအမှတ်ပြုမှုကို ရခဲ့ပြီဆိုတော့ မင်းရဲ့ အနာဂတ်က အကန့်အသတ်မရှိဘူးကွ...။”

"နောင်ကျရင် မင်း တကယ် ကောင်းကောင်း လုပ်နိုင်ခဲ့ရင် ငါ့ရဲ့ အခု ရာထူးက မင်းအတွက် ဖြစ်လာပြီး ငါက ဌာနမှူး ဖြစ်သွားနိုင်တယ်...။”

ဤကဲ့သို့သော စကားများအတွက် လျန်ထျန်းက အမြဲတမ်း ပြုံးကာ ခေါင်းညိတ်ပြလေ့ရှိသော်လည်း အခွင့် အရေး ရသည်နှင့် လူသစ်တစ်ဦးအလား ဟန်ဆောင်ကာ သတင်းအချက်အလက်များကို ရယူရန် မေးခွန်းများ မေးမြန်းနေခဲ့လေသည်။

"ကြီးကြပ်ရေးမှူး...၊ အဖွဲ့ခေါင်းဆောင်လုက ကျွန်တော်တို့ သူဌေးလား...။ ဒီနေရာမှာ သူက ရာထူးအကြီးဆုံး ခေါင်းဆောင်လား...။”

အရက်အနည်းငယ် ဝင်သွားပြီးနောက် အနည်းငယ် မူးယစ်နေသော ကြီးကြပ်ရေးမှူးမှာ မျက်နှာများ နီရဲလာပြီး ကြို့ထိုးလျက် ပြန်ပြောလေသည်။

"ငါတို့ ပရိုမိုးရှင်းအဖွဲ့မှာတော့ အဖွဲ့ခေါင်းဆောင်က သဘာဝကျကျ သူဌေးပဲပေါ့...။”

"ဒါပေမဲ့ ငါတို့ ကုမ္ပဏီက အဓိက အဖွဲ့ကြီး ရှစ်ဖွဲ့ ခွဲထားတယ်...။ အဲ့ဒါတွေကတော့ အကောင်းဘက်က မြှင့်တင် ပေးခြင်းနဲ့၊ အဆိုးဘက်က ခွဲထုတ်ခြင်း၊ ကောလာဟာလတွေကို ချေမှုန်းဖို့ လေနဲ့ မီး စသဖြင့်ပေါ့...။ ငါတို့ရဲ့ တည်ထောင်သူ ခွဲခြားထားတဲ့ ထောင်ဂိတ်တံခါးရဲ့ စစ်သူကြီးရှစ်ပါး လိုမျိုးပေါ့...။”

ထိုစကားကို ကြားသောအခါ လျန်ထျန်းက သူ့ကို ဝိုင်တစ်ခွက်ဖြင့် ဂုဏ်ပြုလိုက်ပြီး သံပူခိုက်မှာ တူထုသကဲ့သို့ အခွင့်အရေးကို အရယူကာ ဆက်လက် မေးမြန်းလိုက်လေသည်။

"ကျွန်တော်တို့ရဲ့ အဖွဲ့ ဌာနနဲ့ အသင်းတွေကို အတိအကျ ဘယ်လို ခွဲခြားထားတာလဲ...၊ အဖွဲ့ခေါင်းဆောင်လုထက် ပို့ပြီးအာဏာရှိတဲ့သူ ရှိသေးလား...။”

ကြီးကြပ်ရေးမှူးမှာ အတန်ငယ် မူးဝေနေဆဲဖြစ်သော်လည်း စတင် ပြောပြလေသည်။

"ငါတို့ အသင်းက ကုမ္ပဏီမှာ အသေးဆုံး အသင်းပဲ...။ အသင်း ဆယ်သင်းက ဌာနတစ်ခု ဖြစ်ပြီး ဌာန ဆယ်ခုက အဖွဲ့ကြီး တစ်ဖွဲ့ ဖြစ်လာတာ...။”

"ခေါင်းဆောင် ရာထူးတွေကတော့ ကြီးကြပ်ရေးမှူး၊ ဌာနမှူး၊ အဖွဲ့ခေါင်းဆောင် ဖြစ်ပြီး အဲ့ဒီအထက်မှာ မန်နေဂျာ နဲ့ အမှုဆောင်အရာရှိချုပ် ရှိတယ်...။ တကယ်ကို တင်းကျပ်တဲ့ အထက်အောက် အဆင့်အလိုက် ဖွဲ့စည်းပုံပဲ...။”

"ငါ့ရဲ့ အဓိက အလုပ်က မင်းတို့ လူသစ်တွေကို စီမံခန့်ခွဲဖို့ဖြစ်ပြီး တော်တော်လေးကို ခက်ခဲတဲ့ အလုပ်တစ်ခု ပဲ...။”

"ဒါပေမဲ့ ငါက မင်းတို့ကို ရလဒ်ကောင်းတွေ ရအောင် ကူညီပေးနိုင်ရင် ငါလည်း ရာထူးတက်ဖို့ အခွင့်အရေး ရလာမှာပဲ...။”

ကြီးကြပ်ရေးမှူးများတွင်လည်း ရလဒ်ကောင်းများ ရရှိသူများထံမှ ရရှိမည့် ကိုယ်ကျိုးစီးပွားများ ရှိနေသော ကြောင့် အရက်အနည်းငယ် သောက်ပြီးနောက် လျန်ထျန်းကို မည်သည့်အကြောင်းအရာမဆို ပြောပြနိုင်လေ သည်။

သို့သော် ကြီးကြပ်ရေးမှူးတစ်ဦး၏ အသိပညာမှာ ကန့်သတ်ချက် ရှိလေသည်။ သူ ပြောနိုင်သမျှမှာ လိမ်လည်မှု ဂိုဏ်း၏ အဖွဲ့အစည်းဆိုင်ရာ ဖွဲ့စည်းပုံအကြောင်းသာ ဖြစ်ပြီး အဓိက လျှို့ဝှက်ချက်များကိုမူ ဆွဲထုတ်နိုင်ခြင်း မရှိချေ။

သို့သော် ဤသတင်းအချက်အလက်များက လျန်ထျန်း၏ လက်ရှိအခြေအနေအတွက် လုံလောက်လှပေသည်။ အနည်းဆုံးတော့ ဤအရာက မည်သို့သော အဖွဲ့အစည်း သို့မဟုတ် ဂိုဏ်းမျိုး ဖြစ်ကြောင်းကို သူ နားလည်သွားခဲ့ လေသည်။

အခြေအနေများကို ရှင်းလင်းစွာ နားလည်ပြီးနောက် အတော်လေးပင် တုန်လှုပ်စရာ ကောင်းလှလေသည်။

အဆင့်နိမ့်သည်ဟု ထင်ရသော ဤကဲ့သို့သောအဖွဲ့အစည်းတစ်ခုတွင် အလွန်တိကျ သေချာသော ပြည်တွင်း လုပ်ငန်းခွဲဝေမှုများ ရှိနေခြင်းမှာ မယုံနိုင်စရာပင် ဖြစ်လေသည်။

အခြေခံအားဖြင့် ပြောရလျှင် ကဏ္ဍတိုင်းကို ထည့်သွင်းစဉ်းစားထားသည်ဟု ဆိုနိုင်ပေသည်။

အထူးသဖြင့် "ထောင်ဂိတ်တံခါး၏ စစ်သူကြီးရှစ်ပါး" မှ အဖွဲ့ရှစ်ဖွဲ့သည် တစ်ဖွဲ့ချင်းစီ၌ ကိုယ်ပိုင် တာဝန်များ အသီးသီး ရှိကြပြီး တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသော ထောင်ချောက်များကို ဖွဲ့စည်းထားလေသည်...။

All Chapters